အပိုင်း 194
Viewers 24k

Chapter 194
ဝမ်ဟုန်၏ဝန်ခံချက်



မိုးကောင်းကင်ကဲ့သို့ဝမ်ချီလန်က လူတိုင်း၏ရှေ့တွင် ဖရိုဖရဲဖြစ်နေသောသီလရှင်တစ်ယောက်ကို အလွန်ရင်းနှီးစွာနှင့် မရိုးဖြောင့်စွာ ပွေ့ဖက်ထား၏။

လုံးဝကို ကြက်သေသေသွားကြပြီးနောက် ပထမဆုံးသတိဝင်လာသူမှာ ကိုးယောက်မြောက်မင်းသမီးဖြစ်သည်။ သူမကရှေ့တိုးလာကာ ရထားလုံးတိုင်ကိုဆွဲကိုင်လိုက်သည်။

“ချီလန်-”

သူမက အရင်ဆုံး စိတ်ငြိမ်အောင်ပြုလုပ်ကာ ခေါ်လာ၏။ သူမက မျက်လုံးထဲတွင် မျက်ရည်များဖြင့် သူ့ကိုဝမ်းနည်းတကြီးကြည့်လာလေသည်။ သူမ၏သိမ်မွေ့သောမျက်နှာပေါ်တွင် မျက်ရည်များလိမ့်ဆင်းလာပြီးနောက် ကိုးယောက်မြောက်မင်းသမီးက တစ်စုံတစ်ခုဆုံးရှူံးခံလိုက်ရသလို ဝမ်းနည်းစွာပြောလာသည်။

“ချီလန် ဒီမိန်းကလေးက အရှင်မင်းကြီးကိုယ်တိုင်ချီးမြှောက်ပေးထားတဲ့ သီလရှင်ပါ...အရှင်လုပ်နေတာက အဓိပ္ပါယ်မရှိဘူး လူတိုင်းက အရှင့်ကို စိတ်ပျက်သွားကြလိမ့်မယ်”

သူမက သူ့ကိုချွေးသိပ်နေခြင်းဖြစ်သည်။

ဝမ်ဟုန်က သူမကိုလှည့်ကြည့်လာသည်။

သူက သူမ၏မျက်ရည်များရွှဲနေပြီး ချိုမြိန်သော်ငြား သိသိသာသာကိုစိတ်ဓာတ်ကျနေသည့်မျက်နှာအား ခပ်ဖျော့ဖျော့သာပြုံးပြလာသည်။

သူကဲ့သို့မြင့်မြတ်သောယောက်ျားဆီမှ ဒီလိုအပြုံးသည် သူကအဆုံးမရှိစွာနှင်းများဖုံးနေသည့် တောင်တစ်တောင်၊ သို့မဟုတ် လောကကြီးနှင့်ဝေးကွာကာ ကောင်းကင်ဘုံကဲသို့တသီးတခြားရှိကာ ပူပန်ကြောင့်ကြမှုကင်းမဲ့သူတစ်ယောက်ဟု ထင်ရစေပေသည်။

သူ၏သန္တာရောင်နှုတ်ခမ်းများက အနည်းငယ်ပွင့်လာပြီး ဝမ်ဟုန်က နူးညံ့စွာရယ်မောလာ၏။
“ကျေးဇူးပါ အရှင်မင်းသမီး”
ထို့နောက် သူကချန်ရုံကိုပြန်လှည့်ကြည့်လိုက်သည်။

သူမပေါ်တွင်ကျနေသော သူ၏အကြည့်များက အလွန်သမားရိုးကျဆန်ပေသည်။ တမင်လုပ်ယူထားသည့် နူးညံ့မှု၊ အထူးတလယ်လုပ်ဆောင်မှုများ ရှိမနေပေ။ သို့သော်ငြား ဒီတစ်ကြိမ်တွင် ထိုမျက်လုံးများက သူ့ကိုသဘောကျနေသောမိန်းကလေးများအား မျှော်လင့်ချက်မဲ့သွားစေသည်ကို မင်းသမီးကဝန်မခံနိုင်ပေ။ သူတို့က အလွန်အာရုံစိုက်နေကြသည်။ ၎င်းက မိန်းကလေးများ သို့နဟုတ် ဝမ်ဟုန်ကိုယ်တိုင်တောင် အသိအမှတ်မပြုခဲ့ဖူးသည့် အာရုံစိုက်မှုမျိုးဖြစ်သည်။ တစ်စုံတစ်ယောက်ကို သူ၏နှလုံးသားထဲတွင် မသိလိုက်စွာပင် တံဆိပ်ထွင်းထားလိုက်မိသည့် ယောက်ျားတစ်ယောက်၏ အာရုံစိုက်မှုမျိုးဖြစ်သည်။

