(38)
Viewers 5k

Chapter (38)

မင်းသားလီဟန်



တစ်ရက်နှင့် တစ်ည အကြာ၊ ရှင့်ချင်နန်းတော်၏ အိပ်ခန်းထဲ၌။


ယန်ယွိဟွမ် တစ်ညလုံး အိပ်မောကျသွားပြီး အေးအေးဆေးဆေး နိုးလာခဲ့သည်။


"ခင်ဗျား သက်သာရဲ့လား?" 


ဟုန်ကျွင့်အသံက သူမ နားထဲ ထွက်ပေါ်လာသည်။ 


ဟုန်ကျွင့်သည် ကောင်းကင်ပြာရောင် စစ်ဝတ်ရုံသို့ ပြောင်းသွားပြီး လှပသော ကျောက်စိမ်းပင်တစ်ပင်နှင့်တူသော ကုတင်ဘေးတွင် ထိုင်နေ၏။ သူက လေကို မျက်နှာမူထားသည့် ကျောက်စိမ်းပင်ကဲ့သို့ပင်။ သူက အေးစက်နေသော လက်ချောင်းများဖြင့် ယန်ယွိဟွမ်၏ လည်ပင်းကို ဖိလိုက်သည်။


ဒေါင်းအမွေးက လွင့်လာပြီး ယန်ယွိဟွမ်၏ ခန္ဓာကိုယ်ပေါ်သို့ အလင်း​ရောင် ငါးရောင်ဖြင့် ပျံ့နှံ့သွားသည်။ မိစ္ဆာမကော်ကော်က သူမကို တစ်ခုခုလုပ်ထားမှာကို ကြောက်လန့်ရတာကြောင့် စစ်ဆေးကြည့်နေတာပင်။ တိုက်ပွဲအတွင်း ထိုမိန်းမ၏ နောက်ဆုံး စကားလုံးများသည် ဆန်းကြယ်ပြီး တည်မြဲသော အထင်ကြီးမှုကို ချန်ထားခဲ့သည်။


ဟုန်ကျွင့်က လီကျင်လုံနဲ့ တခြားသူတွေဘက်ကို လှည့်ကာ အိပ်ယာရှေ့မှာပဲ ပြောပြလိုက်သည်။ 


"ကျွန်တော် မိစ္ဆာအငွေ့အသက်ကို မခံစားရ​တော့ဘူး"


အားလုံးက သက်ပြင်းချပြီး လီလုန်ကျီးက ဆိုသည်။ 


"ကော်ကျုံးက ဟဲပေဘက် ရောက်နေတယ် ဒီကိစ္စကို သူ့ကို ရှင်းပြနိုင်အောင် အသေးစိတ် ချရေးထားရမယ်"


ယန်ယွိဟွမ်လည်း အဲဒါကို သတိရပြီး မျက်ရည်နှစ်ကြောင်း စီးကျလာခဲ့သည်။ 


"ကျွန်မရဲ့... အစ်မအကြီးဆုံး ဘယ်မှာလဲ" 


"မင်း ဘာမှတ်မိသေးလဲ" ဟုန်ကျွင့် ဖန်ခွက်ကို ပေးလိုက်ပြီး။


"ဆေးကို ဒီပန်းကန်ထဲ ထည့်ထားပါတယ်"


ယန်ယွိဟွမ်၏ အတွေးများသည် တဖြေးဖြေးနှင့် မြေခွေးမိစ္ဆာ တစ်ကောင်ကို မြင်ယောင်မိလာသည်။ သူက ရှည်လျားသော အိပ်မက်ကို မြင်ရုံမျှသာ မှတ်မိနေသော်လည်း အစိတ်စိတ်အမွှာမွှာ ကွဲသွားသော မှတ်ဉာဏ်သည် သူမအား အဖြစ်အပျက်ကို စဉ်ဆက်မပြတ် ပြောပြရန် မဖြစ်နိုင်ပေ။


"ဒါက ဝိညာဉ်ထွက် ပန်းဝတ်မှုန်ရဲ့ အကျိုးသက်ရောက်မှု ဖြစ်လိမ့်မယ်"


"ငါးကြင်းတစ်​​ကောင်​က ကျွန်​​မအသက်​ကို ကယ်​ခဲ့တာလို့ သတိရ​နေတယ်​" ယန်ယွိဟွမ်က အံ့အားသင့်​​နေပြီး။ 


"အဲဒီငါးက ဘယ်​မှာလဲ"


လူတိုင်း: "..."


ယန်ယွိဟွမ်ကို ကယ်တင်သူက ရာထူးတိုးသွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ယန်ယွိဟွမ်က အမွေးထူသော ငါးကြင်းတစ်ကောင်ကို ၎င်း၏ အသက်အား ကယ်ခဲ့သည့် ကျေးဇူးရှင်အဖြစ် သတ်မှတ်ခဲ့သည်မှာ ရှက်စရာပင်။


"အဲဒါက ကျွန်တော့်သူငယ်ချင်း ကျောက်ကျစ်လုံပါ..... ကျွန်တော် နောက်နေ့မှ မိတ်ဆက်ပေး​တော့မယ်.... လာ သောက်လိုက်ပါဦး နေကောင်းသွားလိမ့်မယ်" 


ဟုန်ကျွင့် ပြုံး၍ ဆိုလိုက်သည်။ ဟုန်ကျွင့်က ဖန်ခွက်တစ်လုံးကို ကိုင်ထားပြီး လီလုန်ကျီးလည်း ယန်ယွိဟွမ်ကို ကူညီဖို့ ခြေလှမ်းပြင်လိုက်ပေမယ့် သူမကတော့ ဟုန်ကျွင့်ကိုပဲ ကြည့်နေသည်။ 


ဟုန်ကျွင့်:"?"


ယန်ယွိဟွမ်၏ မျက်လုံးများတွင် သူ့တွင် ချောမောသော မျက်နှာ၊ နှုတ်ခမ်းနီနီနှင့် သွားဖြူ​ခေးများ၊ ဖြောင့်တန်းနေသော မျက်ခုံးမွှေးများ၊ ညနေခင်းကြယ်များကဲ့သို့ တောက်ပနေသော မျက်လုံးများ၊ နှာတံမြင့်မြင့်၊ ဖြူစင်သော အသားအရေ၊ သွယ်လျသော လက်ချောင်းများနှင့် သူ့မျက်လုံးများတွင် အပြုံးမပျက် ရှိနေသည်။


"မင်း... မင်းရဲ့ မျိုးရိုးနာမည်က ခုန် လား" ယန်ယွိဟွမ် သံသယဝင်ကာ။ 


"မင်းဘယ်သူလဲ ခုန်ရွှမ်းလား"


ခဏကြာတော့ ခန်းမက တိတ်ဆိတ်သွားသည်။ ဟုန်ကျွင့်ရဲ့ လက်တွေက လှုပ်ရမ်းလာတာ ထိန်းမရတော့တာကြောင့် ဆေးနည်းနည်း ဖိတ်သွားသေးသည်။ ဟုန်ကျွင့် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ထား၍ ပြန်မေးလိုက်သည်မှာ။ 


"အဖေ့ သိလား" 


"မင်းက ခုန်ရွှမ်းရဲ့သားပဲ!"


