Ch 11
Viewers 2k

(11)

 

အဆုံးမှာတော့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့သစ်ကိုင်းထူထူတွေက မာကြောနေတုန်းပဲ။

 

သူက အလွန်သေးငယ်ပြီးပျော့ပြောင်းတဲ့ သစ်ကိုင်းတွေကိုသာ ဆန့်ထုတ်လိုက်လိုက်ကာ ခြင်္သေ့လေးအား ဂရုတစိုက် ဝန်းရံလိုက်ပြီး ခြင်္သေ့လေးရဲ့ရင်ဘတ်ဆီကို မိုးရွာသွန်းမှုမှ ကာကွယ်ပေးနေသယောင် ဖုံးကွယ်တို့ထိလာခဲ့တယ်။

 

ချီကျွင့်က သူ့ရဲ့လက်ဖဝါးတွေဆီကို ထိတွေ့လာတဲ့ ကမ္ဘာဦးသစ်ကိုင်းတွေကို ဆုတ်ကိုင်လိုက်ပြီး ထိုသစ်ကိုင်းတွေကို ဆုတ်ကိုကာ အပေါ်ကို တက်လိုက်တယ်။

 

ထို့နောက် သူရဲ့ နောက်ခြေထောက်တွေနှင့် ထိုင်လိုက်ပြီး ကမ္ဘာဦးသစ်ကိုင်းတွေကို မြင်းတစ်ကောင်ကဲ့သို့ စီးနှင်းလိုက်တယ်။

 

မကြာခင်မှာပဲ ကမ္ဘာဦးသစ်ကိုင်းတွေအားလုံးက ရေလှိုင်းတွေလိုမျိုး အခန်းမှ ဆုတ်ခွာလာခဲ့ကြပြီး  နေရာတစ်ခုလုံးမှာ ရှုပ်ထွေးမှုတွေကိုသာ ချန်ထားခဲ့တယ်။

 

စက်ရုပ်အိုကြီးသည် ဆိုဖာနှင့် ဖျက်စီးခံလိုက်ရတဲ့ ဝရန်တာကိုကြည့်လိုက်တယ်။

 

ဒီအချိန်ခဏလောက်အတွင်းမှာ မိမ်နောက်ဖေးမှာရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီးက ခြင်္သေ့လေးကို လိုက်ရှုပ်ခဲ့တာလား ဒါမှမဟုတ် ခြင်္သေ့လေးက ကမ္ဘာဦးသစ်ပင်ကြီးကို လိုက်ရှုပ်တာလားဆိုတာ သူမသဲကွဲတော့ဘူး။

 

သို့ပေမဲ့ ဒါတွေက သူ့ရဲ့ပရိုဂရမ်ထဲမှာ ထည့်သွင်းထားတဲ့အထဲမှာ မပါဝင်ခဲ့ဘူး။ သူ့ရဲ့ ပရိုဂရမ်ဆက်တင်အရ ခြင်္သေ့လေးကိုပဲဖြစ်စေ၊  အိမ်နောက်ဖေးမှာရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီးကိုဖြစ်စေ မတိုက်ခိုက်ဖို့ကိုသာ ရှင်းရှင်းလင်းလင်း ညွှန်ကြားထားတယ်။ ဒါကြောင့် သူလုပ်နိုင်တဲ့အားလုံးကတော့...

 

“ဗိုလ်ချုပ်ကြီး ဒုတိယသခင်လေး အဝေးကို ထွက်ပြေးဖို့ လုပ်နေပါတယ်!”

 

စက်ရုပ်အိုကြီးက ခြင်္သေ့လေး ကမ္ဘာဦးသစ်ကိုင်းကြီးတွေကို စီးနေတဲ့ သုံးဖက်မြင် ဗီဒီယိုအား ဗိုလ်ချုပ်ကြီးဆီ သို့ ပို့ပေးလိုက်တယ်။

 

ကံမကောင်းစွာဖြင့် ဗိုလ်ချုပ်ကြီးတစ်ယောက်ကတော့ သူ့ရဲ့ ကွမ်တမ်ကွန်ပျူတာကို ကြည့်ဖို့အတွက် အချိန်ရှိမနေခဲ့ဘူး။

 

စက်ရုပ်အိုကြီးရဲ့ ရိုက်ကူးမှုအလင်းတန်းတွေက အပြင်မှာ ဖြစ်ပျက်နေသမျှကို သက်သေတွေအဖြစ် ချန်ထားနိုင်ဖို့အတွက် ဆုံးဖြတ်ချက်အပြည့်နဲ့ ပျက်စီးနေပြီဖြစ်တဲ့ ဝရန်တာတစ်လျှောက်ကနေ တချိန်လုံး လင်းလက်နေခဲ့တယ်။

 

