(7.1 )
ထိုအချိန် သားရဲလူသားအင်ပါယာ ..
ကုယန်ကျန်းက ပင်မအာကာသယာဥ်ကြီးကို ဦးဆောင်သွားခဲ့ပြီး သားရဲအင်ပါယာရှိ ဂြိုလ်တစ်ခုပေါ်မှာ ဆင်းသက်ခဲ့တယ်။ သူက သားရဲ့အင်ပါယာရဲ့ သံတမန်ရေးဝန်ကြီးရဲ့ ဖိတ်ကြားမှုကိုလက်ခံခဲ့ပြီး ဟိုတယ်မှာပြုလုပခဲ့တဲ့ ကြိုဆိုညစာစားပွဲကို တက်ရောက်ခဲ့တယ်။
သို့ပေမယ့် ညစာစားပွဲလည်း မစသေးသလို စားသောက်ဖွယ်ရာတွေလည်း မတည်ခင်းရသေးခင်မှာဘဲ ကုယန်ကျန်းတစ်ယောက် ဝိုင်နံ့တွေကိုအနံ့ရရှိနေခဲ့တယ်။ သူ့ရဲ့ခြံနောက်ဖက်မှာ ဘယ်သူက ဝိုင်တွေကို လာသွန်လိုက်ပြန်ပြီလဲ?
ကုယန်ကျန်းရဲ့ အတွေးတွေက သူ့ရဲ့လက်ပေါ်မှစစ်တပ်သုံးကွမ်တန်ကွန်ပျူတာလက်ပတ်မှ စာဝင်လာမှုကြောင့်ရပ်တန့်သွားရတယ်။ ကြယ်တာရာပေါင်းများစွာကွာဝေးတဲ့နေရာမှ သူ့ရဲ့ စက်ရုပ်အိမ်တော်ထိန်းကြီးဆီမှ ပထမဆုံးသောမက်ဆေ့ချ်ကို သူ လက်ခံရရှိခဲ့ပြီ။
" သခင့်ဆီကိုတင်ပြပါတယ်.. ဒုတိယသခင်လေး အိမ်ကို ရောက်နေပါပြီ"
ကုယန်ကျန်းရဲ့နှလုံးခုန်နှုန်းတွေက မြန်ဆန်လာရပြီး သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှသွေးတွေကလည်း မီးတောင်ဝမှ ပူလောင်တဲ့ကျောက်ရည်ပူတွေ စီးဆင်းလာသလို ဖြစ်လာရတယ်။
ဒီနှစ်တွေကြားထဲမှာ သူ့ရဲ့မျက်လုံးတွေကိုပိတ်လိုက်တဲ့အချိန်တိုင်း သူ့ရဲ့ရှေ့မှာ သူ့ရဲ့ဆိုးသွင်းတဲ့ခြင်္သေ့လေးက ပေါက်ကွဲထွက်သွားခဲ့တဲ့ မြင်ကွင်းကို မြင်ယောင်နေခဲ့တယ်။
နှလုံးသားကို မြားပေါင်းတစ်သောင်းလောက်ထိုးဖောက်တာကတောင် ဒီလိုနှလုံးသားနာကျင်မှုမျိုးကိုမယှဥ်နိုင်ဘူး။
သူ မြေပြင်ပေါ်မှာ ဒူးထောက်ကျသွားခဲ့ရင်း သူ့ရဲ့ခြောက်သွေ့နေပြီဖြစ်တဲ့စွမ်းအင်ဗဟိုချက်ကို စုရုံးပြင်ဆင်ကာ ကုန်ခမ်းသွားတဲ့ ကုသရေးစွမ်းရည်တွေကို အသည်းအသန်စုစည်းလိုက်တယ်။
ဒါပေမဲ့လည်း သူ ချီကျွင့်ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ဘယ်လို အစအနလေးကိုတောင်မှ ရှာမတွေ့နိုင်ခဲ့ဘူး။
သတ္တုစွမ်းအင်ရှိတဲ့ လူတစ်ယောက်ရဲ့ စွမ်းအင်ဗဟိုချက်ပေါက်ကွဲမှုခွန်အားက အလွန်အမင်း အားပြင်းလွန်းပြီး အဆင့်ခုနစ် စွမ်းရည်အသုံးပြုသူရဲ့ခန္ဓာကိုယ်ကိုတောင် လွင့်ထွက်သွားစေတယ်။
