(6)
ချီကျွင့် သူလုပ်ထားတဲ့ သားရဲကတ်တစ်ချို့ကိုယူပြီး အရင်နေ့က သွားထားတဲ့ဆိုင်ဆီသို့ ဦးတည်သွားခဲ့တယ်။ တံခါးပေါက်နားမှာတော့ မနေ့တုန်း သူ သားရဲကတ်လုပ်နေခဲ့တာကို ကြည့်ရှုခဲ့တဲ့ လူရှိနေခဲ့တယ်။
တစ်ညနဲ့တစ်မနက် စစ်ဆေးမှုတွေ လုပ်ပြီးနောက်မှာတော့ ထိုလူက ချီကျွင့်ရဲ့သားရဲကတ်တွေတန်ဖိုးဟာ စက်ရုပ်သားရဲတိုင်းတာမှုစက်မှ ဖော်ပြထားတာထက်ပိုပြီး တန်ဖိုးမြင့်မားတယ်ဆိုတာကို သိရှိသွားခဲ့ပြီ။
လင်းကျစ်မူက အတော်လေးအရည်အချင်းရှိတဲ့ သားရဲကတ်ရေးထွင်းသူတစ်ယောက်ဖြစ်ခဲ့တယ်။ သူ့ရဲ့အသက်နှစ်ဆယ်ကျော်မှာ ကြယ်လေးပွင့် သားရဲရေးထွင်းသူဖြစ်နေခဲ့ပြီ။
သူ့ရဲ့အထူးပြုမှုကတော့ တိုက်ခိုက်မှုနဲ့ ကာကွယ်မှု သားရဲကတ်တွေအတွက် သားရဲပုံစံတွေကို ရေးထွင်းခြင်းပဲ။ အိမ်မွေးသားရဲစက်ရုပ်တွေကိုတော့ ရေးထွင်းခြင်းမရှိခဲ့ဘူး။
သူ့အနေနဲ့ ညီမဖြစ်သူကို လက်ဆောင်ပေးဖို့အတွက် အိမ်မွေးသားရေးကတ်ကို ဘယ်လိုရေးထွင်းရမလဲဆိုပြီး လေ့လာပြီး အချိန်ကို ဖြန်းတီးချင်စိတ်မရှိတဲ့အတွက် ဆိုင်ကနေတစ်ခုကိုပဲ ဝယ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့်ပဲ မနေ့တုန်းက ဆိုင်ကို ရောက်လာခဲ့တာ။
ချီကျွင့်က သူ့ကိုယ်သူ ကြယ်ငါးပွင့် သားရဲရေးထွင်းသူလို့ ပြောလိုက်တုန်းက လင်းကျိမူ အထင်သေးခဲ့ပြီး တစ်ဖက်လူက ဆော့ကစားချင်နေတဲ့ ကလေးတစ်ယောက်ပဲလို့ တွေးတောခဲ့တယ်။
သူဟာ ဗီဒီယိုကောတစ်ခု လက်ခံဖို့အတွက် အပြင်သို့ထွက်ခဲ့ပြီး ပြန်လာတဲ့အချိန်မှာတော့ ထိုကောင်လေးက အဆင့်မြင့်သားရဲပုံစံနဲ့ ကြယ်ငါးပွင့်သားရဲကတ်ကိုရေးထွင်းခဲ့ကြောင်းကို သိရှိခဲ့ရတယ်။ ဒါကြောင့် သူ သူ့ရဲ့ညီမအတွက် ထိုကတ်ကို ဈေးကြီးပေးပြီး ဝယ်ယူခဲ့တယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်လွန်းတဲ့ လင်းကျစ်မူက ဒီကတ်ဆီမှာကြယ်ငါးပွင့် သားရဲပုံစံရှိတယ်ဆိုတဲ့အကြောင်းကို အလွယ်တကူမယုံကြည်ခဲ့ဘူး။
