Ch 12
Viewers 2k

12)

 

ချီကျွင့် သူ့ရဲ့ရေချိုးခန်းတဘက်ကို ပတ်ထားရင်းနှင့်ပဲ အဝတ်လဲခန်းဆီသို့ လျှောက်သွားခဲ့လေတယ်။

 

ကမ္ဘာဦးသစ်ပင်ကြီးက သူ့ထက် အရင် အဝတ်ခန်းထဲ ပြေးဝင်သွားတာကြောင့် ချီကျွင့် နောက်မှ အမြန်လိုက်သွားရင်း လှမ်းအော်လိုက်တယ်။

 

“ကုယန်ကျန်း ပစ္စည်းတွေကို လျှောက်မဖွနဲ့‌”

 

အဝတ်ခန်းထဲမှာ အရာအားလုံးက သပ်သပ်ရပ်ရပ်စီထားလျှက်ရှိနေပြီး ယူနီဖောင်းတစ်စုံချင်းစီကိုလည်း သေသေချာချာ စီမံထားခဲ့တယ်။

 

ဒါကိုကြည့်ရင် ဒီဗိုလ်ချုပ်ကြီးက သူ့ရဲ့စစ်တပ်ယူနီဖောင်းတွေကို အတော်လေးမြတ်နိုးတယ်ဆိုတာကို ပြသနေတယ်လေ။ တကယ်လို့ ကမ္ဘာဦးသစ်ပင်ကြီးသာ သူတို့ကို ဖွလိုက်ရင်...

 

တကယ်လို့ ကုယန်ကျန်းသာ ဒီစစ်တပ်ယူနီဖောင်းပုံစံတွေကို ဝတ်ဆင်လိုက်မယ်ဆိုရင် သူ ပိုချောပြီး ဆွဲဆောင်မှုရှိလာလောက်မလား။

 

ထိပ်ဆုံးမှာ တပ်ထားတဲ့ ငွေရောင်ကြယ်သီးတွေ၊ လည်ပင်းတစ်ဝိုက် တင်းကျပ်စွာ စည်းနှောင်ထားမဲ့ ကော်လံ၊ တင်းကျပ်တဲ့ ခါးပတ်၊ ဖြောင့်တန်းသေသပ်စွာ ရှိနေမဲ့ စစ်တပ်‌ဘောင်းဘီတွေ၊ တောက်ပပြောင်လက်နေတဲ့ စစ်တပ်ဘွတ်ဖိနပ်တွေ၊ နောက်ပြီး  ကုယန်ကျန်း အမြဲတမ်း သူ့အပေါ်ချစ်မြတ်နိုးမှုတွေနှင့် ပြည့်နေတဲ့ပြီး လေးနက်တဲ့ မျက်လုံးတွေ လှစ်ဟပြသလာမဲ့  စစ်တပ်ဦးထုပ်....

 

ထိုမြင်ကွင်းကို စိတ်ကူးကြည့်ရုံနှင့်  ချီကျွင့်တစ်ယောက် ပူလောင်လာရပြီး သူ့ရဲ့ခေါင်းထဲမှ တစ်ခုခု ထိုးထွက်လာလို ယားယံလာခဲ့ရတယ်။

 

တစ်ချိန်တည်းမှာပဲ ထိန်းချုပ်မရနိုင်တဲ့ အားတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာခဲ့ပြီး သူ့ရဲ့အရေပြားတွေကလည်း အနည်းငယ် ပူလောင်လာခဲ့တယ်။

 

ကံကောင်းစွာဖြင့် ဒီအချိန်မှာပဲ ချီကျွင့်တစ်ယောက် အဝတ်လဲခန်းသို့ လိုက်ဝင်လာခဲ့ပြီး စစ်တပ်ယူနီဖောင်းအစုံလိုက်နှင့် အရာရှိဦးထုပ်ကို လိုက်လံရွေးချယ်နေတဲ့ ကမ္ဘာဦးသစ်ပင်ကြီးကို တွေ့လိုက်ရတယ်။

 

