Ch 16
Viewers 4k

🙇‍♂️Chapter 16




ထိုစကားအား လော့ဖေးမကြားလိုက်ပေ။ ရှီယန်ချင်းပေးသည့် ဘီးအားယူ၍  လှန်ကြည့်လိုက်သည်။ ဘီးအပေါ်တွင် တီးလားဘီးယားငါးပုံ ထွင်းထားသည်။

 

(T/N: tilapiaငါးကို Luo Feiငါးလို့ ခေါ်တာပါ အဲ့ဒါကြောင့် ဘီးပေါ်မှာ လော့ဖေးငါးကို ထွင်းထားတယ်လို့ပြောချင်တာပါ)


ဒါက တိုက်ဆိုင်တာလား မဟုတ်ရင် အကွက်ချထားတာလား…


လော့ဖေး မတွေးတတ်တော့ပေ။ သိပ်ပင်မကြာ သူ၏စိတ်သည် လှည်းပေါ်မှ လက်ဆောင်များထံ ပြန်ရောက်သွားသည်။


ဝက်သား…

 á€€á€źá€€á€şá€žá€Źá€¸á€”ဲအငဍးတွ္ပဍပဍတယ်‌

လော့ဖေးစိတ်ထဲမှ တွေးလိုက်မိသည်။


လော့ဖေးမှာ ဘီးအား ဘေးသို့ချလိုက်ပြီး သူ့အကြည့်များသည် လက်ဆောင်များနှင့် လူအုပ်ထံ တစ်လှည့်စီကူးနေသည်။ တကယ်တော့ သူသည် လာရောက်ကြည့်ရှုသူများကို စိတ်ပင်မဝင်စားချေ။ သို့သော် လော့ဖေးမှာ ယခု ထိုဝက်သားများဆီသွားပြီး အကုန်မျိုချချင်နေသည့်စိတ်အား မျက်နှာအမူအရာတွင်မပေါ်စေရန် ကြိုးစားနေရသည်။


ရှီယန်ချင်း…ရှီယန်ချင်း…

ဒီလူက ဒီလိုပစ္စည်းတွေ ဝယ်တဲ့နေရာမှာ ဘာလို့တော်နေတာလဲ…


လော့ဖေးတွေးလိုက်မိသည်။


လော့ဖေးမှာ အသားများအား ရဲရဲစိုက်မကြည့်ရဲဘဲ လက်ဆောင်များအားလုံးကို ဟိုကြည့်ဒီကြည့် လုပ်နေသည်။ ရုတ်တရက် တံခါးဆီသို့ အကြည့်ရောက်သွားသော် တံခါးအပြင်ဘက်ထောင့်၌ ဤနေရာတွင် မရှိနေသင့်သူတဦးအား တွေ့လိုက်ရသည် — ကျန့်ယန်ဖန်း။


ကျန့်ယန်ဖန်းမှာ ယနေ့တွင် ရှီယန်ချင်း သွားရောက်တင်တောင်းမည် ဖြစ်ကြောင်း သူ့အမေဆီမှ သိရသည်။ အစပိုင်းတွင် လော့ဖေးမိသားစုနှင့် သူသည် ဘာမှမဆိုင်တော့သောကြောင့် ဂရုမစိုက်သော်လည်း စိတ်ထဲတွင်မကောင်းပေ။ ထို့ကြောင့်ဘာမှမတွေးဘဲ ထွက်လာရင်း ရောက်လာခြင်းဖြစ်သည်။ 


သူလော့ဖေးကို မြင်သောအခါ ဘေးမှ ရှန်ယန်ချင်းကိုလည်း မြင်သည် ပြီးလျှင် လော့ဖေး ထိုသူအား ကြည့်နေသော အမူအရာကိုလည်း မြင်နေရသည်။ ထိုအကြည့်တွင် လော့ဖေး၏စိတ်ထဲတွင် ရှီယန်ချင်းသည် မည်မျှနေရာယူနေကြောင်းကို ရှင်းရှင်းလင်းလင်းတွေ့နိုင်သည်။