မင်းသမီးကို ကျေးဇူးတင်လိုက်ပြီးနောက် ဝမ်ဟုန်က ရထားလုံးမောင်းကိုပြောလိုက်သည်။

“လူတိုင်းက လုံလုံလောက်လောက်မြင်ပြီးသွားပြီလို့ ငါယူဆတယ်၊ အခုသွားလို့ရပြီ”

ရထားလုံးမောင်းက ပြန်ဖြေလာသည်။ သူကြာပွတ်ကိုရမ်းတော့မည့်အချိန်တွင် မင်းမျိုးမင်းနွယ်ဝင်လူငယ်များက ရထားလုံးနားထပ်ကပ်လာကြလေသည်။

ရထားလုံးကိုဝန်းရံလိုက်ပြီးနောက် မိန်းမငယ်လေးက မျက်ရည်များဖြင့် ဝမ်ဟုန်ကိုကြည့်ကာပြောလာ၏။

“ကျွန်မမယုံဘူး၊ ကျွန်မမယုံဘူး”

“ချီလန် ဒီမိန်းမမှာ ဘာအားသာချက်များရှိနေလို့လဲ”

သူမက မေးလိုက်သည်။

သူမက ချန်ရုံအားမုန်းတီးစွာ စိုက်ကြည့်ပြီးအော်ပြောလာသည်။

“နင့်လိုမိန်းမမျိုးမှာ ဘာအားသာချက်များရှိလို့လဲ”

ချန်ရုံက အတွေးထဲမှမထွက်သွားခင်အထိ သူမက နှစ်ကြိမ်တိုင်တိုင်အော်ဟစ်လာသည်။

ချန်ရုံက မျက်တောင်ခတ်ကာ သူမ၏ပရမ်းပတာဖြစ်နေသောခေါင်းကို ခါလိုက်သည်။ မိန်းကလေးက တတိယအကြိမ်မေးလာသောအခါ သူမက ဝမ်ဟုန်ကိုမျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

သူမမျက်လုံးများထဲတွင် မြင်လိုက်ရသည်များမှာ အလွန်တည်ငြိမ်နေသော နူးညံ့မှုနှင့် အလိုလိုက်ခြင်းများသာဖြစ်သည်။

သူက သူမကိုကြည့်နေစဉ် သူမ၏ပျာယာခတ်နေသော မျက်နှာကြောင့် ရုတ်တရက်ရယ်မောလာလေသည်။

မိန်းမငယ်လေးက ရထားလုံးတိုင်ကို ဆုပ်ကိုင်ပြီး ခုန်စွခုန်စွလုပ်ကာ အော်ဟစ်လာသည်။

“နင် ငါမေးတာကိုမဖြေသေးဘူး နင့်မှာ ဘာအားသာချက်ရှိလို့လဲ”

ငါ့မှာ ဘာအားသာချက်ရှိလဲ။

ဒီတကြိမ်တွင် ချန်ရုံကမေးခွန်းကိုကြားလိုက်သည်။

သူမက အလျင်မလိုစွာ လှည့်ကြည့်လာသည်။

အဖြေလိုချင်နေသော ဒေါသထွက်နေသည့်မိန်းကလေးနှင့် အလျင်အမြန်ပင် အနားကပ်လာကြသည့် ထိုမိန်းကလေးနောက်ရှိလူများ၊ သူမကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ တအီအီငိုကြွေးနေသည့် မင်းသမီးတို့ကို ကြည့်ကာ ချန်ရုံက သူမကိုယ်သူမ စိတ်စုစည်းလိုက်ပြီး အလျင်အမြန်ပြန်ဖြေလိုက်သည်။

“ကျွန်မလား၊ ကျွန်မမှာ ဘာအားသာချက်မှ မရှိဘူး”

