Volume 2 (1)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

#ချင်လင်နတ်သစ်ပင်


Chapter 🐉(1)🐉

လောင်ယန် ထောင်ကလွတ်လာပြီ


ဤစာကြောင်းသည် စကားလုံး အနည်းငယ်မျှသာ ဖြစ်သော်လည်း သူ့အတွေးတွေ အားလုံးကို ဆွဲဆောင်သွားခဲ့သည်။


"ငါးက ငါ့ဆီမှာ..."


ဘာငါးလဲ? မြွေမျက်ခုံးမွေး ငါးကြေးရုပ်များ ဖြစ်နိုင်လား?


ရှေးဟောင်း ဂူသင်္ချိုင်းရဲ့ ကျောက်တုံးများပေါ်ရှိ ပုံစံများကို သုံးသပ်ကြည့်လျှင် ဤထူးဆန်းသော ကြေးနီငါးရုပ်သည် စုစုပေါင်း ၃ကောင် ရှိနိုင်၏။ ယခု သူ့လက်ထဲတွင် နှစ်ကောင်ရှိမို့ တစ်ဖက်လူရဲ့ လက်ထဲတွင် အမှန်တကယ် တစ်ကောင် ရှိ​နေ​လောက်သည်။ ဤ နားမလည်နိုင်သော မှတ်ချက်သည် နောက်ဆုံးငါးရုပ်သာ သူ့လက်ထဲတွင် ရှိနေကြောင်း ဆိုလိုခြင်းများ ဖြစ်နိုင်သလား။


ဤစာကို တင်ထားသူသူသည် အဖွဲ့လိုက် ရိုက်ထားတဲ့ ဓာတ်ပုံရှိ၍ ငါးအကြောင်း သိသောကြောင့် သူသည် ထိုနှစ်အတွင်သ ပျောက်ဆုံးသူများထဲမှ တစ်ဦး ဖြစ်နိုင်မလား မသိချေ။ 


ဒီဝက်ဆိုက်စ် စာမျက်နှာကို သေသေချာချာကြည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ တင်ထားခဲ့တာကို တွေ့လိုက်ရ၏။ ဤစာကြောင်းမှလွဲ၍ တွေ့ရသော အချက်အလက်များထဲတွင် မည်သည့် လက်မှတ် သို့မဟုတ် ဆက်သွယ်ရန် အချက်အလက်ဟူသည် မရှိချေ။


ဝူရှဲကတော့ ကွဲလွဲမှုတစ်မျိုးမျိုး ရှိနေတယ်လို့ ခံစား​နေရသည်။ တစ်စုံတစ်ဦးကို ရှာဖွေနေတာ ဒါမှမဟုတ် တစ်စုံတစ်ယောက် ကိုယ့်ကို လာရှာစေချင်ရင ဆက်သွယ်ရန် အချက်အလက်များကို မချန်ထားခဲ့တာက အချည်းနှီးပဲ မဟုတ်ပါလား။


ဝူရှဲ Google ကို နည်းအမျိုးမျိုးဖြင့် ရှာဖွေခဲ့ပြီး နောက်ထပ် အချက်အလက်များကို ရှာဖွေရန် မျှော်လင့်ခဲ့သော်လည်း ဤအကြောင်းနှင့် ပတ်သက်သည့် ဆောင်းပါးတစ်ခုသာ ရှိခဲ့ပါသည်။


သူ့ခမျာ မထိန်းနိုင်ဘဲ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။ ဒါဟာ ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို အာရုံစိုက်နေတဲ့သူတွေ ရှိနေဆဲဆိုတာ ပြသနိုင်ပါ၏။ ဆိ​ြတော့ ဒီလူက ဘယ်သူလဲ။


မကြာခင်မှာပဲ မုန်တိုင်းကြီး ပြီးသွားတော့သည်။ မုန်တိုင်းပြီးပြီး နောက်တစ်နေ့မှာတော့ သင်္ဘောငယ်တွေဟာ ဝမ်ချန်မှာရှိတဲ့ ချင်းလန် ဆိပ်ကမ်းအထိ ပြေးဆွဲဖို့ ရောက်လာခဲ့သည်။ သူတို့ဒီမှာနေဖို့ မျှော်လင့်ချက် မရှိတာကြောင့် အိတ်တွေကို ထုပ်ပိုးပြီး ပြန်ဖို့ပြင်လိုက်သည်။ 


မထွက်ခွာခင်မှာ အားနင်ကို ရှာဖို့ စစ်ဆေးကုခန်းကို သွားခဲ့ပေမယ့် သူမက ပျောက်သွားခဲ့ပြီ။ ဆရာဝန်ကို မေးကြည့်လိုက်တော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မုန်တိုင်းတစ်ခု ကျ​ရောက်​နေချိန် အတွင်း နိုင်ငံခြားသားတစ်စု ရုတ်တရက် ရောက်လာပြီး သူမကို ခေါ်သွားခဲ့ကြောင်း ဆို၏။ ဆရာဝန်က သူတို့အတူ ရှိ​နေတယ်လို့ ထင်ပြီး လေပြင်းကလည်း ဖုန်းလိုင်းတွေကိုပါ ဖြတ်တောက်ပစ်တာကြောင့် မဆက်သွယ်မိခဲ့ချေ။ 


သူမကို ခေါ်ဆောင်သွားတဲ့ လူတွေက ကျွန်းပေါ်ရှိ အားနင်ရဲ့ နောက်ကွယ်က ပံ့ပိုးကူညီသူတွေ ဖြစ်ရမယ်လို့ ဝူရှဲ စိတ်ထဲမှာ သိနေခဲ့သည်။ မုန်တိုင်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကအထိ ကျွန်းကို ပိတ်ထား​စေခဲ့ပြီး ရပ်တန့်လိုပါကပင် ဘာမှ မလုပ်နိုင်ပေ။


ဖက်တီးကတော့ သူ့ဆီကနေ အခွင့်ကောင်း ယူသွားတယ်လို့ ကျိန်ဆဲလိုက်ပေမယ့် ဝူရှဲကတော့ စိတ်သက်သာရာ ရသွားဟန် အသာ သက်ပြင်းချလိုက်သည်။ သူတို့အရင်က အဖြစ်အပျက်ကြောင်း ဘာလုပ်ရမှန်း မသိပေမယ့် သူမကို သတ်ပစ်ဖို့အထိတော့ မလုပ်နိုင်လောက်ချေ။ ဒီအခြေအနေက သူတို့လက်ထဲကို ရောက်သွားခဲ့တာပဲလေ။ ထွက်သွားတော့လည်း သွားပေါ့။ ဘာပဲဖြစ်ဖြစ် သူမ သူတို့ကို ဘာမှ မလုပ်ခဲ့ဘူးလေ။


ဒါပေမယ့် သူတို့ကုမ္ပဏီ ပင်လယ်ထဲကို ၀င်လာတာက လူတွေကို ကယ်တင်တာလောက် မရိုးရှင်းနိုင်ပေ။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ထိုလျှို့ဝှက်ချက်များသည် အပြာရောင်နှင့် ငြိမ်သက် အေးချမ်းသော ရှီးရှားပင်လယ်မှ ဘယ်အချိန်တွင် ထွက်ပေါ်လာမည်ကို သူလည်း မသိချေ။ 


