Ch 10
Viewers 2k

(10)

 

သူ့ရဲ့စွမ်းရည်ပြန်လည်ကောင်းမွန်လာပြီးနောက် ချီကျွင့် စတိုးဆိုင်မန်နေဂျာပေးလိုက်တဲ့ ကတ်အလွတ်တွေကို ထုတ်ယူလိုက်တယ်။

 

သို့သော်လည်း သူ့အနေနဲ့ ခြင်္သေ့အခြေအနေမှာရှိနေဆဲဖြစ်ပြီး ဘယ်အချိန်မှာ ပြန်ပြောင်းမလဲဆိုတာကို မသေချာဘူး။

 

သူက ကိုယ်ပွားလေးရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတာလေ။ အခုလို မီးတောက်လွယ်ပြီး ပေါက်ကွဲလွယ်တဲ့ ခြင်္သေ့က အလွယ်တကူစိတ်ဓာတ်ကျနိုင်ပြီး ဒါတွေက သားရဲဘိုးဘွားဗီဇရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဆိုတာကိုလည်း သူသိထားတယ်။

 

သို့ပေမဲ့ သိရုံပဲသိတာတာက အသုံးမဝင်ဘူ။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သူ မသိဘူးလေ။

 

ချီကျွင့် သားရဲထွင်းတဲ့ကတ်အလွတ်တွေကို သူ့ရဲ့သားရဲမျက်လုံးတွေနှင့်သာ စိုက်ကြည့်နေနိုင်ခဲ့ပြီး အခြားနည်းလမ်းများကို တွေးတောနေခဲ့တယ်။

 

သူ့ရဲ့ ခြင်္သေ့လက်ဖဝါးနှစ်ဖက်ကတော့ သားရဲထွင်းစုတ်တံကို ကိုင်နိုင်လိမ့်မယ်လို့ သူ မမျှော်လင့်နိုင်ဘူး။  ကိုင်နိုင်ခဲ့မယ်ဆိုရင်တောင်  သေးငယ်တဲ့လိုင်းတွေကို ကတ်ပေါ်မှာ ထွင်းထုဖို့ဆိုတာက ကောင်းကောင်းထွက်လာနိုင်ဖို့ဆိုတာ ပုံဖော်ကြည့်လို့တောင်မရနိုင်ဘူး။

 

ချီကျွင့် သူ့မိသားစုရဲ့ ကမ္ဘာဦးသစ်ပင်ကြီးကို ရုတ်တရက် မနာလိုဖြစ်လာမိတယ်။  အပင်အိုကြီးက  မာကျောခြင်းကိုရော ပျော့ပျောင်းခြင်းကိုပါ လုပ်နိုင်သလို ထူထဲတာကိုရော ပါးလွှာတာကိုပါလုပ်နိုင်တယ်။  နောက်ပြီးမြင့်မားတဲ့ သန်မာမှုနှင့် ကြမ်းတမ်းတဲ့အရာတွေကိုရော နူးညံ့တဲ့အရာတွေကိုပါ လုပ်နိုင်သေးတယ်။

 

အမှန်ပဲ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ အရွယ်အစားသည်လည်း အတူတူပဲ။ ဒါမှမဟုတ် ..... ကိစ္စတွေအားလုံးက... ပိုပြီးစိတ်ဝင်စားစရာကောင်းအောင်လုပ်နိုင်တယ်။

 

ခြင်္သေ့လေးက နှာမှုတ်ပြီး သူ့ရဲ့လက်ဖဝါလေးနဲ့ ခေါင်းကို အသာပုတ်လိုက်တယ်။

 

ဒီလို နှာဘူးကျတဲ့အတွေးတွေကို သူ ဘယ်လိုများတွေးတောနေနိုင်သေးတာလဲ? သူက အပြင်ဘက်မှာ တောင့်ခဲနေတဲ့ ကမ္ဘာဦးသစ်ပင်ကြီးက သူ့ကို နှစ်သိမ့်ပေးလာမှာကို လိုချင်နေသေးတာလား

 

နောက်ပြီး ထို အပင်အိုကြီးက သူ့ရဲ့အနှစ်သာရတွေကို တခြားအမပင်တွေဆီကို လွှဲပြောင်းပေးထားသောတာ!

