【Volume 1 : ဆင်းရဲခြင်းနတ်ဘုရားလေး ၀၆】
Chapter 6
စူးချုံသည် ချိုချဉ်အပြည့်နဲ့ဘူးကို ကိုင်ရင်း အိမ်ပြန်သွားခဲ့သည်။
အပေါ်ထပ်သို့ တက်လာစဉ် လမ်းတစ်လျှောက်လုံး သူ့မျက်နှာက နီရဲနေပြီး မနေနိုင်ဘဲ ရယ်မောနေခဲ့သည်။
စူးချုံ ဝင်လာပြီး ခေါင်းအုံးဘေးမှာ ချိုချဉ်တွေထည့်ကာ တစ်ခုချင်းစီကို လက်နဲ့ တို့ထိရင်း စားဖို့ ဝန်လေးနေပြီး သူ့မျက်လုံးတွေက ကြယ်နှစ်လုံးလို တောက်ပနေသည်။
ခဏကြာအောင်ကြည့်ပြီးနောက် စူးချုံသည် ကုတင်အောက်မှ ဘီစကွတ်များထည့်သည့် အဝိုင်းပုံသေတ္တာကြီးကို ဆွဲထုတ်လိုက်ပြီး အနားစွန်းများရှိ ရောင်စုံဆေးသုတ်ထားသော သတ္တုများကို ပေါ်လွင်စေသည်။
စူးချုံသည် သေတ္တာကို ဖွင့်လိုက်ပြီး ရှုပ်ပွနေသော အရာလေးတွေ၊ ကလေးကစားစရာတချို့၊ ကြယ်သီးတစ်လုံး၊ စာရွက်အပိုင်းအစလေးတွေပါဝင်သည်။
စူးချုံက စာရွက်တစ်ရွက်ကို ကောက်ကိုင်လိုက်သည်။
စာရွက်တစ်ရွက်ပေါ်တွင် စိတ်အားထက်သန်စွာကြည့်နေသော လင်ဖုသည် သူ၏ချောမောသောမျက်နှာပေါ်တွင် တည်ငြိမ်သောအပြုံးဖြင့် လုပ်ငန်းရှင်ပုံစံရှိသူနှင့် လက်ဆွဲနှုတ်ဆက်နေသည်။ စာရွက်တစ်ရွက်လုံးကို မဂ္ဂဇင်းတချို့မှ ဖြတ်တောက်ထားပုံရသည်။
စူးချုံသည် စာရွက်တစ်ရွက်ကို မြတ်နိုးစွာ ကိုင်လိုက်ပြီး ဝမ်းနည်းစွာ သက်ပြင်းချကာ ပြုံးပြန်သည်။
ထို့နောက် သူက အရောင်စုံ၊ ခပ်ပြားပြား၊ ခပ်လုံးလုံး၊ ချိုချဉ်များကို ကောက်ယူလိုက်ပြီး ဘီစကစ်သေတ္တာထဲမှာ ထည့်ကာ အဖုံးပိတ်ပြီး တစ်ဘူးလုံးကို ကုတင်အောက်မှာ ပြန်ထားလိုက်သည်။
[16]
ညနေခင်းတွင် စူးချုံသည် သူ့တစ်နေ့တာအလုပ်များကို ပင်ပန်းနွမ်းနယ်မှုဖြင့် ပြီးသွားသည်။
သူတကယ် မချက်ပြုတ်ချင်တော့ဘဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်က ပေးသောလစာလည်း များတာကြောင့် စူးချုံသည် ညဈေးမှာ ကြက်ဥအပြည့် ပန်ကိတ်ဝယ်ပြီး ဝက်အူချောင်းကို ခြွင်းချက်အနေနဲ့ ထည့်ပေးသေးသည်။
ငါ အရမ်းအသုံးအဖြုန်းကြီးတာပဲ၊ ဒါက မကောင်းဘူး၊ မကောင်းဘူး။ စူးချုံသည် သူ့စိတ်ထဲတွင် သူ့ကိုယ်သူ လေးလေးနက်နက် ဝေဖန်လိုက်ပြီး ကြက်ဥအပြည့် ပန်ကိတ်ကို ပျော်ရွှင်စွာစားကာ အိမ်ပြန်လာခဲ့သည်။
