🙇♂️Chapter 17
တိုင်းတာခြင်း
လော့ဖေးနှင့် လီယွဲ့ဟွား လမ်းလျှောက်သည်မှာ သေချာပေါက် လော့ကျီးနှင့် ရှီယန်ချင်းတို့လောက် မမြန်နိုင်။ သူတို့ခြေထောက်များမှာ မရှည်သည့်အပြင် အကွာအဝေးကလဲမနီးပေ။ မြို့ထဲရောက်ရန် နေ့လည်အထိ လမ်းလျှောက်ရသည်။ သို့သော် လော့ဖေးအတွက် ပင်ပန်းသည်မှာ လျှောက်ရသည့်လမ်းအရှည် မဟုတ်ဘဲ သူ့အမေ၏တရားများဖြစ်သည်။
အနာဂတ်တွင် ရှီယန်ချင်းအား ရိုရိုသေသေဆက်ဆံရန်၊ သူ့ယောက်ျားအား မည်သို့စကားပြောရန် ပြောနေသည်။ ထို့အပြင် လက်ထပ်ပြီးသွားလျှင်လည်း အရင်လို အပျင်းတစ်နေလို့ မရတော့ကြောင်း၊ အဝတ်တွေကိုကောင်းကောင်းလျှော်ဖွတ်ထားရမည်ဖြစ်ကြောင်း၊ အစားအသောက်တွေကို ချက်ပြုတ်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ စားပွဲမှာလည်း အမြဲသန့်ရှင်းနေရမည်ဖြစ်ကြောင်း၊ တစ်ယောက်က အပြင်မှာ အလုပ်လုပ်နေလျှင် တစ်ယောက်က အိမ်မှာ အိမ်မှုကိစ္စကျေပွန်ရမည်ဖြစ်ကြောင်း၊ နှစ်ယောက်စလုံး အတူတူ ကြိုးစားရမည်ဖြစ်ကြောင်း၊ အဲ့ဒါမှ အတူတကွဖြတ်သန်းချိန်ကြာလေလေ သူတို့နှစ်ဦးကြားမှ မီးတောက်(ခံစားချက်)မှာ ပိုသန်မာလေလေ ဖြစ်လိမ့်မည်ဖြစ်ကြောင်း တစ်လမ်းလုံး လော့ဖေးအား ပြောလာခြင်းဖြစ်သည်။
လမ်းလျှောက်နေလျှက် လော့ဖေးမှာ နားထောင်ရသည်များကြောင့် ခေါင်းပင်ပိုကြီးလာသလို ခံစားလိုက်ရသည်။
သို့သော်လည်း လီယွဲ့ဟွားမှာ ပြောစရာမကုန်သေးပေ။
“နင်က အမေနဲ့အဖေလက်ထဲမှာ အလိုလိုက်ခံထားရတာ…ဒါပေမယ့် အမေပြောတာတွေကို မှတ်ထားမှရမယ် နားလည်လား…
အနာဂတ်မှာ ကလေးလို လုပ်နေလို့မရတော့ဘူး…
ပြီးတော့ ဒီရက်တွေထဲမှာ ရှီယန်ချင်းဖို့ အင်္ကျီချုပ်ပေးတာ အပြင် စန်းပေါင်နဲ့အတူ ဟင်းချက်တာပါ သင်ရမယ်…အဲ့ဒါမှ နင်နဲ့စန်းပေါင် ညီတူမျှတူ လေ့လာလို့ရပြီး ဘယ်လိုချည်ထိုးရမလဲ ဘယ်လို ဟင်းကောင်းကောင်း ချက်ရမလဲဆိုတာ သိမှာ…