ထိုအချိန်မှာ အိမ်နောက်ဖေးမှာရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ ထူထဲတဲ့သစ်ကိုင်းတွေက ခြင်္သေ့လေးကို တင်းကျပ်စွာ ရစ်ပတ်ထားခဲ့ပြီး သူ့ရဲ့တစ်ကိုယ်လုံးကို သစ်သားစွမ်းရည်ဖြင့် ဝန်းရံနေခဲ့တယ်။

 

စက်ရုပ်အိုကြီးဆီမှာ အမြင်အာရုံလုပ်ဆောင်ချက်ရှိပေမဲ့လည်း သူ့အနေနှင် အပြင်ဘက်မှာ ဘာတွေဖြစ်နေတာလဲဆိုတာကို ကြည့်ရှုရန် ခက်ခဲနေသေးတယ်။

 

စက်ရုပ်အိုကြီးက အထဲဘက်အထိ ဖောက်ထွင်းပြီး မမြင်နိုင်ပေမဲ့လည်း အပြင်ဘက်မှာရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ သစ်ကိုင်းတွေကိုတော့ အလွန်အမင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သေးတယ်။

 

သစ်ပင်ရဲ့ သစ်ကိုင်းများအားလုံးက လေထဲမှာ ဝေ့ယမ်းနေကြကာ ထွက်လာကာစ ကမ္ဘာဦးသစ်ရွက်တွေကလည်း အသံတွေထွက်တဲ့အထိ လှုပ်ရှားနေပုံမရ  အရမ်းတက်ကြွနေပုံရတယ်။

 

သစ်ပင်က သိသိသာသာကြီး စိတ်လှုပ်ရှားနေတာ!

 

အထဲမှာ သေချာပေါက် တစ်ခုခု ဖြစ်ပျက်နေလောက်တယ်နော်!

 

မကောင်းမှု တစ်ခုခု ကျူးလွန်နေတာဖြစ်ရမယ်!

 

ရှေးဟောင်းစကားပုံတစ်ခုက စက်ရုပ်အိုကြီးရဲ့ ပရိဂရမ်ထဲမှာ ရှင်းပြမရနိုင်စွာ ပေါ်ထွက်လာခဲ့တယ်။

 

‘ဗိုလ်ချုပ်ကြီး ခင်ဗျားသာ ပြန်မလာသေးရင် ဆိုးရွားတဲ့အရာတစ်ခုကတော့ သေချာပေါက် ဖြစ်လာတော့မှာ!

 

တကယ်တမ်းမှာတော့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ သစ်ကိုင်းတွေကြားထဲမှာ ဘာတစ်ခုမှ ဖြစ်မနေခဲ့ဘူး။

 

ကုယန်ကျန်းကလည်း သူ့ရဲ့နှလုံးသားကို အဆုံးရှုံးခံပြီး  သူ့ရဲ့သစ်ပင်ခန္ဓာကိုယ်ကို အသုံးပြုကာ ခြင်္သေ့အား တိုက်ခိုက်နိုင်လောက်တဲ့အထိ မရူးသွပ်သေးဘူး။

 

အလွန်ဆုံး သူက ခြင်္သေ့လေးကို ငှက်သိုက်လေးတစ်ခုကဲ့သို့ ဝန်းရံနေခဲ့ရုံပဲ။

 

ခြင်္သေ့ငယ်လေးက နူးညံ့ထူထဲတဲ့အမွှေးတွေနှင့် ဖုံးလွှမ်းနေခဲ့ကာ အော်ဟစ်နေရတာက တခြားသော အကြောင်းရင်းကြောင့်ပဲ။

 

ခြင်္သေ့လေးက သစ်ရွက်တွေနဲ့ ပွတ်သပ်ခံနေရတာကြောင့် ယားယံလာခဲ့ရပြီး သူ့ရဲ့အရှေ့လက်ဖဝါးတွေနှင့် ပွတ်သတ်ကာ  အော်သံတွေ ထုတ်လွှတ်နေခဲ့တယ်။

 

ကမ္ဘာဦးသစ်ပင်ကြီးကလည်း ငြိမ်သက်ပေးခဲ့ပြီး သူ့ရဲ့မိသားစုဝင် ခြင်္သေ့လေးကို သစ်ပင်ထိပ်ဆီသို့ပို့ကာ အပင်ထိပ်ဖျားမှာ ခြင်္သေ့သိုက်လေး လုပ်ပေးခဲ့ပြန်တယ်။

 

ခြင်္သေ့လေးက အသိုက်ထဲမှာ လှဲလျောင်းနေရင်းနဲ့ သူ့ရဲ့ခေါင်းကို အနည်းငယ်ပြူထွက်ကာ ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။

 

