Part 170
ဝမ်လေးက ရှိုက်ကြီးတငင် ငိုလေသည်။
သူ သူ့အမေ သွေးထွက်ပြီး နေမကောင်းသည်ကိုသာ သိသည်။ ဒါက သူမ သေတော့မယ့် ပုံဘဲ မဟုတ်လား..သူ ခုလို သွေးအများကြီးမထွက်ဖူးပေ။ မူကြိုမှာ သူ့လက်ကို ဓားရှမိတုန်းက သွေးနည်းနည်းလေးသာထွက်ပြီး အလွန်နာကျင်သည်ဟု ခံစားရသည်။ မာမားဆို ဘယ်လိုနေမလဲ..မာမားက သူ့ကို ကလေးတစ်ယောက်လိုသာ ဆက်ဆံပြီး ဘာမျှမပြောပြပေ။
စုန့်ထင်ရှန်း၏ အမူအရာက ပြောင်းလဲသွားပြီး တည်ငြိမ်စွာဖြင့် မေးလိုက်သည်။ “ဝမ်လေး..ပေါက်ကရတွေ မပြောဘဲနဲ့ ဘာဖြစ်တာလဲဆိုတာ ပါပါးကို ပြောပြ”
ယွမ်ရှ မနေ့က နေကောင်းပါတယ်..သူမ နေမကောင်းဖြစ်သွားတာလား..ဖြစ်နိုင်တယ်..
ဝမ်လေးကို ချော့၍ ပွေ့လိုက်ပြီး ဘေးအခန်းကို သွားလိုက်သည်။ သူအခြေအနေကို သိချင်သော်လည်း သူလုပ်နိုင်တာ ဘာမှမရှိပေ။ ဝမ်လေး ထွက်လာတုန်းက တံခါးကို ပိတ်ထားတာ တွေ့ရပြီး သူ့မှာ သော့မရှိသောကြောင့် တံခါးခေါက်ရတော့မည် ဖြစ်သည်။
ဝမ်လေးက ငိုပြီး ဖြေလိုက်သည်။ “မာမားက အိပ်ယာခင်းပေါ်မှာ သွေးတွေပေသွားပြီး နေမကောင်းဖြစ်နေတာ..”
ထိုစကားလုံးများကို ကြားသောအခါမှ ဘာဖြစ်သလဲဆိုတာကို စုန့်ထင်ရှန်း နားလည်သွားသည်။
တကယ်တော့ သူသည် အရွယ်ရောက်ပြီးသား သူတစ်ယောက်ဖြစ်ပြီး ဇီဝဗေဒ ဆရာမက ရှင်းပြသင့်တာကို ရှင်းပြခဲ့ရုံသာမက လစဉ်သုံး ပစ္စည်း ကြေညာများလည်း များစွာရှိသည်။ အသက်သုံးဆယ်ကျော် လူတစ်ယောက်၏အသိညဏ်အရ ထိုကိစ္စများကို မသိတာ မဖြစ်နိုင်ပေ။ ယွမ်ရှ ရာသီစက်ဝန်း လာတာဘဲ ဖြစ်ရမယ်…
ယွမ်ရှသည် ဝမ်းလျှောနေသောကြောင့် ရေချိုးခန်းထဲမှာဘဲ ရှိသေးသည် ။တံခါးခေါက်သံကို ကြားသောအခါ စုန့်ထင်ရှန်းဖြစ်သည်ကို သိ၍ WeChatထဲက ဆက်သွယ်သည့် appကို အမြန်ဖွင့်လိုက်ပြီး မက်ဆေ့ပို့လိုက်သည်။ “ကျွန်မ အဆင်ပြေပါတယ်..ဝမ်လေးကို အောက်ထပ်ခေါ်သွားပြီး မနက်စာစားနှင့်ကြပါ..ကျွန်မ ပြီးရင် လာခဲ့မယ်”
စုန့်ထင်ရှန်းက သူမ၏ မက်ဆေ့မြင်၍ စိတ်အေးသွားပြီး ဝမ်လေးကို သူ့အခန်းသို့ ပြန်ခေါ်သွားသည်။ ဝမ်လေး၏ ပါးဖောင်းဖောင်းလေးပေါ်တွင် မျက်ရည်များကျနေသေးသည်ကို တွေ့သောအခါ ချော့၍ ပြောလိုက်သည်။ “ဝမ်လေး မာမားက မသေဘူး..စိတ်မပူနဲ့..မာမားက နေမကောင်းဖြစ်ရုံတင်ဘဲ..ပါပါးနောက်မှ သားကို ရှင်းပြမယ် ဟူတ်ပြီလား…TVသွားကြည့်ကြမယ်…မနက်စာစားဖို့ မာမားကို တူတူစောင့်ကြမယ်..ဟုတ်ပြီလား…သားဗ်ိုက်ဆာနေရင် စားပွဲပေါ်က ပေါင်မုန့် နည်းနည်းစားထားလိုက်…”
ဝမ်လေးက ငိုသံဖြင့် မေးလိုက်သည်။ “တကယ် ပြောတာလား…”
စုန့်ထင်ရှန်းက ခေါင်းငြိမ့်လိုက်ပြီး”ပါပါးက သားကို မလိမ်ပါဘူး..မာမားက အဆင်ပြေတယ်…စိတ်မပူနဲ့..”
