(6)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (6)

အလောင်းနေရာ



ကျွန်တော်တို့ လှေကို ရပ်လိုက်သည်။ ဒါက ဒီရေလှိုဏ်ဂူရဲ့ အန္တရာယ် အရှိဆုံး အပိုင်း ဖြစ်နိုင်တာကြောင့် မပြင်ဆင်ထားရင် အလျင်စလို မနေသင့်ချေ။ ဦးလေးသုံးက သူ့လက်ပတ်နာရီ ကို ကြည့်ပြီး 


“ဒီအလောင်းဂူက ဝင်လာပြီး ပြန်ထွက်လို့မရတဲ့ နေရာပဲ.... ငါဂူတွေ ဖောက်လာတာ ကြာပြီ.... ဒီလိုနေရာမျိုးကို ပထမဆုံးအကြိမ် ဝင်ဖူးတာပဲ... ဒီတွင်းမှာ ထူးထူးဆန်းဆန်း တစ်ခုခုတော့ ရှိမယ်ထင်တယ်"


ဖန့်ကျစ်က တိုးညှင်းသော အသံဖြင့်။


"ကျစ်.... ပြောစရာ မလိုပါဘူးကွာ"


ဦးလေးသုံးက သူ့ကို စိုက်ကြည့်ရင်း 


“ဒါပေမဲ့ ဒါက အဲဒီအဘိုးကြီး ပြောတဲ့ စကားပဲ... ဒီလိုဏ်ဂူကို လှေသမားကပဲ ဖြတ်သန်းနိုင်ပြီး တခြားဘယ်သူမှ ဝင်လို့မရဘူး ဆိုတာ.... ငါတို့ သိနိုင်ဖို့ နည်းလမ်း မရှိ​တော့ဘူး.... ဒီလိုဏ်ဂူက တကယ်ကို အလောင်းလိုဏ်ဂူဆိုရင် အရှေ့မှာ အန္တရာယ်တွေ ရှိနိုင်တယ်... ဘာနဲ့ ကြုံရမယ်ဆိုတာ ငါတို့ မသိနိုင်တော့ဘူး.... နံရံကို ဖောက်ထွင်း ဝင်ရောက်လာတဲ့ သရဲတစ္ဆေတွေ ရှိနေမလား ဆိုတာကိုလည်း ငါတို့ မသိနိုင်ဘူး... ဒါမှမဟုတ် ငါတို့လှေကို မြှောက်ပစ်ဖို့ ရေတစ္ဆေတစ်ရာလောက် ရောက်လာနိုင်မလားလည်း မသိနိုင်ဘူး"


တခွေမှာ အသက်ရှုကြပ်သွားသည်။ 


"အဲဒါတော့ မဟုတ်​သေးဘူးလေ"


"ဘာပဲဖြစ်ဖြစ် ဘာမဆို ဖြစ်သွားနိုင်တယ်.... ဒီတစ်ခါ သင်္ချိုင်းကို မရောက်ခင်မှာ အန္တရာယ်တွေ အများကြီး ကြုံရတော့မှာပဲ... တကယ် ကံမကောင်း​တော့ဘူး.... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဂူဖောက်ရင် သရဲတစ္ဆေ မကြောက်ဘူး သရဲတစ္ဆေကြောက်နေရင် ဂူမဖောက်ဘူး... ဒီအလုပ်မှာ ထူးထူးဆန်းဆန်းတွေ မတွေ့မိရင် သိပ်ပြီး အဓိပ္ပာယ် မရှိနိုင်တော့ဘူးမလား?"


ဦးလေးသုံးက ဖန့်ကျစ်ကို သူ့ကျောပိုးအိတ်ထဲက သူ့ရဲ့နှစ်လုံးပြူး သေနတ်ကို ထုတ်ယူဖို့ ခေါ်လိုက်ပြီး 


“ဘာပဲဖြစ်ဖြစ် ငါတို့မှာအခု နည်းပညာတွေ မြင့်မားနေပြီ... အစောပိုင်းနှစ်တွေက ဘိုးဘေးတွေလို မဟုတ်ဘူး.... ရှေးခေတ်က ရေသရဲတစ္ဆေတွေ တကယ်ရှိနေရင်တောင် သူတို့ ကံဆိုးရလိမ့်မယ်!”