 

ချီကျွင့် သူ့ရဲ့ ဖောက်လွဲဖောက်ပြန်နိုင်တဲ့ အတွေးတွေကို ပြန်လည် ဆွဲယူလိုက်တယ်။

 

မသန်စွမ်းတဲ့သစ်ပင်အိုကြီးတစ်ပင်နဲ့ ဈေးပေါတဲ့ သားတစ်ပင်ကို ပြုစုပျိုးထောင်ဖို့အတွက် သူ ပိုက်ဆံရှာရမယ်!

 

သူ စတိုးဆိုင်မန်နေဂျာဆီကို နေ့စဥ်နေ့တိုင်း သားရဲကတ် (၁၀)ကတ်ကို ရောင်းချပေးမယ်လို့  ကတိပေးခဲ့ပေမဲ့ ပထမနေ့မှာပဲ ကတိကို ချိုးဖျက်လိုက်မိပြီ။

 

ဒါက သိပ်မကောင်းဘူးဆိုပေမယ့် သူ မနက်ဖြန် ဆိုင်မန်နေဂျာဆီကို သွားပြီး ရှင်းပြပေးနိုင်တယ်။

 

ချီကျွင့် သိပ်ပြီး အလျင်မလိုခဲ့ဘူး။

 

ရှားပါးတဲ့ ကုန်ပစ္စည်းတွေ သိမ်းဆည်းထားဖို့ထိုက်တန်တယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ်လေ။

 

တစ်နေ့မှာ ပစ္စည်းတွေ ကုန်သွားရင်တော့ သူ့ထက် ပိုပြီး စိုးရိမ်ရမဲ့သူတစ်ယောက်ရှိနေလိမ့်မယ်။

 

ဥပမာအားဖြင့် စတိုးဆိုင်မှာ တစ်နေ့ကုန်နီးပါးစောင့်ဆိုင်းနေတဲ့ လင်းကျစ်မူလိုမျိုး။

 

လင်းကျစ်မူက ပိုက်ဆံအများကြီးသုံးပြီး လူငယ်လေးလုပ်ထားတဲ့ သားရဲကတ်တွေ အကုန်လုံးကိုဝယ်ယူခဲ့တယ်။ သို့သော်လည်း သားရဲပုံစံကို လေ့လာရန်အတွက်  မလုံလောက်ခဲ့ဘူး။

 

သူ့အနေနဲ့ ဆယ်ကျော်သက်လေးရဲ့ ပါးစပ်မှ လျှို့ဝှက်ချက်ကို ရယူနိုင်ရမ် ဒါမှမဟုတ် နောက်ထပ်ကတ်တွေ အများကြီးဝယ်ယူနိုင်ရန် လိုအပ်နေခဲ့တယ်။

 

လင်းကျစ်မူက သူ့ရဲ့နာမည်အတိုင်းပဲ။  ချောမောတဲ့ မျက်နှာကိုပိုင်ဆိုင်ထားပြီး နူးညံ့သိမ်မွေ့ကာ ရေလိုမျိုး ကျော့ရှင်းရည်မွန်နေခဲ့တယ်။ သူ ပြုံးလိုက်တဲ့အချိန်မှာ လူတွေကို နွေဦးလေညင်းကို ကြုံတွေ့ရသလို ခံစားရစေတယ်။

 

သူက ဆံပင်ကေကို ပုံစံအသစ်ညှပ်ထားပြီး သူ့ရဲ့အဝတ်အစားတွေကလည်း အထက်တန်းကျလွန်းတယ်။ ဒါကြောင့် သူ ဆိုင်ထဲကို ဝင်လာတဲ့အချိန်မှာ မရေမတွက်နိုင်တဲ့လူတွေရဲ့ မျက်လုံးတွေကို ဆွဲဆောင်နိုင်ခဲ့တယ်။