သူအိမ်ပြန်ရောက်တော့ စူးချုံ ပထမဆုံးလုပ်ခဲ့တာက သူ့ဆွယ်တာအင်္ကျီနဲ့ ဂျင်းဘောင်းဘီတွေကို ချွတ်ပြီး ဇလုံထဲကို ပစ်ချကာ ရေနဲ့စိမ်ပြီး ဆပ်ပြာထည့်ကာ ပွတ်လျှော်လေသည်။
အဝတ်တစ်ထည်သာရှိသောကြောင့် ညစ်ပတ်သွားသည့်အခါ ချက်ချင်းလျှော်ဖွပ်ပြီး အမြန်ခြောက်အောင် လှန်းထားရမည်။ မဟုတ်ပါက သူ့မှာ ဝတ်စရာ အဝတ်ခြောက်ရှိတော့မည်မဟုတ်ပေ။
စူးချုံသည် အအေးခန်းထဲတွင် တဆတ်ဆတ်တုန်နေပြီး သူ့ဆွယ်တာနှင့် ဂျင်းဘောင်းဘီကို လျှော်ပြီးသည်နှင့် ညစ်ပတ်သောရေများကို ဇလုံကြီးတစ်ခုထဲသို့ လောင်းထည့်ကာ အတွင်းခံဘောင်းဘီကို ချွတ်ပြီး အတွင်းခံဘောင်းဘီကို လျှော်ရန် ဇလုံရှေ့တွင် မတ်တတ်ရပ်လိုက်သည်။
စိုစွတ်သောအဝတ်အစားများအားလုံးကို လှန်းပြီးနောက် စူးချုံသည် အိပ်ရာထဲသို့ လျင်မြန်စွာသွားကာ ပိုးတုံးလုံးလေးကဲ့သို့ သူ့ကိုယ်သူ စောင်ဖြင့် ပတ်ထားပြီး လှပသော သူ့မျက်နှာလေးကိုသာ ထုတ်ဖော်ထားသည်။ သူသည် နားစွင့်ကာ အိမ်နီးချင်းထံမှ တိုးညှင်းသော တီဗီအသံများကို နားထောင်နေသည်။
ချိုချဉ် စားချင်သလား။ စူးချုံသည် ခေါင်းအုံးဘေးတွင် တင်ထားသော ချိုချဉ်ဘူးကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။
ငါ အခု မစားသေးဘူး… ဒါက သူဆီကနေရတဲ့လက်ဆောင်ပဲ၊ အရမ်းတန်ဖိုးကြီးတယ်၊ ငါ တစ်ခုစားလိုက်ရင် တစ်ခုလျော့သွားလိမ့်မယ်။
ထိုအချိန်တွင် စင်္ကြံလမ်းမှ လျှောက်သွားနေသည့် လူအများအပြား၏ အသံများအပြင် လေးလံသော အရာဝတ္ထုများကို ဆွဲယူနေသည့် အသံနှင့် ဆူညံနေသည့် အသံများလည်း ထွက်ပေါ်လာသည်။
အိမ်နီးနားချင်း၏ တီဗီအသံများက နစ်မြုပ်သွားသည်..။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် စူးချုံ၏တံခါးက ထပ်မံတံခါးခေါက်သံထွက်လာပြီး လင်ဖု၏တည်ငြိမ်သောအသံက တံခါးတစ်ဖက်မှ ထွက်ပေါ်လာသည်။ "ကိုယ်ပါ၊ တံခါးဖွင့်ပါဦး။"
စူးချုံသည် သူ့ကိုယ်သူ စောင်နဲ့ တင်းတင်းကျပ်ကျပ် ထုပ်ပြီး တံခါးကို ဖွင့်ဖို့ ပြေးသွားသည်။
