အခန်း ၄၃ ပြုတ် (ဖြုတ်)
Viewers 3k

အခန်း ၄၃ ပြုတ် (ဖြုတ်)

 

“အာ.. မိသားစုခေါင်းဆောင်လား..”

 

စာရင်းကိုင်ချုပ်သည် အင်စလေ၏ သေးငယ်သော ခန္ဓာကိုယ်လေးအား မမြင်တွေ့ခဲ့ခြင်း ဖြစ်သော်ငြား မဟာအကြီးအကဲ ဖော်ညွှန်းပြီးနောက် ချက်ချင်းပင် ကလေးအား ရှာတွေ့သွားသည်။ သူမသည် အိမ်ကြီးရှင်နေရာ၌ ထိုင်နေခြင်းဖြစ်သည်။

 

ထိတ်လန့်မှုကြောင့် စာရင်းကိုင်ချုပ်၏ မျက်လုံးများ ပြူးကျယ်လာသည်။ ခန္ဓာကိုယ် တောင့်တင်းသွားပြီး အဖြစ်အပျက်များအား နားမလည်နိုင်ဘဲ ရှိနေသည်။

 

ဒီ... ကလေးလား.. သူမက.. မိသားစုခေါင်းဆောင်ပေါ့.. ဒါဆို ကောလဟာလတွေက အမှန်လား..

 

သူတို့၏ မိသားစုအား ကလေးတစ်ဦးမှ ဦးဆောင်မည်ဖြစ်ကြောင်း စာရင်းကိုင်ချုပ် ကြားခဲ့ရသည်။ မိသားစု၏ သင်္ကေတတစ်ခုသာ ဖြစ်သော်ငြား အရေးကြီးကိစ္စတစ်ခု ဖြစ်နေဆဲပင်။

 

စာရင်းကိုင်ချုပ်သည် ထိုသတင်းအား ကောလဟာလဟု ထင်ခဲ့ခြင်းဖြစ်သည်။ အမှန်သာဆိုလျှင် အခြားမိသားစုများသည် သူတို့၏ စလိုအန်မိသားစုအား ဟာသတစ်ခုသဖွယ် လှောင်ရယ်ကြလိမ့်မည်။

 

ဒါပေမဲ့ မိသားစုခေါင်းဆောင်က တကယ်ပဲ လမ်းလျှောက်ခါက ကလေးတစ်ယောက်တဲ့လား..

 

ခေါင်းဆောင်ပိုင်းတွေက ဒီသတင်းကို ဖုံးအုပ်ကို အစွမ်းကုန် ကြိုးစားနေကြတာ အံ့ဩစရာ မကောင်းတော့ဘူး.. ပြီးတော့ အုပ်ထိန်းသူကလည်း..

 

စာရင်းကိုင်ချုပ်သည် ကလေး၏ လက်ယာဘက်၌ ထိုင်နေသော အယ်လီယာနာအား ကြည့်လိုက်သည်။ အင်စလေနှင့် အကြီးအကဲ စကားပြောဆိုနေချိန်တွင် အယ်လီယာနာမှာ အသက်မရှိသည့် ရုပ်တုအလားပင် သို့သော် သူမသည် မငြင်းပယ်နိုင်လောက်အောင် အုပ်ထိန်းသူတစ်ဦး ဖြစ်နေဆဲပင်။

 

မိသားစု၏ အာဏာအစစ်အမှန်အား ချုပ်ကိုင်ထားသူ။

 

ဒါပေမဲ့.. ဒါပေမဲ့ အယ်လီယာနာက ဦးနှောက်မရှိတဲ့ တိုက်ခိုက်အားကောင်းသူဆိုပြီး ကျော်ကြားတာ မဟုတ်ဘူးလား.. ဘယ်လိုလုပ်ပြီး အုပ်ထိန်းသူ ဖြစ်လာတာလဲ..

 

စာရင်းကိုင်ချုပ် မကျေမချမ်း ဖြစ်နေသည့်တိုင်အောင် တစ်ချိန်တည်းမှာပင် ပီတိဖြာနေတော့သည်။

 

ဒီလိုမျိုး ဦးနှောက်မရှိတဲ့သူက အုပ်ထိန်းသူ ဖြစ်လာပြီဆိုတော့ ငါ့ရဲ့ မကောင်းမှုတွေကို ဘယ်သူကမှ ရှာတွေ့တော့မှာ မဟုတ်တော့ဘူး..

