အခန်း ၄၀ ကြီးမားသောကိစ္စ
Viewers 3k

အခန်း ၄၀ ကြီးမားသောကိစ္စ

 

အင်စလေ တခစ်ခစ် ရယ်မောနေသည်။

 

မျက်လုံးပြာ အကြီးအကဲကို ပြောရမယ်.. အကြီးအကဲတွေရဲ့ မျက်လုံးထဲမှာ ငါက ထက်မြက်တဲ့ ကလေးတစ်ယောက်ဆိုတော့ ငါ့ကို ယုံကြည်ပေးကြမှာပါ.. ဟုတ်တယ်မလား..

 

အရေးအကြီးဆုံးက မျက်လုံးပြာအကြီးအကဲပဲ.. သူက ငါ့ကို ဉာဏ်ကြီးရှင်လို့ ထင်နေပုံရတယ်.. မကြာခဏဆိုသလို မျှော်လင့်တကြီး ကြည့်နေတတ်ပြီး ကောင်းကောင်းဆက်ဆံပေးတယ်..

 

ညစာစားချိန်မှာ တွေ့ကြတာပေါ့..

 

အင်စလေ တဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။ အိပ်မက်ထဲသို့ မည်သည့်ဝိညာဉ်မျှ ရောက်ရှိမလာသည့်တိုင်အောင် ရောက်လာသကဲ့သို့ ပြုလုပ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

 

အနီးကပ်ရင်းနှီးတဲ့ လူတွေကို အရင်ဆုံး အရူးလုပ်ရမယ်.. ကျန်တဲ့သူတွေကတော့ နောက်မှပေါ့.. မုသားစကားကို အစစ်အမှန်လို့ တဖြည်းဖြည်းချင်း ယုံကြည်လာတဲ့အထိ အမြဲမပြတ် ပြောရမယ်..

 

လုပ်ကြံဖန်တီးထားတဲ့ သမိုင်းကြောင်းတစ်ခုပေမဲ့ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခြင်းရဲ့ စွမ်းအားပဲ..

 

ညစာစားချိန်။

 

ဤနေ့ ညစာသို့ မျက်လုံးပြာအကြီးအကဲ ရောက်လာမည်မှန်း အင်စလေ သေချာပေါက်သိသည်။ ကျေးဇူးတင်ဖို့ကောင်းစွာပင် မျက်လုံးပြာအကြီးအကဲ ရောက်လာရုံသာမကဘဲ အင်စလေ၏ဘေး၌ ထိုင်လေသည်။

 

အင်စလေသည် မိသားစုခေါင်းဆောင်နေရာ၌ ထိုင်ပြီး အကြီးအကဲမှာ ထိုဘေး၌ ထိုင်ခြင်းဖြစ်သည်။

 

ချွင်.. ချွင်..

 

အင်စလေသည် အခြားသူများ၏ အကူအညီ မပါဘဲနှင့် စွပ်ပြုတ်သောက်ရန် ကြိုးစားသည်။ တိတ်ဆိတ်နေသော ထမင်းစားခန်းမှာ ကလေး၏ ပန်းကန်ခွက်ယောက်များ အချင်းချင်း ထိခတ်သံနှင့် ဆူညံနေတော့သည်။

 

သို့သော် မည်သူကမျှ အပြစ်ပေးဆုံးမခြင်းမရှိကြချေ။ ချစ်စဖွယ်ကလေးပေါက်လေး ကိုယ့်အားကိုယ်ကိုး စားသောက်ရန် ကြိုးစားနေပုံမှာ ချစ်ဖို့ကောင်းကာ နှလုံးသားအား နွေးထွေးစေသည်။

 

အိမ်အကူများ၊ အစေခံများ၊ ထမင်းချက်များ၊ အယ်လီယာနာနှင့် အကြီးအကဲပင်လျှင် အင်စလေ၏ အပြုအမူများအား မမြင်ချင်ဟန်ဆောင်နေကြသည်။

 

၁၅ မိနစ် ကုန်လွန်ပြီးနောက် အင်စလေ၏ ညစာမှာလည်း အပြီးသတ်သွားသည်။ ကလေးသည် စားသောက်မှု ပြီးစီးသွားပြီဖြစ်သည်။

 

နှုတ်ခမ်းအား လျှာဖြင့်သပ်ကာ အကြီးအကဲဘက်သို့ ခေါင်းလှည့်လိုက်သည်။

 

“ဖိုးဖိုး..”

