အပိုင်း 206
Viewers 24k

Chapter 206


ဝတ်စုံအား အဝတ်စပေါင်းများစွာအဖြစ် ဖြဲပြီးသောအခါ ချန်ရုံသည် ရေကန်ဆီသို့ပြေးသွားလိုက်သည်။ ဝမ်ဟုန်က ခေါင်းကိုစောင်း၍ သူမ လုပ်သမျှကို တိတ်ဆိတ်စွာ လှမ်းကြည့်နေသည်ကိုတော့ ချန်ရုံ သတိမထားမိပါ။


ခဏအကြာတွင် ချန်ရုံသည် ရေစိုနေသောအဝတ်ကို ဝမ်ဟုန်၏နဖူးပေါ်သို့တင်ပေးလိုက်သည်။ ထို့နောက် အနည်းငယ်စဉ်းစားလိုက်၍ ခြေထောက်နှင့် လက်များကိုပါ ရေစိုအဝတ်နှင့် ပတ်ပေးထားလိုက်သည်။

လုပ်ပေးစရာများကို လုပ်ပေးပြီးသွားသောအခါ ချန်ရုံ့တစ်ကိုယ်လုံး ချွေးများပြိုက်ပြိုက်ကျနေတော့သည်။ ဝမ်ဟုန့်အား လှမ်းကြည့်လိုက်သောအခါ ရီဝေနေသောမျက်လုံးများဖြင့် သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ချန်ရုံက တောက်ပစွာ ပြုံးပြ၍ ပျော်ရွှင်စွာပြောလိုက်သည်။
"ဘာမှကြောက်စရာမလိုပါဘူး...အရှင် အမြန်ပြန်နေကောင်းသွားမှာပါ..."

သူမ၏ရှေ့မှအမျိူသားသည် အလွန်ဆိုးရွားသောကံကြမ္မာကို ပိုင်ဆိုင်ထားရသူမှန်း သိသောကြောင့် ချန်ရုံ၏အပြုံးက သာမာန်နှင့်မတူပဲ အလွန်ပင် ကြင်နာမှုများဖြင့်ပြည့်နေသည်။ ယခင်ဘဝတုန်းက ဝမ်ဟုန်သည် အသက်ငယ်ငယ်ရွယ်ရွယ်မှာပင် မောယန်၌ သေဆုံးခဲ့ရသည်မဟုတ်လား။ ဝမ်ဟုန်၏ ယခုအသက်သည် ချန်ရုံ့ကဲ့သို့ပင် ချေးယူထားရသောအသက်ဖြစ်သည်။ ထိုအသက်ကို ကောင်းကင်ဘုံက ဘယ်တော့ နှုတ်ယူသွားမည်မှန်း မည်သူမှ မသိနိုင်ပါ။

ဝမ်ဟုန်က ချန်ရုံ့အား တိတ်ဆိတ်စွာ ကြည့်၍ တိုးတိုးလေးခေါ်လိုက်သည်။
"အားရုံ..."

"ဟုတ်ကဲ့..."

ဝမ်ဟုန်သည် ချန်ရုံ့အားကြည့်နေပြီးမှ သူမ၏မျက်လုံးများထဲမှ ရှုပ်ထွေးမှုများကို မျက်တောင်များဖြင့် ဖုံးကွယ်သွားစေရန် မျက်လွှာကိုချလိုက်သည်။
"မင်း ကိုယ့်ကိုမုန်းနေတယ်လို့ ကိုယ်ထင်ထားတာ...မင်းက ဘာဖြစ်လို့ အခုကြောက်နေရတာလဲ..."

ချန်ရုံ၏လှုပ်ရှားမှုများက ရပ်တန့်သွားသည်။ ချန်ရုံသည် ဝမ်ဟုန့်အား လှမ်းကြည့်၍ ခေါင်းကို ဖြည်းညှင်းစွာခါလိုက်သည်။
"ကျွန်မ ရှင့်ကို မုန်းပေမယ့် နေမကောင်းတော့မဖြစ်စေချင်ပါဘူး....ရှင့်ကို ဒဏ်ရာအနာတရလည်း မရစေချင်ဘူး...သေလည်းမသေစေချင်ဘူး..."

