အပိုင်း ၂၃
Viewers 18k

Chapter 23


ချန်ရုံစိုက်ကြည့်နေတုန်းတွင် သူမ၏နောက်မှ ကြည်လင်သောအသံတစ်သံထွက်ပေါ်လာသည်။  

 

“အားရုံ?” 

ဝူလန်ဖြစ်ပေသည်။  

ချန်ရုံလှည့်၍ စကားပြောလိုက်သည်။  

“မင်္ဂလာပါနော် ဝူလန်” 

“ငါနဲ့မင်းနဲ့ ကြားမှာ ဒီလိုလုပ်ရိုးလုပ်စဉ်တွေ မလိုပါဘူး။”  

ဝမ်ဝူလန် သူ၏ရထားလုံးမှ ခုန်ဆင်း၍ ချန်ရုံဆီသို့သွားလိုက်သည်။ သူခဏလောက် ချီတုန်ချတုန်ဖြစ်ပြီးနောက် မေးလိုက်သည်။  

“အားရုံ မင်းအဖေနဲ့မင်းအစ်ကို ကျန့်ခန်းမှာ အခြေအနေဘယ်လိုလို့ မင်းဦးလေးပြောလဲ?” 

“သူတို့ အခြေအနေဘယ်လိုနေလဲ?” ချန်ရုံသူ့ကို သရော်ဟန် ပြုံတုံတုံဖြင့် ကြည့်လိုက်သည်။ 

“ဒါက သူတို့ အခုဘယ်ရာထူးအဆင့်မှာရှိနေလဲ?”  

သူဒီစကားများပြောလိုက်ချင်း ဝမ်ဝူလန်သည် သူကိုယ်တိုင်ထပ်ပြောလိုက်လေသည်။ “ငါမေးကြည့်ရုံပါပဲ မေးကြည့်ရုံတင်” 

ချန်ရုံသူ့ကိုကြည့်လိုက်သည်။ အပြုံသေးသေးပေးလိုက်ပြီးနောက် သူပြန်သွားမည်အလုပ်တွင် ရုတ်တရက်ပြန်ဖြေလိုက်သည်။ “ကျွန်မထင်တာတော့ အဖေက အဆင့်ရှစ် တရားသူကြီး ပဲဖြစ်တယ်ထင်တယ်။” 

ဝမ်ဝူလန် သူမပြောပြီးနောက် သူခဏရပ်နေလေသည်။ သူမျက်မှောင်ကြုတ်လိုက်ပြီး သူမေးလိုက်သောအခါ သူ့မျက်နှာသည် အနည်းငယ်တည်ကြည်နေသည်။  

“အဲ့လိုလား?” သူ့အသံသည်စိတ်ပျက်နေပုံရလေသည်။ သူသည် သူမကိုခေါင်းညိမ့်ပြပြီးနောက် ထွက်ခွာသွားတော့သည်။ 

သူသည် ခုနစ်ယောက်မြောက်သခင်မလေး၏ရထားလုံး နီးကပ်လာရုံရှိသေးသည့်အချိန်တွင် ထွက်ခွာသွားလေသည်။ သူမသည် ချန်ရုံကို စိုက်ကြည့်ပြီးနောက် သူမ၏အစ်ကိုကိုမေးလိုက်သည်။

 “ငါးယောက်မြောက်အစ်ကို သူမဘာပြောလဲ?” 

ဝမ်ဝူလန် မျက်မှောင်ကြုတ်လိုက်ပြီးနောက် မပျော်ရွှင်စွာပြောလိုက်လေသည်။ “သူမအဖေနဲ့အစ်ကိုက အဆင့်ရှစ်အရာရှိငယ်တွေပဲရှိသေးတယ်။” 

ခုနစ်ယောက်မြောက်သခင်မလေးက လှောင်လိုက်သည် “ကျန့်ခန်းကိုသွားတဲ့ အထက်တန်းလွှာတွေကို ရာထူးအဆင့်တိုးနေမှုတွေ အဖြစ်များပါတယ်။ သူမအဖေနဲ့အစ်ကိုက အခုထိ အဆင့်ရှစ်အရာရှိငယ်တွေပဲရှိသေးတဲ့အထိ အသုံးမကျဘူးဆိုတာ ယုံတောင်မယုံနိုင်ဘူး။” 

