အပိုင်း 180
Viewers 24k

Chapter 180
ကျွန်မရဲ့ ချီလန်


ထိုလူကတော့ ချန်ရုံ့ကိုကြည့်၍ အလွန်တက်ကြွသွားပုံရသည်။ သူသည် ချန်ရုံ့ကိုအနောက်မှ သိုင်းဖက်၍ ချန်ရုံ၏ပါးကို ထိလိုက်သည်။ ချန်ရုံ၏နူးညံ့သောအသားအရည်ကို ပွတ်သပ်နေရင်းက ထိုလူသည် တက်ကြွသော်လည်း ရက်စက်သည့်အသံဖြင့် ပြောလိုက်သည်။

"ဝမ်ဟုန်..."

ထိုနာမည်ကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဝေဝါးနေသော ချန်ရုံ၏ဦးနှောက်သည် ချက်ချင်းပင် ကြည်စင်သွားတော့သည်။

ချန်ရုံ့နောက်၌ ထိုလူသည် ခပ်အက်အက်အသံဖြင့် ဆက်ပြောနေသည်။

"ဝမ်ဟုန်ရဲ့ အချစ်လေးက တကယ်ကို အရသာရှိမယ့်ပုံပဲနော်...မင်းကို ပိုင်ဆိုင်ခွင့်ရတာ ဘယ်လိုခံစားရမယ်ဆိုတာကိုသိဖို့ ငါမစောင့်နိုင်တော့ဘူး...နတ်ဆရာမ ဟုန်ယွင်ကျီ...မင်း တစ်ကိုယ်လုံး ချွတ်ပြီး ငါ့ခြေထောက်တွေကြားထဲကို တွားဝင်လာလိုက်စမ်း..."

ထိုလူက စိတ်များကြွလာဟန်တူ၍ သူ၏အသက်ရှူသံက ပို၍ ပို၍ ပြင်းကာမြန်လာလေသည်။

"ငါ မရေတွက်နိုင်တဲ့ မိန်းကလေးတွေနဲ့ တူတူပျော်ပါးခဲ့ဖူးပေမယ့် မင်းလို မိန်းကလေးမျိုးနဲ့ကတော့ ဒါ ပထမဆုံးပဲ...သူ့ရဲ့ အချစ်လေးက ငါ့ခြေထောက်ကြားမှာ ဒူးထောက်ပြီး ငါ့ကို သာယာမှုပေးနေတာကိုသာတွေ့ရင် ဝမ်ဟုန်တစ်ယာက် ရူးပဲသွားမလား...စိတ်မထိန်းနိုင်ပဲ ဖြစ်သွားမလားဆိုတာ ငါသိချင်မိတယ်..."

ထိုအချိန်၌ ချန်ရုံက အေးစက်စွာပြန်ဖြေလိုက်သည်။

"အရှင့်သား ထင်တာတွေ မှားနေပါပြီ...ဝမ်ဟုန်က ရူးသွားမှာလည်းမဟုတ်သလို စိတ်လွတ်သွားမှာလည်း မဟုတ်ပါဘူး..."

ချန်ရုံ့အသံနှင့်အတူ မင်းသား၏လည်မျို၌ အလွန်စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

ထိုအရာမှ အေးစက်သော ဆံထိုးတစ်ခုဖြစ်နေသညိ။

မင်းသားက ကြောင်အသွားသည်။ ဤအားနည်းနူးညံ့သောမိန်းကလေးက ဤသို့ ပြန်တိုက်ခိုက်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ ထိုမိန်းကလေးသည်လည်း မင်းသားကဲ့သို့ပင် ဤဆေးနံ့ကို ယဉ်ပါးနေလေပြီလား။

မင်းသား မသိသည်က ဤလိင်စိတ်ကြွဆေးများသည် တစ်ဦးနှင့်တစ်ဦး အာနိသင်ပြပုံချင်းမတူသည်ကိုပင်ဖြစ်သည်။ စိတ်ဓာတ်ခိုင်မာပြင်းပြသူများသည် ထိုဆေးများကိုလည်း တောင့်ခံနိုင်ကြလေသည်။