ဒီအခြေအနေက ချီကျွင့်ရဲ့စိတ်ထဲမှာ ရှိနေခဲ့တဲ့  ပုံရိပ်တွေကို တစ်စမကျန် ပျောက်ကွယ်သွားစေပြီး သူ့ရဲ့ခေါင်းထိပ်မှ ယားယံမှုတွေကလည်း ပျောက်သွားရတော့တယ်။

 

... ဗိုလ်ချုပ်ကြီး ပြန်လာတဲ့အချိန်ကျရင် သူတို့ကို သေချာပေါက် ကန်မထုတ်လောက်တော့ဘူး။

 

သူက  သူတို့ကို ပစ်ထုတ်တဲ့အဆင့်ကိုတောင် ရောက်သွားတော့မှာ!

 

ကမ္ဘာဦးသစ်ပင်ကြီးက စစ်တပ်ဝတ်စုံတစ်စုံကို ချီကျွင့်ကို ဝတ်ဆင်ပေးဖို့ လုပ်နေတာကို တွေ့တော့ ချီကျွင့်တစ်ယောက် ကမ္ဘာဦးသစ်ပင်ကြီးရဲ့ ထူထဲတဲ့သစ်ကိုင်းတစ်ချောင်းကို တက်နင်းလိုက်တော့တယ်။

 

“ခင်ဗျားရဲ့ အကိုင်းတွေကို လိုက်လှုပ်မနေနဲ့.. သူတို့ကို ပြန်ထားလိုက်..  ဒါက ကမ္ဘာကြီးရဲ့အဆုံးသတ်ချိန် မဟုတ်သေးဘူး.. နေရာတိုင်းမှာရှိတဲ့ ပစ္စည်းတွေက ပိုင်ရှင်မရှိဘူးလို့ ထင်မနေနဲ့ဦး

 

ကမ္ဘာဦးသစ်ပင်ကြီးက ချီကျွင့်ရဲ့ ဖြူဖွေးနေတဲ့လက်ကောက်ဝတ်လေးတစ်ဝိုက်ကို ရစ်ပတ်လိုက်ပြီး  အဝတ်တွေကို တိတ်တဆိတ်ပြန်ထားလိုက်တယ်။

 

ဒီအဝတ်အစားတွေက သူ့ရဲ့ခန္ဓာကိုယ်နှင့် ကွက်တိချုပ်လုပ်ထားခဲ့တာပဲ။

 

ခြင်္သေ့လေးက ဆယ်ကျော်သက် အရွယ်သို့ ပြန်ရောက်သွားတာကြောင့် သူ့ရဲ့အရပ်နှင့် ခန္ဓာကိုယ်အချိုးအစားသည်လည်း အနည်းငယ်ကွာခြားသွားလိမ့်မယ်။

 

ဒါကြောင့် ဗိုလ်ချုပ်ကြီးယန်တစ်ယောက် ခြင်္သေ့လေးရဲ့ ခန္ဓာကိုယ်ပေါ်မှ  ပွတ်တိုက်သွားလိုက်ပြီး ခြင်္သေ့လေးရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို တိတိကျကျ တွက်ချက်ခဲ့တယ်။ ထို့နောက် သူ့ရဲ့ ကွမ်တမ်ကွန်ပျူတာမှတဆင့် ထောက်ပံ့ရေးဌာနဆီသို့ စာပို့လိုက်ကာ ယူနီဖောင်းတွေ အများကြီး မှာယူလိုက်တယ်။

 

ကြယ်အင်ပါယာရဲ့ စစ်တပ်ဥပဒေအရ ဒီစစ်ဗိုလ်ချုပ်ဝတ်စုံကို တခြားသောသာမန်လူတွေက ပုံမှန်အတိုင်း ဝတ်ဆင်လို့မရဘူးဆိုပေမဲ့လည်း ကိစ္စမရှိပါဘူး။

 

သူ ပြန်‌ရောက်တာနှင့် သူ့မိသားစုရဲ့ခြင်္သေ့လေးက ထိုဝတ်စုံတွေကိုဝတ်တင်နိုင်လိမ့်မယ်။

 