ဒီအချိန်ကျမှ လက်ရှိဂြိုလ်မှာ လနှစ်စင်းရှိကြောင်းကို သူ ရှာတွေ့သွားခဲ့ရတယ်။  တစ်ခုက မိုးကုပ်စက်ဝိုင်း ချိတ်ဆွဲနေခဲ့ပြီး မိုးမခပင်ကဲ့သို့ ကောင်းမွန်လှကာ တခြားတစ်ခုကတော့ သူ့ရဲ့အပေါ်မှာရှိနေပြီး တောက်ပတဲ့ ငွေရောင်အလင်းတန်းတွေကို ထုတ်လွှတ်ပေးနေခဲ့တယ်။

 

လရောင်က ခြင်္သေ့လေးရဲ့ ရွှေရောင်အမွှေးများပေါ်ကို ဖြာကျလာခဲ့ကာ ပြန့်ကျဲသွားခဲ့ပြီး နူးညံ့တဲ့အလင်းစက်ကွင်းလေးတစ်ခုကို ဖန်တီးလာခဲ့တယ်။

 

ကမ္ဘာဦးသစ်ကိုင်းတစ်ကိုင်းက ခြင်္သေ့လေးလေး ပခုံးကို ရစ်ပတ်ကာ တင်းကျပ်စွာ ဆုပ်ကိုင်ပွေ့ဖက်လာခဲ့တယ်။

ပြောရမယ်ဆိုလျှင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ သူတို့တွေက ပြေးလွှားနေခဲ့ရပြီး ဇွန်ဘီတွေကို သတ်ရင်သတ်၊ မဟုတ်ရင် ထောက်ပံ့ရေးပစ္စည်းတွေကို စုဆောင်းနေခဲ့ရတယ်။

 

သူတို့တွေ အခုလိုမျိုး လရောင်အောက်မှာထိုင်ရင်း လရောင်ကို  တိတ်တဆိတ် ခံစာစဖို့အတွက်တောင်  မထိုင်ခဲ့ဖူးဘူး။

 

သူတို့ရဲ့အားလပ်ချိန်များတွေကိုတော့....   ပြင်းထန်တဲ့လှုပ်ရှားမှုတွေအတွက်သာ အသုံးပြုခဲ့တဲ့ပုံရတယ်။

 

ကုယန်ကျန်း သူ့ရဲ့ခြင်္သေ့လေးကို ကောက်ချီလိုက်ကာ လရောင်တွေဖုံးအုပ်ထားတဲ့ခြင်္သေ့လေးကို  ငေးကြည့်နေခဲ့တယ်။

 

ဒီခြင်္သေ့လေးက ကမ္ဘာပျက်ကပ်အတွင်းမှ ဟိန်းဟောက်ဟစ်ကြွေးရင်း ရန်သူတွေ အတန်းဘိုက် ဖျက်စီးချိုးဖျက်ခဲ့တဲ့ ခြင်္သေ့ကြီးနှင့်စာရင် အလွန်ချစ်စဖွယ်ကောင်းနေခဲ့တယ်။

 

ချီကျွင့် သန်းဝေလိုက်ပြီး ကမ္ဘာဦးသစ်ကိုင်းတစ်ကိုင်းကို မှီလိုက်ကာ သူ့ရဲ့လက်ဖဝါးကို မြှောက်လိုက်ပြီး မျက်လုံးတွေကို ပွတ်သပ်လိုက်တယ်။

 

သူ အနည်းငယ်အိပ်ငိုက်နေပြီဖြစ်ကာမျက်လုံးတွေကို ဆက်လက်ဖွင့်ထားရန်အတွက်တောင် ခက်ခဲလာကြောင်း သိလိုက်ရလေတယ်။

 

အတိအကျပြောရလျှင် လနှစ်စင်းက အနည်းငယ် ဝတ္ထုဆန်တဲ့ခံစားချက်ကို ရစေတာကလွဲလို့  လက ဘယ်နေရာက ကြည့်ကောင်းတာလဲဆိုတာကို တကယ်ပဲ မတွေးနိုင်ဘူး။

 

သို့သော်လည်း ကမ္ဘာဦးသစ်ပင်ကြီးကို ကြည့်ရတာ ထိုအရာကို အတော်လေး သဘောကျနေပုံရတာကြောင့် သူလည်း အသေအချာလေး ပူးပေါင်းပေးနေခဲ့တယ်။

 

သူ့ရဲ့ ရှုပ်ထွေးနေတဲ့ ခေါင်းလေးက ဒီသစ်ပင်ကြီးတွေကက တောက်ပ တဲ့ ခရစ်စတယ်လို အရာဝတ္ထုတွေကို သဘောကျလောက်တယ်ဆိုတဲ့ အတွေးကို ပေါက်ပေါက်ရှာရှာ တွေးတောနေမိခဲ့တယ်။

 