တံခါးအပြင်ဘက်တွင် လင်ဖု၏နောက်မှာ အလုပ်သမားများနှင့်တူသော အမျိုးသားအများအပြားရှိပြီး တစ်ယောက်ချင်းစီက ပရိဘောဂအပိုင်းအစများကို ဆွဲယူတာ သို့မဟုတ် သယ်ဆောင်လာကြသည်။
သေးငယ်သော လေးထောင့်စားပွဲ၊ လက်တင်ကုလားထိုင်နှစ်လုံး၊ ဗီရိုကြီးတစ်ခုနှင့်… တီဗီတစ်လုံး ရှိသည်။
"မင်းတို့ ပစ္စည်းတွေ ရွှေ့ကြ" လင်ဖုသည် အလုပ်သမားတွေကို အိမ်ထောင်ဦးစီးလို သဘောထားပြီး ညွှန်ကြားလိုက်၏။
"မင်းငါ့အတွက် ပစ္စည်းတွေအများကြီး ဝယ်ခဲ့တယ်…" စူးချုံသည် ပထမကတော့ အံ့အားသင့်သွားပြီး တီဗီကိုမြင်ပြီးနောက် ငိုတော့မည့်ဟန်ဖြင့် ပါးစပ်ဟသွားသည်။
လင်ဖုက လျင်မြန်စွာ ရှင်းပြသည်။ "ကိုယ် ရှောင်ကျန်းကို ယွမ်ရာဂဏန်းနဲ့ တစ်ပတ်ရစ်တီဗီတစ်လုံး ဝယ်ပေးဖို့ တမင်တကာ တောင်းဆိုခဲ့တာပါ။"
မြဲမြံသော ရုပ်ဝါဒီသမားသည် စူးချုံ၏ တက္ကိဗေဒကြောင့် ရှုံးနိမ့်သွားပုံရသည်။
"အခြားပရိဘောဂတွေက အသစ်ပဲ။" လင်ဖုသည် ဘေးကိုလှည့်ပြီး အလုပ်သမားတွေကို အိမ်ထဲကို ရွှေ့ခိုင်းလိုက်သည်။
[17]
လင်ဖုသည် အလုပ်သမားများအား သင့်လျော်သောနေရာများတွင် ပရိဘောဂများထားရှိရန် ညွှန်ကြားခဲ့ပြီး အိမ်သို့လိုအပ်သော ပရိဘောဂတချို့ကို ထည့်သွင်းကာ နောက်ဆုံးတွင် အိမ်သဖွယ်ဖြစ်လာခဲ့သည်။
စူးချုံသည် စောင်တစ်ထည်နှင့် ထုပ်ထားပြီး တံခါးနားမှာ ရပ်နေကာ နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး မျက်လုံးများက ရီဝေနေသည်။
"မင်း မစားရသေးဘူးလား။" လင်ဖုက သူယူလာသော ပလတ်စတစ်အိတ်ကို စားပွဲအသစ်ပေါ်တင်ပြီး စူးချုံ၏ အဖြေကို မစောင့်ဘဲ လျင်မြန်စွာ ပြောလိုက်သည်။ "ကိုယ်လည်း မစားရသေးဘူး။ ကိုယ်တို့အတူတူ စားဖို့ အခွင့်အရေးကြုံတာ ကောင်းတာပေါ့။"
စူးချုံသည် လင်ဖု၏ ဆက်တိုက်လုပ်ဆောင်မှုများကြောင့် စိတ်လှုပ်ရှားနေသဖြင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ငိုသံဖြင့် ပြောလာသည်။ "ကျေးဇူးတင်ပါတယ်… မင်းက ငါ့ကို အရမ်းကြင်နာတာပဲ... မင်းက ဘာလို့ ဒီလောက်တောင် ကြင်နာနေရတာလဲ၊ မင်းက အရမ်းကောင်းတဲ့လူပဲ..."
