အပိုင်း ၂၂
Viewers 18k

Chapter 22: Déja Vu


အလွန်လျင်မြန်စွာပင် ချန်ရုံ၏မြင်းရထားလုံးသည် လူတန်း၏ရှေ့သို့ ရောက်လာလေသည်။ 

လူကြီးအများစုသည် ရန်မင်းနှင့် စကားပြောနေကြသည်။ သူမသည် အခွင့်မသင့်သည့် အချိန်တွင် ရောက်လာသောကြောင့် ချန်ရုံသည် ဘေးဘက်တွင်သာ ရပ်နေလေသည်။

လှပနုနယ်သော မိန်းကလေးသည် နောက်ဆုံးတွင်တော့ သူမ၏အကြည့်သည် ပြန်လည်ရရှိပြီဖြစ်သည်။ သူမ ချန်ရုံကိုမြင်သောအခါ သူမသည် အစေခံတစ်ယောက်၏အကူအညီဖြင့် သူမဆီချဉ်းကပ်လာပြီး အပြုံးဖြင့်ကြည့်လေသည်။ “နင်က အားရုံလား? သူတို့တွေမင်းအကြောင်းကို စောနလေးကမှပြောနေတာလေ။ သူတို့တွေမင်းကို ချီးကျူးနေကြတာ။”

“ငါ့နာမည်က ချန်ဝေ့ပါ။” ထို့နောက်တွင် သူမထပ်ပြောလေသည်။ “ငါက နင်ရဲ့ အစ်မဝမ်းကွဲပါ။”

ဟုတ်ပါသည် ချန်ရုံသည် သူမက သူမ၏ဝမ်းကွဲဆိုသည်ကို သူမသိလေသည်။

“မင်းဘယ်လိုနေလဲ” သူမသည် သူမအကြည့်ကျဆင်းနေတုန်း သူမအသံကို မြှင့်၍ မေးလိုက်သည်။ သူမသည် သူမ မရည်ရွယ်ဘဲနှင့် သူမအဝတ်အစားများ လိမ်ကျစ်နေမိသည်ကို တွေ့သွားသောအခါ အသက်ပြင်းပြင်းရှူ၍ ဆုပ်ကိုင်ထားမှုကို ဖြေလျှော့လိုက်လေသည်။

ချန်ဝေ့သည် ရှက်သွေးဖြာနေလေသည်။ သူမ၏လှပသောမျက်နှာတွင် အပျိုစင်မိန်းမငယ်လေးများတွင် ပိုင်ဆိုင်လေ့ရှိသော ရှက်သွေးဖြာနေမှုကိုတွေ့ရလေသည်။ သူမသည် ရန်မင်းကို နောက်ထပ်တစ်ကြိမ် အိမ်မက်မက်နေသည့်အလား စိုက်ကြည့်၍ ချန်ရုံကို အမြော်အမြင်မရှိစွာ မေးလိုက်လေသည်။ 

“အားရုံ သူက တကယ်ကို လေးစားမှုနဲ့ ထိုက်တန်တဲ့ လူမဟုတ်လား?”

သူမပြောလိုက်သည့် “သူ” ဆိုသည်မှာ အတိအကျကို ရန်မင်းဖြစ်လေသည်။

ချန်ရုံသည် သူမအကြည့်ကို သူ့ဘက်သို့ လှည့်လိုက်လေသည်။ ဒီတစ်ကြိမ်တွင် သူသည် အပြုံးဖျော့ဖျော့လေးရှိနေပြီး သူ၏နက်မှောင်သော မျက်လုံးမှ မီးတောက်များ ကင်းစင်နေ၍ သူ့ကြည့်ရသည်မှာ အများကြီးနူးညံ့နေပုံရသည်။

သူမသည် သူမ၏အကြည့်ကိုဖယ်ခွာလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ “ဟုတ်ပါတယ် သူကတကယ့်ကို လေးစားထိုက်တဲ့ ယောက်ျားတစ်ယောက်ပါ။”

