အပိုင်း ၁၅၁
Viewers 16k


Chapter 151
သာယာမှု



သူမ ပြောလိုက်သည်များမှာ အမေးသဘောဆန်သော်လည်း ကလူသလိုလိုမြူသလိုလိုလေသံဖြစ်သွားခဲ့သည်။ချန်ရုံမှာ တိုးညင်းစွာဆိုလိုက်ခြင်းဖြစ်သော်လည်း သူမ၏အသံမှာ နွဲ့နှောင်းပြီး ရှတတဖြစ်နေလေ၏။မသိလျှင် အကြောင်းမဲ့ ချိုမြိန်စွာ ညဉ်းနေသလိုပင်။

ချန်ရုံကိုယ်တိုင်သည်လည်း သူမထံမှ ထွက်ပေါ်လာသည့်ထိုလေသံကြောင့် အံ့အားသင့်သွားမိသည်။

သို့သော်လည်း ဖရိုဖရဲဖြစ်နေသောစိတ်အစုံက အနည်းငယ်ထိန်းချုပ်နိုင်သေးသည်။ယခုအချိန်၌ ချက်ကျလက်ကျ မတွေးတောနိုင်သည်မှာ ဖြစ်လေ့ဖြစ်ထရှိသောသဘောတရားပင်။အတွင်းစိတ်အပူရှိန်က ဝမ်ဟုန်၏ဝင်ရောက်လာမှုအား အမည်မဖော်လိုသောဆန္ဒရောင်ခြည်ဖြင့် ဝမ်းသာအားရဖြစ်သွားစေခဲ့သည်။

ချန်ရုံ့စကားသံအား ကြားလိုက်ရသောအခါ ဝမ်ဟုန်၏ မျက်ဝန်းများက ချက်ချင်း အမှောင်ကျသွားပြီး သူကိုယ်တိုင်ပင်မသိလိုက်ဘဲ အသက်ရှူနှုန်းမြန်ဆန်လာခဲ့ရုံသာမက မျက်နှာများလည်း နီရဲလာလေ၏။
ဝမ်ဟုန်က ချန်ရုံ့အား စူးစူးရဲရဲစိုက်ကြည့်နေပြီး အရှေ့သို့ တစ်လှမ်းချင်းစီ တိုးသွားခဲ့သည်။

ထိုအခါ ချန်ရုံက အနောက်သို့ခြေတစ်လှမ်းထပ်ဆုတ်လိုက်သော်လည်း နေရာလွတ်မကျန်ရှိတော့သဖြင့် လူက ယိမ်းထိုးသွားသည်။

“မလှုပ်နဲ့”

သူမသည် တစ်ဖက်လူကို စူးစိုက်ကြည့်ပြီးပြောလိုက်သော်လည်း လေသံမှာမူ အားပျော့နေခဲ့လေ၏။

ထို့နောက်နှုတ်ခမ်းများ အနည်းငယ်‌ခြောက်သွေ့သလို ခံစားလာရသဖြင့် ချန်ရုံက လျှာဖျားဖြင့်တစ်ချက်သပ်တင်လိုက်သည်။ဝမ်ဟုန်မှာမူ သူကိုယ်တိုင်ပင်မသိလိုက်ပါဘဲ တံတွေးမျိုချသွားမိတော့၏။

ယင်းနောက်တွင် သူက တိုးညင်းသောလေသံဖြင့်
" အားရုံ ... " ဟုခေါ်လိုက်သည်။ထိုလေသံမှာ အနည်းငယ်လေးပင်နေပြီး ခါတိုင်းကဲ့သို့ ကြည်လင်မနေချေ။

" ဟင် ... "
ချန်ရုံက ခေါင်းမော့လိုက်ပြီး နှုတ်ခမ်းသားများအား ဖွင့်ဟကာ ခပ်တိုးတိုးပြန်ထူးသည်။သူမထံမှ “ဟင်” ဟူသော လေသံသည် စကားပြောခြင်းဆိုသည်မျိုးထက် သန်းခေါင်ယံညည်းညူသံ ပိုဆန်လေ၏။ရင်တွင်း၌ကိန်းဝပ်နေသောအလိုဆန္ဒတစ်ခုအား ထုတ်‌ဖော်ပြောနေသကဲ့သို့ဖြစ်သည်။