သတိမပေးဘဲ လူကောင်း ကတ်သုံးကတ်ဆက်တိုက် ပို့ခံလိုက်ရသော လင်ဖုသည် ဘာမှမပြောတော့ဘဲ စူးချုံကို အလျင်အမြန် အချက်ပြလိုက်ပြီး သူ့ဘေးက ခြေလေးချောင်းပါသော ထိုင်ခုံအသစ်ကို လက်ဖြင့်ပုတ်ကာ "လာစားပါ" လို့ပြောလိုက်သည်။
ထို့ကြောင့် ပိုးတုံးလုံးလေးကဲ့သို့ ရစ်ပတ်ထားသော စူးချုံသည် ဖြည်းညှင်းစွာ လျှောက်လာ၏။
လင်ဖုသည် ရှုပ်ထွေးသောအမူအရာဖြင့် သူ့ဆီသို့ လျှောက်လာနေသော သူ့ကို စိုက်ကြည့်ရင်း "... မင်းက အဝတ်အစားမဝတ်ထားဘူးလား။"
စူးချုံက ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်သည်။ "အဝတ်အစားတွေကို လျှော်ပြီး ခြောက်အောင် လှန်းထားတယ်။"
လင်ဖုသည် ချက်ချင်းပင် ကိုယ့်ကိုကိုယ် အပြစ်တင်မိသွားသည်..။
စူးချုံမှာ အဝတ်တစ်ထည်ပဲရှိတာကို သူတကယ်မေ့သွားသည်။
စူးချုံက ပြုံးပြီး ပြောသည်။ "ဘာပဲဖြစ်ဖြစ် ငါက ညဘက်အပြင်မထွက်ပါဘူး၊ မနက်ဖြန် မနက်မှ ငါဝတ်လို့ရတယ်။"
"…ထားလိုက်ပါ၊ အရင်စားကြရအောင်။" လင်ဖုသည် သူ့စာရင်းထဲတွင် "သူ့အတွက် အဝတ်အစားဝယ်ရမယ်"လို့ တိတ်တိတ်လေး စာလုံးကြီးနဲ့ မှတ်ထားလိုက်ပြီး အိတ်ထဲမှ စားစရာတွေကို ထုတ်ယူလိုက်ပြီးတော့ အနံ့က တစ်ခန်းလုံးကို လွှမ်းသွားသည်။
သူထမင်းစားပြီးသော်လည်း တစ်နေ့တာ ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးနောက် အစာပိုစားနိုင်သဖြင့် စူးချုံသည် စောင်ထဲမှ ရိုးရိုးသားသားလက်ဆန့်ပြီး တူကို ကောက်ကိုယူလိုက်သည်။
ချောမွတ်သွယ်လျသော လက်မောင်းများကို လုံးလုံးလျားလျား ပေါ်လွင်စေပြီး စောင်ကို လက်လှုပ်ရှားမှုဖြင့် မြှောက်လိုက်ကာ ဖြူဖွေးသော အသားအရည်ကို ပေါ်လွင်စေသည်။
အလုပ်သမားနှစ်ယောက်က စူးချုံနဲ့ ဆန့်ကျင်ဘက်မှာ တီဗွီကို တပ်ဆင်နေကြသည်..။
လင်ဖုသည် သူ့ကိုယ်သူ ဘာဖြစ်နေမှန်းမသိချေ။ သူ့ဦးနှောက်က ရုတ်တရက် တုန်ခါသွားပြီး လက်နှစ်ဖက်ဖြင့် စူးချုံ၏စောင်အနားကို လျင်မြန်စွာကိုင်ကာ စူးချုံကို တင်းတင်းကျပ်ကျပ် ဖုံးအုပ်လိုက်ပြီး သူ့မျက်နှာနှင့် လက်မောင်းတစ်ဖက်သာ ကျန်ထားသည်။ သူက တည်ငြိမ်သောလေသံဖြင့် ပြောသည်။ "အခန်းက အရမ်းအေးတယ်၊ အအေးမမိစေနဲ့။"
"အိုး၊ အဆင်ပြေပါတယ်။" စူးချုံက လင်ဖုကို အပြစ်ကင်းသောအပြုံးပေးကာ စောင်ကို တင်းတင်းကျပ်ကျပ် ခြုံလိုက်သည်။