ချန်ရုံက မင်းသားအား အေးစက်စွာ စိုက်ကြည့်၍ လက်ထဲမှ ဆံထိုးကို မင်းသား၏လည်မျိုအား တေ့ထားလိုက်သည်။ ဆံထိုး၏ထိပ်၌ သွေးများပင် အနည်းငယ်ပေနေလေသဘ်။

ချန်ရုံ၏ဆံထိုးသည် သာမာန်ဆံထိုးများနှင့်မတူပဲ ရှည်၍ ချွန်ထက်နေသည်။ ထိုဆံထိုးကိုမြင်သူတိုင်း ချန်ရုံ့လက်ထဲမှ အရာသည် ရိုးရိုးအဆင်တန်ဆာတစ်ခုမဟုတ်ပဲ လူသတ်နိုင်သည့်လက်နက်ဖြစ်မှန်း သိနိုင်ကြသည်။

ထိုဆံထိုးကြောင့် မင်းသားသည်လည်း နောက်သို့ ဆုတ်ထား၍ မျက်နှာက ဖြူဖျော့နေသော်လည်း အော်တော့ပြောလိုက်နိုင်သေးသည်။

"မင်းက တော်တော်အတင့်ရဲနေတယ်ပေါ့ နတ်ဆရာမ...ငါဘယ်သူလဲဆိုတာ မင်းမသိဘူးလား...'

ချန်ရုံက အေးစက်စွာပြုံးလိုက်၍ တစ်ခုခုပြန်ပြောမည်အလုပ်မှာပင် ရင်းနှီးသောအသံတစ်သံက အပြင်မှထွက်ပေါ်လာသည်။

"လန်ယာဝမ်ချီက ကျန့်ခန်းရဲ့မင်းသား အိမ်ရှေ့စံနဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်မိပါတယ်..."

ဝမ်ဟုန်၏အသံက ရုတ်တရက်ထွက်ပေါ်လာသောကြောင့် ချန်ရုံရော မင်းသားပါ လန့်သွားကြသည်။

အထဲမှ ဘာသံမှမကြားရသောအခါ ဝမ်ဟုန်၏ နူးညံ့သောအသံက ခပ်အေးအေး ထပ်ထွက်လာပြန်သည်။

"ကျွန်ုပ်တောင်းပန်ပါတယ် အရှင့်သား...ကျွန်ုပ်ရဲ့အမျိုးသမီးလေးက နည်းနည်း စိတ်ဆတ်ပါတယ်...သူ့ကို ထွက်ခွင့်ပေးလိုက်ပါ..."

ကျန့်ခန်းမင်းသားသည်လည်း ဘာလုပ်ရမည်မသိဖြစ်နေသည်။ ချန်ရုံ၏လက်ထဲမှ ဆံထိုးက သူ၏လည်မျိုထဲသို့ တစ်စတစ်စ တိုးဝင်နေသည်ကို မြင်သောအခါမှ ဖြူဖျော့သောမျက်နှာဖြင့် အော်ပြောလိုက်တော့သည်။

"ကောင်းပြီ...ငါ သူ့ကို ထုတ်ပေးမယ်..."

ထို့နောက် ချန်ရုံ့အား ငုံ့ကြည့်၍ အလန့်တကြားပြောလိုက်သည်။

"ငါပြောတာကြားတယ်မလား...သွားစမ်း...ထွက်တော့..."

ချန်ရုံက မလှုပ်မယှက်သာ ရပ်နေသည်။

သူမ၏လက်က လည်မျိုကို ပို၍ ထိုးလိုက်သည်။

'ဘောက်' ဟူသော အသံက အရင်မြည်သွား၍ မင်းသား၏လည်မျိုမှ သွေးများစီးကျလာတော့သည်။ ထိုးလိုက်သည့်ဒဏ်ရာက သိပ်မနက်သော်လည်း ကျန့်ခန်းမင်းသားကဲ့သို့ တစ်သက်လုံး သက်တောင့်သက်သာနေလာခဲ့သူအဖို့တော့ အလွန်ပင် သွေးပျက်စရာဖြစ်သွားသည်။

မင်းသားက မနေနိုင်ပဲ အော်လိုက်မိတော့သည်။

"မင်း ရူးနေပြီလား အရူးမ...မင်းကို သွားဖို့ပြောနေတယ်လေ...ငါပြောနေတာ မကြားဘူးလား..."

