Ch 8
Viewers 2k

(8)

 

ချီကျွင့်ရဲ့စိတ်ဝိဥာဥ်ဝင်ရောက်လာခဲ့တဲ့ ခြင်္သေ့လေးက သူ့ရဲ့ ကျန်းမာရေးကို မဆုံးရှုံးခဲ့ရခင်မှာ အချစ်ဆိုတာကဘာလဲ ဒါမှမဟုတ် အမုန်းဆိုတာက ဘာလဲဆိုတာကို မသိခဲ့ဘူး။

 

သူ့ရဲ့ ရင့်ကျက်မှုနည်းပါးတဲ့ စိတ်ထဲမှာ အလွန်ရိုးရှင်းတဲ့ အတွေးငယ်လေးတစ်ခုသာရှိခဲ့တယ်။ ထိုအတွေးလေးကတော့ တစ်စုံတစ်ယောက်က သူ့ကို ပွေ့ဖက်ပေးလာမဲ့အချိန်ကို စောင့်မျှော်နေခဲ့ခြင်းပဲ....

 

ချီကျွင့် သူ့ကိုယ်သူ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေကြားထဲမှာ မြှုပ်နှံထားခဲ့ပြီး မလှုပ်ရှားလာခဲ့တော့ဘူး။

 

ကုယန်ကျန်းက သစ်ကိုင်းတစ်ခုကို ဆန့်ထုတ်လိုက်ပြီး သူ့ရဲ့နားရွက်လေးကို ထိလိုက်တယ်။ ဒီအခိုက်မှာ ချီကျွင့်ကအရှေ့ကို ပိုတိုးလိုက်ပြီး ကမ္ဘာဦးသစ်ပင်ကြီးဆီမှာ သူ့ကိုယ်သူ ပိုပြီးနစ်မြှပ်အောင် မြှပ်နှံလိုက်ကာ ခြင်္သေ့ငယ်ရဲ့အခြေအနေကို သစ်ပင်ကြီးဆီသိုး ဖြည်းညှင်းစွာ ပြောပြနေခဲ့တယ်။

 

သေချာတာပေါ့။ တကယ်တမ်းမှာ သူက အသွင်မပြောင်းနိုင်သေးတဲ့ ကမ္ဘာဦးသစ်ပင်ကြီးက သူ့ရဲ့စကားတွေကို နားလည်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

 

ကမ္ဘာကြီးရဲ့အဆုံးသတ်ကို တွေ့ကြုံခဲ့ရပြီးနောက်မှာ သူက အလွန်အမင်းကြင်နာတတ်တဲ့သူ မဟုတ်တော့ဘူး။ ဒါပေမယ့် ခြင်္သေ့လေးကို သနားစိတ်ဝင်မိကာ စိတ်မချမ်းသာဖြစ်နေခဲ့မိတယ်။

 

ဒါကြောင့် ထိုအကြောင်းတွေကိုပြောပြီးနောက် သူ့အပေါ်မှာ အုပ်မိုးနေတဲ့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေထဲကနေ ပြန်ထွက်ကာ ပြတင်းပေါက်အပြင်ဘက်မှာရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီးဆီကိုကြည့်ကာ ရေရွက်လိုက်မိတယ်။

 

"ယန်ကျန်းကျန်း.. ကျွန်တော် သူ့ကို တကယ်ကြီး သားတစ်ယောက်အနေနဲ့ ပြုစုပျိုးထောင်ချင်မိတယ်.. ပြီးရင် သူ့ကို အများကြီးချစ်ပေးပြီး အလိုလိုက်ပေးမှာ!"