ဝမ်ဟုန်၏လည်ချောင်းတွင်း၌ ပွက်ပွက်ဆူလာ‌တော့၏။သို့သော်လည်း သူက အားတင်း၍ မချိမဆန့်ပြုံးကာ တည်တည်ငြိမ်ငြိမ်မေးမြန်းလိုက်သည်။

"မင်းက ဘာလို့ဒီရောက်နေတာလဲ "

ချန်ရုံမှာ ‌တစ်ဖက်သို့ခေါင်းလှည့်ထား‌ရင်း မှိန်းမောနေသောမျက်လုံးများနှင့်တကွ နီမြန်းသည့်မျက်နှာဖြင့် " အရှင်ပဲပြန်လာခိုင်းတာမဟုတ်ဘူးလား " ဟု မေးခွန်းထုတ်လိုက်လေ၏။သူမ၏လေသံမှာ စိတ်ဝိညာဉ်များအား ဆွဲဆောင်နိုင်သောမှော်ဆန်သည့်တေးသွားသဖွယ်ပင်။

ဝမ်ဟုန်၏လက်များမှာ စားပွဲဇောင်းအား ခပ်တင်းတင်းဆုပ်ကိုင်ထားမိလျက်သားရှိနေသည်။သူက မြေပြင်ကိုသာစိုက်ကြည့်ခဲ့လေ၏။ထိုသို့ခေါင်းငုံ့လိုက်ချိန်တွင် ခြောက်သွေ့နေသော မတိုမရှည်ဆံနွယ်များ ပြေကျလာပြီး ဝမ်ဟုန်၏ဘယ်ဘက်မျက်လုံးအား ဖုံးအုပ်သွားခဲ့သည်။

" ချီလန် ... "
ထိုအချိန်တွင် ချန်ရုံက ရုတ်တရက်ခေါ်လာသည်။ရုတ်ချည်းဆန်လွန်းသော်လည်း သူမ၏လေသံတွင် အကန့်အသတ်မရှိသော ချစ်ခြင်းမေတ္တာများ ခိုဝပ်နေလေ၏။

" ဘာလဲ ... "
ဝမ်ဟုန့်ခမျာ ပြန်လည်မော့မကြည့်နိုင်ရှာပေ။

" မလာပါနဲ့ ... ရှင်လာလို့မရဘူး ... "

‌ပြောသာပြောနေရသော်လည်း ချန်ရုံ၏မျက်နှာငယ်လေးမှာတော့ နီမြန်းသထက် နီမြန်းလာသည်။ထိုအချိန်တွင် သူမက အနည်းငယ်ပို၍အေးမြလို အေးမြငြား ဝတ်ရုံအားညာလက်ဖြင့် အနည်းငယ်ဆွဲဟလိုက်လေ၏။သို့သော်လည်း ၎င်းလုပ်ရပ်ကြောင့် သူမ၏မို့မောက်နေသောရင်သားတစ်ဖက်အား ပွင့်လုနီးပါး ဖြစ်သွားစေခဲ့သပြီး ဖယောင်းတိုင်မီးရောင်လွှမ်းသည့်နေရာတွင်ပင်လျှင် သူမ၏ရင်သားထိပ်ဖူးများအား လှမ်းမြင်နိုင်လေသည်။

