အပိုင်း (၁၆၈)
Viewers 34k

Part 168


ဆရာဝမ်က သူမကို ဘာကြောင့် ဒီအကြောင်းတွေပြောနေတာလဲ သူမ မသိသော်လည်း သူမတိတ်ဆိတ်စွာ နားထောင်နေသည်။ 


“သူရဲ့လုပ်ငန်းနဲ့ ပတ်သက်လာရင် ငါဘယ်တော့မှ စိတ်မပူဘူး ဘာလို့လဲဆို သူက ကောင်းကောင်း ဖြေရှင်းနိုင်တယ်ဆိုတာ ယုံကြည်တယ်…ဒါမယ့် သူ့မိသားစုကိစ္စနဲ့ ပတ်သက်လာရင်တော့ ငါစိတ်ပူတယ်…ယွမ်ရှ…ထင်ရှန်းက မေတ္တာငတ်ခဲ့တဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်..သူ့ကိုတစ်ယောက်ယောက်က ကောင်းကောင်းဆက်ဆံရင် သူက ဆယ်ဆပြန်ပေးဆပ်တတ်တယ်..သူကလဲ အဲ့လူကို ဂရုတစိုက်နဲ့ပြန်ကြည့်ပေးတယ်..သူက မင်းကို အများကြီးသဘောကျတယ်လို့ ငါထင်တယ်…သူငယ်ငယ်က မိဘတွေ ဆုံးရှုံးခဲ့ရပြီး အမျိုးတွေကလဲ ကလေးကိုယ်စီရှိကြတယ်  အဲ့ဒါကြောင့် သူ့ကိုဂရုမစိုက်နိုင်ကြဘူး…ငါတစ်ခြားဟာတွေ အာမခံနိုင်ပေမယ့် ထင်ရှန်းက သူ့မိသားစုကို တန်ဖိုးထားတယ်ဆိုတာတော့ ပြောရဲတယ်..”


ယွမ်ရှသည် ဆရာဝမ်ကိုကြည့်လိုက်ပြီး တစ်ခုခုပြောချင်နေသည်။ သို့သော် ဒုတိယအတွေးတွင် ရပ်လိုက်သည်။ သူမ မေးချင်တာက သူ ကျွန်မကို ဘယ်နေရာ သဘောကျတာမြင်လဲဟု မေးချင်သည်။  သူမကတော့ အဲ့လိုမခံစားရပေ။


ဒုတိယတွေးမိသည်မှာ သူမက စုန့်ထင်ရှန်း၏ ဇနီးဖြစ်ပြီး  သူမယောကျာ်းက သူမကို သဘောမကျဘူးဟု မပြောလောက်ပေ။ 


သို့သော် ဆရာဝမ်က သူမကို ခုလိုပြောသလဲဆိုတာ သူမနားလည်သည်။ စုန့်ထင်ရှန်းက သူ့မိသားစုကို တန်ဖိုးထားသော လူကောင်းတစ်ယောက်ဟု သူပြောခဲ့သည်က ဆရာဝမ်က သူမတို့မိသားစုကို ပျော်ရွှင်စွာနေစေချင်လို့ ဖြစ်သည်။


ထိုစကားများသည် လူကြီးများက လူငယ်များကို ပြောလေ့ရှိသော စကားများဖြစ်သည်။


သူမ နားလည်သည်။


ယွမ်ရှသည် ထုံအသော သူတစ်ယောက်မဟုတ်ပေ။ စုန့်ထင်ရှန်း ဆရာက သူမကို ခုလိုပြောရခြင်းမှာ စုန့်ထင်ရှန်းနှင့် သူ၏ဆရာသည် အလွန်ရင်းနှီးသောကြောင့်ဖြစ်သည်။ သူမအတွက်တော့ စုန့်ထင်ရှန်းနှင့် သူမဆက်ဆံရေးသည် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူတို့သည် လင်မယားဖြစ်သည်။ ထိုသို့တွေး၍ သူမ ခေါင်းငြိမ့်လိုက်သည်။ “ကျွန်မ နားလည်ပါတယ်…”


