အပိုင်း 223
Viewers 24k

Chapter 223


သူမက တည်ငြိမ်စွာနှင့် 'ကျွန်မဘဝက သူ့ဆံချည်တစ်မျှင်လောက်တောင် တန်ဖိုးမရှိပါဘူး' ဟုပြောလာသည်မှာ ကိုယ့်ကိုကိုယ်မနှစ်မြို့ခြင်းမဟုတ်ဘဲ ထိုအစား မယိမ်းမယိုင်ရှိသော အမှန်တရားကိုပြောလာသကဲ့သို့ပင်ဖြစ်သည်။

မည်သို့ပင်ဆိုပါစေ ဒီလိုတည်ငြိမ်မှုမျိုးကို မမျှော်လင့်ထားခဲ့ပေ။ မူရုံခယ်က သူမကိုအကြာကြီးစိုက်ကြည့်လာကာ မှတ်ချက်ချလာသည်။
“မိန်းကလေး မင်းက အရူးအမူးစွဲလမ်းပြီး စုံလုံးကန်းနေပြီဘဲ”

“သူက ဘယ်တော့မှ မင်းကို မကျေမနပ်ဖြစ်မှာမဟုတ်ဘူး”

ချန်ရုံက တစ်ခါထပ်ပြီး မော့ကြည့်လာသည်။

မူရုံခယ်က သူ့ခွက်ကိုလှည့်ပြီး သူမကိုပြောလာသည်။
“မင်းရဲ့ ဒီလူက ညီလာခံမှာ ပွဲဦးမထွက်ချင်ဘူးနဲ့တူတယ်၊ သူက လောကကြီးကဘယ်လိုထင်ကြမလဲဆိုတာကို ဂရုစိုက်မှာမဟုတ်ဘူး”

ချန်ရုံက ခေါင်းခါလိုက်သည်။
“မဖြစ်နိုင်ဘူး”

မူရုံခယ်က သူမနှင့် ငြင်းခုန်မနေပေ။ သူက ထရပ်ကာ ပြန်ဖြေလိုက်သည်။
“တကယ်လို့ သူက စာသင်သား ဗျုရိုကရက်အရာရှိတစ်ယောက်ဖြစ်ချင်ရင်တောင်မှ သူ့ကိုပါဝင်ငြိစွန်းစေလို့ဆိုပြီး မင်းကိုအပြစ်တင်လာမှမဟုတ်ဘူး၊ သူကအဲ့ဒီလိုလူမျိူးဘဲ၊ သူက တစ်စုံတစ်ခုကိုမလုပ်ခင် အကျိုးဆက်အားလုံးကို စဉ်းစားတတ်ပြီး သူ့ကိုယ်သူ ဒုတိယအကြိမ် ပြန်မတွေးသလို သူဆုံးဖြတ်လိုက်တဲ့အရာအတွက် ဘယ်သူ့ကိုမှအပြစ်မတင်ဘူး”

မူရုံခယ်က ဝမ်ဟုန်အကြောင်းပြောပြလာချိန်တွင် သာမာန်လေသံအတိုင်းသာဖြစ်သည်။ သူပိုပြီးပြောလေလေ သူ့မျက်ခုံးများက ပိုပြီးတွန့်ချိုးလာသည်။

ရုတ်တရက် သူက တစ်ဖက်လှည့်ကာ မြေပုံကိုသွားကြည့်လိုက်သည်။
“ကျစ်....”
သူကရေရွတ်လိုက်သည်။

“အစောင့်တွေ ”
သူကအော်ခေါ်လိုက်သည်။

ခြေသံအနည်းငယ်က အလျင်စလိုရောက်ရှိလာသည်။
“အရှင်”

“မူရုံချန်ကို လူထောင့်ငါးရာကိုခေါ်ပြီး မူရုံရှို့နောက်အမှီလိုက်ပြီး ကျင်းယွမ်လမ်းကျဥ်းပေါ်မှာ ခြုံခိုတိုက်ဖို့ ပြင်ထားလို့ သတင်းပေးလိုက်ပါ”

“အမိန့်အတိုင်းပါ”

အစောင့်က တစ်ဖက်လှည့်ရုံသာရှိသေးချိန်တွင် မူရုံခယ်ကအော်လိုက်သည်။
“ခနနေဦး”