ဝမ်ဟုန်တစ်ယောက် အကြည့်မလွှဲနိုင်တော့ရှာပေ။စားပွဲအားဆုပ်ကိုင်ထားသောသူ၏လက်ကောက်ဝတ်အတွင်းဘက်၌လည်း အပြာရောင်သွေးကြောများ သိသိသာသာထိုးထောင်လာသည်။ထိုမျှသာမကသေးဘဲ သူ၏နှဖူးပြင်ပေါ်၌လည်း ချွေးစီးကြောင်းတစ်ခုက လှိမ့်ဆင်းလာခဲ့လေ၏။
ထိုအခြင်းအရာအားမြင်လိုက်ရသည့်ချန်ရုံမှာ တစ်ဖက်လူဆီသို့တိုးကပ်သွားပြီး စို့လျက်သားရှိနေသောထိုချွေးစက်များအား လျှာဖျားဖြင့် တို့ထိချင်စိတ်ဝင်သွားတော့သည်။၎င်းအတွေးဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချန်ရုံ၏လျှာထိပ်ဖျားက နီးဆွေးဆွေးနှုတ်ခမ်းအစုံတို့အား ထိုးခွဲထွက်လာခဲ့ပြီး သူမ၏မျက်ဝန်းများမှာလည်း ယစ်မူးသွားကာ အလိုရမ္မက်များဖြင့် ပြည့်နှက်နေသည်။

" အားရုံ ... "
စားပွဲဇောင်းအား တင်းကြပ်စွာဆုပ်ကိုင်ထားဆဲဖြစ်သည့်ဝမ်ဟုန်မှာ ခေါင်းအားဦးတည်ရာမဲ့စွာမနည်းထောင်မတ်နေရပြီး တုန်တုန်ရီရီဖြင့် ခေါ်လာခဲ့၏။

" ဟင် ... "
ချန်ရုံ၏လေသံမှာ နူးညံ့သာယာနေဆဲပင်ဖြစ်သည်။ဝမ်ဟုန့်ထံမှ တင်းမာနေသောသွေးကြောများမှာမူ ထိုအသံအားကြားလိုက်ရချိန်တွင် ပြင်းပြင်းထန်ထန် ခုန်လှုပ်‌လာတော့သည်။

ဝမ်ဟုန်က စိတ်ထိန်းကာ လေကိုရှူသွင်းလေ၏။သူ၏ ချောမောသောမျက်နှာက နီမြန်းလာပြီး ဝမ်ဟုန်မှာ နှဖူးပေါ်ကျနေသောဆံပင်များအား သပ်တင်ခြင်းမပြုလေသောကြောင့် ထိုဆံနွယ်များက မျက်ခုံးစပ်အား ကျော်ဖြတ်၍ တွဲလောင်းကျနေခဲ့သည်။

" အားရုံ ... အခုတစ်ခေါက် ရန်မင်းနဲ့ဘာလို့အတူတူရှိနေခဲ့တာလဲ ... ဘယ်တုန်းကတွေ့တာလဲ "

ဖရိုဖရဲဖြစ်နေသောစိတ်အာရုံအရ နှာဖျားနှင့်မျက်ဝန်းထဲတို့တွင် ဖြည့်စွမ်းလျက်ရှိနေသည်က သူမ၏ကိုယ်သင်းရနံ့တစ်ခုတည်းပင်။ဝမ်ဟုန့်ခမျာ ရိုးရှင်းသောမေးခွန်းတစ်ခုမေးနိုင်ရန်ပင်အပြင်းအထန်ကြိုးစားခဲ့ရသည်။

ချန်ရုံမှာလည်း စိတ်ထဲ၌ ဗြောင်းဆန်နေရှာပြီး သူမသည် ရေငတ်မွတ်လျက် ပိုမိုပူလောင်လာသလိုခံစားလိုက်ရတော့၏။ချန်ရုံက ဝမ်ဟုန်၏နှုတ်ခမ်းများကိုသာ စူးစူးဝါးဝါးစိုက်ကြည့်နေခဲ့ပြီး သူမကိုယ်သူမ ဘာပြောထွက်မိမှန်းပင် သတိမမူမိတော့ချေ။