 

သူက သူ့ရဲ့ ထူးကဲတဲ့ အသွင်အပြင်ကြောင့် ငွေသားနှင့် ငွေပေးချေနည်းကိုသာ သိပြီး ပညာမတတ် အသိဥာဏ်မရှိတဲ့ လူငယ်လေးရဲ့ အာရုံကို ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်ခဲ့တယ်။

 

သူက မနက်ပိုင်း သားရဲကတ်စတိုးဆိုင်က ဖွင့်ကတည်းက စောင့်ဆိုင်းနေခဲ့ပေမဲ့ အခု မွန်းလွဲချိန်ကို ရောက်နေတာတောင် ဆယ်ကျော်သက်လူငယ်လေးက မပေါ်လာသေးဘူး။

 

သူ ဆိုင်မန်နေဂျာကို အကြိမ်ပေါင်းများစွာ မေးမြန်းခဲ့ပေမဲ့လည်း ဆိုင်မန်နေဂျာကလည်း မသိကြောင်းပြောလာခဲ့တယ်။

 

ဒါက လင်းကျစ်မူရဲ့နှလုံးသားပေါ်ကိုထောင်ပေါင်းများစွာသော ခြစ်ရာတွေကို ဖန်တီးပေးခဲ့ပြီး သူ့ရဲ့ စိတ်နေစိတ်ထားကို ထိန်းသိမ်းရန် ခက်ခဲနေခဲ့တယ်။

 

တစ်နေ့တာ ကုန်ဆုံးခါနီးဖြစ်လာပြီး ဆိုင်ပိတ်ချိန်ရောက်ခါနီးပြီဖြစ်ပေမဲ့လည်း လင်းကျစ်မူက လူငယ်လေးကို မတွေ့နိုင်သေးဘူး။

 

လူငယ်လေးက သူ့သားရဲပုံစံတွေရဲ့တန်ဖိုးကို ရှာဖွေတွေ့ရှိခဲ့တာကြောင့်များလို့တောင် တွေးတောလာခဲ့တယ်။

 

လင်းကျစ်မူရဲ့စိုးရိမ်ပူပန်မှုနှင့် နှိုင်းယှဉ်ရင် စတိုးဆိုင်မန်နေဂျာက အတော်လေး စိတ်အေးလက်အေးရှိနေသေးတယ်။

 

သူက အရွယ်ရောက်ပြီးကာစဖြစ်ပုံရတဲ့ ကြယ်ငါးပွင့်သားရဲကတ်ထွင်းသူရဲ့ စကားကို အမှန်တကယ်ယုံကြည်ခဲ့ပြီး ထိုလူငယ်လေးက အမှန်တကယ်ပင် လုပ်နိုင်စွမ်းရှိကြောင်းကိုလည်း ဆုံးဖြတ်နိုင်ခဲ့တယ်။

 

ဒီဝယ်သူက သားရဲကတ်တစ်ဒါဇင်လောက် ဝယ်ယူခဲ့ပေမဲ့လည်း လိုင်းပုံစံတွေကို မလေ့လာနိုင်သေးဘူး။

 

ဒီတော့ ဆယ်ကျော်သက်လေးက  ကတ်တွေကို ဒီနေ့ လာမပို့ရင်တောင် အရေးမကြီးဘူးလို့ တွေးနေခဲ့တယ်။

 

စတိုးဆိုင်မန်နေဂျာက အနာဂတ်မှာ ဒီအလားအလာရှိတဲ့ ကြယ်ငါးပွင့်သားရဲကတ်ရေးထွင်းသူနဲ့ ဘယ်လို ချိတ်ဆက်ထားရမလဲဆိုတာကို တွေးတောနေခဲ့တယ်။

 

