Ch 5
Viewers 6k

🌚Chapter 5




"ဒါက စိတ်ပညာအထူးကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ ချန်းလောင်ရှီးဆီကနေ ကျွန်တော်တို့ရှိုးက အထူးတိုင်ပင်ပြီး အကြံဉာဏ်ယူခဲ့တဲ့ သတင်းပဲ...ဆူညံတက်ကြွနေတဲ့ ပတ်ဝန်းကျင်ထက် တစ်ယောက်တည်းရှိရတာကို ပိုနှစ်သက်တဲ့ ယို့မြန့်လိုလူတစ်ယောက်မှာ စိတ်ထဲမှာပြန်အားဖြည့်တတ်တဲ့ အကျင့်မျိုးရှိတယ်..."

 

"အဲ့လိုလူတွေရဲ့ တကယ့်အတွင်းစိတ်နှလုံးသားက ခက်ခဲတဲ့အခြေအနေတွေ တစ်ခုပြီးတစ်ခုကို ကျော်ဖြတ်ဖို့ သူတို့ကိုယ်သူတို့ အားပေးတတ်တဲ့ သန်မာကြံ့ခိုင်တဲ့နှလုံးသားရှိကြတယ်..."


စခရင်ထက်က ယို့မြန့်ကိုကြည့်ပြီး ချွီ့ရှောက်၏အသံက ပို၍ပင် သဘောကျမှုများပါဝင်နေခဲ့သည်။


"ယို့မြန့်က Type A စရိုက်အစစ်ပဲ...."

 

ရှီရွေ့က မချီးကျူးမီ မှင်တက်သွားခဲ့သည်။


"ယို့မြန့်က ညင်သာပြီးသည်းခံနိုင်တဲ့ပုံရှိတယ်ဆိုပေမဲ့ သူက တကယ်ကြီး သန်မာတဲ့တိုက်ခိုက်နိုင်စွမ်းရှိတဲ့ Type Aစရိုက်ရှိလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး..."

 

ကောစုက မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။


"Type Aအကုန်လုံးက ရန်လိုတက်ကြွကြတာမဟုတ်သလို Type B တိုင်းကလည်း တည်ငြိမ်ချုပ်ထိန်းနိုင်စွမ်း ရှိတာမဟုတ်ပါဘူး..."

 

စိတ်ပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုတစ်ဖြတ်ဖြစ်သွားပြန်ပြီးနောက် ချွီ့ရှောက်က A ဟူသည့်စာလုံးကို ယို့မြန့်၏နာမည်ဘုတ်ပေါ် တပ်လိုက်သည်။

 

တိတ်ဆိတ်ငြိမ်သက်သည့်အချိန်က လျင်မြန်စွာပင် ပြိုပျက်သွားခဲ့သည်။ အိမ်တံခါးပေါက်က ပွင့်သွားခဲ့ပြီး တစ်ချိန်တည်းမှာပဲ လူနှစ်ယောက်က အတူတူလမ်းလျှောက်ဝင်လာခဲ့သည်။

 

ကွမ်ထုံက စစ်ဆေးပြီးကြောင်း တံဆိပ်ကပ်ထားသည့် အနီရောင်လက်ဆွဲအိတ်ကို တွန်းလိုက်သည်။ သူက ဧည့်ခန်းပတ်ပတ်လည်ကို ပထမဆုံးကြည့်လိုက်သည်။ ထို့နောက် ဆိုဖာပေါ်တွင် ထိုင်နေသည့် ယို့မြန့်ကိုမြင်သွားပြီး တက်ကြွသည့်အပြုံးလေးနှင့် မနှုတ်ဆက်မီ နားရွက်ထိပ်လေးများ နီရဲသွားခဲ့သည်။


"ဟိုင်း လူချောလေး...ငါ့နာမည်က ကွမ်ထုံပါ..."

 

ကွမ်ထုံက ဆံပင်တိုတိုကို ပန်းရောင်ဆိုးထားပြီး ကျပ်ထုပ်နေသည့် သားရည်ဂျက်ကတ်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားလေသည်။ နူးညံ့သိမ်မွေ့သည့် မိတ်ကပ်ကိုလိမ်းခြယ်ထားပြီး ပန်းရောင်နှုတ်ခမ်းဆီကို ဆိုးထားလေသည်။ နားရွက်နားဖက်လုံးကို ငါးပေါက်၊ခြောက်ပေါက်မျှ ဖောက်ထားပြီး အမျိုးမျိုးသော ငွေနက်ရောင်နားဆွဲများ ဆွဲထားသည်။

 

ပထမတစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန်ထူးခြားသည့်စရိုက်သဘာဝရှိသည့် လူငယ်တစ်ယောက်မှန်း သိသာပေသည်။

 

ယို့မြန့်က မတ်တတ်ရပ်ကာ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။

 

သူ့အမည်ကို ပြောပြီးသည်နှင့် ကွမ်ထုံက သူ့ရင်ဘတ်ကို စိုက်ကြည့်နေလိမ့်မည်ဟု ယို့မြန့်မထင်ထားပေ။ ကွမ်ထုံ၏မျက်လုံးများက ပြူးကျယ်သွားပြီး အော်ဟစ်လိုက်သည်။


"မဟုတ်ဘူး...ညီအစ်ကို မင်းအိုင်းရစ်ပန်းကို ရွေးခဲ့တာလား..."

 

ထို့နောက် ကွမ်ထုံကလည်း သူ့ရင်ဘတ်တွင် အိုင်းရစ်ကို ထိုးထားသည်ကို ယို့မြန့်သတိပြုမိလိုက်သည်။ 

 

တစ်စုံတစ်ရာကို နားလည်မှုလွဲသွားသည့် ကွမ်ထုံက သိသိသာသာပင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် အမူအရာပြလိုက်သည်။ သူ၏ကျီစယ်လိုပြီး ချစ်စရာကောင်းသည့်သွင်ပြင်က ယို့မြန့်ကို ကြက်သေသေသွားစေခဲ့သည်။

 

စက္ကန့်အနည်းငယ်အတွင်းမှာပင် အခြားGuestတစ်ဦးက ကွမ်ထုံ၏နောက်မှ ထွက်ပေါ်လာသည်ကို ယို့မြန့်မြင်လိုက်ရသည်။

 

ထိုယောက်ျားက ညင်သာပြီး အထက်တန်းဆန်သည့် အငွေ့အသက်များ ပြည့်နေပြီး ရှေ့တစ်လှမ်းတိုးကာ ယို့မြန့်ကိုလက်ကို ယဉ်ကျေးစွာ ကိုင်ကာနှုတ်ဆက်လိုက်သည်။


"ဒါက ကျွန်တော်တို့ပထမဆုံး ဆုံကြတာပဲ...ကျွန်တော်က ရှန်းနန်ရှောင်ပါ..."

 

ရှန်းနန်ရှောင်၏ရင်ဘတ်တွင် အိုင်းရစ်ပန်းထိုးထားသည်ကို ယို့မြန့်လည်းသတိထားမိလိုက်သည်။ ကြည့်ရသည်မှာ တူညီသည့် လိင်စိတ်တိမ်းညွှတ်မှုရှိကြပုံပင်။

 

ကွမ်ထုံ၏ကိုယ်ပေါ်ရှိ ရေမွှေးက ပြင်းပြီး ခေတ်ဆန်ကြော့မော့ကာ သူကဲ့သို့ နှစ်လိုဖွယ်ကောင်းပေသည်။ ထိုစဉ်တွင် ယို့မြန့်၏ရှေ့ရှိ ရှန်းနန်ရှောင်က အပြာဖျော့ရောင်ကုတ်အကျီကို ဝတ်ထားပြီး သူ၏တသီးတခြားနေသည့် အနေအထားမှ ဉာဏ်ပညာကြွယ်ဝပြီး အနုပညာအရည်အသွေးရှိသည့် အငွေ့အသက်များ ထွက်ပေါ်နေလေသည်။

 

ယို့မြန့်တွင်လည်း အိုင်းရစ်ပန်းရှိသည်ကို သတိပြုမိသည့်အခိုက် ကွမ်ထုံ၏သူ့အပေါ် သဘောထားက သူပထမဆုံးဝင်လာသည့်အချိန်ကထက် စိတ်အားထက်သန်မှု အများကြီးလျော့သွားခဲ့သည်။

 

ကွမ်ထုံက ပင်ပန်းနေသကဲ့သို့ ဆိုဖာပေါ်တွင် ထိုင်ချကာ ရေတစ်ငုံသောက်လိုက်သည်။ ရေခွက်ကိုကောက်ကိုင်လိုက်ချိန်တွင် သူ့လက်ချောင်းလေးက အနည်းငယ်မြှောက်သွားခဲ့သည်။

 

ကွမ်ထုံက ယို့မြန့်ကို စိတ်ဝင်တစားဖြင့် ကြည့်နေလေ၏။ သူ့စိတ်လှုပ်ရှားနေမှုကို မဖုံးဖိနိုင်ဘဲ အပြုံးလေးနှင့်မေးလိုက်သည်။


"နောက်ထပ်လာမှာက ဘယ်သူဖြစ်မလဲ သိချင်နေပြီ..."

