အခန်း ၂၁
မျိုးနွယ်ဝင်များ ရောက်ရှိလာခြင်း
ထို့နောက်တွင်တော့ နောက်ထပ်ခွာသံများ တသီတီတတန်း သူတို့ကို အမှီလိုက်လာတော့သည်။
လွင့်ပျံနေသောဖုန်များကြောင့် အချိန်အတော်ကြာ ရှင်းရှင်းလင်းလင်းမရှိပေ။ ဖုန်များပြယ်သွားသောအခါ အနည်းဆုံးလေးငါးထောင်လောက်ရှိသောလူများ၏ပုံရိပ်များ ထွက်ပေါ်လာလေသည်။
မည်သည့်အရာများဖြစ်နေသည်ကို သူတို့သဘောမပေါက်မှီ ဝံပုလွေဦးခေါင်းအလံလွင့်ထူထားသော စစ်တပ်သည် သူတို့၏မျက်စိရှေ့ ပေါ်လာနေပြီဖြစ်သည်။ “ဟူတွေ...” ဒါဇင်ခန့်သောဟန်လူမျိုးများ ဟစ်ကြွေးလိုက်ကြသည်။
ထိုစကားလုံးနှစ်လုံးသည် သူတို့ခံစားနေရသည့် ကြောက်ရွံခြင်းကို ထုတ်ဖော်လိုက်လေသည်။
ထိုအချိန်မှာပင် ကြီးမှားလှသော စစ်တပ်ကြီးမှ စူးစူးဝါးဝါးရယ်သံများ ဗြုန်းခနဲ ထွက်ပေါ်လာလေသည်။ လူတစ်ဦးသည် ထူးဆန်းသော ဟန် အသံဖြင့် ပြောလိုက်သည်။
“သူတို့တွေက ဟန်တွေပဲ။ ဟန်တော်ဝင်မျိုးနွယ်တွေများကြီးပဲ။ဘူးဟွားဟားဟား။”
သူ၏ရယ်သံသည် အလွန်အမင်းကို ရိုင်းပြလေသည်။
အမှုမဲ့ အမှတ်မဲ့ပင် အထက်တန်းစားမျိုးနွယ်ဝင်များ၏အမူအရာများသည် လန့်နေကြပြီး စိုးရိမ်ထိတ်လန့်နေကြသည်။ အများအားဖြင့် မျှော်လင့်ချက်ကုန်ဆုံးနေကြခြင်းဖြစ်သည်။ လက်ရွေးစင်ဟူစစ်သည် ငါးထောင်ဟူသည် မည်သည့်အရာကိုဆိုလိုသည်ဖြစ်မှန်းသူတို့သိလေသည်။ ရန်မင်း၏စစ်တပ်သည် စစ်သားရှစ်ရာမျှသာ ရှိရာ တစ်ဖက်စစ်တပ်ကို မည်သို့ ယှဥ်တိုက်နိုင်ပါမည်နည်း။ သူ့မပြောနှင့် ဂျင်စစ်သည် တစ်သောင်းဆိုလျှင်တောင် ဟူစစ်သားငါးထောင်ကို ရင်ဆိုင်ရာတွင် အရှုံးနှင့်သာ အဆုံးသတ်မည်ဖြစ်သည်။
ရန်မင်း၏အမူအရာသည် လူအုပ်ကြီး၏အာရုံစိုက်မှုကို ရရှိနေသော်လည်း သူ၏မျက်နှာအမူအရာသည် မပြောင်းလဲပေ။ အေးစက်သော အလင်းရောင်တစ်ချက် သူ၏ နက်မှောင်နေသည့်မျက်ဝန်းထဲတွင် ဝင်းလက်သွားသည်။ သူသည်ထိုဘက်သို့ အမှုမထားသလိုပင်ကြည့်လိုက်ပြီး သူ၏ခေါင်းကို ကြောင့်ကြမဲ့စွာ လှည့်လိုက်ပြီး ရှေ့သို့ဆက်သွားလေသည်။
ထိုအချိန်တွင် ကြီးမားသော စစ်တပ်ကြီးသည် အထက်တန်းလွှာများနှင့် ခြေလှမ်းငါးရာအကွာအတွင်းသို့ ရောက်ရှိလာသည်။
စစ်သားများသည် နောက်ထပ်တစ်ကြိမ် သူတို့၏လေးများကို မြှောက်တင်လိုက်ပြီး သူတို့၏မြားများကို ကောင်းကင်သို့ ချိန်ရွယ်လိုက်သည်။
“ပစ်”
ဝှစ်ချ်
မျက်တောင်တစ်ခတ်တွင် ရာနှင့်ချီသောမြားများ ကောင်းကင်ကိုထိုးဖောက်၍ လူရိုင်းများ၏ မြင်းခွာများဆီသို့ ဆင်းလာကြသည်။
ထိပ်တန်းစီးနင်းသူများဖြစ်သောကြောင့် ဟူများသည် သူတို့မြင်းများဇက်ကြိုး တစ်ချိန်တည်းဆွဲလိုက်ကြပြီး မြင်းများသည် ဟီသံအရှည်ကြီး မြည်၍ ရပ်တန့်သွားကြသည်။
မျက်နှာဖုံးတပ်ထားသောငယ်ရွယ်သည့်ဟူစစ်သည်သည် လွတ်မြောက်သွားပြီး မေးလိုက်သည်။
“မင်းတို့က ဘယ်သူ့လူလဲ?”