တိုတိုပြောရရင် သင်္ဘောက ပြည်မကြီးကို ပြန်ပို့​ပေးပြီး နှစ်ရက်အကြာ ဟိုင်ကူးလေဆိပ်မှာ မျက်နှာသေနဲ့ ဖက်တီးကို နှုတ်ဆက်ပြီး ဟန်ကျိုးကို လေယာဉ်နဲ့ တက်ခဲ့သည်။ လက်တွေ့ဘဝက အမြဲတမ်း အံ့သြစရာ ကောင်းလောက်အောင် ချောမွေ့နေပါ၏။ နာရီအတော်ကြာတော့ ဝူရှဲ ဟန်ကျိုးက အိမ်ကို ပြန်​ရောက်လာခဲ့သည်။


ပြင်းထန်လွန်းတဲ့ လှုပ်ရှားမှုတွေက ကြာသွားတာကြောင့် သူ့ကို အတော်လေး မောပန်းစေသည်။ တစ်နေကုန် ခေါင်းကို အုပ်ပြီး အိပ်နေရာ တစ်နေ့ကို တစ်ကြိမ်ပဲ ဗိုက်ဆာတိုင်း အိပ်ရာက ထတယ်။ ရေခဲသေတ္တာထဲက တစ်ခုခုကို ယူပြီး စားပြီးရင် ပြန်အိပ်လိုက်တာပင်။ မသိလိုက်ခင် နှစ်ပတ် ကြာသွားခဲ့၏။ တချို့သူငယ်ချင်းတွေက သူ့ကို အိမ်မှာသေပြီလို့ ထင်ပြီး လိုက်ရှာဖို့ လာကြသေးသည်။ အဲဒီ့အချိန်ရောက်မှ ဝူရှဲလည်း သူ လုံလုံလောက်လောက် အနားယူပြီးပြီဆိုတာ သိလိုက်ရ၏။


ဝူရှဲ အရမ်းအိပ်မောကျတာ​ကြောင့် မသက်မသာပင် ခံစားလာရသည်။ သူက ပထမဦးဆုံး ဝမ်မန်ဆီကို ဖုန်းဆက်ပြီး ဆိုင်ရဲ့ဘအခြေအနေ အကြောင်းကို မေးလိုက်။ အလုပ်မရှိတာကလွဲရင် အရာအားလုံးက ပုံမှန်ပါပဲ။ တကယ်တော့ စီးပွားရေးဆိုတာ ဘဝရဲ့ ပုံမှန်အစိတ်အပိုင်း တစ်ခုပဲ မဟုတ်လား​။ အလုပ်ကိစ္စ ရှိနေတာကမှ ထူးဆန်းနေဦးမည်။


ထို့နောက် သူ တတိယအဒေါ်၊ ခြောက်ယောက်မြောက် မရီးနဲ့ သတ္တမဦးလေးကို ခေါ်ပြီး ဦးလေးသုံးနဲ့ အဆက်အသွယ် ရှိတတ်တဲ့ ဆွေမျိုးအားလုံးကို မေးကြည့်ပေမယ့် ရလဒ်က မကောင်းလာချေ။ နောက်ဆုံးတော့ သူ့ဆိုင်ကို ဖုန်းဆက်လိုက်​တော့ အဲဒီမှာ ယောက်ျားတစ်ယောက်က ဖုန်းကိုင်လာရာ ဝူရှဲ တစ်ခါတည်း မေးလိုက်သည်။


"သခင်သုံး ပြန်လာပြီလား" 


စားပွဲထိုးက ခဏလောက် တုံ့ဆိုင်းသွားပြီး 


“သခင်သုံးက ပြန်မလာသေးပါဘူး... ဒါပေမယ့်သခင်​လေးရဲ့ ညီအစ်ကိုလို့ ပြောတဲ့ ထူးဆန်းတဲ့ လူတစ်ယောက်​တော့ လာတယ်... သခင်လေး ဘယ်ရောက်နေလဲလို့ မေးနေတာ... သူက ဘယ်ကလာမှန်းတော့ ကျွန်​တော်လည်း မသိဘူး သူ့ပုံစံကို ကြည့်ရတာ ရှုပ်ပွပြီး လူကောင်းတော့ မဟုတ်​လောက်ဘူး....သူ မထွက်သွားခင် ဖုန်းနံပါတ် ချန်ထားခဲ့တယ် ကျွန်တော် လှမ်းပို့လိုက်မယ်.... သူ့ကို ဖုန်းခေါ်ကြည့်လိုက်ပေါ့"


ဝူရှဲ စိတ်ထဲမှာ ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ဒီနယ်ပယ် အသီးသီးမှာ ခေါင်းညိတ်နေတဲ့ သူငယ်ချင်းများစွာ ရှိပေမယ့် ဦးလေးသုံးကို သွားရှာဖို့ တွေးနိုင်သူတော့ အနည်းငယ်ပဲ ရှိသည်။ 


"အဲဒီလူက အသက် ဘယ်လောက်ရှိပြီလဲ?"


"သေချာတော့ မပြောနိုင်ဘူး.... သူက သခင်​​လေး​နဲ့ သိပ်မကွာလောက်ဘူး သခင်​လေး​ထက်နည်းနည်း ပိုရင့်ကျက်တယ်... ဆံပင်အတို၊ တြိဂံမျက်လုံး၊ နှာတံ​မြင့်မြင့်၊ မျက်မှန်တစ်ရံနဲ့ နားကပ်လည်း ရှိတယ်....တရုတ်လည်း မဟုတ် နိုင်ငံခြားသားပုံလည်း မပေါက်ဘူး ဟိုမရောက် ဒီမရောက်နဲ့"


“ဟိုမရောက် ဒီမရောက်လား?” 


ဒီစကားတွေကို ထပ်ခါတလဲလဲ တွေးရင်း တွေးရင်း နှလုံးခုန်သံတွေ မြန်လာကာ စားပွဲထိုးကို ခပ်မြန်မြန် ပြန်မေးလိုက်သည်။ 


“အဲဒီလူက စကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဘူးလား” 


"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်... အဲဒီလူက စာတစ်ကြောင်း မပြီးခင် ဆယ်ခါလောက်က စကားထစ်နေတာ"


တစ်ဖက်က ဘယ်သူလဲဆိုတာ သိပြီးပြီမို့ ဝူရှဲလည်း ဝမ်းသာမိသွားသည်။ ဖုန်းနံပါတ်ကို အမြန်တောင်းပြီး တစ်ဖက်လူကို ဖုန်းခေါ်လိုက်ရာ ခဏကြာတော့ ဖုန်းက ချိတ်သွားပြီး အထဲမှာ မရင်းနှီးသေးတဲ့ အသံတစ်ခု အရင်ထွက်လာ၏။


"ဘယ်သူ ... ဘယ်သူ - ဘယ်သူလဲ?"


