🙇♂️Chapter 9
စိတ်ညစ်စရာ
နေ့အချိန်မှ ညတာသို့ပြောင်းလဲသွားသောအခါ ဟွဖျင်ကျေးရွာသည် ပုံမှန်အားဖြင့်တိတ်ဆိတ်နေတတ်သော်လည်း လော့မိသားစုအိမ်တွင်မူ ယနေ့ည၌ ဒယ်အိုးဟင်းအိုးများဖြင့်ထုသံကိုကြားရနိုင်သည် ။
လော့ဖေးက ဒယ်အိုးအဖုံးကိုကိုင်ထားရင်းဖြင့် သူ၏ချောမောသည့်မျက်နှာလေး ရှုံ့မဲ့နေသည်မှာ မာ့ဟွား ( မုန့်ကြိုးလိမ် ) နှင့်ပင်ဆင်တူနေ၏ ။
“ အိုက်ယား အဖေကလည်း သားရှီအိမ်မှာရေသွားချိုးတာတခြားသူစိမ်းတွေသိတာမှမဟုတ်ဘဲ အိမ်သားတွေပဲသိတာမဟုတ်လား အိမ်ကလူတွေသာဘာမှမပြောရင် တခြားသူတွေအတင်းပြောစရာအကြောင်းလည်းရှိလာမှာမဟုတ်ပါဘူး … ဒါဆိုရင်ဘယ်သူကအပြင်မှာလူတိုင်းကိုလျှောက်ပြောနေတာလဲ … ဘယ်သူမှဘာမှမပြောရင် သူများတွေလည်းသိမှာမဟုတ်ဘူးလေ အဖေကဘာတွေစိတ်ဆိုးနေတာလဲ …”
လော့ထျန်းသည်မျက်လုံးတစ်ပတ်လည်လုနီးနီး မျက်ဆံလှန်ပြီးသည့်နောက်တွင် သူ၏လက်အတွင်းရှိပန်ကိတ်ကိုလည်းနှစ်ပိုင်းဖြစ်သည်အထိညှစ်ချေမိသွား၏။
“ မင်းငါ့ကိုပြန်ခံပြောသေးရဲတယ်ပေါ့ … ငါစိတ်ဆိုးနေတယ်လို့ဘာလို့ထင်တာလဲ အာ … ”
လော့ဖေး ပြန်တွေးကြည့်လိုက်သောအခါ အမှန်ပင်သူသည် ဖခင်ဖြစ်သူဒေါသထွက်ရသည့်အကြောင်းအရင်းကိုမသိချေ ။
ဘာဖြစ်လို့ဒေါသထွက်နေတာလဲ … ရေလေးသွားချိုးရုံပဲမဟုတ်ဘူးလား … ဘာဖြစ်နေလို့လဲ … အပြင်လူတွေလည်းသိတာမှမဟုတ်တာ …
လော့ဖေးက မိမိဘာသာတွေးချင်ရာတွေး၍အခြားသူများ၏အထင်အမြင်ကိုဂရုမစိုက်ကြောင်းတွေ့ရသောအခါ လော့ထျန်းပို၍ဒေါသထွက်လာလေသည်။
: “ အိုး … လော့အာ့ပေါင်ရယ် … လောင်ဇီ မင်းနဲ့ပြိုင်ပြီးပြောတော့မှာမဟုတ်ဘူး မင်းအမေနဲ့ငါကမင်းအတွက်သင့်တော်တဲ့သူကိုရှာပေးထားရင် … မင်းလိမ်လိမ်မာမာလေးနဲ့လက်ထပ်ရမှာ … လုပ်ကိုလုပ်ပေးရမှာ … ကြားရဲ့လား … ”
( TN / ပေါင်ဆိုတာက ကိုယ့်မိသားစုက ကလေးတွေကိုပိုပြီးချစ်ခင်တဲ့အဓိပ္ပာယ်နဲ့ခေါ်တာပါ “ ရတနာ ” “ အာ့ “ ဆိုတာက ဒုတိယမြောက်သားမို့လို့ထည့်ခေါ်တာပါ အကုန်ပေါင်းလိုက်မယ်ဆိုရင် လော့အာ့ပေါင် ဒုတိယသားရတနာလေးလို့အဓိပ္ပာယ်ရပါတယ် )