အချိန်က နောက်ကျနေပြီဖြစ်ပြီးဆိုင်ပိတ်ချိန်ကိုရောက်လာခဲ့ပြီ။ စတိုးဆိုင်မန်နေဂျာက လင်းကျစ်မူကို  လှမ်းပြောလိုက်တယ်။

 

"မစ်စတာ.. ကျွန်တော်တို့ တံခါးပိတ်တော့မှာပါ"

 

လင်းကျစ်မူက သူ့ရဲ့ဒေါသကို ဖိနှိပ်ထားပြီး အပေါ်ယံမှာ ဂုဏ်ယူဝံ့ကြွားတဲ့အမူအယာကို ဖော်ပြထားခဲ့တယ်။

 

"ငါ  ကြယ်ငါးပွင့်သားရဲကတ်ရေးထွင်းသူရဲ့ သားရဲကတ်တွေကို  ကြိုတင်စာရင်းသွင်းထားလို့ရမလား"

 

ဆိုင်မန်နေဂျာက ခေါင်းညိတ်လိုက်တယ်။

 

"ရတာပေါ့.. သားရဲကတ်တိုင်းက ကြယ် ဒင်္ဂါး(50,000) ကျသင့်မှာဖြစ်ပြီး ဒါတွေက ကြယ်ငါးပွင့်သားရဲကတ်ဖြစ်တဲ့အတွက်ကြောင့် မစ်စတာအနေနဲ့ စရံငွေအဖြစ် တစ်ဝက်ပေးချေဖို့ လိုအပ်ပါတယ်.. မစ်စတာ ဘယ်နှစ်ကတ်လောက် အလိုရှိတာလဲ"

 

"ငါ ကတ်(20) အရင်မှာထားလိုက်မယ်"

 

သူသာ တတ်နိုင်ရင် အဲဒီတစ်ယောက်ရဲ့သားရဲကတ်တွေအားလုံးကို ဝယ်ရလိမ့်မယ်။

 

လင်းကျစ်မူတစ်ယောက် ထိုသားရဲကတ်ရဲ့ ပုံစံလိုင်းတွေကို လေ့လာပြီးနောက် ပိုပိုပြီး ရှော့ရလာခဲ့တယ်။

 

ဒါတွေက သားရဲပုံစံလိုင်းတွေရဲ့ ရိုးရှင်းတဲ့ဗားရှင်းပဲ။

 

ဒါတွေကို အကြီးတန်းသားရဲ ကတ်ရေးထွင်းသူတွေ များစွာနှင့် လေ့လာခဲ့ပေမဲ့လည်း ဒီအတိုင်းအတာလောက်အထိ ရိုးရှင်းအောင် ဘယ်သူကမှ မလုပ်နိုင်ခဲ့ကြဘူး။

 

ဒီသားရဲပုံစံလိုင်းရဲ့ တန်ဖိုးက သူအရင်တုန်းက မျှော်လင့်ထားတာထက် အများကြီး ကျော်လွန်သွားနိုင်တယ်။

 

သူ တစ်နေကုန် စောင့်ဆိုင်းနေခဲ့ရင်းနဲ့  အင်ပါယာရဲ့သားရဲပုံစံတွေအေပါ် မူပိုင်ခွင့်အမျိုးအစားတွေနှင့် စစ်တပ်ရဲ့သားရဲပုံစံလိုင်းအတွက် ဆုလာဘ်စာရင်းတွေကို စစ်ဆေးနေခဲ့တယ်။

 

ဒီသားရဲပုံစံလိုင်းရဲ့ ခန့်မှန်းတန်ဖိုးက ကြယ်ဒင်္ဂါးတစ်ဘီလီယံလောက်အထိ ဖြစ်လာနိုင်တယ်။

 

ဒီအထဲမှာ နောက်ဆက်တွဲရရှိလာမဲ့  ဂုဏ်သိက္ခာနှင့် သြဇာလွှမ်းမိုးမှုတွေကို မပါသေးဘူး။