ထိုအချိန်တွင် သူမသည်ဝမ်ဝူလန်ဆီသို့ လှည့်၍ အလေးအနက်ထားပြောလိုက်သည်။ 

“ငါးယောက်မြောက်အစ်ကို ဒီကိစ္စက ဒီလိုဆို အစ်ကိုချန်ရုံကို အဓိကဇနီးအနေနဲ့ လက်ထပ်လို့မရနိုင်ဘူးနော်။” 

ဝမ်ဝူလန် ခေါင်းညိမ့်ပြီး မသေချာစွာပြောလိုက်သည်။

 “ဒါပေမဲ့လည်း ငါသူ့ကို ငါ့ရဲ့ကိုယ်လုပ်တော်အဖြစ်တောင်းဆိုရင်လည်း သူမလက်ခံမှာမဟုတ်ဘူးလို့ သေချာတယ်။” 

သူ့မျက်လုံးများ ချန်ရုံဆီသို့လှည့်လိုက်ရာ သူမ၏လှပသောမျက်နှာက နေရောင်အောက်တွင် သူ့ကို ကန်းသွားစေသည်။ သူမကို ရှုစားနေသည့် တစ်ခဏတွင် သူ့နှလုံးခုန်သည်မှာ အနည်းငယ်မြန်လာလေသည်။

 “ဒါက အရေးကြီးကိစ္စတစ်ခုပဲ။ ဘာပဲဖြစ်ဖြစ် ငါအဖေနဲ့စကားပြောကြည့်ရမယ်။” ချန်ရုံ၏မျက်နှာပေါ်မှ သူ့၏အကြည့်ကိုဖယ်လိုက်ပြီးနောက် သူသည် စိတ်ပိုင်းဖြတ်လျက် အံကြိတ်လိုက်သည်။ “ နန်းယန်ကိုရောက်တဲ့အခါ ငါအဖေကိုပြောပြပြီး ဒီအကြောင်းကို ဆွေးနွေးရမယ်။” 

 ......

အဖွဲ့သည်တစ်ဖန် ထပ်မံထွက်ခွာပြန်သည်။ 

ချန်အုပ်စုတွင် ချန်ယွမ်သည် ပျော်ရွှင်စွာက ရယ်နေလေသည်။ 

သူ၏ထူးကဲလှသော ရယ်သံကြောင့် ချန်အုပ်စုကလေးများသည် သူ့ကိုအံ့သြစွာလှည့်ကြည့်ကြလေသည်။ 

“ငါ ချန်ရုံကို ဒီလောက်တော်မယ် မမျှော်လင့်ထားဘူး။ တကယ်ကို ပြောင်မြောက်ပါပေတယ်!”

 အာသူက ချန်ရုံအကြောင်းပြောနေသည်ပဲ။ အငယ်များသည် ခေါင်းညိတ်လိုက်ပြီး သူ့ကိုနောက်ထပ်အာရုံမစိုက်တော့ပေ။ ချန်ရုံနှင့် ရန်မင်း အစောက စကားပြောနေစဉ်တွင် အထက်တန်းလွှာလူငယ်လေးများသည် သူတို့၏အနားတွင်ရပ်နေသည်ဖြစ်၍ သူတို့သည်လည်း ချန်ရုံ၏အကြောင်းကို ကြားလိုက်ရသည်။ အဆုံးတွင်တော့ ချန်ရုံလိုမိန်းမပျိုလေးက သုံးကြိမ်တောင် ကြိုတင်သိမြင်နိုင်ခဲ့သည်ပဲ။ တစ်စုံတစ်ခုသည် ရှားပါးဖြစ်ခဲပြီး ထူးခြားပြောင်မြောက်သည်ဆိုလျှင် အတင်းစကားတို့၏ ခေါင်းစဉ်ဖြစ်လာလေသည်။ 

ချန်ဝေ့သည် သူမ၏ရထားလုံးတွင် ထိုင်နေစဉ်တွင် သူမ၏အစ်ကိုများ အပြင်ဘက်တွင် ချန်ရုံအကြောင်းပြောနေသည်ကို ကြားလိုက်ရသည်။ ပထမတော့ သူမသည် နှုတ်ခမ်းဆူလိုက်မိသော်လည်း သူမစဉ်းစားပြီးနောက် သူမသည် ချက်ချင်း အံကြိတ်လိုက်ပြီး လိုက်ကာကိုမတင်လိုက်သည်။ 