တစ်ယောက်ကို တစ်မျိုးစီပဲ ကျွမ်းကျင်ထားကြတော့ တခြားတစ်ခုကို အချင်းချင်းသင်ယူမှ ရမယ်…”
“အိုက်ရား… အမေကလည်း အဲ့လောက်ကြီး ဘယ်သူက ပြည့်စုံနေနိုင်မှာလဲ…
နှစ်ခုထဲကတစ်ခုပဲကျွမ်းကျင်ရင်ရော အဆင်မပြေဘူးလား…”
လော့ဖေး သူ့လက်အားယမ်းရင်း အထွန့်တက်လိုက်သည်။
“အခု အဲ့ဒီအကြောင်း ထပ်မပြောနဲ့တော့…
ဒီအဝတ်စက အဆင်ပြေလား လာကြည့်ပေး…”
“စောင်ထည်ချုပ်ဖို့ သုံးလို့ရလောက်တယ်…
ဆိုင်ရှင် ဒီအထည်စက ဘယ်လောက်လဲ…”
“တစ်ချယ်လိုချင်တာလား တစ်လိပ်လိုချင်တာလား ကောင်လေး…
တစ်လိပ်ကို ကိုးဆယ်ဝမ်းတစ်ချယ်က ကိုးဝမ်”
(T/N: ချယ်ဆိုတာ တစ်မီတာရဲ့သုံးပုံပုံတစ်ပုံအရှည်ကိုပြောတာပါ တရုတ်အတိုင်းအတာ တစ်ပေပေါ့)
“စောင်ထည်ချုပ်ဖို့ဆိုရင် တစ်လိပ်ဝယ်တာ ပိုတန်မယ်နော် ကောင်လေး”
”စျေးလျှော့ပါအုံး ကျွန်မတို့က နှစ်လိပ်လိုချင်တာ…”
“ဟုတ်တယ် ဦးလေး ကျွန်တော်တို့က နှစ်လိပ်ဝယ်ချင်တာ…”
လော့ဖေးမှာ အရင်က ဈေးဘယ်လိုဆစ်ရမည်ကို မသိသော်လည်း လက်တွေ့ဘဝမှ သူ့အား နှမြောတတ်အောင် ဖိအားပေးနေလေသည်။
ဒီနေရာက တကယ့်ကို ဆင်းရဲတာပဲ…
လက်ထဲမှာ ငွေနှစ်လျန် ရှိဖို့တောင်ခက်တာ ပြီးတော့ အဲ့ဒါက ခဏနေသုံးရတော့မှာ…
ဤတွင် အထည် တစ်လိပ်မှာ လေးကျန်းနှင့် ညီသည်။
(T/N: တစ်ကျန်းမှာ တရုတ်ပေ ၁၀ပေရှိပြီး ၃.၃မီတာလောက်ရှိသည်။)
အဲ့အလိပ်မှာ ၁၃မီတာနီးပါးရှိပြီး နှစ်လိပ်ဆိုလျှင် အိပ်ရာခင်း ခြောက်ခုလောက် ချုပ်နိုင်သည်။ ဤမှ စောင်ထည်များမှာ တစ်ယောက်ခြုံစောင်ထည်များဖြစ်ပြီး နှစ်ယောက်ခြုံစောင်ထည် ပြုလုပ်သူမှာ အနည်းငယ်သာရှိသည်။ အဘယ့်ကြောင့်ဆိုသော် အစများမှာ မျက်မှောက်ခေတ်ကဲ့သို့ အနံမကျယ်သောကြောင့်ဖြစ်ပြီး ရှိခဲ့လျှင်တောင် မြင်ရခဲသည်။ လော့ဖေးမှာ စောင်ထည်နှစ်ခု၊ စောင်ထည်အစွပ်နှစ်ခုနှင့် မွေ့ရာတစ်ခုအား မည်သို့ချုပ်ရမည်ကို ချင့်ချိန်နေရသည်။ မွေ့ရာကို ခွဲသုံးလျှင် ကံဆိုးတတ်သောကြောင့် ပိတ်စအကုန်သုံး၍ ချုပ်ရမည်ဖြစ်ပြီး နှစ်ခုအား ပြန်ပေါင်းချုပ်ရမည်ဖြစ်သည်။ လက်ထပ်ပွဲမတိုင်မီ အကုန်ပြီးရမည်ဖြစ်၍ သူ့တွင်ပျင်းနေရန် အချိန်မရှိပေ။