မနာလိုခြင်းသည် ကျန့်ယန်ဖင်း၏ နှလုံးသားထဲ၌ ပြည့်နှက်လာခဲ့သည်။ လော့ဖေးအပေါ် ခံစားချက်များ ကျန်နေသေးသည်ကိုလည်း သူ့ကိုယ်သူအံ့ဩမိသည်။

 

အကယ်၍ အိမ်ကသာ မကန့်ကွက်ခဲ့လျှင် သူ လော့ဖေးကိုသာ လက်ထပ်ခဲ့မည်ဖြစ်သည်။ တကယ်တော့ လော့ဖေးမှာ ကျန်းပိုင်နင်နှင့်ယှဉ်လျှင် အများကြီးပိုလှသည်။ အထူးသဖြင့် ယနေ့ မြင်နေရသည့်လော့ဖေးမှာ ပန်းချီကားထဲမှ ခုန်ထွက်လာသည့်အလားပင် ကြည်လင်၍ လှသွေးဖြာနေသည်။ မတူသည်မှာ လော့ဖေး၏စိတ်သည် ကျန်းပိုင်နင်ထက်ပို၍  နူးညံ့ညင်သာသည်။ ဘာပဲဖြစ်ဖြစ် ယခုမှ နောင်တရသော်လည်း နောက်ကျသွားပြီပင်။ 


အစကတည်းက လော့ဖေးနှင့်အတူရှိရန်  မရမက တောင်းဆိုခဲ့သင့်သည်။ ထိုမှသာ အကယ်၍ လော့ဖေးမှာ ကလေးမမွေးနိုင်သော်လည်း အနည်းဆုံး ယခုကဲ့သို့ သူနှင့်အတူမရှိနိုင်တော့သည်အထိ အရာအားလုံး နောက်ကျသွားမည်မဟုတ်ချေ။


ရုတ်တရက် ကျန့်ယန်ဖင်း၏ နောင်တများမှာ  သူ့အားဒေါသူပုန် ထသွားစေသည်။ အထူးသဖြင့် ရှီယန်ချင်း တစ်ခုခုလုပ်ရန် ကြိုးစားနေပြီး မအောင်မြင်ဖြစ်သွားသည်က လော့ဖေးအပြုံးအား ယူဆောင်လာခြင်းကို မြင်ပြီး ပိုဆိုးသွားစေသည်။ 


တစ်ယောက်ယောက် ခြံထဲကထွက်လာပြီး လာမေးလေသည်။


“ကျန့်ယန်ဖင်း…

 á€™á€„á€şá€¸á€€á€˜á€Źá€œá€­á€Żá€ˇ ဒီကို ရောက်နေတာလဲ…”


ကျန့်ယန်ဖင်း၏ မျက်လုံးများမှာ ခံရခက်စွာ တုန်လှုပ်သွားသည်။ မသိစိတ်၏အလိုအရ လော့အိမ်တော်နှင့် ဆန့်ကျင်ဘက်သို့ လျှောက်လာကာ ပြောလိုက်သည်။


“ဒီအတိုင်းဖြတ်သွားတာ…”


ထိုသူမှာ သေချာပေါက်မယုံ​ကြည်ပေ။ ပုံမှန်အားဖြင့် တက်ကြွနေသည့် ကျန့်ယန်ဖင်းမှာ “ဒီအတိုင်းဖြတ်သွား” ခြင်းကို တစ်ခါမျှ မမြင်ဖူးချေ။ 


“ဘာလို့ အထဲကိုဝင်ပြီး မထိုင်တာလဲ… 

လော့သခင်လေးက အဲ့လောက် တွန့်တိုတဲ့လူ မဟုတ်ပါဘူး…

မင်းဝင်လာရင် မင်းကို နှုတ်ဆက်မှာပါ…”