ဝမ်ဟုန်နှင့် သူ၏လူများက အခန်းထဲမှ အသံများကို နားထောင်နေကြသည်။ အစောင့်များက တံခါးကိုဖျက်၍ ဝင်မည်အလုပ်မှာပင် ဝမ်ဟုန်က လက်ကိုဝှေ့ယမ်း၍ ခပ်ဖွဖွပြုံးကာ ညှင်သာစွာ ပြောလိုက်သည်။

"သူ့ကို စိတ်ငြိမ်အောင်လုပ်ဖို့ အချိန်ပေးလိုက်ပါ...အားရုံက ဘယ်အချိန်မှာရပ်သင့်လဲဆိုတာ သိပါတယ်..."

ထိုစကားကြောင့် အစောင့်များလည်း ဝမ်ဟုန်၏အနောက်သို့ ပြန်ဝင်ရပ်လိုက်ကြသည်။

အထဲ၌ ကျန့်ခန်းမင်းသားက သွေးပျက်မတတ်အော်ဟစ်နေသည်ကို ကြည့်၍ ချန်ရုံက မသိမသာပြုံးလိုက်သည်။ နွမ်းနယ်နေသော မျက်လုံးများမှတစ်ဆင့် မင်းသားကို စိုက်ကြည့်ကာ ချန်ရုံသည် ဆံထိုးအား ပို၍ နက်အောင် ထိုး၍ အေးစက်စွာပြောလိုက်သည်။

"အရှင် ဝမ်ချီလန်ကို ကျေးဇူးတင်သင့်ပါတယ်...သူသာရောက်မလာရင် အရှင် အခုအချိန်မှာ အလောင်းဖြစ်နေလောက်ပါပြီ..."

ချန်ရုံ၏အသံက အေးစက်၍ ကျယ်လောင်နေကာ ပြောနေရင်းဖြင့် မင်းသားအား ရွံရှာသည့်အကြည့်ဖြင့်ကြည့်၍ ဘေးနားမှလူများကိုလည်း မျက်လုံးဝေ့ကြည့်လိုက်သည်။

ချန်ရုံ အခန်းထဲမှထွက်ရန် တစ်ဖက်သို့ လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် တံခါးကပွင့်သွားကာ ဝမ်ဟုန်နှင့် သူ၏ကိုယ်ရံတော်များကို ချန်ရုံမြင်လိုက်ရသည်။

ချန်ရုံ ဖြည်းညှင်းစွာ လျှောက်၍ထွက်လာသည်ကို ဝမ်ဟုန် မြင်လိုက်ရသည်။

ဝမ်ဟုန့်အားမြင်သောအခါ ချန်ရုံသည် သူမ၏ထိုင်းမှိုင်း‌နေသော ခေါင်းကို ခါရမ်းလိုက်သည်။ ထိုသို့လုပ်သည့်တိုင်အောင် ချန်ရုံ၏အမြင်က ဝေဝါးနေသောကြောင့် သူမ၏ဘယ်ဘက်‌လက်ကောက်ဝတ်အား ဆံထိုးနှင့် ထိုးလိုက်သည်။ လူတိုင်းက ချန်ရုံ၏ကြွေသားကဲ့သို့ ဖြူဖွေးသော လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်ကြသည့်အခါ ဒဏ်ရာလေးခုကို မြင်လိုက်ရလေသည်။ ဒဏ်ရာတစ်ခုက လတ်လတ်ဆတ်ဆတ်သွေးစို့နေ၍ ကျန်သုံးခုက ခြောက်နေပြီဖြစ်သည်။ အခန်းထဲ၌ ချန်ရုံသာ် သတိလစ်မသွားစေရန် သူမ၏လက်ကောက်ဝတ်ကို ထိုးနေခဲ့ခြင်းဖြစ်ပေသည်။

ဝမ်ဟုန်၏အကြည့်ကလည်း ချန်ရုံ၏ဒဏ်ရာဆီသို့ ရောက်သွား၍ ချန်ရုံ့နားသို့ အမြန်လျှောက်သွားလိုက်သည်။