မိန်းကလေးက သူမကိုပြက်ရယ်ပြုတော့မည့်အချိန်တွင် ချန်ရုံကသူမအတွေးများကို စုစည်းလိုက်ပုံပေါ်၏။ သူမက တလက်လက် တောက်ပနေသောမျက်လုံးများနှင့် ပြုံးပြလာကာ ပြောပြလိုက်သည်။

“ကျွန်မက ရိုးရိုးပါဘဲ၊ ထောင်နဲ့ချီတဲ့ လူတွေကြားထဲမှာ ဖြစ်ချင်တော့ သူ့စိတ်ဝင်စားမှုကို ဖမ်းယူနိုင်သွားပြီး ဘာကြောင့်မှန်းမသိ စီရင်ချက်ကိုခံလိုက်ရတာဘဲ”

ဒီလိုမဟုတ်ရင် သူကသူမ၏စီရင်ချက်ဖြစ်နိုင်ပေသည်။ ဘဝသက်တမ်းနှစ်ခုလုံးတွင် သူမသည် အချစ်စီရင်ချက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

မိန်းကလေးများ၏ စိတ်ရှုပ်ထွေးမှုကို ချန်ရုံက သိမ်မွေ့စွာပြုံးပြီး အလျင်မလိုစွာဆက်ပြောလိုက်သည်။

“စီရင်ချက်ဆိုမှတော့ အဲ့ဒါက ဒီဘဝမှာရှေ့ရောက်နေတဲ့ ဆက်နွယ်မှုဖြစ်နိုင်တယ်...အဲ့ဒါက အဆင့်အတန်း၊ဒါမှမဟုတ် အားသာချက်တွေနဲ့ ဘာမှမဆိုင်ဘူး”

အမျိုးသမီးထုကြီးက ချန်ရုံကိုစိုက်ကြည့်နေကြဆဲဖြစ်သော်သည်း အခိုက်အတန့်တစ်ခုစာလောက် သူတို့ကဘာပြောရမည်ကို မသိတော့ပေ။

ချန်ရုံက သူတို့ဆီမှအကြည့်လွှဲကာ ဝမ်ဟုန်ကိုပြုံးပြလိုက်သည်။ သူမကသူ့ကိုကျော်ကာ ရထားလုံးထဲတွင် သူ၏ဗျပ်စောင်းထားသည့်နေရာသို့ သွားလိုက်သည်။

သူမ၏လက်များက ကြိုးများပေါ်တွင်ပွတ်သပ်လာပြီး အထူးကောင်းမွန်သော်ငြား အထီးကျန်နေသောသံစဉ်များသည် သူမ၏လက်ချောင်းထိပ်မှ ရေများစီးသလိုစီးဆင်းလာ၏။

ချန်ရုံက ခေါင်းငုံ့ကာ သူမနဖူးမှ ဆံပင်များကို တွဲလဲကျနေစေလိုက်သည်။ သံစဉ်၏အလယ်နားတွင် သူမကစတင်သီဆိုလာသည်။

“မိုးမခပန်းလေး၊ မိုးမခပန်းလေးရေ ဘယ်သူ့အိမ်တော်ကိုများ ဆောက်လုပ်ပေးနေပါလဲ၊ မင်းက လေအတွက်မကောင်းတဲ့ဘဝလို့ အဓိပ္ပါယ်ရနေတာ၊ ဘာကြောင့်များ နွေရာသီမှာ မပွင့်ဖူးကြည့်ရတာလဲကွယ်။ အကယ်၍သူသာ ရေခဲတွေထဲဖုံးခံထားရမယ်ဆိုရင် ဘာလို့ငါ့ကိုသူနဲ့တွေ့စေတာလဲ”

သီချင်းဆုံးသောအခါ သူမကနှစ်ထောင်ချီသက်တမ်းရှိနေသာ ဗျပ်စောင်းကိုမကာ ဂရုမစိုက်ဘဲလွှတ်ချလိုက်သည်။

ဘန်းခနဲမြည်သံနှင့်အတူ ဗျပ်စောင်းက ပြန်လည်မပြုပြင်နိုင်လောက်အောင် ကျိုးပဲ့သွားလေသည်။

ချန်ရုံက သူမဆံပင်စကိုနားရွက်နောက်တွင် ချိတ်လိုက်ပြီးနောက် ကိုးယောက်မြောက်မင်းသမီးအားပြုံးပြလိုက်သည်။