ထို့နောက် ချန်ရုံက ခေါင်းကိုငုံ့၍ ဝမ်ဟုန်၏မျက်နှာကို ခပ်ဖွဖွကိုင်ကာ သူ၏ခြောက်သွေ့နေသောနှုတ်ခမ်းများကို ထိကပ်မတတ် အနားသို့တိုးကပ်၍ ညင်သာစွာပြောလိုက်သည်။
"ရှင့်ကို အကောင်းဆုံးအသက်ရှင်သန်စေချင်တာပါ..."

ဝမ်ဟုန်က ပြုံးလိုက်၍ ကောင်းကင်သို့မော့ကြည့်ကာ ပြောလိုက်သည်။
"ဟုတ်လား...မင်းက ကိုယ့်ထက် အများကြီး ပိုကြင်နာတတ်တာပဲ အားရုံ..."
ဝမ်ဟုန်က ပြောရင်းဖြင့် နှုတ်ခမ်းကို တွန့်ကွေး‌လိုက်သည်။
"လွန်ခဲ့တဲ့နှစ်နာရီလောက်တုန်းက ကိုယ် တစ်ခုခုဖြစ်နေတာကို ခံစားမိခဲ့တယ်...ရောဂါလက္ခဏာတွေကို ပိုသတိထားမိလေလေ ဆိုးရွားတဲ့ အူယောင်ငန်းဖျားရဲ့လက္ခဏာတွေနဲ့တူလာလေပဲ...အဲဒီအချိန်မှာ ကိုယ် ဘာကိုတွေးမိလဲသိလား အားရုံ..."

ဝမ်ဟုန်က ချန်ရုံ့အား လှမ်းကြည့်လိုက်သည်။
"ကိုယ့်ရဲ့ပထမဆုံး‌အတွေးက ဒီရောဂါက အူယောင်ငန်းဖျားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဘယ်သူ့ကိုမှ အသိမခံဖို့ပဲ...နောက်တော့ ကိုယ်တွေးမိတာ မင်းကိုပဲ အားရုံ...အခုသိပြီမဟုတ်လား...ကိုယ့်မှာ အရမ်းဆိုးတဲ့ ကူးစက်ရောဂါကြီးရှိနေတာတောင်မှ မင်းကိုပါ တမလွန်ကို တူတူခေါ်သွားချင်တဲ့စိတ်နဲ့ မင်းကို အရင်ဆုံးတွေးမိတယ်..."

ထို့နောက် ဝမ်ဟုန်သည် ကြမ်းရှ၍ အက်ကွဲနေသောအသံဖြင့် မေးလိုက်သည်။
"အားရုံ ကိုယ်အရမ်းကိုဆိုးရွားတဲ့လူ ဖြစ်နေမိပြီလား..."

ချန်ရုံက ပြုံး၍ ခေါင်းခါလိုက်သည်။ ထို့နောက် လက်ကိုဆန့်၍ ဝမ်ဟုန်၏နှဖူးကို ထပ်စမ်းကာ တိုးတိုးလေးဆူလိုက်သည်။
"ရှူး...ရှင်မသေပါဘူး..."

ဝမ်ဟုန်က နားမဝင်ပဲ ကလေးတစ်ယောက်ကဲ့သို့ နွဲ့ဆိုးဆိုးချင်သောပုံဖြင့် ချန်ရုံ့ကိုကြည့်ကာ ထပ်မေးလိုက်သည်။
"ကိုယ်မေးတာကို မင်းမဖြေရသေးဘူး...ကိုယ်တကယ်ပဲ အရမ်းကို ယုတ်မာပြီးဆိုးနေမိတာလား..."