 သူမ၏ရထားလုံးကို ချန်ရုံ၏ရထားလုံးနားသို့ မောင်းသွားရန်ညွှန်ကြားလိုက်ပြီး ထို့နောက် သူမ၏လိုက်ကာကိုဖယ်၍ ရှက်ရွံစွာ ပြောလေသည်။ “အားရုံ ငါရိုင်းသွားတယ်။ ငါ့ကိုစိတ်မဆိုးပါနဲ့နော်။” 

ချန််ရုံသည် သူမ၏လိုက်ကာကိုမတင်လိုက်သည်။ သူမ၏အမူအရာသည် နစ်နာမှု၊ မကျေနပ်မှု၊ရှုပ်ထွေးမှုတို့နှင့်ပြည့်နေသည်။ 

“အစ်မ ကျွန်မနားမလည်ဘူး။ အစ်မဘာလို့ကျွန်မကို စိတ်ဆိုးရတာလဲ?” 

ချန်ဝေ့ မှင်တက်သွားလေသည်။ 

သူမ ချန်ရုံကို သေသေချာချာ လေ့လာကြည့်ပြီးနောက် သူမ၏မတရားခံရမှုအကြည့်သည် ဟန်ဆောင်နေခြင်းမဟုတ်သည်ကို မြင်ပြီးသည့်နောက် သူမသည် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းကိုနှိမ့်လိုက်၍ လျင်မြန်စွာပြောလေသည်။ “အားရုံ နင် ဗိုလ်ချုပ်ရန်မင်းကို ဘယ်လိုသိတာလဲ?” 

 ချန်ရုံသည် သူမကိုရှုပ်ထွေးစွာကြည့်၍ မေးလိုက်သည်။ “လူတိုင်းက ကျွန်မရဲ့ ကြိုတင်ဟောကိန်းတွေအကြောင်းပြောနေကြတာမဟုတ်လား...သူကလည်းအဲ့ဒီလိုကနေသိလာတာနေမှာပေါ့။” 

ထိုအကြောင်းကို ရုတ်တရက်သဘောပေါက်ပြီးနောက် ချန်ဝေ့သည်ပြုံး၍ ရှက်ရွံမှုအနည်းငယ်ဖြင့် ပြောလိုက်သည်။ “ငါထင်တာ သူကနင့်ကိုတွေ့လို့ ပျော်သွားတယ်လို့”  

တကယ်လား?   

 

ချန်ရုံသည်သူမ၏ ရှက်ရွံနေသော ဝမ်းကွဲအစ်မကို ကြည့်၍ တစ်ကြိမ်တည်းတွင် ကြောက်လန့်စိုးရွံမှုတို့ကိုခံစားလိုက်ရသည်။ သူမသည်မရည်ရွယ်ဘဲ လက်သီးကျစ်ကျစ်ဆုပ်လိုက်မိပြီး ချက်ချင်းဖြေလိုက်လေသည်။ 

 

ချန်ရုံ၏ပြန်ဖြေခြင်းကိုမကြားရသည့်အခါ ချန်ဝေ့သည် သူမသည် လေ့လာကြည့်ရန် သူမ၏မျက်လုံးများကို မြင့်ပြီး အလေးအနက်မေးလိုက်လေသည်။

 “အားရုံ နင်သူ့ကို မကြိုက်ဘူးမို့လား? ငါ့ကို နင်သူ့ကို မကြိုက်ဘူးလို့ပြောစမ်းပါ။” 

ချန်ရုံသည် နှုတ်ခမ်းကိုတင်းတင်းစေ့၍ အပြုံလေးပြုံးလိုက်ပြီး သူမအကြည့်ကိုနိမ့်၍ မေးလိုက်သည်။ “အစ်မ၊ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို ကျွန်မတို့ရဲ့ မိဘတွေကသာ ဆုံးဖြတ်တာ”  

“ငါ့အဖေက သူ့နဲ့ ငါ့ကို စေ့စပ်ပေးချင်တယ်” ချန်ဝေ့ချက်ချင်းပြန်ဖြေလိုက်သည်။ 

“အားရုံ နင်သူ့ကိုမကြိုက်ဘူးဆိုရင်ကို အဆင်ပြေပါတယ်။” 