 

ယို့မြန့်က စကားမပြောခဲ့ပေ။ သူက တစ်ယောက်ထိုင်ဆိုဖာထက်တွင် တည်ငြိမ်ညင်သာသည့်အမူအရာဖြင့် ထိုင်ရုံသာထိုင်နေခဲ့သည်။

 

ယို့မြန့် စာအုပ်၏အကြောင်းအရာအများစုကို သိသော်ငြား အသေးစိတ်ကျကျကိုမူ မမှတ်မိပေ။ ပြောရပါက သူ့ယခင်ဘဝတွင် ရှိုးတွင် မပါဝင်နိုင်မီမှာပင် မီးထဲတွင် သေဆုံးခဲ့ရလေသည်။

 

ယို့မြန့်နှင့်မတူဘဲ နံဘေးရှိ ရှန်းနန်ရှောင်က ဂရုမစိုက်ဟန်ပေါ်သော်ငြား အမှန်တကယ်တမ်းတွင် ကွမ်ထုံထက်မလျော့သည့် စိတ်လှုပ်ရှားမှုများဖြင့် သူ့နှလုံးသားက ခုန်ထွက်လုနီးပါး ဖြစ်နေခဲ့သည်။ မဖော်ပြရဲရုံသာရှိသည်။

 

ရှန်းနန်ရှောင်နှင့် ကွမ်ထုံက စကားစမြည်ပြောနေကြလျက်ဖြင့် ရံဖန်ရံခါ တံခါးပေါက်ကို လှမ်းလှမ်းကြည့်နေခဲ့ကြသည်။ သူတို့၏မျှော်လင့်တကြီးပုံစံကို မျက်နှာတွင် အတိုင်းသားမြင်နေရလေသည်။


ကွမ်ထုံ ဘာမှမရှိတော့သည့်ရေခွက်ကို ချလိုက်သည့်အခိုက် အိမ်တံခါးပေါက်က ပွင့်သွားခဲ့သည်။

 

သူတို့သုံးယောက် အချင်းချင်းကြည့်လိုက်ကြသည်။ ကွမ်ထုံက သူ့အောက်ခံမိတ်ကပ်ကို ကျွမ်းကျင်လျင်မြန်စွာ ပြန်ညှိလိုက်ပြီး အပေါက်ဝမှ Guestအထဲသို့ လမ်းလျှောက်မဝင်လာမီ မှန်လေးကို ပြန်သိမ်းလိုက်သည်။

 

လမ်းလျှောက်လာသည့်အသံကို ကြားလိုက်ရပြီး အိမ်ထဲတွင်ရှိသည့် ကင်မရာအားလုံးက ဝင်လာသည့်လူကို ရိုက်ကူးရန် လှည့်လိုက်ကြသည်။

 

အရပ်ရှည်ပြီး ကြွက်သားများရှိသည့် ယောကျ်ားတစ်ယောက်က တိတ်ဆိတ်စွာ ဝင်လာခဲ့သည်။ တစ်ခဏကြာအောင် ဆိုင်းဘုတ်ရှေ့တွင် နေပြီးမှ လှည့်ကာ ဧည့်ခန်းတွင်းသို့ လျှောက်ဝင်လာခဲ့သည်။

 

ကွမ်ထုံက ရင်းနှီးကျွမ်းဝင်နေဟန်ဖြင့် ယို့မြန့်အနီးကပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ တိုးတိုးလေးပြောလိုက်သည်။


"ကြည့်ရတာ ချောတဲ့ကောင်လေး နောက်တစ်ယောက်ဖြစ်မယ့်ပုံပဲ.."

 

ယို့မြန့် ပြုံးလိုက်ပြီး ကွမ်ထုံက အနည်းငယ်နောင်တရနေသည့် မျက်နှာအမူအရာဖြစ်နေခဲ့သည်။ သူ့အမြင်တွင် သူ့ရှေ့ရှိ ယို့မြန့်က အလွန်ချောမောပေသည်။ သူ့တွင် နှာတံမြင့်မြင့်၊ဖြူဖွေးနေသည့် အသားအရည်ရှိပြီး သစ်အယ်သီးရောင်ဆံပင်နှင့် မျက်အိမ်တိမ်တိမ်က ကပြားတစ်ယောက်မှန်း သိသာထင်ရှားနေ၏။

 