ချန်ရုံက ဝမ်ဟုန့်ကို‌ငုံ့ကြည့်ရင်းက စိတ်မထိန်းနိုင်ပဲ ဝမ်ဟုန်၏ နှာသီးဖျားလေးကို ခပ်ဖွဖွကိုက်လိုက်မိသည်။

ချန်ရုံသည် ဝမ်ဟုန့်အား ဖက်ထားရင်းက ရေပတ်ဝတ်ကို လှည့်ပေးကာ ‌ပြောလိုက်သည်။
"ကျွန်မ မသိဘူး..."
ရေပတ်ဝတ်ကို ရေထပ်ဆွတ်၍ နှဖူးပေါ်ပြန်တင်ပေးပြီးသောအခါ ဆက်ပြောလိုက်သည်။
"ဒီရောဂါကြီး ကျွန်မကို ကူးစက်ခဲ့မယ်ဆိုရင်လည်း ရှင်နဲ့တူတူ တမလွန်နယ်ကို သွားရမှာ ကျွန်မ မကြောက်ပါဘူး..."
ချန်ရုံက ပြောရင်း ပြုံးလိုက်သည်။
"မကြောက်တဲ့အပြင် ကျွန်မ ပျော်တောင် ပျော်နေမိဦးမယ်ထင်တယ်...ကျွန်မ ချစ်ရတဲ့သူနဲ့ တူတူသေဆုံးဖို့ဆိုတာ ကျွန်မ ဆုတောင်မတောင်းရဲတဲ့ ဝမ်းမြောက်ဖို့‌အရမ်းကောင်းတဲ့ ကိစ္စတစ်ခုပဲလေ..."

ချန်ရုံပြောပြီးပြီးချင်းမှာပင် ဝမ်ဟုန်က အားယူ၍ ထထိုင်လိုက်ကာ ချန်ရုံ၏မေးဖျားလေးကိုကိုင်၍ နှုတ်ခမ်းကို နမ်းလိုက်လေသည်။

ဝမ်ဟုန်၏ ပူလောင်နေသော လျှာက ပါးစပ်ထဲသို့တိုးဝင်၍ သူမ၏လျှာနှင့် ထိသွားသည့်အချိန်မှပင် ချန်ရုံ အသိပြန်ဝင်လာမိသည်။
"ရှင်က ဖျားနေတုန်းလေ..."
ချန်ရုံက စောဒကတက်လိုက်သည်။

သို့သော်လည်း ချန်ရုံ၏စကားများက ဝမ်ဟုန်၏ပါးစပ်ထဲ၌တွင်သာ ပျောက်ကွယ်သွားကြလေသည်။

ဝမ်ဟုန်သည် ချန်ရုံ၏မျက်နှာကို လက်နှစ်ဖက်လုံးနှင့် အုပ်ကိုင်၍ အနမ်းကို ပို၍ နက်ရှိုင်းစေလိုက်သည်။ ချန်ရုံကလည်း ပထမကတော့ ငြင်းဆန်ရန် စိတ်ကူးသော်လည်း ဝမ်ဟုန်၏အထိအတွေ့များအောက်၌ ကျဆုံးသွားရလေသည်။

မျက်နှာချင်းခွာလိုက်ပြီးသောအခါ ထိုအနမ်းကြောင့် နှစ်‌ဦးလုံး အသက်ကိုမနည်းပြန်ရှူနေကြရသည်။ ဝမ်ဟုန်၏ ကိုယ်ပေါ်၌ လှဲနေရင်းဖြင့် ချန်ရုံသည် ဝမ်ဟုန်၏အသားကိုစမ်းမိကာ ဝမ်းသာအားရပြောလိုက်သည်။
"ချီလန်...ရှင် ချွေးတွေထွက်နေပြီ..."

လူနာက ချွေးထွက်၍ ဖျားနေခြင်းက သက်သာလာပြီဆိုလျှင် ပြန်ကောင်းနိုင်ချေရှိသည်ဟု ပြောစကားရှိသည်မဟုတ်လား။

"အင်း..."
ဝမ်ဟုန်က ခပ်တိုးတိုးပြန်ဖြေလိုက်သည်။ ချန်ရုံက ဝမ်ဟုန်၏ရင်ခွင်ထဲမှ တိုးထွက်၍ ဘေးဘီသို့ကြည့်ကာ ပျော်ရွှင်စွာပြောလိုက်သည်။
"ဒီနားက တောင်တွေထူတာမို့လို့ လေအေးက ဝင်လာလို့မရတာ ပိုကံကောင်းသွားတယ်..."