"ချစ်ကြင်ယာတော်...." လီလုန်ကျီးက ကမန်းကတန်း ဝင်ပြောသည်။ 


"မင်း ကောင်းကောင်း အနားယူပါဦး.... နောက်မှ ဆွေးနွေး​ကြမယ်"


ဟုန်ကျွင့် တုန်လှုပ်ခြောက်ခြားစွာဖြင့် ယန်ယွိဟွမ်ကို ကြည့်လိုက်ပြီးနောက် လီလုန်ကျီးကိုလည်း ကြည့်လိုက်သည်။ ယန်ယွိဟွမ်ကလည်း လီလုန်ကျီးဘက်သို့ လှည့်ကာ။ 


"သမားတော်ခုန်လေ... အရှင်မင်းမြတ် မှတ်မိသေးလား? လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က ကျွန်မ ထူးဆန်းတဲ့ ရောဂါတစ်ခု ကူးစက်ခံခဲ့ရတယ်.... ပြီးတော့ ကျွန်မကို ကယ်ခဲ့တဲ့ အဲဒီလူက သမား​တော်ကလွဲလို့ တခြားသူ မဟုတ်ဘူး"


လီကျင်လုံ ဟုန်ကျွင့်ကို တစ်ချက်ကြည့်လိုက်သည်။ ခန်းမထဲမှာ ခဏတာ တိတ်ဆိတ်နေခဲ့ပြီး လီလုန်ကျီးက။ 


"ဟုတ်သလိုပဲ.... ဟိုတုန်းက မောင်အာ ပြောတာကို ကြားမိတယ်... အင်း"


လီလုန်ကျီးက အကြာကြီး တုံ့ဆိုင်းနေသော်လည်း ယန်ယွိဟွမ်ကတော့ ပြုံးပြီး မေးလိုက်သည်။ 


"မင်းအမေက ကျာယွိကျစ်ပဲ... မင်းမိဘတွေ အဆင်ပြေရဲ့လား"


"အားလုံးသေကုန်ပြီ" ဟုန်ကျွင့် ဝမ်းနည်းစွာ ပြောလိုက်သည်။


ယန်ယွိဟွမ်က အံ့အားသင့်သွားတာကြောင့် အကြာကြီး တိတ်ဆိတ်နေခဲ့သော်လည်း လီကျင်လုံက ဟုန်ကျွင့်နောက်ကွယ်မှ ဝင်ဆိုလိုက်လေ၏။ 


"ကမ္ဘာပေါ်က လူတိုင်း အရှင်မင်းကြီးရဲ့ လက်အောက်ခံတွေပါပဲ.... အရှင်မင်းကြီးနဲ့ ကြင်ယာတော်တို့ရဲ့ စိုးရိမ်ပူပန်မှုကို မျှဝေပေးဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ.... ဟုန်ကျွင့်.. ကြင်ယာတော်က ပင်ပန်းနေပြီ ကောင်းကောင်း အနားယူပါစေ..." 


လီလုန်ကျီးက အတိတ်ကို မပြောပြချင်ကြောင်း လီကျင်လုံ သတိထားမိသည်။ နောက်ဆုံးတွင် ယန်ယွိဟွမ်သည် တစ်ချိန်က သူ့ချွေးမ ဖြစ်ခဲ့ဖူးဖြစ်ပြီး သိက္ခာမဲ့သောကြောင့် မပြောပြစေလိုချေ။  


ဟုန်ကျွင့် "ကြင်ယာတော် သက်သာလာတဲ့အခါမှ ကျွန်တော်တို့ စကားပြောကြတာပေါ့"


လီလုန်ကျီးက ခေါင်းညိတ်ပြပြီး အားလုံးကို ထွက်သွားစေလိုက်သည်။ 


မနေ့ညက မိစ္ဆာကို သုတ်သင်ပြီးတဲ့ နောက်မှာတော့ အားလုံးက ရှုပ်ပွ​နေတဲ့ နန်းတော်ကို အပိုင်းပိုင်း မပျက်စီးအောင် ထိန်းထားကြရလေသည်။ သူတို့နိုးလာသောအခါ ရေချိုးကာ အဝတ်အစား လဲလိုက်ကြသည်။ နေ့ခင်းနေရောင်ထွန်းလာသောအခါမှ လီကျင်လုံက လူတိုင်းကို လက်ဖက်ရည်ဆိုင်တွင် အနားယူပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က ပြဿနာများကို ဖြေရှင်းရန် တလီတရားရုံးသို့ လျှောက်သွားခဲ့သည်။


ယခင်က လီကျင်လုံသည် လီလုန်ကျီးဘေးကနေ နန်းတော်ထဲကို ခေါ်သွင်းခံခဲ့ရကာ ယခု နန်းတော်ထဲသို့ ဝင်သွားသော အခါတွင်လည်း အမှုထမ်း အရာရှိများ၊ တလီတရားရုံး၊ ပြစ်ဒဏ်ပေးရေးဌာန၊ တပ်ခြောက်ခု၏ တပ်မှူးများနှင့် စကားပြောဆိုနေခဲ့ရသည်။


လီကျင်လုံ: "ကံကောင်းထောက်မစွာနဲ့ မနေ့ညက ပါဝင်ပတ်သက်မှုက ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သွားခဲ့ဘူး..... ငါတို့ ဒါကို ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့လို့ ချန်အန်းက ပြည်သူတွေလည်း ဘာဖြစ်သွားလဲ မသိဘူး"


"သိပ်မသိတဲ့သူတွေကလည်း ဝတ်မှုန်ကို ရှူသင့်တယ်" ချိုးယုံစစ်က ပြုံးပြသည်။


မော့ရစ်ကန်း: "နောက်ဆုံး ရွှေတောင်ပံလင်းယုန်ကြီးက ဘယ်ကလာမှန်း မသိဘူးနော်...နတ်ဘုရားနဲ့ တူတယ်"


ငါးကြင်းနတ်ဆိုးသည် ဟုန်ကျွင့်၏ခြေရင်းတွင် အိပ်ပျော်နေခဲ့ကာ ထိုစကားကို ကြားတော့ မျက်လုံးများ မှေးထားသော ဟုန်ကျွင့်ကို စိုက်ကြည့်နေသည်။ ဟုန်ကျွင့် တုံ့ဆိုင်းသွားသော်လည်း ကံကောင်းထောက်မစွာပင် မည်သူမျှ သူ့ပုံမှန်မဟုတ်သည်ကို သတိမထားမိဘဲ ရွှေတောင်ပံ လင်းယုန်၏ အသွင်အပြင်ကိုသာ မမောမပန်း ဆွေးနွေး​နေခဲ့ကြသည်။


ရွှေတောင်ပံလင်းယုန်သည် ထန်မင်းဆက်၏ လူများကြားတွင် အလွန်ကျော်ကြားသော ဒဏ္ဍာရီလာ နတ်ငှက်တစ်မျိုး ဖြစ်ပြီး အဆုံးတွင် လူတိုင်းက ၎င်းဟာ ထန်မင်းဆက်၏ သခင်သူတော်စင် ဖြစ်နိုင်ကြောင်း တညီတညွတ်တည်း ကောက်ချက်ချခဲ့ကြသည်။ မိစ္ဆာတွေ ချန်အန်းကို သိမ်းပိုက်ပြီးနောက် နတ်ငှက်ပေါ်လာဖူး၏။ မိစ္ဆာတွေ ချန်အန်းမှ ထွက်ခွာသွားပြီးနောက် နတ်ဆိုးနှင်ဌာနက နောက်ဆုံးတွင် ထန်မင်းဆက်ကို ကာကွယ်ခဲ့သည်။


ဟုတ်ရဲ့လား? 