သူမသည် သူမခေါင်းကိုမြှင့်၍ လိုက်ကာစများကိုဖြတ်၍ အဓိပ္ပာယ်ဖတ်မရနိုင်သောချန်ရုံကို ကြည့်လိုက်လေသည်။ သူမကြည့်လိုက်သောအခါ သူမ၏နှလုံးသားအနည်းငယ် နစ်မြုပ်သွားလေသည်။ အချို့သောအကြောင်းများကြောင့် သူမသည် သူမ၏ဝမ်းကွဲသည် သူမထက်မလှသော်လည်း မတူကွဲပြားစွာ ညို့ယူဆွဲဆောင်နိုင်စွမ်းရှိသည်ဟု ခံစားရလေသည်။ အားရုံသာ လက်မလျော့ချင်ဘူးဆိုလျှင် ချန်ဝေ့သည် အတိအကျကို သူမ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။ အဲ့သည်လိုပြောရလျှင် သူမသည် မိသားစုခွဲမှ ကိုယ်လုပ်တော်မှမွေးသော သား၏ ကိုယ်လုပ်တော်မှမွေးသော သမီးဖြစ်လေသည်။ ချန်ဝေ့သည် ကိုယ်လုပ်တော်မှ မွေးသောသမီးဖြစ်သော်လည်း သူမသည် ပင်မမျိုးဆက်မှဆင်းသက်လာသူ၏ သမီးဖြစ်သည်။ ထိုသို့အခြေအနေများအရ သူမသည် ချန်ရုံထက် ပိုမြင့်လေသည်။ 

ချန်ဝေ့သည် အနည်းငယ် စိုးရိမ်လျက်ရှိသည်။ 

ချန်ရုံ သည်အကြည့်ကိုမြင်သောအခါ သူမ၏နဖူးကိုတွန့်လိုက်သည်။ သူမသည် လူအုပ်ထဲကိုမကြည့်ခင် ခဏလောက်စဥ်းစားဟန်ပြုလိုက်ပြီး သူမ၏မျက်လုံးများသည် မရည်ရွယ်ပါဘဲနှင့် ရုပ်ချောသည့် သုန်မှုန်နေသောအမျိုးသားထံ သက်ဆင်းသွားလေသည်။

သူမသည်တိတ်ဆိတ်စွာပြုံး၍ သူမ၏မျက်လုံးကိုနိမ့်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြောလေသည်။ “အစ်မ ခံစားချက်တွေနဲ့ အချစ်အကြောင်းကို မပြောကြရအောင်ပါ” ထို့နောက်သူမသည် သူမ၏နောက်ကျောကို အခြားမိန်းကလေးတစ်ဦးဆီသို့ လှည့်လိုက်သည်။  

အဲ့ဒါက သူမကြားချင်သည်မှ မဟုတ်ပဲ။ 

ချန်ဝေ့၏နှလုံးသားသည် တိမ်အလွှာအမည်းများကဲ့သို့ ဖြစ်သည်။ သူမသူမ၏နှုတ်ခမ်းကိုကိုက်လိုက်ပြီး ထပ်မံမေးမြန်းချင်သော်လည်း ထိုသို့လုပ်ရန် အနည်းငယ်ရှက်ရွံနေလေသည်။ 

မကြာမှီ ညအချိန်ကျရောက်လာပြီဖြစ်သည်။ လူတန်းကြီးသည်ရပ်တန့်၍ အစေခံများသည် ထဲများထိုးပြီး ညစာအတွက်ပြင်ဆင်ကြလေသည်။ အထက်တန်းလွှာများသည် ရန်မင်း လူရိုင်းများကို နှစ်ကြိမ်ကြိမ်တိုင်တိုင် မောင်းထုတ်လိုက်ပြီးကတည်းက သူ့ကျေးဇူးကို ခံစားမိကြလေသည်။ သူ၏အကူအညီသာမရှိလျှင် သူတို့၏ကံကြမ္မာသည် အရမ်းကိုစိုးရိမ်ရမည်ကို သူတို့အားလုံးသိကြလေသည်။ 

အမှုမဲ့အမှတ်ဖြင့် ပညာရှင်များအားလုံးသူ့ကိုဝန်းရံလိုက်ကြသည်။ ဝမ်ကျော ကဲ့သို့သော အကြီးများတောင်မှ သူ့ကိုလေးစားမှုအပြည့်ဖြင့် ဂုဏ်ပြုပေးကြရန် သူ့အနားလာထိုင်ကြလေသည်။  