ကုယန်ကျန်း သူ့ကိုယ်သူ လုံလောက်အောင် မသန်မာတဲ့အတွက် အလွန်အမင်း မုန်းတီးခဲ့တယ်။ သူ့ရဲ့ခြင်္သေ့လေးလိုမျိုး လျင်မြန်စွာမတုံ့ပြန်နိုင်ခဲ့တဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ်မုန်းတီးခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ခြင်္သေ့လေးကို အလိုလိုက်ဖျက်စီးခဲ့မိတဲ့ သူ့ကိုယ်သူ မုန်းတီးခဲ့တယ်။
အတိတ်မှာတုန်းက သူတို့တွေ ဇွန်ဘီတွေကြောင့်ပိတ်မိနေခဲ့တဲ့အချိန်မှာ ဘယ်သူကအရင်သေပြီး ဘယ်သူက နောက်ကျမှသေမလဲဆိုတဲ့အကြောင်းကို ပြောဖြစ်ခဲ့ကြတယ်။
သူ့ရဲ့ခြင်္သေ့လေးက အသက်ရှင်ရတာက ပိုပြီးခက်ခဲတယ်လို့ ယုံကြည်ခဲ့ပြီး ထိုခက်ခဲတဲ့တာဝန်ကိုယူဖို့ ကုယန်ကျန်းကိုဆီကိုသာ လွှဲပေးခဲ့တယ်။
ဒါပေမဲ့လည်း တကယ်ဖြစ်လာချိန်မှာတော့ ကုယန်ကျန်းတစ်ယောက် သူလည်းပဲ တစ်ယောက်တည်း မရှင်သန်နိုင်တာကိုသိရှိလိုက်ရတယ်။
တကယ်လို့ သူသာ ပေါက်ကွဲမှုကြောင့်ပွင့်သွားတဲ့ နေရာနဲ့အချိန် အက်ကွဲကြောင်းကို ရှာမတွေ့ခဲ့ရင် ၊ တကယ်လို့ သူရဲ့ စိတ်စွမ်းရည်က ချီကျွင့်ရဲ့ စိတ်ဝိဥာဏ်က တစ်နေရာမှာ တည်ရှိနေသေးတယ်ဆိုတဲ့အကြောင်းကို အခိုင်အမာမပြောခဲ့ဘူးဆိုရင်မဟုတ်ရင် သူထပ်ပြီး အသက်ရှင်နေနိုင်ခဲ့မှာမဟုတ်ဘူး။
သူ အချိန်နဲ့ နေရာ အက်ကွဲကြောင်း မပိတ်သေးခင်မှာ ခုန်ကူးလာခဲ့တယ်။ သူ ဒီအချိန်နဲ့နေရာအက်ကွဲကြောင်းဆီကို ပြုတ်ကျလာခဲ့ချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်ကလည်း ပျက်စီးလုနီးပါးဖြစ်ခဲ့တယ်။
သူ ပြန်ကောင်းမလာခင် နှစ်တစ်ဝက်လောက်အထိ သူ့ကိုယ်သူ မြေကြီးထဲမှာ စိုက်ထားခဲ့ရတယ်။
နောက်တော့ သူ့ရဲ့ခြင်္သေ့ကြီးကိုရှာဖို့အတွက် ကြယ်အင်ပါယာတွေအနှံ့လှည့်ပတ်သွားလာခဲ့တယ်။ သူ အချိန်အတော်ကြာအောင်ရှာဖွေနေခဲ့ပြီး များစွာသော နဂါးငွေ့တန်းတွေဆီကိုတောင် သွားခဲ့တယ်။
ဒါပေမယ့် သူ့ရဲ့ခြင်္သေ့လေးကို သူ့ရဲ့အိမ်မှာရှာတွေ့လိမ့်မယ်လို့တော့ မတွေးခဲ့မိဘူး။
ကုယန်ကျန်းဟာ အသက်ကိုပြင်းပြင်းရှူလိုက်မိတယ်။ သံတမန်သဘောတူညီမှုစာချုပ်ကို အလျှင်အမြန်လက်မှတ်ထိုးပြီး အိမ်သို့ပြန်အမြန်ဆုံးနည်းနဲ့ပြန်ပြီး သူ့ရဲ့ခြင်္သေ့လေးကို ဖက်ထားချင်နေပြီ!
