Ch 13
Viewers 4k

🙇‍♂️Chapter 13

 : ခန်းဝင်ပစ္စည်း 




 နောက်တစ်နေ့ လော့ဖေး အိပ်ရာမှနိုးလာသောအခါ လော့ကျီးကို မတွေ့ရချေ ။ လော့ကျီး မနက်စောစောထ၍ တောင်ပေါ်လယ်တွင်သွားရောက်လုပ်ကိုင်‌ခြင်းဖြစ်သည်ဟုတွေးလိုက်သည် ။ နောက်မှသာ လော့ကျီးက ရှီယန်ချင်းနှင့် မြို့တက်သွားခြင်းဖြစ်ကြောင်း သိလိုက်ရ၏ ။


“ ဘာလို့ကျွန်တော့်ကိုမပြောကြတာလဲ … ကျွန်တော်လည်းလိုက်ချင်တယ်လို့ …”


သူဤနေရာသို့ကူးပြောင်းလာသည်မှာ ရက်ပေါင်းများစွာရှိပြီဖြစ်သော်လည်း မြို့ကိုမရောက်ဖူးသေးချေ ။ မြို့နှင့်ပတ်သက်၍သူ့ထံတွင် မူလလော့ဖေး၏ မှတ်ဉာဏ်များအရသာသိရှိရခြင်းဖြစ်သည် ။ သူသွားကြည့်ချင်ပါသေး၏ ။ အထူးသဖြင့် အဝတ်အထည်နှင့် ပန်းထိုးလက်ရာများဖြစ်ကာ မည်မျှတိုးတက်နေကြောင်းသိချင်သောကြောင့်ဖြစ်သည် ။ 


“ သူတို့ဘယ်ကိုသွားမယ်ဆိုတာ ဘယ်သူကသိမှာလဲ ချောင်အချိန်မှာထွက်သွားကြတာပဲ …   ( မနက် တစ်နာရီကနေ သုံးနာရီကြားအချိန်  ) နင် အဲ့လောက်မနက်အစောကြီးထနိုင်လား … ” 


လီယွဲ့ဟွား ကတူကိုယူလိုက်ပြီးနောက် လော့ဖေး၏ ခေါင်းကိုခေါက်လိုက်သည်။


 “ နင့်ရဲ့ယာဂုကိုသာမြန်မြန်လာသောက် … ဒီအသက်အရွယ်ပဲရောက်နေပြီ အခုထိကိုမနက်စောစောမထနိုင်သေးဘူး … ”


( TN / မနက်စောစောမထနိုင်တာအပြစ်လားအန်တီရယ် TwT )


“ သူတို့ဘာသွားလုပ်တာလဲ … အမေ … တစ်ခုခုသွားဝယ်ကြတာလား …”


“ အင်း ရှီယန်ချင်းကတော့သူတစ်ခုခုဝယ်စရာရှိတယ်တော့ပြောတာပဲ အမေသေသေချာချာတော့မမေးမိဘူး … ခန်းဝင်ပစ္စည်းအတွက်တစ်ခုခုသွားဝယ်တာထင်တယ် … ”


“ ခန်းဝင်ပစ္စည်းက ပေးပြီးသွားပြီ မဟုတ်ဘူးလား …  ”


“ မဟုတ်ဘူး အရူးလေးရဲ့အရင်ကပေးတဲ့ဟာက တင်တောင်းပစ္စည်းလို့ခေါ်တယ် ခန်းဝင်ပစ္စည်းမဟုတ်ဘူး … ဒါကမတူတဲ့ကိစ္စနှစ်ခုပဲ သတို့သမီးတင်တောင်းပစ္စည်းပေးပြီးသွားပြီဆိုရင် တစ်ရွာလုံးကိုအသိပေးတဲ့ကိစ္စပြီးသွားပြီ … ”  


လီယွဲ့ဟွားက ဆက်ပြောလိုက်သည်။


  “ ဒီမိသားစုဘက်ကဘာမှပြောစရာမရှိပေမဲ့ ဒီအမေကတော့မင်းကိုတစ်ခုခုမှားယွင်းမခံနိုင်ဘူး … အမေတို့ဘက်က အရာရာပြည့်စုံမှဖြစ်မယ် … ”


“ ဘာဝယ်ရမှာလဲဆိုတာ‌ကိုရောသူသိရဲ့လား … ” တင်တောင်းပစ္စည်း … ပိုက်ဆံရှိတာနဲ့ပဲ ခံစားချက်တွေကိုပေးလိုက်လို့မရဘူးကွ …