" ချန်ယွမ်ပါ ... သူရဲ့ကောက်နှံစပါးတွေပြန်ရဖို့ ကျွန်မကို ရန်မင်းဆီအကူအညီတောင်းခိုင်းခဲ့တာ ... သူတို့က ကျွန်မကို ဒုက္ခပေးဖို့ အမြဲကြိုးစားပြီး ဘယ်တော့မှ လွတ်လမ်းမပေးဘူး ... ကျွန်မက ရန်မင်းကို သူ့စပါးတွေပြန်မပေးစေချင်ဘူး ... အဲဒါကြောင့် လျို့ဝှက်လမ်းကြောင်းကိုတောင် သိအောင်ပြောပြခဲ့သေးတယ်”

ယခုအချိန်၌ သူမ၏လေသံမှာ အနည်းငယ်တုန်လှုပ်သွားခဲ့ပြီဖြစ်သည်။ချန်ရုံက ခေတ္တစကားရပ်လိုက်ပြီးနောက် ဝမ်ဟုန်၏မျက်ဝန်းများထဲသို့ စိုက်ကြည့်လျက်ပြောလေ၏။

" ချီလန် ... ရှင့်နှုတ်ခမ်းတွေက အရမ်းနူးညံ့တာပဲ ... "

မလှုပ်မယှက် ဝမ်ဟုန်တစ်ယောက် ထိုစကားကြောင့် တုန်လှုပ်သွားသည်။ဤတစ်ကြိမ်၌ စားပွဲအားဆုပ်ကိုင်ထားသောသူ၏လက်မှသွေးကြောများမှာ ခရမ်းရောင်ပြောင်းသွားတော့လေ၏။ဝမ်ဟုန်က ကိုယ်စွမ်းရှိသလောက်ချုပ်ထိန်းပြီး အသက်ကိုပြင်းပြင်းရှူသွင်းကာ ဆက်လက်မေးမြန်းလေသည်။

" ရန်မင်းက မင်းကိုဘာပြောခဲ့တာလဲ ... "

ချန်ရုံက သူ့အား ရီဝေဝေ စူးစိုက်ကြည့်နေဆဲပင်။သူမ၏လက်မှာ ဝတ်ရုံပေါ်တွင်ရှိနေသေးပြီး ဆံပင်များကလည်း ရှုပ်ပွနေလေသည်။ထိုအခိုက်တွင် ချန်ရုံမှာ ခါးစည်းကြိုးအား လုံးဝဖြည်ချပစ်လိုက်တော့၏။ကြွေသားသဖွယ် နူးညံ့ချောမွတ်နေသည့်အရေပြားစိုင်များက မျက်စိရှေ့တွင် ကွက်ကွက်ကွင်းကွင်းပေါ်ပေါက်လာ‌သည်။

ဝမ်ဟုန်မှာ ၎င်းမြင်ကွင်းအား ရင်မဆိုင်ဝံ့ဘဲ စားပွဲပြင်ဆီသို့သာ အကြည့်လွှဲထား‌လေသည်။ယင်းနောက်တွင် သူက‌ အေးစက်စွာမေးမြန်းလိုက်၏။

" ချန်ယွမ်ရဲ့ကောက်နှံတွေကြောင့် မင်းသူ့ကိုသွားရှာတုန်းက ရန်မင်းက ဘာပြောခဲ့တာလဲ ... မင်းကဘာလို့ သူနဲ့အတူနေနေခဲ့တာလဲ"

ချန်ရုံမှာ ယခုအချိန်တွင် ခေါင်းမရှင်းဖြစ်နေသေးကြောင်းကို ဝမ်ဟုန်သိသည်။ထို့ကြောင့်ပင် သူက ဒဲ့တိုးဆန်စွာပင် ရှင်းရှင်းလင်းလင်း ထပ်မံမေးမြန်းလိုက်ခြင်းဖြစ်လေ၏။

