Ch 14
Viewers 4k

🙇‍♂️Chapter 14

: ဂုဏ်ယူနေသောလော့အိမ်တော် 



ရှီယန်ချင်းနှင့် လျန့်ပေါ်ယွမ်ကြားက ဆက်ဆံရေးကြောင့် ရှီယန်ချင်းမှာ နှစ်နှစ်ကြာ ရန်သူအဖြစ် သတ်မှတ်ခံခဲ့ရသည်။ အဖြစ်မှန်ကိုသိပြီးနောက် လော့ဖေးသည် ရှီယန်ချင်းအား တိုက်ပိတ်ရက်တစ်လလောက်(လွတ်ငြိမ်းခွင့်) လျှော့ချနိုင်လောက်ပြီဟု တွေးမိသည်။ ရှီယန်ချင်းက တစ်ခါတစ်ရံ စိတ်ရှုပ်စရာကောင်းသော်လည်း သူ့အမေ လီ‌ယွဲ့ဟွား ပြောသကဲ့သို့ အသေးစိတ်အချက်အလက်များကို သေချာအာရုံစိုက်ကြည့်မိသည်။


ထိုလူသည် သူဘာအလိုအပ်ဆုံးလဲ ဆိုသည်ကို အမြဲသိပုံရပြီး  ဥပမာ ကြွေထည်ခွက်များ၊ ရေနွေးစိမ်ကန်၊ ပြီးလျှင် အလွန်လှပသည့် အပ်ချည်လုံးများ ကဲ့သို့ သူလိုချင်သမျှကိုလည်း  ကျေနပ်စရာကောင်းစွာပင် သူလိုချင်သည့်အတိုင်း ရှာတွေ့‌ခဲ့သည်။ ပြောရလျှင်  ဤအရာများကို ပြီးမြောက်စေမည့်သူမှာ ရီယန်ချင်းသာ ဖြစ်‌သည်။ သီးနှံစိုက်ခင်းများကို ရေပက်ဖြန်းပေးသည့် နွေအဝင်မိုးပြေးလေးနှယ် လန်းဆန်းဖွယ်ကောင်းပေသည်။ 


ယခုအချိန်မှာ သူမုန်းတီးနိုင်သည့် အရာသာရှိသေးလျှင် အိမ်သာသွားရခြင်းကို ထပ်တိုးရပေမည်။ ထိုအရာမှာလဲ ချည်ထိုးနေချိန်ကဲ့သို့ပင် သူ့အား ရီယန်ချင်းအကြောင်းတွေးဖို့ အခွင့်ပိုပေးသည်။(အခုတော့ အီးပါလဲတွေး ချည်ထိုးလဲတွေး ဖြစ်သွားတာပါ🤣)


လော့ဖေး အဝတ်အိတ်အားဖက်လိုက်သည်။ သို့ရာတွင်  သူမည်မျှ လှည့်အိပ်အိပ် အိပ်မပျော်ပေ။ မကြာမီမှာ  ရှီယန်ချင်းမှာ သူ့အား တင်တောင်းရန် ရောက်လာတော့မည်။


"ဒုတိယအစ်ကို ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေလို့ရမလား…” 


လော့ယိမှာ ဂွမ်းစောင်အား သူ့ဘက်သို့ဆွဲယူပြီး ရီယန်ချင်းဝယ်လာပေးသည့်  ချည်လုံးအား လက်ခံပြီးကတည်းက စိတ်နှင့်လူမကပ်သည့် သူ့၏ဒုတိယအစ်ကိုအားကြည့်ကာ  ကူရာကယ်ရာမဲ့ဖြစ်နေသည်။ 


"နဂိုကတည်းက ဂွမ်းစောင်မှာ အနွေးဓာတ်နည်းနည်းပဲရှိတာကို အစ်ကိုလျှောက်ကန်ထုတ်နေတော့ ဘာမှမကျန်တော့ဘူး..."