အဆုံးမှာ သူတို့ရဲ့အသက်ရှင်သန်မှုက ထိုတောက်ပတါ်အရာတွေ(နေ၊လ)အပေါ်မူတည်တာပဲလေ။

 

ခြင်္သေ့ငယ်လေးက စိတ်ရှုပ်ထွေးနေတဲ့ဟန်ပန်ဖြင့် မျက်လုံးတွေကို မှိတ်လိုက်ပြီး ပြုံးရယ်လိုက်မိပြန်တယ်။

 

နောက်တစ်ကြိမ်ကျရင်တော့ ကောင်းကင်ပေါ်က လနှစ်စင်းက သူ့ရဲ့အဒေါ်တွေဖြစ်နိုင်ကြောင်း သူ ကမ္ဘာဦးပျိုးပင်လေးကို ပြောပြရမယ်။

 

ကုယန်ကျန်းက အိပ်ပျော်သွားတဲ့ ခြင်္သေ့လေးကို ချီထားရင်း သူ့ရဲ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ကာ ပိုပြီးနူးညံ့ပျော့ပြောင်းတဲ့သစ်ကိုင်းတွေနဲ့ ဘေးနားမှာဝန်းရံထားပေးခဲ့တယ်။

 

ကမ္ဘာသစ်ပင်ကြီးရဲ့ ရင်းနှီးနေတဲ့ ခံစားမှုတွေ ချီကျွင့်ကို ဖုံးလွှမ်းထားခဲ့ပြီး  ကမ္ဘာကြီးရဲ့ အဆုံးသတ်နေ့ရက်တွေဆီသို့ ပြန်ရောက်သွားသလိုမျိုး ခံစားရစေတယ်။

 

ထိုအချိန်တုန်းက သူတို့တွေ  ကားမပါဘဲ အခြေစိုက်စခန်း A သို့ လမ်းတစ်လျှောက်လုံး တောက်လျှောက်ပြေးလာခဲ့ရတယ်။

 

နှစ်ပေါင်းတစ်ရာသက်တမ်းရှိပြီး ရှည်လျှားနဲ့ ကမ္ဘာဦးသစ်ပင်ကြီးက လျှက်မြန်မြန်ပြီး အလွယ်တကူ လမ်းလျှောက်နိုင်ခဲ့တယ်။

 

ထိုသစ်ပင်ကြီးက ဇွန်ဘီတွေကို သတ်ရန်အတွက် သစ်ရွက်ဓားတွေကို  ထုတ်လွှတ်ပြီး အမျိုးမျိုးသော ပစ္စည်းထောက်ပံ့ရေးတွေကိုလည်း သစ်ကိုင်းများပေါ်မှာ ဆွဲချိတ်ထားခဲ့တယ်။

 

နေ့အချိန်တွေမှာ ချီကျွင့်က ခြင်္သေ့ကြီးတစ်ကောင်အဖြစ်နဲ့ သူ့ရဲ့သတ္ထုစွမ်းအားကို အသုံးပြုပြီး ကမ္ဘာဦးသစ်ပင်ကြီးကို ကူညီပြီး ဇွန်ဘီတွေကို သတ်ဖြတ်ရာမှာ ကူညီပေးလိမ့်မယ်။ ပြီးတော့ ပစ္စည်းအမျိုးစုံနှင့် ဇွန်ဘီအမြုတေတွေကို စုဆောင်းလိမ့်မယ်။

 

ညအချိန်မှာတော့ ကုယန်ကျန်းကအိပ်စက်ခြင်းမရှိဘူး။

 

သူက အခုလိုမျိုး ကမ္ဘာဦးသစ်ကိုင်းတွေနှင့်  ချီကျွင့်အား လေဒဏ် မိုးဒဏ်မှ ကာကွယ်ပေးတတ်ပြီး သက်တောင့်သက်သာရှိတဲ့ အသိုက်လေး လေးပေးလာလိမ့်မယ်။ ပြီးရင် သူ့ကို အကြောက်တရားကင်းမဲ့စွာနှင့် အန္တရာယ်ကင်းစွာ၊ ငြိမ်သက်အေးချမ်းစွာ အိပ်စက်စေလိမ့်မယ်။

 

ချီကျွင့် ရုတ်တရက် သူ့ရဲ့စိတ်တွေကို  လျော့ချလိုက်တယ်။

 

သူက ကမ္ဘာဦးသစ်ပင်ကြီးရဲ့ ကြီးမားတဲ့သစ်ကိုင်းကြီးကို သူ့ရဲ့လက်ဖဝါးလေးတွေကို သုံးပြီး ပွေ့ဖက်လိုက်ကာ မျက်လုံးတွေကို မှိတ်လျက်သားနှင့် အသိုက်ထဲမှာ လိမ့်နေခဲ့တယ်။

 