ထို့နောက် ဝမ်ဟုန်သည် ချန်ရုံ့အား မကြည့်ပဲ လက်ကိုင်ပုဝါကို ထုတ်ယူ၍ ချန်ရုံ၏လက်ကို စည်းနှောင်ပေးလိုက်သည်။ လက်ကိုင်ပုဝါတစ်ခုတည်းနှင့် သွေးမထိန်းနိုင်သည်ကို မြင်သောအခါ ဝမ်ဟုန်သည် သူ၏အင်္ကျီလက်ကို ဆွဲဖြဲ၍ ဒဏ်ရာများကို ထပ်၍ စည်းနှောင်ပေးလိုက်လေသည်။

ဝမ်ဟုန်၏အထိအတွေ့များသည် ညှင်သာ၍ ဂရုတစိုက်ရှိလှကာ ဒဏ်ရာများအားလုံးကို သေချာစည်းနှောင်ပေးပြီသည်အထိ ချန်ရုံ၏လက်ကို မလွှတ်ပေးချေ။

ချန်ရုံ၏လက်ကိုကိုင်၍ ဝမ်ဟုန်က ချန်ရုံ့အား ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။

ဝမ်ဟုန်၏ မျက်လုံးများသည် ဆောင်းဦးရာသီ၏ရေကန်ကဲ့သို့ ကြည်လင်၍ နက်ရှိုင်းနေသည်။ ချန်ရုံသည်လည်း ဝမ်ဟုန့်အား ပြန်ငေးကြည့်နေမိသည်။ ထိုင်းမှိုင်းစေသည့်ဆေးအရှိန်အောက်တွင် ချန်ရုံ၏မျက်လုံးများသည် ပုံမှန်ထက် ပို၍ နူးညံ့ကာ မှိုင်းဝေနေသည်။ သာမာန်အခြေအနေ၌ဆိုလျှင် ချန်ရုံသာ် ဝမ်ဟုန့်အား ဤမျှ ချစ်ခင်စိတ်အပြည့်ဖြင့် ဘယ်တော့မှ ကြည့်မည်မဟုတ်ချေ။

ဝမ်ဟုန်သည် ရုတ်တရက် ချန်ရုံ့အား လှမ်းဖက်ကာ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်၍ အက်ကွဲသောအသံဖြင့် ခေါ်လိုက်သည်။

"အားရုံ...အားရုံ..."

ချန်ရုံက ခဏမျှ တောင့်တောင့်လေးရပ်နေပြီးမှ ဝမ်ဟုန်၏ရင်ခွင်ထဲမှ ရုန်းထွက်ကာ အနောက်သို့ ဆုတ်လိုက်သည်။ သို့သော်လည်း ချန်ရုံသည် ခေါင်းကိုစောင်း၍ ဝမ်ဟုန့်အား မူးဝေစွာ ငေးကြည့်နေဆဲဖြစ်သည်။ ချန်ရုံသည် ထိုအကြည့်ထဲ၌ အလွန်ပင် နစ်မျောနေကာ ယခင်က နာကျင်ခဲ့ရမှုများအားလုံးကိုမေ့ပျောက်၍ ဝမ်ဟုန့်အပေါ်ထားသည့်အချစ်ကို သူမ၏နှလုံးသားပေါ်၌ ကဗ္ဗည်းတင်၍ လောကကြီးတစ်ခုလုံးမြင်နိုင်ရန် ထုတ်ဖော်ပြသနေသကဲ့သို့ ဖြစ်နေသည်။

ချန်ရုံ၏အကြည့်သည် အလွန်ပင် လှိုက်လှဲထက်သန်ကာ အလွန်နာကျင်၍ ဝမ်းနည်းမှုများနှင့်လည်း ပြည့်နေသည်။ ထိုအကြည့်သည် ဤအေးစက်၍ ရက်စက်လှသော လောကကြီးတွင် မည်သူကမျှ အခြားလူတစ်ယောက်အား ဤမျှ အရူးအမူးမချစ်နိုင်တော့သည့်အချစ်များဖြင့် ပြည့်နေသော အကြည့်ဖြစ်သည်။

ချန်ရုံ့အားကြည့်ရင်းဖြင့် သူ၏မျက်လုံးများက စူးရှလာသည်ကို ဝမ်ဟုန် ခံစားလိုက်ရသည်။ ဝမ်ဟုန်သည် ချန်ရုံ့အား မော့ကြည့်၍ ခဏအကြာတွင် ချန်ရုံ့အား ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်ပြန်သည်။