တခွေမှာ အလွန်ထိတ်လန့် တုန်လှုပ်သွားပြီး ဝူရှဲ့လည်း ဦးလေးသုံးအား ကြည့်ကာ ဆိုလိုက်သည်။  


"ဦး​လေးရဲ့ စစ်ကြိုစည်းရုံးမှုက ဘယ်လိုဖြစ်ပြီး တစ္ဆေသရဲပုံပြင်လို ဖြစ်​နေရတာလဲ?"


ဦးလေးသုံးက သေနတ်ကို ဆွဲထုတ်ကာ။


"ဒီလူ ငါ့ကိုတကယ် အရှက်ရစေတယ်... ဒီတစ်ခေါက်လာတာ ဒီလောက် အသုံးမကျလိမ့်မယ်လို့ မမျှော်လင့်ထားဘူး.... သူ ဒီကိုမလာခင် သူ့ကိုယ်သူ ကင်းကောင်လို့တောင် ကြွားလုံးထုတ်ခဲ့​သေးတယ်" 


ပြောပြီး သေနတ်တစ်လတ်ကို အေးစက်စက် မျက်နှာသေထံ လှမ်းပေးလိုက်သည်။


"စုစုပေါင်း ကျည်နှစ်ချက် ပစ်လို့ရတယ်.... သေနတ်ပစ်ပြီးရင် ကျည်ပြောင်းရမယ် ဒါတွေက သေနတ်တွေ ဆိုတော့ အကွာအဝေးများရင် အင်အား မရှိတော့ဘူး.... မပစ်ခင် ချိန်ရမယ်"


နှစ်လုံးပြူး သေနတ်တွေကို ဝူရှဲ့ အရမ်းရင်းနှီးပါ၏။ သူငယ်ငယ်တုန်းက UFO ကစားတုန်းကတောင် ဆုတွေ ရခဲ့ဖူးသည်။ ဦးလေးသုံးနဲ့ တခွေတို့ဟာ လက်တစ်ဖက်မှာ ဓားသွားတွေကို ကိုင်ထားပြီး လှေ​လှော်ဖို့တော့ ပေါက်တူးတွေ ဂေါ်ပြားတွေကို အသုံးပြုကြရသည်။


ဖန့်ကျစ်၊ ဝူရှဲ့နဲ့ အအေးပုလင်းတို့က သေနတ်ကိုယ်စီ ကိုင်ထားလိုက်သည်။ ထို့နောက် စိမ်းစိုနေသော အလောင်းကောင်ဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။


မိုင်းတွင်းမီးအိမ်၏ အားနည်းလှသော အလင်းရောင် အောက်တွင် အပေါက်ကြီးက ပိုကျယ်လာတာကို တွေ့လိုက်ရပြီး နီးကပ်လာတာနဲ့အမျှ သူ့ဘေးနားရှိ မျက်နှာ​သေ အစ်ကိုလေးဆီမှ နိုင်ငံခြား စကားတစ်ခွန်းကို ပထမဆုံးကြားလိုက်ရသည်။ 


ဖန့်ကျစ်ရဲ့ ကျိန်ဆဲသံလည်း ထွက်လာကာ သူ့အတွက်လည်း တစ်သက်လုံး မမေ့နိုင်တဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတော့သည်။


ဂူသည် မီးစိမ်း ပြ​နေသည့်အပိုင်းသို့ ရောက်သောအခါ ရုတ်တရက် ဂူပေါက်ဝက ပွင့်လာပြီး အလွန်ကြီးမားသော သဘာဝဂူကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ရေလမ်းကြောင်းသည်လည်း ဂူအတွင်းမှ မြစ်တစ်စင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ 