ချန်ရုံ၏အတည်ပြုမှုကို ရရှိသောအခါ ချန်ဝေ့၏မျက်နှာလေးသည် ပို၍ နီလာလေသည်။ သူမသည် ပျော်ရွှင်စွာဖြင့် ရန်မင်းကိုကြည့်၍ ပြောလေသည်။ “နင်လည်းပဲ သူက တကယ့်ကို လေးစားထိုက်တဲ့ ယောက်ျားတစ်ယောက်ဆိုတာ ခံစားရလို့ ငါဝမ်းသာတယ်။ ” အခုတွင် သူမ၏ရှက်သွေးဖြာမှုက လည်ပင်းအထိတောင် ရောက်နေပြီဖြစ်သည်။ သူမသည် ကြည့်လိုက်ပြီး သူမ၏ ဝမ်းကွဲကို ရှက်ရွံမှုဖြင့် ပြောလေသည်။ “တစ်ချို့ အကြောင်းတွေကြောင့် ငါနင်ကို့ ငါတို့ တွေ့ဆုံပြီးကတည်းက သဘောကျတယ်။ ငါနင့်ကို အကုန်လုံးပြောပြချင်တယ်။”

တကယ်ကြီး? ချန်ရုံသည် သူမစိတ်တွင်းမှ လှောင်လိုက်လေသည်။

သူမသည် သူမ၏မျက်လုံးများကို မှိတ်၍ ပြုံးပြီး ပြောလိုက်သည်။ “ကျဲကျဲ (အစ်မကြီး) က ကြာပန်းလေးလိုပါပဲ၊ အစ်မရဲ့ စင်ကြယ်မှုတွေက အတွင်းထဲကမှ အရင်းခံလာတာပါ။”

ချန်ဝေ့သည် ချန်ရုံ၏အကဲဖြတ်မှုကြောင့် အပျော်လွန်သွားလေသည်။ အခုမှပင် သူမသည် တခြားမိန်းကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန်စတင်ကြည့်ခြင်းဖြစ်သည်။

ချန်ဝေ့၏မျက်နှာပေါ်မှာ သိသာလှသော ပျော်ရွှင်မှုများနှင့် မာန ပီတိများကို ကြည့်ရင်းဖြင့် ချန်ရုံသည် စိတ်ပျက်မှုကို ခံစားရရုံသာဖြစ်သည်။ သူမမေ့ဖျောက်ထားခဲ့သည့် အမှန်တရားကို ဖြစ်သည်။ သူမသည် သူတို့တွေ၏ခရီးနောက်ဆုံးပိုင်းကို မေ့နေပြီဖြစ်သည်။ သူမသည် နောက်ထပ် အတိတ်မှ ချန်ရုံမဟုတ်တော့ပေ။ သူမခံယူချက်များသည် အခုအခါတွင် တစ်ချို့သော ဝန်များသယ်ထားရပြီးဖြစ်သည်။

ဒီအချိန်တွင် ရန်မင်း၏နားတွင် ဝိုင်းနေသော လူကြီးများသည်လူစုကွဲသွားပြီဖြစ်ပြီး ချန်ရုံကို ခေါ်နေသော သက်လတ်ပိုင်း ပညာရှင်ကြီးတစ်ဦးသာ ကျန််တော့သည် ဖြစ်သည်။

သူမသည် ရထားလုံးပေါ်မှ ဆင်းလာပြီး သူ့ကို ဒူးညွတ်၍ သူမခေါင်းကို နှိမ့်ပြီး ရိုးသားသော အမူအရာဖြင့် ပြောလိုက်လေသည်။

 “ကျွန်မက ဖျင်မြို့တော်က ချန်ရုံပါ။ နှုတ်ဆက်ပါတယ် ဦးလေး။”

သက်လတ်ပိုင် ပညာရှင်သည် ခေါင်းညိမ့်လေသည်။ “ဒါဆိုမင်းက အားရုံပေါ့။ မင်းကိုယ်ကိုမင်းနှုတ်ဆက်စရာမလိုပါဘူး။ ငါမင်းရဲ့အဖေနဲ့ အစ်ကိုကိုသိပါတယ်။ ငါသူတို့ကို လွန်ခဲ့တဲ့နှစ်တုန်းက တွေ့ခဲ့သေးတယ် သူတို့က လူတိုင်းနဲ့အတူ ကျန့်ခန်းမြို့ကို လိုက်သွားတယ်။”