ကျန့်ယန်ဖန်းမှာ မျက်မှောင်ကြုတ်၍


“ဒီအတိုင်း ဖြတ်သွားတာပါဆိုနေ…

ပြီးတော့ အစ်ကိုယွင်ကျယ်လည်း သိပါတယ် အာ့ပေါင်က ကျွန်တော့်ဖို့ ဖြစ်… 

ထားလိုက်ပါ…အခုပြောနေတော့ရော ဘာထူးမှာမလို့လဲ…”


ချန်ယွင်ကျယ်မှာ နှာမှုတ်လိုက်ပြီး 


“မင်းကို သနားဖို့ကောင်းတယ်လို့ တွေးမိသွားတာ…

အကျိုးအမြတ်ကိုလည်းမမြင် ကိုယ်ကျင့်သိက္ခာကိုလည်း မေ့နေခဲ့ရင် ရှီယန်ချင်းက ဒီလို ကောင်းချီးမင်္ဂလာလေးကို ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ… ငါတော့ မင်း အခုအထိ လော့ဖေးအပေါ် ဘာခံစားချက်မှ မရှိတော့ဘူးဆိုတာကို မယုံဘူး…

ဒီလောက်လှတဲ့ကောင်လေးကို မင်းဘယ်လိုများ လက်ထပ်ပြီး အိမ်မခေါ်သွားချင်ခဲ့တာလဲ…”


“ကျွန်တော့်မှာ ပိုင်နင်ရှိပြီးသား…

ပြီးတော့ နောက်ဆို ဒီလိုနေရခက်တဲ့ ကိစ္စတွေကို မပြောဖို့ မျှော်လင့်ပါတယ် အစ်ကိုယွင်ကျယ်…”


ကျန့်ယန်ဖန်းမှာ စကားစသတ်ကာ တစ်ယောက်ယောက်မြင်သွားမည်ကို စိုးသည့်အလား အလျင်အမြန်ပင် လှည့်ထွက်လာခဲ့သည်။


“ထွီ… 

သူမဟုတ်ချင်ယောင် ဆောင်နေတယ်…”


ချန်ယွင်ကျယ်မှာ ကျန့်ယန်ဖန်း ထွက်သွားသည့် နေရာအား တံထွေးဖြင့်ထွေးကာ ပေါက်တူးအား ပုခုံးပေါ်သို့ ထမ်းလိုက်သည်။ သူ့မျက်လုံးထဲတွင် ကျန့်ယန်ဖန်းသည် ရွံစရာအကောင်းဆုံး ဖြစ်သည်။ 


ဒီကိစ္စ တစ်ခုလုံးကို စိတ်ကုန်နေတာ မဟုတ်ဘူးလား…

သူက ဘာတွေများ ကောင်းနေလို့လဲ…

ဘာလို့ လူတွေ သူ့ကို အဲ့လောက် သဘောကျနေကြတာလဲ စဉ်းစားလို့ မရဘူး…


ယွင်ကျယ်တွေးလိုက်မိသည်။ 


သူ့အား ကလေးဘဝကတည်းက ထိုလူမည်သို့  အနိုင်ကျင့်ခဲ့သည်ကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။


“မင်းပြောတာ အမှန်ပဲလား…”


ချန်ယွင်ကျယ်မှာ စိတ်အနှောင့်အယှက် ဖြစ်သော်လည်း လမ်းဆက်လျှောက်လာရာ တစ်ယောက်ယောက်ပြောလိုက်သည်ကို နားစွန်နားဖျား ကြားလိုက်ခြင်းဖြစ်သည်။ ထိုလူမှာလည်း လော့ခြံဝင်းထဲမှ ထွက်လာပုံရပြီး သူ့ဘေးတွင် နောက်တစ်ဦးလည်းရှိသည်။ 


စောနက ပြောသူမှာ အလွန်အံ့ဩနေပုံရသည်။


ထို့နောက် သူက 


“ဒါဆို အဲဒီ့ ကျန်းပိုင်နင်က ကျန့်အိမ်တော်ကို လှည့်စားနေတာလား…”