“ အင်း သူသိမှာပါ ရှီမိသားစုကကလေးက အသေးစိတ်တွေးတတ်တဲ့သူမို့လို့ သူဝယ်တဲ့ပစ္စည်းတွေကဆိုးရွားတဲ့ပစ္စည်းတွေဖြစ်မှာမဟုတ်ဘူး … မင်းရဲ့အစ်ကိုကြီးလည်းသူနဲ့ပါသွားတယ်လေ … ”   


လီယွဲ့ဟွားက ပြောလိုက်ပြီးသည့်နောက် လော့ဖေးကိုကြည့်လိုက်သည် ။


 “ အမေ သားကိုပြောစရာတစ်ခုရှိသေးတယ် … အာ့ပေါင် မင်းလက်ထပ်ရမဲ့နေ့ကိုအမေနဲ့အဖေတို့ဆွေးနွေးပြီးတော့နောက်လခြောက်ရက်မြောက်နေ့လို့သတ်မှတ်ထားတယ် …   ”


“ နောက်လခြောက်ရက်နေ့လား …  ” 


လော့ဖေး အချိန်ခဏမျှထိတ်လန့်နေမိသည်။


  “ အရမ်းလောလွန်းနေတာမဟုတ်ဘူးလား … ဘယ်လိုကြီးလဲ ကျွန်တော့်အတွက်အချိန်တစ်လ‌တောင်မရှိတော့ဘူးလေ  အိမ်မှာတောင်ဝအောင်မနေရသေးဘူးလေ …

  ”  


ဒီနေ့က နှစ်ဆယ့်ငါးရက်နေ့လေ … ပြောရမယ်ဆိုရင် ငါနဲ့ ရှီယန်ချင်း လက်ထပ်ရမဲ့ရက်က ကြားထဲမှာဆယ့်တစ်ရက်ပဲ‌ဝေးတော့တာပေါ့ …. 


ရှီယန်ချင်း စိုက်ထားတဲ့အပင်တွေအသီးသီးပြီး သူ့ကိုငတ်အောင်မထားမှာသေချာတဲ့နေ့အထိ စောင့်ကြည့်ပါရစေဦး …..


လီယွဲ့ဟွားက သူမ၏အပြုံးကိုထိန်းချုပ်၍..

  “ ဒီကလေးကတော့ မင်းမှာဘာလို့အထွန့်တက်စရာတွေအရမ်းများနေတာလဲ  အမေနဲ့အဖေက သားကိုဒုက္ခရောက်အောင်လုပ်ပါ့မလား … ရွေးထားတဲ့ရက်က အသင့်တော်ဆုံးနဲ့မင်္ဂလာအရှိဆုံးပဲ တခြားနေ့တွေကသိပ်မကောင်းဘူး … မင်းကချုချာ‌တာကြောင့်သာမဟုတ်ရင် အမေတို့အကောင်းဆုံးရက်ကိုရွေးဖို့အချိန်အကြာကြီးတွေးနေစရာလိုပါ့မလား သားအတွက်ပါကွယ် …   ”


လော့ဖေး မပျော်မရွှင်ဖြစ်နေဆဲပင် ။ မူလက ရှီယန်ချင်း၏ စကားများ‌ကြောင့်မနေ့ကတည်းက ကိစ္စပြတ်သွားပြီဟုထင်ခဲ့သော်လည်း ယခုမူမပြီးသေးသည့်ပုံရ၏ ။ 


သေစမ်း … အဲ့ကောင်ပြောတာကိုမယုံခဲ့သင့်ဘူး … လော့ဖေးက ရက်အနည်းငယ်ပြဿနာရှာ၍သောင်းကျန်းချင်ပါသော်လည်း သူနောက်လှည့်လိုက်သောအခါ လော့ထျန်း၏ တင်းမာနေသောမျက်နှာထားကိုမြင်လိုက်သောကြောင့် ချက်ချင်းအပိုးကျိုးသွားလေသည် ။ 


ယောက်ျားကောင်းတစ်‌‌ယောက် မျက်စိရှေ့ကအရှုံးကိုလက်ခံနိုင်ရတယ်ကွ … လက်ထပ်ရမယ်ဆိုလည်းလက်ထပ်တာပေါ့ … 