“တစ်လိပ်ကို ရှစ်ဆယ့်ရှစ်ဝမ်ထားပေးမယ် အဲ့ထက်ပိုလျှော့လို့မရတော့ဘူး…”
“အိုက်ရား… နှစ်ဝမ်ပဲသက်သာတာ နည်းနည်းလေးထပ်လျှော့ပါအုံး…
ရှစ်ဆယ့်ငါး ဆိုရင်ရော…
သူဌေး ရှစ်ဆယ့်ငါးထားပေးရင် သုံးလိပ်ယူမယ်…”
“အာ…အမေ အဲ့လောက်သုံးလို့ရပါ့မလား…”
အထည်သုံးလိပ်…
တစ်လိပ်ကိုရှစ်ဆယ့်ငါးဝမ်ဆိုရင် နှစ်လိပ်နဲ့အစတစ်ထည်ပေါင်းရင်တောင် ဝမ်တစ်ရာကျော်နေပြီ…
သုံးလိပ်သာဆို ဝမ်နှစ်ရာကျော်…
ငွေပြားတစ်လျန်မှ ဝမ်တစ်ထောင်ပဲရှိတာ…
ရှီယန်ချင်းရဲ့ မင်္ဂလာဝတ်စုံဖို့အထည်စ ဝယ်ပြီးရင် ကျန်ရောကျန်ပါ့အုံးမလား…
အမှန်အတိုင်းပြောရရင် ဒီအထည်က တအားဈေးကြီးလွန်းတယ်…
ယုချင်းနိုင်ငံရဲ့ အထည်ထုတ်လုပ်မှုက ဘယ်လောက်နည်းတယ်ပြောပြော နွားတစ်ကောင်မှငါးလျန်ကို အဲ့လောက်ဈေးမကြီးသင့်ဘူး…
(T/N: ငွေကြေးအတွက်အချက်တွေကြားထဲ ကျယ်မရူးပါပြီㅠㅠ)
“သုံးလို့မရစရာလား…
နှစ်လိပ်က နင့်ဖို့ ရှီယန်ချင်းရဲ့ တင်တောင်းလက်ဆောင်လို့ ထည့်တွက်လိုက်…
အမေ တစ်လိပ်ကို ခန်းဝင်ပစ္စည်းထဲထည့်ပေးလိုက်မလို့…”
“အိုး… ဟုတ်သားပဲ…”
လော့ဖေးမှာ သူ့အမေတို့ မိသားစုသည် ဗုံးပေါလအော မရက်ရောသော်လည်း သတိုးသမီးဘက်မှ ခန်းဝင်ပစ္စည်းထဲ အထည်တစ်လိပ်လောက် ထပ်ထည့်ခြင်းမှာ မဆိုးဟု ခံစားလိုက်ရသည်။
နောက်ဆုံးမှာတော့ လော့ဖေး ဈေးဆစ်ခြင်းမှာအောင်မြင်ပြီး အထည်သုံးလိပ်အား ၂၅၅ဝမ်ဖြင့် ရလိုက်သည်။ လော့ဖေးမှာ နောက်ထပ် ဆယ်ဝမ်အား အထည်အစများအစည်းလိုက် ဝယ်ရာ၌သုံးလိုက်သည်။ ၎င်းအစများအား စုချုပ်လိုက်လျှင် တစ်ကျန်းလောက်ရှိသည်။ လော့ဖေးအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးအရာမှာ ထိုအထည်စများထဲ ချည်ထည်များတင်မဟုတ်ဘဲ အိစက်ညက်ညောသော ဖဲအထည်စများပါပါခြင်းဖြစ်ပြီး သူပန်းထိုးရာ၌ အသုံးပြုလို့ရသည်။ ဘာပဲဖြစ်ဖြစ် သူဒီအထည်စများကို ခေါင်းအုံးစွပ်ကဲ့သို့ အိမ်သုံးပစ္စည်းများ ပြုလုပ်ရန် ဝယ်ခြင်းဖြစ်သည်။ သူ့အထင်အရ ပိတ်စအကြီးများမှာ တော်တော်ဆွဲဆန့်၍ ရလောက်သည်။ အတိုအထွာလေးများလည်း ထွက်လာမည်ဖြစ်ပြီး ပန်းထိုးလေ့ကျင့်ရာတွင် သုံးနိုင်သည်။
လီယွဲ့ဟွားက သူဒီလိုအရာများအား မည်မျှကြိုက်သည်ကို သိသောကြောင့် မတားပေ။ မည်သို့ဖြစ်ဖြစ် တစ်သက်မှာ တစ်ခါပဲလက်ထပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ဆယ်ဝမ်လည်း ဆယ်ဝမ်... သုံးပါစေ။
သူ့အမေက လှည့်ပတ်ကြည့်ပြီး ဂွမ်းသွတ်ရန် အဆာများနှင့် ရှီယန်ချင်းအတွက် အထည်များ ဝယ်ခဲ့သည်။
လော့ဖေးမှာလည်း ချည်ပန်းထိုးဆိုင်များသို့ လှည့်ပတ်ကြည့်နေသည်။
မြို့ကအနည်းငယ်သေး၍ ထင်သည် ချည်ပန်းထိုးဆ်ိုင်များထဲမှ ပစ္စည်းများမှာ သိပ်ကြည့်စရာမရှိပေ။ လော့ဖေးသည် သူအပ်မချုပ်သည်မှာ ကြာပြီဖြစ်သော်လည်း သူ့အရည်အချင်းမှာ အရင်ကကဲ့သို့ပင် လက်ရာမြောက်နေဆဲဟု ခံစားရသည်။ လီယွဲ့ဟွားက သူ့အား အရည်အချင်းရှိသည်ဟု ပြောသည်ကို သူအပြစ်မတင်ပေ။ ယခင်လော့ဖေးကိုပြောသည်ဖြစ်စေ ယခုသူ့အားပြောသည်ဖြစ်စေ အမှန်ပင်ဖြစ်သောကြောင့် ဂရုမထားပေ။
တကယ်တော့ လီယွဲ့ဟွား၏အားမှာ လော့ဖေးနှင့် သိပ်မကွာပေ။ လော့ဖေးထက်ပင် အားပိုသန်သည်ဟု ပြောလို့ရသည်။ သို့သော် ယခုသူ့သား၏ သန္နိဋ္ဌာန်မှာ ပြတ်သားပုံရသည်။ ထို့အပြင် သူမပြောခဲ့သလိုပင် ထိုကလေးအား အလိုလိုက်၍ ချိနဲ့သွားစေ၍ မရပေ။
ထို့ကြောင့် လော့ဖေး အထည်များအားလုံးအား ဟွဖျင်ကျေးရွာအထိ သယ်လာရသည်။ ကျန်သည့်ပိုက်ဆံများကိုတော့ ဒီတစ်ခေါက်တွင် သူမသုံးဖြစ်ခဲ့။ ပုံမှန်ဆိုလျှင် အချိုမုန့်များမြင်လျှင် သူဝယ်ချင်သော်လည်း သူ့လက်ထဲမှပိုက်ဆံအားကြည့်ကာ ဒီတစ်ခေါက်တော့ လျစ်လျူရှုရန် ဆုံးဖြတ်ခဲ့သည်။
(T/N: လော့ဖေးပြောတဲ့ အချိုမုန့်က သစ်သီးတို့ အစေ့အဆံတို့ကို သကြားမဟုတ်ရင်ပျားရည်အုပ်ထားတဲ့ မုန့်ကိုပြောတာပါ)