 

စာရင်းကိုင်ချုပ် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် မဟာအကြီးအကဲအား တောင်းပန်စကားဆိုသည်။

 

“တောင်းပန်ပါတယ် မဟာအကြီးအကဲ.. ဒီလူအိုကြီးက မိသားစုခေါင်းဆောင်ကို အခုမှပဲ မြင်မိလို့ပါ..”

 

စာရင်းကိုင်ချုပ်သည် မိသားစုခေါင်းဆောင်အား နှုတ်မဆက်မိသောကြောင့် သူ၏ အသက် ၃၀ အရွယ်အား ‘အိုမင်းပြီ’ ဟုဆိုကာ အပြစ်ဖို့လိုက်သည်။

 

စာရင်းကိုင်ချုပ်သည် အစပိုင်း၌ အင်စလေအား အမှန်တကယ် သတိမပြုမိခဲ့ခြင်း ဖြစ်သော်ငြား သူမအား မြင်တွေ့ပြီးနောက်၌မူ နှုတ်ဆက်လိုစိတ်ပင် မရှိတော့ချေ။

 

သူ၏ မာန်မာနသည် ထိုသို့ပြုလုပ်ခွင့် မပေးပေ။

 

မိသားစုရဲ့ စီးပွားရေးကို ချုပ်ကိုင်ထားတဲ့ စာရင်းကိုင်ချုပ်တစ်ယောက်က ကလေးပေါက်စတစ်ယောက်ကို ဦးညွှတ်ရမယ်တဲ့လား..

 

အဲဒီအပြင် ကလေးပေါက်စက မိန်းကလေးတဲ့လေ..

 

စာရင်းကိုင်ချုပ်သည် ပြုံးရွှင်ကာဖြင့် အကြီးအကဲအား တောင်းပန်စကား ဆိုသော်ငြား အင်စလေအား နှုတ်ဆက်ခြင်း မပြုချေ။ အကြီးအကဲအား မျက်နှာချိုသွေး ခယနေသော်ငြား ကလေးထံ အကြည့်တစ်ချက်ပင် မပို့ချေ။

 

မဟာအကြီးအကဲသည်လည်း ထိုအရာအား သတိပြုမိပြီးနောက် ချက်ချင်းဆိုသလို ဒေါသတကြီး ဖြစ်လာသည်။

 

ဒီ စာရင်းကိုင်ချုပ်က အင်စလေကို မျက်လုံးထဲတောင် မထည့်ဘူးပေါ့လေ..

 

ယိုဖန် လက်သီးတင်းတင်းဆုပ်ကာ စာရင်းကိုင်ချုပ်၏ ဘဝင်မြင့်မောက်မာသည့် အပြုအမူအား ပြောဆိုဆုံးမမည် ပြင်စဉ်မှာပင် ရုတ်တရက် အင်စလေ၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။

 

“ဝါးးး လူချိုး.. ချိုးတယ်.. ဝါးးး တွား.. တွား.. ချူးးးး (လူဆိုး.. ဆိုးတယ်.. သွား.. သွား.. ရှူး..)”

 

အင်စလေ လက်နှစ်ဖက်အား တဖျပ်ဖျပ်လှုပ်ကာ စာရင်းကိုင်ချုပ်အား ထွက်သွားရန် ပြောသည်။

 

ကလေးသည် ပါးကလေးများဖောင်းကာဖြင့် မျက်လုံးထဲ၌ ဒေါသမီးများ စတင်တောက်လောင်လာသည်။

 

“တွား.. လူချိုးတွေ.. အားရုံး.. တွားးး (သွား.. လူဆိုးတွေ.. အားလုံး.. သွား..)”