“အိုက်ရား… အကျယ်ကြီး မပြောနဲ့လေ…”


ဟု ပြောလိုက်သူမှာ “ငါ့ကို သတ်ချင်နေတာလား” ဆိုသည့် အကြည့်ဖြစ်ကြည့်ပြီး ချန်ယွင်ကျယ်အား မြင်သွားသော် မတ်တပ်ရပ်နေရင်းဖြင့် အလုပ်များကာ ဘာမှ ထပ်မပြောတော့ပေ။


“ဒေါ်လေးကျိုး ဘာတွေ လျှို့လျှို့ဝှက်ဝှက်နဲ့ ပြောနေတာလဲ…”


ချန်ယွင်ကျယ် မေးလိုက်သည်။


“ဘာမှမဟုတ်ပါဘူးဟယ် ရှောင်ချန် ပျိုးသွားကြဲမလို့လား…”


“အာ ဟုတ်တယ် ကျွန်တော် မြေပြန်ပြင်ဖို့ သွားရအုံးမှာ…” 


ချန်ယွင်ကျယ်မှာ လိုချင်သည့်အဖြေ မရမှန်းသိသဖြင့် ပေါက်တူးအား ထမ်းကာ ထွက်လာခဲ့သည်။ 


“အဲဒီ့ ကျန်းပိုင်နင်က ကျန့်အိမ်တော်ကို လှည့်စားနေတာလား…” ဟူသည့် စကားမှာ သူ့ခေါင်းထဲ တဝဲလည်လည် ဖြစ်နေသည်။


သူက ဘာကိုလှည့်စားနေတာလဲ…


****


တင်တောင်းပွဲပြီးသွားသောအခါ ပုံမှန်ဆိုလျှင် ရှီယန်ချင်းအား လော့မိသားစုမှ ဝိုင်တစ်ခွက်လောက်သောက်ရန် ဖိတ်ခေါ်ရမည်ဖြစ်သော်လည်း ထိုအစား တောင်ပေါ်သွား ထင်းခုတ်ဖို့ရန် လှည်းငှါးနေကြသည်။ ထို့ကြောင့် ပွဲကို လာကြည့်ကြသူများ ပြန်သွားပြီးနောက် ရှီယန်ချင်းတစ်ယောက် လော့ထျန်းနှင့်အတူ ထင်းခုတ်သွားရန် အချိန်ရောက်လာသည်။ ဟန်ယန်မှာလည်း သူ့မိသားစုအတွက် တူအစုံရေအနည်းငယ်နှင့် ကလေးတွေအတွက် ခုံများ လုပ်ပေးချင်သောကြောင့် ယန်ချင်းတို့နှင့် အတူလိုက်ရန် ဆုံးဖြတ်လိုက်သည်။  ထင်းခုတ်ခြင်းမှာ လူများလေလေ ပိုကောင်းလေလေပင်။



လော့ဖေးမှာ အတူလိုက်ချင်သော်လည်း သူလုပ်ရမည့် တခြားကိစ္စများ ရှိသေးသည်။ လီယွဲ့ဟွားက သူ့အတွက် အလုပ်များ စီစဉ်ပြီးဖြစ်သည်။