“ အာ့ပေါင် သားစိတ်ချထားလို့ရပါတယ် ရှီမိသားစုက ကလေးက လူကောင်းလေးပါ ဒီနေ့ သူမြို့ကိုမသွားခင်က မြို့ကပရိဘောဂဆိုင်တွေမှာဝင်ကြည့်ပြီး မင်းအတွက် ပစ္စည်းကောင်းကောင်းလေးတွေလုပ်ပေးမယ်လို့ပြောတယ် ဒါမင်းအတွက်ပဲမဟုတ်ဘူးလား … သားအသက်က ဆယ်ရှစ်နှစ်ပဲဖြစ်နေပြီ ငယ်တော့တာလဲမဟုတ်ဘူး အမေနဲ့အဖေရဲ့ဘေးမှာပဲအမြဲတမ်းနေလို့မရဘူးလေ … အမေပြောတာ‌နားထောင် မြန်မြန်လက်ထပ်ပြီး ရှီမိသားစုအတွက်မျိုးဆက်လေးတွေမွေးပေးလိုက်  အဲ့ကလေးက ငယ်ငယ်လေးကတည်းကမိသားစုရှိတော့တာမဟုတ်ဘူး သူတစ်ယောက်တည်းအထီးကျန်နေရတာလည်းမလွယ်ကူဘူးကလေးတွေအများကြီးရှိတဲ့ ဆူဆူညံညံမိသားစုမျိုးကိုသူအရမ်းမျှော်လင့်နေရှာမှာ …  ”


“ အား …”


 မျိုးဆက်သစ်တွေမွေးပေးရမှာလား … ဟမ် … ချူးနဲ့ဟန်တွေလို စည်းခြားထားလိုက်တာပိုမကောင်းဘူးလား … 


(TN / ကြားထဲမှာစည်းခြားထားပြီးတော့ ကလေးမမွေးသလို အတူတူလဲမအိပ်ဘူးလို့ပြောချင်တာပါ  )


 လော့ဖေးက ယာဂုကိုသောက်နေပြီးနောက် ခဏကြာသောအခါမေးလိုက်သည်။


  “ အမေ တင်တောင်းပစ္စည်းတွေထဲမှာဘာတွေပါလဲ …  ”


“  အဲ့တာတော့ အခြေအနေအရပဲ အနည်းဆုံးတော့ ငါး ကြက်နှစ်ကောင် ဝက်သားနှစ်ပေါင်နဲ့ဝိုင်နှစ်ပုလင်း တော့အခြေခံအနေနဲ့ပါရမယ် ပိုပြီးကောင်းကောင်းမွန်မွန်ဆိုရင် လက်ဖက်ခြောက်ကောင်းကောင်းနဲ့ သစ်သီးတွေ မုန့်အချိုတွေနည်းနည်းပေါ့  ပြီးတော့ရက်သတ်မှတ်ရမယ် မြေပဲစေ့တွေ ချည်အုပ်နဲ့ ဖရဲစေ့ သကြားလုံးတွေလည်းထပ်ထည့်လို့ရတယ် … သားအစ်ကိုကြီးလက်ထပ်တုန်းက သား မရီးအိမ်ကိုဘာတွေယူသွားလဲဆိုတာမေ့သွားပြီလား …  ”


လော့ဖေး အမှန်မေ့နေခြင်းဖြစ်သည် ။ သို့သော်လည်း လီယွဲ့ဟွားပြောသည်ကိုကြားသောအခါသွားရည်ကျလာ၏ ။ ဤနေရာသို့ ကူးပြောင်းလာခြင်း မပြုမီက သူသည် တစ်နေ့လျှင်အသီးနှစ်မျိုးစားနေကျဖြစ်သည် ။ ကူးပြောင်းလာပြီးသည့်နောက် အသီးအနှံများကိုမမြင်ရသေးချေ ။ 


ဤတစ်ကြိမ်တွင်မူ ရှီယန်ချင်း ပြန်လာလျှင်အသီးများဝယ်လာရန်ကိုသာ မျှော်လင့်မိနေ၏ ။ 


ရှီယန်ချင်း မြို့သို့ရောက်နေသည်မှာ အချိန်ခဏကြာပြီဖြစ်သည် ။ မြို့သို့သွားသည့်လမ်းတွင်ရှိနေစဉ်အချိန်ကတည်းက တင်တောင်းသည့်ပစ္စည်းထဲတွင် နွားတစ်ကောင်ထည့်ချင်သည်ဟု လော့ကျီးကို ပြောပြပြီးသားဖြစ်၏ ။ အခြားမိသားစုများတွင်နွားရှိကြသည်ကို လော့ဖေး အားမကျရတော့စေရန်ဖြစ်သည် ။ သို့သော်လည်း ဤတစ်ကြိမ်တွင်မူ နွားသည်ဝယ်မည်ဆိုရုံနှင့်ပေါ့ပေါ့ပါးပါးဝယ်လိုက်၍ရသည်မဟုတ်ချေ ။ 