သူတို့၏လိင်စိတ်တိမ်းညွှတ်မှု တူညီနေသည်က စိတ်မကောင်းစရာပင်။ ကွမ်ထုံမှာ ထိုသို့ကူကယ်ရာမဲ့စွာ တွေးနေမိသည်ကို မရပ်နိုင်တော့ပေ။

 

ဝင်ပေါက်ကိုဖြတ်လာပြီးနောက် ဟို့ရန်ကျီးက ပူလွန်း၍ ကုတ်အကျီကိုချွတ်ကာ လက်မောင်းပေါ်တင်လိုက်သည်။ သူ၏ပါးလွှာသည့်ရှပ်အကျီအောက်ရှိ သန်မာသည့် ကြွက်သားများကို ရှင်းရှင်းလင်းလင်းပင် မြင်နေရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ယောက်ျားဆန်သည့်ဟော်မုန်းများက တမဟုတ်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

 

အိမ်ထဲနှင့် ရိုက်ကူးရေးစတူဒီယိုခန်းထဲရှိ လေထုက ချက်ချင်းလက်ငင်းဆိုသလို ပူပြင်းတောက်လောင်ပြီး မရေမရာဒွိဟဖြစ်စေသည့် အငွေ့အသက်များ ပေါက်ကွဲထွက်သွားခဲ့သည်။ romanceရသစုံရှိုးတစ်ခု၏ အငွေ့အသက်ကို နောက်ဆုံး၌ ခံစားမိချေပြီ။

 

ဤအမျိုးသား၌ ခေါင်းတုံးဆံတောက်ကဲ့သို့ တိုသည့်ဆံပင်နှင့် မျက်ခုံးထူထူရှိပြီး သူ့မျက်လုံးများက မီးများတောက်လောင်နေသကဲ့သို့ စူးရဲလှသည်။ တည်တံ့နေသည့်မေးရိုးက ထက်မြပြီး လွှမ်းမိုးကြီးစိုးသည့် အငွေ့အသက်ကို ထုတ်လွှတ်နေလေ၏။

 

ဟို့ရန်ကျီးက မျက်လုံးပင့်ကာ ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက ယို့မြန့်ပေါ် ကွက်တိကျရောက်သွားပြီး တဒင်္ဂအံ့အားသင့်သွားခဲ့သည်။

 

ထို့နောက် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ပြီး နက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်သည်။


"ဟို့ရန်ကျီးပါ..."

 

ဟို့ရန်ကျီးရောက်လာမှုက ယခုမြင်ကွင်းများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နေကြသော ရိုက်ကူးရေးစတူဒီယိုခန်းတွင်းရှိ နာမည်ကျော်ဧည့်သည်များကြား ဆွေးနွေးမှုများ ဖြစ်သွားစေခဲ့သည်။

 

ရှီရွေ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"လီလီပန်းကို ရွေးချယ်ခဲ့တဲ့ ပထမဆုံးGuest ပဲ..."

 

တင်ဆက်သူချွီ့ရှောက်က ပြုံးပြီး သူ့ထက်ထဲရှိကတ်ကို ဖြန့်ပြလိုက်သည်။ ထို့နောက် သူ့နံဘေးတွင် ထိုင်နေသည့် ကောစုကို ကြည့်ကာပြောလိုက်သည်။


"ဟို့ရန်ကျီး...လက်ဝှေ့ပြိုင်ပွဲကြည့်ရတာကို ကြိုက်တဲ့အဖွဲ့ဝင်တွေအတွက်တော့ ရင်းနှီးပြီးသားနာမည်တစ်ခုပဲနော်..."

 

ကောစု၏မျက်လုံးများက အသိအမှတ်ပြု ချီးကျူးများဖြင့်ပြည့်နေပေ၏။ သူ့ရင်ဘတ်ကို ဆုပ်ကိုင်ပြီး ခေါင်းညိတ်လျက်ပြန်ဖြေလိုက်သည်။


"သူက WPEရဲ့ နာမည်ကြီး လက်ဝှေ့သမားပဲ...လွန်ခဲ့တဲ့ရက်နည်းနည်းတုန်းကပဲ သူနောက်ဆုံးဗိုလ်လုပွဲပြိုင်ခဲ့တာကို ငါမှတ်မိသေးတယ်...ဟို့ရန်ကျီးက မျှော်လင့်ထားတာထက်ကို ကျော်လွန်ပြီး ချန်ပီယံဖလားဆုကို ထပ်ပြီးအနိုင်ရသွားတယ်လေ..."