သူက သူ့ရဲ့ညီမပျော်နေတာကို တွေ့လိုက်ရတော့ သူ့အဖေချမှတ်လိုက်တဲ့ တာဝန်က အခုလို ဝယ်ပေးလိုက်ရုံနဲ့ ပြီးစီးသွားခဲ့ပြီလို့သာ တွေးခဲ့မိတယ်။
သို့ပေမယ့် သူအိပ်ယာမှ တစ်ရေးနိုးလို့ ထလာတဲ့အချိန်မှာ သူ့ရဲ့ညီမက စိတ်လှုပ်ရှားစွာဖြင့် ထိုကတ်ကို သူ့ဆီကိုလာပြခဲ့တယ်။ လင်းကျစ်မူရဲ့ အမူအယာတွေက ချွတ်စွပ်တူတဲ့ ဖြူကောင်အသေးစားအုပ်စုက အခန်းထဲမှာ ပေါ်ထွက်လာတဲ့အချိန်ကျမှ ပြောင်းလဲသွားခဲ့ရတယ်။
အဆင့်မြင့်လိုင်းပုံစံတွေကြားထဲမှာမှ အခုလိုမျိုး ခန္ဓာကိုယ်ပုံစံတွေခွဲထွက်တာမျိုးက သားရဲစက်ရုပ်ရဲ့ စွမ်းအင်တွေကို အဆပေါင်းများစွာ တိုးမြှင့်ပေးနိုင်ပြီး ရေထွင်းနိုင်ဖို့ရာအတွက်လည်း အခက်ခဲဆုံးပဲ။
ဒါ့ကြောင့် ဒီလိုကပ်မျိုးရေးထွင်းဖို့ လိုအပ်တဲ့ စွမ်းအင်နဲ့ထိန်းချုပ်မှုက လင်းကျစ်မူအတွက် လုံးဝနားမလည်နိုင်တဲ့ အရာဖြစ်ခဲ့တယ်။
သူ သူ့ညီမရဲ့လက်ကိုဆွဲလိုက်ပြီး သူ့ညီမဆီမှ သားရဲကတ်ကို အားနဲ့ ဆွဲယူလိုက်မိတယ်။ သူ့ရဲ့ညီမဖြစ်သူ ငိုနေတာကိုတောင်မှ ဂရုမစိုက်နိုင်ခဲ့ပဲ သူ ထိုကတ်ကို ဆက်လက်လေ့လာနေခဲ့မိတယ်။
သားရဲကတ်ရဲ့လိုင်းတွေက အဆင်ပြေပြီး လှပပေမဲ့ ပုံစံကတော့ တိုက်ခိုက်ခြင်းသားရဲအတွက်လိုအပ်တဲ့ လိုင်းပုံစံတွေနဲ့ယှဥ်ရင် အနည်းငယ် ကျိုးတိုးကျဲတဲနိုင်တယ်။
ဒါကြောင့် သာမန်သတ္တုစပ်ကတ်တွေပေါ်မှာ အဆင့်မြင့်သားရဲရေးထွင်းမှုအတွက် ပြသနာမဖြစ်ခဲ့ဘဲ သဟဇာတဖြစ်သွားခဲ့တာပဲ။ ဒီလိုပုံစံမျိုးကို သူအရင်တုန်းက တစ်ခါမှ မမြင်ဖူးဘူး။ လင်းကျစ်မူ ထိုခဏအတွင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့တယ်။
သာမန်သတ္တုစပ်ကတ်နဲ့ အဆင့်မြင့်သားရဲလိုင်းတွေကြားမှာ ကွာခြားချက်တစ်ခုရှိတယ်။ သာမန်ကတ်တွေရဲ့ သိပ်သည်းဆနဲ့ သတ္တုအမျိုးအစားက အဆင့်မြင့်လိုင်းတွေကို ရေးထွင်းလို့မရနိုင်ဘူး။
ထိုအဆင့်မြင့်လိုင်းတွေက ပါးလွှာပြီးရှုပ်ထွေးလွန်းတာကြောင့် အလွယ်တကူ ကျိုးပျက်နိုင်တယ်။ ဒီတော့ ဒီကောင်လေးက အဆင့်နိမ့်သတ္တုစပ်ကတ်ပေါ်မှာ အဆင့်မြင့်လိုင်းပုံစံကို ဘယ်လိုများရေးထွင်းခဲ့တာလဲ?