ချင်းရှုံတွင် ဤမျှကြီးမားသော နောက်ခံရှိခဲ့ကြောင်း ဟုန်ကျွင့်ကိုယ်တိုင်ပင် မသိခဲ့ပေ။ နတ်ဆိုးများသည် ကောင်းသော ဂုဏ်သတင်းနှင့် မကောင်းသော ဂုဏ်သတင်းများအဖြစ် ခွဲခြားထားပုံရသည်။


ညဦးယံ၌ လီလုန်ကျီးက ညစာစားပြီးနောက် ၎င်းတို့အား ရွှေရောင်ပန်းများကြားတွင် မီးပုံးများ ထွန်းညှိကာ လူတိုင်းကို ခန်းမဆောင်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။


ဆောင်းရာသီ အစောပိုင်းကာလ ရွှေရောင်ပန်းပွင့်များကြားတွင် နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ အပင်သည် အရွက်များ ဆုံးရှုံးသွားခဲ့ပြီး ရေကန်အလယ်တွင် တစ်ကိုယ်တည်း ရပ်နေခဲ့သည်။ ရွှေရောင်ပန်းများ အတွင်းရှိ ကြီးမားသော မျက်နှာပြင်ပေါ်တွင် အလင်းရောင်နှင့် လေထု​အေး​​အေးများ ရှိနေဆဲဖြစ်သော်လည်း မြင်ကွင်းသည် ကောင်းကင်တစ်ခုလုံး နှင်းများအဖြစ်သို့ ပြောင်းလဲသွားချေပြီ။ နှင်းတွေကျနေတဲ့ နွေဦးရာသီက လန်းဆန်းမှုကို ပေးစွမ်းလေသည်။ 


သူတို့ငါးယောက်သည် လီကျင်လုံနှင့် ဟုန်ကျွင့်တို့ ထိုင်သည့်နေရာတွင် ထိုင်နေကြဆဲဖြစ်ပြီး ချိုးယုံစစ်ကသည် ရွှေတောင်ပံနှင့် နဂါးတစ်ကောင်ကြား တိုက်ပွဲတွင် မည်သူအနိုင်ရမည့် ကိစ္စနှင့်ပတ်သက်၍ မော့ရစ်ကန်းနှင့် ငြင်းခုံနေဆဲဖြစ်သည်။ ခဏအကြာတွင် အပြင်မှ သတင်းတစ်ခု ထွက်လာသည်။ 


"အိမ်ရှေ့စံ ရောက်လာပါပြီ--"


လီကျင်လုံလည်း မင်းသားလေး လာမည်ဟု မမျှော်လင့်ထားပေ။ သူက နှုတ်ဆက်ရန် အလျင်အမြန် ထလိုက်စဥ် ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျင်မြန်စွာ ဝင်လာကာ လီကျင်လုံ၏ ပခုံးကို လက်တစ်ဖက်ဖြင့် အသာလေး ပုတ်ကာ ပြောလိုက်သည်။ 


"ကျင်လုံ....."


"အရှင့်သား!" လီကျင်လုံ အံ့သြပြီး ပျော်သွားသည်။ 


ထိုပုဂ္ဂိုလ်မှာ ထန်မင်းဆက်၏ မင်းသား လီဟန် ဖြစ်သည်။ လီလင်ဖူ အာဏာရလာသောအခါ လီဟန်ကို ဘေးဖယ်ထားပြီး တပ်ဖွဲ့များကို ဦးဆောင်နိုင်ခြင်း မရှိခဲ့ပေ။ မနှစ်က လီလင်ဖူရဲ့ အာဏာကို ဖျက်သိမ်းပြီးတာနဲ့ လီဟန်ဟာ ​​သူ့ရဲ့ ကြီးမားတဲ့ စိုးရိမ်မှုတွေကနေ လွတ်မြောက်ပြီး ရန်သူတစ်ယောက် ဆုံးရှုံးခဲ့သည်။ နောက်ဆုံးမှာတော့ သူ့ကို လီလုန်ကျီးက မင်းသားလေးလို့ တင်စားခေါ်ဝေါ်ခဲ့ပြီး ချန်အန်းသို့ ပြန်ခေါ်ခဲ့ပါ၏။ 


"မင်းသားတိ ရောက်လာပါပြီ..."


"မင်းသားရှို့ ကြွလာပါပြီ"


လီဟန်သည် မြို့တော်မှ မထွက်ခွာမီ လီကျင်လုံနှင့် သက်ဆိုင်ခဲ့သော လုံဝူစစ်တပ် အဖွဲ့နှင့်အတူ လိရှန့် အမဲလိုက်ရန်နေရာသို့ လိုက်သွားခဲ့ပြီး ထိုအချိန်တွင် လီကျင်လုံလည်း လိဟန်နှင့် အတော်လေး ရင်းနှီးခဲ့သည်။ လီဟန်သည် သူ၏ စည်းစိမ်ဥစ္စာ အားလုံးကို ဓားတစ်ချောင်းဝယ်ဖို့ သုံးစွဲခဲ့သော ဤလူငယ်ကိုလည်း အလွန်သဘောကျခဲ့သည်။ လီကျင်လုံကလည်း လီဟန်နောက်သို့လိုက်ကာ အနောက်မြောက်ဘက်သို့ သွား၍ စစ်တိုက်ရန်ပင် တွေးနေခဲ့ဖူးသည်။


သို့သော် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် လီဟန်သည် လီကျင်လုံနဲ့ မဆက်သွယ်ဘဲ ချန်အန်းမှ အမြန်ထွက်ခွာသွားခဲ့သည်။


"ဟေး ဒါက ဘယ်သူလဲ" လီဟန်သည် လီကျင်လုံရဲ့ နောက်ကွယ်က ချောမောတဲ့ လူငယ်ကို တွေ့တော့ လှည့်ပြီး ပြောလိုက်၏။ 


"မင်းကတော့ ငါတို့အိမ်က လူတွေကို ရှုံးအောင် လုပ်နိုင်လောက်တယ်!"