ပုံမှန်အားဖြင့် ဓလေ့ထုံးစံအတိုင်းဆိုလျှင် ရှီယန်ချင်းမှာ တင်တောင်းလက်ဆောင်များနှင့်အတူ ပိတ်စနှင့် တခြားအထည်များအား ယူဆောင်လာရမည်ဖြစ်ပြီး ထိုမှသာ မင်္ဂလာဦးစောင်အား သတို့သမီးလောင်းဘက်မှ ခန်းဝင်ပစ္စည်းများနှင့်အတူ သတို့သားလောင်း၏အိမ်သို့ အမီ ထည့်ပေးနိုင်မည် ဖြစ်သည်။ နှစ်ဖက်မိသားစုမှာ မိမိတို့လုပ်စရာကိုယ်စီကို လုပ်ပြီးမှ မင်္ဂလာဆောင်အတွက် သင့်တော်သည့် မင်္ဂလာဦးစောင်အား ရမည်ဖြစ်သည်။ သို့သော် အဲဒီအချိန်တုန်းက ရှီယန်ချင်းနှင့် လော့ကျီးမှာ သယ်စရာ အလွန်များနေသောကြောင့် ပိတ်စများကို မဝယ်လိုက်နိုင်ပေ။ 


(T/N: ဒီမှာပြောတဲ့ မင်္ဂလာဦးစောင်ဆိုတာ ရိုးရာအရ ထိမ်းမြားကြရင် နှစ်ဖက်အိမ်များပူးပေါင်းပြီး ချုပ်ပေးရတဲ့ မင်္ဂလာဦးစောင်ထည်ပါ wedding quilt လို့ပြောထားတာကြောင့် မြန်မာမှာ ဒါမျိုးရိုးရာဆိုရင် စစ်ကိုင်းဘက်မှာဆင်တူတဲ့ သတို့သမီးဘက်က စောင်ထည် ရက်လုပ်ပေးရတဲ့ ရိုးရာရှိတာကြောင့် အနီးစပ်ဆုံး မင်္ဂလာဦးစောင်လို့ပဲ ဘာသာပြန်လိုက်ပါတယ် )


သူတို့ဘာလုပ်ကြမလဲ…


လီယွဲ့ဟွားက ကလေးတွေနှင့်အတူ ဒီကိစ္စအား သူမတာဝန်ယူရန် ဆုံးဖြတ်လိုက်သည်။ ဤပိတ်စပြဿနာမှာ ယောက်ျားသားများ စိတ်ပူရမည့် ဦးစားပေးကိစ္စ မဟုတ်သောကြောင့် လော့ထျန်းကိုလည်း မေးမနေတော့ပေ။ ထို့ကြောင့် လော့ထျန်း ထွက်ခွါရန် လှည်းသွားမယူမီ လီယွဲ့ဟွားက ပြောလိုက်သည်။


“ကျွန်မ အာ့ပေါင်ကို အဝတ်အစားနည်းနည်းဝယ်ဖို့ မြို့ထဲခဏ ခေါ်သွားလိုက်ဦးမယ်…

မင်္ဂလာဦးစောင်လည်း မလုပ်ရသေးတော့ မြန်မြန်လုပ်မှ ရတော့မယ်…”



“အေး အေး…”



လော့ထျန်းမှာ ပုံမှန်ဆိုလည်း ဤသို့ကိစ္စများကို ဘာမှထွေထွေထူးထူး မပြောပေ။ 



“စောစောသွားပြီး စောစောပြန်လာခဲ့…

လမ်းမှာလဲသတိထားသွားဦး…”


“ကျွန်တော် အဲဒီလိုနေရာတွေမှာ အသုံးမကျတာ အဒေါ့်ကို ဒုက္ခများစေမိပြီ…”


ရှီယန်ချင်းမှာ အဆင်ပြေသွားမည်ဟု တွေးထားခဲ့သော်လည်း ယခုအချိန်တွေ အမှားလုပ်ထားမိသကဲ့သို့ ခံစားနေရသည်။ 


ငါဘာလို့များ အဲ့နေ့က ပိတ်စနဲ့အထည်တွေကို ပိုက်ဆံမချေလိုက်မိတာပါလိမ့်… 

ကူညီဖို့ လူငှါးလိုက်လို့ ရတာကို…

အဲ့တာဆို အခုလို ကိစ္စတွေ နှောင့်နှေးကုန်တာထက်တော့ သာမှာ…


“ဘာကို ဒုက္ခများရမှာလဲ…

ဘယ်လိုပဲ လူကြီးလို့ပြောပြော မင်းမှာ ဘေးကနေကူညီပေးမယ့် မိသားစုမှမရှိတာ…

အခုလည်း အကောင်းဆုံး လုပ်ပေးထားတာပဲ တအားစိတ်မပူနေနဲ့… ဘာဒုက္ခမှ မများစေဘူး… 

ပြောမှပဲ မင်္ဂလာဝတ်စုံရော ပြီးပြီလား…”