ဝူရှဲ ရယ်မောပြီး 


"မင်းမေကြီးတော်...မင်း ငါ့အသံကိုတောင် မမှတ်မိဘူးလား"


တစ်ဖက်လူက ခဏလောက် ထိတ်လန့်သွားပြီး စိတ်လှုပ်ရှားနေတဲ့ အသံတချို့နဲ့ ပြန်


"မင်းစကား ပြောတာကို ငါမကြားတာ သုံး သုံး သုံးနှစ်​တောင် ရှိပြီ... သေချာပေါက် မ မ မှတ်မိဘူးလေ.... မင်းအသံကို ကြားရတာတော့ တကယ့်ကို အဆင်ပြေနေပုံပဲ"


ဝူရှဲ စိတ်ထဲမှာ ဆူပွက်နေပြီး မျက်ရည်ပင် ကျချင်လာပေမယ့် ကျိန်ဆဲလိုက်သေးသည်။


"မင်းငါ့ကို အပြစ်တင်ဖို့ အာရုံရှိသေးတယ်ပေါ့.... ငါမင်းဆီက သတင်းမကြားရတာ နှစ်အတော်ကြာပြီ... ငါ့မှာမင်းသေသွားပြီလို့တောင် ထင်နေတာ!"


ဖုန်းတစ်ဖက်က ကောင်လေးက လောင်ယန်ပါပဲ။ သူ့နာမည်အရင်းကိုတော့ မေ့သွားပြီ။ သူနဲ့ဝူရှဲဟာ ဘောင်းဘီ အတူတူဝတ်ပြီး ကြီးပြင်းလာကာ အရာရာကိုလည်း အတူတူ လုပ်ခဲ့ကြသည်။ တစ်ခါတလေ သူတို့နှစ်ယောက်က တစ်ယောက်တည်းလိုပဲ။ သူ့မိသားစုက အတော်လေး ဆင်းရဲပြီး ကောလိပ်ကျောင်း ပြီးသွားတော့ အလုပ်မရှာတော့ဘဲ ဝူရှဲဆိုင်မှာပဲ အလုပ်လာလုပ်ခဲ့သည်။ သူဟာ စကားထစ်ပေမယ့် လူတွေနဲ့ ပေါင်းသင်း ဆက်ဆံတာတော့ ကောင်းပေသည်။


မမျှော်လင့်ဘဲ လွန်ခဲ့သော သုံးနှစ်က ထိုကောင်လေးသည် ပညာကောင်းကောင်း မတတ်ခဲ့ဘဲ ကျန်းရှီးမှ ချင်လင်တောင်သို့ ဂူဖောက်ရန် လောင်ပြောင်နောက်သို့ လိုက်သွားခဲ့သည်။ တရားမဝင်မို့ ရလဒ်ကတော့ သူ့ကို ဖမ်းမိပြီး လောင်ပြောင်ကိုတော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း စီရင်ချက် ချလိုက်သည်။ လောင်ယန်ကတော့ လူ့အဖွဲ့အစည်းအတွင်း မကောင်းသော အင်အားစုများ၏ လှည့်ဖြားခြင်းကို ခံခဲ့ရသော လူငယ်ကောင်း တစ်ဦးအဖြစ် သရုပ်ဖော်ခဲ့ပြီး ထောင်သုံးနှစ်သာ ကျခဲ့သည်။ ပထမတော့ ဝူရှဲသူ့ကို တွေ့ချင်ပေမယ့် ဒီကောင်လေးက သူ့မျက်နှာကို ကယ်တင်ချင်စိတ်ဖြင့် ဝူရှဲကို မတွေ့ချင်ခဲ့ပေ။ နောက်တော့ ဝူရှဲ သူနဲ့ အဆက်အသွယ် ပြတ်သွားပြီး အခု ထောင်က လွတ်လာမယ်လို့ မမျှော်လင့်ထားချေ။ 


လောင်ယန် အခုလိုဖြစ်သွားတာ သူ့အမှား မကင်းချေ။ သူ့အဖိုးက ငယ်ငယ်လေးကတည်းက ဘယ်လောက်တော်ကြောင်း ကြွားလုံးထုတ်ပြီး သူ့အဘိုးရဲ့ ရတနာတွေကို ​လောင်ယန်ရှေ့မှာ ချပြခဲ့လေသည်။ အဲဒီအချိန်ကတည်း သူ ဂူဖောက်ဖို့ စိတ်ကူးရှိနေခဲ့တာလို့ ထင်ရသည်။ ဒီကောင်က အတော်လေး ရဲရင့်လွန်းသည်။ ငယ်ငယ်တုန်းကတော့ သူပ အကြံဥာဏ်တွေ ပေးခဲ့ပြီး ဒုက္ခရောက်စေခဲ့တယ် ဆိုပေမယ့် တကယ်ကို အရေးယူခံရမယ့် ကိစ္စမျိုးကို သွားလုပ်ရဲတဲ့အထိ သတ္တိရှိမယ်လို့ မမျှော်လင့်ထားခဲ့ချေ။ 


သူနဲ့ကျွန်တော် စကားမပြောရတာ သုံးနှစ်ရှိပြီ။ စကားစပြီးတာနဲ့ ပိတ်လို့မရတော့ချေ။ ဖုန်းပူသွားတဲ့အထိ စကားတွေ ဆက်ပြောဖြစ်ကာ စိတ်လှုပ်ရှားလာရင်း


"ဒီညနေ အဆင်ပြေလား? ဒီအစ်ကိုက မင်းကို ဒကာခံမယ်... လေတိုက်ခံထွက်ပြီး အေးအေးဆေးဆေး သောက်ကြရအောင်"


လောင်ယန်ကလည်း စိတ်လှုပ်ရှားနေပြီး 


"အင်း.... ကောင်းပြီ ငါ ငါလည်း အသားတစ်ပိုင်းလောက် မစားရတာ သုံးနှစ်ရှိပြီ... ဒီတစ်ခါတော့ စားချင်တယ်!"