လင်ဖုသည် စူးချုံ၏ ပြုံးနေသော မျက်နှာကို ကြည့်ကာ စိတ်လှုပ်ရှားသွားပြီး သူ့လက်ထဲက တူတွင် ကောက်ကိုင်ထားသော ဂျင်းဖတ်ကိုပင် မကြည့်မိလိုက်ပေ။ သူသည် ဂျင်းဖတ်ကို ကောက်ယူပြီး အိပ်ငွေ့ကျနေသူတစ်ယောက်ကဲ့သို့ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"…အဟွတ်! အဟွတ်!" မစ္စတာလင်သည် သူ့ကိုယ်သူ ညှို့ဓာတ်အောက်ကျသွားသလို သံသယရှိခဲ့သည်။
ပရိဘောဂများကို ထားရှိကာ တီဗွီကို တပ်ဆင်ပေးသည့် အလုပ်သမားက တီဗွီကို တီဗွီဖွင့်ပြီး ပုံမှန်အတိုင်းလည်ပတ်နိုင်ကြောင်း သေချာစေရန် ပြုလုပ်ပြီးနောက် ထွက်သွားသည်။
လင်ဖုနှင့် စူးချုံတို့သာ အခန်းထဲတွင် လူနှစ်ယောက်တည်း ကျန်တော့သည်။
လင်ဖုသည် ရီမုတ်ကို စူးချုံဆီပေးပြီး ပြောလိုက်သည်။ "မင်းကြိုက်တဲ့ ပရိုဂရမ်ကို ရှာလိုက်ပါ။"
စူးချုံသည် ရီမုတ်ကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ပြီး သံသယဖြစ်စွာ မေးလိုက်သည်။ "ဒါပေမဲ့ ငါ ကေဘယ်လ်တီဗီကြေးကို မပေးရသေးဘူး…"
"ကိုယ် ရှောင်ကျန်းကို ပေးခိုင်းလိုက်ပြီ။" လင်ဖုက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး "ဒီအိမ်အတွက် ရေနဲ့ မီတာခတွေလည်း ပေးခဲ့ပြီးပြီ။"
စူးချုံသည် သူ့နှုတ်ခမ်းကို လှုပ်လိုက်ပြီး စကားစလုဆဲဆဲမှာ လင်ဖုက သူ့ပါးစပ်ကို လက်ညိုးထိုးကာ နူးညံ့စွာ ပြောခဲ့သည်။ "ကျေးဇူးတင်ပါတယ်လို့ မပြောပါနဲ့၊ ကိုယ် မင်းအတွက် တစ်ခုခု လုပ်ပေးချင်လို့ပါ။"
"..." စူးချုံသည် သူ့ပါးစပ်ကိုပိတ်ပြီး တောက်ပသော ကျေးဇူးတရားလှိုင်းများကို ထုတ်လွတ်ဖို့ သူ့မျက်လုံးတွေကို အသုံးပြုလိုက်သည်။
စူးချုံသည် တီဗီဇာတ်လမ်းတွဲ ရုပ်သံလိုင်းသို့ ပြောင်းလိုက်သည်။ ၎င်းက လတ်တလောတွင် အထူးရေပန်းစားခဲ့သည့် သိုင်းဇာတ်လမ်းတွဲဖြစ်သည်။ သူရဲကောင်းပုံစံကဲ့သို့ ယောင်္ကျားတစ်ယောက်က မြေပြင်ပေါ်တွင် လဲလျောင်းနေကာ သွေးအန်နေပြီး သူ့ရှေ့မှာ ရပ်နေသော အင်္ကျီဖြူနဲ့ ယောင်္ကျားကို အံကြိတ်ပြနေခဲ့သည်။
"အင်္ကျီဖြူနဲ့လူက သူ့ဆရာတူညီလေးပဲ။" စူးချုံက စူးရှသောမျက်လုံးများဖြင့် လင်ဖုကို ရှင်းပြသည်။ "ဒီဆရာတူညီလေးက မကောင်းဘူး။ သူ့ဆရာတူအစ်ကိုက သူ့အပေါ် အရမ်းကြင်နာပေမဲ့ သိုင်းလောကရဲ့ ခေါင်းဆောင်ရာထူးကို သိမ်းပိုက်ဖို့ သူ့ဆရာတူအစ်ကိုကို အဆိပ်ခတ်လိုက်တာ။"