တကယ်တော့ အဲ့ဒါက ဒီအတိုင်းချည်လုံးပဲ မဟုတ်ဘူးလား…

ချည်လုံးကို အဲ့လောက်တောင် သဘောကျလို့လား…

ဒါမှမဟုတ် ဒုတိယအစ်ကိုစိတ်လှုပ်ရှားနေတာ မနက်ဖြန်လာတင်တောင်းမယ့် အစ်ကိုရှီကြောင့်များလား…


လော့ယိတွေးမိသည်။


"တကယ်လို့ တအားအေးတယ်ဆိုရင်လည်း  ငါနဲ့တစ်စောင်ထဲ လာမအိပ်နဲ့လေ နံစော်ကောင် မင်းသန့်ရှင်းရေးလုပ်ဖို့လိုနေပြီ…”


လော့ဖေးမှာ ငယ်ငယ်လေးကတည်းက  အိပ်‌နေချိန်‌တွင်ကန်တတ်ပြီး  စက်ဝိုင်းပုံပင်လှည့်တတ်သည့် အကျင့်ရှိသောကြောင့် လော့ယိနှင့် တစ်စောင်ထဲ အတူမအိပ်ချင်ခဲ့ပေ။ သူ့ယခင်ကမ္ဘာမှာဆိုလျှင် သူတစ်ယောက်ထဲသာ အိပ်တတ်သည်။ ယခု သူက ညီအစ်ကိုသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့်အတွက် အမြဲ အတူရှိနေတတ်ကြသည်။ လော့ယိ၏စောင်ပေါ်တွင် လော့ယိအန်ချထားသောကြောင့် လျှော်ဖွတ် လှန်းထားခဲ့ရပြီး ယခုသူ့တွင် ခြုံစရာစောင်မရှိပေ။ 


" အဲဒါကြောင့် အစောကြီးကတည်းက အဲ့ခွက်လေးက ဘာအတွက်သုံးဖို့ဆိုတာကို ကြိုပြောခဲ့ပါလား…” 


"ဘယ်သူက ငါ့ကိုမမေးဘဲ‌ မင်းကိုယူခွင့်ပြုလို့လဲ…” 


ပုံမှန်အားဖြင့် အသုံးပြုရအဆင်ပြေ၍ သူကိုယ်နှင့်မကွာ ဆောင်လေ့ရှိသော်လည်း ယနေ့မှ စားပွဲပေါ်တွင်ပြုတ်ကျနေသည်ကို မေ့ကျန်ခဲ့ခြင်းဖြစ်သည်။


"ငါက…

ငါကဒီအတိုင်း သုံးပြီးရင် ပြန်ဆေးပေးထားမလို့ တွေးနေတာ…” 


လော့ယိမှာလည်း နောင်တရနေလေပြီ။ 


အဲ့လောက်အနုစိတ်တဲ့ ပစ္စည်းက *တင်ပါးကုတ်တံ* လို့ဘယ်သူကထင်မှာလဲ…(ဒီမှာကျ တုတ်တံဖြစ်သွားပြန်ပြီ)


သူ ပြန်တွေးမိပြီး ငိုချင်လာပေသည်။ သူပြောလိုက်သည့် အချိန်တွင် ပြန်အန်ထွက်ချင်မိသွားသည်။ 


"အော့…”


"ငါ့စောင်ပေါ်မှာပါလာမအန်နဲ့လေ…” 


တစ်ယောက်ကို စောင်တစ်ထည်စီ ရှိတာကောင်းတယ် တစ်ယောက်က စောင်ပေါ်မှာအန်ချလိုက်ရင်တောင်  နှစ်ယောက်တစ်ထည် ခြုံလို့ရသေးတယ်…

နောက်တစ်ထည်ပေါ်မှာပါ ထပ်အန်ချရင်တော့ သုံးယောက်ထဲက တစ်ယောက်က  အေးပြီးရေခဲရိုက်ခံရတော့မှာ…