ရေလမ်းကြောင်း၏ တစ်ဖက် တစ်ချက်စီတွင် ရှိသော ကမ်းရိုးတန်း နှစ်ဘက်စလုံးတွင် လူသေကောင်များ စိမ်းစိမ်းစိုစိုနှင့် ပြည့်နေ၏။ ဘာသတ္တဝါ ဘာတိရိစ္ဆာလဲတောင် မပြောနိုင်ပေ။ အတွင်းဘက်နှင့် အနီးဆုံး အရိုးစုတန်းများက အလွန် သပ်ရပ်နေတာကို တွေ့ရသည်။ 


လူတစ်ယောက်က သေသေသပ်သပ် စုပုံထားလိုပင်။ အပြင်ဘက်မှာတော့ ရှုပ်ထွေးနေ၏။ မြစ်ကမ်းစပ်ဘက်မှာဆို လှုပ်ရှားထားတဲ့ အရိပ်အယောင်တွေ အားလုံး ရှိသည်။ လုံးဝပျက်စီး မသွားသေးတဲ့ အလောင်းတွေတောင် အများကြီး ရှိသေးသည်။ အဲဒီအလောင်းတွေက ခြွင်းချက်မရှိ မီးခိုးရောင် ဖလင်နဲ့တူတဲ့ အလွှာတစ်ခု ပါရှိတဲ့ ပလပ်စတစ်ထုပ်လိုမျိုး တင်းတင်းကြပ်ကြပ် ပတ်ထားလေ၏။


ရံဖန်ရံခါ အလောင်း ကောင်ကြီးများထဲမှ အလောင်းစား ပိုးကောင် အများအပြား ပေါက်ထွက်လာကြသည်။ ဤအလောင်းစား ပိုး​ကောင်များသည် သူတို့လှေပေါ်က အ​ကောင်ထက် များစွာသေးငယ်သော်လည်း သာမာန်လူထက်တော့ လေးငါးဆ ပိုကြီး​လေသည်။ 


တချို့သော အလောင်းစား အ​ကောင်ငယ်များသည် မုန့်ပြားကို ရယူလိုသည့်နှယ် အလုအယက် ဖက်တက်နေကြသည်။ အလောင်းစား အကောင်ကြီးများ အကောင်ငယ်များကို ကိုက်ပစ်တာကြောင့် အလောင်းကို ပြေးစားလို့ကလည်း မရ ဖြစ်နေ၏။


"ဒီအလောင်း အများစုက တောင်ထိပ်ကနေ မျောပါလာပြီး ဒီနေရာမှာ သောင်တင်နေကြတာပဲ... အားလုံး သတိထားကြ....ဘေးမှာ ထူးဆန်းတဲ့ အရာဘာတွေရှိလဲ အကဲခတ်နေ!"


"ကြည့်လိုက်!"


တခွေသည် စူးရှသော မျက်လုံးများဖြင့် တစ်ဖက်မှ တောင်နံရံကို ညွှန်ပြလိုက်သည်။ အားလုံး ခေါင်းကို လှည့်ကြည့်လိုက်ရာ လှိုဏ်ဂူနံရံတွင် အစိမ်းရောင် သလင်းကျောက် ခေါင်းတလားကို တွေ့လိုက်ရသည်။ 


အထဲမှာ အဖြူရောင် အဝတ်အစား ဝတ်ထားတဲ့ အမျိုးသမီး အလောင်းတစ်လောင်း ရှိပုံရပေမယ့် အကွာအဝေးက ရှင်းရှင်းလင်းလင်း မမြင်နိုင်လောက်အောင် ဝေးလွန်းနေ၏။


"ဟိုမှာလည်း တစ်ခုရှိသေးတယ်!" 