သူ ရပ်တန့်လိုက်ပြီး ချန်ဝေ့ကို လက်ယမ်းပြလိုက်သည်။

ချန်ဝေ့၏အကြည့်သည် ရန်မင်းဆီမှ အလျင်အမြန်ရုတ်သိမ်း၍ သူမအဖေဆီသို နီရဲနေသောမျက်နှာဖြင့် အပြေးအလွှားရောက်လာလေသည်။

“ဝေ့အာ” ပညာရှင်သည် ချန်ဝေ့ဆီသို့ အမြတ်တနိုးပြောလိုက်လေသည်။

 “အားရုံရဲ့ အစောင့်အရှောက်တွေက ဒီမှာမရှိဘူး။ ငါမင်းတို့အချင်းချင်း ညီအစ်မတွေလို ဂရုစိုက်မယ်လို့ မျှော်လင့်တယ်။” ထို့နောက်သူသည် ချန်ရုံဘက်သို့ လှည့်၍ ပြောလေသည်။ “မင်းအဖေနဲ့ အစ်ကိုဒီမှာမရှိဘူးဆိုမှတော့ ငါပဲ မင်းကိုစောင့်ရှောက်ပေးမှာပေါ့။ငါတို့တွေ နန်းယန်ရောက်တဲ့အခါ ဝေ့အာက အတူနေပေးလိမ့်မယ်။”

ချန်ရုံသည် သူမတစ်ခုခုပြောချင်သလို သူမ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။ တမင်တကာ ခဏစောင့်ဆိုင်းနေလိုက်သော်လည်း သူမသည် “ဟုတ်ကဲ့” ဟူ၍သာပြန်ပြောနိုင်လေသည်။

ချန်ဝေ့သည် ပြုံး၍ ပျော်ရွှင်စွာ ပြောလိုက်သည်။ “သမီးသိပါပြီ အဖေ၊ သမီးတို့တွေ စောနလေးကမှ စကားပြောနေကြတာ။ အားရုံကတောင် သမီးက ကြာပန်းလေးနဲ့တူတယ်လို့ပြောသေးတယ်။”

သူမ၏အသံတွင် ရိုးစင်းခြင်းများဖြင့် ဖြစ်သည်။ သက်လတ်ပိုင်းလူသည် ရယ်လျက် သူမ၏ခေါင်းကို ညင်သာစွာပွတ်၍ သူ၏ခေါင်းကို ယမ်းလိုက်သည်။

 “မင်းဘယ်အချိန်ကျမှ ရင့်ကျက်လာမှာလဲ? ဟုတ်ပါပြီ အခုတော့ အားရုံနဲ့ သွားနေလိုက်ဦး”

ချန်ဝေ့သည် ရယ်လျက် ချန်ရုံဆီသို့ ခုန်ပေါက်လာပြီး သူမ၏လက်ကို ယူ၍ လူအုပ်ကြီးကိုဖြတ်လာလေသည်။ သူမပြေးနေသည်တောင်မှ သူမသည် ရန်မင်းကို လှည့်မကြည့်ဘဲ မနေနိုင်ပေ။ 

ယောက်ျားဆန်ပြီး ရုပ်ရည်ချောမောသည့် ထိုလူကိုကြည့်ပြီး ချန်ဝေ့၏မျက်နှာသည် ထပ်မံ နီရဲလာပေသည်။

ချန်ဝေ့၏အကြည့်ကို ခံစားမိပုံရပြီး ရန်မင်းသည် ရုတ်တရက်ကြီးလှည့်၍ မိန်းကလေးများကိုသူ၏ ရင်ဖိုနိုင်စေသောမျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။

 

ချန်ဝေ့သည် အလွန်အမင်းရှက်သွေးဖြာသွားပြီး သူမ၏ဦးခေါင်းကို လျင်မြန်စွာ နိမ့်လိုက်သည်မှာ သူမ၏ရင်ဘတ်ကိုတောင်ထိလုနီးပါးဖြစ်နေလေသည်။