ထို့နောက် ချန်ရုံသည် ကုန်း၍ ဝမ်ဟုန်၏ ကျောကုန်းကိုစမ်းလိုက်ပြန်သည်။
"ရှင်တကယ် ချွေးတွေထွက်နေတာပဲ..."
ဝမ်ဟုန်၏အသားပေါ်မှ စိုစွတ်မှုကို စမ်းမိသောအခါ ချန်ရုံက အော်လိုက်မိပြန်သည်။

ထိုအချိန်၌ ဝမ်ဟုန်က နူးညံ့စွာပြောလိုက်သည်။
"အားရုံ...မင်း ကိုယ့်အပေါ် ထပ်လှဲနေပေးပါလား..."

ချန်ရုံ တောင့်သွားမိသည်။ နှုတ်ခမ်းများကပွင့်ဟ၍ ငြင်းဆန်ရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင်တော့ စကားကိုနာခံ၍ ဝမ်ဟုန်၏ကိုယ်ပေါ်သို့ လှဲလိုက်လေသည်။

သူတို့နှစ်ယောက်၏ ပူနွေးသောခန္ဓာကိုယ်များက ထိကပ်နေချိန်တွင် ချန်ရုံသည် ဝမ်ဟုန်၏မာနေသော လိင်တံ၏ထိပ်ကို ဝမ်းဗိုက်အောက်ပိုင်းနား၌ ခံစားလိုက်ရသည်။

ထိုအတွေ့အကြုံကို တစ်ခါခံစားပြီးဖြစ်သော်လည်း ချန်ရုံ ရှက်သွားမိသည်။ ချန်ရုံသည် မျက်နှာကို ဝမ်ဟုန်၏လည်ပင်းနား၌ ကွယ်၍ ခပ်တိုးတိုးပြောလိုက်သည်။
"ကျွန်မကိုယ်က အရမ်းလေးနေမှာ...ရှင့်ကို ပိသွားလိမ့်မယ်...ထလိုက်ရမလား..."

အောက်မှ ဝမ်ဟုန်က ဘာမှပြန်မဖြေပေ။

"ရှင်အသက်ရှူနိုင်သေးရဲ့လား..."
ခဏစောင့်ပြီးမှ ချန်ရုံက ထပ်မေးလိုက်သည်။

ပြန်ဖြေသံမကြားရသေးပေ။

ချန်ရုံက ဝမ်ဟုန်၏မျက်နှာကို မော့ကြည့်လိုက်သည်။

ဝမ်ဟုန်သည် ချန်ရုံ့အား နီရဲနေသောကြောင့် မှော်ဆန်နေပုံပေါက်သည့်မျက်လုံးများဖြင့် စူးစိုက်ကြည့်နေလေသည်။ ဝမ်ဟုန်သည် အလွန်ပင် စိတ်နစ်နေဟန်ပေါက်သောကြောင့် ချန်ရုံ မရယ်မိရန်ပင် မနည်းထိန်းလိုက်ရသည်။
"ဘာဖြစ်လို့ ကျွန်မကို အဲဒီလိုကြီး ကြည့်နေတာလဲ..."

ဝမ်ဟုန်က ညာဘက်လက်ကို ဆန့်၍ ချန်ရုံ၏ တင်ပါးအပေါ်ဘက်နားကို ညင်သာစွာ ပွတ်လိုက်သည်။

ဘယ်ဘက်လက်က ချန်ရုံ၏မေးစေ့မှနေ၍ မျက်ခုံးများဆီသို့ ပွတ်ဆွဲနေလေသည်။

ချန်ရုံ့အား ပွေ့ဖက်ပွတ်သပ်နေရင်းနှင့် ဝမ်ဟုန်က တိုးတိုးလေးပြောလိုက်သည်။
"ကိုယ် နည်းနည်းတင်းကျပ်နေသလို ခံစားနေရတယ်..."
ထိုသို့ပြောရင်းဖြင့် တင်ပါးကို အနည်းငယ်ကြွလိုက်သည်။

ရုတ်တရက် လန့်သွားသောကြောင့် ချန်ရုံသည် လည်ပင်းအထိ ရှက်သွေးများဖြင့် နီရဲသွားသည်။ သူမသည် ဝမ်ဟုန့်အား မျက်စောင်းထိုး၍ ဂရုမစိုက်သလို လျစ်လျူရှုနေလိုက်သည်။

ဝမ်ဟုန်က ရယ်လိုက်သည်။
"မင်း ရှက်နေတာလား..."