 

အင်စလေ အသံကုန်အော်ဟစ်နေသည်။ ကလေးသံစူးစူးမှာ အောင်အောင်မြင်မြင်ပင် လူတိုင်း၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

 

စာရင်းကိုင်ချုပ်၊ အကြီးအကဲနှင့် စာရင်းကိုင်အဖွဲ့ဝင်များသည် အင်စလေအား ထိတ်လန့်တကြား လှည့်ကြည့်လာကြသည်။

 

ကလေးက ဘာတွေပြောနေတာလဲ..

 

စာရင်းကိုင်ချုပ် မနှစ်မြို့ဟန်ဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။ နှုတ်ခမ်းများကွေးကာ မကောင်းဆိုးဝါးဆန်ဆန် ပြုံးရင် အင်စလေအား ရည်ရွယ်ပြောသည်။

 

“မဟာအကြီးအကဲ.. ဒီ.. မိသားစုခေါင်းဆောင် က..”

 

သူ၏လေသံမှာ ရှုပ်ထွေးမှုအပြည့်နှင့် အနည်းငယ် လှောင်ပြောင်လိုဟန် စွက်နေသည်။ အင်စလေ၏ အပြုအမူမှာ မည်မျှ ရှက်ရွံ့ဖွယ်ကောင်းပြီး ဂုဏ်သိက္ခာမဲ့ကြောင်း အကြီးအကဲအား ပြောပြန်ရန် ကြိုးစားနေခြင်းဖြစ်သည်။

 

အကြီးအကဲ ယိုဖန် မျက်နှာပျက်ကာ ပျာယာခတ်သွားသည်။

 

“ဘာဖြစ်လို့လဲ.. အင်.. သမီး ဘာဖြစ်လို့လဲ..”

 

ယိုဖန် ချွေးအေးများထွက်လာသည်။ အကြောင်းမှာ အင်စလေသည် ရုတ်တရက် အရှုပ်အထွေးများဖြစ်အောင် ဖန်တီးမည့် ကလေးတစ်ဦး မဟုတ်ချေ။

 

ပုံမှန်အားဖြင့် သူမသည် နာခံမှုရှိကာ ကြင်နာတတ်သည်။ ဤကဲ့သို့ အော်ဟစ်ရခြင်းမှာ တစ်စုံတစ်ခု မှားယွင်းနေသောကြောင့်သာ ဖြစ်လိမ့်မည်။

 

“တူတို့.. ကောင်းဝူး.. ဖိုးဖိုးဒေ့.. ပြော.. ပြောတာ.. (သူတို့က မကောင်းဘူး. ဖိုးဖိုးဒေ့ဗ် ပြော.. ပြောတာ)”

 

အင်စလေ နှုတ်ခမ်းအားကိုက်ကာ စာရင်းကိုင်အဖွဲ့နှင့် စာရင်းကိုင်ချုပ်အား ဟိန်းဟောက်လိုက်သည်။

 

“အမ်.. ပြုတ်.. ဟုတယ်.. ပြုတ်.. ပြုတ်.. အားရုံး.. ပြုတ်.. (ဖြုတ်.. ဟုတ်တယ်.. ဖြုတ်.. ဖြုတ်.. အားလုံး.. ဖြုတ်)”

 

အင်စလေ ရုတ်တရက် ထိုင်ခုံပေါ်တက်ကာ အခန်းအတွင်းရှိ လူ ၁၆ ယောက်အား လက်ညှိုးထိုးပြောသည်။

 

“ပြုတ် (ဖြုတ်)”

 

အင်စလေ ထိုစကားလုံးအား ထပ်ကာထပ်ကာ ပြောရင်း လည်ပင်းကို ဖြတ်သည့်ပုံ လုပ်ပြလိုက်သည်။ ခေါင်းကလေးမော့ပြီး ခြေထောက်တစ်ဖက်အား စားပွဲခုံပေါ် တင်ကာ လက်တစ်ဖက်ဖြင့် ခါးထောက်လိုက်သည်။

 

“နင်.. နင်.. နင်.. ပြုတ် (ဖြုတ်)”

 

အင်စလေ အခန်းအတွင်းရှိ လူများအား ညွှန်ပြပြီးနောက် ဒုတိယအကြိမ် ‘လည်ပင်းအား ပိုင်းဖြတ်’ ဟန် ပြုလုပ်သည်။

 

….ဘာဖြစ်တယ်..