 

ပြီးသွားရင် ထိုကလေးကို အပြင်လောကမှာ ကြာပန်းဖြူလေးလို ဟန်ဆောင်နေတဲ့ မင်းသားလေးကို ရိုက်ချနိုင်လောက်တဲ့အထိ အင်အားကြီးလာအောင်ပြုစုပျိိုးထောင်လိုက်မယ်။

 

ကမ္ဘာပျက်ကတ်ရဲ့ အစပိုင်းမှာ သူနဲ့ ကုယန်ကျန်းတို့က ပြတင်းပေါက်စက္ကူအလွှာပါးလေးကို ဖို့ဖောက်ခဲ့ပြီး အရှက်တရားတွေကို ထားမနေတော့တဲ့ ခင်ပွန်းသည်တွေရဲ့ဘဝကို စတင်ခဲ့ကြတယ်။ သူတို့တွေက ဖုတ်ကောင်တွေကို နေ့တိုင်းသတ်ဖြတ်ခဲ့ပြီး လူသားတွေရဲ့ မွေးဖွားမှုဆိုင်ရာ ပြဿနာတွေအကြောင်းတို့ကိုလည်း ရံဖန်ရံခါ စဉ်းစားဆွေးနွေးခဲ့ကြတယ်။

 

သို့ပေမဲ့ ကုယန်ကျန်းက အဖိုပင်သာဖြစ်ပြီး အဖြူရောင်အသီးတွေမသီးနိုင်ဘူး။ သူက ဝတ်မှုန်တွေကိုသာ ထုတ်လုပ်ပျိုးပေးတဲ့ အပင်ပဲ။

 

သူက သူ့ကိုယ်သူ မရေမတွက်နိုင်လောက်တဲ့ ကမ္ဘာဦးသစ်ပင်တွေအဖြစ် ခွဲထုတ်ဖို့ ဖြစ်နိုင်ပေမဲ့လည်းကမ္ဘာဦးသစ်ပင်ပေါက်လေးတစ်ပင် ထုတ်လုပ်ပေးနိုင်ဖို့က လုံးဝကို မဖြစ်နိုင်ဘူး။

 

ဒါတွေက ကုယန်ကျန်း သူ့ကိုပြောပြခဲ့တဲ့ စကားတွေပဲ!

 

ဒါ့အပြင် ချီကျွင့်ကတော့ အားအင်ကြီးမားလွန်းတဲ့ ခြင်္သေ့ထီးတစ်ကောင်သာဖြစ်ပြီး ထိုအကြောင်းကို တွေးတောစဉ်းစားစရာတောင် မလိုအပ်ဘူး။ လုံးဝကို မဖြစ်နိုင်တဲ့အရာပဲလေ။

 

ထိုအချိန်မှာ ကုယန်ကျန်းကတော့ သူ့ခြင်္သေ့ကြီးရဲ့ ကိုယ်ခွဲတွေဖန်တီးတဲ့အကြောင်းကို နားထောင်နေရင်းနဲ့ ထိုခြင်္သေ့ကြီးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးကို ဂရုတစိုက်စစ်ဆေးဖို့အတွက် သူ့ရဲ့ခန္ဓာကိုယ်ထဲသို့ စွမ်းအင်တွေအများကြီးကို ပေးပို့နေခဲ့တယ်။

 

မနေ့ညတုန်းက ဒီခြင်္သေ့လေး အရက်မူးနေတဲ့အချိန်မှာ သူ့ရဲ့ ကုသခြင်း စွမ်းရည်ကို အသုံးပြုခဲ့တော့ ခြင်္သေ့ရဲ့ခေါင်းထဲမှ အာရုံကြောအချို့က တက်ကြွမှုမရှိတာကို သူ တွေ့ရှိခဲ့ရတယ်။

 

ထို့နောက်မှာတော့ သူ့ရဲ့အတွင်းပိုင်းစိတ်ဝိဥာဥ်ထဲမှာ နောက်ထပ် အသိစိတ်လေးတစ်ခု ရှိနေတာကို တွေ့လိုက်ရလေတယ်။

 

ကုယန်ကျန်းအနေနဲ့ တစ်ကိုယ်ကောင်းဆန်စွာနဲ့ ထိုပျောက်ကွယ်သွားတော့မဲ့ အသိစိတ်လေးကို သတ်ပစ်ချင်ခဲ့ပေမဲ့ ထိုအခိုက်မှာပဲ ချီကျွင့်ရဲ့ ဆန္ဒကို ကြားလိုက်ရတယ်။

 

သားလေးလား...မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါက သူ့ခြင်္သေ့ကြီးရဲ့ ဆန္ဒသာဖြစ်နေခဲ့ရင်ပေါ့လေ။

 