ပထမဆုံးအနေဖြင့် နွားဝယ်ခြင်းသည် ကိစ္စကြီးတစ်ရပ်ဖြစ်သည် ။ မိသားစုတွင်ခိုင်းရန်ခိုင်းနွားဝယ်ခြင်းတွင် စဉ်းစားရန်အချက်များစွာရှိသေးသည် ။ အချို့သောနွားများသည်ဒေါသကြီးသဖြင့် သူတို့၏သခင်များကိုပင် ပြန်၍တိုက်ခိုက်တတ်ကြသဖြင့် ထိုကဲ့သို့သောနွားမျိုးကို မည်သူကမှမလိုချင်ကြချေ ။ တချို့သောနွားများသည် ဖျားနာနေတတ်ကြသော်လည်း ဝယ်ယူသည့်အချိန်တွင်မသိသာကြသဖြင့် သေသေချာချာစစ်ဆေးကြည့်ရန်လိုအပ်သည် ။ 

 

အိမ်မှထွက်လာသည့်အချိန်ကတည်းက ‌ရှီယန်ချင်း ပိုက်ဆံအလုံအလောက်ယူလာပြီးဖြစ်၏ ။ တိရစ္ဆာန်ရောင်းဝယ်သည့်ဈေးကိုသွားသော်လည်း သင့်တော်သည့် နွားတစ်ကောင်ကိုမှ မတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ချေ ။ တစ်နှစ်ခွဲအရွယ်ရှိ နွားတစ်ကောင်သည် ဝဖြိုးကျန်းမာသန်စွမ်းသဖြင့် ရှီယန်ချင်း မျက်စိကျမိသော်လည်း နွား၏ခန္ဓာကိုယ်ပေါ်ရှိအကွက်များသည်လှပသောကြောင့်ဈေးကြီးသည် ။ ရောင်းသူက ငွေခုနှစ်လျန် ရမှသာရောင်းချနိုင်မည်ဟုဆို၏ ။ 

 

နွားတစ်ကောင်ဖို့အလျင်လိုနေတယ်ဆိုပေမဲ့ ပိုက်ဆံအများကြီးကိုဒီတိုင်းသုံးပစ်လိုက်လို့လည်းမဖြစ်သေးဘူးလေ …


လော့ကျီး သည်လည်းဈေးကြီးသည်ဟုခံစားရသဖြင့် ရှီယန်ချင်းကို ဆွဲခေါ်သွားကာထိုနွားကိုဝယ်ခွင့်မပြုချေ ။ 


ရှီယန်ချင်း နောက်ထပ်ဈေးတစ်ခုကိုသွားကြည့်ချင်ပါသော်လည်း မြို့သည်မြို့ငယ်လေးဖြစ်သောကြောင့် ဤဈေးတွင်မရှိပါက အခြားတစ်နေရာတွင်လည်း ဝယ်ယူရန်နွားကောင်းရှိမည်မဟုတ်ချေ  ။ 


“ တကယ်လို့မင်း နွားဝယ်ပြီး အာ့ပေါင်ကိုပျော်အောင်လုပ်ပေးချင်တာဆိုရင် အစ်ကို ဟန်ယန် ဆီမင်းကိုခေါ်သွားပေးမယ် … ” 


ရှီယန်ချင်းက တုံ့ဆိုင်းနေဆဲဖြစ်ကာ လက်လျော့ရန်ဆန္ဒမရှိကြောင်းတွေ့သောအခါ လော့ကျီးကပြောလိုက်သည်။


 “ ဟန်ယန်ကိုမင်းမှတ်မိတယ်မလား … မင်းထွက်သွားတဲ့နှစ်အနည်းငယ်အတွင်းမှာ သူ့ရဲ့ဦးလေးက နွားပွဲစားလုပ်နေတာ သူတို့ကပိုသိတယ် … သူတို့ကိုအကူအညီတောင်းပြီး အနီးအနားကရွာတွေမှာ နွားရောင်းဖို့ရှိလား စုံစမ်းခိုင်းလိုက်မယ် … အသိတချို့ကိုလည်းလိုက်မေးထားလိုက်မယ် ဈေးမှာထက်ပိုပြီးဈေးသက်သက်သာသာနဲ့ဝယ်လို့ရတယ် ဈေးကပွဲစားတွေရဲ့စကားကယုံရတာမဟုတ်ဘူး ဟန်မိသားစုကဦးလေးပြောတာကြားဖူးတာကတော့ စိတ်ထားမကောင်းတဲ့ပွဲစားတွေက နေမကောင်းဖြစ်နေတဲ့နွားတွေကိုဆေးတိုက်ပြီးတော့ နွားဈေးမှာ လာရောင်းကြတာ ရက်နည်းနည်းလောက်ကြာရင် နွားကနေမကောင်းဖြစ်ပြီးသေကုန်ရော …  ”