 

ထပ်ပြောရရင် ဒီနည်းလမ်းကိုအသုံးပြုပြီး အခြားသောအဆင့်မြင့်သားရဲပုံစံလိုင်းတွေအားလုံးကိုလည်း ဒီနည်းလမ်းကိုသုံးပြီး ရိုးရှင်းစွာ ပြုလုပ်နိုင်လာလိမ့်မယ်။

 

ဒါက ကံကြမ္မာတစ်ခုဖြစ်လာပြီး သူက သမိုင်းမှာကျော်ကြားသူတစ်ယောက်ဖြစ်လာလိမ့်မယ်။

 

ဒီအကြောင်းတွေကို တွေးတောမိချိန်မှာလင်းကျစ်မူရဲ့ သွေးတွေက ဆူပွက်လာခဲ့တယ်။ ကံမကောင်းစွာပဲ သူ့အနေနဲ့ ဒီလောက်များပြားတဲ့ သားရဲကတ်တွေကိုကို ချိုးဖျက်ပြီးလေ့လာခဲ့တာတောင် လိုင်းအတွင်း မှ စွမ်းအင်ဖြန့်ကျက်မှုတွေကို မတွေ့ရှိနိုင်သေးဘူး။

 

သူ နောက်ထပ် သားရဲကတ်တွေ လိုအပ်နေသေးတယ်။

 

ဆိုင်မန်နေဂျာက ခေါင်းညိတ်ပြီးပြုံးပြလိုက်တယ်။

 

"ရပါတယ်..ကျေးဇူးပြုပြီး စရံငွေ  ကြယ်ဒင်္ဂါးပြား(500,000)ကို ပေးချေပေးပါဦး

 

လင်းကျစ်မူနာကျင်မှုအချို့ကို ခံစားလိုက်ရတယ်။ ကံကောင်းထောက်မစွာနဲ့ မနေ့က သူ့အဖေဆီကနေ ပိုက်ဆံတောင်းနိုင်ခဲ့တယ်။  ဒါမှမဟုတ်ရင် စရံငွေအတွက်တောင် တတ်နိုင်မှာမဟုတ်ဘူး။

 

လင်းကျစ်မူက ဆိုင်ထဲမှ ထွက်သွားပြီးနောက် စတိုးဆိုင်မန်နေဂျာက အမည်မသိသားရဲရေးထွင်းသူရဲ့ ကြယ်တာရာကတ်ဆီသို့ ပိုက်ဆံကို တွန့်ဆုတ်မှုမရှိ တိုက်ရိုက်လွှဲပြောင်းပေးခဲ့တယ်။

 

တခါတရံမှာ စွန့်စားခြင်းက အကျိုးကျေးဇူးတွေများစွာ ရရှိလာနိုင်တယ်ဆိုတာကို သူသိထားတယ်။

 

တကယ်လို့ သားရဲကတ်ရေးထွင်းသူ ပျောက်ကွယ်သွားပါက သူ့အနေနဲ့ ကြယ်ဒင်္ဂါး (500,000)ကိုသာ ဆုံးရှုံးသွားလိမ့်မယ်။  သို့ပေမဲ့ သူသာ ဒီသားရဲကတ်ရေးထွင်းသူရဲ့ ယုံကြည်အားကိုးမှုကို ရခဲ့မယ်ဆိုရင် နောင်အနာဂတ်မှာ အကျိုးကျေးဇူးတွေများစွာ ရရှိလာနိုင်လိမ့်မယ်။

 

ဒီစျေးဝယ်သူက  ဆယ်ကျော်သက်လေးရဲ့ စွမ်းရည်ကို ထပ်လောင်းအတည်ပြုထားတယ်ဆိုတာကတော့ ထည့်ပြောစရာတောင်မလိုဘူး။

 