ကမ္ဘာဦးသစ်ပင်ရဲ့ သစ်ကိုင်းတွေက စစ်တပ်ဝတ်စုံတွေနှင့် ဦးထုပ်တို့ကို  နေရာတကျ ပြန်လည် စီထားပေးလိုက်တယ်။

 

ထို့နောက် ဘီဒိုထဲမှာချိတ်ဆွဲထားတဲ့ ပုံမှန်အဝတ်အစားတွေကို ထုတ်ယူလိုက်ပြီး သူ့ရဲ့ သစ်ကိုင်းတွေကိုအသုံးပြုကာ ချီကျွင့်ရဲ့ခါးမှ ရေချိုးခန်းတဘက်ကို ချွတ်ချလိုက်တယ်။

 

ချီကျွင့်ကတော့ သူရဲ့ရေချိုးခန်းတဘက်ကို ကပြာကယာ ဆုပ်ကိုင်လိုက်ရလေရဲ့။

 

‘ဒီအရိုင်းအစိုင်းအပင်ကြီးကတော့!’

 

နောက်ဆုံးသော အဝတ်အစားကိုဝတ်ဆင်ပေးနိုင်သူတစ်ယောက်အတွက်တော့...

 

စက်ရုပ်အိုကြီးက စာပို့လိုက်ပြန်တယ်:

 

ဗိုလ်ချုပ်ကြီး .. ဗိုလ်ချုပ်ကြီး ဒါကိုကြည့်ပြီး သင်ယူသင့်တယ်..  ဗိုလ်ချုပ်ကြီးပြန်ရောက်တဲ့အချိန်ကျရင် သစ်ပင်တစ်ပင်ကို ရှုံးနိမ့်လို့မဖြစ်ဘူးနော်

 

ကုယန်ကျန်းက သူ့ရဲ့စက်ရုပ်အိမ်တော်ထိန်းမှ ပို့ပေးလာတဲ့ သုံးဖက်မြင် ဗီဒီယိုကို ကြည့်လိုက်တယ်။

 

ကမ္ဘာဦးသစ်ပင်ကြီးရဲ့ သစ်ကိုင်းတွေက သစ်သားစွမ်းရည်ကိုခုတ်လွှတ်နေရင်း သူ့ရဲ့ခြင်္သေ့လေးကို တင်းကျပ်စွာ ကာရံထားပြီး စက်ရုပ်အိုကြီးကိုတောင် ခြင်္သေ့လေးကို မြင်ခွင့်မပေးထားခဲ့ဘူး။

 

သူက စိတ်ကျေနပ်နေတဲ့အမူအရာနှင့် ဗီဒီယိုဖိုင်ကို ကြည့်ခဲ့ပြီး အစစ်အမှန်ပုံရိပ်ကို သူ့ရဲ့ကွမ်တမ်ကွန်ပျူတာထဲမှာ သိမ်းထားလိုက်တယ်။

 

ချီကျွင့် အဝတ်ဝတ်ပြီးသွားတဲ့နောက် တံခါးဝမှာ အလင်းရောင်တွေထုတ်လွှတ်နေဆဲဖြစ်တဲ့ စက်ရုပ်အိုကြီးကို တွေ့လိုက်ရတယ်။သူက လက်ကို မြှောက်လိုက်ပြီး စက်ရုပ်အိုကြီးရဲ့ လုံးဝန်းတဲ့ခေါင်းဝိုင်းဝိုင်းလေးကို ပုတ်ပေးလိုက်ပြီး အောက်ထပ်ကို ဆင်းသွား‌တော့တယ်။

 

စက်ရုပ်အိုကြီးက ကမ္ဘာဦးသစ်ကိုင်းတွေ ပြတင်းပေါက်မှ ပြန်လည်ထွက်ခွာသွားတာကို ပျော်ရွှင်စွာကြည့်လိုက်ပြီး ချီကျွင့်နောက်ကနေ အမှီလိုက်သွားတါ့တယ်။

 

သို့ပေမဲ့ သူတို့တွေအောက်ထပ်ကို ရောက်လာချိန်မှာ ဧည့်ခန်းပြတင်းပေါက်မှ ပြန်ဝင်လာတဲ့ ကမ္ဘာဦးသစ်ကိုင်းတွေကို မြင်လိုက်ရပြန်တယ်။

 

စက်ရုပ်အိုကြီး “...”