သတ္ထုသိုက်ဖြစ်ဖြစ်၊ ဒါမှဟုတ် ရွှေအသိုက်ဖြစ်ဖြစ် သူ့မိသားစုရဲ့ငှက်သိုက်လောက် မကောင်းဘူး။

 

ကုယန်ကျန်း ခြင်္သေ့လေးကို သူ့ရဲ့ ရတနာလေးကဲ့သို့ကြည့်လိုက်ပြီး ဂရုတစိုက်နှင့်င့် အိပ်ခန်းထဲကို သယ်သွားလိုက်တယ်။

 

နည်းလမ်းမရှိဘူးလေ။ သူ့ရဲ့သစ်ရွက်တွေက အခုမှ ကြီးထွားနေဆဲဖြစ်ပြီ အကုန်လုံးက သေးငယ်တဲ့ ရွက်သစ်လေးတွေ ဖြစ်နေခဲ့တယ်။

 

လေနှင့်မိုးကို ကာကွယ်ရန်အတွက် ပြန့်ကျဲထားရတာ အဆင်ပြေပေမဲ့လည်း အပူချိန်ကိုတော့ ထိန်းချုပ်ရန် ခက်ခဲလွန်းတယ်။

 

နောက်ပြီး လက်ရှိမှာ မြို့တော်က နွေဦးရာသီရောက်လာဖို့ နောက်ကျနေခဲ့တယ်။

 

မရေတွက်နိုင်တဲ့ သစ်ကိုင်းတွေက အရင်တစ်ကြိမ် သူဖျက်ဆီးခဲ့တဲ့ ပြတင်းပေါက်မှ ပြန်ဝင်လာခဲ့တယ်။

 

သူက ခြင်္သေ့ငယ်လေးကို အိပ်ခန်းနှင့် တွဲလျက်ပါတဲ့ ‌ရေချိုးခန်းဆီသို့ ‌ရွေ့ပြောင်းပေးလိုက်တယ်။

 

ထို့နောက် သစ်ကိုင်းများက အလိုအလျောက် ခြင်းငယ်လေးဖြစ်သွားခဲ့ကာ ခြင်္သေ့လေးကို ချီထားရင်းနှင့် ရေပန်းကိုဖွင့်လိုက်ပြီး နွေးထွေးတဲ့ရေတွေကို ဖြန်းပက်လိုက်တယ်။

 

ချီကျွင့်က နားမလည်နိုင်စွာနဲ့မျက်လုံးတွေကို ဖွင့်လိုက်တော့ ကမ္ဘာဦးသစ်ကိုင်းတွေနှင့် ပြည့်နေတဲ့ ရေချိုးခန်းထဲကိုရောက်နေတာကို  မြင်လိုက်ရတယ်။သူက ရိုးရှင်းစွာဖြင့် သူ့ရဲ့ခြေထောက်တွေကိုဖွင့်ပလိုက်ပြီး ခြင်းငယ်လေးထဲမှ ထွက်လိုက်တော့ သစ်ကိုင်းတွေက သူ့ကို တစ်ဖက်သို့ လှန်ပေးလာခဲ့တယ်။

 

ချီကျွင့်ကလည်း သစ်ပင်ကြီးကို သူ့အပေါ်မှာ စောင့်နေခွင့်ပေးလိုက်လေတယ်။

 

အပြင်ကိုထွက်လာတဲ့ ခြင်္သေ့ငယ်လေးက လုံးဝစိုရွှဲသွားတာကြောင့် သူ့ရဲ့အမွှေးတွေကလည်း ကိုယ်မှာ ကပ်သွားရတယ်။

 

ကုယန်ကျန်း ရီမောလိုက်ကာ သစ်ကိုင်းတွေကို ဆန့်ထုတ်ပြီး ခြင်္သေ့လေးရဲ့အမွေးတွေကို အနည်းငယ် ပွတ်သပ်ပေးလိုက်တယ်။

 

ရေတွေ စိုရွဲနေသွားတော့ ခြင်္သေ့လေးရဲ့ မျက်နှာလေးက ပိုလို့တောင်သေးငယ်သွားခဲ့ကာ သနားစရာကောင်းတဲ့ ခံစားချက်မျိုး ပေးနေခဲ့တယ်။

 

ဆေးကြောအခြောက်ခံပြီးနောက် ခြင်္သေ့ငယ်လေးရဲ့ အမွေးတွေက ပြန်လည်ဖောင်းပွလာကာ နူးနူးညံ့ညံ့နှင့် ပွယောင်းယောင်လေးဖြစ်လာခဲ့တယ်။

 

ထိတွေ့ကိုင်တွယ်ရရင် ခံစားလို့အရမ်းကောင်းလိမ့်မယ်။

 

ကမ္ဘာဦးသစ်ကိုင်းတွေက ခြင်္သေ့လေးရဲ့ခြေထောက်လေးတွေကို ပွတ်သပ်နေရင်း သူ ငြင်းဆန်လာမှသာ ရပ်တန့်လိုက်တယ်။