သူက ဒီလိုအရာမျိုးကိုတောင် ကျွမ်းကျင်စွာနဲ့ ရိုးရှင်းစွာရေးထွင်နိုင်တယ်ဆိုမှတော့ ကြယ်ငါးပွင့် သားရဲရေးထွင်းသူ ဖြစ်နိုင်တယ်။
တကယ်လို့ ဒီလိုင်းပုံစံကို အဆင့်မြင့်သတ္တုစပ်ကတ်မှာသာ သုံးလိုက်မယ်ဆိုရင် ဒါက အဆင့်မြင့်သတ္တုစပ်ကတ်တွေရဲ့ လုပ်နိုင်စွမ်းကို တိုက်ရိုက်တိုးမြှင့်စေနိုင်လိမ့်မယ်။ ဒီလိုနည်းပညာနဲ့ဆိုရင် ကြယ်ငါးပွင့် သားရဲရေးထွင်းသူဆိုတာက ဘာမှမဟုတ်တော့ဘူး။
တကယ့်အစစ်အမှန် တန်ဖိုးရှိတဲ့အရာက သားရဲပုံစံအသစ်တစ်မျိုးကို ဖန်တီးနိုင်ခြင်းပဲ။ မူပိုင်ခွင့်တွေက နှိုင်းယှဥ်လို့မရနိုင်တဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အဆင့်အတန်းတွေကို သူ့ဆီသို့ ယူဆောင်လာပေးလိမ့်မယ်!
ဒါ့အပြင် လူသား_သားရဲပုံစံကတွေက စစ်တပ်သုံးသားရဲကတ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ပုံစံပဲ။
လင်းကျစ်မူတစ်ယောက် ရူးသွပ်လုနီးပါး ဖြစ်သွားရတယ်။
သူ တစ်ညလုံးလုံး ဒီကတ်ပေါ်မှ လိုင်းပုံစံတွေကို လေ့လာခဲ့ပြီး နောက်ဆုံးမှာတေ့ာ သူ ထိုပုံစံအတိုင်း တူညီစွာ ရေးဆွဲခဲ့တယ်။
ကံဆိုးစွာနဲ့ စူးစမ်းနိုင်တဲ့ ပမာဏက လုံလောက်မှုရှိမနေခဲ့ဘူး။ သူ ထိုလိုင်းပုံစံအတိုင်း ပြန်လည်ရေးထွင်းခဲ့ပေမဲ့ အဆင့်မြင့်လိုင်းတွေမှတဆင့် စွမ်းအင်ထည့်သွင်းမှုတွေကိုတော့ မှန်းဆနိုင်ခြင်းမရှိခဲ့ဘူး။
သူ့အတွက် ဒီလိုသားရဲကတ်တွေများစွာ လိုအပ်နေသေးတယ်။
ထို့ကြောင့် သူ မနက်ကတည်းက သားရဲကတ်ရောင်းတဲ့ဆိုင်ဆီသို့ထွက်လာခဲ့တယ်။ သူက အိမ်မွေးသားရဲကတ်နှစ်ကတ်ကို ဝယ်ချင်ယောင်ဆောင်ရင်းနဲ့ သားရဲကတ်ရေးထွင်းသူရဲ့အကြောင်းကို ဆိုင်မန်နေဂျာဆီမှာစုံစမ်းနေခဲ့တယ်။
ထိုအချိန်မှာပဲ ချီကျွင့်က ရောက်ရှိလာခဲ့တာဘဲ။ လင်းကျစ်မူက ရေးထွင်းပြီးစီးသွားတဲ့ သားရဲကတ်တွေကိုယူလာခဲ့တဲ့ ချီကျွင့်ကိုမြင်တော့ ချက်ချင်းပြောလိုက်တယ်။
" ဟယ်လို မစ်စတာ.. ကျွန်တော့်ကို ဒီသားရဲကတ်တွေ တိုက်ရိုက်ရောင်းပေးလို့ ရနိုင်မလား?"