ချန်ရုံက ပြန်မဖြေပေ။

ဝမ်ဟုန်က မော့၍ ချန်ရုံ၏နှုတ်ခမ်းများကို သူ၏နှုတ်ခမ်း‌များနှင့် ထိကပ်ကာ ပြုံးလိုက်သည်။
"မရှက်ပါနဲ့..."

နီရဲနေသောမျက်နှာဖြင့် ချန်ရုံသည် ဝမ်ဟုန်၏ကိုယ်ပေါ်မှဆင်းရန် အတင်းရုန်းထလိုက်သည်။ သို့သော် ဝမ်ဟုန်က ချန်ရုံ့ကိုဖက်ထားသောလက်များကို တောင့်ထားကာ ချန်ရုံ၏လည်ပင်းနှင့် ရင်ဘတ်ကြားသို့ မျက်နှာအပ်၍ တိုးတိုးလေးပြောလိုက်သည်။
"မလှုပ်နဲ့လေ..."
ချန်ရုံက ရင်တထိတ်ထိတ်ခုန်နေဆဲတွင် ဝမ်ဟုန်က တောင်းပန်တိုးလျှိုးသောအသံဖြင့်ပြောလိုက်သည်။
"ကိုယ်ချမ်းလို့ပါ အားရုံ...မလှုပ်ပါနဲ့..."

တကယ်တော့ ဝမ်ဟုန်က တောင်းပန်နေသည်မှာ ဟုတ်ချင်မှဟုတ်ပေလိမ့်မည်။ သို့သော်လည်း သူ့အသံက အလွန်အားပျော့၍ တိုးတိတ်နေသောကြောင့် သူပြောသည့်အတိုင်းသာ မလုပ်လျှင် ရုတ်တရက် ကွဲကြေသွားတော့မည်ဟု ချန်ရုံ ထင်လိုက်မိသည်။

ထို့ကြောင့် ချန်ရုံသည် ဝမ်ဟုန့်အားဖက်၍ ညင်သာစွာ ပြန်ပြောလိုက်သည်။
"အင်းပါ...ကျွန်မ မလှုပ်တော့ပါဘူး..."

ထိုအခိုက်၌ ဝမ်ဟုန်၏နှုတ်ခမ်းများက ချန်ရုံ၏ပါးစပ်နှင့်ထိ၍ လှုပ်သွားသည်။
"ကိုယ်ရေဆာတယ်..."
ထိုသို့ပြော၍ ဝမ်ဟုန်၏လျှာက ချန်ရုံ၏ပါးစပ်ထဲသို့ တိုးဝင်လာ၍ နမ်းစုပ်လိုက်လေသည်။ ချန်ရုံသည် ပျော်လည်းပျော်သွားသလို စိတ်လည်းတိုသွားမိသည်။
"ဒါဘယ်လို အကြောင်းပြချက်ကြီးလဲ..."
ချန်ရုံက အပြစ်တင်လိုက်သည်။

ဝမ်ဟုန်က ချန်ရုံ့ကို နမ်းနေရင်းဖြင့် လက်များက ချန်ရုံ၏အင်္ကျီထဲသို့ တိုးဝင်လာကြသည်။ ချန်ရုံက အမြန်အော်လိုက်သည်။
"မဖြစ်ဘူး...ရှင်က နေမကောင်းဖြစ်နေတာလေ..."

