အပိုင်း ၂၄
Viewers 16k

Chapter 24


ချန်ရုံသည်ရုတ်တရက် ခြေလှမ်းငါးဆယ်အကွာတွင်ရပ်လိုက်လေသည်။

သူမသည် လှည့်၍ ပြုံပြပြီးနောက် ဖြည်းညင်းစွာ ပြန်လျှောက်သွားလေသည်။

သူမ ချဥ်းကပ်လာနေသည်ကိုမြင်သောအခါ ချန်ဝေ့ ချောင်းဟန့်လိုက်ပြီးနောက် သူမ၏လိုက်ကာကိုဆွဲချလိုက်သည်။

မမျှော်လင့်ထားစွာပင် ချန်ရုံသည် သူမဆီတောင်းပန်ရန်မလာပေ ထိုအစားသူမသည် အလျင်မလိုစွာ ဝမ်ဟုန်ဆီသို့ သွားလေသည်။ ရန်မင်းဆီသို့လည်းဖြစ်သည်။

သူမသည် မကြာခင်တွင် ဝမ်ဟုန်၏ဘေးနားသို့ ရောက်သွားပြီး အထိန်းတော်ဖျင်နှင့် တခြားသူများကို ဖယ်ထုတ်လိုက်ပြီးနောက် သူ၏ပိုးထည်ဖျာတွင် ဝင်ထိုင်လိုက်သည်။

သူမသည် သခင်မလေးများအားလုံး လုပ်ချင်နေသော်လည်း မလုပ်ရဲသည့်အရာကို လုပ်လိုက်လေသည်။ သူတို့၏မျက်လုံးများအားလုံး တပြိုင်တည်း သူမဆီကပ်တွယ်လာကြလေသည်။

ဝမ်ဟုန်၏အာရုံသည် သူ၏ဇီသာတွင်သာ ရှိနေလေသည်။ သူရုတ်တရက် သူ၏နောက်တွင် တခြားတစ်ယောက်၏တည်ရှိမှုကို ခံစားမိသောအခါ သူမနေနိုင်ဘဲမျက်မှောင်ကြုတ်မိလေသည်။

သူ၏ခေါင်းကိုလှည့်လိုက်သောအခါ သူ ချန်ရုံသည် သူမ၏ဒူးခေါင်းကိုပိုက်၍ ကောင်းကင်သို့ ငေးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

ဘာပြောမည်မှန်းမသိဖြစ်နေပြီး နောက်ဆုံးတော့ သူသည် အသံတိုးတိုးလေးဖြင့်ပြောလိုက်လေသည်။

 “ချစ်မြတ်နိုးစရာကောင်းသူလေးရေ မင်းကိုယ်နဲ့ လာထိုင်တယ်ဆိုတာ ကြုံတောင့်ကြုံခဲပါပဲ။ မင်း ဒီမှာ ကောင်းကင်အဆုံးမှာရှိတဲ့ တိမ်တွေကို အပျင်းပြေလာကြည့်တာလား?” သူ၏ နူးညံ့သောအသံတွင် ချစ်ခြင်းမေတ္တာတို့ ပေါ်လွင်နေပေသည်။

ဒီအကြောင်းကြောင့် သူပြောလိုက်သည့်အချိန်တွင် မိန်းကလေးများအားလုံးသည် ချန်ရုံကို စူးရှစွာစိုက်ကြည့်လာကြသည်။ ဝမ်ဝူလန်ပင် သူ၏ခေါင်းကိုဆတ်ကနဲထောင်လိုက်ပြီး သူမကိုမျက်တောင်မခတ်ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ရှုပ်ထွေးရုန်းကန်မှုသည် တစ်ဖန်ပြန်ပေါ်လာပြန်လေသည်။ 

ချန်ရုံသူ့ကို သာမန်ကာလျံကာလှည့်ကြည့်လိုက်လေသည်။ သူမ၏မျက်လုံးများသည် သူမ သူ၏လွှမ်းမိုးသော အကြည့်ကို ရင်ဆိုင်ရသောအခါ သူမ၏မျက်ဝန်းများရှင်းလင်းနေခဲ့နေသည်။ 

သူမ၏နှုတ်ခမ်းများ မျဉ်းတစ်ကြောင်းကဲ့သို့ ဖြောင့်တန်းသွားသည်။

ထို့နောက် သူမသည် ဝမ်ဟုန်ဆီသို့ ပြန်လှည့်လိုက်ပြီးနောက် ယခုထိတိုင် ရိုးစင်းသောအပြုအမူဖြင့် လေးလေးနက်နက် သူမ ညင်သာစွာ ပြောလိုက်လေသည်။