အသိုင်းအဝိုင်းရဲ့စည်းမျဥ်းတွေထဲမှာ ကြယ်ငါးပွင့်နဲ့ ငါးပွင့်အထက် သားရဲရေးထွင်းသူတွေရဲ့ စကားသာ အတည်ဖြစ်ပြီး မူလသတ္တုစပ်ကတ်ရဲ့ပိုင်ဆိုင်သူအပေါ် မူတည်ခြင်းမရှိဘူးလို့ ဖော်ပြထားတယ်။
ဆိုလိုတာကတော့ ချီကျွင့်က ဆိုင်မန်နေဂျာကို ဂရုစိုက်နေစရာမလိုသလို ဆိုင်မန်နေဂျာမှ အရင်တောင်းဆိုထားပေမဲ့လည်း တခြားလူတွေဆီကို တိုက်ရိုက်ရောင်းချလိုက်လို့ရတယ်။
မနေ့တုန်းက လင်းကျစ်မူ မြင်တွေ့ခဲ့ရမှုအရ တစ်ဖက်လူက ငွေပြတ်နေခဲ့တယ်။ ဒါကြောင့် သူ့ဆီကို တိုက်ရိုက်ရောင်းချမယ်ဆိုရင် ပိုက်ဆံပိုပြီးရရှိနိုင်လိမ့်မယ်။ တစ်ဖက်လူက အသက် ၁၈ ၊၁၉ လောက်ပဲ ရှိနိုင်သေးတာကြောင့် ဒီသားရဲကတ်တွေရဲ့တန်ဖိုးကို နားလည်ဖို့ ငယ်လွန်းသေးတယ်။
ဆိုင်မန်နေဂျာရဲ့အမူအရာက အနည်းငယ်လောက် ဆိုးရွားသွားရပေမဲ့ သူ့အနေနဲ့ တားဆီးလို့မရနိုင်ဘူး။ သူက ကြယ်ငါးပွင့်ရှိတဲ့ သားရဲကတ်ကို လက်ခံခဲ့ပြီး လူငယ်လေးရဲ့အလားအလာကြောင့် ကော်မရှင်ခကို တစ်ဆယ်ရာခိုင်နှုန်းကိုသာ တောင်းဆိုခဲ့တယ်။ သူက သားရဲရေးထွင်းသူသူကို စိတ်ပျက်သွားအောင် မလုပ်ချင်ခဲ့ဘူးလေ။
ဒါပေမဲ့ လင်းကျစ်မူ မှားယွင်းသွားခဲ့တယ်။
ချီကျွင့်ဆိုတာက ကမ္ဘာကြီးရဲ့အဆုံးသတ်ကိုလည်း တွေ့ကြုံခဲ့ဖူးပြီး လူသားတွေရဲ့ မကောင်းတဲ့သဘာဝကိုလည်း ရှင်းရှင်းလင်းလင်း သိထားပြီးတဲ့ လူတစ်ယောက်ပဲ။
သူ့အနေနဲ့ အပေါ်ယံမှာဟန်ဆောင်ထားတဲ့အရာတွေကို ရှင်းလင်းစွာမြင်နိုင်တယ်။ သူက ဘာအတွက်ကြောင့် သူ့ရဲ့ လမ်းကြောင်းတွေအားလုံးကို ပိုက်ဆံနည်းနည်းနည်းလောက်ရဖို့ ဖြတ်တောက်ပစ်ရမှာလဲ?
မနေ့တုန်းက သူ ဆိုင်များစွာကို ဖြတ်သွားခဲ့ပြီး ဒီဆိုင်တစ်ခုတည်းကသာ တည်နေရာရော အပြင်အဆင်ရော အကောင်းဆုံးပဲ။ ဒါကြောင့် သူ ဒီဆိုင်ထဲမှာ အချိန်အကြာကြီး နေနေခဲ့တာ။
စီးပွားရေးကလည်း အလွန်ကောင်းမွန်သလို၊ စတိုးမန်နေဂျာက အလုပ်ကို သေသေချာချာလုပ်ကိုင်ပုံရတယ်။ ကုန်ပစ္စည်း အရင်းအမြစ်တွေကသာ လမ်းမပေါ်မှာရှိတဲ့ တခြားဆိုင်တွေလောက် ကောင်းမွန်မှုမရှိဖြစ်နေခဲ့တာ။
ချီကျွင့်အနေနဲ့ သူ့မိသားစုရဲ့ သစ်ပင်ကြီးကို ပြုစုဖို့နဲ့ ထောက်ပံ့ပေးဖို့အတွက် ပိုက်ဆံတွေအများကြီးရှာဖို့လိုအပ်တယ်။ ဒီတော့ သဘာဝကျစွာနဲ့ အဆင့်မြင့်ထုတ်ကုန်တွေလိုအပ်နေတဲ့ ဒီဆိုင်ကို သူရွေးချယ်လိုက်တာပဲ။
ဒီလို လူတစ်ယောက်တည်းက အနာဂတ်မှာ သူ့ရဲ့ သားရဲကတ်တွေကိုအားလုံးကိုဝယ်နိုင်မှာတဲ့လား? မဖြစ်နိုင်ဘူး!