ရှီယန်ချင်းမှာ ပိုက်ဆံတော်တော်ရှိပုံရပြီး သူ့တွင်တော့ အကြွေတစ်စေ့ပင်မရှိချေ။ မျက်မှောက်ခေတ်မှာသာဆိုလျှင် သူပိုက်ဆံဖို့တစ်ခါမှ စိတ်မပူရဖူးပေ။ သူပိုက်ဆံပြတ်ခါနီးလျှင် သူ့အမေ သို့မဟုတ် အဖွားမှ သူ့အားမေးပြီး ဘယ်တော့မှ သူ့အား အသုံးစရိတ် အပြတ်မခံပေ။ ယခုတော့ သူ့မှာ အချိုမုန့်တောင် မဝယ်စားနိုင်တော့ချေ။
အားကိုးရာမဲ့နေသလိုပင် ပိုက်ဆံအား စိတ်ပူစရာမလိုခဲ့သည်မှာ အကျင့်ဖြစ်နေ၍ ပိုက်ဆံမရှိတော့သည့်အခါ စိတ်မလုံခြုံ၍ သည်းခံပြီး မသုံးမိအောင် နေမိသည်။
ပြန်သည့်လမ်းတစ်လျှောက် သည်းခံရင်း ရူးသွားတော့မတတ်ပင်။ ကံကောင်းသည်မှာ အိမ်တွင် သူ့အားစောင့်နေသည့် အသားများရှိပြီး ၎င်းမှာ သူ့ဖို့ အကောင်းဆုံးနှစ်သိမ့်မှုဖြစ်သည်။
လော့ရူ၏ ချည်ပန်းထိုးအရည်အချင်းမှာ သူမ၏ဟင်းချက်စွမ်းရည်နှင့် လုံးလုံးပြောင်းပြန်ဖြစ်သည်။ လော့ဖေး အိမ်တံခါးဝရောက်သည်နှင့် အလွန်မွှေးကြိုင်သော ဟင်းနံ့က သူ့ဆီ အလုံးအရင်းဝင်ရောက်လာလေသည်။ လော့ရူက ပေါက်စီများကိုပေါင်းထားပြီး ယာဂုကြိုထားရုံတင်မကဘဲ ကြာညို့ဝက်သားနှပ်ပါ ခွက်အကြီးအပြည့် ပေါင်းထားသည်။ ဟင်းထဲတွင် ပဲစိမ်းများပါထည့်ထားပြီး ၎င်းမှာ အသား၏အဆီအား လျော့စေ၍ အရသာလည်း ပိုရှိစေသည်။
အကယ်၍ ထမင်းတစ်ပန်းကန်သာရှိလျှင် လော့ဖေး ယနေ့ ဗိုက်အတော်ပြည့်မည်ဟု တွေးမိသော်လည်း သူတို့တွင် ဆန်မရှိပေ။ သို့သော် ဤမျှလောက်ပင်လျှင် နှစ်သစ်ကူးစားပွဲ နီးပါး ဖြစ်နေပေပြီ။
လော့ထျန်းနှင့် ရှီယန်ချင်းတို့ ပြန်မရောက်သေးသောကြောင့် လော့ဖေး မီးဖိုချောင်ထဲသွား၍ တစ်လုပ်နှစ်လုပ်လောက်သာ မြည်းရသည်။ အငမ်းမရဖြစ်နေသော်လည်း... လော့ယိနှင့် လော့ရူပင် တအားစားချင်နေသော်လည်း တစ်နှစ်လုံးမှာ အသားစားရသည်မှာ လက်ချိုးရေ၍ရသောကြောင့် စောင့်နေကြရသည်။
“အမေ သားတို့ ဒီနှစ် ကြက်နည်းနည်း ထပ်မွေးလို့ရလား…”