“ ဆိုးရွားလိုက်တာ ဒါဆိုရင် ကျွန်တော်ဒီနေ့နွားမဝယ်တော့ဘူး … ကျေးဇူးပြုပြီး ကျွန်တော့်ကိုကူရှာပေးပါဦး ကျီကော … ”


 ရှီယန်ချင်းက ဆက်ပြောလိုက်သည်။

  “ ဒီနှစ်တွေမှာ ကျွန်တော်က အိမ်နဲ့ အဝေးမှာရောက်နေတော့ ‌အားပေါင်ကို ဒုက္ခခံခိုင်းသလိုဖြစ်သွားတယ် … ကျွန်တော်သူ့ကို စိတ်ညစ်စေတဲ့ ယောက်ျားမျိုးမဖြစ်ချင်ဘူး  ”


“ ကောသိပါတယ်ကွာ အရူးလေး မင်းက ကောထက်ပိုပြီးစဉ်းစားတွေးခေါ်တတ်သေးတယ် အာ့ပေါင်က ရှစ်နှစ်စာလောက်ကံကောင်းမှုတွေကိုစုပြီးခံစားနေရတာထင်တယ် …  ”  


လော့ကျီးက ရှီယန်ချင်း၏ ပုခုံးကိုပုတ်လိုက်သည်။

  “ သွားကြမယ် နောက်ထပ်ဝယ်စရာတွေအများကြီးရှိသေးတယ် …  ”


“ ကျွန်တော်အများကြီးဝယ်ပြီးသွားရင် ပြန်မသယ်သွားနိုင်ကိုပဲစိုးရိမ်တာ …  ”


“ စိတ်မပူပါနဲ့ … လူနှစ်ယောက်လာတာပဲဟာ မင်းဝယ်တဲ့ပစ္စည်းတွေထဲမှာပြန်မသယ်သွားနိုင်တာဘာတွေရှိမှာမို့လို့လဲ …  ” တင်တောင်းပစ္စည်းအစုံဝယ်သွားမည်ဆိုလျှင်ပင် ပြန်သယ်သွား၍ရနိုင်သည်ဟု လော့ကျီးတွေးမိ၏ ။ 


ရှီယန်ချင်းက ပြုံးသာ‌ပြုံးနေပြီးနောက် ဆက်မပြောတော့ချေ ။ မူလက သူတွေးထားသည်မှာ မနက်စောစောကတည်းကရွာမှာထွက်လာသဖြင့် မြို့သို့စောစောရောက်လေကောင်းလေဖြစ်သည် ။ ပထမဦးဆုံးနွားဝယ်ပြီးသောအခါမှ ကျန်သည့်ပစ္စည်းများကိုဆက်ဝယ်မည်ဖြစ်ကာ ပြီးသွားချိန်တွင် နွားဖြင့်ပစ္စည်းများကိုသယ်၍ပြန်ကြမည်ဟုတွေးထားခြင်းဖြစ်သည် ။ ယခုမူ နွားကိုပင်မဝယ်ရသေးချေ ။ 


ကြည့်ရတာ ပေါ့ပါးတဲ့ပစ္စည်းတွေကိုပဲဝယ်နိုင်တော့မယ်ထင်တယ် …

 

ရှီယန်ချင်းသည် လက်ဖက်ခြောက် ၊ ကိတ်မုန့်နှင့် အသီးအနှံများ ၊ မြေပဲ ၊ ပိတ်စအချို့ ၊ ဖရဲစေ့ စသည့်လိုအပ်သည်များကိုဝယ်လိုက်သည် ။ ပြီးနောက် သူတို့နှစ်ဦး ထမင်းဆိုင်တစ်ဆိုင်ရှာလိုက်ပြီးနောက် အနည်းငယ်စား၍ လက်ဖက်ရည်သောက်ကာ ခဏမျှအနားယူလိုက်ကြသည် ။ ပြီးနောက် ရှီယန်ချင်းက ငါး ၊ ဝက်သားနှင့် ကြက်နှစ်စုံဝယ်လိုက်သည် ။


 လော့ကျီး၏ စကားအရဆိုလျှင်ဤအရာများသည် သတို့သမီး၏မိသားစုဘက်တွင်အသက်ရှင်လျှက် ရှိနေသည့်မိဘ၏အရေအတွက်အတိုင်းဝယ်ရခြင်းဖြစ်သည်ဟုဆို၏ ။ မိဘတစ်ဦးတည်းသာကျန်ရှိပါက ကြက်တစ်စုံသာဝယ်၍လည်းရသည် ။ 