သို့သော် ထိုစကားများနောက်တွင် ချန်ရုံ၏ ညည်းလိုက်သံက ခပ်တိုးတိုးထွက်ပေါ်လာသည်။

သို့သော်လည်း ဝမ်ဟုန်က လှုပ်ရှားမှုများကို ရပ်လိုက်သည်။ သူသည် ချန်ရုံ၏ခါးကိုသာကိုင်ကာ နှုတ်ခမ်းနှင့် လျှာများကို ခပ်ဖွဖွလေးနမ်းနေသည်။ သူတို့နှစ်ယောက်၏ထွက်သက်များက ရောယှက်သွားချိန်တွင် ဝမ်ဟုန်၏နဖူး၌ ချွေးများထွက်လာသည်ကို ချန်ရုံ မြင်လိုက်ရသည်။

ချန်ရုံသည် အလျင်အမြန်ပင် ချွေးများကို သုတ်ပေး၍ ဝမ်ဟုန်၏နဖူးကို နမ်းလိုက်သည်။

"ရှင့်အဖျား ကျသွားပြီ..."
ချန်ရုံက ပျော်ရွှင်စွာအော်လိုက်သည်။

ထို့နောက် ဝမ်ဟုန်၏မျက်နှာကို ကိုင်ကာ ပြုံးဖြီး၍ ပြောလိုက်သည်။
"ချီလန် ကျွန်မကို မယုံရင် ရှင့်ဘာသာရှင် ပြန်စမ်းကြည့်...တကယ်ပဲ ရှင့်ခန္ဓာကိုယ်က ပူခြစ်မနေတော့ဘူး..."

ဝမ်ဟုန် ဘာမှပြန်မပြောနိုင်ခင်မှာပဲ အနားသို့ရောက်လာသောာခြေသံများကိုကြားလိုက်ရသည်။

ချန်ရုံက လှုပ်ရှားမှုများကိုရပ်၍ နားကို စွင့်ထားလိုက်သည်။

ခြေသံများက လူငါးယောက်စာ ဖြစ်သည်။ ချန်ရုံ၏မျက်လုံးများ ပြူးကျယ်လာချိန်တွင် ဝမ်ဟုန်က ချန်ရုံ၏ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။

ထိုသို့မအုပ်လျှင်လည်း ချန်ရုံက အသံထွက်မည်မဟုတ်ပါ။ ထို့ကြောင့် ဝမ်ဟုန့်အား လှည့်ကြည့်၍ လက်ကိုဖယ်ရန် အချက်ပြကာ သေချာအာရုံစိုက်၍ နားထောင်နေလိုက်သည်။

မကြာခင်မှာပင် အဖိုးစွင်း၏ချိုသာသောအသံထွက်လာသည်။
"အဖိုးတို့ရဲ့ သခင်မလေးက ဒီမှာလည်း ရှိပုံမရပါဘူးကွယ်..."
ထို့နောက် ယင်းကူ၏အသံလည်း ထွက်ပေါ်လာသည်။
"ဟုတ်ပါတယ် သခင်လေး...သခင်လေး မြင်တဲ့အတိုင်းပဲ ဒီနေရာမှ ဘယ်သူမှမရှိပါဘူး..."
ခဏရပ်သွားပြီးမှ ယင်းကူက စိတ်ရှုပ်သည့်အသံဖြင့်မေးလိုက်သည်။
"သခင်လေးတို့ကိုကြည့်ရတာ အလျင်လိုနေပုံရတယ်...အရမ်းအရေးကြီးလို့ပါလား...အရေးကြီးတယ်ဆိုရင် ကျောင်းတော်မှာရှိသမျှလူတွေကိုခေါ်ပြီး လိုက်ရှာခိုင်းလို့ရပါတယ်..."

"မလိုပါဘူး..."
ငယ်ရွယ်သောအသံတစ်ခုက ပြောလိုက်သည်။
"ဒီမှာ ခဏလောက်လာကြည့်ဖို့ပဲ စိတ်ကူးထားတာပါ...ပြန်ကြရအောင်..."

ထိုစကားများနှင့်အတူ အဖွဲ့သည် ပြန်လှည့်ထွက်သွားလေသည်။

သူတို့၏ခြေသံများကို လုံးဝမကြားရတော့သည့်အခါမှပင် ချန်ရုံက တိုးတိတ်စွာ သက်ပြင်းချ၍ ဝမ်ဟုန့်အား လှမ်းကြည့်လိုက်သည်။