ဒီလိုဆုံးဖြတ်ပြီးနောက် အိပ်ချင်စိတ်တွေ အရမ်းများလာလို့ ကြုံရာကျပန်း ဖြစ်သလိုပဲ ရေချိုးလိုက်သည်။ အိမ်ကို သပ်ရပ်စွာ သန့်ရှင်းရေးလုပ်ပြီး လောင်ယန်ကို စောင့်ဖို့ သဘောတူထားတဲ့ အရက်ဆိုင်ကို သွားလိုက်သည်။ ညနေစောင်းပြီးတာနဲ့ ကောင်လေး ရောက်လာ၏။ တွေ့လိုက်တော့ ဒီကောင်လေးက ပုံမှန် မဟုတ်​တော့ဘူးလို့ တွေးမိလေသည်။ ထောင်သုံးနှစ်ကျပြီးမှ ကိုယ်အလေးချိန် တက်လာသလိုပင်။ 


သူငယ်ချင်းဟောင်း နှစ်ယောက် ဆုံတဲ့အခါ စကားတစ်ခွန်းမှ မပြောဘဲ ဝူလျန်ယဲ့ကို ပုလင်းတစ်ဝက်လောက် သောက်လိုက်ကြသည်။ အတိတ်ဘဝတွေကို ရှေးဟောင်းနှောင်းဖြစ် ပြန်ပြောကြရင်း လက်ရှိ အခြေအနေကို ကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ သူတို့ ဗိုက်ပြည့်သွားတဲ့အထိ သောက်လိုက်သည်။ စားပွဲပေါ်က ဟင်းတွေ ကုန်သွားတော့မှ သူတို့မှာ ပြောစရာ ကုန်သွားပြီမှန်း သိလိုက်ရသည်။ 


အဲဒီတုန်းက အရမ်းသောက်ပြီး စိတ်တွေလည်း ရှုပ်နေတော့ အဲဒီနှစ်က သူ့ရာဇဝတ်မှု အကြောင်းပြောရင်း ဆူပူနေခဲ့သလိူ သူ့ကိုပါ မေးလိုက်မိသည်။ 


"အမှန်အတိုင်းပြောစမ်း... မင်း ကျန်းရှီးမှာ လောင်ပြောင်နဲ့ ဘယ်လို သင်္ချိုင်းမျိုးကို သွားဖောက်ခဲ့လို့ လောင်ပြောင်က ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ် ခံလိုက်ရတာလဲ?"


မေးပြီးမှ ဒီအကြောင်းအရာကို ဘာကြောင့် ပြောမိတာလဲလို့ တွေးပြီး နောင်တရသွားသည်။ သူက ဒီကိစ္စတွေကို အမှန်တိုင်း သိရင်တောင် ချောချောမွေ့မွေ့ လုပ်နိုင်မှာ မဟုတ်ဘူးလေ။


မမျှော်လင့်ဘဲ ဝူရှဲရဲ့ မေးခွန်းကို ကြားလိုက်ရသောအခါတွင် သူ့မျက်နှာပေါ်တွင် မာနကြီးသော အကြည့်ဖြင့် သွားများ အံကြိတ်ကာ ပြောလာခဲ့သည်။ 


“ငါ ငါဖောက်ခဲ့တဲ့ အရာတွေက ဟေးဟေး အဲဒါ အရမ်းဆိုးတာ....ငါမင်းကို မ မပြောချင်လို့ မဟုတ်ဘူး...ငါပြောရင်လည်း မင်းသိမှာ မဟုတ်ဘူး"


သူ ​ပြန်ကြည့်နေတာကို မြင်တော့ ဝူရှဲလည်း ဒေါသတကြီးနဲ့ ပြောလိုက်သည်။ 


"လုပ်စမ်းပါ! ငါက လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကောင်လေး မဟုတ်​တော့ဘူး... ထန်၊ စုန့်၊ ယွမ်၊ မင်နဲ့ ချင် မင်းဆက်တွေ အကြောင်း သိတယ်... မင်းပြောနိုင်သရွေ့ ပုံသဏ္ဌာန်က ဘာလဲဆိုတာ ငါသိနိုင်တယ်"


လောင်ယန်က ဝူရှဲရဲ့ လေးနက်မှုကို ကြည့်ပြီး ပြုံးလျက် ပြောလာခဲ့သည်။ 


"မင်းက ဝက်ဝံနဲ့ တူတယ်.... ထန်၊ စုန့်၊ ယွမ်၊ မင်နဲ့ ချင်မင်းဆက်တွေကို သိသေးတယ်ပေါ့ ! "


ပြောပြီးနောက် စားပွဲပေါ်တွင် ထူးဆန်းသော ပုံစံတစ်ခုကို ဆွဲပြလာသည်။ 


"မင်း--မင်းဒီဟာကို မြင်ဖူးလား?"


ဝူရှဲ တစ်ချက် ကြည့်လိုက်ပြီး သဲသဲကွဲကွဲ မမြင်ရပေ။ မူးနေတာကြောင့်လည်း ဖြစ်နိုင်ကာ သစ်ပင် ဒါမှမဟုတ် တိုင်တစ်ခုလို ခံစား​နေရသည်။ 


"မင်းဆိုတဲ့ မြည်းဥက​တော့ မင်းအိပ်ခန်းထဲမှာ ထိုင်နေတာ သုံးနှစ်​တောင်ရှိပြီ ပန်းချီဆွဲ​တာ ဘာမှ မတိုးတက်လာဘူး... ဒါက ဘာလဲ? ပန်းချီကားတစ်ချပ်လား? တုတ်ချောင်းလား!"


"မင်း-မင်း- အဲဒါကို ဝင်ကြည့်ရုံပဲ.... မင်းမျက်လုံးထဲမှာ ဒီလိုပုံစံနဲ့ ပန်းချီကားတစ်ချပ်ကို မြင်ရင်ကို အရည်အချင်း ပြည့်မီနေပြီ!"


သေသေချာချာ ကြည့်လိုက်တော့ ပန်းချီကားက မရှင်းမလင်း ဖြစ်နေ​သေးတာကိုပဲ တွေ့လိုက်ရသည်။ 


"မင်း ပန်းချီဆွဲနေတာ ဘာလဲဆိုတာ သရဲပဲ သိမ့်လိမ့်မယ်.... ဒီခက်ရင်းခွတွေကို ကြည့်လိုက်... ဒါက ပန်းကနုတ် ပုံစံတွေလို့ ဆိုလိုချင်တာလား? အဲဒါတွေကို သစ်ပင်ခွဆုံတွေလို ခြယ်သထားတာပဲ... ဒီပန်းချီကားက အရမ်းရှုပ်တယ် သေချာ မမြင်ရဘူး!"


လောင်ယန်က ဂုဏ်ယူစွာ ပြုံးကာ အသံကိုလည်း လျှော့လိုက်သည်။ 


"မင်း မင်း ငါ့ကို မပြောသေးနဲ့ဦး.... ဒါကတကယ် သစ်ပင်ခွပဲ.... မင်းလက်ကောက်ဝတ်လောက် ထူတဲ့ ကြေးသစ်ပင်ခွတစ်ခု!"