လင်ဖုက မျက်ခုံးပင့်လိုက်သည်။ "မင်း ကြည့်ပြီးပြီလား။"
စူးချုံက ရှက်သွေးဖြာသွားသည်။ "ငါကြားတာပါ။ ဘေးအခန်းကလူက ဒီဇာတ်လမ်းတွဲကို နေ့တိုင်းကြည့်တယ်။"
လင်ဖုသည် ထမင်းတစ်လုတ်နင်သွား၏…
"ဒီအိမ်က အသံမလုံဘူး။" စူးချုံသည် အနည်းငယ် ရှက်ရွံ့စွာနှင့် ဂုဏ်ယူစွာ ပြုံးလိုက်သည်။ "ဒါပေမဲ့ အဓိက အကြောင်းအရင်းကတော့ ငါ့နားတွေ ကောင်းနေလို့ပါပဲ။ အခြားသူတွေ နားထောင်ရင် ကြားရမှာ မဟုတ်ဘူး။"
လင်ဖုသည် ထမင်းတစ်လုတ်ကို မျိုချလိုက်သည်..။
ထမင်းစားပြီးနောက် လင်ဖုသည် သက်ကြီးရွယ်အိုများအတွက် ရိုးရှင်းပြီး ခိုင်ခံ့သော Nokia ဖုန်းတစ်လုံးကို ထုတ်ယူကာ ဖွင့်လိုက်သည်။
"ဒီတစ်ခါတော့ ကွဲမှာမဟုတ်ဘူး။" လင်ဖု၏ပါးပြင်များ အနည်းငယ် ပူသွားပြီး စူးချုံအား ပြောလိုက်သည်။ "စမ်းကြည့်လိုက်ပါ။"
အခြားသူတွေရဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ စီအီးအိုတွေက မိန်းကလေးတွေ၊ ယောင်္ကျားလေးတွေကို ပိုးပန်းတဲ့အခါ ဇိမ်ခံအိမ်တွေ၊ ကားတွေနဲ့ ဇိမ်ခံပစ္စည်းတွေ အမျိုးမျိုးကို ပေးကြတယ်…
ဒါပေမဲ့ လင်ဖုကတော့ စူးချုံကို တစ်ပတ်ရစ်တီဗီ၊ စားပွဲနဲ့ ကုလားထိုင်၊ Nokia ဖုန်းနဲ့ ချိုချဉ်တို့ကိုသာ ပေးနိုင်တယ်…
မစ္စတာလင်သည် နာကျင်မှုနှင့် ရှုပ်ထွေးနေခဲ့သည်။
စူးချုံသည် သက်ကြီးရွယ်အိုများအတွက် Nokia ဖုန်းကိုယူကာ အနက်ရောင်အဖုံးကို ပွတ်သပ်ပြီး ခေတ်ဟောင်းနံပါတ်ကီးများကို ဂရုတစိုက် ထိကြည့်နေသည်။
ဒီညမှာ ကောင်းတာတွေ အများကြီးရှိခဲ့တာကြောင့် စူးချုံသည် သူ့ကိုယ်သူ ထိန်းချုပ်ရခက်အောင် အလွန်ပျော်နေခဲ့သည်။
"ကိုယ့်ကို ခေါ်ကြည့်ပါ။" လင်ဖုသည် စူးချုံက နံပါတ်တွေ အစီအရီ ရိုက်ထည့်ရန် ကူညီပေးပြီး သူ့ဖုန်းကို ထုတ်ကာ သူ့ဘေးမှာ စောင့်နေလိုက်သည်။
ခဏကြာတော့ ဖုန်းသံမြည်လာပြီး လင်ဖု၏ဖုန်း မျက်နှာပြင်မှာ စာလုံးသုံးလုံး ပေါ်လာသည်။
စူးချုံသည် လင်ဖု၏ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး အံ့အားသင့်သွားသော်လည်း လင်ဖုသည် ဖုန်းဖြေခြင်းကို လျင်မြန်စွာ နှိပ်လိုက်ပြီး "ဟယ်လို" ဟု ပြောခဲ့သည်။
"...ဟယ်လို" စူးချုံကလည်း သူ့နားမှာကပ်ကာ ဖြေသည်။