ယင်းအချိန်တွင် ချန်ရုံက ခေါင်းစောင်းလိုက်ပြီး သူမ၏ပုခုံးပေါ်မှဝတ်ရုံလွှာအား နို့နှစ်ရောင်လက်များဖြင့် ဖယ်ချသည်။သူမသည် ဝမ်ဟုန့်အား မှိန်းမောစွာစိုက်ကြည့်ရင်း မောဟိုက်နေသောလေသံဖြင့်ပြောလိုက်လေ၏။

" သူ‌လား ... ကျွန်မက သူ့ကိုကြိုက်တယ်လို့ပြောခဲ့ရုံပဲ ... ဒါပေမဲ့ သူက ကျွန်မကို လက်ထပ်ယူမယ်တဲ့ ... "

"သူက မင်းကိုလက်ထပ်ချင်တယ်လို့ ပြောခဲ့တာလား"

ဝမ်ဟုန်၏လေသံမှာ ရုတ်တရက်တင်းမာလာသောကြောင့် ချန်ရုံ့ခမျာ မင်သေသွားမိသည်။

" ဟုတ်တယ် ...သူက ကျွန်မကို လက်ထပ်ချင်တယ်လို့ ပြောတယ် ... ဒါပေမဲ့ ချီလန် ...ကျွန်မ သဘောကျတာရှင့်ကိုပဲ ... ကျွန်မ ရန်မင်းကို မကြိုက်ဘူး ... သူက ကျွန်မကို ထိမ်းမြားယူမယ်ပြောလို့သာ သူနဲ့အတူတူလိုက်သွားချင်ခဲ့တာ "

ချန်ရုံမှာ ထိုစကားများကိုသာ ထပ်တလဲလဲပြောနေခဲ့ပြီးထိုအချိန်တွင် ဝမ်ဟုန်က "မင်းက ရန်မင်းနဲ့ လိုက်ချင်တာလား" ဟု ကြားဖြတ်မေးမြန်းလိုက်၏။

ဝမ်ဟုန်က ချန်ရုံ့အား စူးရဲစွာစိုက်ကြည့်နေသည်။သူ၏နားထဲတွင်မည်သည့်စကားသံမျိုးကိုမှ မကြားနိုင်တော့ပေ။
"မင်းက ရန်မင်းနဲ့ လိုက်ချင်တာလား"

အသီးသီးစကားလုပြောနေကြချိန်တွင် ချန်ရုံတစ်ယောက်အနည်းငယ်အသိစိတ်ဝင်သွားခဲ့ပုံရသည်။သူမက ရုတ်တရက်လှည့်ကာ တံခါးဆီသို့ ပြေးသွားတော့၏။

ယင်းလုပ်ရပ်မှာ ရုတ်ချည်းဆန်ပြီး ပြတ်သားသည်။ သူမ၏ပါးပြင်များက နီရဲနေကာ မျက်လုံးများသည်လည်း ရီဝေနေလေ၏။ဂနာမငြိမ်ဖြစ်နေသောလက်အစုံမှာမူ အဝတ်အစားအား ဖရိုဖရဲဆန်စွာ ဆွဲတင်ထားလျက်ရှိသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် ဝါးတံခါးရှိရာဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိသွားခဲ့၏။
သို့သော်လည်း အနောက်မှတစ်စုံတစ်ယောက်က ခါးသိမ်အား လက်ဖြင့်ဆွဲဖမ်းလာသည်။


တစ်ဖက်လူ၏ကိုယ်သင်းရနံ့က သူမအား လွှမ်းခြုံသွားသည့် အခိုက်အတန့်တွင် ချန်ရုံတစ်ယောက် မလွှဲရှောင်သာတော့ဘဲ တုန်တက်သွားလေတော့သည်။သူမ၏ပေါင်တံများက ပျော့ခွေလာပြီး ခွေလဲတော့မတတ်ဖြစ်နေကာ အလိုလိုညဉ်းညူသွားမိသည်။

" ဟင့်အင်း ... မဖြစ်ဘူး ... "