မင်းသားတိ၊ မင်းသားလီရန်နှင့် မင်းသားရှို့တို့သည် အခိုးအငွေ့များနှယ် ရောက်ရှိလာကြပြီး လီမောက်ကတော့ သူ့မယားငယ်ကိုပါ ခေါ်ဆောင်လာကာ ချောမောသော အသွင်အပြင်များဖြင့် နှုတ်ဆက်လာကြသည်။ သို့သော် ယောက်ျားပီသမှု အနည်းငယ် ကင်းမဲ့သည်။ တစ်ဖက်တွင် လီရန်သည် သိုင်းကျင့်ထားသူလို ပုံစံနဲ့ဖြစ်ကာ သူ့မျက်ခုံးများက စိတ်ပျက်ခြင်း အရိပ်အမြွက်များ ပြ​​နေသည်။


"အဖေက ငါတို့ကို အရင်လာပြီး ကျင့်လုံနဲ့ ရင်းနှီးအောင် လုပ်ဖို့ အမိန့်ပေးခဲ့တယ်" လီရန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောသည်။ 


"ငါက မသိဘဲနဲ့ မနေ့ညက တစ်ညလုံး အိပ်ပျော်သွားတယ်... မြေကြီးတုန်ခါသွားတာတောင် မသိလိုက်ဘူး"


လီကျင်လုံ: "မင်းသားတို့တွေကို တကယ့် နဂါးကြီးရဲ့ တန်ခိုးနဲ့ အကာအကွယ် ပေးထားတာဆိုတော့.... သာမာန် မိစ္ဆာတွေလောက်က လုပ်နိုင်တာ ဘာမှ မရှိပါဘူး"


သူတို့နှစ်ယောက် စကားပြောနေချိန်တွင် ဟုန်ကျွင့်သည် အိမ်ရှေ့စံအား ထိုင်ခုံနေရာ ယူပေးလိုက်သည်။ ထိုစဥ် သူ့လက်တွင် ကျောက်စိမ်းပုတီးကြိုး တစ်ချောင်းကို ဝတ်ထားသည်ကို တွေ့လိုက်ရသည်။ ပြီးတော့ အဲဲဒီပုတီးစေ့က ပိုရင်းနှီးသလို ခံစားရစေ၏။ 


"အရှင့်သားရဲ့ ပုတီးစေ့က ကျွန်တော် ငယ်ငယ်..."


လီဟန်က သူ့အမူအရာကို ကြည့်ပြီး ပြုံးပြုံးလေးနဲ့ ပြောသည်။ 


"မင်းကြိုက်လို့လား ငါပေးလိုက်မယ်လေ..."


သူက စကားပြောနေစဉ်တွင် ပုတီးစေ့ကြိုးကို ချွတ်လိုက်ပြီး ဟုန်ကျွင့်အား တစ်စုံတစ်ဦးကနေတစ်ဆင့် ပေးအပ်ရန် တောင်းဆိုလိုက်သည်။ ဟုန်ကျွင့်က ရုတ်တရက် ငြင်းဆန်သွားသော်လည်း လီကျင်လုံက သူ လက်မခံ​သေးကြောင်း မြင့်သဖြင့် ဝင်ပြောလိုက်သည်။ 


"ဘာလို့ မြန်မြန် ကျေးဇူးမတင်​သေးတာလဲ"


လီဟန်၏ ကျောက်စိမ်းပုတီးစေ့များကို "ကောင်းကင်တောင်တန်း နတ်ဘုရားမျက်ရည်" ဟု ခေါ်တွင်ကြပြီး ၎င်းတို့သည် လွန်ခဲ့သော ဆယ်နှစ်ခန့်က သူနှင့် ကောင်းရှန်းကျစ် မြစ်ဝှမ်းကို ကိုယ်တိုင်ကိုယ်ကျ သိမ်းပိုက်ခဲ့စဥ်က ကော့လော့လူမှ ၎င်းတို့အားပေးအပ်သည့် မိသားစုရတနာများ ဖြစ်သည်။ 


ဟုန်ကျွင့်ခမျာ “သူငယ်ငယ်က ကစားခဲ့တဲ့ ပုတီးစေ့တွေနဲ့ အတူတူပဲ” ဟူသည့် နောက်စာကြောင်းကို မပြောနိုင်ဘဲ လက်နှစ်ဘက်နှင့် ကိုင်ကာ ခေါင်းညိတ်လိုက်၏။ 


“ကျေးဇူးတင်ပါတယ်” 


မင်းသားများသည် တစ်ယောက်နှင့် တစ်ယောက် နှုတ်ခွန်းဆက်စကား ဖလှယ်ကြပြီး စကားလုံးများ၏ နောက်ကွယ်တွင် အဓိပ္ပာယ်ကို ကြည့်လျှင် မတွေ့တာ ကြာပြီ ဖြစ်ကြောင်း တွေ့နိုင်သည်။ သို့သော်လည်း လီဟန်နှုတ်ကို ဖွင့်လိုက်စဥ် အားလုံး တိတ်ဆိတ်သွားကြသည်။ ဒါကိုမြင်တော့ ဟုန်ကျွင့်လည်း သခင်မကော် မသေခင်မှာ ပြောခဲ့တာကို မတွေးဘဲ မနေနိုင်လိုက်ချေ။ ယန်ယွိဟွမ်လည်း ကလေးမွေးခဲ့ရင် သူတို့ထက် ငယ်လိမ့်မယ်၊ အခု ဒီမှာလည်း ထိုင်နေမှာပဲလို့ တွေးလိုက်မိချေသည်။ 


မြေခွေးမိစ္ဆာကို အနိုင်ယူပြီးနောက် ချိုးယုံစစ်လည်း ထိုမိစ္ဆာ ဘယ်လိုမှော်စွမ်းအင်ကို သုံးသွားသလဲ စဥ်းစားနေရသည်။ ၎င်းက ယန်ယွိဟွမ် ဗိုက်ထဲက လီလုန်ကျီး၏ ကလေးအား သုံးကြိမ်တိုင်တိုင် ကိုယ်ဝန် ပျက်ကျစေခဲ့တာကြောင့် အလွန်ရက်စက် ကြမ်းကြုတ်သော မှော်အစွမ်း ဖြစ်မည်ဟုလည်း ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့သော်လည်း တိတိကျကျ အဖြေ မပေးနိုင်ခဲ့ပေ။ 


ဒီကိစ္စနဲ့ ပတ်သက်လို့ လီကျင်လုံရဲ့ ထင်မြင်ချက်ကတော့ သခင်မကော်ဟာ ယန်ယွိဟွမ်အား လီလုန်ကျီးအတွက် မင်းသားတစ်ပါးကို မမွေးစေချင်တဲ့အတွက် အပြောင်းအလဲတွေ လုပ်ခဲ့တာ ဖြစ်ပေလိမ့်မည်။ 