လော့ယိ သူ့လက်ချောင်းများအား လျက်ရင်း ပြောသည်။
“ရတာပေါ့…”
လီယွဲ့ဟွား တက်ကြွစွာဖြင့် ပြန်ပြောလာသည်။
“ဒီနှစ် နည်းနည်း ပိုမွေးကြရအောင်…”
တကယ်တော့ သူတို့ဒီနှစ် မွေးထားတာ များသော်လည်း တစ်ဝက်လောက်ကို အိမ်အသုံးစရိတ်အတွက် ရောင်းလိုက်ရသည်။
“အမေ ဒီနှစ် ကြက်တွေဝယ်ရင်ပြောအုံး ကျွန်တော်လည်း ဝယ်မလို့…”
ထိုအချိန်လောက်ဆိုလျှင် သူရှီယန်ချင်းဆီသို့ ရွေ့ရမည့်အချိန်ဖြစ်သည်။ လော့မိသားစုဆီနည်းနည်း သူ့ဆီနည်းနည်းမွေးရမည်။ သူဆီအကောင်အရေအတွက် များများမွေးရမည်။ ကြက်တင်မဟုတ်ဘဲ ဘဲနှင့် ဘဲငန်းဖြူ အနည်းငယ်လည်း မွေးထားလျှင် အကောင်းဆုံးဖြစ်သည်။
“အာ့ကော အာ့ကောပဲ အဲ့လိုတွေမွေးရတာ မုန်းတာမဟုတ်ဘူးလား…
အစာကျွေးရတာ အလုပ်ရှုပ်တယ်ဆိုပြီး အမြဲပြောနေပြီးတော့…”
လော့ယိ အံ့ဩ၍ ပြောလိုက်သည်။
“မင်းရဲ့ ရှီကောကို ကျွေးခိုင်းမှာပေါ့…”
ကြည့်ရှုစောင့်ရှောက်ဖို့က သူ့တာဝန်ဖြစ်ပြီး အစာကျွေးဖို့က ရှီယန်ချင်းတာဝန်ဖြစ်သည်။ အဆုံးတွင် တစ်ဝက်ဆီခွဲယူရုံပင်။
“ကိုယ့်ကို ဘာကျွေးခိုင်းမလို့လဲ…”
ရှီယန်ချင်းက ပြန်ရောက်ရောက်ချင်း မေးလိုက်သည်။
“ကြက်တွေလေ… အာ ရာသီဥတုနွေးလာရင် မွေးဖို့ကြက်ပေါက်လေးတွေ ဝယ်ချင်လို့…
ရလား…”
ဘယ်လိုပဲ လက်တွဲဖော်ဟုပြောပြော ရှီအိမ်တော်ဖြစ်သည့်အတွက် ရှီယန်ချင်းအား အရင်မေးသည်မှာ အကောင်းဆုံးပင်။
“သေချာတာပေါ့ ကိုယ့်အိမ်ကလည်း မင်းအိမ်ပဲကို မရစရာဘာရှိမှာလဲ…”
ရှီယန်ချင်းက သူ့အင်္ကျီအားခါ၍ ပြောသည်။
“ဝင်လာကတည်းက ဟင်းနံ့လေးကမွှေးနေတာပဲ…”
“ဟုတ်သား… ဝက်သားနှပ် ချက်ထားတယ်…”
လော့ရူ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“ သေချာပေါက် ရှီကောနဲ့ အာ့ကောရဲ့ လက်ဆောင်တွေကို ငှါးပြီးပေါ့…ဟားဟား”
“သစ်သွားခုတ်တာ မဟုတ်ဘူးလား…
ထင်းတွေရော…”
လော့ဖေး ဘာထင်းမှမမြင်၍ မေးလိုက်သည်။