ဆရာဝမ်က စိတ်ကျေနပ်နေပုံရသည်။ သူသည် ဝမ်လေးကို စက္ကူယပ်တောင်ဖြင့် ယပ်ဆက်ခပ်ပေးနေပြီး ဘာမှမပြောတော့ပေ။


သူတို့သည် ဆရာဝမ်အိမ်မှာ အကြာကြီး မနေဘဲ ည၉နာရီလောက် ပြန်ကြသည်။


ဟိုတယ်သို့ပြန်ရောက်သောအခါ ဝမ်လေးက ယွမ်ရှနှင့် တူတူအိပ်ရန် အတင်းပြောနေသည်။ သူ့အမေကို ချွဲနေပြီး သူမနှင့် အတူအိပ်ချင်နေသည်။ ယွမ်ရှသည်လည်း သူ့စိတ်ကို မပြောင်းလဲနိုင်ပေ ။စုန့်ထင်ရှန်းကလဲ ကန့်ကွက်စရာမရှိပေ။ သူသည် ဘယ်ကစပြောရမလဲ မသိပေ။ သို့သော် ဝမ်လေး သူနှင့် လာအိပ်သော အချိန်ပိုနည်းလာသည်။ 


ဝမ်လေးက ဘယ်နေရာမှာဖြစ်ဖြစ် အိပ်ပျော်သည်။ သို့သော် ယွမ်ရှက သူမအိပ်ရာမှာဘဲ အိပ်ပျော်ပြီး ညလယ်လောက်မှ သူမအိပ်ပျော်သွားသည်။ 


မနက်အိပ်ယာနိုးသောအခါ သူမ ကိုယ်မှာ တစ်ခုခုရှိနေသလို့ ခံစားနေရသည်။


သူမ ထိုခန္ဓာကိုယ်နှင့် မရင်းနှီးပေ ၊တကယ်တော့ သူမ အနှစ်နှစ်ဆယ်​ကျော် ထိုကဲ့သို့ မခံစားဖူးပေ။ လွန်ခဲ့သော လကမှ သူမ ဒီခန္ဓာကိုယ်နှင့် နေသားတကျဖြစ်တာ ဖြစ်သည်။ ဗိုက်အောက်တွင် နာကျင်နေတာကို ခံစားရပြီး ယွမ်ရှက ရက်များကိုတွက်ကြည့်လိုက်သည်။ သူမတွက်တာမှန်လျှင် သူမ၏ ရာသီစက်ဝန်းက စောစောလာတာဖြစ်သည်။


သူမ အရင်က ခန္ဓာကိုယ်တုန်းက ရာသီစက်ဝန်းက အချိန်မှန်သည်။ စောစောလာခြင်း သို့မဟုတ် နောက်ကျမှလာသည်မှာ ရှားပါးသည်။ အရင်မူလ ခန္ဓာကိုယ်နှင့် မတူပေ။ တစ်ချို့လများတွင် ရက်အနည်းငယ် နောက်ကျတတ်ပြီူ တစ်ချို့လများတွင် စောစောလာတတ်သည်။ အရင်လက နောက်ကျပြီး ဒီလတွင် တစ်ပတ်လောက်စောနေသည်။


သူမနှင့် မူလပိုင်ရှင်သည် ရာသီစက်ဝန်း လက္ခဏာများတူသည်။ ဗိုက်မအောင့်တတ်ဘဲ ဝမ်းလျှောတတ်ကြသည်။ ထိုအရာသည် တော်တော်ဆိုးရွှားသော အရာတစ်ခုဖြစ်သည်။ 


ထို့ပြင် အိပ်ရာခင်းတွင် သွေးများပေသွားသည်ကို သတိထားမိပြီး သေချင်စိတ်ပေါက်သွားသည်။