သို့သော် ဤအရာအားလုံးသည် မြေခွေးမိစ္ဆာ၏ သေဆုံးခြင်းနှင့်အတူ ထာဝရ လျှို့ဝှက်ချက်တစ်ခု ဖြစ်လာခဲ့ပါပြီ။ ထို့အတွက်ကြောင့် အိမ်ရှေ့စံ မင်းသားအဖြစ် လီဟန်၏ရာထူးသည် မည်သည့် ခြိမ်းခြောက်မှု အောက်တွင်မျှ မရှိတော့ပေ။


လီဟန်: "အဖေက ကိစ္စတွေကို ဆွေးနွေးနေတုန်းပဲ... ကျင့်လုံ ငါ့ကို ပြောပြပါဦး ဘာဖြစ်ခဲ့တာလဲ"


လီကျင်လုံ အစက စတင်ခဲ့ပြီး မင်းသားများ မလေ့လာရသေးသော ဧကရာဇ် စာမေးပွဲ ကိစ္စအပါအဝင် အဖြစ်အပျက် တစ်ခုလုံးကို အသေးစိတ် ပြောပြခဲ့သည်။ ပုံပြင်တစ်ဝက်လောက် ရောက်တော့ လီလုန်ကျီး ရောက်လာ၍ လူတိုင်းကို ယဉ်ကျေးစွာ ထိုင်နားထောင်ရန် အချက်ပြခဲ့သည်။ လီကျင်လုံ ဆက်ပြောပြပြီးနောက် မင်းသားများ အံ့သြသွားကြသည်။


"ဒါ..." လီဟန်က သက်ပြင်းချလိုက်ပြီး။ 


"ဒါက အရမ်းအန္တရာယ်ကြီးမှန်း ငါ မသိခဲ့ဘူး!"


ချိုးယုံစစ်: "မိစ္ဆာတွေ သောင်းကျန်းပြီး ပရမ်းပတာ ဖြစ်ခဲ့စေပေမယ့် ထန်မင်းဆက်ကို ကောင်းကင်က ကောင်းချီးပေးခဲ့ပါတယ် နောက်ဆုံး အခိုက်အတန့်မှာ ကံကောင်းခြင်းတွေရဲ့ နိမိတ်လက္ခဏာဖြစ်တဲ့ ရွှေတောင်ပံလင်းယုန်က ကောင်းကင်ကနေ ဆင်းသက်လာခဲ့တယ်လေ" 


"ဟုတ်တယ်" လီလုန်ကျီးကလည်း သက်ပြင်းချလိုက်ပြီး။ 


"အဲဒီငှက်ကို ငါ့မျက်လုံးနဲ့ မြင်ခဲ့တာပဲ...."


ဟုန်ကျွင့်ကတော့ ထိုအချိန်က ချုံမင် မရောက်လာခဲ့တာ ကံကောင်းတယ်လို့ တွေးမိလေသည်။ ချုံမင်သာဆိုရင် မီးငြိမ်းရုံဖြင့် သုံးရက်သုံးညလုံး အလုပ်များနေလိမ့်မည်။


လီဟန် နှင့် အခြားသူများ မကြာခဏ ခေါင်းညိတ်ကြသော်လည်း နောက်ဆုံးတွင် သူတို့၏ မျက်လုံးများက ရှုပ်ထွေးမှုများ ပေါ်လာပြီး "ဘာကြီးလဲ?" ဟူသော အမူအရာဖြင့် ကြည့်လာသည်။ 


ဒါကိုကြားပြီးနောက် လီလုန်ကျီးမှာ ပို၍ပင် ပင်ပန်းနေပုံရပြီး။ 


"နောက်ဆုံးတော့ မင်းအမေနဲ့ ကြင်ယာတော်ကို ကယ်တင်ခဲ့တာက ငါးကြင်းတစ်ကောင်ပဲ" 


"ငါးကြင်း??" 


လီရန်နဲ့ လီဟောက်က "ကျွန်တော်တို့ကို ကစားဖို့ ကြိုးစားနေတာပဲ" ဟူသော အတွေးမှ မလွတ်မြောက်မီ သူတို့ မသိစိတ်က ခေါင်းညိတ်ပြပြီး "ငါးကြင်းက တော်တော်ကောင်းတယ်" လို့သာ ထောက်ခံလာကြသည်။ 


"သူက ငါးကောင်းပဲ" 


သူ့ရှေ့မှာ မြေခွေးမိစ္ဆာတွေနဲ့ လိပ်တွေ ပါဝင်တဲ့ မိစ္ဆာတွေရဲ့ စာရင်းကို နားထောင်ပြီးနောက် လီဟန်လည်း ဘယ်လို မှတ်ချက်ပေးရမလဲ မသိတော့ဘဲ ခေါင်းညိတ်၍သာ သဘောတူလိုက်သည်။ 


လီလုန်ကျီး: "ငါး ဘယ်မှာလဲ" 


"ကျောက်ကျစ်လုံ" ဟုန်ကျွင့် ခေါင်းလှည့်ကာ သူ့အနောက်က ကယ်တင်ရှင်ကြီးကို အော်ခေါ်လိုက်သည်။ 


"မင်းကို ခေါ်နေတယ်"


ငါးကြင်းနတ်ဆိုးသည် ကိစ္စရပ်၏ နောက်ကွယ်မှ ထွက်ပေါ်လာကာ ပါးစပ်ကို လှုပ်နေသည်။ သူက ဟုန်ကျွင့်အိတ်ပေါ်တွင် တင်ထားသည့် ကျောက်စိမ်း ပုတီးစေ့များကို ကြည့်လိုက်ပြီးနောက် မင်းသားများကို ကြည့်လိုက်ရာ တစ်ဖက်လူတွေကလည်း တခဏမျှ တိတ်ဆိတ်သွားသည်။


ငါးကြင်းနတ်ဆိုးက "မညီမညာတဲ့ လမ်းတွေမြင်ရင် ကူညီဖို့ ဓားကိုဆွဲလိုက်...... ကြိုဆိုပါတယ်"


"အား--"


မင်းသားသုံးပါးသည် အလွန်ထိတ်လန့်သွားသဖြင့် လက်ဖက်ရည် ပန်းကန်ကို ပစ်ချကာ အစောင့်များကို ခေါ်လုနီးပါးဖြစ်သော်လည်း လီလုန်ကျီးက ရယ်မောလိုက်လေသည်။ 


“ကဲ ယုံ​ပြီလား” 


လီဟန်မှာ ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်ပြီး ငါးကြင်းကို ငုံ့ကြည့်မိသော်လည်း လျင်မြန်စွာ တည်ငြိမ်မှုပြန်ရကာ ခေါင်းညိတ်လိုက်၏။ 


“ကျွန်တော် အခု ယုံပါပြီ” 


"ဧကရာဇ်ရဲ့ ကြင်ယာတော်ကို ကယ်တင်တဲ့သူကို ဆုပေးမယ်လို့ ရွှမ်တိ ဂိတ်ရှေ့မှာ ငါ ကတိပေးခဲ့တယ်"


ငါးကြင်းနတ်ဆိုးက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး အရာရှိအဖြစ် ခန့်အပ်ဖို့ မလိုအပ်ပါဘူးလို့ ဆိုသည်။ ငါးကြင်းတစ်ကောင်ကို အမှုထမ်းအရာရှိ တစ်ယောက်အနေနဲ့ ထားဖို့ဆိုတာ တော်တော်ကို ထူးဆန်းသည်လေ။ 


"တစ်ခုခုတော့ တောင်းချင်ပါတယ်... အရှင်မင်းကြီး တစ်ချိန်က ကျွန်တော့်ရဲ့ ကျေးဇူးရှင်တစ်ယောက် ရှိခဲ့ဖူးတယ်.... အခု သူသေသွားပြီလို့ ရှင်းကျုံးကျောင်းမှာ ထားခဲ့တာ အလောင်းတော်တွေလည်း အများကြီးရှိတယ်... ကျွန်တော့်အတွက် အမှတ်တရအဖြစ် ပေးလို့ရမလား?"