 

အင်စလေ၏ အသံမှာ ခပ်တိုးတိုးဖြစ်သည်။ ကလေးသည် နှုတ်ခမ်းအား လျှာဖြင့်သပ်ရင်း အလုပ်များလျက်ရှိပြီး သူမ၏ ပါးစပ်တစ်ဝိုက်၌ စွပ်ပြုတ်များ ပေပွလျက်ရှိသည်ကို မသိဘဲရှိသည်။

 

မျက်နှာတစ်ခုလုံး ပေပွကာဖြင့် အကြီးအကဲအား ခေါ်လိုက်သည့် မြင်ကွင်းမှာ အတော်လေး ရယ်ချင်စဖွယ်ဖြစ်သည်။

 

“ပြောပါ မိသားစုခေါင်းဆောင်”

 

မျက်လုံးပြာအကြီးအကဲ အဖိုးယိုဖန်သည် အင်စလေ၏ ခေါ်သံကြောင့် ချိုသာစွာပြုံးလိုက်သည်။

 

အကြီးအကဲ၏ ပြန်ဖြေပုံကြောင့် ကလေး၏မျက်နှာ ချက်ချင်းပင် ဝင်းပလာသည်။ အလျင်အမြန်ပင် ခေါင်းငုံ့ကာ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုအား ဖော်ထုတ်သည့်နှယ် တီးတိုးပြောသည်။

 

“ဖိုးဖိုး.. အင်.. အင် အိပ်မက် မက်တယ်..”

 

အင်စလေ ခေါင်းကလေးငုံ့ကာ အကြီးအကဲအနီးသို့ တိုးကပ်သွားစဉ် အကြီးအကဲသည်လည်း သူမအတိုင်း ပြုမူလေသည်။

 

ယခုအခါ နှစ်ဦးသားမှာ တစ်စုံတစ်ခုအား ကြံစည်ရန် ကြိုးစားနေပါသော မြေးအဖိုး နှစ်ဦးနှင့် တူသည်။

 

“အိပ်မက်လား.. ဘာ အိပ်မက်လဲ..”

 

အဖိုးယိုဖန် တည်ငြိမ်စွာ မေးလိုက်သည်။ စိတ်လှုပ်ရှားခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း ရှိပုံမရချေ။

 

ဘယ်သူကကော စိတ်အနှောင့်အယှက် ဖြစ်မှာတဲ့လဲ.. ကလေးလေး တစ်ယောက်က သူမ အိပ်မက် မက်တဲ့အကြောင်း ပြောနေတာလေ.. အဖိုးယိုဖန်ရဲ့ တုံ့ပြန်မှုက ကလေးလေးကို လျစ်လျူရှုမခံရဘူးဆိုတာ သိစေချင်ရုံပဲ..

 

“အာ့.. အင် ဖိုးဖိုးတျောက်ကို တွေ့တယ်”

 

အင်စလေ၏ မျက်လုံးများ အလေးအနက်ဖြစ်လာသည်။ သို့သော် မည်မျှပင် အလေးအနက် ဖြစ်နေစေကာမူ မေးစေ့တစ်ဝိုက်၌ ပေကျံနေသော အဝါရောင်စွပ်ပြုတ်အကြွင်းအကျန်များကြောင့် အခြားသူများ၏ မျက်လုံးထဲ၌ အလေးအနက်ပုံစံ မပေါက်ပေ။

 

အဖိုး ယိုဖန်အတွက်လည်း အတူတူပင်။ ယိုဖန် ခပ်သာသာရယ်မောပြီး သူ၏အဖြူရောင်လက်ကိုင်ပဝါဖြင့် အင်စလေ၏ မေးစေ့တစ်ဝိုက်အား သုတ်ပေးလိုက်သည်။

 

“ဘယ်လို ဖိုးဖိုးလဲ.. ဖိုးဖိုးနဲ့တူလား..”