ချီကျွင့်ကတော့ ဒီကိုယ်ခွဲလေးရဲ့အကြောင်းကို တွေးတောရင်း နောင်တရပြီး သနားစိတ်တွေသာ ခံစားနေခဲ့ရတယ်။ နောက်ပြီး သူ့ရဲ့ ခံစားချက်ကို ဖြေဖျောက်ဖို့အတွက် ထိုအင်ပါယာနဲ့ မင်းသားလေးကို ဘယ်လိုလုပ်ရင်ကောင်းမလဲလို့တောင် တွေးတောနေခဲ့သေးတယ်။

 

သို့ပေမယ့် ထိုအခိုက်အတန့်မှာ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ သစ်ကိုင်းတစ်ကိုင်းက ပြတင်းပေါက်ကနေ ဝင်လာခဲ့ပြီး သစ်ကိုင်းရဲ့အလယ်မှာတော့ အဖြူရောင်အသီးလေးတစ်လုံးကို ကိုင်ထားခဲ့တယ်။ ဒါက အခုလေးတင် ခူးဆွတ်လာခဲ့သလိုမျိုး လတ်ဆတ်နေခဲ့သေးတယ်။

 

ချီကျွင့် ချက်ချင်းပဲ အေးခဲသွားရတော့တယ်။ သူ့ရဲ့ခေါင်းထက်မှာ တိမ်ခိုးတွေဖွဲ့လောက်တဲ့အထိ ထူထဲနေတဲ့ အတွေးတွေကလည်း ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့တယ်။

 

သူက ကမ္ဘာသစ်ပင်ကြီးရဲ့အကိုင်းအခက်တွေဆီကို လျှင်မြန်စွာလျှောက်သွားခဲ့ကာ ခြင်္သေ့ရဲ့မျက်နှာနဲ့ ထိုသစ်ကိုင်းကိုဖိလိုက်တယ်။

 

"ကုယန်ကျန်း! ဒီအဖြူရောင်အသီးက ဘယ်ကရောက်လာတာလဲ..ခင်ဗျား အမပင်ဆီကိုသွားပြီး ဝတ်မှုန်ကူးခဲ့တာလား!"

 

"ကျွန်တော် ခင်ဗျားကိုပြောမယ်! ခင်ဗျားသာ ခင်ဗျားရဲ့ဝတ်မှုန်တွေကို လိုက်ပြီးဖြန့်ပေးနေတယ်ဆိုရင်တော့ ခင်ဗျားသေပြီလို့သာ မှတ်လိုက်တော့!"

 

ခြင်္သေ့လေးက သူ့ကို ရစ်ပတ်လာတဲ့ သစ်ကိုင်းပေါ်ကနေ ခုန်ဆင်းလိုက်ပြီး ဘေးပတ်ပတ်လည်မှာရှိနေတဲ့ ကမ္ဘာဦးသစ်ပင်ရဲ့အကိုင်းအခက်တွေကို သူ့ရဲ့လက်တွေနဲ့ဝှေ့ယမ်းပြီး ဆွဲထုတ်လိုက်တယ်။

 

ဟိုးအဝေးမှ တခြားသော နဂါးငွေ့တန်းရဲ့ကြယ်ပေါ်မှာရှိနေတဲ့ ဗိုလ်ချုပ်ကြီးကတော့ ပြေးလွှားခုန်ပေါက်ကာ မန်ဖီချင်နေတဲ့ခြင်္သေ့လေးကိုကြည့်ပြီး ရယ်မောလိုက်မိကာ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားချင်ခဲ့တယ်။

 

ထို့နောက် ပုန်းကွယ်နေတဲ့သားရဲမျိုးနွယ်ဗီဇရဲ့ အန္တရာယ်အကြောင်းကို တွေးတောလိုက်မိတော့ သူ့ရဲ့အပြုံးက ပျောက်ကွယ်သွားခဲ့ရတယ်။

 