ထိုအကြည့်တွင် ရန်မင်းသည် သိချင်စိတ်ဖြင့် မျက်ခုံးကိုမြှင့်လိုက်ပြီး သူတို့ဆီသို့ လမ်းလျှောက်လာလေသည်။

ချန်ရုံ၏လက်ကိုကိုင်ရင်းဖြင့် ချန်ဝေ့သည်တမင်တကာမလုပ်ဘဲ တုန်ရီနေကာ မေးလိုက်လေသည်။ “သူ သူလာနေပြီ။ အားရုံ ငါဘာလုပ်သင့်လဲ? ငါဘာလုပ်သင့်လဲ?” ရှက်ရွံမှု၊ ပျော်ရွှင်မှု၊ ကြောက်ရွံမှုတို့အားလုံးကို သူမ၏အသံတွင် ရှာတွေ့နိုင်ပေသည်။

ချန်ရုံသည် လာနေသောလူကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ “သူလာနေတုန်းပဲ” သူမသာမန်အတိုင်းပြောလိုက်သည်။

 “သူ ဘယ်သူ့ကိုမှ မစားပါဘူး။အစ်မ နင်ဘာကိုကြောက်နေတာလဲ?”

ထိုသို့ပြောလိုက်သော်လည်း သူမ၏ဘယ်ဘက်လက်သည် သူမ၏အင်္ကျီလက်အောက်တွင် လက်သီးကျစ်ကျစ်ဆုပ်ထားလေသည်။ သူမ၏အတိတ်ဘဝတွင် သူမသည် မည်သည့်အခါတုန်းကမှ သူ့ကို နားမလည်ခဲ့ပေ။ နှစ်တွေကြာလာပြီးနောက် သူမ ဒီမြင်ကွင်းကို ပြန်ခေါ်ပြီးတွေးလိုက်သောအခါ သူသည် သူမ၏ဝမ်းကွဲကို နှစ်သက်သောကြောင့်သာ သူမတို့နှစ်ဦးဆီ လျှောက်လာဟန်တူလေသည်။

ဒုတိယဘဝတွင် အစမှ ပြန်နေရသောအခါ သူမအရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်လာလေသည်။

ဒီအချိန်တွင် ရန်မင်းသည် မိန်းကလေးနှစ်ယောက်ဆီသို့ ရောက်လာလေပြီ။

သူသည် အရပ်ရှည်သောလူတစ်ယောက်ဖြစ်သည်။ သူ သူမတို့ရှေ့၌ မတ်တပ်ရပ်၍ အပေါ်မှငုံကြည့်လိုက်သောအခါ သူသည် သိသိသာသာထည်ဝါတောက်ပနေလေသည်။ ချန်ဝေ့သည် သူမကိုယ်တိုင် လန့်သွားလေသည်။

ချန်ရုံသည် အများကြီးပို၍ တည်ငြိမ်လေသည်။ သူမ၏မျက်လုံးများသည် ရန်မင်းကိုလည်းကြည့်မနေသလို ချန်ဝေ့ကိုလည်းကြည့်နေခြင်းမရှိချေ။ သူမသည် သူသူမရှေ့ ရပ်နေသည်ကို မသိသည့်အလား အဲ့နားတွင်ပဲ ရပ်နေလေသည်။

ရန်မင်းသည် ချန်ရုံဆီသို့ အာရုံမပြောင်းခင် ချန်ဝေ့ကို အရင် ကြည့်လိုက်လေသည်။ 

“မင်းတို့နာမည်က ဘာလဲ?” သူသည် ဖော်ရွေသော အသံနက်ဖြင့် မေးလိုက်သည်။

ဟုတ်ပေသည်၊အတိတ်တွင်လည်း သူသည် သူပါးစပ်ကိုဖွင့်ဟ၍ ဒီစကားကိုပြောခဲ့လေသည်။

ချန်ရုံသည် ဒီတစ်ကြိမ်တွင်တော့ မဖြေလိုက်ပေ။ သူမသည် သူမ၏ဝမ်းကွဲ အရင်ပြောရန် စောင့်လိုက်လေသည်။