 

ရိုက်ပုတ်ရန်အဆင်သင့်ဖြစ်နေသည့် ဟို့ရန်ကျီး၏ပေါက်ကွဲလုမတတ် အားအင်များကိုကြည့်ပြီး အကဲဖြတ်ရပါက သူက ရိုးရိုးရှင်းရှင်း ကျန်းမာရေးလိုက်စားသူတစ်ယောက်မျှသာ မဟုတ်ချေ။

 

အိမ်ထဲတွင်မူ ရှန်နန်ရှောင်၏မျက်လုံးများက အနည်းငယ်လှုပ်ရှားသွားခဲ့သည်။ သူက မတ်တတ်ထရပ်ပြီး ဟို့ရန်ကျီးအတွက် ထိုင်ရန်နေရာတစ်ခုပြုလုပ်ပေးကာ မိတ်ဆက်စကားပြောရန် အစပြုလိုက်သည့် ပထမဆုံးတစ်ယောက်ပင်။


"ဟယ်လို...ကျွန်တော်က ရှန်းနန်ရှောင်ပါ..."

 

ဟို့ရန်ကျီးက အနားတိုးလိုက်ရာ ယောကျ်ားတစ်ယောက်၏ခနာကိုယ်ပေါ်ရှိ ဟော်မုန်းများက လစ်လျူရှု၍မရလောက်အောင် ပျံ့သွားခဲ့သည်။

 

သူ့ရင်ဘတ်တွင်ထိုးထားသည့် လီလီပန်းကလည်း ပေါ်လွင်ထင်ရှားနေခဲ့သည်။

 

သူက သူ၏ပြင်းထန်လောင်ကျွမ်းနေသာ ယောကျ်ားတစ်ယောက်၏အငွေ့အသက်နှင့်အင်အားကို မဖုံးကွယ်ဘဲ အတိုင်းသားပြသထားသည့် အမျိုးသားတစ်ယောက်ပင်။ သူ၏တိုက်ခိုက်စွမ်းအားက ပေါ်လွင်နေပြီး ရှောင်ပြေးစရာ နေရာမရှိပေ။

 

ရှန်းနန်ရှောင်၏ မိတ်ဆက်လိုက်သံကိုကြားပြီး ဟို့ရန်ကျီး သူ့အကြည့်ကို ယို့မြန့်ထံမှ ဖယ်ရှားလိုက်သည်။ သူ့ရှေ့ရှိ ရှန်းနန်ရှောင်ကို ခေါင်းညိတ်ပြလိုက်ပြီး သူနှင့်လက်မောင်းတစ်ဝက်စာအကွာအဝေးတွင် ပျော်ရွှင်စွာ ထိုင်လိုက်သည်။

 

"မင်းတို့အားလုံး အစောကြီးလာကြတာပဲ..."

ဟို့ရန်ကျီးက ဆိုဖာနောက်မှီလိုက်ပြီး စကားပြောရန်ခေါင်းစဉ်တစ်ခုကို အစပြုလိုက်၏။

 

ဟို့ရန်ကျီးတွင် ဆံပင်တိုတိုနှင့် စူးရှထက်မြသည့် မျက်ခုံးရှိပေသည်။ ကွမ်ထုံက ဟို့ရန်ကျီးကို ကြည့်လိုက်ပြီး သူနှင့်အလွန်လိုက်ဖက်လွန်းသည်ဟု တွေးလိုက်သည်။

 

ထို့ကြောင့် ဟို့ရန်ကျီး စကားစပြောလိုက်သည်နှင့် ကွမ်ထုံက ပြုံးကာပြောလိုက်သည်။


"ဟို့ကော...အစ်ကို့ရဲ့ကြွက်သားတွေကို တကယ်ကောင်းကောင်းကျင့်ယူထားတာပဲ...ကိုယ့်ကိုကိုယ် သေချာစည်းစနစ်ကျကျ ထိန်းသိမ်းထားပုံပေါ်တယ်..."

 

ဟို့ရန်ကျီးက ကော်ဖီစားပွဲရှေ့တွင် ထိုင်နေတာဖြစ်သည်။ ကွမ်ထုံကို စကကန့်အနည်းငယ်မျှ စူးစိုက်ကြည့်ပြီးနောက် ရုတ်တရက်မေးလိုက်သည်။


"မင်းကို ကွမ်ထုံလို့ခေါ်တာလား..."

 

ကွမ်ထုံက တစ်ခဏမျှ တန့်သွားပြီး သိသိသာသာပင် အံ့ဩသွားခဲ့သည်။

"ကျွန်တော့်ကိုသိတာလား..."