သူသည် မည်သည့်မျိုးနွယ်ဝင်၏အစောင့်အကြပ်များလဲဟူ၍သာ မေးခြင်းဖြစ်သည်။
စစ်သားများသည်ပြိုင်တူပြန်ဖြေလိုက်ကြသည်။
“ငါတို့ရဲ့ ဗိုလ်ချုပ်က ကောင်းကင်ဘုံမင်းသား ရှီမင်း”
မျက်နှာဖုံးထားသောဟူသည် သိသိသာသာ ကြက်သေသေသွားသည်။
“ ကောင်းကင်ဘုံမင်းသား ရှီမင်း?”
“အမှန်ပဲ”
သူထိုအရာကိုကြားလိုက်သည့်အခါတွင် ဘဝင်မကျဖြစ်သွားလေသည်။ အကြည့်တစ်ချက်တွင်ပင် အထက်တန်းလွှာများ၏စစ်သည်များသည် တစ်ထောင်အောက် နည်းသည့်စစ်သားများဖြင့် ဖွဲ့စည်းထားသည်ကိုမြင်နိုင်ပြီး သူ့နောက်တွင်တော့ စစ်သည်ငါးထောင်ရှိလေသည်။
ဟူစစ်သည်တော်တုန့်ဆိုင်းသွားသည်ကို သတိပြုမိကြသော အထက်တန်းလွှာများသည် စိတ်ချောက်ချားလာကြသည်။ သူတို့သည် သူတို့၏ဦးခေါင်းများကို လှည့်၍ ရန်မင်းကို စိုးရိမ်တကြီး ကြည့်လေသည်။ သူတို့သည် သူ့အပေါ်တွင် မည့်သည့်အရာမှ မသက်ရောက်သကဲ့သို့ အေးအေးသက်သာစွာ သူ၏မြင်းကို ရှေ့သို့ဆက်သွားနေသော သူ၏နောက်ကျောကိုသာ မြင်လိုက်ကြလေသည်။
သူဂရုမစိုက်ဘူး ဟုတ်တာပေါ့။ ငါတို့တွေနောက်ဆုံး ဟူတွေနဲ့ တိုက်ရရင်တောင် သူက သူငါတို့ကိုထားပြီးသွားနိုင်တယ်။ ထိုအတွေးများ သူတို့၏ခေါင်းထဲသို့ဖြတ်ပြေးသွားသောအခါ ငယ်ရွယ်သော အထက်တန်းလွှာများ၏ တုန်လှုပ်ခြောက်ချားမှုသည် သိသိသာသာ မြင့်တက်သွားတော့သည်။
ဒီအချိန်တွင် တစ်ခြားသော ဟူစစ်သည်သည် သူ၏မြင်းကိုနှင်လျက် အရှေ့သို့လာပြီး တီးတိုးပြောလေသည်။
“လေးယောက်မြောက်အစ်ကို မင်းဘာလို့တုန့်ဆိုင်ူနေတာလဲ? အဲ့မှာ ရထားလုံးတွေများကြီးပဲ သူတို့တွေအကုန်လုံး ရတနာတွေနဲ့ပြည့်နေလောက်တယ်။ အဲ့ဒါတွေအပြင် အဲ့မှာ ဂျင်ငတုံးကျွန်တွေပဲကို မင်းဘာတွေကို ကြောက်နေတာလဲ?”