 “ချီလန် အဖြူရောင်တိမ်တွေ ဘယ်လောက်တောင် လွတ်လပ်နေလဲဆိုတာကြည့်ပါဦး။ မုန်တိုင်းတွေသာ မရှိဘူးဆိုရင် အဲ့ဒါက ထာဝရလွတ်လွတ်လပ်လပ် အဲ့လိုလေးပဲသွားနိုင်လိမ့်မယ်။ ဒါပေမဲ့ မုန်တိုင်းတစ်ခါဝင်လိုက်တာနဲ့ သူက ဒေါသတွေ သောကတွေနဲ့ ပြည့်သွားပြီး ကမ္ဘာမြေကို အသစ်တစ်ဖန်ဆေးကြောမဲ့ မိုးအဖြစ်ကို ပြောင်းလဲသွားတယ်။ ဒါမှမဟုတ်လည်း သူက အဲ့သည်မှာပဲ ကျန်နေဖို့ ရွေးချယ်နိုင်တယ်၊ လေကဘယ်လိုပဲ ဝှေ့တိုက်ပြီး သူ့ကို အမှောင်ထုနဲ့ မိုးအဖြစ်အသွင်ပြောင်းစေပစေ သူတစ်ချိန်က လွတ်လပ်တဲ့ တိမ်တိုက်တစ်ခုဆိုတာသာ မှတ်မိနေသ၍ သူဆက်လက်ပြီးလွတ်လပ်နေလိမ့်မယ်။”

လှည့်လာ၍ အာရုံစိုက်လာသော ဝမ်ဟုန်နှင့် ရန်မင်းတို့သည် သူမ၏ နက်မှောင်၍ နက်နဲသော မျက်ဝန်းများ လခြမ်းလေးအသွင်သို့ ကွေးသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက်သူမသည် ပြုံး၍ ပြောလိုက်သည်။ 

“ကျွန်မရဲ့စိတ်ထဲမှာတော့ ချီလန်နဲ့ အရှင်ရန်တို့နှစ်ယောက်လုံးက လေးစားမှုနဲ့ထိုက်တန်တဲ့ လူတွေပါ။”

ထို့နောက် သူမသည် မတ်တပ်ရပ်လိုက်ပြီးထပ်ပြောလိုက်သည်။ “နောက်ပြီးဒီကမ္ဘာမှာလေးစားမှု ဂုဏ်သရေနဲ့ မထိုက်တန်တဲ့လူတွေအများကြီးပဲရှိတယ်” သူမပြောပြီးသွားသောအခါ သူမသည် ပြုံးနေသော ဝမ်ဟုန်နှင့် မှင်သက်နေသော ရန်မင်းတို့ကို ချန်ထားပြီး ထွက်လာခဲ့သည်။

ချန်ရုံ၏အသံသည် ထိုယောက်ျားနှစ်ယောက်ကြားရုံလောက်သာကျယ်လေသည်။

သူမထွက်လာခြင်းပင် မိန်းကလေးများ၏ဝန်းရံခြင်းကိုခံလိုက်ရသည်။ လှပသည့် ချွန်ထက်နေသောမေးစေ့နှင့် တစ်ယောက်ကမေးလေသည်။

“နင်သူတို့ကို ဘာပြောလိုက်တာလဲ?”

“ငါတို့ကိုပြော နင်ဘာပြောလိုက်တာလဲ?” တစ်ခြားတစ်ယောက်သည်လည်း အသံစာစာ စာစာနှင့် ပြောလာပြန်လေသည်။ 

“ချီလန်က သူတိတ်ဆိတ်နေတဲ့အချိန်မှာ သူ့အနားမှာလူတွေရှိတာကိုမကြိုက်ဘူး။ နင်ကဘာလို့ သူနဲ့ ပြောနိုင်ပြီး သူ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်မောနေအောင်လုပ်နိုင်ရတာလဲ? ချန်အိမ်တော်က အားရုံ နင်က အဲ့လိုတောက်ပနှစ်လိုဖွယ်ကောင်းတဲ့ ယောက်ျားနှစ်ယောက်နဲ့ မထိုက်တန်ဘူး။ နင်သူတို့နဲ့ ဝေးဝေးနေရင်အကောင်းဆုံးပဲ။”