ဒီအဖြူရောင်အသီးက သူ့ရဲ့ဝတ်မှုန်ကိုကူးသန်းပြီး မျိုးပွားထားတာ လုံးဝ မဟုတ်ဘူး။ ဒါကကမ္ဘာပျက်ကတ်အချိန်တုန်းက တရုတ်တိုင်းရင်းဆေးဆိုင်တစ်ဆိုင်ကနေ သူ ကောက်ယူလာခဲ့တဲ့ ကမ္ဘာဦးသစ်သီးခြောက်တစ်ခုပဲ။ ဒါကို သူ့ရဲ့ သစ်သားစွမ်းရည်နဲ့ အားဖြည့်ခဲ့တာကြောင့် အခုလို ရေဓာတ်ပြည့်ဝနေခဲ့တာ။

 

သို့သော်လည်း မဖြေရှင်းနိုင်သေးတဲ့ အကြီးမားဆုံးပြဿနာကတော့ သူ့ရဲ့တွဲဖက်သစ်ပင်ခန္ဓာကိုယ်က စကားမပြောနိုင်လေဘူး။

 

တကယ်လို့ သူသာ ချီကျွင့်ရဲ့ခေါင်းထဲမှာရှိနေတဲ့ ပျောက်ကွယ်သွားတော့မယ့် စိတ်ဝိဥာဥ်ငယ်လေးကို အပြင်သို့ ဆွဲထုတ်ချင်တယ်ဆိုရင် ထိုစိတ်ဝိညာဥ်ကို သယ်ဆောင်မဲ့သူအသစ်နဲ့ အလွန်အမင်းနီးကပ်နေရလိမ့်မယ်။

 

ဒါကြောင့် ထူထဲတဲ့ ကမ္ဘာဦးသစ်ပင်ရဲ့ အကိုင်းအခက်ကြီးက အဖြူရောင်အသီးကို သယ်ဆောင်ရင်း ချီကျွင့်အနားကို ဆက်လက်တိုးကပ်သွားရုံသာ တတ်နိုင်ခဲ့တယ်။ သူက ခြားသောသစ်ကိုင်းတွေကိုလည်း ထိန်းချုပ်ခဲ့ပြီး ပုံသဏ္ဍာန်ဖြစ်တည်ဖို့ ကြိုးစားလိုက်တယ်။

 

ချီကျွင့်တစ်ယောက် ဒီသောက်ကမ္ဘာဦးသစ်ပင်ကြီးက တကယ်ကြီး အသ့တစ်လုံးကို ယူဆောင်လာခဲ့ပြီး အမည်မသိအပင်နဲ့ရလာခဲ့တဲ့အသီးကို သူ့အနီးကို ယူလာခဲ့တာကို မြင်လိုက်ရတယ်။

 

သူ ဒါကို တစ်မိနစ်လောက်တောင် သည်းမခံနိုင်ဘူး။

 

သူက သားရဲမျိုးရိုးဗီဇရဲ့ ဒေါသကြီးပြီး ပေါက်ကွဲနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို လိုက်လျောညီထွေမဖြစ်သေးတာကြောင့် ချီကျွင့် ထိုခဏအတွင်းမှာပဲ ခြင်္သေ့ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့တယ်။

 

သူက ပါးစပ်အနားတစ်ဝိုက်မှ ထူထဲပြီးလှပတဲ့ အမွေးတွေကို ခါလိုက်ပြီး ဟိန်းဟောက်တယ်။

 

ကံကောင်းထောက်မစွာနဲ့ သူရဲ့စွမ်းအင်တွေက အလျှင်အမြန်ကုန်ဆုံးသွားခဲ့တယ်။

 

ဒေါသနှင့် စိတ်မသက်မသာဖြစ်ရတဲ့ခံစားချက်တွေသာရှိနေပြီး သူ့ရဲ့စွမ်းရည်တွေ အထိန်းအကွတ်လွတ်ကင်းသလိုဖြစ်သွားတဲ့ အခြေအနေမျိုးတော့ ဖြစ်မလာခဲ့ဘူး။

 

ချီကျွင့်ရဲ့ ကြီးမားတဲ့လက်ဖဝါးတွေက မရေမတွက်နိုင်တဲ့ အကိုင်းအခက်တွေနဲ့ တားဆီးခံထားရတာကြောင့် သူ့ရဲ့ ချွန်ထက်တဲ့ သွားတွေကို ထုတ်ဖော်ပြသပြီး အော်ဟစ်လိုက်တယ်။

 

"သစ်ပင်အိုကြီး! ခင်ဗျားက အခုသစ်ပင်ဖြစ်နေတဲ့အတွက် ခင်ဗျားရဲ့ ဦးနှောက်တွေက အလုပ် မလုပ်နိုင်လောက်ပေမဲ့ ကျွန်တော် ပြောလိုက်မယ်.. ခင်ဗျားသာ ခင်ဗျား နောက်ထပ်သစ်ပင်တစ်ပင်နဲ့ရထားတဲ့ မျိုးစေ့ကိုယူလာခဲ့ရင် ကျွန်တော် အဲဒီအစေ့ကို တိုက်ရိုက်မျိုချလိုက်မှာ!"