“သူက ကောင်းကင်ဘုံမင်းသား ရှီမင်းပဲ!”
မျက်နှာဖုံးနှင့်လူသည် အေးစက်စွာပြန်ဖြေလေသည်။
ထိုအချန်မှာပင် သူသည် သူ၏ယှက်ထားသော လက်များကို မြောက်လိုက်ပြီး ပြောလိုက်သည်။
“ငါမင်းက ကောင်ကင်ဘုံမင်းသားရှီမင်းဆိုတာကို မသိလိုက်ဘူး။ ငါ့ရဲ့တောင်းပန်မှုကို လက်ခံပေးပါ။ ဆုတ်ခွာမယ်။”
သူ့အမိန့်များကို လိုက်နာ၍ လက်ရွေးစင်စစ်တပ်သည် သူတို့၏ဦးတည်ရာများကိုပြောင်း၍ ဖြည်းညင်းစွာ စနစ်တကျဆုတ်ခွာသွားလေသည်။
သူတို့ နှစ်မိုင်သုံးမိုင်လောက်ထိ ရောက်ပြီး သူတို့၏မြင်းများကို အမှုန်လေးများသဖွယ်မြင်ရသောအခါတွင်မှ အထက်တန်းလွှာများသည် ရန်မင်းကို ကြည့်လိုက်ကြသည်။
ရန်မင်းသည် သူ၏အေးဆေးသောအသွင်တွင်ရှိနေပြီး သူမြင်းနီ၏ခွာသည် မြေပြင်ပေါ်သို့ အေးဆေးသော အမူအရာဖြင့် ပေါက်နေလေသည်။
“ဒီလူက လူရိုင်းတွေကို ဒီလိုပဲ ကြောက်ရွံသွားစေနိုင်တာလား?”
ဝမ်ကျော တိုးတိုးလေးရွေးရွတ်လိုက်ပြီး သူ၏အသံသည်တော့ မယုံနိုင်မှုများ ပြည့်နေလေသည်။
တကယ်တွင်တော့ သူတို့အားလုံးရန်မင်းကို မယုံကြည်နိုင်စွာ ကြည့်နေပြီး လေထဲတွင် သူတို့၏တီးတိုးပြောသံများ ပြည့်နေလေသည်။
သို့ရာတွင် သူတို့သည် ဒီဟာကို တွေ့ကြုံပြီးနောက် ပို၍ သိသိသာသာ စိတ်အေးသွားသည်။ သူသည် သူ့မှာ စစ်သည်ရှစ်ရာသာရှိသော်လည်း လက်ရွေးစင်ဟူစစ်သည် ငါးထောင်ကို ဒုတိယအကြည့်တစ်ချက် မပေးခဲ့ပေ။ ဒီလိုအစောင့်အရှောက်မျိုးဖြင့်ဆိုလျှင် မည်သည်ကို ကြောက်စရာလိုပါဦးမည်နည်း။
အဖွဲ့သည် သူတို့ခြေလှမ်းများအတိုင်း ရှေ့ဆက်သွားကြလေသည်။ ဒီအချိန်တွင် အလွန်အမင်းရုပ်ချောမောသော ကောင်လေးသည် သူ၏မြင်းကိုရန်မင်း၏ဘေးဘက်သို့ မောင်းသွား၍ သူသည် အခြားသူ(ရန်မင်း) ကို တစ်ခုခုပြောလိုက်လေသည်။
ဝမ်များနှင့် ယွီများသည် ထိုလူငယ်သည် ချန်အိမ်တော်မှအားရုံနှင့် အတူလာသော စွင်းအိမ်တော်မှ လူငယ်လေးဖြစ်ကြောင်းသိကြလေသည်။
ထို့နောက်တွင်တော့ သူတို့ စွင်းယန်သည် ရန်မင်း၏နောက်မှ ခပ်မှန်မှန်ဖြင့် သူ့နောက်သို့ လိုက်နေသည်ကို တွေ့လိုက်ရသည်။
လူရိုင်းများနှင့်နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ပြီးနောက် လမ်းသည် သိသိသာသာ တိတ်ဆိတ်လာသည်။
သူတို့သည် ထိုအတိုင်းပင် နှစ်ရက်လောက်သွားခဲ့ကြသည်။ သုံးရက်မြောက်တွင်တော့ အဖွဲ့တန်းကြီးသည် မြစ်ဝါမြစ်မှ မိုင်တစ်ရာနီးပါး သွားခဲ့ကြပြီးဖြစ်သည်။
ထို့နောက်တွင်တော့ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အော်လိုက်သည့်အသံ ထွက်ပေါ်လာလေသည်။ ဆူညံသံများအကြားတွင် ဝမ်ဝူလန်၏ အော်ပြောလေသည်။
“ချန်အိမ်တော်မှ အားရုံ ထွက်လာခဲ့ မြန်မြန်ထွက်လာခဲ့ မင်းရဲ့မျိုးနွယ်ဝင်တွေက ဒီမှာ”
မျိုးနွယ်ဝင်တွေ?