ဒါကြောင့် ချီကျွင့် ခေါင်းကိုခါရမ်းပြီး ငြင်းလိုက်တယ်။
" ဒီကတ်တွေကို ရောင်းချပြီးသွားပါပြီ"
သူက ဆိုင်မန်နေဂျာဘက်သို့ လှည့်ကာ သားရဲကတ်တွေအားလုံးကို ဆိုင်မန်ဂျာရဲ့ရှေ့မှာ ထားလိုက်တယ်။
" ငွေသားနဲ့ပဲ ရှင်းပေးပါ.. ကျေးဇူးတင်ပါတယ် "
လင်းကျစ်မူရဲ့အမူအယာက တောင့်တင်းသွားရပြီး တစ်ဖက်လူကို တိတ်တဆိတ်ကြိမ်းမောင်းနေခဲ့တယ်။
ဒီလူ ဘယ်လို အရိုင်းအ၀ိုင်းဂြိုလ်ကနေ ရောက်လာရတာလဲ!
ဆိုင်မန်နေဂျာကတော့ ပြုံးရွှင်စွာနဲ့ သားရဲကတ်တွေအားလုံးကို လျင်မြန်စွာပဲ သိမ်းယူလိုက်တယ်။ ထို့နောက် သူက သားရဲရေးထွင်းသူရဲ့ လက်ကောက်ဝတ်မှာ ဘာတစ်ခုမှ ရှိမနေတာကို တစ်ချက် ကြည့်လိုက်တယ်။
သူထင်တဲ့အတိုင်းပဲ။ ဒီသားရဲရေးထွင်းသူက သူ့ရဲ့ကွမ်တန်ကွန်ပျူတာကို ယူဖို့မေ့ခဲ့ပြန်ပြီ။ ပါရမီပါတဲ့သူတွေက တချို့အရာတွေမှာတော့ အတော်လေး ထုံထိုင်းနှေးကွေးကြတယ်ဆိုတဲ့စကားက အမှန်ပဲဖြစ်လိမ့်မယ်။
ဆိုင်မန်နေဂျာက သူ ဒီမနက်မှာ ပြင်ဆင်ထားခဲ့တဲ့ ကြယ်တာရာသုံးငွေကြေးကတ်ကို လှမ်းပေးလိုက်ပြီး ပြောလိုက်တယ်။
" မာစတာ.. အခု သားရဲကတ်က (၁၂)ကတ်ရှိပြီး မနေ့တုန်းက ရောင်းအားတန်ဖိုးအရဆို စုစုပေါင်း ကြယ်ဒင်္ဂါး (၃၆၀,၀၀၀) ရှိပါတယ်.. ဒီသားရဲကတ်တွေရဲ့တန်ဖိုးက ဒါတွေကိုရောင်းချပြီးနောက် ကော်မရှင်ခကိုနှုတ်လိုက်ပြီးရင် သေချာပေါက် တက်လာပါလိမ့်မယ်.. ထပ်တိုးလာတဲ့ငွေတွေကိုတော့ ဒီကတ်ထဲကိုပဲ ကျွန်တော်ထည့်ပေးပါမယ် "
ချီကျွင့်ဟာ ခေါင်းညိမ့်လိုက်ပြီး ကြယ်တာရာငွေကြေးကတ်ကို ပျော်ရွှင်စွာ လှမ်းယူလိုက်တယ်။
လင်းကျစ်မူက ချက်ချင်းပဲ ဆိုင်မန်နေဂျာကို လှမ်းပြောခဲ့တယ်။
"ဘော့စ်.. ဒီသားရဲကတ်တွေအားလုံးကို ကျွန်တော်ဝယ်မယ် "
၃၆၀၀၀၀ ဆိုတာ သူ့ရဲ့တစ်နှစ်စာ မုန့်ဖိုးထက် ကျော်နေခဲ့ပေမဲ့ ဒီတစ်ယောက်ရဲ့ကတ်တွေကို သူရမှဖြစ်မယ်။ ဒီတော့ တခြားလူကို မရောင်းခင်မှာ ဒီကတ်တွေကို ရအောင် ဝယ်ရလိမ့်မယ်။
သားရဲကတ် (၁၂)ကတ်သာဆိုရင် သားရဲရေးထွင်းတဲ့လိုင်းတွေရဲ့လျှို့ဝှက်ချက်ကို လေ့လာဖို့ သူ့အတွက်လုံလောက်လိမ့်မယ်။
သားရဲပုံစံအတွက် မူပိုင်ခွင့်ကို သူရအောင် ယူနိုင်ပြီရင် ဒီလောက်တန်ဖိုးက ဘာမှ မဟုတ်တော့ဘူး။