“ မလုပ်ဘူး …” လော့ဖေးသည် နေ့လည်ခင်းအချိန်က ဝက်ဝံနှင့်ကျားရဲတို့၏အသားကိုစားခဲ့သည်ဟုပင် မိမိကိုယ်ကိုထင်မှတ်မိသွား၏ ( အကြောက်အလန့်မရှိတော့ဘူးဆိုတဲ့စကားပုံပါ ) သူကရုတ်တရက်ထရပ်လိုက်ပြီးသည့်နောက်ပြောလိုက်သည် ။
“ အဖေအဲ့လောက်တောင်သူ့ကိုသဘောကျနေတယ်ဆိုရင်လဲ အဖေပဲသွားလက်ထပ်လိုက်လေ … ” ဒီလိုမိဘကစီစဉ်ပေးတဲ့လက်ထပ်ပွဲကြီးကို သူအရမ်းမုန်းတယ်လို့ …
” မင်းဘာပြောလိုက်တာလဲ … ”
လော့ဖေးက ဤမျှအထိငြင်းဆန်နေလိမ့်မည်ဟု လော့ထျန်းထင်မှတ်မထားမိခဲ့ချေ ။ အမှန်တကယ်ပင်အံ့ဩသွားရ၏ ။ စိတ်ငြိမ်သွားသောအခါ ပို၍ဒေါသထွက်လာသဖြင့် လက်ထဲရှိပန်ကိတ်များကိုမြေပြင်ပေါ်သို့ပစ်ချလိုက်ပြီးသည့်နောက်တွင် လော့ဖေးကို ဆူပူတော့သည်။
“ မင်းငြင်းလိုက်တာလား … မင်းလက်မထပ်ဘူးဆိုရင် မင်းယုံယုံမယုံယုံ လောင်ဇီမင်းခြေထောက်တွေကိုရိုက်ချိုးပစ်မယ်ကွ …”
“ အဖေရိုက်မယ်ဆိုရင်လည်းရိုက်လိုက်လေ … ခြိမ်ူခြောက်ရုံ အမြဲတမ်းပါးစပ်နဲ့ပဲပြောနေခဲ့တာမလား ”
လော့ဖေးက မတ်တပ်ရပ်နေရင်းဖြင့်အချိန်အတော်ကြာ ဆောင့်ကြောင့်ထိုင်နေရသောကြောင့် ထုံထိုင်းနေသည့်ခြေထောက်များကိုလက်ဖြင့်ထုလိုက်သည် ။ ကံကောင်းစွာဖြင့် ရှီယန်ချင်း မနက်ကပေးသည့်ဆေးကိုလိမ်းထားသဖြင့်တော်သေးသည် ။ မဟုတ်ပါက လော့ထျန်းကို ဤသို့ရန်ပြန်တွေ့နိုင်မည်မဟုတ်ပေ ။
“ ကျွန်တော်နားမလည်တော့ဘူး … ဘာလို့အဲ့လောက်တောင်အလောတကြီးဖြစ်နေတာလဲ … တကယ်လို့သူနဲ့ကျွန်တော်က တစ်ယောက်နဲ့တစ်ယောက်မသင့်တော်ဘူးဆိုရင်ရော … ကျွန်တော်တို့ကအချိန်အကြာကြီး တစ်သက်လုံးအတူတူနေသွားရမှာမဟုတ်ဘူးလား … ”
ဤနေရာသည်ခေတ်သစ်နှင့်မတူညီပေ ။ ခေတ်သစ်၌ အကယ်၍သူကွာရှင်းချင်သည်ဆိုပါက အလွယ်တကူကွာရှင်းနိုင်သည် ။ သို့သော်လည်း ဒီနေရာတွင်မူ လက်ထက်ခြင်းသည်တစ်သက်တာလုံးအတွက်အရေးကြီးသည့်ကိစ္စရပ်ဖြစ်၏ ။
တကယ်လို့ သူနဲ့ရှီယန်ချင်း သဘောထားမတိုက်ဆိုင်တာမျိုးရှိလာရင်ရော … နောက်ပိုင်းမှာ အဆင်ပြေအောင်ဘယ်လိုနေကြမှာလဲ … ရှီယန်ချင်းပြောသလို သူငယ်ချင်းတွေအဖြစ်ကနေအရင်စရင်ကောင်းမလား …