လော့ဖေးတွေးလိုက်မိသည်။


"စစ်ပေါင် ဒီကိုလာ မင်းရဲ့ဒုတိယအစ်ကိုနဲ့ တိုးဝှေ့မနေဘဲ အစ်ကိုအကြီးဆုံးနဲ့လာအိပ် လာ မင်းရဲ့ဒုတိယအစ်ကိုက မနက်ဖြန်စောစောထရမှာ သူနောက်ကျမှ အိပ်လို့မရဘူး…” 


လော့ကျီးမှာ လော့ဖေး၏ အတွေးများကို နားလည်သလို ခံစားလိုက်ရသည်။ ဆန့်ကျင်ဘက်လဲ ဖြစ်နိုင်သည်။  အစတွင် ကျန့်ယန်ဖန်းမှာ သူ့နှလုံးသားကို နေရာယူထားသော်လည်း ဘယ်လိုပဲဖြစ်ဖြစ် သူ့အပေါ်ကောင်းသည့်သူမှာ ရှီယန်ချင်းဖြစ်သည်။ သူ့စိတ်ထဲတွင် ကူရာကယ်ရာမဲ့နေသောကြောင့် အိမ်မပျော်‌သေးခြင်း ဖြစ်နိုင်သည်။ လော့ဖေးပျော်နေသည်မှာ အမှန်ပင်။ သူ့ဒုတိယညီမှာ  ရှီယန်ချင်းပေးသည့် ချည်လုံးများကို အတော်သဘောကျပုံရသည်။ သို့ရာတွင် ထိုချည်လုံးများကိုပေးသူမှာ ရှီယန်ချင်းဖြစ်သောကြောင့် ဝေခွဲရခက်နေပုံပင်။ 


လော့ကျီးမှာ လော့ဖေးကို နားလည်သည်ဟု‌ ပြော၍ရသော်လဲ ယခုအခါတွင် အပြည့်အဝနားလည်ခြင်းမဟုတ်ပေ။ လော့ဖေး၌ ကျန့်ယန်ဖန်းအား စိတ်ပူနေရန် အချိန်မရှိသည့်အပြင် သူ့အကြောင်းစဉ်းစားဖို့ပင်လျှင် မဖြစ်နိုင်ချေ။ သူ့အကြောင်းတွေးခြင်းက သူ့ကိုကြိုး(သတ်)ပေးသည်နှင့် တူသည်။ ယခု သူဝေခွဲမရဖြစ်နေသည်မှာ အဓိကက ဘာကြောင့်လဲဆိုသည်ကို နားမလည်၍ဖြစ်သည်။ သူတို့နှစ်ယောက်  ထိမ်းမြားမည်ဆိုသည့် အချက်တစ်ခုကြောင့်အတွက်တော့ ရှီယန်ချင်းသည် သူ့အပေါ် အသေးစိတ်ဂရုစိုက်ခြင်း မဖြစ်နိုင်။


ဒါမှမဟုတ် ဒီလူ သူ့မိသားစုကို ထောက်ပံ့ဖို့ ငါ့ရဲ့ချည်ပန်းထိုးတဲ့ အရည်အချင်းကို အားကိုးချင်နေတာလား…

ဟုတ်လောက်တယ်… အဲ့လိုဖြစ်လောက်တယ်…


သူ ဘာကြောင့်လဲဆိုသည်ကို သိသွားပြီးနောက် အဝတ်အိတ်အား ဘေးကိုချကာ မျက်စိမှိတ် စိတ်ကိုရှင်းပြီး ခဏအကြာ အိပ်ပျော်သွားတော့သည်။ 