“အရှင်မင်းသမီး တကယ်လို့အရှင်မင်းကြီးကိုတွေ့ရင် ကျွန်မကသာ ဝမ်ချီလန်ကိုမြူဆွယ်တဲ့သူဖြစ်ပြီး သူ့စိတ်နဲ့သင့်တင့်လျောက်ပတ်မှုကိုဆုံးရှုံးသွားစေကြောင်းကို ကျေဇူးပြုပြီး သေသေချာချာရှင်းပြပေးပါ”

ထိုသို့ပြောပြီးနောက် ချန်ရုံ‌ကကြက်သေသေနေသော ရထားလုံးမောင်းကိုပြောလိုက်သည်။

“သွားကြမယ်”

ရထားလုံးမောင်းက မြင်းကိုနှင်ပြီး မင်းသမီးနှင့် အခြားသူများဘေးမှ ဖြတ်သွားကာဖြေးဖြေးချင်းမောင်းထွက်သွားလေသည်။

သူတို့က တောင်များ၊စမ်းချောင်းများဖြင့်ပိတ်ဆို့ထားခံရသလိုဖြစ်နေသော အသက်ရှူသံနှင့် အသံဗလံများကို အနောက်တွင်ကျန်ခဲ့သည့်အချိန်ထိစောင့်လိုက်ပြီးနောက် ဝမ်ဟုန်၏အက်ရှကာ မချိတင်ကဲအသံက သိမ်မွေ့စွာပြောလာသည်။

“အားရုံ မင်းဘာလို့ ကိုယ့်ကိုကိုယ်ဒီလိုလုပ်လိုက်ရတာလဲ”

ချန်ရုံကလှည့်မကြည့်လာဘဲ မျက်လွှာချကာ အလှုပ်အရှားမရှိလာပေ။

ဝမ်ဟုန်က သတိလက်လွတ်ဖြင့် သူ့ရင်ထဲတွင် စိတ်ကသိကအောက်ဖြစ်မှုကို ခံစားလိုက်ရသည်။ သို့သော်ငြား အနည်းငယ်လည်း ပျော်ရွှင်နေ၏။ သူကနှေးကွေးစွာ လက်ဆန့်လာပြီး သူမကိုထပ်မံပွေ့ဖက်လိုက်သည်။

ချန်ရုံက မရုန်းလိုက်ပေ။

သူမက တောင့်တောင့်ကြီးနှင့် အလှုပ်အရှားမရှိစွာ သူ့ကိုပေးဖက်ထားလိုက်သည်။

ဝမ်ဟုန်က ခေါင်းငုံ့ပြီး သူ့လက်ကြားမှ မိန်းမလှလေးကို ကြည့်လိုက်သည်။ အဆုံးတွင် သူကတီးတိုးရေရွတ်လာ၏။

“အားရုံ ကိုယ်ကဒီအတိုင်း...”
သူက သက်ပြင်းချလိုက်သည်။

“ကိုယ်မင်းကို လက်မလွှတ်ပေးနိုင်ဘူး”

သူပြောပြီးသောအခါ သူ့လက်ထဲတွင်လှဲလျောင်းနေသောချန်ရုံက မထိန်းနိုင်ဘဲ မျက်ရည်များကျဆင်းလာလေသည်။ အစပိုင်းတွင် တစ်ချက်နှစ်ချက်ရှိူက်ရုံသာဖြစ်သော်လည်း သူမကစတင်လိုက်သည်နှင့် မရပ်နိုင်တော့ပေ။

သူမကိုယ်သူမ သူ့လက်ကြားတွင်မြုပ်နှံထားပြီး ပုခုံးများလှုပ်သည်အထိငိုကြွေးလာ၏။

ဝမ်ဟုန်က သူမကိုဖက်ကာ ဆံပင်ကိုနမ်းပြီးရေရွတ်လာသည်။

“အချစ်ရယ် မငိုပါနဲ့ မင်းကိုဒီလိုမြင်ရတာက ကိုယ့်ကို နာကျင်စေတယ်”

ဒီတစ်ကြိမ်တွင် သူပြောပြီးမကြာခင်မှာဘဲ ချန်ရုံက လက်သီးဆုပ်ကာ သူ့ရင်ဘတ်ကိုထုလိုက်သည်။