ကလေးလေးက နောက်ဆုံးတွင် စိတ်ပူတာရပ်သွားသည်။ စိတ်သက်သာရာ မရသေးသော်လည်း သူ့ပါပါးပြောတာကို နားထောင်ပြီး သူ့မာမားနှင့် WeChatတွင် မက်ဆေ့ပို့နေတာကို အနှောင့်ယှက် မဖြစ်အောင် ဆ်ိုဖာပေါ်တွင် ထိုင်နေလိုက်သည်။
စုန့်ထင်ရှန်းသည် ဝမ်လေးပြောပုံများအရ ယွမ်ရှ ဓမ္မတာလာနေသည်ကိုသိပြီး သူမနေလို့မကောင်းတာကို သိသည်။
သူကောလိပ်တုန်းက အလယ်တန်းကျောင်းသူတစ်ယောက်ကို စာသင်ပေးဖူးသည်။ ဖြစ်ချင်တော့ စာသင်ချိန်တွင် သူမ ဓမ္မတာ လာခဲ့သည်။ အရမ်းနာကျင်တာကြောင့် သူမ၏ မိဘများက သူမကို ဆေးရုံသို့ပို့ခဲ့ရသည်။
သူသည် ယွမ်ရှကို စိတ်မပူဘဲ ဝမ်လေးနှင့် မနက်စာသွားစားသော်လည်း စိတ်မအေးပေ။ ထိုကိစ္စကို ထပ်ကာထပ်ကာတွေး၍ ယွမ်ရှကို မက်ဆေ့ပို့လိုက်သည်။ “ငါကူညီပေးနိုင်တာ ရှိလား…အောက်ထပ်မှာ အဆင်ပြေတဲ့ စတိုးဆိုင်ရှိတယ်…တစ်ခုခု ဝယ်စရာလိုရင် ငါ့ကိုအားမနာနဲ့..”
ယွမ်ရှက သူ၏ မက်ဆေ့ကို တွေ့သောအခါ အနည်းငယ် ရှက်နေသည်။
သူမသည် လစဉ်သုံး ဝယ်ရန် အော်ဒါတင်ပြီး သူမဆီကို ပို့ခိုင်းသော်လည်း အနီးနားရှိ စတိုးဆိုင်များက နားနေချိန်ဖြစ်နေ၍ အမျိုးသမီး ဝန်ထမ်းတစ်ယောက်ကို ဖုန်းခေါ်ခဲ့သည်။ ဟိုတယ်က ဝန်ဆောင်မှုက အရမ်းကောင်းပြီး သူမ သန့်ရှင်းရေး အမျိုးသမီးကို အိပ်ရာခင်းလဲပေးဖို့ ပို့လိုက်မည်ဖြစ်ပြီး လစဉ်သုံးလဲ ထည့်ပေးလိုက်မည်ဟု ဝန်ထမ်းက ပြောခဲ့သည်။ ပထမရက်တွင် သွေးဆင်းတာက အရမ်းမများပေ။ သူမက တစ်ခုကို အရင် အသုံးပြုပြီးမှ အောက်ထပ်ဆင်း၍ စတိုးဆိုင်တွင် လစဉ်သုံးဝယ်ရန် စီစဉ်ထားသည်။