မန်နေဂျာက ချက်ချင်းပဲ နွေဦးရဲ့လေညှင်းလေးလို ပြုံးလိုက်တယ်။
" တစ်ကတ်ကို
ကြယ်ဒင်္ဂါး ငါးသောင်းပါ.. မင်းရဲ့ ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ် "
ချီကျွင့် မျက်ခုံးမြှင့်လိုက်မိတယ်။ မျက်စိတစ်မှိတ်အတွင်းမှာတင် ကတ်တစ်ခုထဲကို ကြယ်ဒင်္ဂါး နှစ်သောင်း ထပ်ပေါင်းလိုက်ပြီ။
ဆိုင်မန်နေဂျာက လုံးဝကိုလှည့်ကွက်တွေ လုပ်နိုင်တယ်။ လင်းကျစ်မူရဲ့နှုတ်ခမ်းတွေက ဆတ်ခနဲလှုပ်သွားခဲ့ပေမဲ့ ကြယ်ဒင်္ဂါး ခြောက်သိန်းကိုပေးချေကာ သားရဲကတ်တွေအားလုံးကိုဝယ်ယူလိုက်ပြီး အလျင်စလို ပြန်ထွက်သွားခဲ့တယ်။
ချီကျွင့်ကတော့ ဆိုင်ထဲမှ ပြန်မထွက်ခင် သူ့ရဲ့ကတ်ထဲကို ထပ်ဆောင်းငွေတွေ ထည့်ပေးပြီးတဲ့ထိ စောင့်ဆိုင်းနေလိုက်တယ်။ ဖောက်သည်အကြီးစားကို ဆိုင်အပြင်ထိ လိုက်ပို့ပေးပြီးနောက်မှာတေ့ာ ဆိုင်မန်နေဂျာက သတ္တုစပ်ကတ်အလွတ်တွေအများကြီးကို ချီကျွင့်ဆီသို့ ထပ်ပေးလာခဲ့ပြီး မေးလာခဲ့တယ်။
" မာစတာ.. သူ ဘာလို့ မာစတာရဲ့သားရဲကတ်တွေအားလုံး ဝယ်သွားလဲဆိုတာ မသိချင်ဘူးလား? "
ချီကျွင့်က သတ္တုစပ်ကတ်အလွတ်တွေကို သိမ်းလိုက်ပြီး စိုးရိမ်မှုမရှိစွာ ပြောလိုက်တယ်။
" သားရဲပုံစံလိုင်းတွေကို လေ့လာဖို့လေ"
ဒီလူရဲ့ရည်ရွယ်ချက်က သူ့မျက်နှာပေါ်မှာ ပေါ်နေခဲ့တယ်။ စတိုးမန်နေဂျာဟာ ခေါင်းညိတ်လိုက်တယ်။ ဒီလူငယ်လေးက ထိုအကြောင်းကို ထိုးဖောက် သိနေလိမ့်မယ်လို့ သူမထင်ခဲ့ဘူး။
မနေ့တုန်းက ဆိုင်မန်နေဂျာက သရုပ်ပြဧရိယာရဲ့ဒေတာတွေကို ဆွဲထုတ်ရင်း သားရဲကတ်တွေရဲ့မှတ်တမ်းကို အနီးကပ်ကြည့်ခဲ့တယ်။ သူက သားရဲထုတ်ဝေသူ ဖြစ်မနေခဲ့တာ ဝမ်းနည်းစရာပါပဲ။
သူ့အနေနဲ့ သာမန်ကြယ်ငါးပွင့်သားရဲကတ်တွေနဲ့ လိုင်းတွေ မတူတာကို မြင်နိုင်ပေမဲ့ ကွဲပြားမှုကိုတော့ မသိခဲ့ဘူး။ သို့ပေမယ့် ဆိုင်မန်နေဂျာကတော့ ချီကျွင့်ကို သတိပေးရလိမ့်မယ်။
" မာစတာ.. ဒီသားရဲလိုင်းတွေက မာစတာကိုယ်တိုင်ဖန်တီးထားတဲ့ ပုံစံလိုင်းတွေဆိုရင် မူပိုင်ခွင့်အတွက် လျှောက်လွှာတင်ဖို့ ကျွန်တော် အကြံပေးချင်တယ်.. တကယ်လို့ တစ်စုံတစ်ယောက်ကသာ လက်ဦးသွားရင် မာစတာ အဲဒီကရမဲ့ ငွေတွေကိုဆုံးရှုံးသွားလိမ့်မယ် "