တဖက်တွင် ရှီယန်ချင်းမှာ  ဤအချိန်အထိ  ပစ္စည်းများကို နေရာချနေဆဲဖြစ်သည်။ အနီရောင်အဝတ်စဖြင့် သေသပ်စွာထုပ်ပိုးထားသော  သူဝယ်လာသည့် လက်ဆောင်များအား ပြန်စီနေပြန်သည်။ ပြီးလျှင် ဗြောက်အိုးများကို ဖြည်ချပြီး ခြောက်သွေ့သောနေရာတွင် ချထားသည်။ မနက်ဖြန် တင်တောင်းဖို့မသွားခင် ရိုးရာဓလေ့အတိုင်း လိုက်နာဖို့ဖြစ်သည်။ ဗြောက်အိုးဖောက်ခြင်းဓလေ့သည်  ရွာထဲ၌ရှိသည့်လူများ အားလုံးကို သူတို့၏ ထိမ်းမြားလက်ထပ်ခြင်းအကြောင်း သိစေရန်ဖြစ်သည်။ ထိုသို့ဖြင့် လော့ဖေးမှာ ဘယ်ကိုမျှ ထွက်ပြေးလို့ရမည် မဟုတ်ချေ။ တွေးကြည့်ရုံနှင့်ပင်  အလွန်ပျော်မိသည်။ 


များပြားလှသည့်  ပစ္စည်းများကြား  သူ့ဆီမရှိသည့်အရာမှာ တစ်ခုထဲဖြစ်သည်။ ဤမျှ ပစ္စည်းများ အားလုံးအား သူ့အိမ်မှ တစ်ခေါက်ထဲနှင့် မသယ်နိုင်ပေ။ ထို့ကြောင့် ပုံမှန်ဆိုလျှင်  မိသားစုဝင်များမှ ကူညီပေးရမည်ဖြစ်သော်လည်း ယခု သူ့မိသားစုဝင်များ မရှိသောကြောင့် ဆွေမျိုးနှင့်သူငယ်ချင်းများအား အကူအညီတောင်းရတော့မည်။ ဟွဖျင်ရွာ၌ ဆွေမျိုးနီးစပ်မရှိသောကြောင့်  သူငယ်ချင်းများကိုသာ အကူအညီတောင်းရမည် ဖြစ်သည်။ 


မနက်စောစောဖြစ်သည့်အတွက် လော့မိသားစုအား အကူအညီတောင်းဖို့ရန် မသင့်သောကြောင့် ဟန်ယန်အား မနက်ဖြန်လာကူညီ‌ပေးဖို့  သွားမေးကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ ကံအားလျော်စွာ သူပြန်ရောက်ပြီးနောက်  ထိုသူများထံသို့ သွားရောက်နှုတ်ဆက်ထားသောကြောင့် ယခုတစ်ခေါက် အကူအညီတောင်းရန် နေရသိပ်မခက်ပေ။ 


ရှီယန်ချင်းမသိခဲ့သည်မှာ လော့ကျီးမှ ဟန်မိသားစုအား အကူအညီတောင်းထားပြီးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဟန်ယန်အား နှုတ်ဆက်ပြီး ဟန်ယန်မှလည်း မနက်ဖြန် ရှီယန်ချင်းအား မနက်အစောလာကူညီမည်ဟု ကတိပေးလိုက်သည်။ နောက်တစ်ရက်  နေစတင်ထွက်လာချိန်၌ ရှီယန်ချင်းမှာ ပစ္စည်းများအား သေသပ်စွာ အစီအစဉ်တကျစီပြီးနောက်  ဟန်ယန့်အိမ်အတွက်လည်း မုန့်များဝယ်ယူခဲ့သည်။ 


“ဟန်ယန်အစ်ကို အိမ်မှာရှိလား…”


“ရှီညီလေး… အခုထွက်လာပြီ…” 


ရှီယန်ချင်းအိမ်သို့ သွားဖို့ရန် နွားလှည်းပြင်နေသည့် ဟန်ယန်မှ ထွက်လာပြီးဖြေသည်။ သူက ရှီ ယန်ချင်း၏ပုခုံးအား ခပ်ပြင်းပြင်းပုတ်ကာ 