ဝမ်ဟုန်ဟည် ချန်ရုံ့အား တင်းကျပ်စွာ ဖက်လိုက်ပြီးမှ ပြန်လွှတ်လိုက်ကာ တစ်ဖက်သို့လှည့်၍ ကျန့်ခန်းမင်းသားထံ သွားရန်ပြင်လိုက်သည်။

ဝမ်ဟုန်က ခြေတစ်လှမ်းသာလှမ်းရသေးသည့်အချိန်တွင် ချန်ရုံက ဝမ်ဟုန်၏လက်ကို လှမ်းဆွဲလိုက်သည်။ ချန်ရုံသည် သာမာန်ပုံစံနှင့်မတူပဲ ခိုကိုးရာမဲ့သည့် ငှက်ငယ်လေးအလား ဝမ်ဟုန့်ကို ငေးကြည့်နေဆဲရှိသည်။ ထိုအခိုက်အတန့်၌ ချန်ရုံသည် အနည်းငယ် ထုံထိုင်း၍ အားနည်းကာ တစ်ချိန်တည်းမှာပင် အကြည့်များက စူးရဲနေပြန်သည်။

ဝမ်ဟုန်က ညင်သာစွာပြုံးလိုက်သည်။ သူသည် ချန်ရုံ့အား လှမ်းဖက်လိုက်၍ နှစ်ယောက်တူတူ ကျန့်ခန်းမင်းသားထံသို့ လျှောက်သွားလိုက်သည်။

မင်းသား၏ လည်ပင်းမှဒဏ်ရာအသေးလေးသည် ထိုအချိန်၌ သွေးတိတ်နေပြီဖြစ်သည်။ မင်းသားသည် ချန်ရုံ့အား ကြောင်တောင်တောင် ငေးကြည့်နေသည်။

ဝမ်ဟုန်အနားသို့ ရောက်လာသောအခါ မင်းသားက ရုတ်တရက် အပေါ်သို့မော့ကြည့်ကာ သက်ပြင်းချလိုက်၍ ရင်ထဲမှလာသည့် လှိုက်လှဲသောအသံဖြင့် ဝမ်ဟုန့်အား ပြောလိုက်သည်။

"ငါ မင်းကို ဘယ်တော့မှ အနိုင်မရနိုင်တော့ပါဘူး..."

အမည်းရောင်နံ့သာသည် စိတ်ကို ပျော်စေသည့်အပြင် စိတ်ကို ထင်ယောင်ထင်မှားလည်း ဖြစ်စေသည်။ ထိုရနံ့သည် လူများအား အိပ်မက်မက်နေသကဲ့သို့ဖြစ်စေကာ စိတ်၏နက်ရှိုင်းသောနေရာမှ လိုအင်ဆန္ဒများကို ဆယ်ဆပို၍ ဖွင့်ဟပြောစေတတ်သည်။ ထို့ကြောင့် လိင်စိတ်ဆန္ဒများ ပို၍ကြွစေသည့်အပြင် လူများ၏ အလိုချင်ဆုံးဆုတောင်းများကိုလည်း ထုတ်ဖော်ပြတတ်သည်။ ထိုအကြောင်းကြောင့် ထိုရနံ့ကိုအသုံးပြုနေချိန်တွင် လူများသည် သူတို့၏ပင်ကိုစိတ်များကိုလည်း ထိန်းထားနိုင်လေသည်။

အထက်တန်းလွှာများအတွက် တူတူအိပ်စရာ မိန်းမ မရှားသလို အသုံးပြုစရာ ဆေးများလည်း ရွေးချယ်စရာအများအပြားရှိသည်။ သို့သော် ထိုကဲ့သို့ လိင်စိတ်ကြွဆေးများသုံးလိုက်လျှင် အလွန်အိန္ဒြေသိက္ခာရှိသော အမျိုးသမီးပင် မိန်းမပျက်တစ်ယောက်ကဲ့သို့ ဖြစ်သွားနိုင်သည်။ အထက်တန်းလွှာများက ၌ အမည်းရောင်ရနံ့ဆေးကို သုံးကြရခြင်းမှာ ထိုဆေးရနံ့၏လွှမ်းမိုးမှုအောက်၌ ရှိနေချိန်တွင်တောင်မှ အမျိုးသမီးများသည် သူတို့၏ လိင်စိတ်ဆန္ဒများ၏လွှမ်းမိုးခြင်းကိုခံနေရသော်လည်း သူတို့၏ပင်ကိုစိတ်နေစိတ်ထားက မပျောက်ကွယ်သွားသောကြောင့်ဖြစ်သည်။