"ဒါပေါ့" လီလုန်ကျီးက လီဟန်ဘက်သို့ လှည့်လိုက်သည်။ 


"ရက်အနည်းငယ်ကြာရင် မင်း သူ့အတွက် လုပ်ပေးလိုက်"


"ဟုတ်ကဲ့ ဟုတ်ကဲ့" 


လီဟန်မှာ ချွေးတွေကို သူ့ဝတ်ရုံလက်နဲ့ သုတ်လိုက်ပြီး ခေါင်းတဆက်ဆက် ညိတ်လိုက်သည်။ လီရန်နဲ့ လီဟောက်တို့က ငါးကြင်းနတ်ဆိုးအား ကြောက်လန့်တကြား ကြည့်နေကြဆဲဖြစ်သည်။ ငါးကြင်းနတ်ဆိုးသည် ဟုန်ကျွင့်၏ လက်ဖက်ရည် ပန်းကန်ထဲသို့ ခေါင်းကို ထည့်ကာ လက်ဖက်ရည် အနည်းငယ်သောက်ကာ အိပ်ငိုက်လာသည်။ ဒါ​ကြောင့် သူက စားပွဲပေါ်မှ ပြန်လျှောဆင်း၍ ဟုန်ကျွင့်၏ခြေရင်းတွင် အိပ်နေလေသည်။


လီလုန်ကျီး: "ဟုတ်ပြီ... လီကျင်လုံရဲ့ နတ်ဆိုးတွေကို သုတ်သင်ဖို့အတွက် ပံ့ပိုးကူညီမှုက မရှိမဖြစ်ပဲ.... မနက်ဖြန်ကစပြီး နတ်ဆိုးနှင်ဌာနအတွကခ ဆုလာဘ်တစ်ခု ပေးမယ်... နောက်ထပ် မြေတစ်ကွက်ကိုလည်း ငါပေးမယ် နေရာကိုတော့ မင်းကိုယ်တိုင် ရွေးချယ်လို့ရတယ်"


လီကျင်လုံက သူ့ကို ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောပြီးတဲ့အခါ လီလုန်ကျီးက လီဟန်ဘက်သို့ တစ်ဖန်လှည့်၍ ဆိုလိုက်သည်။ 


"မူလက နတ်ဆိုးနှင်ဌာနက ကော်ကျုံးရဲ့ ကွပ်ကဲမှုအောက်မှာ ရှိပေမယ့် ဒီနေ့ညကစပြီးတော့ မင်းရဲ့ အမိန့်အတိုင်း ဖြစ်စေမယ်...."


လီလုန်ကျီး နတ်ဆိုးနှင်ဌာန၏ စွမ်းရည်ကို မြင်ပြီး​ပြီဖြစ်သည်။ ထို့ကြောင့်သူအား ပြင်ပလူ၏ လက်ထဲတွင် ထည့်ထားလို့ အဆင်မပြေ။ သူတို့သည် လီမိသားစု သို့မဟုတ် ဧကရာဇ်မိသားစု၏ အမိန့်တာဝန်ကို ထမ်းဆောင်နေရဆဲ ဖြစ်သည်။ အခု အိမ်ရှေ့စံ မင်းသားကို တိုက်ရိုက် တာဝန်ပေးလိုက်ပြီ။ အိမ်ရှေ့စံမင်းသားရဲ့ ညွှန်ကြားချက်တွေကို အကုန်လိုက်နာပြီး ဧကရာဇ်မင်းလည်း ညမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပြီ ဖြစ်သည်။ 


လီဟန်: "ငါမေးစရာရှိသေးတယ်... ကျင်လုံ အခုချန်အန်းမှာ မိစ္ဆာတွေရှိ​သေးလား နတ်ဆိုးဘယ်နှစ်ကောင်ရှိနေပြီလဲ"


လီကျင်လုံက စဉ်းစားပြီး ပြန်ဖြေသည်။ 


"တစ်ကောင်မှ မရှိသလောက်ဘဲ ဒါပေမယ့် ကျန်တာတော့ မပြောနိုင်​သေးဘူး"


အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြကြသည်။ အမှန်တော့ သာသနာပြုဌာနက လူတိုင်းဟာ မနေ့က သီးခြားစီထွက်ပြီး မြို့တွင်းနေရာတွေကို လိုက်ကြည့်ကြ၏။ မနေ့ညက ချန်အန်းမြို့ဟာ အရင်တုန်းကလို မဟုတ်တော့ဘဲ မိစ္ဆာဘုရင် ကွယ်လွန်တဲ့အခါ မိစ္ဆာတွေကလည်း ပန်းပွင့်နေလို ကြွေကျလိမ့်မယ်လို့ မျှော်လင့်ရပါသည်။ 


မော့ရစ်ကန်း: "ရွှေတောင်ပံလင်းယုန် ပြန်လာတာက အစွမ်းထက်ဆုံး သက်သေပဲ.... အခု ဘယ်​နေရာ​တွေမှာ ပုန်းနေတယ်ဆိုတာ ကျွန်တော်တို့ မသိပေမယ့် ရေတိုမှာ ပုံမှန်မဟုတ်တာတော့ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်"


"ကောင်းပြီ..." လီလုန်ကျီးက ခေါင်းညိတ်ပြီး ဆက်ပြောသည်။ 


"တစစ်အန်းဘုံကျောင်းမှာ ဂဠုန်ပန်းချီကားတစ်ချပ် ရှိတယ် တိုင်းပြည်ကို ကာကွယ်ပြီး နတ်ဆိုးတွေကို တွန်းလှန်ပေးတဲ့ မြင့်မြတ်တဲ့ ငှက်တစ်ကောင်ပဲ.... အခု ရွှေတောင်ပံလင်းယုန် ပြန်ရောက်လာတော့ တကယ်ရှိနေပြီလို့ ထင်ရတယ်... စိတ်ပူစရာ မလိုတော့ဘူး"