“လူရှုပ်ကလေး ဒီရက်တွေထဲ မင်းကိုတွေ့ရဖို့ ခဲယဉ်းသလောက် ငါ့အကူအညီလိုတော့ ချက်ချင်းကို ရောက်လာတာပဲ…”


“ဒီလိုအချိန်မှ မမြန်ရင် ဘယ်အချိန်မြန်မလဲဗျာ…” 


ရှီယန်ချင်းမှ နောက်လိုက်သည်။


 â€œá€Ÿá€Żá€á€şá€žá€Źá€¸ မရီးရောဘာလုပ်နေလဲ…”


“ကလေးတွေကို ကြည့်ပေးနေတယ်…

အရင်ဝင်လာခဲ့လေ ငါအခုထိ နွားလှည်းပြင်လို့မပြီးသေးဘူး…” 


ဟန်ယန်မှအိမ်ရှေ့သို့အော်ပြောလိုက်သည်။


 â€œá€œá€„á€şá€œá€„á€şâ€Ś အိမ်ကို ဘယ်သူရောက်လာလဲ ထွက်ကြည့်ပါအုံး…” 


လင်လင်မှာ ဟန်ယန့်ဇနီး၏ ချစ်စနိုးနာမည်ဖြစ်သည်။ 


“မင်းအရင်တစ်ခေါက် အမေ့အိမ်ပြန်တုန်းကမလို့  မတွေ့လိုက်ရတာ ဒီနေ့တော့ သူနဲ့တွေ့လို့ရပြီ…” 


“ကျွန်မသူ့အသံကြားလိုက်တယ်…

မောင်လေးရှီမလား…” 


မူလင်မှာ နှစ်နှစ်အရွယ်ကလေးလေးအား ချီလာ၍ ပြုံးပြီးပြောသည်။ 


“ကျွမ်းကျွမ်း ဦးလေးကို နှုတ်ဆက်လိုက်…”


“ဝက်ကြီး…” 


(T/N: zhu-pigနဲ့ shu-Uncleကို ကလေးကစကားမပီသေးလို့မှားခေါ်တာပါ><)


“ဝက်မဟုတ်ဘူး ဦးလေး…”


“ဝက်ကြီး…”


“ကောင်စုတ်ကလေး…

 á€žá€˝á€Źá€¸á€á€˝á€ąá€á€ąá€Źá€„် အစုံမထွက်သေးဘဲ လူတွေကို ဘယ်လိုဆဲရေးရမလဲ သိနေပြီ…” 


ရှီယန်ချင်းမှာ ပေါက်စီလုံးနှင့်တူသော ကလေးလေးအား စလျက် သူဝယ်လာသည့်မုန့်များအား လှမ်းပေးသည်။ 


“မရီး ယူလာစရာဘာမှမရှိလို့ ဒီမုန့်တွေကို ကလေးတွေဖို့သိမ်းထားလိုက်ပါ…”


“မောင်လေး မင်းလာချင်ရင် ဒီအတိုင်းလာစမ်းပါ ဘာလို့တအား ယဉ်ကျေးနေတာလဲ…

အရင်တစ်ခေါက်ကလဲ မုန့်တွေယူလာသေးတယ်မလား…” 


ကလေးကတည်းမှ အတူကြီးပြင်းခဲ့ကြသူများဖြစ်သည်။ ယခင်တုန်းက ရှီယွိမထွက်သွားခင် ဟန်ယန်သည် မူလင်နှင့်လက်ထပ်ပြီးဖြစ်၍ မူလင်မှာ ရှီရှီနှင့် အနည်းငယ်ရင်းနှီးသည်။ 


“ကျွန်တော်သာ ယဉ်ကျေးချင်ရင် အကူအညီတောင် လာမတောင်းပါဘူးဗျာ…” 