မူရုံခယ်က မျက်မှောင်ကြုတ်ကာ မြေပုံကိုအာရုံစိုက်ကြည့်လိုက်သည်။

ခနလောက်စိုက်ကြည့်နေပြီးနောက် သူကလှည့်ပတ်လျှောက်ကာ သူ့ဘာသာရေရွတ်လိုက်သည်။
“ဒီလိုဆိုရင် ငါ့နဲ့အတူ လူငါးရာဘဲကျန်နေခဲ့မှာပေါ့၊ ဒါကဆိုးတာဘဲ...ဝမ်ဟုန်က အရာရာတိုင်းကို ဂရုတစိုက်လုပ်တတ်တယ်၊ ငါဒါနဲ့ပတ်သက်ပြီး သေသေချာချာတွေးကြည့်ဖို့လိုတယ်”

အချိန်တစ်ချို့ကြာအောင် တွေးကြည့်ပြီးနောက် သူက လက်ရမ်းပြလိုက်သည်။
“မင်းသွားလို့ရပြီ”

“ဟုတ်ကဲ့ပါ”
စစ်သားက သူ့အမိန့်နှင့်အတူ ထွက်သွားသည်။

ဤအရာကို သူတွေးရင်း တစ်နေ့ကုန်သွားသည်။

နောက်ထပ်တစ်ညက မျက်စိတစ်မှိတ်အတွင်း ကျရောက်လာသည်။

ချန်ရုံက အပြင်မထွက်နိုင်ဘဲ မူရုံခယ်၏တဲထဲတွင် နေရန်ဖိအားပေးခံထားရသည်။ သူမလုပ်ရဲတာလည်း မဟုတ်ပေ။ သူမ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မူရုံခယ်၏ဗျပ်စောင်းအား တီးခတ်ရန်သာဖြစ်သည်။

အပြင်ဘက်တွင် တောက်လောင်နေသော မီးတောက်များကို ငေးကာ ချန်ရုံက ‘လေ၏သံစဉ်’ ကို ထပ်ခါတလဲလဲတီးခတ်လိုက်သည်။ ၎င်းကနားထောင်သူများကို စိတ်အေးချမ်းစေသောသံစဉ်ဖြစ်သည်။ ချန်ရုံက အလွန်ကောင်းမွန်စွာ တီးခတ်နေသောကြောင့် ထိုသံစဉ်ကမွေးရပ်မြေမှနေရာများကို တွေးမိသွားစေသည်။

သတိလက်လွတ်ဖြင့် လူအများကနားထောင်နေကြပြီး စစ်သားများကလည်း မွေးရပ်မြေမှရိုးရာသီချင်းများကို သီဆိုလာကြသည်။

ခြေသံများက ထွက်ပေါ်လာသည်။

မူရုံခယ်က တဲကိုမှီနေပြီး သူ့မျက်လုံးကတောက်ပနေကာ မျက်နှာဖုံးအောက်တွင် ပြုံးနေသည်။ သူကဝိုင်ခွက်ကိုလှုပ်ကာပြောလိုက်သည်။

“မင်းက ငါ့ရဲ့စစ်သားတွေကို အိမ်လွမ်းပြီး စစ်မတိုက်နိုင်အောင်လုပ်နေတာလား”

သူက အလွန်ရွှင်မြူးနေပုံပေါ်သည်။

“အတိတ်တုန်းက ရှန်းယွီက ချူသီချင်းတွေနဲ့ ဝန်းရံခံခဲ့ရပေမယ့် အခုကျအားရုံက တစ်ယောက်တည်းဖြစ်နေတယ်၊ မင်းကိုအဖော်ပြုဖို့ ဖျော်ဖြေသူ*တွေကို ခေါ်လိုက်မယ်လေ”

သူမကို အဖော်ပြုပေးဖို့ ဖျော်ဖြေသူတွေလား။ ချန်ရုံက တုန်ရင်သွားသည်။ ဖျော်ဖြေသူဟူသောစကားလုံးကိုကြားသောအခါ သူမအား ထိုသားရဲဆန်သောမျက်လုံးများကို ပြန်အမှတ်ရစေလာသည်။