 

ထို့နောက် ကုယန်ကျန်းက ခြင်္သေ့ငယ်လေးကို  နောင်တစိတ်တစ်ချို့နှင့်ပဲ အိပ်ရာဆီသို့ ပို့ပေးလိုက်တယ်။

 

ခြင်္သေ့လေးက အိပ်မောမကျခင်မှာ အိပ်ရာထဲမှ တစ်ဖက်သို့ပြန်လှန်လာခဲ့ကာ သစ်ကိုင်း တစ်ကိုင်း နှစ်ကိုင်းကို သူ့ရဲ့ကိုယ်နဲ့ ဖိချလိုက်ပြီး မျက်လုံးတစ်ဝက်ဖွင့်လျက် စိုက်ကြည့်လာတယ်။

 

“ဟုတ်သားပဲ.. ခင်ဗျားက ဗိုလ်ချုပ်ရဲ့အိမ်နောက်ဘက်က သစ်ပင်ဖြစ်ပေမဲ့ ခင်ဗျားက အပြင်လူဖြစ်နတုန်းပဲနော်..   ဗိုလ်ချုပ်ကြီးပြန်လာရင် သူ မင်းကို ထင်းအဖြစ် မခုတ်ဖို့ သတိထားပြီးနေရမယ်

 

ကုယန်ကျန်း: “...”

 

ဒါဆို ခြင်္သေ့ငယ်လေးက အခုထိ သူ့ရဲ့အထောက်အထားမှန်ကို မသိသေးဘူးပေါ့။ ဒီနှေးကွေးတဲ့အကောင်ပေါက်လေးက သူ ဘာလို့ ဗိုလ်ချုပ်ကြီးရဲ့ အိမ်ကို သွားလိုက်လာလိုက် လုပ်နိုင်တာလဲဆိုတာကိုတောငရ သံသယမဝင်ဘူးလား။

 

ထပ်ပြောရရင် ဒီအိမ်ရဲ့ စွမ်းအားအရှိဆုံးသော ခုခံလက်နက်က အိမ်နောက်ဘက်မှာရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီးပဲ။

 

သူ့ရဲ့အသိစိတ်တွေက ကမ္ဘာဦးပင်ကြီးကနေ ထွက်သွားခဲ့ရင်တောင် ဒီကမ္ဘာဦးသစ်ပင်ကြီးက သူ့ရဲ့ခြင်္သေ့လေးကို တိုက်ခိုက်မှာ မဟုတ်ဘူး။

 

ခြင်္သေ့လေးကတော့ သက်တောင့်သက်သာရှိစွာနဲ ခေါင်းအုံးနှစ်လုံးကို ဖက်ထားကာ အသိစိတ်တွေက ဖြေးဖြေးချင်း ပျောက်ကွယ်ရင်း အိပ်မောကျလာတယ်။

 

သို့ပေမယ့် လုံးလုံးလျားလျား အိပ်မပျော်ခင်မှာ သူက အက်ရှနေတဲ့အသံလေးဖြင့် ဆက်ပြောနေတုန်းပဲ။

 

“ဒါပေမဲ့ မင်းစိတ်ချလိုက်ချနေလိုက်... ကျွန်တော် ခင်ဗျားကိုရော ဒီအိမ်ကိုပါ ဝယ်လိုက်မှာ...”

 

ရုတ်တရက် ဗိုလ်ချုပ်ကြီးယန်တစ်ယောက် ခြင်္သေ့လေးကို ရှင်းမပြချင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ နောက်နှစ်ရက်အတွင်း ပြန်လာမှာပဲလေ။

 

ခြင်္သေ့လေး ဒီအိမ်ကို ‘ဗိုလ်ချုပ်ကြီး’ ဆီကနေ ဘယ်လိုဝယ်ဖို့ ကြိုးစားမှာလဲဆိုတာ သူ သိချင်သေးတယ်။

 

ထပ်ပြောရရင် သူတို့တွေ တွေ့တဲ့အချိန်မှာ ခြင်္သေ့လေးက ဘယ်လို တုန့်ပြန်လာမှာလဲဆိုတာ သူသိချင်တယ်။

 

ဒီလိုနဲ့ သူ့ရဲ့ခြင်္သေ့လေးအား စပရိုက်တိုက်ရန် ကြံစည်နေတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက် သစ်ကိုင်းတွေနှင့် ခြင်္သေ့လေးကို ပွေ့ဖက်ထားရင်းနှင့် အမိန့်တစ်ခု ညွှန်ကြားရန်အတွက် ကွမ်တမ်ကွန်ပျူတာကို ဖွင့်လိုက်လေတယ်။

 