ကုယန်ကျန်းက နိုင်ငံခြားရေးရာနဲ့သံတမန်တောင်းဆိုမှုအတွက် အင်ပါယာဝန်ကြီးများရုံးကိုဆက်သွယ်ဖို့ စစ်တပ်ဌာနရဲ့အထူးလမ်းကြောင်းကို အသုံးပြုခဲ့တယ်။
သူ သံတမန်ရေးရာဆက်ဆံရေးထူထောင်ခြင်းအတွက် ပဏာမလုပ်ငန်းအောင်မြင်ပြီးစီးခဲ့ပြီးတာနဲ့ သဘောတူညီမှုလက်မှတ်ရေးထိုးခြင်းကို နိုင်ငံခြားရေးရာဝန်ကြီးဆီ လွှဲပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ဖက်လူတွေကလည်း ထိုတာဝန်ကို လက်ခံဖို့ အသင့်ရှိနေကြတယ်။
ကုယန်ကျန်း ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းပြီးတာနဲ့ စက်ရုပ်အိမ်တော်ထိန်းဆီကနေ ဒုတိယမြောက်မက်ဆေ့ချ်ကို ရရှိခဲ့လေတယ်။
အခုချိန်မှာသံတမန် ဆက်ဆံရေးကို အတည်ပြုထူထောင်လိုက်ပြီးဖြစ်လို့ ကြယ်တာရာဆက်သွယ်ရေး အချက်အလက်ထုတ်လွှင့်ခြင်းကလည်း ပိုမိုမြန်ဆန်လာခဲ့တယ်။
ဒါကြောင့် စက်ရုပ်အိမ်ထိန်းကြီးရဲ့ ဒုတိယမက်ဆေ့ချ်က ပထမမက်ဆေ့ချ်လောက် မကြာမြင့်ခဲ့ဘူး။ အချက်အလက်ထုတ်လွှင့်နှုန်းက အရင်တစ်ခုထက် ပိုပြီးမြန်ဆန်ခဲ့တယ်။
သားရဲ သန်းပေါင်းများစွာကို မျက်နှာအမူအယာ မပြောင်းလဲဘဲ ရင်ဆိုင်ခဲ့တဲ့ဗိုလ်ချုပ်ကြီးက သူ့ရဲ့ ကွန်တမ်ကွန်ပြူတာဆီကိုရောက်လာတဲ့ ဗီဒီယိုဖိုင်တွေကိုကြည့်ပြီး လက်တွေက အထိန်းအချုပ်မရှိတုန်ယင်လာခဲ့တယ်။
... သူ့ရဲ့ တုံးအလွန်းတဲ့အိမ်တော်ထိန်းကြီးက အမှားလုပ်ခဲ့တာများဖြစ်နေလောက်လား?
သို့ပေမဲ့ မကြာခင်မှာပဲ သုံးဖက်မြင်ဗီဒီယို ထဲမှာပုလင်းလေးကိုကိုင်ပြီး လှိမ့်နေခဲ့တဲ့ အမွှေးပွခြင်္သေ့လေး ပေါ်လာခဲ့တယ်။
ကုယန်ကျန်း ချက်ချင်းဆိုသလို အသက်ရှူကျပ်သွားခဲ့ရတယ်။ သူ့ရဲ့မေးရိုးလိုင်းတွေက တင်းမာလာပြီး မျက်လုံးတွေကလည်း နီရဲလာကာ အသက်ရှူဖို့ကို မေ့လျော့လုနီးပါး ဖြစ်နေခဲ့တယ်။
သေးငယ်လွန်းနေဆဲဖြစ်ပေမဲ့ ဒီခြင်္သေ့လေးက သူ့မိသားစုရဲ့ခြင်္သေ့လေးဆိုတာ သူ သေချာပေါက်သိတယ်။
____
ထိုအခိုက်အတန့်မှာ နောက်ဆုံးတော့ဖြောင့်မတ်စွာ ရပ်ဖို့ကြိုးစားနေခဲ့တဲ့ ခြင်္သေ့ငယ်လေးက ပုလင်းကိုပွေ့ကိုင်ထားပြီး အရှေ့သို့ယိမ်းထိုးရင်းနဲ့ လမ်းလျှောက်သွားနေခဲ့တယ်။
ထိုအချိန်မှာပဲ ကမ္ဘာဦးသစ်ပင်ကြီးရဲ့သစ်ကိုင်းတွေက ခြင်္သေ့လေးရဲ့အရှေ့ဘက်ခြေထောက်ကိုဆွဲယူလိုက်ပြီး ခြင်္သေ့လေးကို သူ့ရဲ့ ချောမွတ်တဲ့အကိုင်းဆီကိုတင်လိုက်ပြီး သူ့ကို သစ်ပင်ဆီသို့ ဆွဲခေါ်လိုက်တယ်။