“ မင်း … အရှက်မရှိတဲ့ဟာလေး ရှီယန်ချင်းနဲ့အဆင်မပြေဘူးဟုတ်လား … ဒါဆိုရင်ဘာဖြစ်လို့ လောင်ဇီတို့နဲ့အဆင်ပြေတဲ့သူကိုမရှာလဲ အခုအချိန်အထိ ကျန့်ယန်ဖန်းနဲ့အတူတူရှိနေနိုင်မယ်လို့ထင်နေတုန်းပဲလား ဒါ့ကြောင့်မို့လို့ငါမင်းကိုမတားဘူး ကျန့်မိသားစုကမင်းကိုလာတောင်းမယ်လို့အခုထိယုံကြည်ချက်ရှိနေတုန်းပဲလား နောက်ဆုံးတော့ဘယ်လိုဖြစ်သွားလဲ သူတို့ကပိုင်အိမ်ကိုလက်ထပ်ဖို့သွားကမ်းလှမ်းတယ်လေ မင်းပြောကြည့်အဲ့တာအရှက်ရှိတာလားမရှိတာလား … ”
ပထမတွင် လော့ဖေးကရှီအိမ်တွင်ရေသွားချိုးပြီးသော်လည်း လက်ထပ်ချင်စိတ်မရှိသေးသဖြင့်ကြောက်လန့်သွားစေရန်အတွက် လော့ထျန်းခြောက်လှန့်ချင်ရုံသာဖြစ်သည် ။ လော့ဖေး ခုခံပြောဆိုနေမည်ဟုထင်မထားမိခဲ့သောကြောင့် အချိန်နှင့်အမျှပို၍ဒေါသထွက်လာရခြင်းဖြစ်သည်
“ တခြားသူတွေအတင်းပြောမှာကိုငါမကြောက်ဘူး ပြောတဲ့သူတိုင်းကိုရိုက်နှက်ပြီးရင်သူတို့တွေဆက်ပြောဖို့သတ္တိရှိလားကြည့်ရသေးတာပေါ့ … ဒါပေမဲ့မင်းက လောင်ဇီရဲ့သားလေ ပြန်ခံမပြောနဲ့ မင်းပြန်ပြောရမဲ့သူတွေကပါးစပ်ယားပြီးလျှောက်ပြောနေတဲ့သူတွေပဲ … ”
“ လူတွေရဲ့ပါးစပ်ကိုပိတ်ဖို့အတွက်နဲ့ ကျွန်တော်ကတစ်ယောက်ယောက်ကိုရှာပြီးလက်ထပ်ရမယ်ပေါ့လေ အရမ်းတုံးအမနေဘူးလား … ”
ဒါဆိုရင်ဘာလို့ ကျန့်ယန်ဖန်းကိုပဲလက်ထပ်လို့မရတာလဲ … လော့ဖေးက ဒယ်အိုးအဖုံးကိုချလိုက်ပြီးနောက် တွေ့သည့်ခုံပေါ်တွင်ဂရုတစိုက်ဖြင့်ထိုင်လိုက်သည်
“ ဘာပဲဖြစ်ဖြစ် ကျွန်တော်ရှီယန်ချင်းကိုလက်ထပ်မှာမဟုတ်ဘူး … ”
“ လက်မထပ်ဘူးလား … မင်းလော့အာ့ပေါင် …” လော့ထျန်းက “ ဖြန်းခနဲ “ ဒေါသတကြီးဖြင့်စားပွဲကိုရိုက်ချလိုက်သောကြောင့် စားပွဲတစ်ခုလုံးအစိတ်စိတ်အမွှာအမွှာဖြစ်သွား၏ ။
“ အဖေ …” လီယွဲ့ဟွားနှင့်အခြားသူများ လန့်သွားရသည် ။ သူတို့က သူတို့၏အိမ်ထောင်ဦးစီးသည်စက္ကူကျားတစ်ကောင်သာဖြစ်သည်ဟုထင်ခဲ့ကြ၏ ။ အပေါ်ယံတွင်အလွန်အမင်းဒေါသထွက်သည့်ပုံပေါ်ပါသော်လည်း သူ၏ကလေးများကိုဆုံးမရသည်အခါတွင်သူသည်သာစိတ်အတွင်းခံစား၍ရင်နာရသူသာဖြစ်သည် ။ ကလေးများကိုရိုက်နှက်ဆုံးမလေ့ရှိသည့်အခါတိုင်း အားအနည်းငယ်သာသုံးတတ်၏ ။ သို့သော်လည်း ဤတစ်ကြိမ်တွင်မူ အမှန်တကယ်ဒေါသထွက်သွားသည့်ပုံပင် ။
“ အ… အဖေ … တစ်ခုခုပြောမယ်ဆိုရင်လည်းကောင်းကောင်းပြောလေ … ”