ဝူရှဲ နားထောင်ရင်း တစ်ခွက် သောက်လိုက်သည်။ ဒီကောင်က ကြေးကိုတောင် ဂူဖောက်နိုင်ခဲ့တာပဲ။ တကယ်ပဲ အသက်အန္တရာယ် ရှိတဲ့ အလုပ်မို့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရတာ လုံလောက်တယ်လို့ ပြောရမည်။ 


"ဒီပစ္စည်းက ဘယ်လောက်လေးလဲ မင်းသိလား? မင်းက သေးငယ်တဲ့ ပစ္စည်းလေးကိုတောင် မဖောက်ဖူးဘဲနဲ့ နဂါးကို သွားထိတာကို...သွားအဖမ်းခံနေတာပဲ မဟုတ်ဘူးလား"


သူက ဝူရှဲပခုံးကို ပွတ်သပ်ရင်း ကြက်သွန်ကြော်နဲ့ ပိန်းဥတစ်ခြမ်းကို အခွံခွာပြီး ပါးစပ်ထဲကို ပစ်ချလိုက်ကာ ပြောလေ၏။ 


"အဲဒီတုန်းက အခြေအနေတွေကို မင်း နားမလည်ပါဘူး... အဲဒီနေရာက မင်းထင်ထားတာနဲ့ မတူဘူး ပြောရရင် ဇာတ်လမ်းက အရှည်ကြီးပဲ"


ဝူရှဲလည်း ကြေးဝါနဲ့ ပတ်သက်တဲ့ သုတေသနအနည်းငယ်ကို လုပ်ခဲ့ဖူးတာကြောင့် သူရေးဆွဲခဲ့တဲ့ ပန်းချီကား အကြောင်းကို တွေးကြည့်မိလိုက်သည်။ သိပ်မကြာခင်က စန်းရှင်တူးမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ကြေးဝါ နတ်သစ်ပင်တွေ အကြောင်းကိုပါ တွေးမိသွားရာ ၎င်းတို့က ခပ်ဆင်ဆင် တူသယောင် ရှိလာ၏။ 


စန်းရှင်တူးသည် ရှေးခေတ် ရှုပြည်၏ အမွေအနှစ်တစ်ခု ဖြစ်သည်။ အတိအကျ ပြောရလျှင် ၎င်းသည် သူတို့ရဲ့ ရှေးဟောင်းပစ္စည်း ရောင်းဝယ်မှု နယ်ပယ်အတွင်း၌ မရှိနိုင်တော့ပေ။ ၎င်းသည် ဟောင်းလွန်းပြီး အဖိုးတန်လွန်းလှသည်။ ဘယ်လောက် ကောင်းကောင်း ဈေးနှုန်းကတော့ မမြင့်ပေ။ လောင်ယန် သွားခဲ့တဲ့နေရာက သူ့ကို ကံကောင်း​စေတာလား ကံဆိုးစေတာလားပင် မသိတော့ချေ။ 


[TN - ရှုပြည်က တရုတ်နိုင်ငံရဲ့ ချင်မင်းဆက် မတိုင်မီက နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နောက်ပိုင်းတွင် ချင်ပြည်မှ ဖျက်ဆီးခံခဲ့ရသည်။ ချင်လင်တောင်က 秦岭 Qín líng ဖြစ်ပြီး ကျန်းချီလင်ရဲ့ ချီလင်နဲ့ မတူပါ ]


ဝူရှဲ ချက်ချင်းပဲ ထို​အရာကို စိတ်ဝင်စားလာတဲ့အတွက် အဲဒီတုန်းက အခြေအနေ ဘယ်လိုလဲလို့ မေးကြည့်လိုက်တော့ သူက အရမ်းသောက်ထားတာကြောင့် ဖုံးကွယ်ဖို့ မစဉ်းစားတော့ဘဲ အားလုံးကို ပြောပြလာတော့သည်။ 


ထိုအချိန်တွင် သူတို့သည် ချင်လင်တောင်သို့ ဆယ်ရက်ကျော် လမ်းလျှောက် ထွက်လာခဲ့ကြသည်။ မျက်စိတစ်ဆုံး မြင်​နေရတဲ့ သစ်တောများမှလွဲ၍ ဘာမျှမတွေ့သဖြင့် ခဲယမ်းနှင့် စားစရာများကလည်း ကုန်လုနီးပါး ဖြစ်လာခဲ့သည်။


တကယ်တော့ လောင်ယန်ရော သူ့အကိုဝမ်းကွဲ ဖြစ်သူကရော သင်္ချိုင်း ဂူဖောက်ခြင်းနဲ့ ပတ်သက်တဲ့ အခြေခံအသိပညာ မရှိပေမယ့် စိတ်အားထက်သန်မှု အပြည့်တော့ ရှိနေခဲ့သည်။ အဲဒီအချိန်မှာတော့ လောင်ပြောင်က စိတ်ဓာတ်ကျပြီး လက်လျှော့လိုက်ပေမယ့် လောင်ယန်ကတော့ ရှေ့ဆက်သွားချင်နေခဲ့ပြီး ချက်ချင်း ပြန်မလှည့်ခဲ့ချေ။


ပထမနေ့တွင် ချင်လင်တောင်ပေါ်မှာ ပုန်းလျှိုးနေသော ချိုင့်တစ်ခုဆီသို့ ခြေလျင် လျှောက်လာခဲ့ကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ဤကဲ့သို့ ချိုင့်များစွာကို တွေ့ခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင်မူ လောင်ယန်သည် ၎င်းက အနည်းငယ် ကွာခြားသွားတာကို တွေ့ခဲ့ရသည်။


ထို​နေရာရဲ့ ပထဝီဝင် ပတ်ဝန်းကျင် အနေအထားက အရမ်းထူးခြားသည်။ အမြင့်ပေက အရမ်းနိမ့်ပြီး အပူချိန်ကတော့ အရမ်းမြင့်မားနေသည်။ ချိုင့်ဝှမ်းအလယ်မှာ ညောင်ပင်အိုကြီးတွေလို အပင်ကြီး တစ်ပင်ရှိသည်။ အဲဒီသစ်ပင်က လူဆယ်ယောက်တောင် ဝိုင်းမဖက်နိုင်တဲ့ အရွယ်အစားလောက် ရှိကာ အကိုင်းအခတ်တွေက ကောင်းကင်ကို ဖုံးနေပြှး အပင်ကြီးရဲ့ အမြစ်တွေက မြေတစ်ပြင်လုံးကို ဖုံးလွှမ်းထားရာ လမ်းလျှောက်စရာ နေရာမရှိသလောက်ပင်။


ထို​မြင်ကွင်းကို မြင်လိုက်ရသောအခါတွင် လောင်ပြောင်က တစ်စုံတစ်ရာ မးမမှန်ကြောင်း ခံစားလိုက်ရသည်။ ညောင်တောသည် ဤမျှလောက် အတိုင်းအတာအထိ ကြီးထွားနိုင်တာဟာ သဘာဝအတိုင်း ဖွဲ့စည်းထားပုံ မပေါ်ပေ။


တိရှန်းတွင် ဤကဲ့သို့သော ရှေးစကားတစ်ခွန်း ရှိလေသည်။


"ငန်တဲ့မြေမှာ ဝါးမပေါက်၊ ကျိုးပါးတံတားထက် နေရောင်ထွက်၊ တောင်ကတုံးမှာ တောမရှိ၊ ရွှံ့နဲ့သဲကိုဆေး​ကြောမည်"


ဆိုလိုသည်မှာ မြေကြီးအောက်တွင် မြက်နှင့်သစ်ပင်များ ပုံမှန်မဟုတ်စွာ ပေါက်နေသည့်နေရာ သို့မဟုတ် ပတ်ဝန်းကျင်တွင် ပြဿနာများ ရှိကောင်းရှိနိုင်သည်။ အထူးသဖြင့် ရှေးဟောင်း ဂူသင်္ချိုင်းများပင် ရှိကောင်းရှိနိုင်သည်။