ထို့နောက် ကမ္ဘာဦးသစ်ပင်ကြီးရဲ့သစ်ကိုင်းလေးတွေက အမူးလွန်နေတဲ့ခြင်္သေ့လေးကို ထိန်းကိုင်ဖုံးအုပ်ထားခဲ့တယ်။ ခြင်္သေ့လေးကတော့ သူ့ရဲ့ ရင်းနီးကျွမ်းဝင်လွန်းတဲ့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့လက်မောင်းတွေကို ခံစားခဲ့ရပြီး သူ့ရဲ့ခြေထောက်လေးတွေကို ပျော်ရွှင်စွာလှုပ်ယမ်းကာ နှစ်ခါလောက်အော်ဟစ်လိုက်တယ်။
ကမ္ဘာဦးသစ်ပင်ကြီးကတော့ ထိုအသံကိုနားထောင်ရင်းနဲ့ သူ့ရဲ့လှုပ်ရှားမှုတွေကြောင့် ခြင်္သေ့လေးအနားသို့ သစ်ကိုင်းတွေကိုပိုမို စုစည်းပေးခဲ့တယ်။
ရစ်ပတ်ထွေးပတ်ခံထားရတဲ့ ခြင်္သေ့လေးကတော့ ဒါကိုသည်းမခံနိုင်တော့ဘူး။ သူက သူ့ရဲ့ ပယင်းရောင် မျက်လုံးတွေနဲ့ စိုက်ကြည့်ရင်း သူ့ရဲ့ မျက်နှာနားကိုရောက်နေတဲ့ သစ်ကိုင်းတွေကို သူ့ရဲ့ လက်ဖဝါးနဲ့ ဆွဲဖယ်ရင်း တအီအီအသံပြုခဲ့တယ်။ နှစ်ကြိမ်လောက်အော်မြည်ပြီးမှသာ သူ စကားပြောနိုင်တဲ့အကြောင်းကို ပြန်လည် သတိရသွားရတယ်။
ဒါကြောင့် နူးညံ့တဲ့အသံလေးနဲ့ သစ်ပင်ကြီးကိုပြောလိုက်တယ်။
" ယန်ကျန်းကျန်း.. အရမ်းယားတယ်.. ပြီးတော့ ခင်ဗျားက .. အရမ်းတင်းနေအောင်ဖက်ထားတာ"
သစ်ပင်ပြီးအနားကနေ ခုထိမခွာသေးတဲ့ စက်ရုပ်ကြီးက အပေါ်ကိုမော့ကြည့်လာတယ်။
စက်ရုပ်အိုကြီး "..."
ဒါက သူနဲ့မဆိုင်ဘူး! သူ ဒါကိုမှတ်တမ်းတင်ပြီး ဗိုလ်ချုပ်ကြီးဆီကိုပို့ရလိမ့်မယ်!
အချိန်အတော်ကြာသွားခဲ့တဲ့အထိ ချီကျွင့်က သူ့ရဲ့မျက်နှာပေါ်က ကမ္ဘာဦးသစ်ရွက်တွေကို မဖယ်ရှားနိုင်သေးဘူး။
ဒါကြောင့် သစ်ရွက်တွေကို ပါးစပ်ထဲကိုထည့်ထားရင်းနဲ့ သမ်းဝေလိုက်တယ်။ ကမ္ဘာဦးသစ်ပင်ကြီးကလည်း သူ့ရဲ့အပြုအမူတွေက အနည်းလောက်ပုံမှန်မဟုတ်ဘူးဆိုတာကိုရိပ်မိသွားခဲ့ပြီး ခြင်္သေ့လေးရဲ့မျက်နှာကို ထပ်မထိတော့ဘူး။ သူက ခြင်္သေ့လေးကို ဖြည်းဖြည်းချင်း ဘယ်နဲ့ညာ လွှဲပေးနေခဲ့တယ်။
ခြင်္သေ့လေးက သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး သူ့ရဲ့သွားတွေကို လျှာလျက်လိုက်တယ်။ ထို့နောက် ဘာမှမရှိတော့တာကြာပြီဖြစ်တဲ့ ပုလင်းကြီးကို ဖက်လိုက်ပြီး ပခက်တစ်ခုလို လွှဲပေးနေတဲ့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့သစ်ကိုင်းတွေကြားထဲမှာပဲ အိပ်ပျော်သွားခဲ့တော့တယ်။