 

ယင်းကိုကြားချိန်တွင် ယို့မြန့်က ကွမ်ထုံကို ငြိမ်ငြိမ်လေး တစ်ချက်စောင်းကြည့်လိုက်သည်။ သူ၏ပယင်းရောင်မျက်ဝန်းများက နေရောင်ထဲတွင် နွေးထွေးစွာ တောက်ပနေပြီး အလွန်ပင်လှပနေခဲ့သည်။

 

ဟို့ရန်ကျီး၏အကြည့်များက ယို့မြန့်ပေါ် နောက်တစ်ဖန် ဖြတ်ခနဲကြည့်လိုက်ပြီး မသိသာမီမှာပင် ကွမ်ထုံကိုပြောလိုက်သည်။


"ငါ မင်းရဲ့ဗွီဒီယိုကို အရင်က ကြည့်ဖူးတယ်..."

 

ကွမ်ထုံက ဖန် သန်းများစွာရှိသည့် နာမည်ကြီး အင်တာနက် beauty bloggerတစ်ဦးဖြစ်သည်။ မူလက သူဤတစ်ကြိမ် နှလုံးခုန်သံအိမ်ကို လာချိန်တွင် လူအနည်းငယ်ကသာ သူ့ကိုမှတ်မိလိမ့်မည်ဟု တွေးခဲ့သည်။ လူလေးယောက်မျှသာ ရောက်လာချိန်တွင်မှာပင် မှတ်မိခံလိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ချေ။

 

ကွမ်ထုံက သူ့အထောက်အထားသရုပ်မှန် ဖော်ထုတ်ခံလိုက်ရပြီးနောက် လုံးဝမရှက်သွားခဲ့ပေ။ မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီးနောက် သူ့ပန်းရောင်ဆံပင်လေးကို ဖွလိုက်ကာသာ စနောက်လိုက်သည်။


"အရင်က ဟို့ကောက ကျွန်တော့်ကိုကြိုက်ပြီး followလုပ်ခဲ့တာများလား..."

 

ဟို့ရန်ကျီးက လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး အကြိမ်အနည်းငယ်မျှ ရယ်မောလိုက်သည်။


"ငါ့ဖုန်းကို ဝန်ထမ်းတွေက ယူသွားပြီ...ပြန်ရတဲ့အခါကျ မင်းကို follow လိုက်ပါ့မယ်..."

 

ကွမ်ထုံက နှာခေါင်းရှုံ့လိုက်ပြီး ဆံပင်ကို ဆတ်ခနဲ လှန်လိုက်သည်။ သူက ယို့မြန့်ဘက်သို့ ခေါင်းလှည့်ပြီး ပြောရန်လည်း မမေ့ခဲ့ပေ။


"မင်းတို့ အပြင်ထွက်တဲ့အချိန်ကျ လူတိုင်းဒီbloggerလေးကို followလုပ်သင့်တယ်နော်...စီးပွားရေးတစ်ခုစဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ..."

 

ကွမ်ထုံက သူက bloggerတစ်ယောက်ဖြစ်ကြောင်းသာ ပြောခဲ့သည်။ ဟို့ရန်ကျီးက သူ့သရုပ်မှန်တစ်ခုလုံးကို အပြည့်အဝဖော်ထုတ်လိုက်ခြင်း မလုပ်ခဲ့ပေ။ ထို့ကြောင့် စည်းမျဉ်းချိုးဖောက်သည်ဟု သတ်မှတ်၍မရပေ။

 

"ယို့မြန့် မမေ့နဲ့နော်..."


ကွမ်ထုံက အထူးတလှယ်ပင် ညွှန်ကြားလိုက်သေးသည်။


ထောင့်တစ်နေရာတွင် တစ်လျှောက်လုံး ငြိမ်သက်စွာ ထိုင်နေခဲ့သည့် ယို့မြန့်က ကွမ်ထုံကို ကြည့်လိုက်ပြီး နူးညံ့စွာပြုံးပြကာ ပြောလိုက်သည်။


"ငါမမေ့ပါဘူး..."