ချန်ဝေ့သည် ရှက်သွေးဖြာလျက် ရန်မင်းကို စိတ်လှုပ်ရှားစွာ ဦးညွတ်လိုက်ပြီး ထစ်ထစ်ငေါ့ငေါ့ပြောလိုက်သည်။ “ကျွန်မ…ကျွန်မက ချန်ဝေ့ပါ” 

ရန်မင်း၏မျက်လုံးများ ချန်ရုံဆီသို့ ပြန်ရောက်လာလေသည်။ 

သူမသည် သူမ၏နှုတ်ခမ်းကို ဖွင့်ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 

“ကျွန်မက ချန်ရုံပါ။”

“ချန်အိမ်တော်က အားရုံလား? ငါမင်းကိုသိတယ်။”

 သူက အမှတ်ရပုံမျိုး ခေါင်းညိတ်လိုက်သည်။

 ဒီလိုမျိုး သူအတိတ်မှာ မပြောခဲ့ပေ။ 

ထို့နောက်တွင် သူသည် သူမလက်ထဲမှ ကြာပွတ်ကိုကြည့်၍မေးလိုက်သည်။ 

“မင်းကြာပွတ်သုံးရတာကို ကြိုက်တာလား?” 

သူမသူ့ကိုမည်သို့ ပြန်ဖြေရမည်နည်း.. သူမဟုတ်တယ်လို့ပြောချင်သော်လည်း မိန်ကလေးတစ်ယောက် ကြာပွတ်သုံးသည့်အပေါ်မြင်ကြသော လောက၏အမြင်ကို တွေးလိုက်ပြီး အဲ့ဒါကို သူမနောက်ကျောသို့ လျင်မြန်စွာဖွက်လိုက်ပြီး ဖြေလိုက်သည်။ 

“ဒါက အခြားတစ်ယောက်ရဲ့ဟာပါ။ ကျွန်မ ကစားချင်လို့ ငှားလာတာ။”

သူသည် သူမကို သူသိပြီဟု ပြောခဲ့လေသည်။ သူတို့က ရိုးရှင်းသော စကားသုံးခွန်းဖြစ်သော်လည်း သူ သူတို့ကိုပြောလိုက်သည့်အချိန်တွင် ချန်ဝေ့၏နှင်းဆီရောင်သန်းသော မျက်နှာသည် ဖြူဆုပ်သွားပြီး သူမသည် ချန်ရုံ၏လက်ထဲမှ သူမ၏လက်ကို ဆွဲထုတ်လိုက်လေသည်။

ချန်ရုံသည် ချန်ဝေ့ကိုကြည့်လိုက်ပြီး ဒီတစ်ကြိမ်တွင် ရန်မင်းကို ပြန်မပြောတော့ပေ။ 

သူသည် သူမကိုတစ်ခဏကြည့်၍ ခေါင်းညိမ့်ပြပြီး လှည့်ထွက်သွားလေသည်။

ချန်ရုံသည် သူ၏နောက်ကျော သူမ၏အမြင်မှ မပျောက်ကွယ်သွားမချင်း ထိုနေရာတွင် ရပ်နေမိသည်။ ချန်ဝေ့သည်လည်းပဲ ရပ်နေခဲ့လေသည်။

ရုတ်ချည်းတွင်ပဲ ချန်ဝေ့သည် ချာခနဲလှည့်၍ သူမ၏ရထားလုံးပေါ်သို့ အမြန်ပြန်သွားလေသည်။ 

သူမ၏ထွက်ခွာသွားသည့်ပုံကိုကြည့်ရင်းဖြင့် ချန်ရုံသည် နားမလည်နိုင်စွာ မျက်မှောင်ကြုတ်၍ သူမဘာသာတွေးလိုက်လေသည်။ သူ သူမအပေါ်ကိုရောခံစားချက်မရှိတာများလား? ငါက သူ သူမကိုမြင်မြင်ချင်းချစ်သွားတယ်ထင်ထားတာ၊ အဲ့ဒါက အထင်မှားမှုသက်သက်ပဲလား?