အချိန် အလွန်ကြာမြင့်သွားပြီးမှ ကမ္ဘာဦးသစ်ပင်ကြီးက ခြင်္သေ့လေးကို အိပ်ရာထဲသို့ မပို့ချင်ပို့ချင်နဲ့ သယ်ပို့ပေးခဲ့တယ်။ မြို့တော်မှာ ဆောင်းရာသီနှောင်းပိုင်းဖြစ်နေပြီး အပြင်ဘက်မှာဆိုရင် အလွန်အေးစက်လွန်းတယ်။ အပြင်မှာအိပ်ဖို့ မသင့်တော်ဘူး။
ကမ္ဘာဦးသစ်ပင်ကြီးက ခြင်္သေ့လေးကို အိပ်ရာကြီးပေါ်မှာ ချလိုက်ပြီး စောင်ကိုဆွဲယူကာ သူ့ရဲ့အပေါ်ကိုညင်သာစွာပဲ ခြုံပေးခဲ့တယ်။ စောင်ထဲမှာရှိနေခဲ့တဲ့ ခြင်္သေ့လေးကတော့ တစ်ဖက်သို့ပြန်လှည့်လာခဲ့ပြီး သူ့ရဲ့လက်ထဲမှ ပုလင်းကြီးကိုဖယ်လိုက်ကာ သူ့ရဲ့လက်ဖဝါးလေးတွေနဲ့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ သစ်ကိုင်းတွေကိုဖက်လာခဲ့တယ်။
ဝေးကွာလှတဲ့ နဂါးငွေ့တန်းမှာရှိနေတဲ့ ဗိုလ်မှူးကြီးကတော့ သူ့ရဲ့ဘာမှမရှိတဲ့လက်ဖဝါးကိုကြည့်ရင်း ခြင်္သေ့ငယ်လေးရဲ့ နူးညံ့နွေးထွေးတဲ့အထိအတွေ့လေးကို ခံစားမိနေခဲ့တယ်။ သူ့ရဲ့အမြဲတမ်း အေးစက်နေတတ်တဲ့မျက်လုံးတွေကလည်း ဒီအခိုက်အတန့်မှာ အလွန်အမင်းကို နူးညံ့နေခဲ့တယ်။
ထို့နောက်မှာတော့ သူက သူ့ရဲ့သစ်သားနဲ့ကုသရေးစွမ်းရည်ကို စုစည်းလိုက်ပြီး အိပ်ရာပေါ်မှာ အိပ်နေတဲ့ခြင်္သေ့လေးဆီကို ပို့လွှတ်ပေးခဲ့တယ်။
ပြီးသွားချိန်မှာတော့ ကုယန်ကျန်းက သူ့ရဲ့ အသိစိတ်အများစုကို ကမ္ဘာဦးသစ်ပင်ကြီးဆီမှာ ပေါင်းစပ်လိုက်ပြီး သားရဲအင်ပါယာရှိအခြေအနေကို ဖြေရှင်းဖို့အတွက် အနည်းငယ်လောက်ကိုသာ ချန်ထားခဲ့တော့တယ်။
ထိုအခိုက်မှာပဲ သူ့ရဲ့စက်ရုပ်အိမ်တော်ထိန်းထံမှ နောက်ထပ်စာတစ်စောင်ကို လက်ခံလိုက်ရတယ်။
" ခြံနောက်ဖက်က ကမ္ဘာဦးသစ်ပင်ကြီးက ဒုတိယသခင်လေးကို ရစ်ပတ်နေပါတယ်! ကျေးဇူးပြုပြီး မြန်မြန်ပြန်လာခဲ့ပါ!"
ကုယန်ကျန်း "..."
___
အမူးသမားခြင်္သေ့လေးကတော့ အိပ်မက်မက်နေတုန်းပဲ။ ပထမဆုံး သူက ကမ္ဘာဦးသစ်ပင်ကြီးကို အိပ်မက်မက်ခဲ့ပြီး ထို့နောက်မှာတော့ သူနဲ့မသက်ဆိုင်တဲ့တစ်စုံတစ်ယောက်ရဲ့အတွေ့အကြုံပေါင်းများစွာကို အိပ်မက်မက်ခဲ့တယ်။
သူနိုးလာခဲ့ပြီးနောက်မှာလည်း ထိုအတွေ့အကြုံတွေက သူ့မှတ်ဥာဏ်ထဲမှာ နက်ရှိုင်းစွာ ကျန်ရှိနေတုန်းပဲ။ ချီကျွင့်ရဲ့မျက်လုံးတွေကနီရဲနေခဲ့ပြီး ဒေါသတွေကို မထိန်းချုပ်နိုင်ခဲ့ဘူး။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူရဲ့ခန္ဓာကိုယ်က ခြင်္သေ့ကြီးအဖြစ်ပြောင်းလဲသွားခဲ့တယ်။