မင်းသား၏မျက်လုံးများက ဝမ်ဟုန်၏လက်မောင်းနောက်၌ ပုန်းကွယ်နေကြသော ချန်ရုံ့ထံသို့ အကြည့်ရောက်သွားသည်။

"အဲဒီမိန်းမကအရမ်းကို တမ်းတမ်းစွဲဖြစ်နေတာပဲ...ဒါပေမယ့် အဲဒီလိုမိန်းကလေးမျိုးကလည်း ချစ်မြတ်နိုးဖို့ ထိုက်တန်ပါတယ်..."

ထို့နောက် မင်းသားက မျက်လုံးများထဲ၌ အတိတ်ကို မျှော်မှန်းတမ်းတသည့် အရိပ်အယောင်များဖြင့် နူးညံ့စွာပြောလိုက်သည်။

"ငါ့ရဲ့မိခင်ကလည်း ခမည်းတော်ကို အဲဒီလိုမျက်လုံးတွေနဲ့ ကြည့်ခဲ့ဖူးတာပဲ...ဒါပေမယ့် အမေက ဉာဏ်မထက်မြက်တော့ မိဖုရားခေါင်ကြီးရဲ့လက်ချက်နဲ့ ဆောင်ကြာမြိုင်ကို လွယ်လွယ်နဲ့ ရောက်သွားခဲ့ရတယ်...သေခါနီးအချိန်မှာတောင်မှ အမေဟာ ခမည်းတော်ရဲ့ သနားကြင်နာမှုကို မရခဲ့ရှာဘူး..."

ထို့နောက် ကျန့်ခန်းမင်းသားသည် ခေါင်းကိုပေါ့၍ ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ သူ၏ဒဏ်ရာက ပြန်ပွင့်သွား၍ သွေးများ ပြန်ထွက်လာသည်။

"အရှေ့ဘက်ဆီကိုလည်း လွင့်ပါးခဲ့ကြပြီ...အနောက်ဘက်ဆီကိုလည်း လွင့်ပါးခဲ့ကြပြီ...ဒါပေမယ့် ငါတို့ရဲ့ ဝိဉာဉ်တွေကတော့ တွယ်ကပ်‌နေကြဆဲ...ဘယ်တော့များမှ ငါတို့ အနားရမှာလဲ...ဘယ်တော့များမှ အနားရမှာလဲ..."

မင်းသားသည် သူ၏သွေးထွက်နေသည့်လည်ပင်းရော၊ ဝမ်ဟုန်တို့ကိုပါ လျစ်လျူရှု၍ အင်္ကျီဝတ်ရုံလက်များကို ခါယမ်းရာ အရူးကဲ့သို့ ပြေးထွက်သွားတော့သည်။ မင်းသား၏ သွေးရူးသွေးတမ်းရယ်သံနှင့် ဝမ်းနည်းဖွယ်သီချင်းသံတို့က လူတိုင်း၏နားထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

ကျန့်ခန်းမင်းသားနှင့် မင်းသား၏စိတ်ဖောက်မှုကြောင့် အပြေးအလွှားရောက်လာကြသော ကိုယ်ရံတော်များစွာကိုကြည့်၍ အကြံပေးတစ်ဦးက ဝမ်ဟုန့်နားသို့လာ၍ ခပ်တိုးတိုးပြောလိုက်သည်။

"ချီလန်...သွားကြရအောင်ပါ..."

အကြံပေးနောက်တစ်ဦးကလည်း အနားသို့ရောက်လာသည်။ အကြံပေးက လက်များကို ချိတ်တက်၍ ဝမ်ဟုန့်အား မြှောက်ပြကာပြောလိုက်သည်။

"အရှင်...ဒီ့ထက်ပိုကောင်းတဲ့ ရလဒ်ကိုလည်း ကျွန်ုပ်တို့ မျှော်လင့်လို့မရတော့ပါဘူး..."