ဤသည်မှ သူတို့အမြန်လုပ်ရမယ့် တခြားတစ်ခုဖြစ်သည်။


“ယန်ချင်းလာ… အထဲကိုဝင်ခဲ့…

အာ့ပေါင်ကို မင်းကိုယ်တိုင်းကို ပေးတိုင်းလိုက်…”


“သူက ကျွန်တော့်ဖို့ တိုင်းပေးမှာလား…”


ရှီယန်ချင်းမှာ မမျှော်လင့်ထားမိပေ။


“သေချာတာပေါ့… ဘာလဲ မကျေနပ်ဘူးလား…

ငါတို့အာ့ပေါင်က နည်းနည်းလေးတော့ အပျင်းကြီးပေမယ့် သူ့ချည်ပန်းထိုးလက်ရာက တကယ်ကောင်းတာ… 

ဒေါ်လေး လေလုံးထွားတာ မဟုတ်ဘူးနော် ဒေါ်လေးတို့ရွာမှာ သူ့လောက်တော်တဲ့လူ မရှိဘူး…”


လီယွဲ့ဟွားမှာ ရုတ်တရက် အော်လိုက်သည်။


“အာ့ပေါင်… ပေကြိုးသွားယူ သွား…”


“သိပါတယ် အမေကလည်း…”


ကောင်းရော… အဲ့လောက် လုပ်စရာအလုပ် အများကြီးထဲကမှ တာဝန်အကြီးဆုံး ရှီယန်ချင်းရဲ့ မင်္ဂလာဝတ်စုံကို ချုပ်ရမယ်တဲ့…

ဒါပေမယ့်လည်း ချည်ထိုးပန်းထိုးကို လေ့ကျင့်ချင်နေတာဆိုတော့ အတော်ပဲ မဟုတ်ရင် ချုပ်ပေးစရာလား…


“ခင်ဗျားကို လုပ်အားခ ပြန်တောင်းမှာနော်…”


လော့ဖေးမှာ ဟန်ပင်မဆောင်ပဲ ပြောသည်။


“ဒီအလိုလိုက်ထားလို့ ပျက်စီးနေတဲ့ကောင်လေး…”


လော့ဖေး ပြောပြီးပြီးချင်းပင် လီယွဲ့ဟွား၏အော်သံနှင့် “ဖတ်” ဆိုသည့်အသံ ပြိုင်တူထွက်လာပြီး လော့ဖေး၏ကျောတွင် စပ်ဖျင်းဖျင်းခံစားလိုက်ရသည်။ 


“ဘယ်အိမ်ကနေ လုပ်အားခတောင်းမလို့လဲ…

အဲဒါ နင့်ယောကျ်ားလေ… ကိုယ့်ယောက်ျ်ားဆီကနေ ပြန်ပြီး လုပ်အားခတောင်းမလို့လား… 

ဝက်ကမှ ပိုဦးနှောက်ရှိအုံးမယ်…”


“အိုက်ရား အမေရာ အဖေ့ဆီက ဒီလိုအကျင့်တွေ မသင်လာပါနဲ့လား…

နောက်တစ်ခါ ရိုက်ရင် နည်းနည်း ညင်ညင်သာသာလေးရိုက်…”


“ငါနင့်ကို ရိုက်တာ ပျော့တောင်ပျော့နေသေးတယ်…”


“သူက ကျွန်တော့် ကိုစနေတာပါ ဒေါ်လေးရဲ့… 

ဘာမှမဖြစ်ပါဘူး… ပြီးတော့ သူ့ကို အလကားလဲ လုပ်ခွင့်မပေးပါဘူး…”