ခြင်္သေ့ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ့ရဲ့စွမ်းရည်တွေကလည်း အထိန်းအကွက်မဲ့စွာ ထွက်ပေါ်လာခဲ့တယ်။
ကမ္ဘာဦးသစ်ပင်ကြီးရဲ့သစ်ကိုင်းတွေက ချီကျွင့်ကို လျင်မြန်စွာပဲရစ်ပတ်လာခဲ့ပြီး တစ်ဆက်တည်းမှာပဲ ခြင်္သေ့ကြီးရဲ့ဒေါသကို နှစ်သိမ့်ဖို့အတွကာ ကုသရေးစွမ်းအင်ကို ပို့လွှတ်ခဲ့တယ်။
စက်ရုပ်အိုကြီးကလည်း အနီးမှာရှိနေခဲ့တယ်။ ဒီအချိန်မှာ သူက မိသားစုဆရာဝန်ကိုဆက်သွယ်ရမလား... ဒါမှမဟုတ် တိရစ္ဆာန်ကုဆရာဝန်ကိုပဲ ဆက်သွယ်ရမလားဆိုတာ မသိရှိနိုင်ဖြစ်နေခဲ့တာ။
အိမ်မွေးတိရစ္ဆာန်ကုဆရာဝန်ကတော့ ဒီကိစ္စကို ကုနိုင်မှာမဟုတ်လောက်ဘူးမလား။
ခြင်္သေ့ကြီးက ဟိန်းဟောက်လိုက်ပြီး သူ့လက်ကိုဆန့်ထုတ်လိုက်ကာ သူ့ရဲ့စွမ်းရည်တွေနဲ့ စက်ရုပ်အိုကြီးရဲ့စစ်မှန်တဲ့ သတ္တုကိုယ်ထည်ကြီးကို အိမ်တော်ထိန်းကို အိမ်အပြင်သို့ပို့လိုက်တယ်။
စက်ရုပ်အိုကြီးက လေထဲမှာ အပတ်ပေါင်းများစွာလှည့်ပတ်သွားခဲ့ပေမဲ့ ဒဏ်ရာအသေးအမွှားလေးတောင် မရဘဲ အပြင်သို့ရောက်သွားခဲ့တယ်။
ချီကျွင့်ရဲ့ဒေါသတွေက အလွန်ပြင်းထန်နေခဲ့ပေမဲ့ ကံကောင်းစွာနဲ့ သူ့ရဲ့နောက်ဆုံးအတွေ့အကြုံကြောင့် ထိန်းချုပ်မှုလွတ်ကင်းသွားတဲ့အထိ မဖြစ်စေခဲ့ဘူး။
သူဟာ သတ္တုတွေအများကြီးကို ဆွဲယူထိန်းချုပ်နေခဲ့ပြီး သူ့ရဲ့စွမ်းရည်တွေကုန်ခမ်းသွားတဲ့အထိ သတ္တုတွေကိုအသုံးချနေခဲ့တယ်။ သူ့ရဲ့စိတ်ခံစားချက်တွေ တဖြည်းဖြည်းနဲ့ ပြန်လည်တည်ငြိမ်လာတော့မှ ဆိုဖာပေါ်မှာလဲလျောင်းလိုက်တယ်။
ခြင်္သေ့ကြီးရဲ့မျက်နှာထက်မှာ ဒေါသရိပ်တွေ ကျန်ရှိနေတုန်းပဲ။ သူ့ရဲ့ လက်ကိုဆန့်ထုတ်ကာ ဆိုဖာကိုတစ်စစီဆုတ်ဖြဲခါနီးမှာပဲ အခန်းထဲမှာ ပြည့်လုနီးပါးဖြစ်နေတဲ့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့သစ်ကိုင်းတွေကိုမြင်တွေ့လိုက်ရလေတယ်။
ခြင်္သေ့ကြီးက ရုတ်တရက် သေးငယ်ကျုံ့ဝင်သွားခဲ့ပြီး သွားခဲ့ပြီး နူးညံ့တဲ့ခြင်္သေ့လေးတစ်ကောင်ဖြစ်လာခဲ့ကာ ကမ္ဘာဦးသစ်ပင်ကြီးရဲ့သစ်ကိုင်းတွေပေါ်သို့ ခုန်တက်လာခဲ့တော့တယ်။
ကုယန်ကျန်းအနေနဲ့ ဒီအခြေအနေကို သေသေချာချာမသိခဲ့ပေမဲ့လည်း ရင်နာမှုတွေကိုသာခံစားရပြီး သူ့ရဲ့သစ်ကိုင်းတွေနဲ့ ခြင်္သေ့လေးကိုတင်းကျပ်စွာပွေ့ဖက်ထားပေးခဲ့တယ်။