 

ဟာကွက်ကိုတစ်ခုမှ မရှိနေဘူး။ သူ ဒီစွမ်းရည်ကို အမှတ်ပြည့်ပေးလိုက်ပြီ!

 

ဗိုလ်ချုပ်ကြီး ကျေးဇူးပြုပြီး အဲဒီသစ်ပင်ကြီးဆီကနေ တစ်ခုခု သင်ယူသင့်နေပြီနော်!

 

စက်ရုပ်အိုကြီးက ချီကျွင့်ကို စိုက်ကြည့်လိုက်တော့ ချီကျွင့်က ကမ္ဘာဦးသစ်ကိုင်းကြီး ဆွဲထုတ်ပေးလာတဲ့ ထမင်းစားထိုင်ခုံမှာ ဝင်ထိုင်လိုက်တာကို တွေ့လိုက်ရတယ်။

 

ချီကျွင့်က စက်ရုပ်အိုကြီးချက်ပေးထားတဲ့ အသားကင်အမျိုးမျိုးကို စားဖို့ပြင်နေချိန်မှာပဲ ကမ္ဘာဦးသစ်ကိုင်းကြီးက ပန်းကန်ပြားကို ရုတ်တ‌ရက် အဝေးသို့ ယူသွားခဲ့လေတယ်။

 

ချီကျွင့် ထူးဆန်းသွားရပြီး မေးမြန်းလိုက်တယ်။

 

“ခင်ဗျားလည်း စားချင်လို့လား”

 

သူ ဒီအသားတွေကို နုတ်နုတ်စင်းပြီး မြေကြီးထဲကို မြုပ်လိုက်ရင် ကမ္ဘာဦးသစ်ပင်ကြီးက အသားကို စားလို့ရနိုင်လောက်လား။

 

တကယ်တမ်းမှာ ကမ္ဘာဦးသစ်ပင်ကြီးက အသားကို ဂရုမစိုက်နေခဲ့ဘူး။

 

ထိုအစား သူက ပန်းကန်ပြား ရေခဲသေတ္တာနှင့် ဆင်တူတဲ့ သိုလှောင်ဗီရိုထဲသို့ တိုက်ရိုက်ထည့်လိုက်ပြီး ပါဝင်ပစ္စည်းအမျိုးမျိုးကို ကောင်တာပေါ်သို့ ဆွဲထုတ်လိုက်တယ်။

 

ပြီးနောက် များစွာသော မီးဖိုချောင်သုံး ပစ္စည်းအမျိုးမျိုးထဲမှ မီးဖိုချောင်းသုံးပစ္စည်းနှစ်မျိုး ၊သုံးမျိုးအား ထုတ်လိုက်လေတယ်။

 

သစ်ကိုင်းများစွာက အလုပ်ကိုယ်စီကို တာဝန်ယူထားကြပြီး ကျွမ်းကျင်စွာနဲ့ လုပ်ဆောင်နေခဲ့ကြတယ်။

 

....ဒါက အသီးယိုသွပ်ထားတဲ့ခေါက်မုန့်လား။

 

ဆယ်မိနစ်လောက်ကြာတော့ အပေါ်ယံမှာ နှမ်းစေ့တွေဖြူးထားတဲ့ ရွှေဝါရောင်တစ်စုံတစ်ခုကိုတွေ့လိုက်ရတယ်။

 

အထဲမှာတော့ ကြက်ဥတွေကို ဖြန့်ပြီးထည့်ထားပုံကာ ပေါင်မုန့်ချောင်းကြော်လေးနဲ့လုံးဝဆင်တူပြီး စားချင်ဖွယ်ရာ ဖြစ်နေခဲ့တယ်။

 

မွှေးကြိုင်ပြီး အရသာရှိတဲ့ အသီးခေါက်မုန့်က နောက်ဆုံးအနေနဲ့ ကြက်သွန်မြိတ် ဖြူးပြီးချိန်မှာ ချွီကျွင့်ရှေ့ကိုရောက်ရှိလာခဲ့တယ်။

 

ချီကျွင့် သူ့ပန်းကန်ပြားထဲမှ အသီးခေါက်မုန့်ကို ငုံ့ကြည့်လိုက်တယ်။ ဒါတွေက တကယ့်ကြက်ဥအစစ်တွေနှင့် ပြုလုပ်ထားတာပဲ!