ထို့နောက်မှာတော့ ညစာစားပြီးသွားတဲ့ ခြင်္သေ့ငယ်လေးတစ်ကောင်က သူ့ရဲ့လက်ဖဝါးအောက်မှ ကြယ်တာရာကတ်ပြားက လင်းလက်သွားတာကို မြင်လိုက်ရတယ်။

 

သူ့ရဲ့အကောင့်ထဲကို နောက်ထပ် ကြယ်ဒင်္ဂါးပြား  (500,000) ဝင်လာခဲ့တာပဲ။

 

ချီကျွင့်  ကြယ်တာရာကတ်ကိုထိလိုက်တယ်။ သူ့အနေနဲ့ ဒီနေ့ သားရဲကတ်တွေ သွားမပို့ပေးနိုင်တာကြောင့်  စတိုးဆိုင်မန်နေဂျာက ဒေါသဖြစ်နေလိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့် ဆိုင်မန်နေဂျာက သူ့ကို ပိုက်ဆံပိုးပေးလာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

 

ချီကျွင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ဘူး။ ဒီလူကတော့ တကယ်ကို စီးပွားရေးလုပ်လို့ရတယ်။

 

ဆိုင်မန်နေဂျာက အတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ ချီကျွင့်တွေးမိတယ်။

 

သူက ချီကျွင့်ရဲ့ကျွမ်းကျင်မှုကို မှားယွင်းတွေးတောခဲ့ပေမဲ့လည်း လျှင်မြန်စွာတုံ့ပြန်နိုင်ကာ ချီကျွင့်နဲ့ ပူးပေါင်းဖို့ စတင်ပြောလာခဲ့တယ်။

 

ဒီတစ်ကြိမ်  ကြယ်ပွင့်ဒင်္ဂါးပြား(500,000)က သေးငယ်တဲ့ ပမာဏမဟုတ်ပေမဲ့ စတိုးဆိုင်မန်နေဂျာရဲ့ရိုးသားမှုကိုမြင်တွေ့နိုင်စေခဲ့တယ်။ တစ်ဖက်မှ သံလွင်ခက်ကို ပို့ပေးလာပြီးကတည်းက ချီကျွင့်သည်လည်း အဆင်သင့်လက်ခံခဲ့တယ်။

 

နောက်ဆုံးမှာတော့ လက်ရှိမှာ သူက ငယ်ရွယ်တဲ့ ခြင်္သေ့လေတစ်ကောင်စာဖြစ်နေခဲ့ပြီး ပါတနာတွေလိုအပ်နေခဲ့တယ်။

 

ချီကျွင့် ရုတ်တရက်သူကံကောင်းတာပဲလို ခံစားလိုက်ရတယ်

 

ထက်မြက်ပြီး အမြတ်ကြီးစားတဲ့လူတွေနှင့် သူတွေ့ဖူးတယ်။

 

ပူးပေါင်းဆောင်ရွက်မှုနဲ့  ပတ်သက်ပြီး အဆင်ပြေချောမွတ်သွားပြီဆိုတော့ ဗိုလ်ချုပ်နဲ့ စကားပြောတဲ့အချိန်ကျရင်.....

 

ခြင်္သေ့ငယ်လေးက ပက်လက်လှန်ကာ လှဲလိုက်ပြီး သူ့ရဲ့ လက်ဖဝါးလေးတွေကို လုံးဝန်းတဲ့ ဗိုက်ပေါ်မှာသားများကို ဖုံးအုပ်ထားပြီး ဖြည်းင်းစွာပွတ်သပ်နေခဲ့တယ်။

.