ချီကျွင့်ရဲ့လက်ဖဝါးလေးတွေကလည်း ကမ္ဘာဦးသစ်ပင်ကြီးရဲ့သစ်ကိုင်းတွေကို တင်းကျပ်စွာထွေးပွေ့ထားခဲ့တယ်။
သူ အရက်မူးပြီး အိပ်ပျော်သွားချိန်မှာ ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဥာဏ်တွေကို မြင်တွေ့ခဲ့ရပြီး အင်ပါယာနန်းတော်မှာရှိနေစဥ်တုန်းက ခြင်္သေ့လေးဆီမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကို သူ သိရှိခဲ့ရတယ်။
ကြယ်စုအင်ပါယာရဲ့လူတွေကပဲ အင်ပါယာမိသားစုမှာ ထီးနန်းဆက်ခံသူတစ်ယောက်တည်းသာ ရှိနေကြောင်းကို သိရှိထားခဲ့ကြတယ်။ အဲဒီတစ်ယောက်ကတော့ ဒီနှစ်မှာပဲ ဆယ့်ရှစ်နှစ်ပြည့်တော့မဲ့ မင်းသားလေးဆုချီမိုပဲ။
သူက ကြင်နာတတ်ပြီး ချစ်စရာကောင်းသလို သူ့ရဲ့အရည်အချင်းတွေကလည်း ပြိုင်ဖက်ကင်းလောက်အောင် ထူးချွန်တယ်။ သူ အင်ပါယာကောလိပ်မှာ ပညာသင်ကြားနေခဲ့တဲ့သူပဲ။
ဒါပေမဲ့ အင်ပါယာနန်းတော်ထဲမှာ အင်ပါယာမင်းသားနဲ့တစ်ပုံစံတည်းတူတဲ့လူတွေအများကြီးရှိတယ်ဆိုတာ သူတို့မသိခဲ့ကြဘူး။ အင်ပါယာမင်းသားလေး အသက်နှစ်နှစ်အရွယ်မှာ သူ့ရဲ့ကိုယ်ကာယနဲ့ စိတ်အင်အားဟာ အဆင့်အနိမ့်ဆုံးဖြစ်တဲ့ F အဆင့်သာရှိခဲ့တယ်။
ဧက္ကရာဇ်က တရားမဝင်ဘူးဆိုတာ သိပေမဲ့ သေးငယ်တဲ့မင်းသားလေး အုပ်စုတစ်ခုကို လျှို့ဝှက်ထုတ်လုပ်ခဲ့တယ်။ သူတို့တွေဟာ နှစ်နှစ်အရွယ်အဖြစ်မွေးဖွားလာရပြီး မရေရာတဲ့ကိုယ်ပိုင်အသိစိတ်သာရှိခဲ့တယ်။ သူတို့ကို အင်ပါယာနန်းတော်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ထိန်းသိမ်းထားခဲ့ပြီး စွမ်းရည်ကိုလှုံ့ဆော်ဖို့ မျိုးဗီဆဆေးများစွာကို လက်ခံခဲ့ရတယ်။ ဒီဆေးတွေက ဘေးထွက်ဆိုးကျိုးမှမရှိဘဲ စွမ်းရည်ကိုသာ တိုးမြှင့်ပေးတဲ့ဆေးပဲ။
ဆက်တိုက်ဖွံ့ဖြိုးတိုးတက်မှု ဆယ်နှစ်ကျော်ကြာပြီးမှာတေ့ာ တည်ငြိမ်တဲ့မျိုးဗီဇဆေးတွေကို နှစ်စဥ်နှစ်တိုင်း အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီး မင်းသားလေး စုချီမိုရဲ့စွမ်းရည်ဟာလည်း ထပ်ခါထပ်ခါတိုးတက်လာခဲ့တယ်။ သူ့ရဲ့လက်ရှိကိုယ်ခန္ဓာနဲ့စိတ်အင်အင်က အေအဆင့်သို့အထိ ရောက်ရှိနေပြီဖြစ်တယ်။
သို့ပေမဲ့ ဒီအချိန်အတွင်း စဥ်ဆက်မပြတ် နက်ရှိုင်းလှတဲ့ သုတေသနပြုချက်တွေက ကိုယ်ပွားများကို ဆက်တိုက်သေဆုံးစေခဲ့ပြီး ခြင်္သေ့လေးတစ်ယောက်တည်းကသာ နောက်ဆုံးကျန်ရစ်သူဖြစ်ခဲ့တယ်။