သူက 乐伎ဟူသော ဖျော်ဖြေသူများကို ပြောနေသော်လည်း သူမက 伎ဟူသောစကားလုံးကိုသာ မြင်နေမိသည်။ ၎င်းက ပြည့်တန်ဆာအပါအဝင်ဖျော်ဖြေတင်ဆက်သူအားလုံးကို ဆိုလိုခြင်းဖြစ်သည်။

ချန်ရုံက ရှူံ့မဲ့စွာပြုံးလိုက်ပြီး စောင်းကြိုးပေါ်လက်တင်ကာ သူ့ကိုမော့ကြည့်လိုက်သည်။

သူမက မျက်နှာဖုံးနောက်မှ ထိုမျက်လုံးများ‌ဆီ ပြုံးပြရန်ကြိုးစားလိုက်သည်။

“အရှင် စိုးရိမ်စရာမလိုပါဘူး”
သူမက သက်ပြင်းချကာ ထရပ်လိုက်သည်။

“ကျွန်မက ဒီလိုမျိုးအသုံးမဝင်တဲ့အရာကို လုပ်မှာမဟုတ်ဘူး”

မူရုံခယ်က သူမကိုစိုက်ကြည့်လာကာ ဘာမှထပ်မပြောလာဘဲ လှည့်ထွက်သွားသည်။

သူ၏နောက်ကျောကိုကြည့်ပြီးနောက် ချန်ရုံကမျက်လွှာချကာ ပြန်ထိုင်ချလိုက်သည်။ သူမလက်ချောင်းအောက်ရှိသံစဉ်များက စိတ်အားတက်ကြွကာ ပေါ့ပါးစေသောသံစဉ်အဖြစ်ပြောင်းလဲသွားသည်။

သူမက အကြံဉာဏ်များကို ကောင်းကောင်းလက်ခံလိုက်သည်။

မူရုံခယ်က သူမကိုတစ်ချက်လှည့်ကြည့်လာသည်။

ချန်ရုံ၏ သံစဉ်က သူ့ခြေသံများပျောက်သွားသည်အထိ တီးခတ်နေဆဲပင်။ ဖြစ်နိုင်သည်မှာ ဝမ်ဟုန်၏လူများက အနားတွင်ရှိနေနိုင်သည်။ သူမက ဒီအတိုင်း သူမဘယ်နေရာတွင်ရှိသည်ကို သူတို့အားသိစေချင်ခြင်းဖြစ်သည်။

၎င်းက အသုံးမဝင်ကောင်း မဝင်နိုင်သော်ငြား ဘယ်သူကများဘာသိနိုင်မှာလဲ။

မြင်းခွာသံများက ည၏တိတ်ဆိတ်မှုကို ချိုးဖျက်လာသည်။ မြင်းစီးလာသူက မူရုံခယ်ကို တွေ့သောအခါ မြင်းပေါ်မှဆင်းလာပြီး သူ့ဆီအမြန်ရောက်လာသည်။

“အရှင် ဒီနေ့နေ့လယ်တုန်းက ကျွန်တော်မျိုးတို့နေရာယူခဲ့ပြီးနောက် လွန်ခဲ့တဲ့တစ်နာရီကတည်းက ခေါင်းဆောင်မူရုံယွီနဲ့ ဟူယန်ချန်တို့ရဲ့ အရိပ်အယောင်ကို မတွေ့ရတော့ပါဘူး၊ ဘာသတင်းမှလည်း ပြန်မရလာပါဘူး”

ဘာဖြစ်တယ်။

မူရုံခယ်က အစောင့်ကိုကြည့်လာသည်။ မကြာခင်မှာဘဲ သူကထလာကာ စစ်တပ်စခန်းဆီသို့ သူ၏တပ်ခွဲခေါင်းဆောင်များနှင့်အတူ သွားလိုက်သည်။

ချန်ရုံက ဗျပ်စောင်းတီးနေသည်ကိုရပ်ပြီး အသံတစ်ချက်မှမထွက်ဘဲ တဲထဲမှထွက်လာသည်။ သူမက ဝေးဝေးမသွားပေ။ ထိုအစား တိတ်တဆိတ်ရပ်နေပြီး သူမ၏အရိပ်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်ကာ လေနှင့်အတူလွင့်လာသည့် အထဲမှတီးတိုးသံများကို နားထောင်နေလိုက်သည်။