ညောင်ပင်၏ အမြစ်များသည် မြွေများနှယ် အချင်းချင်း ရောယှက်လျက် ရှိသည်။ တောသည် သာမန်သစ်တောများထက် များစွာ ပိုထူထပ်သည်။ ဝင်သွားလျှင် အနည်းငယ် နာကျင်ရမှာကိုတော့ ကြောက်ရ၏။ သို့သော် ဒီအချိန် ဒီကိုလာရတာက ဘယ်လောက်တောင် ခက်လဲ ဆိုတာကို တွေးပြီးနောက် မထူးတော့ဘူးဟု တွေးလိုက်သည်။ လောင်ပြောင်လည်း စိတ်မသက်မသာ ခံစားရပေမယ့် သူက လောင်ယန်ကိုခေါ်ကာ ဝင်သွားခဲ့သည်။


နေဝင်ချိန်အထိ လမ်းလျှောက်လာရင်း တောင်ကုန်းလေးဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာကြသည်။ ဇီးကွက်အော်သံများက အနီးနား တစ်ဝိုက်တွင် ကြားနေရပြီး ​နေအလင်းရောင်က အလွန်မှိန်သွားတာကြောင့် ဓာတ်မီးများ ဖွင့်ကာ အရှိန်လည်း လျှော့သွားကြသည်။


ထိုအချိန်တွင် လောင်ပြောင်တစ်ယောက် တစ်ခုခုနဲ့ ခလုတ်တိုက်ပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ လောင်ယန် သူ့ကို အလျင်စလို ထောက်ကူလိုက်ပြီး လှည့်ကြည့်လိုက်တော့ မြေပြင်ထက် အနည်းငယ်မြင့်တဲ့ သူ့ခြေဖဝါးအောက်မှာ ညောင်ပင်အမြစ်တွေ ရစ်ပတ်နေတာကို တွေ့လိုက်ရလေ၏။ 


ညောင်ပင်အမြစ်ရဲ့ အနည်းငယ်ကို ခုတ်ထစ်ရန် လက်ကိုင်တုတ်တိုတဲ့ ရဲတင်းကို သုံးလိုက်ကြသည်။ အမြစ်တချို့ကို ခုတ်ထွင် ရှင်းလင်းပြီး အောက်ကအရာကို ဖော်ထုတ်ပြသလိုက်သည်။ ထို့နောက် ဓာတ်မီးနဲ့ ထိုးကြည့်လိုက် သောအခါတွင် ၎င်းသည် ရေညှိအပြည့် ဖုံးနေသော ကျောက်တုံးလူသား ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ရုပ်ကြွများပေါ်၌ ဟန်မင်းဆက် မတိုင်မီက အလွန်လက်ရာ မြောက်သော ပန်းကနုတ် ပုံစံများကိုပင် တွေ့ရ၏။ 


ဒီကျောက်တုံး လူသားရဲ့ အသွင်အပြင်က လောင်ယန်တို့ရဲ့ လက်တွေကို ယားယံစေသလို ဒီတောထဲမှာ တစ်ခုခုရှိနေပြီ ဆိုတာ သိလိုက်ရသည်။ ရှေးလူကြီးတွေရဲ့ စကားက အမှန်ပဲကိုး။


ကျောက်တုံးကြီးရဲ့ ပတ်ပတ်လည်ကို ကြည့်လိုက်ကြသည်။ မကြာခင်မှာပဲ ညောင်တောရဲ့ မျက်နှာစာမှာ ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေ အောက်မှာ မြုပ်နေတဲ့ ကျောက်တုံးကြီးတွေကို ထပ်တွေ့လိုက်ရသည်။ ထိုအရာက ရှေးဟောင်း ကျောက်သားလမ်းရဲ့ အကြွင်းအကျန်တွေလို့ ထင်ရသည်။ ရှေးခေတ် ကျောက်လမ်း အပျက်အစီးများရဲ့ တစ်ဖက်ခြမ်းက ကျောက်တုံးလူသားတွေဟာ ဒီကျောက်လမ်းရဲ့ စောင့်ရှောက်သူတွေ ဖြစ်ပုံရ၏။ 


ဒီလိုပုံစံက ဧကရာဇ်ဂူဗိမာန်ရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေ မဟုတ်လား? လောင်ယန် တွေးလိုက်မိသည်။ ဤ​နေရာနှင့် မိုင်ပေါင်းများစွာ ဝေးသော ရွာလေးတစ်ရွာက လူကြီးတစ်ယောက်ဟာ ဟိုးရှေးယခင်က အနောက် ကျင့်မင်းဆက်များစွာကို ဤနေရာက တောင်တန်းများပေါ်တွင် မြှုပ်နှံထားခဲ့​ကြောင်း ပြောခဲ့ဖူးလေသည်။ 


အမှန်သာဆိုရင် လွန်ခဲ့တဲ့ ရက်ပိုင်းတွေက သူတို့ ခံစားခဲ့ရသမျှ ဝေဒနာတွေက တကယ်ကို တန်သွားပြီ။ 


သူနဲ့ သူ့အကိုဝမ်းကွဲ လောင်ပြောတို့က ဆွေးနွေးပြီး ရှေးလမ်းတစ်လျှောက် အရင်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီအနီးအနားမှာ ရှေးဟောင်း ဂူသင်္ချိုင်းတွေရှိရင် ခြေရာလက်ရာတွေ ရှိရမည်။


ရှေးဟောင်း လမ်းတလျှောက် ခြေလျင်လျှောက်ပြီး တောထဲမ၀င်ခင် နာရီအတော်ကြာ လမ်းလျှောက်ခဲ့ကြရသည်။ ကျောက်လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ကျောက်တုံး လူသားတွေ အများကြီး ရှိနေတာကို တွေ့ရ​လေ၏။ တချို့ကတော့ ကျောက်လမ်းပေါ်မှာ ဘေးစောင်းကျ​နေပြီး တချို့ကျတော့ အထဲမှာ နွယ်တွေနဲ့ ရစ်ပတ်နေသည်။ သစ်ပင်ရဲ့ အတွင်းပိုင်းသည် ရေညှိများဖြင့် ဖုံးလွှမ်းနေပြီး ကျောက်တုံး ရုပ်ကြွတွေရဲ့ ခြေရာလက်ရာများက ပို၍ထင်ရှားလာသည်။


လောင်ယန်တို့ တိတ်တဆိတ် စိတ်လှုပ်ရှားလာပြီး အရှိန်မြှင့်လိုက်ကြသော်လည်း ထူးဆန်းစွာပင် ရှေးလမ်းတစ်လျှောက် ရွေ့လျားလာသောအခါတွင် သူတို့ပတ်ဝန်းကျင်ရှိ အမြစ်များက ပိုပို၍ ထူထပ်လာတာကို ခံစားလာရသည်။ အဆုံးတွင် လောင်ယန်တို့မှာ ဖြတ်သွားနိုင်ရန် အတွက် သစ်ပင် အမြစ်များကို ဖြတ်တောက်ပစ်ခဲ့ရသည်။