ဖန့်ကျစ်က တစ်ဖက်ကို လက်ညှိုးထိုးပြပြီး တစ်ချက် ကြည့်လိုက်သည်။ သေချာတာက တောင်နံရံရဲ့ တစ်ဖက်က တူညီတဲ့ အနေအထားမှာ ရှိတဲ့ သလင်းကျောက် အခေါင်းတစ်ခု ရှိနေပေမယ့် ဒီတစ်ခုကတော့ အလွတ်ကြီးဖြစ်သည်။


ဦးလေးသုံးကတော့ လေကိုရှုရှိုက်ရင်း 


“ဒီထဲက အလောင်းတွေ ဘယ်ရောက်သွားတာလဲ?”


"ဒါက ဖုတ်​ကောင်(ကျုံးကျီ)များလား" တခွေက ပြောလာ၏။ 


"သခင်သုံး ဒီနေရာမှာ ဖုတ်ကောင်တွေများ ရှိနေတာလား?"


"အားလုံး သတိထားကြ... တစ်ခုခု လှုပ်နေတာကို တွေ့ရင် မေးခွန်းတွေ မေးမနေနဲ့ ပစ်သာပစ်လိုက်တော့"


ဦးလေးသုံးဖြစ်သူက ပတ်ပတ်လည်ကို ကြည့်ရင်း ပြောလိုက်သည်။


ထိုအချိန်တွင် မြစ်၏ ဦးတည်ရာကို လှည့်၍ အလောင်းများ စုပုံထားသော ပတ်ပတ်လည်ကို ဖြတ်သွားရာ တခွေမှာ ကြောက်လန့်တကြား အော်ဟစ်ကာ လှေပေါ်မှ ပြုတ်ကျသွား​တော့သည်။ 


အဖြူရောင် ဂါဝန်ရှည်နဲ့ မိန်းကလေးတစ်ယောက်က သူတို့ဘက်ကို မျက်နှာမူလျက် ရပ်နေလေ၏။ ခါးအောက်မှာ ပတ်ထားတဲ့ သူမရဲ့ ခါးပတ် အလှဆင်မှုကို ကြည့်လိုက်တော့ အနောက် ကျိုးမင်းဆက်ကလို့ ကောက်ချက်ချမိလေသည်။


“အလောင်းက ဒီမှာ”


"ရပ်-ရပ်--" 


ဦးလေးသုံးက နဖူးမှ ချွေးများကို သုတ်လိုက်ပြီး


"တခွေ အိတ်ထဲက မြည်းနက်ခွာကို ယူလာခဲ့.... ဒါက နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဖုတ်ကောင် ဖြစ်နိုင်တယ်....၁၉၂၃ ခုနှစ်က မြည်းခွာကို ယူလာခဲ့စမ်း... ခွာအသစ်ဆိုရင် သူမ လက်မခံနိုင်မှာ ကြောက်ရတယ်"


နှစ်ကြိမ်တိုင်တိုင် ပြောပြီးတဲ့ နောက်မှာတော့ တခွေဘက်က လှုပ်ရှားမှု မရှိလာချေ။ အားလုံး ပြန်ကြည့်လိုက်တော့ သူက ပါးစပ်မှာ အဖြူရောင် အမြှုပ်တွေ ထွက်နေတာကို တွေ့လိုက်ရ၏။ တကယ်လို့ ပတ်ဝန်းကျင်က မသင့်တော်နေလို့သာ မဟုတ်ရင် ဝူရှဲ့ အကျယ်ကြီး ရယ်နေမိလိမ့်မည်။


"ဖန့်ကျစ်... မင်း သွားယူလိုက်... ငလူးတဲ့မှ ငါ နောက်တစ်ခါ သူ့ကိုခေါ်လာမိရင် ငါ့ကိုပဲ ဖုတ်ကောင် စားသွားလိမ့်မယ်" 


ဦးလေးသုံးက မြည်းနက်ခွါကို ယူလိုက်ပြီး သူ့လက်ကို တံတွေးနဲ့ ထွေးကာ 


"ဒီသခင်သုံးရဲ့ လက်ဆကို ကြည့်လိုက်စမ်းပါ... တူကြီး သေချာကြည့်ထားနော် ဒီလို နှစ်ထောင်ချီ ကြာလာခဲ့တဲ့ ကျုံးကျီဆိုတာ ရှားရှားပါးပါး တွေ့ရခဲတယ်..... ငါမအောင်မြင်ရင် မင်းငါ့ကို တစ်ချက်တည်း ပစ်သတ်ပြီး မင်းရဲ့တတိယဦးလေးကို မနာဘဲ မြန်မြန် သေရအောင် လုပ်ပေး!"