သူမသည် ချက်ချင်းပင် ချန်ရုံ၏မျက်လုံးများနှင့် ဆုံသွားသည်။

ထိုတစ်ယောက်သည် လူသတ်လိုစိတ် ဝိုးတိုးဝါးတားကိုခံစားလိုက်မိသည်။ 

ကြောက်လန့်သွားပြီးနောက် သူမလျင်မြန်စွာ ပါးစပ်ပိတ်လိုက်လေသည်။

ချန်ရုံသည် သူမ၏အကြည့်ကို ရုတ်သိမ်းလိုက်ပြီး အထင်အမြင်သေးစွာပြောလိုက်လေသည်။ “ငါထိုက်တန်သည်ဖြစ်စေ မထိုက်တန်သည်ဖြစ်စေ အဲ့ဒါကနင်နဲ့ဘာဆိုင်လို့လဲ?” ထို့နောက် သူမသည် သူမ၏အဝတ်အစားများကို ခါ၍ ထွက်ခွာသွားလေသည်။

သည်ခေတ်မှလူများသည် လျို့ဝှက်သွယ်ဝိုက်သော အရာများပြောရသည်ကို ကြိုက်နှစ်သက်ကြပြီး စာကြောင်းတစ်ကြောင်းကို ထပ်ခါထပ်ခါ တစိမ့်စိမ့်တွေးရခြင်းကိုနှစ်သက်ကြလေသည်။

သူမပြောလိုက်သည်က အတော်လေးရိုးရှင်းသော်လည်း ချန်ရုံ၏စာကြောင်းသည် ကြားရသူများကို ထိုစကားလုံးများ၏ပုန်းကွယ်နေသောအဓိပ္ပာယ်များကို တွေးဆနေကြဆဲဖြစ်သည်။

မကြာမီတွင် ချန်ရုံသည် သူမ၏ရထားလုံးပေါ်သို့တက်သွားလေသည်။ ချန်ဝေ့သည်သူမကို ထပ်ခါထပ်ခါကြည့်နေသော်လည်း မမြင်ချင်ယောင်ဆောင်၍ သူမ၏လိုက်ကာကို ဆွဲချလိုက်သည်။

အထဲတွင် ချန်ရုံ၏နှုတ်ခမ်းများအပေါ်သို့ မြင့်တက်သွား၍ လှောင်ပြောင်မှုလေးထွက်ပေါ်လာလေသည်။

အမှောင်ထုသက်ဆင်းလာသည်နှင့်အမျှ ကျယ်ပြောလှသောတောရိုင်းထဲတွင် အလင်းရောင်ရစေရန် မီးတုတ်များ တဖြည်းဖြည်း ထွန်းညှိလာကြလေသည်။ 

ထုံးစံအတိုင်း ငယ်ရွယ်သူများသည် မြက်ခင်းပြင်ပေါ်တွင် ပိုးဖျာများကိုခင်း၍ စုဝေးပြီး စကားပြောကျီစားကြပေမည်။

ဝမ်ဟုန်သည် သူ့ထိုင်ခုံပေါ်တွင် မှီ၍ ကောင်းကင်ပေါ်ရှိလမင်းကြီးကိုကြည့်၍ ပြောလိုက်လေသည်။ “ ‘ဒေါသနှင့် ပူပန်မှုတို့ပြည့်လာပြီး ကမ္ဘာကြီးကို အသစ်တဖန်ဆေးကြောမဲ့ မိုးအဖြစ်ပြောင်းလဲသွားတယ်’ ရန်မင်း သခင်မလေးချန်က မင်းအပေါ်တော်တော်လေးစားတာပဲ။”

ရန်မင်းသည် သူ၏နှုတ်ခမ်းများတွင် မြက်ချွမ်းပင်တစ်ပင်ကိုကိုက်ထားပြီး လက်ပိုက်ထားလေသည်။ ဝမ်ဟုန်၏မှတ်ချက်ကိုကြားသောအခါ သူသည် သူ၏ခေါင်းကိုလှည့်၍ သူ၏နက်ရှိုင်းသောအကြည့်များအောက်တွင် လူအုပ်ကိုဖြတ်၍ ကြည့်လိုက်သည်။ ညလယ်တွင် သင်းပျံ့သော အဝတ်အစားအများ လူအုပ်ထဲတွင် ရိပ်ခနဲ နှင့် လှုပ်ရှားနေသည်။ သူတို့သည် ထွက်ပြေးလာသည်နှင့်မတူဘဲ အလည်အပတ်ထွက်လာသည်နှင့်ပိုတူပေသည်။ သူ၏မျက်လုံးများသည် ကောင်းကင်ဆီသို့ ပြန်မသွားခင် လူအုပ်ကြီးကို ခဏ ဝေ့ဝိုက်ကြည့်လိုက်သေးသည်။

သူသည် သူ၏အဖော်ကို ပြန်မဖြေလိုက်ပေ။ ဝမ်ဟုန်သည်လည်းပဲ သူ၏မျက်လုံးကိုမှိတ်၍ ခေါင်းကိုမော့လျက် ဆောင်းဦးရာသီ၏လေပြေလေးကို ခံစားရင် ဘာမှထပ်‌မပြောတော့ပေ။