ရှီယန်ချင်းမှာ လက်ကိုင်ကိုယူ၍  ကြိုးအား ဟန်ယန့်ဆီပေးလိုက်သည်။ 


“မနေ့က လော့ကျီးပြောတာ ကြားတာ မင်းနွားတစ်ကောင် ဝယ်ချင်လို့ဆို…” 


ဟန်ယန်မှမေးသည်။ 


“အာ ဟုတ်သား အစ်ကို့မှာ အချိန်ရှိရင် ကျွန်တော့်ကို နည်းနည်းစုံစမ်းပေးပါအုံး…”

 

“ရတာပေါ့ ငါဒီနေ့ ပြန်ရောက်ရင် ငါ့ဦးလေးဆီသွားပြီး မေးထားပေးမယ် သူက အဲ့လိုကိစ္စတွေနဲ့ ပက်သက်ရင်ပိုသိတယ်…” 


ဟန်ယန်က လက်ကိုင်ကြိုးမှ အထုံးကို တင်းတင်းချည်လိုက်ရင်း ပြောသည်။


 â€œá€›á€žá€Žá€Šá€Žá€œá€ąá€¸ တံခါးဖွင့်လိုက် ငါလှည်းကို မောင်းထွက်လာခဲ့မယ်…”


“ဟုတ်ကဲ့”


ရှီယန်ချင်း တံခါးကိုဖွင့်၍ ဘေးသို့ဖယ်လိုက်သည်။ ထိုအချိန်တွင် မမျှော်လင့်ဘဲ အဝေးက တစ်ယောက်ယောက် လှမ်းမေးသံကြားရသည်။


 â€œá€Ÿá€ąá€ˇ ဟန်ယန် ဒီလောက်အစောကြီး ဘယ်သွားမလို့လဲ…” 


၎င်းအသံ၌ပင် အတင်းအဖျင်းသတင်း၏ အရိပ်အမြွက်ကိုရနေသည်။ ကျန့်ယန်ဖန်း၏ နားပူသည့် အမျိုးသမီးကြီးမှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။


ကျန်းအိမ်တော်နှင့် ဟန်အိမ်တော်မှာ ရင်းနှီးသည့်အပြင် အိမ်တော်နှစ်ခုကြား နံရံနှစ်ခုသာ ခြားထားသည်။ ထို့ကြောင့် ချင်ကွေ့ကျစ် ရေသွန်ရန် ထွက်လာချိန်၌ ဟန်ယန့်၏လှည်းကို မြင်သွားခြင်းဖြစ်သည်။ သူမမှာ ကျန်းပိုင်နင် ယမန်နေ့ကပြောသည့် လော့ဖေးတစ်ယောက် လှည်းငှါးဖို့ရန် ဟန်အိမ်တော်သို့ လာခဲ့ကြောင်းအား သတိရသွားသည်။ ဟန်အိမ်တော်မှ  ဒီနေ့မှသာ ငှါးလို့ရမည်ဟု ပြောခဲ့သည်။ 


ငှါးရမ်းသည်က မထူးဆန်းသော်လည်း ဘာကြောင့် ရှီအိမ်တော်မှလူ ဖြစ်နေရသနည်း…


“ဒီနေ့ ရှီအိမ်တော်ကဒီလူက လော့အိမ်တော်ကို သွားရောက်တင်တောင်းမလို့ ကျွန်တော်က လိုက်ကူညီတာ…”