ဟုတ်တာပေါ့။ သူတို့ဒီအချိန်မှာ ရောက်သင့်နေပြီပဲ!
ချန်ရုံသည် ဖျော့တော့စွာပြုံး၍ လိုက်ကာကိုဆွဲလိုက်လေသည်။
ခန်းစီးတစ်ဖက်မှ ဝမ်ဝူလန်သည် အရမ်းပျော်ရွှင်နေပုံရသည်။ သူသည် ချန််ရုံကို တလက်လက်တောက်နေသော မျက်လုံးများဖြင့် ကြည့်နေပြီး ပြုံး၍ပြောလိုက်လေသည်။
“အဲဒါက မင်းတို့မျိုးနွယ်ရဲ့ အခြားအခွဲတစ်ခုပဲ။ မကောင်းဘူးလား?”
ကောင်းတာလား? ဘာကောင်းတာလဲ?
ချန်ရုံတိတ်နေသည်ကို မြင်၍ သူသည် အဖိုးစွင်းကိုလှည့်၍ ပြောလိုက်လေသည်။
“အမြန် မင်းတို့သခင်မလေးကို သူမရဲ့ မိသားစုဆီ ခေါ်သွားပေးလိုက်။”
“ဟုတ်ကဲ့ပါ”
ချန်ရုံ၏ ရထားလုံးသည် လူအုပ်စုကြီးကိုဖြတ်၍ အရှေ့တွင် အခုလေးတွင် အဖွဲ့ထဲသို့ ဝင်ပေါင်းလာသော အုပ်စုဆီသို့ မောင်းသွားလေသည်။
ဒီအချိန်တွင် အဖွဲ့ထဲမှ လူကြီးများသည် ရန်မင်းကို ဝိုင်းရံနေကြသည်။ သူတို့နှင့် ခြေလှမ်းငါးဆယ်အကွာလောက်တွင် လှပပြီးနုနယ်၍ ချန်ရုံ၏အသက်လောက်သာ ရှိသော မိန်းကလေးသည် သူ့ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။ သူမ၏မျက်လုံးများသည် အပျော်များ၊ စိတ်အားထက်ကြွမှုများဖြင့် ဝင်းလက်နေပြီး လိုအင်တောင့်တများပင် ပါသေးလေသည်။
ချန်ရုံ ဒီမြင်ကွင်းကို ကြည့်နေပြီး သူမမျက်လုံးများကို မှိတ်လိုက်လေသည်။
ထိုအချိန်တွင် သူမ၏ရထားလုံးဘေးတွင် လမ်းလျှောက်နေသောအထိန်းတော်ဖျင်သည် ဝမ်ဝူလန်ကိုကြည့်နေရင်းဖြင့် ပျော်ရွှင်စွာ ပြောလေသည်။
“မမလေး ကျွန်မထင်တာတော့ ဝမ်အိမ်တော်က ဝမ်ဝူလန်က မမလေးကို တကယ်သဘောကျတဲ့ပုံပါပဲ။ သူဒီည မမလေးကို လက်ထပ်ခွင့် လာတောင်းလောက်တယ်နော်။ ”