 

သူက ထိုကိုယ်ပွားလေးကို သူ့ရဲ့သားဖြစ်လာစေချင်ခဲ့တာ။ တခြားသစ်ပင်ရဲ့မျိုးစေ့ကိုလိုချင်တာမဟုတ်ဘူး! တကယ်လို့ ကုယန်ကျန်းက ရည်ရွယ်ချက်ရှိရှိနဲ့ ဝတ်မှုန်ကူးထားခဲ့တာ မဟုတ်ဘူးဆိုရင်တောင်မှ!

 

ကုယန်ကျန်းက သူ့ဆီမှာ ရှင်းပြနေဖို့အတွက် အချိန်မကျန်ရှိတော့တာကို သတိထားမိခဲ့တယ်။

 

ချီကျွင့်ရဲ့ အာရုံကြောနှင့် စိတ်ဝိဥာဥ်က ကိုယ်ပွားလေးထက်ပိုပြီး သိသိသာသာ အားကောင်းလွန်းတယ်။

 

တကယ်လို့ ချီကျွင့်ရဲ့စိတ်ဝိဥာဥ်ကသာ ကိုယ်ပွားရဲ့ စိတ်ဝိဥာဥ်ကို ဖြိုခွဲလိုက်မယ်ဆိုရင် ထိုကိုယ်ပွားလေးက လုံးဝကို ပျောက်ကွယ်သွားလိမ့်မယ်။

 

ဒါကြောင့် သူ့ရဲ့ အကိုင်းအခက်တွေက ပိုမိုထွက်ပေါ်လာခဲ့ပြီး ခြင်္သေ့ကြီးကို ခိုင်ခံ့စွာ ချည်နှောင်ထားလိုက်ရတယ်။

 

ခြင်္သေ့ချီ : "..ဝေါင်း~!"

 

ဒီသစ်ပင်အိုကြီးနိုးလာမဲ့အချိန်ကိုစောင့်ပြီးမှ အသေကိုက်သတ်ပစ်မယ်!

 

ကုယန်ကျန်းက ခြင်္သေ့ကြီးရဲ့အနားကို ချည်းကပ်လိုက်ပြီး ခြင်္သေ့ကြီးရဲ့ နားရွက်တွေကို အကိုင်းအခက်တွေနဲ့ ပွတ်သပ်ပြီး ချော့မြူလိုက်ကာ သူ အာရုံပျံ့လွင့်သွားတဲ့အခိုက်မှာပဲ သူ့ရဲ့ ခေါင်းပေါ်ကို အဖြူရောင်အသီးလေး တင်ပေးလိုက်တယ်။

 

ထို့နောက်မှာတော့ ချက်ချင်းဆိုသလိုပဲ အဖြူရောင်အသီးလေးက အညှောက်ထွက်လာပြီး သေးငယ်တဲ့ အရွက်ဖူးလေးနှင့် အမြစ်ရှည်တွေက ထွက်ပေါ်လာခဲ့ကာ တဖြည်းဖြည်းနဲ့ ခြင်္သေ့ကြီးရဲ့ ခေါင်းကို ဖုံးအုပ်လာခဲ့တယ်။

 

ခြင်္သေ့ချီ: "...ဝေါင်း~!"

 

အနားကနေ ထွက်သွားလိုက်စမ်း!