နောက်ဆုံး၌ ရှီယန်ချင်း ကြက်နှစ်စုံ ၊ ငါးနှစ်ကောင် ၊ ဝိုင်ခြောက်အိုး ၊ ဝက်သားခြောက်ပေါင် တို့အပြင် မုန့်ချိုများ မြေပဲယို ၊ သကြားနှင့် ခြင်းအပြည့်အခြားသောအရာများကိုဝယ်ခဲ့၏ ။ ကံကောင်းစွာဖြင့် လော့ကျီးက အလွန်သန်မာသောကြောင့် သာ ။ မဟုတ်ပါက သူတစ်ယောက်တည်းဤပစ္စည်းများကိုအကုန်မည်သို့မည်ပုံပြန်သယ်သွားရမည်ကိုမသိနိုင်ပါချေ ။ 


ရှီယန်ချင်း လော့ဖေး ကိုပြောခဲ့သည့်အချိန်က တစ်နေရာတည်းမှကူးပြောင်းလာသူအချင်းချင်း အတူတူနေထိုင်ခြင်းသည်ပို၍အဆင်ပြေလိမ့်မည်ဟုသာအကြံပြုခဲ့သော်လည်း အမှန်တကယ်လုပ်ဆောင်သောအခါ ဓလေ့ထုံးတမ်းများနှင့်အညီ လက်ထပ်ရန်ပြင်ဆင်နေခြင်းဖြစ်သည် ။ အကြောင်းပြချက်ကိုမူ ရှီယန်ချင်း တစ်ဦးတည်းသာသိလိမ့်မည် ။


“အကုန်စုံလောက်ပြီထင်တယ် … ” လော့ကျီး၏ ကျောပေါ်ရှိခြင်းထဲတွင်ပစ္စည်းအပြည့်ရှိရုံသာမက လည်ပင်းတွင်းလည်းအထုပ်များဆွဲထားကာ သူ၏လက်နှင့်ခါးပေါ်တွင်ပင်အထုပ်များအပြည့်နှင့်ဖြစ်သည် ။ ယခု လော့ကျီး၏ အခြေအနေသည် လူတစ်ယောက်မဟုတ်တော့ကာ ပစ္စည်းတင်စင်တစ်ခုနှင့်တူနေလေသည် ။ 


“ ကျွန်တော်တို့ စောင်အသစ်ချုပ်ဖို့ ပိတ်စအသစ်နဲ့ ဝါဂွမ်းတွေဝယ်သင့်လား … ” 


ရှီယန်ချင်း‌ ပြောလိုက်သည် ။ သူသည်ယခင်ကလက်ထပ်ခဲ့ဖူးခြင်းမရှိသော်လည်း မင်္ဂလာစောင်သစ်များကိုပြင်ဆင်သင့်ကြောင်းကိုမူ သူသိ၏ ။ 


“ စောင်ချုပ်မဲ့ပစ္စည်းတွေကိုမနက်မှဝယ်ကြရအောင် အခုတစ်ခါတည်းဝယ်သွားမယ်ဆိုရင် အကုန်လုံးကိုအိမ်ပြန်မသယ်သွားနိုင်လောက်ဘူး … ”  


ဝိုင်နှင့်အသားများကိုသယ်ရန်ပင် လူတစ်ယောက်လုံးအသုံးပြုနေရသည်။


  “ ပြီးတော့ ပိတ်စဘယ်လောက်များများဝယ်ရမလဲဆိုတာကိုလည်း ငါတို့မသိဘူးလေ ပိုဆိုးတာက ငါတို့ငါးနဲ့အသားတွေဝယ်လာသေးတော့ ပိတ်စအပေါ်အနံ့တွေစွဲသွားရင်‌မကောင်းဘူးလေ …  ”


“ ဟုတ်တယ် အိမ်ပြန်ရောက်တော့မှ အာ့ပေါင်ကိုဘယ်လောက်လိုတာလဲဆိုတာတိုင်းခိုင်းရမယ် သူ့ကိုပဲခေါ်လာပြီးသူကြိုက်တာရွေးခိုင်းလိုက်တော့မယ် … ဒါပေမဲ့ ကျွန်တော်ဝယ်စရာတစ်ခုရှိသေးလို့ ကျီးကော ခဏလောက်စောင့်ပေးပါလား …  ” 


ရှီယန်ချင်းက ပြောရင်းဖြင့်အဝေးသို့လျှောက်သွားလေသည် ။ ခဏအကြာသူပြန်လာသောအခါတွင် လက်ထဲတွင်အဝတ်အိတ်လေးတစ်အိတ်ပါလာခဲ့သည် ။ 


“ ဘာဝယ်လာခဲ့တာလဲ … ”  လော့ကျီးက စပ်စုစွာဖြင့်မေးလိုက်သည် ။ 


“ အာ့ပေါင်အတွက်ပါ ကျွန်တော်ပြောပြလို့မရဘူး.. .” 