နောက်ဆုံးစမ်းသပ်မှုမှာ ခြင်္သေ့လေးက သူ့ရဲ့ဘိုးဘွားပိုင်မျိုးဗီဇတွေ နိုးကြားလာခဲ့ပြီး တစ်ခါမှမကြုံဖူးတဲ့ သတ္တုတွေကိုထိန်းချုပ်နိုင်တဲ့စွမ်းရည် တိုးတက်လာခဲ့တယ်။
ဧက္ကရာဇ်က အားရကျေနပ်ခဲ့ပေမဲ့ စမ်းသပ်မှုများစွာအပြီးမှာ ဘိုးဘွားပိုင်မျိုးဗီဇမှာ အဓိကအပြစ်အနာအဆာကြီး ရှိနေခဲ့တာကို တွေ့လိုက်ရတယ်။ သားရဲပြောင်းလဲခြင်းဖြစ်စဥ်အမျိုးအစား နှစ်မျိုးရှိခဲ့တယ်။ ငယ်ရွယ်တဲ့အဆင့်မှာ သူ့ရဲ့ တိုက်ခိုက်မှုစွမ်းရည်က အံ့ဩစရာကောင်းပေမဲ့ သူက ဒါကိုလုံးဝ မထိန်းချုပ်နိုင်ဘဲ စိတ်စွမ်းအင်ကလည်း မကြာခဏထိန်းချုပ်မှုမဲ့သွားတတ်တယ်။
သုတေသနသမားတွများစွာ ဆုံးရှုံးမှုက သုတေသန ဆက်လုပ်ဖို့ကို ခက်ခဲစေခဲ့တယ်။ ဧက္ကရာဇ်အနေနဲ့သတ္တုစွမ်းရည်ကိုလှုံ့ဆော်နိုင်မယ့် အခွင့်အရေးကို လက်လျှော့ဖို့ရန် တွန့်ဆုတ်နေခဲ့ပြီး ဒီနောက်ဆုံးကိုယ်ပွားလေးကို မသတ်ခဲ့ဘူး။
အဲဒီအစား သူက ကိုယ်ပွားလေးကို အင်ပါယာနန်းတော်ထဲမှာ အကျဥ်းချခဲ့ပြီး ဒီကိုယ်ပွားလေး ထွက်ပြေးသွားမှာကိုတားဆီးဖို့အတွက် များစွာသော စက်ရုပ်သားရဲတွေနဲ့ အကာအရံချကာစီစဥ်ထားခဲ့တယ်။
ဒီရေရှည်အကျဥ်းချမှုက ခြင်္သေ့လေးရဲ့ အကြမ်းဖက်လိုစိတ်ကိုပိုမိုတိုးပွားလာစေခဲ့ပြီး ရလဒ်ကတော့ စွမ်းအင်တွေ ပွင့်ထွက်သွားစေခဲ့တယ်။ ထို့အတူပြင်းထန်တဲ့စိတ်အခြေအနေက သူ့ကိုပိုပြီးအကြမ်းဖက်ချင်စိတ်တွေ ဖြစ်လာစေခဲ့တယ်။
နောက်ဆုံးစိတ်ပိုင်းဆိုင်ရာပေါက်ကွဲမှုမှာအပြီးမှာတော့ သူက ခြင်္သေ့ဖြစ်လာခဲ့ပြီး စက်ရုပ်သားရဲတွေကို တိုက်ခိုက်ခဲ့တယ်။ အဆုံးမှာ ဒဏ်ရာများစွာရရှိခဲ့ပြီး ကုသရေးဆေးနဲ့ ခြေလှမ်းသုံးလှမ်းစာသာ ဝေးကွာတဲ့အချိန်မှာပဲ သူ့ရဲ့အသက်ကိုဆုံးရှုံးခဲ့ရတယ်။
ဒီအချိန်မှာပဲ ချီကျွင့်က ခြင်္သေ့လေးရဲ့ခန္ဓာကိုယ်ကို ကူးပြောင်းပြီးလွှဲယူနိုင်ခဲ့တယ်။ ချီကျွင့်ရဲ့အားကောင်းတဲ့ သတ္တုထိန်းချုပ်မှုစွမ်းရည်ကြောင့် အင်ပါယာနန်းတော်ထဲမှာရှိတဲ့ စက်ရုပ်သားရဲတွေက သူ့ကိုမတားဆီးနိုင်ခဲ့ပဲ အလွယ်တကူပဲ ထွက်လာနိုင်ခဲ့တယ်။
ခြင်္သေ့လေးရဲ့ဦးနှောက်က သေသွားခဲ့ပြီးတဲ့နောက် မှတ်ဥာဏ်တွေကလည်း ဝေဝေဝါးဝါးဖြစ်သွားခဲ့တယ်လေ။ သို့ပေမဲ့ မနေ့ညတုန်းကကမ္ဘာဦးသစ်ပင်ကြီးရဲ့ကုသမှုအောက်မှာ သူ့ရဲ့မှတ်ဥာဏ်တွေက ရှင်းလင်းလာခဲ့ပြီ။
***