 

သစ်သားစွမ်းရည်ဆီမှ စွမ်းအင်ကို အဆက်မပြတ်ရရှိနေခဲ့တာကြောင့် ကမ္ဘာဦးသစ်ငယ်ပေါက်လေးက လျှင်မြန်စွာကြီးထွားလာခဲ့ပြီး မြန်မြန်ဆန်ဆန် ရှည်ထွက်လာခဲ့တယ်။

 

စက္ကန့်အနည်းငယ်လောက်မှာပဲ လက်နှစ်ချောင်းစာလောက်အထိ ရှည်လာခဲ့ပြီး သေးငယ်ပြီး အစိမ်းရောင်ယပ်တောင်ပုံသဏ္ဍာန်ရှိတဲ့ အစိမ်းရောင်အရွက်လေးနှစ်ခုကလည်း လှုပ်ရမ်းလာခဲ့တယ်။

 

တစ်ချိန်တည်းမှာ ကုသရေးစွမ်းအင်က ချီကျွင့်ရဲ့ ဦးနှောက်အတွင်းပိုင်းကိုလည်း လွှမ်းခြံထားခဲ့တယ်။

 

ကုယန်ကျန်းက ချီကျွင့်ရဲ့ အလွန်အကျွံခံနိုင်ရည်စွမ်းအားကြောင့် ပျက်စီးမှုတွေဖြစ်လာနိုင်တာကို ကာကွယ်ဖို့ရန်အတွက် ခြင်္သေ့ကို ညင်သာစွာအိပ်စက်စေခဲ့ပြီး သူ့ရဲ့ အာရုံကြောအတွင်းပိုင်းကို ဂရုတစိုက်နှင့်ထိတွေ့ရင်း အတွင်းပိုင်းမှ ကိုယ်ပွားလေးရဲ့ စိဝိဥာဥ်ကို ထုတ်ယူလိုက်တယ်။

 

ထို စိတ်ဝိဥာဥ်ကို ထုတ်ယူပြီးနောက် သေးငယ်တဲ့ ကမ္ဘာဦးသစ်ပင်ပေါက်လေးထဲသို့ လောင်းထည့်ပေးခဲ့တယ်။

 

ဒီလုပ်ငန်းစဉ်က အတော်လေး နှေးကွေးလွန်းတယ်။ ကုယန်ကျန်းက သူ့ကိုယ်သူ သေချာပေမဲ့ ကြီးကြီးမားမားမလုပ်ရဲခဲ့ဘူး။

 

သူက ကိုယ်ပွားရဲ့ကျန်ရှိနေတဲ့ စိတ်ဝိဥာဥ်နျူရွန်ကို လွှဲပြောင်းဖို့အတွက် အချိန်အတော်ကြာအောင် ယူခဲ့တယ်။ လက်ရှိမှာ သူက သူ့ရဲ့တွဲဖက်သစ်ပင်ကို အဝေးကနေထိန်းချုပ်ပြီး ဒီလိုကြီးမားတဲ့ ..... ခွဲစိတ်မှုတစ်ခုကို ပြုလုပ်နေခဲ့ရတယ်။

 

ကုယန်ကျန်းရဲ့ စွမ်းအင်က အလွန်မြင့်မားလွန်းတယ်။ သူက ခြင်္သေ့ကြီးနှင့် အပင်ငယ်က ဘေးကင်းကြောင်းကို အတည်ပြုခဲ့ပြီးမှ သူ့ရဲ့ စိတ်ဝိဥာဥ်ကို တွဲဖက်သစ်ပင်ဆီကနေပြန်လည်ထုတ်ယူခဲ့တယ်။

 

ကံမကောင်းစွာနဲ့ ကိုယ်ပွားရဲ့စိတ်ဝိဥာဥ်ကို လွှဲပြောင်းတဲ့နေရာမှာ အာရုံစူးစိုက်မှုအပြည့် လိုအပ်ခဲ့ပြီး မြေပြင်မှာရှိနေတဲ့ အကိုင်းအခက်တွေက စကားလုံးတွေကို မဖော်ပြနိုင်ဘူး။

 

ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက် သူ့ရဲ့ခြင်္သေ့ကြီးကို ရှင်းပြရန်အတွက် အချိန်မရှိခဲ့ဘူး။ ဒါကြောင့် သူပြန်ကောင်းလာတာကို စောင့်ဆိုင်းပြီး သူ့ရဲ့ တွဲဖက်ကမ္ဘာဦးသစ်ပင်ကြီးဆီကို ပြန်သွားရုံသာ တတ်နိုင်ခဲ့တယ်။