 

ကမ္ဘာပျက်ကြီးအတွင်း အရင်းအမြစ်တွေပြတ်လပ်မှုကို ကြုံတွေ့ခဲ့ရပြီးနောက် သူ့ကိုအပျော်ရွှင်ဆုံးအရာက နွေးထွေးတဲ့ အဝတ်အထည်တွေကို ဝတ်ဆင်ရတာပဲ...  မေ့လိုက်ပါတော့။ သူ့ရဲ့သားမွေးနှင့်ဆိုရင် ဘာမှဝတ်လို့မရဘူး... အသားစားရခြင်းထက် ပိုပြီးကောင်းတဲ့အရာမရှိဘူး။

 

စက်ရုပ်အိုကြီးက တကယ်ကို သင်ယူနိုင်တယ်။ သူ စက်ရုပ်အိုကြီးကို အကင်စက်မှာ အမဲသားကို ဘယ်လိုချက်ရမလဲဆိုတာကို သင်ပေးပြီးနောက်စက်ရုပ်အိုကြီးက ကြက်သား၊ သိုးသား၊ ဝက်သားနှင့် တခြားအမည်မသိအသားတွေကို ကင်ပေးတတ်နေပြီ။

 

ခြင်္သေ့လေးက စိတ်ကျေနပ်စွာနှင့် ခန္ဓာကိုယ်ကို နှစ်ကြိမ်လောက် လှည့်ပတ်ပြီး အော်ဟစ်လိုက်တယ်။

 

သူ့ရဲ့ဘေးမှာရှိနေတဲ့ စက်ရုပ်အိုကြီးက ခြင်္သေ့လေးရဲ့ဗိုက်ကို အံ့သြစွာဖြင့် စိုက်ကြည့်နေခဲ့တယ်။ ဒီစက်ရုပ်အိုကြီးမှာ အလေ့အထတစ်ခုရှိလာခဲ့တယ်။ ထိုအရာကတော့ သူနားမလည်တဲ့အရာတွေ တစ်ခုခုရှိလာရင် မှတ်တမ်းတင်ပြီး ဗိုလ်ချုပ်ဆီကို ပို့ရမယ်!

 

စက်ရုပ်အိမ်တော်ထိန်းရဲ့ 3D ဗီဒီယိုကို ပေးပို့လိုက်ချိန်မှာ ကုယန်ကျန်းကပြန်လည်ကောင်းမွန်လာရုံပဲရှိသေးတယ်။ သူက စက်ရုပ်အိမ်တော်ထိန်းရဲ့ မက်ဆေ့ချ်ကို ကြည့်ဖို့တောင် အချိန်မရသေးခင်မှာပဲ သူ့ရဲ့အသိစိတ်ကို ခွဲခြမ်းကာ အဖော်သစ်ပင်ကြီးဆီသို့ ပို့လွှတ်လိုက်လေတယ်။

 

သူက အိမ်နောက်ဖေးမှ ကမ္ဘာဦးသစ်ပင်ကြီးက သူ့ရဲ့အကိုင်းတွေကို ဆန့်ထုတ်ကာ ဧည့်ခန်းလှေကားထစ်ဘက်သို့ လှည့်သွားခဲ့တယ်။

 

ခြင်္သေ့လေးက သူ့ရဲ့ဗိုက်ကိုလှစ်ဟပြကာ လှည့်ပတ်နေတာကို တွေ့လိုက်ရပြီးနောက် ဗိုလ်ချုပ်ကြီးရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့သူ့ရဲ့ ခြင်္သေ့လေးနာကျင်နေတာလား?

 

သူ အရမ်းနာကျင်လွန်းလို့ တွန့်လိမ်နေတာလား?

 

ချက်ချင်းပဲ ဧည့်ခန်းပြတင်းပေါက်မှ မရေမတွက်နိုင်လောက်တဲ့ သစ်ကိုင်းတွေက ခြင်္သေ့ငယ်လေးဆီသို့ ပြေးသွားခဲ့တော့တယ်။

 

တစ်ချိန်တည်းမှာပဲ ကြီးမားတဲ့ကုသစွမ်းရည်တွေက သစ်သားကိုင်းတွေဆီမှာ ရောနှောကာ  စွမ်းအား လှိုင်းလုံးကြီးတွအဖြစ် ဖြတ်သန်းလာခဲ့တယ်။

 