ရှီယန်ချင်းမှာ တကယ် ပိုက်ဆံအား အိတ်ထဲမှထုတ်လျက် ပြောလိုက်သည်။


စုစုပေါင်း ငွေပြားနှစ်ပြားလောက်တော့ရှိလိမ့်မည်။ လော့ဖေးအား ထိုငွေကို လှမ်းပေးလိုက်သည်။


“အဝတ်အစားနဲ့ ချည်ထည်တွေ ဝယ်ဖို့တော့ လောက်လိမ့်မယ်… ပိုတာကို မင်းလိုချင်တာဝယ်ဖို့ သုံးလိုက်…”


“တကယ်လား…”


လော့ဖေး၏အသံမှာ အလွန်တက်ကြွနေ၏။ ဤပမာဏအား နည်းတယ်ဟု မတွေးနိုင်တော့ပေ။ အဆုံးမှာတော့ သိန်းသောင်းချီပမာဏသည် သူ့လို ပြည်သူတစ်ယောက်နှင့် မသက်ဆိုင်တော့ချေ။ ယခုအချိန်တွင် ငွေတစ်ပြား နှစ်ပြားလောက်ဆိုသည်မှာ လအနည်းငယ်စာ အသုံးစရိတ်လောက်ရှိသည့်အတွက် အလွန်များသည်ဟု ဆိုနိုင်သည်။


“မင်းက ငါ့ရဲ့ သတို့သားလောင်းလေ… လဝက်တောင်မကြာတော့မယ့်အချိန်မှာ လက်ထပ်ရတော့မယ့်သူ…မင်းအတွက် သုံးဖို့ ပိုက်ဆံထုတ်ပေးတာက လုပ်သင့်တာပဲလေ…”


ရှီယန်ချင်း မျက်ခုံးပင် တစ်ချက်မလှုပ်ဘဲ ပြောခြင်းဖြစ်သည်။ သူအမြဲတမ်း စိတ်ကူးယဉ်ထားသကဲ့သို့ သဘာဝကျပေသည်။


လော့ဖေး ငြင်းပင်မငြင်းနိုင်။ ရှီယန်ချင်း ပြုံးပြနေသည်ကိုမြင်ပြီး အနည်းငယ်ပင် နေရခက်လာသည်။ သူ့အားမကြည့်ဘဲ ပြန်ပြောလိုက်သည်။



“အဲ့ဒါဆို ကျွန်တော် အားမနာတော့ဘူးနော်…”


“ကိုယ်တိုင်ပိုက်ဆံရှာနိုင်ရင် ပြန်ဆပ်ပါ့မယ်” ဟု ထပ်ပြောချင်သော်လည်း ဘေးမှာရှိသည့်သူများကြောင့် ထုတ်မပြောရဲပေ။


လီယွဲ့ဟွားမှာ အခြောက်အခြမ်းများကို ထုပ်ပိုးပြီး လော့ထျန်းအတွက်တစ်ခု သူမကျောပေါ်တစ်ခု လွယ်လိုက်သည်။ လော့ရူနှင့် လော့ယိအား အိမ်ကိုသေချာစောင့်ရန် မှာပြီး သူတို့ အိမ်မှာ ချက်ထားသည်ကို စားနိုင်ရန် ညစာပါ ပြင်ပေးခဲ့သည်။ ထို့နောက် လော့ဖေးအားဆွဲကာ သွားဖို့ပြင်သည်။



“လော့ဖေး… ခဏလေး…”



ရှီယန်ချင်းက လော့ဖေး တံခါးမှထွက်သွားခါနီး လှမ်းတားလိုက်သည်။



“ဘာလဲ…”