“ယုံကြည်ချက် ရှိလား မရှိဘူးလား!!” 


ဝူရှဲ့ လှမ်းဆွဲလိုက်မိသည်။ တကယ်တော့ သူက အင်မတန် ကြောက်တတ်တဲ့လူ မဟုတ်ပေ။ ဒီလိုမျိုးက တစ်ခါမှ မကြုံဖူးရုံသာ။ ရိုးရိုးရှင်းရှင်း ၀တ်ထားတဲ့ သွယ်လျတဲ့ အမျိုးသမီးရဲ့ နောက်ကျောက နည်းနည်းတော့ ဝမ်းနည်းစရာ ကောင်းပေမယ့် ထိတ်လန့်စရာ ရုပ်ရှင်တွေထဲကလို ဆံပင်ရှည်နဲ့ အဖြူရောင် ဝတ်ထားတဲ့ အမျိုးသမီးကတော့ မတူပေ။ 


စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့် သူ့နှလုံးသားက အင်မတန် ခုန်ပေါက်နေ၏။ 


ထိုအချိန်တွင် မျက်နှာသေ အစ်ကိုလေးက တတိယဦးလေးသုံး၏ ပခုံးကို ဖိကိုင်လာပြီး 


"မြည်းနက်ခွာတွေကို ဖုတ်ကောင်တွေနဲ့ ဆက်ဆံတဲ့ နေရာမှာ သုံးတာမှန်ပေမယ့် ဒီကောင်က ဖုတ်ကောင် မဟုတ်တော့မှာကို ကြောက်ရတယ်... ငါ လုပ်ပါမယ်" 


သူ့အိတ်ထဲက ရှည်မျောမျော ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ အဲဒါက ဦးလေးသုံးဆီက ဝယ်သွားတဲ့ နဂါးရဲ့နောက်ကျော ဆိုတဲ့ ပစ္စည်းပင်။ သူက အဲဒီပစ္စည်းပေါ်မှ အဝတ်ကို ဖြည်ချလိုက်တော့ အတွင်းက အနက်ရောင် ရှေးဟောင်းဓားတစ်ချောင်း ပေါ်လာခဲ့သည်။ ထိုဓားကို ရွှေမည်းနဲ့ ပြုလုပ်ထားပုံရ၏။


ရှေး​ဟောင်းဓားကို လက်နောက်ပြန် ပွတ်ဆွဲလိုက်ပြီးနောက် လှေထိပ်၌ရပ်ကာ သွေးများ ရေထဲသို့ ကြဲချလိုက်သည်နှင့် ဝုန်းကနဲ အသံတစ်ခု ထွက်ပေါ်လာပြီး အလောင်းစား အကောင်များ အားလုံး တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို သူတို့လှေအနားကနေ ရုန်းထွက်ဖို့ အရူးအမူး ကြိုးစားတော့သည်။


ရုတ်တရက် ရေထဲမှာရှိတဲ့ အလောင်းစား အကောင်တွေနဲ့ သူတို့လှေ ပတ်ပတ်လည်မှာရှိတဲ့ အလောင်းတွေ အားလုံး သဲလွန်စမရှိဘဲ ပျောက်သွားကြသည်။


ခဏကြာတော့ အစ်ကိုလေးရဲ့ လက်က သွေးတွေ ရွှဲနစ်လာပြီး သွေးစွန်းနေတဲ့ လက်ကို အဖြူရောင် ၀တ်စုံနဲ့ အမျိုးသမီးဆီ ညွှန်ပြလိုက်တဲ့အခါ အမျိုးသမီးမှာ ဒူးထောက်ကျသွားတော့သည်။ သူတို့အားလုံး အံသြသွားစဥ် အစ်ကိုလေးက ဦးလေးသုံးအား ပြောလိုက်သည်။


"မြန်မြန်သွား.... နောက်ပြန် လှည့်မကြည့်နဲ့!"