 

အကြိမ်ပေါင်းများစွာ လှမ်းလှမ်းကြည့်နေသည့် ဟို့ရန်ကျီးက နောက်ဆုံးတွင် ခေါင်းစဉ်ကြောင့် ဤတစ်ကြိမ်တွင်တော့ ယို့မြန့်ကို တိုက်ရိုက်ကြည့်၍ရသွားခဲ့သည်။ သူကယို့မြန့်ကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။

 

ယို့အိမ်တော်တွင် ယို့မြန့်ကို နောက်ဆုံးတွေ့ခဲ့သည့်အကြိမ်ကို ဟို့ရန်ကျီးမှတ်မိနေဆဲပင်။ ကောင်လေးက လူအုပ်ကြီးနှင့်ဝေးရာ ဆိုဖာတစ်ခုပေါ်တွင် ထိုင်နေခဲ့သည်။ သူ၏ညှိုးနွမ်းခြောက်သွေ့ချိန်ကို စိတ်ဓာတ်ကျစွာ စောင့်နေရသည့် အမေ့လျော့ခံ အိုင်းရစ်ပန်းတစ်ပွင့်ကဲ့သို့ပင်။

 

ယခု သူတို့အချင်းချင်း မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရပြီး သူ့ရှေ့ရှိ ယို့မြန့်မှာ ယခင်ကနှင့် မတူတော့ချေ။

 

ယို့မြန့်က ဖန်ခွက်ထဲ ရေလောင်းထည့်နေသည်ကို ရပ်ပြီး သူရှိရာကို သာမာန်ကာလျှံကာ လှမ်းကြည့်လိုက်သည်ကို သူမြင်လိုက်ရသည်။ သူ့မျက်လုံးများက အံ့အားသင့်မှုများ ပြည့်သွားပြီး ပြန်ထိန်းချုပ်ရန်အချိန်မရလိုက်သည့် ညင်သာနူးညံ့သည့်အပြုံးတစ်ပွင့်က သူ့မျက်နှာပေါ်တွင် ရှိနေဆဲပင်။


သူ၏သစ်အယ်သီးဖျော့ဖျော့ရောင် ဆံနွယ်ကောက်ကောက်လေးများက မျက်ခုံးပေါ် ဝေ့ဝှဲကျနေပြီး ပထမဆုံးအမြင်မှာပင် ကြက်သေသေသွားစေလောက်သည့် အထင်အမြင်တစ်ခုကို ချန်ထားရစ်ခဲ့သည်။

 

ယို့မြန့်က ညှိုးနွမ်းခြောက်သွေ့တော့မည့် အိုင်းရစ်ပန်းတစ်ပွင့်မဟုတ်တော့ချေ။ သူက ထူးခြားပြောင်မြောက်စွာ ပြန်လည်မွေးဖွားလာခဲ့ပြီပင်။

 

ဟို့ရန်ကျီးက မကြာခဏဆိုသလို ယို့မြန့်ထံ လှမ်းလှမ်းကြည့်ပြီး ကွမ်ထုံ၏အကြည့်များကို ရှောင်ဖယ်သွားခဲ့သည်။ ယို့မြန့်၏ရင်ဘတ်တွင် အိုင်းရစ်ပန်းထိုးထားသည်ကို သူပထမဆုံးမြင်လိုက်သည့်အချိန်ကတည်းက ဤကဲ့သို့အဆုံးသတ်ကို သူမျှော်လင့်ပြီးသားပင်ဟု ကွမ်ထုံတွေးလိုက်မိသည်။

 

ယို့မြန့်က ကြည့်ကောင်းပြီး လှပ၏။ သူ့တွင် အနိုင်ရရန်အခွင့်အရေးမရှိလောက်ဟု ကွမ်ထုံ ခံစားလိုက်ရသည်။ ယို့မြန့်ကို သူကိုယ်တိုင်ပင် ကြွေဆင်းလုနီးနီးဖြစ်သွားခဲ့သေးသည်ပင်။

 

ထိုအခိုက် ရှန်းနန်ရှောင်က ရုတ်တရက် နှုတ်ခမ်းကိုဖိကာ မေးလိုက်သည်။


"မင်းတို့ဗိုက်ဆာကြလား...ဒီမလာခင် နေ့လည်စာစားခဲ့ကြလား..."

 

ထိုမေးခွန်းကို ကြားလိုက်သည့်အချိန်မှသာ အိမ်ထဲရှိလူတိုင်း သူတို့၏အစာအိမ်က တဟုန်ထိုးကြွတက်လာသည်ဟု ခံစားလိုက်ရသည်။

 

ယို့မြန့်က ကွမ်ထုံစိတ်ထဲ တွေးနေသည်များကို မသိခဲ့ပေ။ သူက ဟို့ရန်ကျီး၏အကြည့်ကို လစ်လျူရှုလိုက်ပြီး မီးဖိုချောင်ထံ လျှောက်သွားလျက်ဖြင့် မေးလိုက်သည်။


"ကျန်တဲ့Guestလေးယောက်က ဘယ်အချိန်မှ လာမယ်မှန်း မသိဘူး...ကျွန်တော်တို့ စားစရာအချို့ အရင်ပြင်လိုက်ကြမလား..."