ဝမ်ဟုန်က ခေါင်းငြှိမ့်၍ ကျန့်ခန်းမင်းသားထွက်ခွာသွားသည့်နေရာသို့ အေးစက်စွာ ပြုံး၍ လှမ်းကြည့်လိုက်သည်။

ထို့နောက် အနောက်သို့လှည့်၍ လျှောက်လာလိုက်ကြသည်။

အိမ်တော်ထဲမှ ထွက်ခွာသည့်အချိန်တွင် မင်းသားယင်း၏အစောင့်များက ဝမ်ဟုန်တို့အား ဖြတ်သန်းခွင့်ပေးလိုက်ကြသည်။

ထို့နောက် ဝမ်ဟုန်က ချန်ရုံ့အား သူ၏ရထားလုံးဆီသို့ ချီမသွားလေတော့သည်။

ရထားလုံးက စတင်ထွက်ခွာလေသည်။

ရထားလုံးထဲတွင် ချန်ရုံက ဝမ်ဟုန်၏ရင်ခွင်ကိုမှီကာထိုင်နေ၍ ဝမ်ဟုန့်အား မော့ကြည့်နေပြန်လေသည်။ ချန်ရုံ၏ မသိစိတ်က ဝမ်ဟုန့်အား နှလုံးသားတစ်ခုလုံး ပြည့်နှက်သွားသည်အထိ၊ သူမ၏ အတိတ်၊ အနာဂတ်နှင့် ဘဝတစ်ခုလုံး လုံလောက်သည်အထိ စွဲထင်နေစေရန် ကြည့်နေသည်နှင့် တူသည်။

ဝမ်ဟုန်က သူ၏ကိုယ်ရံတော်များအား အမိန့်ပေးပြီးမှ ချန်ရုံ့အား ငုံ့ကြည့်လိုက်သည်။

ချန်ရုံ၏ ချစ်စိတ်များလွှမ်းနေသည့် မျက်လုံးများကို မြင်သောအခါ ဝမ်ဟုန်က ချန်ရုံ့အား တင်းကျပ်စွာ ဖက်လိုက်သည်။

ရင်ခွင်ထဲ၌ ဖက်ထားရင်းက ဝမ်ဟုန်သည် ချန်ရုံ၏မျက်နှာလေးကိုကိုင်လိုက်သည်။

"အားရုံ..."

"ဟင်..."
ချန်ရုံက မူးဝေစွာ ပြန်ထူးလိုက်သည်။

ချန်ရုံ၏ နူးညံ့သောအသံလေးကိုကြားသောအခါ ဝမ်ဟုန်က ပြုံးလိုက်သည်။ ထို့နောက် ချန်ရုံ၏နှဖူးကိုနမ်း၍ မေးလိုက်သည်။

"အားရုံ...မင်း ငါ့ကို ချစ်လား..."

ချန်ရုံက မူးဝေစွာဖြင့် ဝမ်ဟုန်၏အင်္ကျီလက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ဝမ်ဟုန်၏မေးခွန်းကိုကြားသောအခါ ချန်ရုံက တိုးတိုးလေး ပြန်ပြောလိုက်သည်။

"အင်း ချစ်တယ်..."

ဝမ်ဟုန် တောက်ပစွာ ပြုံးလိုက်မိသည်။

ဝမ်ဟုန်သည် သူ၏နှုတ်ခမ်းများကို ချန်ရုံ၏မျက်ခွံပေါ်သို့ တင်၍ နူးညံ့စွာမေးလိုက်ပြန်သည်။

"ဒါဆိုရင် မင်း ငါနဲ့ လိုက်ခဲ့မလား..."

ချန်ရုံ၏ မှုန်မှိုင်းသောမျက်လုံးများကို မြင်သောအခါ ဝမ်ဟုန်က ထပ်ရှင်းပြလိုက်သည်။

"ငါရှိတဲ့ ဝမ်အိမ်တော်ဆီကိုလေ..."

ချန်ရုံက နားမလည်သကဲ့သို့ ခေါင်းကိုစောင်းကာ ဝမ်ဟုန့်အားကြည့်လိုက်သည်။ အချိန်အတော်ကြာမှ တိုးတိုးလေးပြောလိုက်သည်။

"အိမ် ဟုတ်လား..."