 

ချီကျွင့်က အိပ်ပျော်သွားခဲ့ပြီး ပြန်နိုးလာချိန်မှာတော့ သူ့ရဲ့ ဒေါသတွေ ပြေလျော့သွားခဲ့ပြီ။ ပြီးခဲ့တာတွေက ပြန်ပြင်လို့ မရတော့သလို ကမ္ဘာဦီးသစ်သီးလေးကလေး အညှောက်ပေါက်ပြီး ကြီးထွားနေခဲ့ပြီလေ။

 

အခုတော့ ကုယန်ကျန်းဆီမှာ သားတစ်ယောက်ရှိနေခဲ့ပြီ။

 

သူရဲ့ ကမ္ဘာဦးသစ်ပင်ကြီးက တစ်နေ့နေ့မှာ အခြားသစ်ပင်တစ်ပင်နှင့် သွားပြီး ပေါင်းစပ်သွားမဲ့နေ့မျိုးရှိလာလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးထားခဲ့မိဘူး။

 

စိတ်ဓာတ်ကျတဲ့ခံစားချက်တွေက အလွန်အမင်း တိုးလာခဲ့ပြီ။

 

ခြင်္သေ့လေးက စိတ်ပျက်လက်ပျက်နှင့် သူ့ရဲ့မျက်လုံးကိုဖွင့်လိုက်တော့ ကမ္ဘာဦးသစ်ပင်ပျိုးပင်ငယ်လေးက သူ့ရဲ့အရွက်တွေကို ဖွင့်ပြီး သူ့ဘက်ကို လှည့်နေတာကိုတွေ့လိုက်ရတယ်။

 

...ဒီအစေ့က ကုယန်ကျန်းကို တခြားအပင်ဆီကနေ ပေးခဲ့တဲ့အသီးဖြစ်ပြီး အခုတော့ ပျိုးပင်လေးပေါက်လာပြီ။

 

ထို ပျိုးပင်ပေါက်လေးက သူ့ရဲ့ ပါးလွှာတဲ့ အမြစ်တွေကိုကို ဖြည်းညင်းစွာ ရွေ့လျားစေခဲ့ပြီး ၉ူ့ကိုရစ်ပတ်လာခဲ့တယ်။ ကမ္ဘာဦးသစ်ရွက်ငယ်လေးတွေကိုတော့ တူညီသော ကိုယ်ဟန်အနေအထားဖြင့် ခိုင်မြဲစွာထားနေတုန်းပဲ။

 

..... ချစ်စရာကောင်းမှုတွေကိုရောင်းချနေတာက အသုံးမဝင်ဘူးနော်!

 

ခြင်္သေ့ချီက ပျိုးပင်လေးကို သူ့ရဲ့လက်ဖဝါးနဲ့ ရိုက်ထုတ်လိုက်တယ်။

 

သူသာ အင်အားလေးနည်းနည်းလောက် ထုတ်သုံးလိုက်ရုံနဲ့ ဒီအပင်လေးကပျံထွက်သွားရလောက်တယ်။

 

သို့ပေမဲ့ ဘာကြောင့်မှန်းမသိပါဘဲ သူ့ရဲ့ လက်ဖဝါးက နေရာကနေ ရွေ့သွားခြင်းမရှိပဲ ခိုင်မြဲစွာ ရပ်တန့်နေမိခဲ့တယ်။

 

ဒီလိုနဲ့ အရွက်နှစ်ရွက်ပါတဲ့ ကမ္ဘာဦးသစ်ပင်ပေါက်လေးက ခြင်္သေ့ကြီးရဲ့ လက်ဖဝါးနဲ့ အသာတို့ထိသွားပြီး စင်တီမီတာအနည်းငယ်လောက်သာမြင့်တဲ့နေရာအထိ စိတ်ကျေနပ်စွာဖြင့် လွင့်ပျံသွားလေတော့တယ်။

 

ခြင်္သေ့ချီ: "..."

 

သူက ခြင်္သေ့လေးတစ်ကောင်လိုချင်တာ! ပျိုးပင်ပေါက်လေး လိုချင်နေတာမဟုတ်ဘူး!

 

***