ဟန်ယန်နှင့် ဟန်ရှုတို့မှာ ညီအစ်ကိုများဖြစ်သော်လည်း သူတို့နှစ်ယောက်မှာ အလွန်ကွဲပြားကြသည်။ ဟန်ရှုမှာ ဇဝနဥာဏ်ပြေးသူဖြစ်ပြီး ဟန်ယန်မှာတော့ ဆန့်ကျင်ဘက်အနေဖြင့် အတွေးသိပ်မထားသူ ဖြစ်သည်။ ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်ဆိုသည် မရှိဘဲ ပင်ကိုအားဖြင့် မကောင်းသူမရှိဘူးဟု ယူဆထားသူဖြစ်သည်။ သူထင်မိသည်မှာ ချင်ကွေ့ကျစ်မှာ ဒီအတိုင်းသိလို၍ မေးခြင်းဖြစ်သည်ဟု ထင်လိုက်ခြင်းဖြစ်သည်။ ရှီယန်ချင်းအတွက် သတင်းကောင်းလဲဖြစ်သည့်အတွက် ပြောဖို့မသင့်တော်သည်ကို မတွေးမိဘဲ ပြုံး၍ဖြေလိုက်သည်။ 


“လော့အိမ်တော်ကို တင်တောင်းဖို့သွားမယ်…”


 á€á€ťá€„်ကွ္အကဝစ်မသဏ မျက်မှောင်ကြုတ်၍ပြောသည်။ သူမက လက်ထဲမှရေပုံးကိုချကာ ကောင်းစေချင်သည့် မျက်နှာအမူအရာကိုဆင်၍ ရှီယန်ချင်းဘေးသို့ ခြေလှမ်းမြန်မြန်ဖြင့် ရောက်သွားသည်။


“ဟေး ရှီအိမ်ကကောင်လေး နင်သေချာစဉ်းစားအုံး နင်တို့အိမ်တော်ရဲ့ မျိုးဆက်က နင်ပဲကျန်တော့တာ နင့်မိဘတွေကို နောင်တရစေမယ့်အလုပ်မျိုး လုပ်လို့မရဘူး…” 


“ကျွန်တော်က တင်တောင်းဖို့ပဲသွားတာ အဲ့ဒါဘာလို့ ကျွန်တော့်မိဘတွေကို စွန့်ပစ်ရမှာလဲ…”


“နင့်မိဘတွေကို နင်မစွန့်ပစ်ဖူးတဲ့လား…

ရှီအိမ်တော်ကို မျိုးဆက်မရှိဘဲ ထားခဲ့မလို့လား…”


“ဒါက အဲ့လောက်အထိမလိုဘူးလေ ဒေါ်လေးချင် ဘာကို ပြောချင်နေတာလဲ…” 


ဟန်ယန်မှာ ချင်ကွေ့ကျစ်ပြောသည်များကို  ကြားရသည်မှာ အဆင်မပြေ၍ မျက်မှောင်ကြုတ်လျက်  ပြောသည်။ တင်တောင်းဖို့ရန် သွားနေသည့် ရှီယန်ချင်းအား သူတို့မိသားစု၏ အဆုံးသတ်ကို လာပြောနေသည်။ 


“ဘာလို့မလိုရမှာလဲ…” 


ချင်ကွေ့ကျစ် သူမခါးကိုထောက်လ်ိုက်သည်မှာ ဘောကွင်းကဲ့သို့ဖြစ်နေသည်။ ထိုအဆီများသည် လော့အိမ်တော်ရဲ့ ရေလှောင်ကန်နှင့်ပင် တူသည်။


“ငါပြောတာလွန်တယ်မထင်နဲ့ နင်ကောင်းဖို့အတွက် ပြောနေတာ…

နင်ကဒီမှာ နှစ်အတော်ကြာမရှိခဲ့လို့ မသိလောက်ပေမယ့်  လော့ဖေး အဲ့ကလေးရဲ့ လက်က မက်မွန်ပွင့်ရဲ့အရောင်က တအားဖျော့တယ် …

ဒါသေချာပေါက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး …

နင်သူ့ကို လက်ထပ်မယ်ဆိုရင် သေချာပေါက် ကလေးရနိုင်မှာမဟုတ်ဘူး …

အဲ့ဒါက နင်တို့အိမ်တော်မျိုးဆက်ရဲ့ အဆုံးသတ်မဟုတ်ဘူးလား…” 