ချန်ရုံက ခေါင်းကိုခါ၍ ကလေးကဲ့သို့ ‌ရူးပေါပေါလေး ပြုံးလိုက်သည်။

"ချီလန်...ရှင် မူးနေတာလား...ကျွန်မမှာ အိမ်မရှိဘူးလေ..."

ချန်ရုံက ဝမ်ဟုန်၏ ချောမွေ့သော မေးစေ့ကို ပွတ်ရင်း တခစ်ခစ်ရယ်လိုက်သည်။

ချန်ရုံ၏လက်ချောင်းများက ဝမ်ဟုန့်အား ထိတွေ့နေရင်းက တိုးတိုးလေးပြောလိုက်သည်။

"အရှင်...အရှင်က ကျွန်မရဲ့ ချီလန် နဲ့ အရမ်းတူ‌တာပဲ..."

ဝမ်ဟုန်က ချန်ရုံ၏စကားကိုကြားသောအခါ ရုတ်တရက် တောင့်တင်းသွားမိသည်။ ပြီးမှ နူးညံ့စွာမေးလိုက်သည်။

"မင်းရဲ့ ချီလန်...ဟုတ်လား...'

ချန်ရုံကတော့ မူးဝေနေသောကြောင့် ပြန်မဖြေပေ။ ဝမ်ဟုန့်ကိုသာ ငေးကြည့်၍ သူမ၏သေးသွယ်သောလက်လေးက ချန်ရုံ၏ ဝတ်ရုံထဲသို့ တိုးဝင်နေသည်။

ချန်ရုံက ဝမ်ဟုန်၏ အင်္ကျီကို ဆွဲရင်းက ပြောလိုက်ပြန်သည်။

"အရှင်က တခြားလူမဟုတ်ဘူးပဲ...အရှင်က ကျွန်မရဲ့ ချီလန်..."

ချန်ရုံက ထိုစကားများပြော၍ သူမကိုယ်သူမ ပြန်နှစ်သိမ့်နေဟန်ရှိသည်။ ထိုစကားများကို အနည်းငယ်ပြောပြီးသောအခါ ချန်ရုံ၏ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကျသွားတော့သည်။

ချန်ရုံသည် ဝမ်ဟုန်၏လက်မောင်းအားမှီတွယ်၍ သူမ၏ညာဘက်လက်က အင်္ကျီထဲသို့ တိုးဝင်ကာ ဝမ်ဟုန်၏ရင်ဘတ်ဆီသို့ရောက်သွားသည်။ ချန်ရုံ၏ပူနွေးနေသောလက်က ဝမ်ဟုန်၏အေးစက်သောရင်ဘတ်နှင့် ထိမိသွားသောအခါ ချန်ရုံ့ထံမှ စိတ်ကျေနပ်သွားသောအသံလေးထွက်လာသည်။ ထို့နောက် ချန်ရုံသည် ဝမ်ဟုန်၏ရင်ဘတ်ကို မျက်နှာနှင့်ထိကပ်၍ တိုးတိုးလေး ဆက်ပြော‌နေသည်။

"အရှင်က တခြားလူမဟုတ်ဘူး...အရှင်က ကျွန်မရဲ့ ချီလန်...ကျွန်မရဲ့ ချီလန်..."

ထိုစာသားကို ထပ်ခါတလဲလဲပြောနေရင်းက ချန်ရုံ၏မျက်နှာသည် နီသထက်နီလာ၍ အသက်ရှူသံကလည်း တဖြည်းဖြည်း ပြင်းလာသည်။

ထိုအချိန်၌ ဝမ်ဟုန်က ချန်ရုံ၏ မေးစေ့ကိုကိုင်၍ မျက်နှာကို ဆွဲမော့လိုက်သည်။

ဝမ်ဟုန်၏ကျောက်စိမ်းကဲ့သို့သော ချောမွေ့သည့်မျက်နှာက အနည်းငယ် နီနေသည်။ ဝမ်ဟုန်က ချန်ရုံ၏မျက်နှာကို ကိုင်လိုက်သည့်အချိန်မှာပင် ဝမ်ဟုန်၏ခါးစည်းက ပြုတ်သွားကာ ဖြူဖွေးပူနွေးသောလက်လေးက ဝမ်ဟုန်၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ တိုးဝင်သွားလေသည်။