 

ကွမ်ထုံ၏အကြည့်များက ယို့မြန့်၏ခန္ဓာကိုယ်ထံ ကော်ဖြင့်ကပ်ထားသကဲ့သို့ ပါသွားခဲ့သည်။ ဟို့ရန်ကျီးက ဘယ်လိုကြည့်နေပါစေ ယို့မြန့်က ယင်းကို အလေးအနက်ထားဟန်မပေါ်သည်ကို သူရှာတွေ့သွားသည်။

 

ထိုခံစားချက်က ပြောပြရန်ခက်ခဲပေသည်။ တစ်ဖက်လူက ရည်ရွယ်ချက်ရှိရှိ အထာပေးနေသော်ငြား အခြားတစ်ဖက်က ရက်ရက်စက်စက်ငြင်းပစ်လိုက်သည်က တွေ့နေကျပါပင်။

 

ကွမ်ထုံ ယင်းအကြောင်းကို တွေးလိုက်ပြီး တမဟုတ်ချင်း သွေးများအပြည့်ဖြင့် တစ်ဖန်ပြန်တက်ကြွလာသည်ဟု ခံစားလိုက်ရ၏။ သူက ချက်ချင်းပင် ယို့မြန့်နောက်လိုက်ကာ မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။


"ယို့မြန့်...မင်း ဟင်းဘယ်လိုချက်ရမလဲသိတာလား..."

 

ယို့မြန့်၏'မချက်တတ်ဘူး'ဟုပြောသံကိုကြားလိုက်ချိန် ကွမ်ထုံ၏ရင်ဘတ်ထဲ အချက်ပေးသံများ မြည်သွားခဲ့သည်။

 

ယို့မြန့်က ဗီရိုတစ်ခုကို ဖွင့်ကာ အသင့်စား‌ခေါက်ဆွဲထုပ် အနည်းငယ်ကို ထုတ်လျက်ဖြင့် သာမာန်ကာလျှံကာ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပပြီး လန်းဆန်းနေစဉ်တွင် သူ့မျက်ဝန်းများက ဝင်းလက်နေပြီး ဉာဏ်များမှုများပြည့်သွားခဲ့သည်။

 

"ဒါပေမဲ့ ဒီမှာ အသင့်စားလို့ရမဲ့ဟာတစ်ခုခုရှိလောက်မယ်လို့တော့ ငါခန့်မှန်းမိတယ်..."

သူပြောလိုက်သည်။

 

ကွမ်ထုံ ခေါင်းကို နောက်တစ်ဖန် ထုနှက်ခံလိုက်ရသကဲ့သို့ စက္ကန့်အနည်းငယ်မျှ ကြက်သေသေသွားခဲ့သည်။ ထို့နောက်မှ အသိပြန်ဝင်လာပြီး ချီးကျူးမြှောက်ပင့်လိုက်သည်။


"အချစ်လေးက အရမ်းထက်မြက်တာပဲ..."

 

ယို့မြန့်က ကွမ်ထုံ၏ကြင်နာမှုများယိုဖိတ်နေသည့် နာမည်ပြောင်ကို ဂရုမစိုက်ဘဲ အထုပ်တစ်ထုပ်ကို သေသပ်စွာ ဖောက်လိုက်သည်။

 

ဟို့ရန်ကျီးက မီးဖိုချောင်တစ်ဖက်တွင် မတ်တတ်ရပ်နေပြီး ထမင်းစားစားပွဲခုံအား မှီထားပြီး ယို့မြန့်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအခိုက်တွင် သူယခင်က ယို့မြန့်ကိုပိုင်လင်းနှင့်တူသည်ဟု ဘာကြောင့်ခံစားမိခဲ့တာပါလိမ့်ဟု ဇဝေဇဝါဖြစ်သွားခဲ့သည်။ 

 

ဟို့ရန်ကျီးက ယို့မြန့်ကို ပိုင်လင်း၏အစားထိုးတစ်ယောက်အဖြစ် ဆက်ဆံခဲ့သည်။ ပိုင်လင်းငြင်းပယ်ခဲ့သည့် လက်ဆောင်များကို ယို့မြန့်အားပေးလိမ့်မည်ဖြစ်ကာ ပိုင်လင်းနှစ်သက်သော်ငြား မလုပ်နိုင်ခဲ့သည့် ဇာတ်ကားနှင့်ဂိမ်းများကို ဆော့ကစားကြည့်ရှုရန် ယို့မြန့်ကို ခေါ်သွားရန် အကြောင်းပြချက်တစ်ခုပေးလိမ့်မည်ပင်။





🌚🌚