“တစ်ချို့တစ်ဝက်ကို မြစ်ထဲပစ်ချခဲ့ပြီး တစ်ချို့ကို ကိုယ့်အိမ်ကိုယူသွားတယ်…
ဟန်ယန်လည်း နည်းနည်းယူသွားတယ်…”
ရှီယန်ချင်းမှာ သူ့ကိုယ်သူ ညစ်ပတ်နေဆဲဟု ခံစားရသောကြောင့်
“အာ့ပေါင် ရေနည်းနည်းလောက် ယူပေးလို့ရလား…
ဆေးကြောချင်လို့…”
“ဟုတ်ကဲ့”
လော့ဖေးက ရှီယန်ချင်းနှင့်အတူထွက်သွားပြီး သူ့အတွက် ရေသွားခပ်ပေးလိုက်သည်။
“ဘာလို့ သစ်တွေကို မြစ်ထဲပစ်ချခဲ့တာလဲ…”
“ပိုးမွှားတွေဖယ်ဖို့ ရေစိမ်ပြီးရင် ကိုယ်တို့ပြန်ဆယ်ပြီး အခြောက်ခံရမှာ ပြီးရင် ပရိဘောဂလုပ်ဖို့အတွက် သုံးလို့ရတယ်… အဲ့လိုလုပ်မှ ပိုအကြမ်းခံပြီး ပုံလည်းမပြောင်းမှာ…
ဘာပဲဖြစ်ဖြစ် နောက်နှစ်နည်းနည်းကြာရင် ဟောင်းသွားမှာပဲ အခုတော့အရင် ရိုးရှင်းတာလေးတွေ လုပ်ထားပြီး အနာဂတ်ကို စောင့်ကြတာပေါ့…”
ရှီယန်ချင်းမှာ ဘေးဘီကိုကြည့်၍ မည်သူမျှမရှိသည် သေချာမှ လော့ဖေးအား ဆက်ပြောလိုက်သည်။
“ကိုယ်တို့နှစ်ယောက် အခြေအနေ ပိုအဆင်ပြေလာရင် အဲ့အခါကြ အသစ်ပြောင်းကြတာပေါ့…”
“အဲ့လိုနေ့ ရှိလာဖို့ မျှော်လင့်ပါတယ်…”
လော့ဖေးက ရှီယန်ချင်းအား ရေနွေးအောင် ကူပေးနေသည်။
“အီး… ကျွန်တော်ဒီနေ့ ခင်ဗျားဖို့ အထည်စတွေဝယ်လာတာ…
နည်းနည်းလောက်တော့ ကိုယ်တိုင်းထပ်ယူရအုံးမယ်…”
သူ့အမေ ကိုယ်တိုင်းမယူခင် လုပ်အားခယူမည်ဟု ဖြတ်ပြောပြီး စကားလမ်းကြောင်း လွှဲခဲ့မိသည်။ အမေက မနက်ဖြန်ကိုယ်တိုင်းယူပြီး မင်္ဂလာဆောင်အမီ အပြီးချုပ်ရမည် မဟုတ်လျှင် နေ့တိုင်း ကြက်ချေး ကြုံးခိုင်းမည်ဟု ရာဇသံပေးထားလေသည်။
“ဟုတ်ပြီ…
ကိုယ်ဆေးကြောပြီးမှာကို ခဏစောင့်…
ပြီးရင် မင်းတိုင်းလို့ရပြီ…”
ရှီယန်ချင်းမှာ အနည်းငယ်ပင်ပန်းနေပုံ ပေါ်သော်လည်း ပြုံးနေဆဲပင်။
လော့ဖေးမှာ ဘေးမှကြည့်ရင်း ရုတ်တရက် ဤလူကို သဘောကျမိလာသည်။ ယခုအချိန်အထိ လော့ဖေးမှာ အတိတ်ဘဝအား တစ်ခါတစ်ရံ အိမ်မက်မက်နေဆဲဖြစ်သော်လည်း ရှီယန်ချင်းမှာ အလွန်အသားကျနေပုံပင်။ ဤလူမှာ သူ့အိမ်သေးသေးလေးထဲတွင် တစ်ယောက်ထဲနေသော်လည်း အိမ်မှာအမြဲသန့်ရှင်းနေသည့်အပြင် သူ့ဘာသာသူ ဟင်းချက်စား သူ့အဝတ်သူလျှော်လေ့ရှိသည်။ သူ့အဝတ်အား ဖာရန်မှလွဲလျင် သူ့အတွက် ဘာမှမခက်ခဲပုံပင်။