ပြီးနောက် နိုင်ငံခြားရေးရာဝန်ကြီးဆီသို့ လွှတ်လိုက်တဲ့ သံတမန်တွေကို ခရီးအရှိန်မြှင့်ရန် တိုက်တွန်းလိုက်သည်။ သူတို့တွေ နှစ်ရက်အတွင်း သားရဲလူသားအင်ပါယာဆီကို ရောက်ရလိမ့်မယ်။

 

ထို့နောက်မှာတော့ သားရဲလူသားအင်ပါယာမှ လူတွေနှင့် ကိစ္စတွေကို  ဖြေရှင်းရင်း သူ့ရင်း အိမ်ထဲမှာ အိပ်နေတဲ့ ခြင်္သေ့လေးကို စိုက်ကြည့်နေခဲ့တယ်။

 

တစ်ညတာ အချိန်ကုန်လွန်သွားခဲ့ပြီ။

 

ဗိုလ်ချုပ်ကြီးတစ်ယောက် ကောင်းကင်ကြီး မလင်းလာခင်အ ထိ သူ့ရဲ့ခြင်္သေ့လေးအား ဝအောင် စိုက်မကြည့်ရသေးသလိုမျိုး ခံစားနေခဲ့ရတယ်။

 

ချီကျွင့်က ကမ္ဘာဦးသစ်ပင်ကြီးရဲ့သစ်ကိုင်းတွေကို သူ့လက်ဖဝါးတွေနှင့် တင်းကျပ်စွာ ပွေ့ဖက်ထားခဲ့တယ်။

 

ထို့နောက် သူ့ရဲ့ပါးစပ်ကိုဖွင့်ကာ နှုတ်ဆက်လိုက်တယ်။

 

“အာဝူး..”

 

အာ...

 

သူ အခုလေးတင်မှ နိုးခါစဖြစ်တာကြောင့် စကားလုံးတွေကို မရွေးချယ်နိုင်လောက်ဘူး။

 

သူ နောက်တစ်ကြိမ် ကြိုးစားလိုက်တယ်။

 

“မင်္ဂလာ နံနက်ခင်းပါ”

 

ဒီအချိန်မှာ ကမ္ဘာဦးသစ်ပင်ကြီးရဲ့သစ်ကိုင်းတွေက ရုတ်တရက် လှုပ်ရှားလာခဲ့တယ်။

 

ထိုသစ်ကိုင်းတွေက ခြင်္သေ့ငယ်လေးအပေါ်သို့ တိုးကပ်လာခဲ့က် သူ့ရဲ့အမွေးတွေကို နောက်တစ်ကြိမ် ပွတ်သပ်လာခဲ့တယ်။

 

ဒီထိတွေ့မှုက ချီကျွင့်အား လုံးဝနိုးသွားစေခဲ့တယ်။

 

သူက  သူ့ရဲ့မျက်နှာပေါ်မှ သစ်ကိုင်းတွေကို ဆွဲဖယ်ရန်အတွက် ရှေ့ခြေဖဝါးတွေကို အသုံးပြုလိုက်တယ်။

 

“ပြဿနာမရှာနဲ့”

 

ကုယန်ကျန်း ပြုံးလိုက်ပြီး အကောင်ငယ်လေးရဲ့ခေါင်းကို ပွတ်သပ်လိုက်ကာ မျက်လုံးတွေကို ပွတ်နေတဲ့ လက်ဖဝါးကို ဆွဲခွာလိုက်တယ်။

 

ထို့နောက် သူက ခြင်္သေ့ငယ်လေးကို တိုက်ရိုက်ပွေ့ချီကာ ရေချိုးခန်းဆီသို့ ပို့ပေးလိုက်တယ်။

 

ချီကျွင့် သန်းဝေလိုက်ပြီး အိမ်သာ သွားဖို့ ကြံရွယ်လိုက်ပေမဲ့ သစ်ကိုင်းတွေက နေရာအနှံ့မှာရှိနေခဲ့တယ်။သူက နှစ်မိနစ်လောက် သည်းခံပြီးစောင့်ဆိုင်းခဲ့ပေမဲ့ သစ်ကိုင်းတွေက ထွက်ခွာသွားဖို့ အရိပ်အယောင်ပြမလာတာကြောင့် လက်ဖဝါးကို  မြှောက်ပြီး ရေချိုးခန်းအပြင်ဘက်ဆီကို ထိုးပြလိာက်တယ်။

 

“သစ်ပင်အိုကြီး ခင်ဗျား အပြင်ဘက်ကို အရင်ထွက်သွားလိုက်!