 ရှီယန်ချင်း ထိုပစ္စည်းကိုသေသေချာချာ ပိတ်လိုက်သည် ။ ထို့နောက် ကြိုးဖြင့်စိတ်ချရအောင်ချည်ပြီးသည့်နောက်တွင် ဝိုင်အိုးများနှင့်အတူ ပုခုံးပေါ်တွင် တင်လိုက်သည် ။ 


နှစ်ဦးသား ယနေ့ဝယ်ယူထားသည့်ပစ္စည်းများဖြင့် အိမ်သို့အမြန်ပြန်လာသော်လည်း သူတို့ပြန်လာသောအခါတွင် မိုးချုပ်နေပေပြီ ။ 


တင်တောင်းပစ္စည်းများကို မနက်မိုးလင်းသောအခါမှသာ လော့အိမ်ကိုပို့ပေးမည်ဖြစ်သောကြောင့် လော့ကျီးက ပစ္စည်းများကို ရှီယန်ချင်း၏ အိမ်သို့လိုက်ပို့ပေးလိုက်သည် ။ လော့ဖေးအတွက်အထူးဝယ်လာသည့် ပစ္စည်းပါဝင်သော အဝတ်အိတ်မှလွဲ၍ အခြားသောပစ္စည်းများအကုန် ရှီအိမ်သို့ရောက်ရှိသွားကြ၏ ။ ရှီယန်ချင်းက အဝတ်အိတ်ကို လော့ကျီးနှင့်အတူ လော့အိမ်သို့ထည့်ပေးလိုက်သည် ။ လော့ကျီးအိတ်ကိုယူလိုက်သောအခါ မလေးကြောင်းတွေ့လိုက်ရသည် ။ 


“ အာ့ပေါင်ကိုပဲ တိုက်ရိုက်ပေးလိုက်ရမလား … ” လော့ကျီးက မပြန်မီမေးလိုက်သည်။ 


“ အာ … သူ့လက်ထဲရောက်ရင်ရပါပြီ …  ”  ရှီယန်ချင်းက ဆက်ပြော၏။


  “ ကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီး … ”


“ မင်းက ငါ့ကိုအစ်ကိုကြီးလို့တောင်ခေါ်နေပြီလေ ဒီလောက်လုပ်ပေးရတာဘာမှမဖြစ်ပါဘူး … စောစောနားတော့လေ …  ”


“ ဟုတ် … ပြီးတော့နွားနဲ့ပတ်သက်တဲ့ကိစ္စကိုမမေ့နဲ့ဦးနော် အစ်ကိုကြီး … ”


“ ငါမှတ်မိပါတယ် စိတ်ချထားလိုက် … ” လော့ကျီး လက်ဝှေ့ယမ်းကာနှုတ်ဆက်ပြီးသည့်နောက်တွင် အိမ်ပြန်ပြီးနောက် ဟန်အိမ်သို့သွားရန်အချိန်မှီသေးသည်ဟုတွေးမိသွားသည် ။ 


“ ဟေး … အဖေ … အမေ … ကျွန်တော်ပြန်ရောက်ပြီ … ” လော့ကျီးက တံခါးအပြင်မှ အော်ခေါ်လိုက်သည် ။ 


“ ပြန်လာပြီလား … ”  လီယွဲ့ဟွားက အမြန်ထွက်လာ၏။


   “ ပင်ပန်းနေပြီလား … စားရောစားပြီးပြီလား … ”


“ ကျွန်တော်စားပြီးသွားပြီ အဖေရော … ”


“ မပြောစမ်းနဲ့ … မင်းအဖေ စန်းပေါင်ကိုချော့နေတယ် … ”


“ စန်းပေါင် ဘာဖြစ်လို့လဲ … ”  လော့ကျီး၏ မေးခွန်းဆုံးသောအခါ အိမ်အတွင်းမှ ညီမဖြစ်သူ၏ ကျယ်လောင်သောရယ်သံကြီးကိုကြားလိုက်ရသည်။


   “ ဟားဟားဟား … ဟားဟားဟား … နင်နဲ့တန်တယ် ခံပေါ့ …!”