“ခင်ဗျားတကယ် ပြန်မသွားချင်တာလား…”
လော့ဖေး ထူးဆန်းစွာ မေးလိုက်မိသည်။ ရှီယန်ချင်းက မျက်နှာသစ်ပြီးနောက် သူ့အဖေနှင့် အစ်ကိုကြီးမှာလည်း ဆေးကြောဖို့ဝင်လာကြသည်။ ထို့နောက် ရှီယန်ချင်းနှင့်အတူ အိမ်ထဲသို့ ပြန်ဝင်လာကြသည်။ လော့ဖေးမှာ ဤသည်ကို ကိုယ်တိုင်းတိုင်းဖို့ရန် အခွင့်အရေးယူလိုက်သည်။
“မပြန်ချင်ဘူး…”
ရှီယန်ချင်းမှာ လော့ဖေးအား တည့်တည့်ကြည့်၍ ပြောသည်။
“ကိုယ် ဒီအစီအစဉ်ကို ဘယ်လောက်သဘောကျလည်း မင်းမသိဘူး…”
“ချီးပဲ ခင်ဗျား ဖျားနေတာလား…”
(T/N:ရူးနေတာလားဆိုတဲ့အဓိပ္ပါယ်ပါ ကိုယ်တော်လေးကဒီခေတ်အသုံးနဲ့ဆဲထားတာမလို့ㅠㅠ)
ရေဆွဲအိမ်သာကနေ တဲအိမ်သာဖြစ်သွားတာကို သဘောကျတာလား… ဒါမှမဟုတ် ရေမောင်းတင်ရတာကနေ ရေတွင်းထဲကရေဆွဲရတာကို သဘောကျတာလား …
(T/N: လော့ဖေးပေါက်ကွဲနေတာ><)
“ဖျားနေတာဆိုရင်တောင် မကြောက်ပါဘူး…
ဘာပဲဖြစ်ဖြစ် ကိုယ့်ဆေးကို ရှာတွေ့ခဲ့တာပဲ…”
ရှီယန်ချင်း ရီလျက်ပြောလိုက်သည်။
“မင်းလည်း ကိုယ့်လို နေသားကျအောင်နေ အတိတ်ဘဝကိုမေ့ပြီး အစကနေဘဝအသစ် ပြန်စသင့်တယ် အဲ့တာမှ ဒီဘဝက အဲ့လောက်မဆိုးကြောင်း သိလာမှာ…”
“ကိုယ်တိုင်းတိုင်းတော့မယ်…”
လော့ဖေး ထပ်ခါထပ်ခါတိုင်းနေပြီးနောက် ရှီယန်ချင်းအား မော့ကြည့်လျက်
“ဟေး…ခင်ဗျား အသက်ကို နည်းနည်းလောက် ဖြေးဖြေး ရှူပါလား…
ကျွန်တော့်မျက်နှာကို ခင်ဗျားဆီက လေပူတွေ လာရိုက်နေတယ်…”
“မရှူနိုင်ပါဘူး…”
ရှီယန်ချင်းမှပြောသည်။
“မင်းဘယ်ကို တိုင်းနေတာလဲတောင် မင်းမသိပဲ…”
လော့ဖေး အောက်ကိုငုံ့ကြည့်လိုက်သည်။
သူ့တင်ပါး…
သူ့လက်သည် ရှီယန်ချင်း၏ငှက် (ဒစ်ကိုပြောတာပါㅠㅠ) အရှေ့တည့်တည့်တွင် ရောက်နေလေသည်…
ဖာ့ခ်…
🙇♂️🙇♂️