သူမက သူ့ကိုထပ်ခါတလဲလဲထုရိုက်နေလိုက်သည်။ သူမ၏ကိုယ်ခံပညာလေ့ကျင့်မှုနှင့် ဒေါသများက သူ့ရင်ဘတ်ကိုထုရာတွင် အားပါလာစေသည်ယ

ဝမ်ဟုန်က နာကျင်မှုကိုအောင့်ခံကာ သူမဆံပင်များထိပြီးပြောလိုက်သည်။

“အချစ်၊.... မငိုပါနဲ့ ငိုတာကမင်းကျန်းမာရေးအတွက် မကောင်းဘူး”


နူးညံ့မှုက အကျိုးသက်ရောက်မှုအရှိဆုံးဆွဲဆောင်မှုဖြစ်နိုင်သကဲ့သို့ သူ၏အသံက အလွန်ညင်သာနေပေသည်။

သို့သော်ချန်ရုံကမူ သူမပိုပြီးနားထောင်ရလေ ပိုပိုမုန်းတီးလာလေဖြစ်သည်။

သူမက သူ့ကိုအရမ်းရိုက်နေသောကြောင့် ဝမ်ဟုန်၏မျက်နှာက စတင်ရှူံ့မဲ့လာသည်။

“ရှင်က လက်မလွှတ်ပေးချင်တာနဲ့ဘဲ”

သူမက ငိုနေသည့်ကြားမှပြောလာသည်။
“ရှင်က ကျွန်မကိုတာအိုနာမည်ပေးပြီး အရှင်မင်းကြီးကို လိုက်လျောပေးဖို့ ဖိအားပေးထားတာလား၊ တကယ်လို့ အရှင်သာကျွန်မကို မီးမောင်းမထိုးပြဘူး‌ဆိုရင် ဘယ်လိုဖြစ်ပြီး ကျွန်မက သီလရှင်အဖြစ်နဲ့ အေးအေးချမ်းချမ်းမနေရမှာလဲ၊ ကျွန်မမှာအကြံအစည်ရှိပြီးသား၊ အကြံအများကြီးရှိနေတာ....အကုန်ရှင့်အမှားဘဲ၊ ရှင့်အမှားတွေချည်းဘဲ ချီလန်၊ ဘာလို့ဒီလောက်တောင်မုန်းဖို့ကောင်းရတာလဲ၊ မင်းမျိုးမင်းနွယ်ဝင်တိုင်းက ကျွန်မရဲ့တည်ရှိမှုကို သတိထားမိသွားအောင်လို့ ရှင်ကမီးမောင်းထိုးပြခဲ့တာ အခုတော့ ကျွန်မက သူတို့ရဲ့နှိုက်နှိုက်ချွတ်ချွတ်ကြည့်တာကို ခံနေရပြီ”


ထိုအချိန်တွင် သူ့ကိုသွားတွေ့မိသည့် သူမကိုယ်သူမမုန်းမိသည်။ သူမ၏မသိစိတ်ထဲတွင် သူမက လူမှုဆက်ဆံရေးဆိုင်ရာကျင့်ဝတ်ထုံးထမ်းများကိုသာ လိုက်နာနေခြင်းဖြစ်သည်။ ပိုအရေးကြီးသောအရာမှာ သူမကယုံကြည်မှုရှိသလို ခံစားခဲ့ရခြင်းဖြစ်သည်။ ၎င်းကပြီး‌သွားသောအရာဖြစ်သောကြောင့် ထို့နောက်ပိုင်းသူတို့ကိုတွေ့လျှင် သူမကကာကွယ်မှုကို ပိုပြီးစိတ်ချသွားနိုင်မည်ဟု ‌ထင်ခဲ့ခြင်းပင်။....သူမက ဝမ်ဟုန်ကိုအထင်သေးမိသွား၏။

အခုသူမ သိလိုက်ရသည်မှာ အကယ်၍ သူမက သူ့ကိုမရှာလာလျှင်တောင်မှ သူက သူမအားတာအိုအမည်တစ်ခုပေးလာဦးမည်ဖြစ်ကာ အခြားနည်းလမ်းဖြင့် သူမက သူ့အပိုင်ဖြစ်ပြီး သူ၏ရင်ထဲတွင် နေရာတစ်ခုကိုပိုင်ဆိုင်ထားသည့် မိန်းကလေးဆိုသည်ကို လူများအား သိစေဦးမှာဖြစ်သည်။