 

အဖိုးယိုဖန် စနောက်ကျီစယ်ဟန်ဖြင့် မေးလိုက်သည်။ အဖိုးယိုဖန်မှာ အမြဲလိုလို တည်ငြိမ်ကာ ဉာဏ်ပညာကြီးဟန် ရှိသော်ငြား ဤတစ်ကြိမ်၌မူ အနည်းငယ် ကျီစယ်လိုဟန်ရှိသည်။

 

“အင်း.. အင်း..”

 

အဖိုးယိုဖန်သည် သူမ၏ ပါးစပ်တစ်ဝိုက်ရှိ စွပ်ပြုတ် အကြွင်းအကျန်များအား သုတ်ပေးနေသောကြောင့် အင်စလေ စကားပြောရန် ရုန်းကန်နေရသည်။ ထို့ကြောင့် အဖိုးယိုဖန် သုတ်ပြီးသည်အထိ စောင့်ပြီးမှ စကားပြောသည်။

 

“ရပ်ချည်ကျီးဘဲ.. ချုလည်း ဝတ်ထားတယ်.. နက်ရောင်မုတ်ချိတ်မွေးတေညဲ့ ညက်ရုံးကလည်း ကြောက်ချာကျီး.. ပီးတော့ ကြီးကြီးပဲ (အရပ်အရှည်ကြီး.. စု (suit) ဝတ်ထားတယ်.. အနက်ရောင်မုတ်ဆိတ်နဲ့ ကြောက်ဖို့ကောင်းတဲ့မျက်လုံးပြီးတော့ လူကောင်ကြီးတယ်)”

 

အင်စလေသည် ဒဏ္ဍာရီများထဲ၌ ဖော်ပြထားသည့် ဂေါ့ဖားသားအသွင်အားယူကာ ရှင်းပြသည်။

 

အနက်ရောင်မုတ်ဆိတ်များရှိပြီး ကြောက်မက်ဖွယ် မျက်လုံးများနှင့် ထွားကျိုင်းသော ခန္ဓာကိုယ်အချိုးအစားရှိသည့် အနက်ရောင်ဝတ်စုံအား ဝတ်ဆင်ထားသော အဖိုးတစ်ဦး။ ဤသဲလွန်စများမှာ ဂေါ့ဖားသားဟု ခန့်မှန်းရန် မလုံလောက်ချေ။

 

ထို့ကြောင့် အဖိုးယိုဖန် တည်ငြိမ်စွာ မေးလိုက်သည်။

 

“ပြီးတော့ကော.. ဘာနဲ့တူလဲ.. ထူးခြားတဲ့ ပုံသဏ္ဌာန်မျိုးရှိလား..”

 

အဖိုးယိုဖန်သည် ကလေး စိတ်ကျေနပ်စေရန်အတွက် အင်စလေအား အဆက်မပြတ် မေးခွန်းများမေးနေသည်။ ထိုသို့မပြုလုပ်လျှင် သူမ၏ ဇာတ်လမ်းအား မည်သူမျှ စိတ်မဝင်စားသဖြင့် ကလေး စိတ်အနှောင့်အယှက်ဖြစ်သွားမည်ဟု ခံစားမိသောကြောင့်ပင်။

 

အင်စလေသည် အဖိုးယိုဖန်၏ ကြင်နာမှုအား အခွင့်ကောင်းယူလိုက်သည်။ မှန်သည်။ အဖိုးယိုဖန်သည် သူမအား မေးခွန်းများ မေးလိမ့်မည်ဟု သူမ ကြိုတင်ခန့်မှန်းပြီးသား ဖြစ်သည်။

 

လက်နှစ်ဖက်အားဆန့်ရင်း ပျော်ရွှင်စွာ ဖြေသည်။

 

“အဲဖိုးဖိုးက ဒီရိုမျိုး ရှည်ရှည်ကျီး ကိုင်ထားတာ (ဒီလိုမျိုး အရှည်ကြီး ကိုင်ထားတာ)”

 

အင်စလေ သူမ၏လက်အား ဆန့်နိုင်သမျှ ကျယ်အောင်ဆန့်ပြီး တုတ်ကောက်သဏ္ဌာန် ဖော်ပြလိုက်သည်။

 

အင်စလေ ဆိုလိုသည်မှာ တုတ်ကောက်တစ်ခု ဖြစ်မည်ဟု အဖိုးယိုဖန် ချက်ချင်းခန့်မှန်းလိုက်သည်။

 

“တုတ်ကောက် လား..”