လော့ဖေးအလွန်မှင်သက်သွား၏ ။ သေစမ်း … တကယ်ကြီးဒေါသထွက်သွားတာဟ …
“ ကောင်းကောင်းပြောရမှာလား … ဘယ်လို … ”
လော့ထျန်းက ပြောရင်းဖြင့်လော့ဖေး၏ ဖင်ကိုတုတ်ဖြင့်ရိုက်ရန်ပြင်နေ၏ “ မင်းလောင်ဇီကိုပြန်ခံပြောနေတာလေ … ”
“ အာ …” လော့ဖေးထိတ်လန့်သွားပြီးသည့်နောက်တွင်သူ၏ တင်ပါးမှအသားအရည်သည်အနီရောင်သို့ပြောင်းလဲသွားပြီဖြစ်ကြောင်း ချက်ချင်းခံစားလိုက်ရသည်။
“ ဟေး … နေဦး … နေဦးလေ … ဆွေးနွေးလို့ရမယ်ဆိုရင်ဆွေးနွေးကြမယ်လေ မရိုက်နဲ့လေ … ”
“ ဟေး … စိတ်ထိန်းကြဦးလေ …”
လော့ရူနှင့်လော့ယိတို့သည် လော့ထျန်းကိုတားရန်ကြိုးစားနေကြကာ အိမ်တစ်အိမ်လုံးဝုန်းဒိုင်းကြဲနေတော့သည် ။ လော့အိမ်၏ မြောက်ဘက်တွင်တောင်တန်းကြီး ၊ အိမ်၏ညာဘက်တွင်တောင်ပေါ်သို့တက်သည့်လမ်းရှိသည် ။ ဘယ်ဘက်တွက်ခြောက်သွေ့သည့်လယ်အိုးများရှိကာ အနီးအနားတွင်အိမ်နီးချင်းများမရှိသောကြောင့် အငြင်းပွားနေသည်ကိုအပြင်လူများမကြားနိုင်ချေ ။
“ လောင်ဇီနားကနေဝေးဝေးနေကြစမ်း … ဒီနေ့သူ့ကိုလောင်ဇီရိုက်မှာကို တားတဲ့သူရှိရင်တားတဲ့သူကိုပါရိုက်မယ် … ”
လော့ထျန်းက လှုပ်ရှားမှုတစ်ခုတည်းဖြင့် သူ၏အငယ်ဆုံးသားနှင့်သမီးကိုဘေးသို့တွန်းထုတ်လိုက်သည်။
“ လော့အာ့ပေါင် မင်းကလောင်ဇီကိုအပြောပဲရှိတာလို့ပြောခဲ့တယ်မလား ဒီနေ့လောင်ဇီက ပါးစပ်နဲ့မဟုတ်ဘဲ လူတွေကိုဘယ်လိုရိုက်လဲဆိုတာပြပေးမယ် … လောင်ဇီက ဘဝအဆုံးသတ်တယ်ဆိုတာဘယ်လိုလဲ ဆိုတာကို ပြပေးမယ် … လောင်ဇီ နှစ်တွေအကြာကြီးမင်းအနိုင်ကျင့်တာကိုခံလာတာနဲ့ လူအပေါ်ကိုတက်နင်းချင်တယ်ပေါ့ … မင်းအသုံးမကျတဲ့မြည်းကောင် … ”
“ ဖတ်!” လော့ဖေး၏တင်ပါးပေါ်သို့နောက်ထပ်ရိုက်ချက်တစ်ချက်ကျရောက်သွား၏။
“ ပြောစမ်း မင်းရှီအိမ်ရဲ့တံခါးကိုဖြတ်မှာလားမဖြတ်ဘူးလား … မင်းသူ့ကိုလက်ထပ်မှာလားမထပ်ဘူးလား … “
“ လက်ထပ်မယ် … လက်ထပ်မယ် … လက်ထပ်မယ်လို့ … အိုက်ယား အဖေကျွန်တော့်ကိုထပ်မရိုက်နဲ့တော့လေ … ”
လော့ဖေး ချောင်ကပ်နေပြီဖြစ်သဖြင့် ပြေးစရာနေရာမရှိတော့ချေ ။ ထို့ကြောင့် လက်နှစ်ဖက်မြှောက်၍ အရှုံးပေးလိုက်၏ ။
“ ကျွန်တော်လုပ်မယ် … သူ့ကိုလက်ထပ်လိုက်ရင်ပြီးရော မဟုတ်လား …”