“ဒေါ်လေးချင် သူများကိစ္စကို အရမ်းစိတ်ပူလွန်းနေပြီ မဟုတ်ဘူးလား…

ကျွန်တော့်အိမ်တော်က မိသားစုအတွင်းရေးကို ဒေါ်လေးတို့အိမ်တော် ဝင်ပါစရာမလိုဘူးထင်တယ်…” 


ရှီယန်ချင်းက သရော်၍ပြောလိုက်သည်။ 


“နင်…

လူကြီးကအကောင်းနဲ့ပြောတာကို မနာခံတတ်ဘူးပဲ…” 


ချင်ကွေ့ကျစ်မှာ သူမသား လော့အိမ်တော်၌ ဖိနှိပ်ခံခဲ့ရသည်ကို တွေးမိတိုင်း သေမလောက် ဒေါသထွက်ရသည်။ သို့သော်လဲ လော့အိမ်တော်အား သွား၍ရန်မစရဲသောကြောင့် ရှီယန်ချင်း တင်တောင်းဖို့သွားသည်ကို မြင်သောအခါ သူမသားအတွက် ပြန်လည်ဖြည့်ဆည်းပေးရန် အခွင့်အရေးယူချင်ခဲ့သည်။ 


“အဲ့လော့ဖေးဆိုတဲ့ကောင်က  ဥမဥနိုင်တဲ့ကြက်မကြီးနဲ့ အတူတူပဲ…

နင်သူ့ကိုလက်ထပ်ရင် အနှေးနဲ့အမြန် နောင်တရလိမ့်မယ်…” 


ရာရာစစသူ့သားပေါ်ကို ရေညစ်တွေနဲ့ လောင်းချတဲ့ကောင် ဘယ်တော့မှ လက်ထပ်ခွင့်မရရင် အကောင်းဆုံးပဲ…


ချင်ကွေ့ကျစ်စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။ 


“ဒေါ်လေးချင် ဘာတွေပြောနေတာလဲ…

ကျွန်တော်တို့ရဲ့လော့ဖေးက လူသားစစ်စစ် အဲ့တာကြောင့် ဥမဥနိုင်တာ သေချာပေါက်ပဲ …

ဒေါ်လေးတို့အိမ်တော်ကပဲ ကြက်တွေနဲ့ ပြည့်နေတာ အဲ့တာကြောင့် ဥတွေဥနိုင်ကြမှာလေ…

ဟိုခွေးကောင် ကျန့်ယန်ဖန်းလိုမျိုး… “ 


ရှီယန်ချင်းမှာ ချိုချိုသာသာလေးပြုံးပြ၍ ပြောလိုက်သည်။ ဤကဲ့သို့ စိတ်ရှုပ်စရာများနှင့် ဆက်မရှင်းချင်တော့၍ ဟန်ယန်ဆီသို့သွားကာ  မြန်မြန်ထွက်ဖို့ပြင်လိုက်သည်။ 


(T/N: ဥကို တရုတ်လို danလို့ ပြောတာဖြစ်ပြီး ခွေးကောင်ဆိုတဲ့စကားကို hun danလို့ ခေါ်ပါတယ် ယန်ချင်းက ချင်အိမ်တော်က ဥတဲ့ဥက ကျန့်ယန်ဖန်းဆိုတဲ့ ခွေးကောင်လေဆိုပြီး လှလှလေးဖဲ့လိုက်တာပါ😆) 


“နင်…” 


ချင်ကွေ့ကျစ်မှာ ခြေကို မြေကြီးပေါ်ဆောင့်ချ၍ အော်လိုက်သည်။ 


“အေး ပြီးတာပဲ ရှီခွေးကောင်…"



🙇‍♂️🙇‍♂️