 

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း အသက်ရှူအောင့်လိုက်ကြပြီး နှလုံးခုန်နှုန်းမြန်လာသည်။

 

အဖိုးယိုဖန် အပါအဝင် လူ ၁၆ ယောက်မှာ မျက်နှာပေါ်၌ မယုံကြည်နိုင်မှုတို့ ထင်ဟန်နေသည်။

 

မိသားစုခေါင်းဆောင်က သူတို့ကို.. ဖြုတ်ပစ်နေတာလား..

 

စာရင်းကိုင်အဖွဲ့ဝင်များမှာ ရှက်ရွံ့မှုကြောင့် မျက်နှာများ မဲလာတော့သည်။

 

ဒီကလေးက ငါတို့ကို ဖြုတ်ပစ်မယ်လို့ ပြောလိုက်တာလား.. ၃ နှစ်ပဲ ရှိသေးတဲ့ ကလေးကလေ..

 

အင်စလေသည် သူ့အား ပိုးဟပ်တစ်ကောင်အား ကြည့်သည့်နှယ် အထင်သေးစက်ဆုပ်စွာ ကြည့်နေသည်ကို မြင်ပြီးနောက် စာရင်းကိုင်ချုပ်သည် အရိုင်းအစိုင်းကလေးကြောင့် ဒေါသဟုန်းဟုန်းတောက်လာသည်။

 

ဒါက.. ဘယ်လိုတောင် စော်ကားတာလဲ.. အရီုင်းအစိုင်းလေး..

 

“မ.. မဟာအကြီးအကဲ.. မိသားစုခေါင်းဆောင်.. အာ.. ဒါက အရမ်းများပါတယ်..”

 

စာရင်းကိုင်ချုပ်သည် နဖူးအားလက်ဖြင့်သုတ်ကာ တောင်းပန်တိုးလျှိုးဟန်ဖြင့် ပြုံးလိုက်သည်။ မိသားစုခေါင်းဆောင်မှု ရူးသွပ်နေပြီဟု ပြောလုနီးနီးပင်။

 

အိမ်အကူများ၊ အစေခံများ အပါအဝင် အခန်းအတွင်းရှိလူများအားလုံး ထိုသို့တွေးမိသည်။ စားပွဲပေါ်၌ ခြေထောက်တစ်ဖက်တင်ကာ ခေါင်းမော့နေသည့် အင်စလေအား ကြည့်လိုက်ကြသည်။

 

သခင်မလေးက နောက်ဆုံးတော့ ဝုန်းဒိုင်းကြဲပြီးပေါ့.. ဟုတ်လား.. ဒါကြောင့် ကလေးတစ်ယောက်က မိသားစုခေါင်းဆောင် မဖြစ်သင့်တာပေါ့..

 

ဒီလူတွေအားလုံးကို ဖြုတ်ပစ်မယ်လို့ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ပြောရတာလဲ..

 

အင်စလေမှာ ပီပီသသ ပြောဆိုနိုင်ခြင်း မရှိသောကြောင့် ဖြုတ် အစား ‘ပြုတ်’ ဟု ပြောနေခြင်း ဖြစ်သည်။ သို့တိုင်အောင် သူမပြောချင်သည်အား လူတိုင်းနားလည်သဖြင့် လက်မခံနိုင်ဖြစ်လာကြသည်။

 

“မဟာအကြီးအကဲ.. မိသားစုခေါင်းဆောင်က..”

 

စာရင်းကိုင်ချုပ်သည် အင်စလေကို ထိန်းရန် ယိုဖန်အား နောက်တစ်ဖန် ဖိအားပေးလိုက်ပြန်သည်။ အကြီးအကဲသည် အင်စလေ၏ အပြုအမူမှာ ရှက်ရွံ့ဖွယ်ကောင်းသည်ဟု ထင်မှတ်ကာ သူမ၏ ရာထူးအား ဖယ်ရှားလိမ့်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။

 

သို့သော်

 

ယိုဖန်သည် ပြုံးရယ်ကာဖြင့် ရှိနေပြီး စာရင်းကိုင်ချုပ်အား သံသယဖြစ်စွာ ကြည့်လိုက်သည်။