အပိုင်း (၁၆၉)
Viewers 31k

Part 169


ယွမ်ရှသည် အိပ်ယာမှ ထလိုက်ချိန် ဝမ်လေးကလဲ အိပ်ယာနိုးလာသည်။ 


 အိပ်ရာခင်း အဖြူပေါ်တွင် သိသာသော အနီရောင်များရှိနေသည်။


သူမ အလျင်စလို ဆံပင်ကို ချည်လိုက်သည်။ ဟိုဝယ်ဝန်ထမ်း အိပ်ရာခင်းများ လာလှဲလျှင် သူမ အဆင်မပြေဖြစ်မည် ဖြစ်သည်။ ထို့ပြင် ပိုက်ဆံလဲ ပိုပေးရပေမည်။


ဝမ်လေးက လန့်သွား၍ မေးလိုက်သည်။ “မာမား ဒီသွေးတွေက ဘယ်ကလဲ..”


လေးနှစ်အရွယ် ကလေးတစ်ယောက်ကို ရာသီစက်ဝန်းအကြောင်း ရှင်းပြရန် ယွမ်ရှအတွက် ခက်ခဲသည်။ ထို့ပြင် ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း ရှင်းပြရန် သင့်တော်မည်ဟု မထင်ပေ။ သူမ ဘယ်လိုပြောပြသင့်လဲ..မာမားက တစ်လတစ်ခါ သွေးထွက်တယ်လို့လား…သို့သော် ထိုကိစ္စသည် ကြီးမားသောပြဿနာ မဟူတ်သောကြောင့် စိတ်ပူစရာမလိုပေ။


ကလေးတိုင်းသည် ထိုအကြောင်းကို ကြားရလျှင် သေလောက်အောင် ကြောက်ကြမည်ဖြစ်သည်။ ဒီအကြောင်းကို မပြောပြခင် သူအရွယ်ရောက်လာတာကို အရင်စောင့်လျှင် ပို၍ကောင်းသည်။


ပထမဆုံး ဦးစားပေးမှုသည် ယခုဖြေရှင်းရမည့် ပြဿနာဖြစ်သည်။


အဲ့အကြောင်းကိုတွေး၍ ဝမ်လေးကို အရူးလုပ်ရန် သူမရွေးချယ်လိုက်သည်။ “အဲ့ဒါက သွေးမဟုတ်ဘူး…အဖိုးတန်လေး..ဘေးအခန်းမှာ ပါပါးကို သွားရှာကြည့်ပါလား..ပါပါးက သားကို ကော်ဖီဆိုင်လိုက်ပို့လိမ့်မယ်..မာမား ခနနေမှ ဆင်းလာခဲ့မယ်..”


စုန့်ထင်ရှန်းနဲ့ ဝမ်လေးက မနက်စာစားဖို့ သွားကြသောအခါ ယွမ်ရှက ဟိုတယ်ဝန်ဆောင်မှုကို ဖုန်းခေါ်လိုက်သည်။ သူမ အမျိုးသမီး လစဉ်သုံးဝယ်ဖို့လိုသည်။ သို့သော် ယခုတော့ ဧည့်ကြိုအမျိုးသမီး တစ်ယောက်ဆီက ငှါးရမည်။ ဒီအရာက ခုချိန် ဖြေရှင်းလို့ရမည့်အရာမဟုတ်ပေ။ 


ထိုစကားများ ပြောပြီးနောက် ယွမ်ရှသည် သူမဗိုက်ကို ကိုင်လိုက်သည်။ သူမ မျက်နှာက ဖျော့တော့တော့ဖြစ်လာပြီး ရေချိုးခန်းသို့ပြေးသွားသည်။


ဘယ်ဟာက ပိုဆိုးတာလဲ…ဗိုက်အောင့်တာလား..ဝမ်းလျှောတာလား..သူမသိချင်နေသည်။


သူမ ဗိုက်အောင့်လျှင် ဆေးသောက်လို့ရသည်။ ဒါပေမယ့် ဝမ်းလျှောတာဆိုရင်ကော…


ဝမ်လေးက အခန်းရှေ့တွင်ရပ်လိုက်ပြီးနောက်  ပြန်လှည့်လာကာ အိပ်ရာပေါ်သို့ တက်၍ အနီများပေနေသော နေရာကို ဂရုတစိုက်ကြည့်နေသည်။ ဒါတွေက တကယ်သွေးတွေဘဲ…