သူတို့နှစ်ယောက်သည် ဘေးချင်းကပ်လျပ် သက်တောင့်သက်သာနှင့် အခြားတစ်ဦးကို အနှောင့်အယှက်မပေးဘဲ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကြလေသည်။

ထိုအချိန်တွင် ချန်ရုံသည်တော့ သူမခေါင်းကိုနှိမ့်လျက် မုန့်နှစ်များကို တိတ်ဆိတ်စွာ စားနေလေသည်။ သူမ၏မျက်နှာချင်းဆိုင်ရှိ သူမ၏ဝမ်းကွဲချန်ဝေ့သည် တခြားမိန်းကလေးများနှင့် ဟာသလုပ်ရင်းရယ်မောနေကြလေသည်။

အဲ့ဒါသည် ချန်ဝေ့ ချန်ရုံကို စိတ်ဆိုးနေပြီး သူမစိတ်ကောင်းဝင်နေခြင်းရှိမနေဘူးဆိုသည့်သက်သေဖြစ်သည်။

သို့ရာတွင်လည်း ချန်ရုံသည် ချန်ဝေ့ကို သူမ၏ရိုင်းစိုင်းမှုအတွက် မတောင်းပန်သေးပေ။ ချန်ရုံကို စပြောဖို့ရာတွင်လည်း ချန်ဝေ့၏အဆင့်က မြင့်လွန်းနေပေသည်။ ချန်ဝေ့သည် သူမကိုယ်သူမနှိမ့်ချလျက် မျက်နှာပေါ်တွင် ချန်ရုံအတွက် အပြုံးလေးဖြင့်ပြောလေသည်။ အနည်းဆုံးတော့ တခြားချန်အိမ်တော်မှ မိန်းကလေးများထပ်တူလိုက်မလုပ်နိုင်သည့်အရာဖြစ်လေသည်။

ချန်ဝေ့သည်နောက်ဆုံးတော့ သူမ၏စိတ်ရှည်မှုများ ကုန်ဆုံးသွားပြီဖြစ်သည်။ သူမနောက်ကိုမှီ၍ မေးလိုက်သည်။ “နင်ဝမ်ချီလန်ဆီသွားတုန်းက သူ့ကိုဘာပြောလိုက်တာလဲ။ သူကဘာလို့နင့်ကိုအဲ့လိုကြည့်နေရတာလဲ?”

ချန်ဝေ့မေးလိုက်သည့်အရာသည် လူတိုင်းမေးချင်နေသည့်အရာပဲဖြစ်လေသည်။ သူမပြောလိုက်သည့်အချိန်တွင် သူမဘေးရှိမိန်းကလေးနှစ်ယောက်သည် သူမ၏အဖြေကိုစောင့်နေသည့်အလား ချန်ရုံဘက်ကို ကြည့်လာလေသည်။ ချန်ရုံပြန်မဖြေခင်တွင် သူမ၏မုန့်နှစ်များကိုဖြည်းညင်းစွာမျိုချလိုက်သည်။ 

“ဘာမှမဟုတ်ပါဘူး။ ဇီသာတီးတဲ့နေရာမှာ ဝမ်ချီဟုန်ရဲ့ အကြံဉာဏ်ကိုတောင်းခံယုံပါပဲ။ ဗိုလ်ချုပ်ရန်ကတော့ ကျွန်မကိုရဲတဲ့ ကောင်မလေးလို့ သူထင်နေတာနေမှာပေါ့။”

 ချန်ဝေ့၏ဘယ်ဘက်တွင်ရှိနေတဲ့မိန်းကလေးသည် ရယ်၍ ပြောလိုက်သည်။ 

“နင်ကရဲတဲ့ ကောင်မလေး...”

ချန်ရုံသူမကိုလျစ်လျူရှုလိုက်သည်။ 

“နင်က ချီလန်နဲ့ ဇီသာတီးတဲ့အကြောင်းကိုတောင်ဆွေးနွေးရဲမှတော့ မင်းရဲ့သီချင်းတွေက အရမ်းကိုကောင်းရမယ် ဟုတ်တယ်မလား။” တူညီသောအမျိုးသမီးမှမေးလိုက်လေသည်။

ချန်ရံ ဘာမှထပ်မဖြေပေ။ သူမသည် သူမ၏လက်ထဲရှိမုန့်ကို သူမနောက်တွင်ရှိသော အထိန်းတော်ဖျင်ဆီသို့ ပေးလိုက်လေသည် “ကျွန်မဆီကို ဇီသာယူလာခဲ့ပေး”

“ဟုတ်ကဲ့ပါ သခင်မလေး”