ရန်မင်းသည်တော့ သူဘာကိုမှ သတိမပြုသည့်အလားဖြစ်သည်။ သူသည်သူ့အနားတွင် ဝန်းရံနေသော ပညာရှင်များကိုမည်သို့မျှအာရုံစိုက်ခြင်းမရှိပေ။ သူသည် သူ၏လှံအစွန်းနှစ်ဖက်ကို အဝတ်တစ်စဖြင့် ဂရုတစိုက်ဖြင့် သုတ်နေလေသည်။ အချိန်တစ်ချို့ကြာပြီးနောက် ဝမ်ကျောသည် သူပြောသမျှကို သူ၏တုံ့ပြန်မှုမရသည့်အခါ မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏အဝတ်ရှည်များကို ခါ၍ ထွက်သွားလေသည်။ 

အချိန်များကြာလာသည်နှင့်အမျှ ကျန်သောသူများသည် ဝမ်ကျောကဲ့သို့ ဒေါသတကြီးထွက်ခွာသွားကြလေသည်။ နောက်ဆုံးတွင်တော့ ဇီသာအသံစမ်းနေသည့်ဝမ်ဟုန်သည်သာ သူ၏နောက်တွင်ထိုင်နေတုန်းဖြစ်သည်။ သူသည် သူ၏ဘေးတွင် သွေးဆာနေသော ယဉ်ကျေးမှုမရှိသော လူသည် လက်နက်တစ်ခုဖြင့်ရှိနေခြင်းရှိနေသည်ကို သူသတိပြုမိပုံ ရမရ မသေချာပေ။ 

 

ချန်ဝေ့သည် သူမ၏နှုတ်ခမ်းကိုကိုက်၍ စိုးရိမ်စွာပြောလိုက်လေသည်။ “လူတိုင်းက သူကို လေးလေးစားဆက်ဆံကြတာ။ ဘာလို့သူက သူတို့ရဲ့လေးစားမှုတွေကို မတုန့်ပြန်တာလဲ။ အဲ့လက်နက်နဲ့ ဒီလိုကစားနေမဲ့အစားဘာလို့ သူတို့နဲ့ လောကအမြင်တို့ အနုပညာတို့အကြောင်းကို မဆွေးနွေးလဲ? ငါ ငါ့အဖေ သူ့စိတ်ကိုမပြောင်းလဲဖို့ မျှော်လင့်ပါတယ်။” 

 

သူမ ချန်ရုံကိုကြည့်လိုက်သည့်အခါ သူမသည် ရန်မင်းကို နစ်မွန်းစွာကြည့်နေသည်ကိုမြင်လိုက်ရသောအခါ သူမသည် မနေနိုင်ဘဲခေါ်လိုက်မိသည်။ “အားရုံ အားရုံ နင်ဘာတွေကြည့်နေတာလဲ?” 

သူမသည် ချန်ရုံရုတ်တရက်သတိပြန်မလည်လာခင်အထိ အကြိမ်အနည်းငယ်ခေါ်လိုက်ရသည်။ သူမသည် ဘေးပတ်ပတ်လည်သို့ လှည့်၍ ရထားလုံးပေါ်မှ ခုန်ချလာပြီး ချန်ဝေ့ကိုလျစ်လျူရှု၍ ခြေလှမ်းကျဲကျဲဖြင့်သွားလေသည်။ 

ချန်ဝေ့သည် ဒီမြင်ကွင်းကိုကြည့်၍ သူမ၏နှုတ်ခမ်းကိုကိုက်လိုက်ပြီး သူမ၏မျက်နှာသည်တော့ ဒေါသများဖြင့်ပြည့်နေလေသည်။ 

ချန်ရုံသူမ၏ခြေလှမ်းများကိုမြန်လိုက်ပြီး သူမလက်များကိုလက်သီးဆုပ်၍ တွေးလိုက်သည်။ ‘ မဟုတ်ဘူး။နောက်ထပ်တစ်ကြိမ်မဖြစ်ပါနဲ့။ နောက်ထပ်ဘယ်တော့မှ … အရင်ဘဝက ငါ အဲ့လူကိုချစ်မိသွားတဲ့အချန်ဘဲ။’  

သူမ ထိုအကြည့်တစ်ချက်အတွက် ပေးဆပ်လိုက်ရသည်မှာ သူမတစ်ဘဝလုံးဖြစ်သည်။ 

 

 Xxxxxxxx