လီလုန်ကျီးသည် ယနေ့တွင် အလွန်အကျွံ ထိုင်မနေချင်တော့ဘဲ ယန်ယွိဟွမ်ကို ပြန်သွားကြည့်ရသောကြောင့် အားလုံးက သူ့အမူအရာကို မြင်တာနဲ့ ထရပ်လိုက်ကြသည်။ အရှင်မင်းမြတ် ထွက်သွားပြီးနောက် လီကျင်လုံက မင်းသားများနှင့် စကားအနည်းငယ် ပြောခဲ့သည်။ လီဟန်သည် စောစောထွက်ခွာရန် ဦးဆောင်ရင်း လီကျင်လုံနဲ့ အဖွဲ့ကလည်း ပင်မခန်းမအပြင်ဘက်သို့ ကိုယ်တိုင်ကိုယ်ကျ စေလွှတ်လိုက်သည်။ 


မနေ့ညက မိုးရွာလိုက်သော်လည်း ယနေ့ ညကောင်းကင်မှာ ကြယ်တွေပြည့်နေသည်။ နဂါးငွေ့တန်းလမ်းဟာ ခါးပတ်တစ်ခုလို သွယ်တန်းလျက်ရှိကာ မြေခွေးမိစ္ဆာ သေဆုံးပြီးနောက်မှာတော့ ချန်အန်းမှာ ကြယ်တွေက သိသိသာသာကို တောက်ပနေပါပြီ။


"အရှင့်သား" လီကျင်လုံက လှည့်ပြီးပြော၏။ 


"နတ်ဆိုးနှင်ဌာနမှာ မှော်အစွမ်းတွေ ရှိတယ် ဒါပေမယ့် မှော်ပညာနဲ့ မကျွမ်းတဲ့ သတ္တဝါတွေကိုတော့ ခွင့်လွှတ်​ပေးပါ"


"ဒါပေါ့" လီဟန်က ပြုံး၍။ 


"ခမည်းတော်က သူ့ကို လုပ်ကြံသတ်ဖြတ်တာလိုမျိုး ကိစ္စတွေကို သိရရင် မနှောင့်နှေးခိုင်းဖို့ မင်းကို ဒီနေ့ အထူးသတိပေးခိုင်းတယ်....ငါလည်း နတ်ဆိုးနှင်ဌာနက အဲ့နေ့ကလို အဖြစ်မျိုး ထပ်မဖြစ်စေဖို့ မျှော်လင့်ပါတယ်"


လီကျင်လုံကလည်း ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ 


"သေချာပေါက်ပဲပေါ့"


စကားပြောပြီးနောက် လီကျင်လုံနဲ့ လီဟန်တို့က တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် နားလည်လာကြသည်။ ထန်မင်းဆက်၏ အနာဂတ် ဧကရာဇ်အပေါ် သစ္စာစောင့်သိစေရန် အိမ်ရှေ့စံ မင်းသားက နတ်ဆိုးနှင်ဌာနကို ကျေးဇူးတင်စကား ဆိုလာသည်။ နှစ်ယောက်သား ကျောင်းဝင်းထဲက သီးခြားစီ ထွက်လာကြသည်။


"ဒါက နတ်ဆိုးမရှိဘူးလို့ ထင်ရတာနဲ့ တကယ်ကို မတူဘူး" ဟုန်ကျွင့်က ပြုံးပြသည်။


မော့ရစ်ကန်း: "ဒီညရဲ့ ကောင်းကင်ယံက ငါတို့ဘက်က မြက်ခင်းပြင်မှာ မြင်နေရတဲ့ ကောင်းကင်လိုပဲ...."


ဟုန်ကျွင့်ရဲ့ နောက်ကွယ်ကနေ ငါးကြင်းနတ်ဆိုးကလည်း စကားလှမ်းပြောသည်။ 


"မိစ္ဆာက ချန်အန်းကို စာအိတ်ထဲ ထည့်လိုက်တော့ ကြယ်တွေက မတောက်ပနိုင်တော့ဘူးလေ... အခု မိစ္ဆာဘုရင်က သေသွားတော့ ကြယ်တွေကလည်း သဘာဝအတိုင်း တိုးလာလိမ့်မယ်"


လူတိုင်းသည် ကွင်းထဲတွင် လမ်းလျှောက်လာကြပြီး ဂိတ်မှ ထွက်ခွာခါနီးတွင် မော့ရစ်ကန်းက လေကောင်းလေသန့်ကို အနည်းငယ်ရှူရှိုက်၍ ပြောလာခဲ့သည်။  


"နဂါးနက် ဘယ်ရောက်သွားမှန်း မသိရ​သေးဘူး" 


ချိုးယုံစစ်က မော့ရစ်ကန်းအား မျက်စိ မှိတ်ပြလိုက်သော်လည်း ဤသေးငယ်သော အမူအရာက လီကျင်လုံ၏ မျက်လုံးများထဲက မလွတ်နိုင်ခဲ့ပေ။ 


"ဘာဖြစ်နေတာလဲ?"


ချိုးယုံစစ်: "ရက်နည်းနည်းကြာမှ ဒီအကြောင်းကို ပြောကြရအောင်.... တချို့အရာတွေက ရေရှည်အတွက် ထည့်သွင်းစဉ်းစားရမယ်..."


လီကျင်လုံလည်း နောက်ထပ် မေးခွန်းများကို ဆက်မမေးတော့ပေ။ ရုတ်တရက် ဂိတ်ရှေ့တွင် ရထားလုံးတစ်စင်း လာရပ်သည်ကို တွေ့လိုက်ရကာ ၎င်းက လီလုန်ကျီး၏ ရထားလုံး ဖြစ်လေသည်။ 


"အရှင်မင်းကြီး?!" လီကျင်လုံ အံ့အားသင့်စွာ ဆိုလိုက်သည်။


"မင်း ငါနဲ့ လမ်းလျှောက်လာရင်း သွားမယ်.... ခုန်ဟုန်ကျွင့် ကြင်ယာတော်က မင်းကို မေးစရာတွေ ရှိတယ်"


ကျန်လူများသည် လီလုန်ကျီးနောက်မှ တိတ်တဆိတ် လိုက်ရင်း နန်းတော်မှ ထွက်ခွာခဲ့၏။ လီလုန်ကျီးက ၎င်းတို့ကို ခေါ်ဆောင်ကာ နန်းတော် အစွန်းဘက်ရှိ ယန်ဝူဂိတ် တံခါးအပြင်ဘက်သို့ လျှောက်သွားသည်။ ဟုန်ကျွင့်က ငါးကြင်းနတ်ဆိုးကို မော့ရစ်ကန်းနဲ့ လိုက်ခိုင်းပြီး သူကတော့ ရထားလုံးပေါ်သို့ တက်လာခဲ့သည်။ ရထားပေါ်မှာ မီးထွန်းထားကာ ယန်ယွိဟွမ်က စောင်ကြီးနဲ့ ပတ်ထားရင်း ဟုန်ကျွင့်ကိုတွေ့တော့ အနည်းငယ် ပြုံးလိုက်မိသည်။ 


"အရှင်မင်းကြီးက အတိတ်ကို ​ပြန်ပြောတာကို မကြိုက်ဘူး" ယန်ယွိဟွမ်က တိုးတိုးလေး ပြောသည်။ 


"မင်းကြားတာကိုပဲ နားထောင်ပါ.... အဲဒါကို ခဏခဏ မပြောနဲ့"


ဟုန်ကျွင့်: "ဘာလို့လဲ....ကျွန်တော် အဲဒါကို မေးကြည့်ချင်နေတာ..."