 

သို့ပေမယ့် သစ်ပင်ကြီးက မလှုပ်ရှားလာခဲ့ဘူး။

 

မနေ့ညတုန်းက ရေချိုးတဲ့အချိန်မှာလည်း သူ သေသေချာချာကြည့်ခဲ့ပြီးပြီဖွစ်ပြီး ထိုနေရာကလည်း ငယ်ရွယ်တဲ့ခန္ဓာကိုယ်နဲ့ ကိုက်ညီစွာရှိနေတာကို မြင်ထားခဲ့တယ်။

 

သူ ဒါကို သိထားပြီးသားပဲလေ။

 

သို့ပေမယ့် တစ်ဖက်မှ ချီကျွင့်ရဲ့မျက်နှာတွေကတော့ ပူလောင်လာရကာ အံကြိတ်ရင်း လက်ဖဝါးကို ခါရမ်းလိုက်တယ်။

 

“သေစမ်း ခင်ဗျား ကျွန်တော့်ကို ကိုယ်ရေးကိုယ်တာနေရာတစ်ချို့ ပေးပါဦး ..  ယုံချင်ယုံ မယုံချင်နေ..  ကျွန်တော် အခု ခြင်္သေ့အကြီးကြီး ဖြစ်လာပြီး ခင်ဗျားကို ပြလိုက်မှာနော်!”

 

ဒီခြိမ်းခြောက်မှုက ကုယန်ကျန်းရဲ့စိတ်ပူပန်မှုတွေကို ထိခတ်စေခဲ့တယ်။

 

သူက သူ့ရဲ့စွမ်းရည်နဲ့ ခြင်္သေ့လေးရဲ့ ခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ ရှာဖွေကြည့်ခဲ့ဖူးပေမဲ့ မျိုးရိုးဗီဇသန္ဓေပြောင်းဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မဖြေရှင်းနိုင်သေးဘူး။

 

သူ ဒါကိုတက်နိုင်သမျှ မြန်မြန် ဖြေရှင်းရလိမ့်မယ်။

 

ကူကျစ်ယန်းက သားရဲလေးရဲ့ပယင်းရောင်မျက်လုံးအောက်မှာပဲ ရေချိုးခန်းထဲမှ ထွက်မသွားခင်မှာ သစ်ကိုင်းတွေနှင့် ခြင်္သေ့လေးရဲ့ နားရွက်ကို တို့ထိခဲ့သေးတယ်။

 

အချိန်နှစ်မိနစာအတွင်းမှာပဲ ရေချိုးခန်းတံခါးပွင့်သွားပြီး ရုပ်ရည်ချောမောလူငယ်လေးတစ်ယောက်က သူ့ရဲ့ခါးမှာ ရေချိုးခန်းတဘက်လေးကို ပတ်လျက်သားထွက်လာခဲ့လေတယ်။

 

ဆယ်ကျော်သက်လူငယ်လေးက ကြမ်းပြင်ပေါ်ကို ခြေဗလာဖြင့် နင်းဖြတ်လျောက်လာခဲ့ပြီး  သူ့ရဲ့ နူးညံ့ပွယောင်းနေတဲ့ ဆံပင်လေးတွေကို စိတ်ရှုပ်ထွေးဟန်နဲ့ ကုတ်ခြစ်နေခဲ့တယ်။

 

သူ့ကိုကြည့်ရတာ အမြဲတမ်းလိုလို ဗိုလ်ချုပ်ကြီးရဲ့ အဝတ်အစားတွေကို ငှားဝတ်နေကျဖြစ်ဟန်တူတယ်။

 

ဒီကောင်ငယ်လေးက ရေနှင့် ဝိုင်ကိုတော့ ဝယ်ရန် တွေးခဲ့မိပေမဲ့ ဘာလို့များ သူကိုယ်သူအတွက် အဝတ်အစားဝယ်ဖို့ မတွေးခဲ့ရတာလဲ။

 

အခြားစကြာဝဠာမှာရှိနေတဲ့ ဗိုလ်ချုပ်တစ်ယောက် သူ့ခြင်္သေ့လေးရဲ့ သွယ်လျတဲ့ခြေတံရှည်တွေနှင့်  ဖြူဖွေးကာပန်းရောင်သန်းနေတဲ့ ခြေဖဝါးတွေကိုကြည့်ကာ သတိလက်လွတ်နဲ့ မေးရိုးကိုတင်းကြပ်လိုက်ပြီး လည်စေ့တွေကလည်း  လှုပ်ရှားသွားရတယ်။

 

သူ ကိုယ်ပွားလေးရဲ့ အသိစိတ်ကို ခွဲထုတ်ပေးပြီး ခြင်္သေ့လေးကို ကုသရေးစွမ်းရည်တချို့သုံးပေးခဲ့တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်။ နဂို ချီကျွင့်နှင့်ဆင်တူတဲ့ မျက်နှာက လက်ရှိမှာ လုံးဝကို ချီကျွင့် အသက် ဆယ့်ရှစ်နှစ်အရွယ် မျက်နှာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။