ဒါကလူတစ်ယောက်ကိုအရမ်းအနိုင်ကျင့်နေတာမဟုတ်ဘူးလား …
ရှီယန်ချင်းကို လက်ထပ်ရုံပဲမလား …
တကယ်လို့ သူတို့ကလက်ထပ်စေချင်တယ်ဆိုရင်လည်း လက်ထပ်လိုက်ရုံပဲ …
လော့ထျန်းအားစကားပြောနေသည့်အချိန်တွင် လော့ဖေး၏ မျက်နှာနှင့် လည်ပင်းတစ်ခုလုံးနီရဲနေ၏ ။
“ အဖေက တကယ်ရော ကျွန်တော့်ရဲ့ အဖေအရင်းဟုတ်ရဲ့လား … ”
လော့ထျန်းက တုတ်ကိုအသံမြည်သည်အထိဘေးသို့ပစ်လိုက်သည်။
“ အဓိပ္ပာယ်မရှိတာ … ငါသာမင်းအဖေမဟုတ်ဘူးဆိုရင် မြစ်ထဲမှာရေနစ်လို့မင်းသေနေလောက်ပြီ ကျေးဇူးမသိတတ်တဲ့ဟာလေးရဲ့ … ”
ထိုအချိန်က အဘယ့်ကြောင့် လော့ဖေး၏ခန္ဓာကိုယ် မြစ်ထဲတွင်ရောက်နေသည်ကိုမသိသော်လည်း လော့ထျန်း အလွန်တုန်လှုပ်နေ၏ ။ သူ၏စိတ်သည်ခံစားချက်ပေါင်းစုံဖြင့်ဖုံးလွှမ်းနေသဖြင့် အမြင်အာရုံတစ်ခုလုံးမှောင်မိုက်ကာ သတိလစ်သွားလုနီးနီးပင် ။
လော့ထျန်း သားဖြစ်သူ၏အေးစက်နေသောခန္ဓာကိုယ်ကိုမြင်တွေ့လိုက်ရချိန်တွင် အလွန်စိုးရိမ်ပူပန်သည်သာမက နှလုံးသားအတွင်း၌လည်းနာကျင်ရ၏ ။ သို့သော်လည်း သူလုပ်နိုင်သည်မှာ ဘာမှမရှိပါချေ ။ သူ၏ကလေးသည်အလိုလိုက်ခံထားရသဖြင့် အလွန်ဆိုးသွမ်းနေသည်သာမက ကျန့်ယန်ဖန်း ကိုလည်းအလွန်အမင်းယုံကြည်နေသေးသည် ။ သူ၏အစာအိမ်တစ်ခုလုံးလေများပြည့်အထိ လေမှုတ်သွင်းပေးပြီးသောအခါမှသာလျှင် သားဖြစ်သူအသက်ပြန်လည်ရှင်သန်လာခြင်းဖြစ်သည် ။
သို့သော်လည်း သူ၏သားဖြစ်သူ၏အလွန်ပိန်ပါးဖျော့တော့ အားမရှိသည့်ပုံစံကိုမြင်လိုက်ရပြီးသည့်နောက်တွင် ရွေးချယ်ထားစရာမရှိတော့ဘဲ ထင်းတဲအတွင်းပိတ်လှောင်၍မျက်စိအောက်တွင်ထားရန်သာတတ်နိုင်တော့၏ ။
ထင်းတဲထဲတွင်ပိတ်ထားခြင်းမှလွှတ်ပေးလိုက်မည်ဆိုလျှင်သူ၏ ကလေးသည်ပို၍နားလည်လာနိုင်လိမ့်မည်ဟုထင်ခဲ့သည် ။ ရှီယန်ချင်းသည် အချိန်ကောင်းတွင်ပြန်ရောက်လာခြင်းဖြစ်သဖြင့် လော့ဖေးသာ သဘောတူညီခဲ့မည်ဆိုလျှင် အချိန်အတော်ကြာကတည်းကပင်သူတို့လက်ထပ်ပြီးစီးပြီးဖြစ်၏ ။
အခုသူတို့အတူတူရှိနိုင်ပြီလေ ဒါမကောင်းဘူးလား …
ရှီယန်ချင်း၏ ဖခင်ဖြစ်သူရှီဖျင်သည်အသက်ရှိစဉ် အခါကသူ၏ဇနီးမယားနှင့်ကလေးများကို အလွန်ချစ်ခင်သူဖြစ်သည် ။ ရှီယန်ချင်းသည်လည်း သူ့ဖခင်ဖြစ်သူ၏စိတ်ဓာတ်နှင့် ကွာခြားမည်မဟုတ်ချေ ။