ချန်ရုံက သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပေ။ သူမကပါးစပ်ကိုကာရန် ဝတ်ရုံစကိုမလာပြီး ရှိုက်လိုက်ကာ မျက်ရည်များ မဖိနှိပ်နိုင်တော့ပေ။

ဤအရာကို မြင်ပြီးနောက်ဈ ဝမ်ဟုန်က အလျင်အမြန် သူမကိုနီးကပ်စွာပွေ့ဖက်လိုက်သည်။ သူက သူမမျက်နှာပေါ်မှ ဝတ်ရုံစကို ညင်သာစွာဆွဲချလာပြီး သူမကို သူ့ရင်ဘတ်ပေါ်တွင် ဖိထားလိုက်သည်။

ချန်ရုံက စိတ်မငြိမ်သွားပေ။ သူ့ကိုအကြိမ်အနည်းငယ်ထပ်ရိုက်လိုက်ပြီးနောက် သူမက ရှိုက်လိုက်သည်။

“အခုတော့ ဘာဖြစ်သွားလဲဆိုတာကို ကြည့်၊ ရှင်က အရှင်မင်းကြီးကျွန်မကို အာရုံစိုက်တာကို မကြိုက်လောက်ဘူး၊ ဒါပေမယ့် အရှင်မင်းကြီးရဲ့လှည့်ကွက်ကို ဖြေရှင်းဖို့က ရှင့်မှာ ရှင်းရှင်းလင်းလင်းကြီးကို နည်းလမ်းတွေအများကြီးရှိနေတာလေ။ အဲ့ဒါကို ဘာလို့ ဒီလိုနည်းလမ်းကိုရွေးချယ်လိုက်တာလဲ၊ အခုဆို အရှင်က ကျွန်မကို စင်ပေါ်လုံးဝတင်ပေးလိုက်ပြီ၊ လူထုက ရှင့်ကို အရူးလို့ခေါ်လာနိုင်တယ်၊ ဒါပေမယ့် ရှင့်မျိုးနွယ်စုကိုကျ ဘယ်လိုလုပ်မှာလဲ။ ပြီးတော့ ရှင့်ကိုခစားတဲ့သူတွေရော။ သူတို့က ကျွန်မကို ရှင့်အတွက်ပျက်စီးမှုကိုယူဆောင်လာပေးတဲ့ ပြည့်တန်ဆာလို့မြင်ကြပြီး ကျွန်မကို ဖယ်ရှားဖို့ ကြိုးစားကြလိမ့်မယ်၊ ဒီလိုမလွတ်မြောက်နိုင်ပြီး သေစေလောက်တဲ့ခြိမ်းခြောက်မှုတွေကိုရင်ဆိုင်ရမယ့်အပြင် ရှင့်အလိုဆန္ဒတွေကိုလည်း မျက်နှာလိုမျက်နှာရလုပ်ရဦးမယ် အခြားဘာများလုပ်နိုင်မှာလဲ၊ ကျွန်မမှာသွားစရာနေရာမရှိသလို မှီခိုစရာလူလည်းမရှိဘူး၊ အဲ့ဒီတော့ ဘာများ လုပ်နိုင်မှာလဲလို့။ ထပ်ခါတလဲလဲ အရှင်က ကျွန်မကို ပင်လယ်ထဲက ဆယ်ပြီးရင် ချည်နှောင်ပြီး ပြန်ကျသွားစေတယ်၊ ကယ်တင်လိုက်ပြန်ပစ်ချလိုက်နဲ့...ကျွန်မ အရှင့်ကို တကယ်မုန်းလိုက်တာ”

ချန်ရုံက မတုံးပေ။ သူမ၏ဘဝနှစ်ခုလုံးတွင် သူမ၏ဘဝကို သူမဘာသာထိန်းချုပ်နိုင်ရန် ပြင်းထန်စွာဆန္ဒရှိနေခဲ့ပေသည်။ ဤအရာသည် သူမချစ်သောသူဆီမှ ချောင်ပစ်ခံရသည်ကို မုန်းသောကြောင့်ပင်။....ထို့ပြင် သူက သူမ၏ချီလန်ဖြစ်ကာ သူ့အတွက် သူမ၏ချစ်ခြင်းကို မစွန့်ပစ်နိုင်ပေ။