သူတို့ ညဉ့်နက်တဲ့အထိ အဲဒီလိုပဲ လမ်းလျှောက်ကြပြီး မောပန်းနွမ်းနယ် လာသောအခါ အရှေ့ဘက်ရှိ သစ်ပင်များကြားမှ လရောင်လေး ပေါ်ထွက်လာသည်။ ကျောက်တုံးလမ်းရဲ့ အဆုံးကို ရောက်နိုင်ပြီလို့ လောင်ယန် ခံစားလိုက်ရသည်။ နောက်ဆုံး ညောင်ပင် အမြစ်​တွေကို ဖြတ်ခုတ်ပြီးတော့မှ တောထဲက ထွက်လာနိုင်ခဲ့၏။ 


ရုတ်တရက် လရောင်အောက်တွင် ကြီးမားသော ပြောင်းပြန် ပိရမစ်ပုံသဏ္ဌာန်ရှိ ကျောက်တွင်းကြီး တစ်ခုက သူတို့မြင်ကွင်းထဲ ပေါ်လာသည်။ ၎င်းက ဘောလုံးကွင်း​ကြီးကဲ့သို့ ကျယ်ပြီး ကြီးမားသော ရေပုံးပုံသဏ္ဌာန်ဖြင့် တောအုပ်အလယ်တွင် တည်ထားသည်။ လေးဘက်စလုံးရှိ ဆင်ခြေလျှောများကို လှေကားအသွင်များဖြင့် တည်ဆောက်ထားပြီး တွင်းအောက်ခြေသို့ လှေကားထစ် တစ်ရာကျော်ဖြင့် ဆင်းသက်နိုင်အောင် တည်ဆောက်ထားသည်။


လောင်ယန် ထိုအချိန်က တုန်လှုပ် ခြောက်ခြားလုနီးပါး ဖြစ်သွားခဲ့သည်။ ကျောက်တုံးလမ်းရဲ့ အဆုံးမှာ ဒီလို ကြီးကျယ်ခမ်းနားတဲ့ ရှေးဟောင်း အဆောက်အဦ အပျက်အစီးတွေ ရှိလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ခဲ့မိဘူးလေ။ နှလုံးခုန်သံတွေ မြန်လာသလို ခံစားလာရပြီး ခြေထောက်တွေက အားနည်းလာက တွင်းကြီးကိုပင် ဒူးထောက် ခစားချင်လာသည်။ 


သို့သော် ဤနေရာသည် ရှေးကျသော သင်္ချိုင်းတစ်ခု မဟုတ်သည်မှာ ထင်ရှား​ပေ၏။ ထို့ကြောင့် ဤနေရာက ဘာလဲ? ဘယ်မင်းဆက်က ချန်ထားခဲ့သလဲ ဆိုတာ စဥ်းစားစရာ ဖြစ်လာသည်။ 


လောင်ယန်ရဲ့အဖော် လောင်ပြောင်က အတော်လေး စဥ်းစားတတ်သူ ဖြစ်သည်။ ဤအခြေအနေကို မြင်လျှင် သူက အလွန်တုန်လှုပ်သွားပြီး လောင်ယန်အား ပြောလိုက်သည်။ 


"ဒီနေရာက ယဇ်ပူဇော်ပွဲနဲ့ ဆက်စပ်နေလိမ့်မယ်... ယဇ်ပလ္လင်တစ်ခုနဲ့ တူသလိုပဲ ဆင်းကြည့်ကြစို့.... ယဇ်ပူဇော်တဲ့ တွင်းထဲမှာ ဘယ်လို မြေအောက်လက်နက် အမျိုးအစားတွေ ရှိမလဲ မသိဘူး"


ထိုအချိန်တွင် အဖြူရောင် လရောင်သည် ကောင်းကင်ယံ၌ ထွန်းလင်းနေပြီး အလင်းရောင်သည် အလွန်မှိန်နေ၍ မြွေတွေလို အမြစ်များကို မနင်းမိစေဖို့ ရှောင်ကြဉ်ရင်း ကျောက်တုံးကြီးရဲ့ အောက်ဘက်သို့ စိတ်အားထက်သန်စွာ ဆင်းလာခဲ့သည်။


တွင်းတစ်ခုလုံးကို အနီးနားရှိ ညောင်ပင်များ၏ အမြစ်များဖြင့် ဖုံးအုပ်ထားသည်။ ရှေးဟောင်းကျောက်လမ်း အတိုင်း မလာခဲ့ပါက ဒီအတိုင်း လမ်းလျှောက်လျှင်ပင် ရှာတွေ့နိုင်မည် မဟုတ်ပေ။ တွင်းထဲရှိ ကျောက်ပြားများ အားလုံးနီးပါးသည် ရုပ်ပုံဆက် ပန်းချီပဟေဋ္ဌိတွေလို ကွဲသွားကြပြီ။


တွင်းအောက်ခြေတွင်လည်း ပေါင်းပင်အလွှာများ ထူထပ်စွာ ဖုံးလွှမ်းနေပြီး တချို့နေရာများတွင်သာ အပြာရောင် ကျောက်ပြားချပ်များကို ဖုံးအုပ်ထားသည်။


ပေါင်းပင်များသည် လူထက်ဝက်ခန့် မြင့်ရာ ရှေ့ဆက်သွားဖို့ ခုတ်ထစ်ရန် ဓားရှည်များကို အသုံးပြုမှာသာ မကြာမီ ယဇ်ပလ္လင် အလယ်သို့ ရောက်လာခဲ့ကြသည်။


ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် ကျောက်ဝိုင်းများဖြင့် ဝိုင်းရံထားသော မြေသားရေတွင်း တစ်ခုရှိသည်။ မြေသားရေတွင်းသည် ဆယ်မီတာခန့် နက်​လေ၏။ ထိုပေါ်မှ ဓာတ်မီးထွန်း​ကြည့် လိုက်သောအခါ အောက်ခြေတွင် မြက်များအပြည့် ရှိနေတာကို တွေ့ရသည်။ ရေတွင်း အောက်ခြေသို့ဆင်းရန် ကြိုးများစွာ အသုံးပြုရသည်။ ပထမဦးစွာ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ဘာမှမရှိတာကို တွေ့တော့မှ လော်ရန်ဂေါ်ပြားကို ချက်ချင်း ထိုးချလိုက်သည်။


ပထမ ဂေါ်ပြားသည် ဆယ့်ငါးမီတာသို့ ရောက်သော်လည်း အောက်ခြေသို့ မရောက်သေးပေ။ လောင်ယန် ဂေါ်ပြားကို ဆွဲထုတ်ကာ ရွှံ့များကို ရိုက်ခွဲလိုက်ရာ ထွက်လာသည့် ရွှံ့များမှာ ကာဗွန်ပြာများနှင့် ရောနှောနေပြီး အတွင်းဘက်တွင် မီးလောင်ထားသလို ဖြစ်နေတာကို တွေ့ရသည်။ ၎င်းတို့တွင် မြေအိုးနှင့် ကျောက်စိမ်း အပိုင်းအစများစွာကိုပါ တွေ့ရှိခဲ့သေးသည်။