“ အော့ …” . လော့ယိက ဘေးတွင်ရေပုံးတစ်ပုံးချထားလျှက် လော့ရွေ့ကိုမျက်ရည်အပြည့်မျက်လုံးများဖြင့် မျက်စောင်းထိုးပြီးနောက် ဆက်အန်ပြန်၏။


  “ နင်ဘာလို့ဒီလောက်တောင် အကြင်နာမရှိရတာလဲ …  ”


“ ဒါကဘာဖြစ်တာလဲ  ”  လော့ကျီးကမေးလိုက်သည် ။ 


အဟွတ် …  “ ဘာမှမဟုတ်ပါဘူး …”  လော့ရူက ရယ်ချင်စိတ်ကိုထိန်းချုပ်၍ပြန်ဖြေ၏။


 “ ဒါက … စန်းပေါင်က ရှီယန်ချင်း အာ့ကောကိုပေးထားတဲ့ကြွေခွက်လေးကိုခိုးယူပြီး ပန်ကိတ်စားဖို့ ပဲအနှစ်ခိုးထည့်တယ်လေ …  ”


“  ပိုပြီးရယ်ရတာကလေ ‌အာ့ကောက အဲ့ဒီပန်းကန်လေးကို အီးကုန်းတဲ့တုတ်ချောင်းအစားသုံးတာတဲ့လေ ဟားဟားဟား … စန်းပေါင်က အာ့ကောရဲ့အီးကုန်းတဲ့ဟာကို ပဲအနှစ်ထည့်စားတာ ရယ်စရာမကောင်းဘူးလား … ဘုရားရေ ရယ်ရတာ‌ဗိုက်တောင်အောင့်လာပြီ … ဟားဟားဟား … ”(ရှေ့မှာကျ တုတ်တဲ့ 🥹)


“ အစ်မဆက်ရယ်နေဦးမယ်ဆိုရင် ယုံယုံမယုံယုံသားစိတ်ဆိုးတော့မှာ … ” 


 လော့ယိ စိတ်ညစ်လွန်း၍သေတော့မလိုပင် ။ သူများကဒေါသထွက်လွန်းလို့ သေတော့ပါမယ်ဆို အစ်မအရင်းကရယ်နိုင်သေးတယ် …


“ ဒါကတော့ မင်းကိုမင်းပဲအပြစ်တင်ရမှာလေ စန်းပေါင် … အာ့ကောရဲ့ပစ္စည်းကိုခိုးသုံးဖို့ ဘယ်သူကပြောလို့လဲ … ”


 လော့ကျီးက ရှီယန်ချင်းပေးလိုက်သည့် အဝတ်အိတ်ကို လော့ဖေးကို ပေးလိုက်သည် ။


  “ အာ့ပေါင် ဒါကရှီတိ မင်းကိုပေးပေးဖို့ပြောလိုက်တာ … သူအစ်ကိုကြီးကိုတောင်မကြည့်ခိုင်းဘူး အထဲမှာဘာရှိလဲ ကြည့်ကြည့်ပါလား … ”


“ ဘာမို့လို့လဲ … ” လော့ဖေး သည်လည်းသိချင်၏ ။ အိတ်ကိုမဖွင်မှီက စားစရာတစ်ခုခုဖြစ်လိမ့်မည်ဟုထင်သော်လည်း အရွယ်အစားအလိုက်စီရီထားသည့်အပ်များဖြစ်နေလိမ့်မည်ဟုထင်မထားခဲ့မိချေ ။ ချည်လုံးများသည်လည်း အရောင်စုံဖြစ်၏ ။ များများစားစားမဟုတ်ပါသော်လည်း အရောင်များနှင့်လက်တွင်ထိတွေ့ရသည့် အထိအတွေ့အရ အရည်အသွေးကောင်းသောအရာများဖြစ်သည် ။ 


သူငယ်ရွယ်စဉ်ကတည်းကယခုအချိန်ထိတိုင် လက်ဆောင်များစွာလက်ခံရရှိဖူးပါသော်လည်း လော့ဖေး ပေါ့ပေါ့ပါးပါးပေးသည့်ဤလက်ဆောင်ကဲ့သို့ မည်သည့်လက်ဆောင်ကမှ သူ့ကိုဤမျှအထိစိတ်လှုပ်ရှားအောင်မလုပ်နိုင်ချေ ။ သူရရှိခဲ့ဖူးသောလက်ဆောင်များစွာအနက် ဤတစ်ခုကိုသာအကြိုက်ဆုံးဟု လော့ဖေး ခံစားလိုက်ရလေသည် ။ 



🙇‍♂️🙇‍♂️