သူမက ရှိုက်ငိုကာ စကားပြောနေသော်လည်း သူ့ရင်ဘတ်ကိုထုနေဆဲဖြစ်သည်။

အဆုံးတွင် ဝမ်ဟုန်က သူမလက်ကို ညင်သာစွာ ဖမ်းထားလိုက်သည်။

သူက ခေါင်းငုံ့ကာ နီရဲနေသော လက်သီးဆုပ်လေးကို လေမှုတ်ပေးလိုက်ပြီး ပြောလာ၏။

“အားရုံ မင်းဒီလက်ကို ခိုက်သွားစေပြီ၊ နောက်တစ်ဘက်ကိုပြောင်းလိုက်နော်”

ချန်ရုံက သူ့စကားလုံးများကို မထိန်းချုပ်နိုင်စွာ ရှိုက်ငိုလာသည်။

ရုတ်တရက်ဆိုသလိုပင် သူမက သူ၏လည်ပင်းနားရောက်လာသည်။

သူမက သူ၏လည်ပင်းတွင် သူမသွားအားမြုပ်ကာ ကိုက်ဖြဲချင်သည်။ သူ့ကို သူမနှင့်အတူ ငရဲဆီဆွဲခေါ်သွားချင်မိသည်။ သို့သော်သူတို့၏အသားများက အချင်းချင်းထိမိသွားသောအခါ သူ၏နွေးထွေးမှုကို ခံစားလာရသည်။ သူမသည် သူ၏သေစေနိုင်သောသွေးကြောပေါ်မှ ပုခုံးဆီသို့ရွှေ့သွားလေသည်။

သူမက ကိုက်ချလိုက်ကာ ဒဏ်ရာတစ်ခုကိုပွင့်သွားစေလာတာတောင်မှ မရပ်တန့်ပေ။ သူတို့ မသိလိုက်ခင်မှာပင် ဒဏ်ရာက တစ်လက်မစာလောက် ပြဲသွားလေသည်။

သူမက ၎င်းကိုဖိကိုက်ကာ ဆွဲဖြဲနေတုန်းပင်။

သွေးများက သူ၏ဝတ်ရုံစပေါ်တွင် လျင်မြန်စွာ စွန်းထင်လာလေသည်။

သွေးများထွက်လာသောအခါ ဝမ်ဟုန်က တစ်ချက်ငြီးငြူလိုက်မိသည်။

ချန်ရုံက ကိုက်တာရပ်လိုက်သည်။

သူမက ဖြေးဖြေးချင်း သူမပါးစပ်ကိုဖယ်လိုက်ကာ ဝမ်ဟုန်ကိုမော့ကြည့်လာသည်။

သူ၏ ကြည်လင်နေသောမျက်လုံးများက သူမကိုကြေကွဲစွာပြန်ကြည့်နေ၏။ နာကျင်မှုကိုအံကြိတ်ခံရင်း သူ့နှုတ်ခမ်းပေါ်တွင် ကျန်ခဲ့သည့်သွားရာများတောင် ရှိနေပေသည်။

သူကဖျော့တော့စွာ ပြုံးပြလာသည်။

“မင်း သွားကိုသွေးစရာလိုသေးလား ဒီဘက်ကိုပြောင်းလိုက်နော်”
သူက သူ့ညာဘက်ပုခုံးကို ချန်ရုံ၏နှုတ်ခမ်းဆီသို့ပို့ပေးလာသော်ငြား သူ၏ဒဏ်ရာကိုထိမိသွားပုံရသည်။ သူကဖိနှိပ်ထားသော ငြီးငြူသံတစ်ချက်ထွက်လာကာ သူ၏လှုပ်ရှားမှုကိုနှေးချလိုက်သည်။

ချန်ရုံက သူ့ကိုစိုက်ကြည့်ကာ ဆတ်ခနဲရိုက်လိုက်သည်။

“နာလွန်းလို့ သည်းမခံနိုင်တော့သလို ဟန်ဆောင်မနေနဲ့”
အရင်တုန်းက မကြုံဘူးတာလည်းမဟုတ်ဘူး။ သူမရင်ထဲတွင် ခံစားရသည်များနှင့်ယှဉ်လျှင် ဤအရာက ဘာမှမဟုတ်ပေ။