ချန်ရုံမှာ ထိုစကားများအား ထပ်တလဲလဲရေရွတ်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ မဖြစ်နိုင်ရသည့်အကြောင်းပြချက်ကို အဖြေမရှာနိုင်ဘဲ သူမကိုယ်သူမ မည်သည့်စကားများပြော‌မိနေမှန်းပင် သေချာမသိတော့ပါချေ။ယင်းအချိန်တွင် လက်မောင်းတစ်စုံက သူမအား တင်းကြပ်စွာ ဖက်တွယ်ထားခဲ့သည်။

အနောက်မှလူ၏ရင်အုပ်က သူမ၏ကျောပြင်အား ဖိကပ်ထားပြီး ‌နက်နဲသောဝင်လေထွက်လေမှာ လည်ဂုတ်တစ်ဝိုက်အား လာရောက် ထိခတ်နေလေ၏။

" ရန်မင်းနဲ့ လိုက်သွားချင်လား"
ဝမ်ဟုန်က ဩရှသောလေသံဖြင့်မေးမြန်းလာသည်။

ထိုအချိန်တွင် ချန်ရုံမှာ ယင်းလက်မောင်းများကြား၌ အရည်ပျော်သွားပြီး မှိန်းခနဲဖြစ်ကာ အသိစိတ်လွတ်ထွက်သွားတော့သည်။ယခုအချိန်၌ သူမ မြင်နိုင်သမျှက ပါးလှပ်လှပ်နှုတ်ခမ်းသားတစ်စုံပင်။သူမက ညဉ်းညူခြင်းကိုရပ်တန့်ပြီး လက်ကို ဖြည်းညင်းစွာဆန့်ထုတ်ကာ ၎င်းတို့အား ထိတွေ့‌ရင်း တခစ်ခစ်ရယ်မောလာလေ၏။

ထိုအခါ ဝမ်ဟုန်က ၎င်းလက်ကို ဖမ်းဆွဲကာ လက်ချောင်းထိပ်ဖျားအား အာခံတွင်းထဲသို့ငုံလျိုးလိုက်တော့သည်။

တခစ်ခစ်ရယ်သံက အဖျားရှူးသွားလေ၏။တစ်ဆက်တည်းပင် ချန်ရုံ၏နီဆွေးဆွေးနှုတ်ခမ်းသားများ ရုတ်ချည်းဆိုသလို ထိုးခွဲခံလိုက်ရသည်။ဝမ်ဟုန်က သူ၏နှုတ်ခမ်းသားများဖြင့် ချန်ရုံ၏နှုတ်ခမ်းများကိုဖုံးအုပ်ကာ ကြားနယ်ပယ်ထဲသို့ ကျူးကျော်လာ‌ခဲ့သည်။

ချက်ချင်းဆိုသလိုပင် ယောက်ျားသားဘက်မှ အသက်ရှုသံက ဒီရေသဖွယ် မြန်ဆန်မြင့်တက်လာတော့၏။

ထိုအသံက သူမ၏ဝင်လေထွက်လေနှင့်နှလုံးခုန်သံကို ရပ်တန့်စေကာ နှလုံးသား၊ စိတ်အာရုံ ၊ ဝိညာဉ် ... အရာခပ်သိမ်းအား ပြီးပြည့်စုံသွားစေသည်။ရုတ်တရက် ဆိုသလိုပင် ချန်ရုံတစ်ယောက် မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာတော့သည်။

" ဘယ်လိုလုပ်ပြီးတော့ ဒီလောက် ခံစားလို့ကောင်းရတာလဲ ... "

ထိုစကားများအား မှိန်းမောစွာ ရေရွတ်လိုက်ချိန်တွင် တစ်ဖက်လူ၏လက်များက သူမအား တုပ်နှောင်ထားလျက်ရှိသည်။တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခုက သူမ၏သွားများကိုခွဲထုတ်ကာ နက်နဲသောခံတွင်းထဲသို့ ထိုးသွင်းဝင်‌ရောက်လာလျက် လျှာအနောက်မှ ပြေးလိုက်လာသည်။


Xxxxc