 

အဖိုးယိုဖန် ခပ်သာသာ ရယ်မောလိုက်ပြီး ကလေး၏ ဇာတ်လမ်းအပေါ် စိတ်ဝင်စားမှု ရှိလာသည်။

 

ဘယ်လိုအိပ်မက်မျိုးက ဒီလိုမျိုး အသေးစိတ်ကျတဲ့ အဖိုးတစ်ယောက်ပုံ ပါနေတာလဲ..

 

“ဟု.. ချိမ်းရောင် တုတ်ခေါက်.. မွေနဲ့ နှက်.. နှက်.. ယင်း.. ယင်းယုန် (အစိမ်းရောင်တုတ်ကောင်.. မြွေနဲ့ လင်းယုန်)”

 

အင်စလေ စိတ်အားထက်သန်မှု အပြည့်ဖြင့် ခေါင်းညိတ်လိုက်ပြီး တုတ်ကောက်၏ ပုံစံအား ခက်ခက်ခဲခဲ ဖော်ပြလိုက်သည်။

 

အဆုံးတွင် အဖိုးယိုဖန်သည် အရေးကြီးသော သဲလွန်စများအား ဖမ်းဆုပ်မိပုံရသည်။ မြွေနဲ့ သိမ်းငှက်ပါတဲ့ အစိမ်းရောက်တုတ်ကောက်လား..။

 

ဤအချက်အား သိရှိပြီးနောက် အဖိုးယိုဖန်၏ တည်ငြိမ်သော မျက်နှာ တဖြည်းဖြည်း ပျက်ယွင်းလာပြီး ချိုသာသော အပြုံးမှာလည်း တောင့်တင်းသွားသည်။

 

ဘာဖြစ်တယ်.. မြွေနဲ့ သိမ်းငှက်ပါတဲ့ အစိမ်းရောင်တုတ်ကောက် ဟုတ်လား..

 

ထိုတုတ်ကောက်အား အဖိုးယိုဖန် မသိစရာအကြောင်း မရှိချေ။ ထိုတုတ်ကောက်မှာ အလွန်ကျော်ကြားလှပြီး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးသည် ယင်းအား နေရာအနှံ့ ယူသွားလေ့ရှိသည်။

 

ဂေါ့ဖားသား..။

 

အဖိုးယိုဖန် ပျာယာခတ်လာသည်။ အင်စလေ၏ တလက်လက်တောက်ပနေသည့် မျက်လုံးများအား သံသယရှိစွာ ကြည့်လိုက်သည်။

 

အင်စလေရဲ့ အိပ်မက်ထဲက အဖိုးဆိုတာက ဘာဖြစ်လို့ ဂေါ့ဖားသားနဲ့ အရမ်းတူနေတာလဲ.. ဒါပေမဲ့ အင်က ဂေါ့ဖားသားရဲ့ ပုံကိုတောင် မမြင်ဖူးလောက်ဘူး.. ဟုတ်တယ်မလား.. အခုမှ ၃ နှစ်ပဲ ရှိသေးတာလေ..

 

အဖိုးယိုဖန်သည် အင်စလေ၏ အိပ်မက်ထဲရှိ အဖိုးမှာ ဂေါ့ဖားသားဟု ယုံကြည်ချင်သော်ငြား ထို့မတိုင်မီ ဂေါ့ဖားသား ဟုတ်၊ မဟုတ် သေချာချင်သည်။

 

“အင်.. သူ့မျက်လုံးတွေက ဘာအရောင်လဲ.. ဆံပင်နဲ့ အသားအရည်ကကော..”

 

အဖိုးယိုဖန် စိတ်ရှည်လက်ရှည် မေးလိုက်သည်။ အသံမှာ ခပ်တိုးတိုးဖြစ်သောကြောင့် အင်စလေမှလွဲ အခြားသူများ မကြားနိုင်ပေ။

 

ဘာလို့ဆို ဒါက ကိစ္စကြီးလေ..