သူမက ထိုသို့ပြောလိုက်သော်ငြား အဆုံးတွင် သူ့ကိုထပ်မကိုက်တော့ပေ။

သူ့ကိုတွန်းထုတ်လိုက်ပြီးနောက် ချန်ရုံက ဝမ်ဟုန်ကို ‌နောက်ကျောပေးကာ ဆက်ငိုနေလိုက်သည်။

မျက်ရည်များက တလိမ့်လိမ့်ကျလာကာ သူမမျက်နှာကို ဝတ်ရုံစဖြင့်ဖုံးပြီး ပြတ်ပြတ်သားသား ကြေညာလိုက်သည်။

“ကျွန်မ ရှင့်ကိုမုန်းတယ်”

ဝမ်ဟုန်က သူမကိုထပ်မံပွေ့ဖက်လာပြီး သူမဆံသားပေါ်တွင် သူ့မေးစေ့ကိုတင်ကာ နူးနူးညံ့ညံ့ရေရွတ်လာ၏။

“ကိုယ်သိတယ်”

ချန်ရုံက မျက်စိမှိတ်လိုက်သည်။ သူမမျက်နှာတွင် မျက်ရည်များကျနေဆဲဖြစ်သည်။
“ကျွန်မ ရှင့်ကို သတ်ချင်တယ်”

ဝမ်ဟုန်က ခေါင်းငုံ့ကာ သူမမျက်ခုံးများကို အနမ်းတစ်ပွင့်ပေးလာသည်။

“ကိုယ် သိပါတယ်”

သူက သူမမျက်ရည်များကို သုတ်ပေးရင်း ညင်သာစွာပြောပြလာသည်။

“ဒီလောကကြီးထဲမှာ မိန်းမတွေအများကြီးရှိတယ်..တကယ်လို့ ကျွန်မကအရှင့်ကို အသုံးချခဲ့ရင်တောင်မှ အရှင်ကလက်တုံ့ပြန်ပြီး အရှင်လိုချင်တာကို ရသွားပြီလေ၊ ချီလန်။ ရှင်ကကျွန်မကို အလွယ်တကူလေးနဲ့ အေးအေးချမ်းချမ်းပေးနေလို့ရတယ်၊ ဘာလို့အဲ့ဒီလိုမလုပ်ခဲ့တာလဲ”

ဝမ်ဟုန်က သူမကိုဖြေးဖြေးချင်းဆွဲထူလိုက်သည်။ သူမနှုတ်ခမ်းမှ သူ၏သွေးများကို ပြန်သောက်လိုက်ပြီးနောက်တွင် သူကညင်သာစွာဖြေလာ၏။

“ဘာလို့လဲဆို ကိုယ်မင်းကိုသဘောကျလို့လေ၊ အားရုံ မင်း‌ပျော်ချင်တာကို ပျော်သွားပြီးတာနဲ့ ဘယ်လိုလုပ်ပြီး ကိုယ့်ကိုချန်ထားရက်ရတာလဲ။ ကိုယ့်ရဲ့ခွင့်ပြုချက်မရှိဘဲ ဘယ်လိုလုပ်ပြီး မင်းကိုယ်မင်းစစ်မြေပြင်ကို ပစ်ထုတ်ရဲတာလဲ။ မင်းကအဲ့လိုသွေးတွေဖုံးနေတဲ့အချိန်မှာ နေဝင်ချိန်မှာရပ်ပြီး ကိုယ့်ကိုပြုံးပြရက်ရတာလဲ။ တစ်ညပြီးတစ်ည မင်းကကိုယ့်ကို အိပ်မက်ဆိုးမက်ပြီးနိုးထလာစေတယ်၊ ကိုယ့်ကိုစွန့်ပစ်ပြီး သီလရှင်တစ်ယောက်ဖြစ်ဖို့အတွက်နဲ့ ကိုယ့်နဲ့အတူ ကျန့်ခန်းဆီဘာလို့လိုက်လာခဲ့ရတာလဲ...”

အလွန်နူးညံ့နေသော အကြည့်နှင့် သူက သူမမျက်ခုံးများကိုနမ်းကာ ပြောလာ၏။

“အချစ်ရေ မင်းကကိုယ့်ကိုချစ်မိသွားအောင် လုပ်ပြီးမှ ထွက်ပြေးသွားတယ်...ပြီးမှ အဲ့ဒါက မင်းအတွက် နည်းနည်းလေးအဆင်ပြေပြေဖြစ်နေတယ်ပေါ့ ဟုတ်လား”