လော့ဖေး တံခါး၌ရပ်၍ ပြန်ဖြေသည်။



ရှီယန်ချင်း မီးဖိုချောင်သို့ဝင်၍ ပြန်ထွက်လာသည်။ လော့ဖေးသည် အစက မူမမှန်တာကို သတိမထားမိသော်လည်း ရှီယန်ချင်းက သူ့မျက်နှာအား တစ်ခုခုဖြင့် သုတ်လိုက်လေသည်။


“ရားး… ဘာလုပ်တာလဲ…”


လော့ဖေးမှာ သူ့မျက်နှာပေါ်သို့ တစ်ခုခုပေကျံသွားသည်ကို ခံစားလိုက်ရသည်။


“ဟေး…ရှီအစ်ကို တကယ်ပဲ ညီမတို့အာ့ကောကို အလွတ်မပေးတော့ဘူးလား…” 


လော့ရူမှပြောလာသည်။


“အာ့ကော… ရှီအစ်ကိုက အာ့ကောမျက်နှာကို ကြည့်မကောင်းတော့အောင် သုတ်လိုက်တာ…

အဲ့တာမှ မြို့ထဲကိုလွှတ်ဖို့ စိတ်ချရမှာလေ…

အဲ့ဒါကြောင့် ဘယ်သူက အဲ့လောက် ကြည့်ကောင်းနေဖို့ ပြောလို့လဲ…”



“အတိအကျပဲ… အခုလေးတင် တင်တောင်းထားတာပေမယ့် လက်မှလက်မထပ်ရသေးတာ…

တကယ်လို့ သူများဆီ အလုယူခံလိုက်ရမယ်ဆို တအားကို နောင်တရဖို့ မကောင်းဘူးလား…”



ရှီယန်ချင်း ပြောပြီးနောက် အစောက သူ့အားပေးထားသည့်အိတ် (အီးကုန်းတံပါတဲ့အိတ်😆) အား လော့ဖေးကို ပေးလျက် ..



“လိုလိုမယ်မယ် ဒါလေးပါယူသွား…”



“ဘာကို လိုရမှာလဲ…” 


လော့ဖေးမှာ အမြန်ပင်ပြန်အော်ပြောပြီး ရှီယန်ချင်းအား နီရဲလာသည့် နားရွက်များဖြင့် စိုက်ကြည့်လိုက်သည်။ 


“အမေ… မြန်မြန်သွားရအောင်…

မဟုတ်ရင် သွားဖို့တအား နောက်ကျသွားတော့မယ်…”


“အေး…အေး… ကျွန်မတို့ သွားတော့မယ်…

ရှင်တို့လဲ တောင်ပေါ်တက်ရင် ဂရုစိုက်သွားကြအုံး…”



လီယွဲ့ဟွားမှာ အိမ်ထဲမှ လော့ဖေးဆွဲခေါ်လာခြင်းကို ခံလိုက်ရသည်။



ရှီယန်ချင်းက အနောက်မှကြည့်လျက် ရီနေမိသည်။


“သွားရအောင် ရှီကောင်လေး… 

အခုမသွားရင် မင်း အာ့ပေါင်နောက်ကို ချိတ်နဲ့ချိတ်ထားသလို ပါသွားတော့မယ်… 

အဲ့လိုဆို ဘယ်လို တောင်ပေါ်တက်ပြီး အတူထင်းခုတ်လို့ ရတော့မလဲ…”


လော့ထျန်းက ရှီယန်ချင်းကျောအား ပုတ်၍ ပြောလိုက်လေသည်။


“သွားရအောင်…”


“လက်ထပ်ပွဲနီးလေလေ ပိုကြင်နာလေလေဆိုပြီး ပြောကြတာ အဟုတ်ပဲ… 

စိတ်မပူပါနဲ့… ဒီအစ်ကိုက နားလည်ပါတယ်…”


ဟန်ယန်ကလည်း လှည်းပေါ်ထိုင်၍ ပြုံးကာ လှမ်းပြောလာခဲ့သည်။



🙇‍♂️🙇‍♂️