ထိုအချက်ကို လော့ထျန်းသိထားသောကြောင့် ရှီယန်ချင်းနှင့် ပေးစားရန်သေမတတ်ဆန္ဒရှိနေခြင်းဖြစ်သည်။ သို့သော်လည်း လော့ဖေးက သဘောမတူသည်သာမက နှစ်ပေါင်းများစွာမြိုသိပ်ထားရသည့် သူ၏ဒေါသကိုပင်ပွင့်ထွက်လာအောင်ပြုလုပ်သွားလေသည် ။
လော့ဖေး နှုတ်ခမ်းသပ်လိုက်သည်ကပင် လော့ထျန်း၏ နွားတစ်ကောင်ကဲ့သို့ကြီးမားသောမျက်လုံး၏ မြင်ကွင်းအတွင်းမှ မလွတ်သွားပေ ။ ရွေးချယ်စရာမရှိပါဘဲ မတ်တပ်ရပ်နေရန်သာတတ်နိုင်သည် ။ သူ၏ဘောင်းဘီရှည်ပေါ်မှ ဖုန်များကိုခါလိုက်ချင်ပါသော်လည်းလက်ပြန်ချလိုက်မိ၏ ။
မပွတ်ဘဲနဲ့တောင်နာနေတာ အပေါ်ကပွတ်လိုက်ရင်ပိုနာသွားမှာမဟုတ်ဘူးလား … ထားလိုက်ပါတော့ …. ဤတစ်ကြိမ်တွင်မူ ပွင့်ပွင့်လင်းလင်းဖြင့် သူ၏တင်ပါးကိုလက်နှစ်ဖက်ဖြင့်ကိုင်၍ကုန်းကုန်းကွကွ လုပ်ကာလမ်းလျှောက်ရန်ပင်ခက်ခဲနေသည့်ပုံလုပ်ပြလိုက်သည် ။
ကြက်များပျံကာခွေးများပတ်ပြေးနေဟန်ဆူညံနေသည့် အခန်းသည့်ရုတ်တရက်တိတ်ဆိတ်သွား၏ ။ လော့ဖေးက အသံထွက်ခြင်းမရှိတော့ဘဲ ထော့နဲ့ထော့နဲ့ဖြင့် အိမ်အတွင်းမှခက်ခက်ခဲခဲထွက်သွား၏ ။ လူတိုင်း လော့ဖေး သူ၏တင်ပါးကိုကာကွယ်၍အလွန်စိတ်ဆင်းရဲနေသည့်ပုံကို မြင်လိုက်ရသောအခါ လူတိုင်းစိတ်မကောင်းဖြစ်သွားကြလေသည်။
အထူးသဖြင့် မိခင်ဖြစ်သည့်လီယွဲ့ဟွားပင် ။ သူမ၏သားဖြစ်သူကို ကူတွဲမပေးမိစေရန် ရှိသမျှအားကုန်သုံး၍ သူမကိုယ်သူမထိန်းချုပ်ထားရသည် ။ လော့ဖေး သက်ပြင်းချသောအခါ သူမလည်း လိုက်ပါ၍သက်ပြင်းချ၏ ။ သူမအလွန်နောင်တနေတော့သည် ။
ထိုကလေးသည် အလွန်နစ်နာခံစားသွားရပုံပင် ။ သူတို့မှားများမှားသွားတာလား …
လော့ဖေး အလွန်ဆိုးရွာစွာခံစားနေရသည် ။ ရှီယန်ချင်း ပြောသည်မှာမှန်၏ ။ သူသည်မိသားစုရှိသူတစ်ဦးဖြစ်သောကြောင့် အိမ်ပိုလွမ်းသည်မှာအသေအချာပင် ။