ခြင်္သေ့လေးက သူရဲ့ဝမ်းဗိုက်ကိုကိုင်ကာ လှည့်ပတ်နေစဥ်မှာပဲ ကုသနိုင်တဲ့စွမ်းအင်မြူခိုးတွေနဲ့ ဖုံးလွှမ်းနေတဲ့ ကမ္ဘာဦးသစ်ပင်အကိုင်းအခက်တွေက သူ့ရဲ့အနားကို ရောက်လာတာကို မြင်တွေ့လိုက်ရတာကြောင့်  ရပ်တန့်လိုက်မိတယ်။

 

ဒီကမ္ဘာဦးသစ်ပင်ကြီး နားလည်မှုလွဲသွားတာကို ချီကျွင့် သဘောပေါက်သွားရတယ်။ သူ ရုတ်တရက်ပဲ ပျိုးပင်ပေါက်လေးတစ်ပင် ရှိနေတဲ့ကိစ္စကို သူ့မိသားစုရဲ့ ကမ္ဘာဦးသစ်ပင်ကြီးနှင့် မဖြေရှင်းချင်တော့ဘူး။

 

ခြင်္သေ့ငယ်လေးရဲ့ ပယင်းရောင်မျက်လုံးတွေက ရေအနည်းငယ်နှင့် ပြည့်လျှံလာပြီး သူရဲ့နှာခေါင်းကလည်း အနည်းငယ် ချဥ်တူးလာရတယ်။ ကုယန်ကျန်းရဲ့ မျက်လုံးရှေ့မှာ သူ တကယ်မသေချင်ခဲ့ဘူး...

 

သူတို့နှစ်ယောက်ရဲ့ နေရာသာ ပြောင်းလဲသွားခဲ့မယ်ဆိုရင် ဒီကိစ္စက ဘယ်လောက်တောင် ကြောက်စရာကောင်းပြီး နာကျင်ရမလဲဆိုတာ သူတွေးကြည့်နိုင်တယ်

 

သူ သူ့ရဲ့ဗိုက်ပေါ်မှ လက်နှစ်ချောင်းကို မြှောက်လိုက်ပြီး သူ့ရဲ့ပျော့ပျောင်းပြီး အနည်းငယ်ဖောင်းနေတဲ့ ဗိုက်ကို ဖော်လှစ်ပြလိုက်တယ်။

 

ထို့နောက် သူ့ရဲ့လက်ကို ဆန့်တန်းကာ မြူအပြင်ဘက်မှာ ထွက်ပေါ်နေတဲ့ ထူထဲတဲ့ကမ္ဘာဦးသစ်ပင်ကြီးရဲ့ အကိုင်းအခက်ကို ထိကာ တိုးလျပြီး တုန်ယင်နေတဲ့အသံနဲ့ ပြောလိုက်မိတယ်။

 

"ဖက်ပေး"

 

နဂါးငွေ့တန်း အနည်းငယ်အကွာမှ ဗိုလ်ချုပ်ကြီးတစ်ယောက် တောင့်တင်းစွာ ထရပ်လိုက်မိပြီး သူ့ရဲ့အဖော်သစ်ပင်ခန္ဓာကိုယ်ကို ထိန်းချုပ်လုနီးပါး ဖြစ်သွားရတယ်။

 

မြူအပြင်ဘက်မှာရှိနေတဲ့ ကမ္ဘာဦးသစ်ပင် အကိုင်းအခက်တွေက တုန်ယင်သွားခဲ့ပေမဲ့ သူ့အနားသို့ နီးကပ်လာခြင်းမရှိတာကို မြင်တွေ့ရတော့ ခြင်္သေ့ငယ်လေးက သူ့ရဲ့ အမြီးလေးကို တစ်ဖြတ်ဖြတ်ဝှေ့ယမ်း အရှေ့လက်နှစ်ဖက်ကို ထပ်မံဖွင့်ဟလိုက်ပြန်တယ်။

 

"ဖက်ထားပေး"