ပုပ်သိုးနေသော ရွှံ့နွံထဲတွင် ကာဗွန်မြေသည် ယဇ်ပူဇော်ခြင်း၏ အကြွင်းအကျန် ဖြစ်နိုင်ပြီး ကျန်မြေအိုးနှင့် ကျောက်စိမ်းတုံးများသည် ထိုအချိန်က ယဇ်ပူဇော်သည့် ပစ္စည်းများ ဖြစ်နိုင်သည်။ ဤမြေတွင်းသည် လူသေတို့အား ယဇ်ပူဇော်သောအခါ သုံးသော ယဇ်ပူဇော်ရာ နေရာဖြစ်နိုင်ပြီး ယဇ်ပုလ္လင်ကိုလည်း တစ်ကြိမ်ထက်ပို၍ အသုံးပြုခဲ့ပုံရသည်။


ထိုအချိန်တွင် လောင်ယန်မှာ သူ့ရဲ့စိတ်အား ထက်သန်မှုကို ထိန်းမထားနိုင်တော့ပေ။ သမိုင်းထဲက ယဇ်ပူဇော်မှုအတွင်း လက်ရာမြောက်သော ကြေးနှင့်ကျောက်စိမ်း အမြောက်အများကို မကြာခဏ မီးရှို့ခဲ့​ကြသည်။ သူတို့ တစ်ခု သို့မဟုတ် နှစ်ခုကို တူးဖော်နိုင်လျှင်ပင် အမှန်တကယ် ချမ်းသာလာလိမ့်မည်။ 


ဂေါ်ပြားနဲ့ အလှည့်ကျ မမောနိုင်မပန်းနိုင် တူးကြသည်။ သိပ်မကြာခင်မှာ တွင်းရဲ့ အောက်ခြေအထိ ခုနစ်မီတာလောက် တူးလိုက်ကြရာ ကျောက်စိမ်းနဲ့ မြေအိုးအပိုင်းအစတွေ အများကြီးကို တူးဖော်မိခဲ့ကာ ရေတွက်လို့တောင် မရတဲ့ ကျောက်စိမ်းတုံးများကိုပါ တွေ့ရလေသည်။ 


ကံမကောင်းစွာဖြင့် ကျောက်စိမ်းနှင့် မြေအိုးအများစုသည် ပျက်စီးသွားတာကြောင့် စျေးကွက်တွင် တန်ဖိုးအနည်းငယ်သာ ရရှိနိုင်သဖြင့် လောင်ယန်တို့ကို စိတ်ပျက်သွားစေခဲ့သည်။ စိတ်ပျက်စရာ အကောင်းဆုံးမှာ သူတို့လိုချင်သလောက် ကြေးမရရှိခြင်းပင် ဖြစ်သည်။


သူတို့ အရှုံးမပေးဘဲ ဆက်လက် တူး​နေခဲ့ပြီး မကြာမီ ဆယ်မီတာအနက်သို့ ရောက်ရှိသော်လည်း ကောင်းမွန်သည့် အရာတစ်ခုကိုမှ မတွေ့ရသေးပေ။ တွင်းကို ဆယ်မီတာထက် ပိုနက်အောင် တူးသောအခါ ကန့်သတ်ချက် ပြည့်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ထပ်တူးရင် ပြိုကျနိုင်တဲ့ ပြဿနာကြောင့် ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားဖို့ လိုလေသည်။ 


အကြာကြီး တူးပြီး ဘာမှ ရှာမတွေ့တော့တဲ့ လောင်ပြောင်ဟာ အဲဒီတုန်းက ယဇ်ပူဇော်တဲ့ အခါမှာ ကြေးအိုးတွေ မသုံးခဲ့တာ ဖြစ်နိုင်ကြောင်းပြောကာ လောင်ယန်ကို ဆက်မတူးတော့ဘဲ ဒါတွေကိုပဲ ကောက်ပြီးပြန်ဖို့ ပြောသည်။ အများကြီးဆို သူတို့ ဒုက္ခရောက်သွားနိုင်တယ်လေ။


ဒါပေမဲ့ လောင်ယန်က အရှုံး မပေးချင်ခဲ့ဘူး။ သူက လောင်ပြောင် ဘာပဲပြောပြော ဆက်ပြီး တူးနေတုန်းပဲ။ လောင်ယန်ကို လောင်ပြောင်ကို အပေါ် တက်ခိုင်းပြီး ဆယ့်လေးမီတာကျော်တဲ့အထိ တစ်ယောက်တည်း တူးနေရာ နှစ်နာရီခန့်ကြာအောင် တူးလိုက်ရသည်။ ရုတ်တရက် "ဒန်း"ဆိုတဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး သူ့ဂေါ်ပြားသည် သတ္တုအပိုင်းအစကို ထိမှန်သွားခဲ့သည်။ 


လောင်ယန်နဲ့ လောင်ပြောင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်တော့ တွင်း၏ အလယ်ဗဟိုတွင် အစိမ်းရောင် အချွန်အတက် တစ်ခု ပေါ်နေတာကို တွေ့လိုက်ရသည်။


လောင်ယန်ရဲ့ နှလုံးခုန်သံတွေ ချက်ချင်း ခုန်တက်သွားပြီး သူ့လက်တွေပင် တုန်ရီလာခဲ့သည်။ လောင်ပြောင်က ဂေါ်ပြားကို ပစ်ချလိုက်ပြီး တွင်းထဲကို ခုန်ချလာကာ အချွန်အတက်တွေ တစ်ဝိုက်ကို လက်နဲ့ တူးလိုက်ကြသည်။


မကြာခင်မှာပဲ သူတို့ရှေ့မှာ ထူးဆန်းတဲ့ အရာတစ်ခု ပေါ်လာခဲ့သည်။ အဲဒါက ကြေးချောင်း တစ်ချောင်းပင်။ ၎င်းရဲ့ မျက်နှာပြင်ပေါ်ရှိ ကာဗွန်မြေဆီလွှာကို ဖယ်ရှားလိုက်သောအခါတွင် နူးညံ့သိမ်မွေ့သော ကြေးဝါ အကိုင်းအခက်တစ်ခု ပေါ်ထွက်လာသည်။


သူတို့ နှစ်ယောက် လုံး၀ ရွှင်လန်း သွားကြသည်။ တစ်ခါမှ မမြင်ဖူးသော အရာများသည် ငွေမြောက်များစွာ တန်သောကြောင့် အလျင်အမြန် တူးဆွကြတော့သည်။ လက်ဖြင့် မီတာများစွာ တူးခဲ့ကြသော်လည်း အောက်ခြေကို မမြင်နိုင်သေးပေ။ အကိုင်းကို မဆွဲနိုင်တာကြောင့် ဂေါ်ပြားနဲ့ ထပ်၍ ခြောက်မီတာကနေ ခုနစ်မီတာအထိ တူးခဲ့ပေမယ့် ကြေးကိုင်းရဲ