ချီကျွင့်က ပုခုံးတွန့်ပြလိုက်တယ်။
မှတ်ပုံတင်မရှိတဲ့လူက မူပိုင်ခွင့်လျှောက်လို့မရဘူးလေ။ ပြီးတော့ သူက အင်ပါယာနန်းတော်ထဲမှာ အကျဥ်းကျဖူးတဲ့ အထောက်အထားလည်းရှိနေသေးတယ်။ ဆိုင်မန်နေဂျာက အဆင်ပြေလောက်မယ်လို့ ခံစားရတာကြောင့် သူ ရှင်းပြခဲ့တယ်။
" ထိပ်ဆုံးကိုသွားဖို့က အတားအဆီးအနှောင့်အယှက်တွေ အများကြီးရှိနေတယ်.. ဒီတော့ အချိန်တစ်ခုလောက်အထိ သွားနိုင်မှာမဟုတ်ဘူး"
ထိုစကားကိုကြားတော့ ဆိုင်မန်နေဂျာရဲ့မျက်လုံးတွေက သူနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ လူငယ်လေးကိုကြည့်ရင်း ဝင်းလက်သွားခဲ့တယ်။ သူ့ရဲ့စိတ်ထဲမှာ စီးပွားရေးအခွင့်အရေးကြီးတစ်ခု ရှိနေပြီလေ။
" မာစတာအနေနဲ့ တစ်နေ့ကို ဒီလိုသားရဲလိုင်းနဲ့ရေးထွင်းတဲ့ သားရဲကတ် ဆယ်ကတ်လောက်ပေးဖို့အတွက် အာမခံနိုင်ရင် ဒီကတ်တွေကို လာဝယ်မဲ့ လူတွေ ရှားပါးမှာမဟုတ်ပါဘူး"
ချီကျွင့်က မျက်တောင်ခတ်လိုက်ပြီး ချက်ချင်းဆိုသလို ဆိုင်မန်နေဂျာရဲ့စကားကို နားလည်လိုက်တယ်။
" ကောင်းပြီ"
ဒါက သူတို့ရဲ့ခေါင်းကို ကြိုးကွင်းနားကိုထားလိုက်သလိုပဲ။ ချီကျွင့်က နောက်ထပ်ရက်အနည်းငယ်လောက်အကြောင်းကို ညှိနှိုင်းပြီး ဆိုင်မှထွက်ခွာလာခဲ့တယ်။
ဒီနားမှာ သားရဲကတ်ရောင်းတဲ့ဆိုင်တွေ အများကြီးရှိတယ်။ ချီကျွင့်က သားရဲကတ်သရုပ်ပြမှုတွေ အများစုကို စူးစမ်းရင်း ကြည့်လာခဲ့တယ်။ ကောင်းကင်ကြီးအမှောင်ကျလာတော့မှ သူ အိမ်ကိုပြန်ဖို့ဆုံးဖြတ်ခဲ့တယ်။
သူ အရောင်းစက်နားကိုဖြတ်သွားတဲ့ အချိန်မှာ သဘာဝသတ္တုစမ်းရေတစ်ချို့ကို ဝယ်ချင်ခဲ့ပေမဲ့ အရောင်းစက်ဘေးနားမှာရှိတဲ့ ဆိုင်ပေါ်က သရီးဒီကြော်ငြာက သူ့ကိုဆွဲဆောင်သွားခဲ့ပြတယ်။
ဝိုင်ပဲ။
ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ များစွာသောအရာတွေ ပြတ်တောက်သွားခဲ့တယ်။ ကုယန်ကျန်းက အားကောင်းပြီးဘက်စုံတော်တဲ့ ချစ်သူဖြစ်ခဲ့ပြီး ဝိုင်လည်းလုပ်တတ်တယ်။
ဒါပေမဲ့ ဝိုင်ရဲ့အရသာကတော့ သိပ်အကောင်းကြီးမဟုတ်ခဲ့ဘူး။ ဝိုင်သောက်တဲ့အချိန်တိုင်း ချီကျွင့် ရှုပ်ထွေးမှုကို ခံစခဲ့ရပေမဲ့ အဆုံးမှာ ဒါက ကုယန်ကျန်းရဲ့ကြိုးစားအားထုတ်မှုတွေပဲလေ။