ဝမ်ဟုန်၏မျက်နှာက အလွန်ပင် မသာမယာဖြစ်နေသည်။
"သူတို့တွေက ဒီအထိတောင် ငါ့ကိုလာရှာနေကြတာလား..."
ဝမ်ဟုန်က ပြောရင်း မျက်မှောင်ကျုံ့လိုက်သည်။
"အင်း ဟုတ်တာပေါ့...အဲဒီအဝတ်အစားတွေ...သူတို့တွေ အဲဒီအဝတ်အစားတွေကို ထိကိုင်ခဲ့ကြတာ...ဟုတ်တယ် ငါက စုပြည်နယ်ကို တစ်ခါပဲသွားရသေးတာ ဘာဖြစ်လို့ ဒီလိုရုတ်တရက်ကြီး ဖျားမှာလဲ...ဒါ အဲဒီအဝတ်အစားတွေကြောင့်ပဲဖြစ်မှာ..."

ကောင်းကင်ကိုမော့ကြည့်၍ တစ်စုံတစ်ခုကိုတွေးတောနေပုံဖြင့် မျက်မှောင်ကျုံ့နေသော ဝမ်ဟုန့်ကိုကြည့်ရင်းဖြင့် ချန်ရုံလည်း ကြောက်လာမိကာ ခန္ဓာကိုယ်ကိုပင် မလှုပ်ရဲဖြစ်နေမိသည်။

ဝမ်ဟုန်က အက်ကွဲစွာရယ်လိုက်သည်။
"သူတို့တွေက ဒီအထိတောင် လာရဲကြတာလား...သူတို့တွေက ငါနာမကျန်းဖြစ်နေမယ်ဆိုတာ တော်တော်ကိုသေချာနေကြတဲ့ပုံပဲ..."

ဝမ်ဟုန်၏အသံက နက်ရှိုင်း၍ အေးစက်နေသည်။

ချန်ရုံက နှစ်သိမ့်ပေးသည့်အနေဖြင့် ဝမ်ဟုန်၏လက်ကို ကိုင်လိုက်သည်။ ယခုအချိန်က သူမ၏ထင်မြင်ချက်များကို ဝင်ရောက်ပြောဆိုရမည့်အချိန်မဟုတ်သောကြောင့် ပါးစပ်ကိုတော့ ပိတ်ထားလိုက်သည်။

ထိုအခါမှသာ ဝမ်ဟုန်က အနည်းငယ်လှုပ်သွားသည်။

ဝမ်ဟုန်၏လှုပ်ရှားမှုကို နားလည်သောချန်ရုံကလည်း ဝမ်ဟုန်၏ကိုယ်ပေါ်မှ ဖယ်ပေးလိုက်သည်။

ဝမ်ဟုန်က ထထိုင်လိုက်သည်။ သူသည် ချန်ရုံ့ကို ရင်ခွင်ထဲသို့ ဆွဲဖက်၍ မေးစေ့ကို ချန်ရုံ၏ခေါင်းပေါ်သို့ မှီတင်ထားလိုက်ကာ အဝေးတစ်နေရာသို့ ငေးကြည့်၍ ပြောလိုက်သည်။
"သူတို့က ကိုယ့်ရဲ့ အဝတ်အစားကိုထိကိုင်နိုင်တယ်ဆိုတော့ သစ္စာဖောက်က ကိုယ့်ဘေးနားက လူတစ်ယောက်ယောက်ပဲဖြစ်မှာပဲ..."
ဝမ်ဟုန်၏နှုတ်ခမ်းများက တင်းတင်းစေ့သွားသည်။
"ကိုယ်နဲ့ မူရုံခယ်ကြားက ရန်ညှိုးရန်စကိုသိထားပြီး မောယန်မှာတုန်းကလည်း ကိုယ်ရှိတဲ့နေရာကို ဖော်လိုက်တဲ့ လူပဲလား..."

ထိုအတွေးနှင့်အတူ ဝမ်ဟုန်က ချန်ရုံ့ကို ပို၍တင်းကျပ်စွာ ဖက်လိုက်သည်။

ဝမ်ဟုန်၏ အနွေးဓာတ်ထဲ မြုပ်ဝင်နေသော ချန်ရုံသည် ဝမ်ဟုန်၏ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေသည်ကို သတိထားလိုက်မိသည်။

ဝမ်ဟုန်က အချိန်အတော်ကြာသည်အထိ ဘာမှထပ်မပြောတော့ချေ။