သူသည် အလွယ်တကူ အရူးလုပ်လို့ရသော ကလေးတစ်ယောက်မဟုတ်ပေ။ ဘာကြောင့် မာမားက သူ့ကိုလိမ်ရတာလဲ..ဒါကသွေးတွေ ဖြစ်ပြီးတော့ မာမား မနေ့ညက အိပ်ခဲ့တဲ့နေရာဘဲ…ယခု သူ့မာမားက သူမဗိုက်ကို ကိုင်ထားပြီး သက်တောက့်သက်သာ မရှိတဲ့ပုံဖြစ်နေသည်။


ဘာဖြစ်တာလဲ..


ဝမ်လေးသည် ရေချိုးခန်းသို့သွား၍ တံခါးကို လက်သေးသေးလေးဖြင့် ခေါက်လိုက်သည်။ “မာမား အဆင်ပြေလား..နေမကောင်းဖြစ်နေတာလား…”


ယွမ်ရှသည် အမှိုက်ကိုအိမ်သာထဲ ထည့်လိုက်ပြီး..”မာမား အဆင်ပြေတယ် ဝမ်လေး ပါပါးဆီသွားပြီး မနက်စာစားဖို့ ပြောပြီး အောက်ကို ခေါ်သွားခိုင်းလိုက်..မာမား ခနနေဆင်းလာခဲ့မယ်..အဆင်ပြေတယ်..”


အိမ်သာပေါ်တွင်ထိုင်၍ သူမဖုန်းထဲက appတစ်ခုကို ဖွင့်လိုက်သည်။ သူမ ဒီတစ်ခေါက် ခရီးတွင် လစဉ်သုံးများ မယူခဲ့သော်လည်း နည်းပညာ အဆင့်မြင့်သောကြောင့် အဆင်ပြေပြီး သူမ အဲ့ဒါကို အော်ဒါမှာ၍ ပို့ခိုင်းလို့ရသည်၊။


သူမ သွေးများ အိပ်ရာခင်းတွင်ပေနေပြီး ဗိုက်နာတာကို ကလေးတစ်ယောက်က အခုလိုဖြစ်သွားတာကို မကြုံခဲ့ဖူးပါ။ ထို့ပြင် ကလေးများ၏ ဦးနှောက်က အလွန်ကြီးမားသည်။


ဝမ်လေးသည် တွေဝေနေပြီး ဂျာကင်တောင် မဝတ်နိုင်ပေ။ ဝတ်စကုပ်နှင့် ဘောင်းဘီအတို ဝတ်၍ တံခါးဖွင့်ပြီး ဘေးအခန်းကို သုတ်သုတ်ပြာပြာ ပြေးသွားသည်။ ကောဇောပေါ်တွင် ခြေတုံးလုံးဖြင့် ရပ်၍ ကြောက်နေပြီး စုန့်ထင်ရှန်း၏ တံခါးကို ခေါက်လိုက်သည်။ “ပါပါး ပါပါး..”


စုန့်ထင်ရှန်းက နှိုးနေပြီဖြစ်ပြီး အခန်းအပြင်က ဝမ်လေးအသံနှင့် တံခါးခေါက်သံကို ကြားရသည်။ 


ဘာလို့ သူအစောကြီး ထတာလဲ..


စုန့်ထင်ရှန်းက အေးဆေးစွာ တံခါးဆီသို့လျှောက်သွား၍ ဖွင့်လိုက်ချိန်တွင် ဝဝကစ်ကစ် နှင့် သူ့သားလေးကိုသာတွေ့ရသည်။


သူ့သားလေးက သူ့ခြေထောက်ကို ဆုပ်ကိုင်ထားသည်။ သူ့နှုတ်ခမ်းက တုန်နေပြီး ငိုတော့မည့် ပုံပေါက်နေသည်။


စုန့်ထင်ရှန်းက သူ့ကို အလျင်အမြန် ကောက်ပွေ့လိုက်ပြီး မေးလိုက်သည်။ “မာမားကရော..”


ဝမ်လေးက ထိန်းချုပ်မထားတော့ဘဲ သူ့အဖေ လည်ပင်းကိုဖက်၍ အော်ပြောလိုက်သည်။ “ပါပါး မာမားက သေတော့မယ်…”