အဲဒီအမျိုးသမီးရဲ့ ပုံပန်းသဏ္ဌာန်ကို ဝူရှဲ့ခမျာ တကယ် မြင်ချင်ပေမယ့် လှည့်ကြည့်လိုက်ရင်လည်း မြင်လိုက်ရတာက ခြောက်သွေ့နေတဲ့ အလောင်းရဲ့ မျက်နှာပဲ ဖြစ်နိုင်တယ် ဆိုတာကို တွေးပြီး ကိုယ့်ကိုကိုယ် အန္တရာယ်မပေးဖို့ ဆုံးဖြတ်လိုက်သည်။ 


ဦးလေးသုံးနဲ့ ဖန့်ကျစ်က အသည်းအသန် လှော်ခတ်နေတာကြောင့် မကြာခင်မှာပဲ သူတို့ရဲ့ အရှေ့မှာ ဂူဝင်ပေါက် နဲ့ ဆင်တူတဲ့ သေးငယ်တဲ့ လှိုဏ်ဂူအဝ တစ်ခုကို တွေ့လိုက်ရသည်။ သူတို့ ဝင်လာတုန်းက ဂူနဲ့ ဆင်တူ​လေသည်။ ဒီဂူပေါက်ဝက တောင်ရဲ့ အလယ်မှာ ရှိနေပုံရလေ၏။ 


တောင်နံရံ နှစ်ဖက်စလုံးကို တူးပြီးတော့ ဒီရေလမ်းကို ဖန်တီးခဲ့တာကြောင့် ဝင်ပေါက်နဲ့ ထွက်ပေါက်ဟာ ကျဉ်းမြောင်းလာခဲ့သည်။ ဤနည်းအားဖြင့် နှစ်ဖက်စလုံးတွင် ကျဉ်းမြောင်းသော ဝင်ပေါက်များနှင့် ထွက်ပေါက်များရှိသော သွေးကြောမျှင် ဖွဲ့စည်းပုံ ဖြစ်လာသည်။


ဓားပြဂူထွက်ပေါက်ကို တဖြေးဖြေး လှော်ခတ်လာရင်း ခေါင်းကို ငုံ့ထားရသည်။ နောက်ကို မကြည့်ရဘူးလို့ မပြောဘူးလား။ ဒါပေမဲ့ သူရေထဲကိုတော့ ကြည့်လို့ရတယ်မလား။ သူမ နောက်ကလိုက်လာနေလား ဆိုတာ နည်းနည်းတော့ ကြည့်ချင်လာမိ၏။ သို့သော် ကြည့်လိုက်တဲ့အခါ အသက်ရှုမဝသလို ဖြစ်သွားခဲ့သည်။


ရေထဲမှာ ရောင်ပြန်ဟပ်နေတာက သူ့ကျောပေါ်မှာ လဲလျောင်းနေတဲ့ အမည်မသိ အရာတစ်ခုကို တွေ့လိုက်ရလေ၏။ သူ အော်ငိုတော့မတတ် ဖြစ်သွားကာ ကိုယ့်ကိုကိုယ် မထိန်းနိုင်ဘဲ လှည့်ကြည့်ချင်လာသည်။ ရုတ်တရက် ခေါင်းနောက်ကို အပြင်းအထန် အရိုက်ခံရသလို ခံစားလိုက်ရပြီး သူ့အမြင်အာရုံတွေ မည်းမှောင်သွားကာ ဘာကိုမှ မသိတော့ချေ။