ဒီကမ္ဘာရဲ့နည်းပညာတွေကတော့ အလွန့်ကိုဖွံ့ဖြိုးတိုးတက်ပြီး ဝိုင်ကတောင် အလွန်ကြည့်ကောင်းနေခဲ့တယ်။ အရောင်တွေဖြစ်ဖြစ် ထုတ်ပိုးမှုတွေပဲဖြစ်ဖြစ် တွေးကြည့်နေစရာတောင်မလိုဘူး။
ချီကျွင့် သူ့ရဲ့နှုတ်ခမ်းကိုသပ်လိုက်မိပြီး ရေဝယ်ဖို့ကို လက်လျှော့လိုက်တယ်။ ထို့အစား သူက စတိုးဆိုင်ထဲသို့ တည့်တည့်ဝင်သွားခဲ့ပြီး မူးရစ်စေတတ်တဲ့အရာတွေကို အများကြီး ဝယ်လာခဲ့တယ်။
အချိန်ကြာလာတာနဲ့အမျှ ကောင်းကင်ကြီးကလည်း လုံးဝအမှောင်ကျသွားခဲ့ပြီ။
ချီကျွင့် ဗိုလ်ချုပ်ကြီးရဲ့အိမ်သို့ ပြန်လာတော့ စက်ရုပ်အိုကြီးက တာဝန်ကျေစွာနဲ့ သူ့ သူ့အတွက် တံခါးလာဖွင့်ပေးခဲ့ပြီး ညစာလုပ်ပေးခဲ့တယ်။
ချီကျွင့်က လျင်မြန်စွာစားလိုက်ပြီး ဝိုင်ပုလင်းတွေကိုယူကာ အိမ်နောက်ဖေးသို့ ထွက်လာခဲ့တယ်။
ရာသီဥတုနဲ့ဆန့်ကျင်စွာ အဖူးအညွန့်တွေအများကြီး ထွက်နေခဲ့တဲ့ ကမ္ဘာဦးသစ်ပင်ကြီးကို ကြည့်ရင်း ချီကျွင့်ပြုံးလိုက်မိကာ သူ့ရဲ့ အင်္ကျီလက်ကို ခေါက်လိုက်တယ်။ ထို့နောက် မြေကြီးထဲကို တွင်းတစ်တွင်းတူးလိုက်ပြီး ဝိုင်ပုလင်းတစ်ချို့ကို အဖုံးဖွင့်ကာ တွင်းထဲသို့ လောင်းချလိုက်လေတယ်။
ချီကျွင့် မြေဆီလွှာက အမြှုပ်တစီစီထနေခဲ့ပြီး ဝိုင်တွေကို စုပ်ယူနေတာကို ကြည့်နေရင်း သစ်ပင်ကြီးကို မှီလိုက်မိတယ်။
" ဟေး ကုယန်ကျန်း.. ကျွန်တော် ခင်ဗျားအတွက် တစ်ပုလင်းယူလာခဲ့တယ်.. ဘယ်သူ အရင်ဆုံးမူးမလဲ ကြည့်ရအောင်!"
နာရီဝက်လောက်ကြာတော့ ခြင်္သေ့လေးက သစ်ပင်ကြီးကိုမှီရင်း သူ့ခြေဖဝါး လက်ဖဝါးလေးတွေနဲ့ ပုလင်းကိုပွေ့ပိုက်ထားခဲ့တယ်။
သူ့ရဲ့မျက်လုံးတွေက မိန်းမောနေခဲ့ပြီး သူ့ရဲ့ပါးစပ်ကလည်း အော်ဟစ်နေသေးတယ်။
အသံက သေးငယ်တိုးညှင်းပြီး အလိုလိုက်ခံရလို့ ဆိုးသွန်းစွာ ညည်းညူနေသလိုမျိုးပဲ။
နောက်ဆုံးမှာတော့ ခြင်္သေ့လေးက မတ်မတ်မနေနိုင်တော့ဘူး။ သူက သစ်ပင်ကြီးအနီးသို့ ယိုင်ထိုးစွာလျှောက်သွားခဲ့ပြီး ပုလင်းကိုပွေ့ဖက်ရင်း မြေပြင်ပေါ်ကိုလဲကျသွားကာ သူ့ရဲ့နောက်ကျောနဲ့ လူးလိမ့်နေခဲ့လေတယ်။
စက်ရုပ်အိုကြီး "..."
ဒါက သူနဲ့မဆိုင်ဘူး! သူက ဒါကို မှတ်တမ်းယူပြီး သူ့ရဲ့ဗိုလ်ချုပ်ကြီးဆီကိုပဲ ပို့ပေးရမှာ!
**