ယန်ယွိဟွမ်က ရယ်ပြီး "ငယ်ငယ်လေးကတည်းက သိပ်မဆန်းကြယ်တဲ့ အိမ်တွင်း ကိစ္စလေးကြောင့် ဆိုပါတော့" 


ပြီးတော့ သူမက ဟုန်ကျွင့်ရဲ့ နားရွက်ကို လက်နဲ့ ကိုင်ပြီး။ 


"ဘာဖြစ်တာလဲ မင်းဘယ်မှာ ဒဏ်ရာရခဲ့တာလဲ"


ဟုန်ကျွင့်က သူ့ခေါင်းကို လှည့်ပြီး ဒဏ်ရာရနေတဲ့ နားရွက်အနားကို ကုတ်လိုက်သည်။


"ဘာမှမ​ဖြစ်ပါဘူး ငယ်ငယ်ကတည်းက အမြဲတမ်း ထိခိုက်ဒဏ်ရာ ရခဲ့ဖူးတယ်.... ဒီဒဏ်ရာက အသေးလေးပါ" 


ယန်ယွိဟွမ်က သက်ပြင်းချလိုက်သည်။ ဟုန်ကျွင့်က သူရဲ့ မိသားစုအရေးကို မေးတော့ သူမက ဆိုသည်။ 


"သမားတော်ခုန်နဲ့ ယွိကျစ် ကွယ်လွန်ပြီးတော့ မင်း တောင်ပေါ်မှာ ဆယ့်နှစ်နှစ်လောက် နေခဲ့တယ်ပေါ့"


"ကျွန်​တော်မိဘတွေက ဘယ်လိုလူမျိုးလဲ" 


ဟုန်ကျွင့် သူ့မိဘတွေကို ဘယ်လိုမှ မမှတ်မိနေချေ။ 


"ပြီးပြည့်စုံတဲ့ စုံတွဲပေါ့... ရွှေ​ရောင်ကောင်လေးနဲ့ ချောမောလှပတဲ့ မိန်းကလေး.... မင်းအမေက ဟွာယင်မှာရှိတဲ့ ကျာမိသားစုရဲ့ သမီးပျို.... မင်းသမီးချန်ယိရဲ့ မင်္ဂလာပွဲတက်ဖို့ ငါနဲ့ချန်အန်းကို တစ်ခေါက်သွားဖူးတယ် မကြာခင်မှာပဲ လော့ယန်၊ ဟုန်နုန်၊ စစ်းလိနဲ့ တခြားနေရာတွေမှာ ကပ်ဘေးဆိုတော့ မင်းအဖေက အိတ်တစ်လုံးဆွဲပြီး လူတွေရဲ့အသက်ကို ကယ်တင်ခဲ့တယ်"


ယန်ယွိဟွမ်က သူ့မျက်လုံးများကို မော့ကြည့်လိုက်ပြီး ဟုန်ကျွင့်ကို ခဏလောက် စဉ်းစားစေသည်။ သခင်မကော် ပြောသည်ကို သတိရကာ နောက်ဆုံးတွင် စိတ်မသက်မသာ ဖြစ်လာသလို ခံစားလိုက်ရရာ သွေးကြောများပေါ် လက်ညှိုးကို ဖိလိုက်သည်။


"အရှင်မင်းကြီးက ငါ့အစ်မအကြောင်း အားလုံးကို ပြောပြခဲ့တယ်" ယန်ယွိဟွမ်က တိုးတိုးလေး ဆိုသည်။ 


"သူငါ့ဆီ ဘယ်တုန်းက ​ရောက်လာတာလဲ မင်းသိလား ဟုန်ကျွင့်"


ဟုန်ကျွင့် လေးလေးနက်နက် တွေးရင်း မျက်မှောင်ကြုတ်ထားသည်။ ယန်ယွိဟွမ်ကို နတ်အလင်းငါးရောင် အသုံးပြုကာ စမ်းသပ်ကြည့်သည်။ လီကျင်လုံ နှင့်မတူဘဲ သူမက ကိုယ်ခံပညာကို မလေ့ကျင့်ခဲ့တာကြောင့် သူမ၏ သွေးကြောများက နတ်အလင်းငါးရောင်ကို ငြင်းပယ်ခဲ့သည်။


"ထူးထူးဆန်းဆန်း တစ်ခုခုကို တွေ့တာမျိုးတွေ ရှိလား မှတ်မိသေးလား" 


ဟုန်ကျွင့် မေးလိုက်သည်။


"ငါ ငယ်ငယ်က မြေခွေးဖြူတစ်ကောင်ကို မြင်ဖူးတယ်...ဆယ့်လေးနှစ်သမီးတုန်းက"


"မြေခွေးဖြူ?" ဟုန်ကျွင့်လည်း ရုတ်တရက် တစ်ခုခုမှားသွားသလို ခံစားလိုက်ရသည်။ 


"အဲဒါက မီးခိုးရောင် မဟုတ်ဘူးလား?"


ယန်ယွိဟွမ်က ခေါင်းညိတ်ပြီး ဆက်ပြောသည်။ 


"လီဟောက်နဲ့ လက်ထပ်ပြီးတော့ ငါ အပြင်းဖျားတယ်.... အိပ်မက်ထဲမှာ ညှဉ်းပန်းနှိပ်စက် ချနေရသလို အဖျားကြီးသွားတာ မဖျားခင်လေးမှာပဲ မင်းအဖေနဲ့အမေက ငါ့ဆီ လာလည်တယ်....ငါ မကြာခင် ဒုက္ခ ရောက်တော့မယ်လို့ ပြောပြီး ကယ်တင်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်လို့ ပြောတယ်" 


ဟုန်ကျွင့်: "ဘယ်လို နည်းလမ်းလဲ?" 


ယန်ယွိဟွမ်က မျက်မှောင်ကြုတ်ပြီး ပြောသည်။ 


"သူက ငါ့နောက်ကျောကို ဆေးနဲ့ အမှတ်အသားတစ်ခု ဆွဲသွားတယ်... အဲဒါက နတ်ဆိုးစွမ်းအင်တွေကို တားဆီးနိုင်တယ်တဲ့..."


ဟုန်ကျွင့်မှာတော့ သူ့စိတ်ထဲတွင် မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများ ပေါက်ကွဲသွားသလို ခံစားခဲ့ရပြီး ဖြစ်ပျက်ခဲ့သည်များကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။