ဤနေရာသို့ ကူးပြောင်းလာပြီးသည့်နောက်တွင် သူ့ဘဝတွင်တစ်ကြိမ်တစ်ခါမှဖြစ်ပျက်ခဲ့ဖူးခြင်းမရှိသည့် ဤကဲ့သို့သော ရိုက်နှက်မှုမျိုးကိုခံရလိမ့်မည်ဟုထင်မှတ်မထားခဲ့ချေ ။ သူကလေးဘဝကတည်းက ရှိနေသည်ဟုပင်မသိခဲ့သောစားစရာများ ၊ တစ်ကြိမ်မှ မခံစားခဲ့ဖူးသည့်ခက်ခဲမှုများ ၊ သူမမြင်ချင်ယောင်ဆောင်နေခဲ့ရသည့် မနာလိုမုန်းထားသောမျက်လုံးများ၏ပြစ်မှတ်ဖြစ်လာခြင်း ၊ သူ့ဘဝတွင်တစ်ကြိမ်တစ်ခါမှမစားသောက်ခဲ့ဖူးသည့် စားစရာဟုပင်မခေါ်နိုင်သောအစားအသောက်များကိုစားသောက်ရခြင်းတို့မှာ အလွန်ဆိုးရွားလှ၏ ။ လော့မိသားစုအားအပြစ်မတင်သင့်သည်ကို သူသိပါသော်လည်း အမှန်ပင် အိမ်ကိုလွမ်းလွန်းလှပြီဖြစ်သည် ။
ရှီယန်ချင်းက သစ်သားပြားအချို့ကိုအချောသတ်ရန်အတွက် ရေပေါ်ထိုးသည့်လွှကိုငှားရန်လာခဲ့ပါသော်လည်း လော့မိသားစုအိမ်ဝင်ပေါက်တံခါးမကြီးရှေ့၌ လော့ဖေးကို ငုပ်တုပ်ထိုင်လျှက်တွေ့ရလိမ့်မည်ဟု ထင်မထားမိခဲ့ချေ ။
“ လော့ဖေးလား …” ရှီယန်ချင်း စိတ်ရှုပ်ထွေးစွာဖြင့် အမြန်လျှောက်သွားလိုက်သည်။
“ မင်းဘာဖြစ်လို့အပြင်ထွက်နေတာလဲ …”
“ ဘာမှမဖြစ်ဘူး …” လော့ဖေးက မျက်နှာကိုတစ်ဖက်သို့အမြန်လှည့်၍သုတ်လိုက်ကာ သူ၏အသံကိုလည်းပုံမှန်ကဲ့သို့ဖြစ်စေရန် ကြိုးစားလိုက်သည်။
“ မင်းရောဘာလာလုပ်တာလဲ … ”
“ ကိုယ်ဒီကိုတစ်ခုခုငှားဖို့လာခဲ့တာ မင်းအဆင်ပြေရဲ့လား … ” ရှီယန်ချင်း သည်လည်းဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် လော့ဖေးကို သေသေချာချာကြည့်ရှုလိုက်ပြီးနောက် သတိထား၍မေးလိုက်သည်။
“ မင်းအိမ်ကိုလွမ်းနေတာလား … ”
“ အင်း…” လော့ဖေး ခေါင်းညိမ့်ပြလိုက်သည် ။ ချုပ်တည်းထားရသောမျက်ရည်များသည် စကားတစ်ခွန်းတည်းဖြင့် တာကျိုးသကဲ့သို့ အဆက်မပြတ်စီးကျလာ၏ ။ ကလေးတစ်ယောက်ကဲ့သို့လက်မောင်းအတွင်းတွင်ခေါင်းကိုဝှက်လျှက် အသံမထွက်သော်လည်း သူ၏မျက်နှာကို အင်္ကျီလက်များဖြင့် ပွတ်သပ်နေလေသည်။
“ ဘာဖြစ်လို့လဲ … ”
ရှီယန်ချင်း လော့ဖေး၏ မျက်နှာကိုညင်သာစွာထိလိုက်သည် ။ လော့ဖေးသည် သူ့ထက်ငယ်ရွယ်သည့်ကလေးဖြစ်သည် ။ ကူးပြောင်းလာခြင်းမရှိသေးမှီအချိန်က လော့ဖေးသည် အသက်ဆယ့်ရှစ်ဖြစ်ကာ သူ့ထက်အသက်လေးနှစ်မျှငယ်၏ ။ ကူးပြောင်းလာပြီးသည့်နောက်တွင်လည်း အသက်ဆယ့်ရှစ်နှစ်သာရှိသေးကာ မူလရှီယန်ချင်းထက် အသက်နှစ်နှစ်ပို၍ငယ်၏ ။ လော့ဖေးကို လူကြီးတစ်ယောက်ဖြစ်ပြီဟုသတ်မှတ်၍ရသော်လည်း သူ့အတွက်မူသူ့ထက်အသက်ထက်ဝက်ကျော်ငယ်သည့် ကလေးတစ်ယောက်သာဖြစ်သည် ။ (🙄များသွားပြီ ဘဒို)