"မင်းကိုယ်ပြောတာကြားလား။" လင်ဖုသည် သူ့မျက်နှာကို လှည့်ပြီး စူးချုံကို ကြည့်ရင်း နှုတ်ခမ်းထောင့် အနည်းငယ် မြှောက်လာပြီး အလွန်ချောမောသည်။
"အင်း၊ မင်းကော…" စူးချုံက ဖုန်းကို လက်တစ်ဖက်က ကိုင်ထားပြီး နောက်တစ်ဖက်ဖြင့် စောင်ကို ပတ်ထားရင်း သူ့မျက်နှာကို အနည်းငယ်မော့ကာ လင်ဖုကို ကြည့်လိုက်သည်။ သူက သူ့ကို ကြည့်နေသောကြောင့် သူ့မျက်နှာသေးသေးက ပို၍ပင်နူးညံ့လာပြီး ချောမောသော မျက်နှာအသွင်အပြင်ဖြင့် အရုပ်တစ်ရုပ်နှင့်တူပေသည်။
"ကိုယ်လည်း ကြားတယ်။" လင်ဖုက တိုးတိုးလေးပြောသည်။
"ဖုန်းထဲက မင်းရဲ့အသံက အရမ်းကောင်းတယ်" စူးချုံသည် ကြည်လင်သော မျက်လုံးများဖြင့် လင်ဖုကို ကြည့်လိုက်ပြီး ထိုသို့ပြောပြီးနောက် သူ့မျက်နှာက ရုတ်တရက် ပူလာသည်။ "မင်းရဲ့အသံက နဂိုကောင်းပါတယ်၊ ဒါပေမဲ့ ဖုန်းထဲမှာ မင်းရဲ့အသံက ပို… ပိုပြီးတော့ ဆွဲဆောင်မှုရှိတယ်။"
လင်ဖုသည် သူ့နှလုံးသားကို တစ်စုံတစ်ခု ထိမိသွားသလို ခံစားလိုက်ရသည်။ သူက စူးချုံကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီး ပြောသည်။ "ဒါဆို ကိုယ် မင်းကို မကြာခဏ ဖုန်းခေါ်မယ်။"
"ကောင်းပြီ" စူးချုံသည် သူ့ဖုန်းအသစ်ကို ဝမ်းသာအားရ ပွတ်သပ်ပြီး သူ့ကိုယ်သူ ပြောသည်။ "တကယ်မကွဲဘူး၊ အရမ်းကောင်းတယ်။"
"ကိုယ့်နံပါတ်ကို သိမ်းထားလိုက်" လင်ဖုက ဖုန်းကို လက်ညှိုးထိုးပြပြီး "မင်းသိမ်းထားမှာလား။"
"ဖြစ်နိုင်ပါတယ်။" စူးချုံသည် ဖုန်းခေါ်မှတ်တမ်းကို မကျွမ်းကျင်စွာ နှိပ်လိုက်စဉ် တုံ့ပြန်ခဲ့ပြီး လင်ဖု၏ဖုန်းနံပါတ်ကိုရှာကာ သိမ်းပြီး လင်ဖု၏နာမည်ကို ရေးလိုက်သည်။
လင်ဖုသည် နူးညံ့စွာရယ်ပြီး သူ့ကို စလိုက်သည်။ "မင်း ကိုယ့်နာမည်ကို သိမ်းထားမှာလား။"
စူးချုံက သူစိတ်မချမ်းသာမှာကို ကြောက်သည့်အတွက် ချက်ချင်း အကြံပြုလိုက်သည်။ "‘မစ္စတာလင်’ဆိုရင် ဘယ်လိုလဲ။"
လင်းဖူ၏ပါးစပ်က အေးခဲသွားသည်။ "...မလိုပါဘူး လင်ဖုပဲရေး"
"စကားမစပ်" စူးချုံသည် ခေါင်းငုံ့ပြီး ဂရုတစိုက် ပြောလိုက်သည်။ "ငါ့နာမည်က စူးချုံပါ။"
လင်ဖု: "ကိုယ်သိတယ်။"
"ငါ့ကို ‘ချစ်စရာလေး’လို့ မခေါ်နဲ့…" စူးချုံက သူ့ခေါင်းကို ပို၍ငုံ့လိုက်သည်။
လခွမ်း
ဖုန်းခေါ်ဆိုသူ ID ကို အခုလေးတင် သူတွေ့လိုက်တာလား…