“…ကျွန်တော်အိမ်ကလူတွေကိုကတိ … ကတိပေးခဲ့တယ် … ခင်ဗျားကိုလက်ထပ်မယ်လို့ … ”
လော့ဖေးကဆက်ပြောသည်။
“ ဒါပေမဲ့ အထင်မလွဲလိုက်နဲ့ဦး ကျွန်တော်ကခင်ဗျားနဲ့အတူတူနေရုံသပ်သပ်ပဲ … ကျွန်တော်တို့က ဘာသာစကားတူကြတယ်တစ်နေရာတည်းကလာကြတာပဲလို့ မင်းပြောခဲ့တယ်မလား … ”
“ အင်း …ကိုယ်တို့တွေကတခြားသူတွေထက်ပိုပြီး ဘာသာစကားတူကြတယ်… ” ရှီယန်ချင်းက လော့ဖေး၏ ပုခုံးကိုခပ်ဖွဖွပုတ်ပေးလိုက်သည်။
“ ထတော့ ဒီညလေတိုက်တာအရမ်းအေးတယ် …ကိုယ်နဲ့နေမယ်ဆိုရင် ဒီမှာနေရတာထက်အများကြီးသာမယ်ဆိုတာတော့ အာမခံတယ် … ”
“ တကယ်လား …”
“ တကယ်ပြောတာ ပုလဲတွေထက်တောင်စစ်မှန်သေးတယ် … မင်းကကိုယ့်ထက်အငယ်လေ ပြီးတော့နာမည်ခံအရပြောမယ်ဆိုရင် မင်းကကိုယ်နဲ့စေ့စပ်ထားတဲ့သူလေ သေချာပေါက်မင်းအတွက်ပိုကောင်းတာပေါ့ … ”
“ ဘယ်သူကခင်ဗျားရဲ့စေ့စပ်ထားတဲ့သူမို့လို့လဲ … ”
လော့ဖေး မတ်တပ်ရပ်လိုက်ပြီးသည့်နောက်တွင်ထုံကျင်နေသောခြေထောက်များကို ထုလိုက်သည် ။
“ သေစမ်း …ဒီလိုဖြစ်မယ်မှန်းသာသိမယ်ဆိုရင် အစောကတည်းက အလိုက်သင့်လေးညာပြောခဲ့ပြီးအရိုက်ခံရတာကိုရှောင်တာကမှကောင်းဦးမယ် ဘယ်လောက်တောင်ဒေါသထွက်လွယ်တဲ့အဖေမျိုးလည်း သူ့ကိုနှစ်ခွန်းလောက်ပဲခံပြောရသေးတယ် ဒေါသထွက်သွားတာများ ကောင်းကင်မျောက်လိုပဲ ”
( TN / ကောင်းကင်မျောက်က ကောင်းကင်ဘုံကိုပြောင်းပြန်လှန်သွားတဲ့ စွန်းဝူခုံးကို ဆိုလိုတာပါ )
“ မင်းအရိုက်ခံခဲ့ရတာလား …” လော့ဖေး ဘက်မှလက်ထပ်ရန်ဆန္ဒရှိသည်ဟူသောစကားကို ကြားရသည်က ရှီယန်ချင်းကို အလွန်ပျော်ရွှင်စေ၏ ။ သို့သော်လည်း လော့ဖေး အရိုက်ခံခဲ့ရသည်ဟုကြားသောအခါ ရုတ်တရက်အဆတစ်သန်းမျှ မပျော်မရွှင်ဖြစ်သွားရသည် ။
“ ဟုတ်တယ် … ” လော့ဖေးက သူ၏တင်ပါးကိုညင်သာစွာပွတ်၍ ပြောလိုက်သည်။
“ ဒီတစ်ကြိမ်ကနောက်ဆုံးတစ်ကြိမ်မို့လို့ သိပ်ပြီးလည်းကိစ္စမရှိပါဘူး …”
“ သွားကြရအောင် ကိုယ်မင်းကိုကူတွဲပေးမယ် … ”
ရှီယန်ချင်းက လော့ဖေးကို တွဲ၍ အလွန်နှေးကွေးဂရုစိုက်စွာဖြင့် လမ်းလျှောက်လိုက်လေသည် ။
🙇♂️🙇♂️