လင်ဖုသည် သူ့နဖူးကို ကိုင်ကာ သူ့မျက်နှာက နီမြန်းနေပြီး သုံးစက္ကန့်ကြာအောင် ငြိမ်သက်သွားပြီးနောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ မင်းက ချစ်စရာကောင်းတယ်လို့ ကိုယ်ထင်လို့ပါ။"
ဒီတစ်ခါ စူးချုံက ရှက်သွားသည်။
သူ၏ထိတ်လန့်မှုကို ဖုံးကွယ်ရန် စူးချုံသည် ဆက်စပ်ပစ္စည်း အသေးလေးများပါရှိသော လက်ကိုင်ဖုန်းဘူးကို အလျင်အမြန် ကောက်ယူကာ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။ "ငါက ဒါကို အရင်ဖယ်လိုက်မယ်။"
သို့သော်လည်း သူရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ထိတ်လန့်သလိုခံစားရပြီး ဘာလုပ်ရမှန်းမသိသော စူးချုံသည် စောင်အနားကို မတော်တဆ နင်းမိသွားကာ စောင်ထဲမှ ကိုယ်လုံးတီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်…
"မင်း… မင်းအဆင်ပြေရဲ့လား။" လင်ဖု၏မျက်လုံးများ ပြူးသွားသည်။
"အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်!" စူးချုံသည် ထရန် ရုန်းကန်ကာ စောင်ကို အမြန်ကောက်လိုက်ပြီး တတ်နိုင်သမျှ အမြန်ပြန်ပတ်ကာ ကုတင်ပေါ်သို့ ပြေးတက်ပြီး ကြောက်ရွံ့ထိတ်လန့်နေသော လိပ်လေးတစ်ကောင်ကဲ့သို့ သူ့ခေါင်း၊ ခြေထောက်နှင့် လက်မောင်းများကို ဖုံးအုပ်ကာ လဲချလိုက်သည်။
"ကိုယ် သန့်စင်ခန်း ခဏသုံးဦးမယ်။" လင်ဖု၏စိတ်ထဲတွင် အခုလေးတင် ပေါ်လွင်သွားသော စူးချုံ၏ပါးလွှာပြီး ဖြောင့်စင်းသောခြေထောက်များနှင့် ဖြူဖွေးသော ခြေသလုံးများဖြင့် ပြည့်နှက်နေသည်…
တွေးနေတာရပ်လိုက်တော့! လင်ဖုသည် ရေအေးကိုယူပြီး သူ့မျက်နှာပေါ် လောင်းချကာ အအေးဒဏ်ကြောင့် တုန်ယင်သွားစေသည်။
စူးချုံ၏အိမ်တွင် ရေပူပေးစက်မရှိသောကြောင့် ရေအေးကိုသာ အသုံးပြုကြသည်။
လင်ဖုသည် သန့်စင်ခန်းထဲမှ ထွက်လာသောအခါ စူးချုံသည် လှုပ်ရှားခြင်းမရှိဘဲ စောင်ထဲတွင် ကွေးနေဆဲဖြစ်သည်။ သူဘယ်လောက်ရှက်သွားသလဲဆိုတာ ကြည့်ပြီး လင်ဖုသည် သူ့ကို ပိုရှက်သွားအောင် မလုပ်ချင်တော့ဘဲ စာရွက်တစ်ရွက်ဖြင့် သူ့မျက်နှာပေါ်မှ ရေစက်များကို သုတ်လိုက်ပြီး စောင်ကိုပုတ်ကာ ပြောလိုက်သည်။ "ကိုယ်လုပ်စရာရှိသေးလို့ အရင်ပြန်တော့မယ်နော်။"
"အင်း"
"မနက်ဖြန်တွေ့မယ်" လင်ဖုသည် ဆိုးသွမ်းစွာပြုံးပြီး "ချစ်စရာလေး" ဟု နူးညံ့စွာပြောလိုက်သည်။
TK Team Chapter 6