 

သူ မော့ကြည့်လိုက်တော့ ကမ္ဘာဦးသစ်ကိုင်းကြီးလုပ်ထားတာတွေကို  ရှင်းလင်းဖို့ ကြိုးစားနေတဲ့ စက်ရုပ်အိုကြီးကို တွေ့လိုက်ရပြီး လျှာကိုသပ်လိုက်မိတယ်။

 

အသားကို ဘယ်လိုကင်ရမလဲဆိုတာကိုပဲ သိတဲ့ စက်ရုပ်အိုကြီးနှင့် ယှဥ်ရင် ဒီအသီးခေါက်မုန့်က သိသိသာသာကြီးကို အလွန်အမင်း အရသာရှိပုံပေါ်တယ်။

 

စက်ရုပ်အိုကြီး :“...”

 

ဒီစာဖိုးမှုးက အမှတ်ပြည့်ရသွားပြန်ပြီ!

 

ဗိုလ်ချုပ်ကြီး ကျေးဇူးပြုပြီး သင်ယူပါတော့!

 

ထိုအချိန်မှာပဲ အပြင်ဘက်ဝရန်တာမှာ ရှိနေတဲ့ ကမ္ဘာဦးပျိုးပင်လေးကလည်း နိုးထလာခဲ့တယ်။ ထိုအရာလေးက သူ့ရဲ့အရွက်လေး သုံးရွက်ကို ဆန့်ထုတ်လိုက်ကာ ပန်းအိုးထဲမှ ခုန်ထွက်လိုက်လေတယ်။

 

ချီကျွင့် အသီးခေါက်မုန့်ကို စားလို့ပြီးကာစအချိန်မှာပဲ အတော်လေးကြီးမားတဲ့ ပန်းအိုးတစ်လုံးက သူ့ဘက်သို့ ပြေးလာတာကို တွေ့လိုက်ရတယ်။

 

ကမ္ဘာဦးပျိုးပင်လေးကတော် ပန်းအိုးရဲ့နောက်ဘက်မှာ လုံးလုံးလျားလျား အကွယ်ခံထားရသလိုဖြစ်နေခဲ့ပြီး အိုးကို ဆုတ်ကိုင်ထားတဲ့ ကမ္ဘာဦးသစ်ရွက်လေးနှစ်ရွက်ကိုသာ ဖော်ပြနေခဲ့တယ်။

 

ချီကျွင့် လမ်းလျှောက်နေတဲ့ ပန်းအိုးလေးကို ကြည့်လိုက်ပြီး  သူ မနေ့တုန်းက ပျိုးပင်ငယ်လေးအတွက်  ပန်းအိုးမပြောင်းရသေးကြောင်းကို ရုတ်တရက်တွေးမိသွားရတယ်။

 

ပျိုးပင်ငယ်လေးမှ ပန်းအိုးကို ရွှေ့ဖို့အတွက် ခက်ခက်ခဲခဲကြိုးစားနေရတာကို စက်ရုပ်အိုကြီး မြင်လိုက်ရေတော့  သူ့ရဲ့စက်ရုပ်လက်ကို ဆန့်ထုတ်လိုက်ကာ ပန်းအိုးလေးကို ကူညီပြီး ကိုင်ပေးဖို့ ကြိုးစားလိုက်တယ်။

 

သို့သော်လည်း ပျိုးပင်ငယ်လေးကတော့ ထိုသို့ မတွေးလေဘူး။

 

တစ်ယောက်ယောက်က သူ့ရဲ့ပန်းအိုးလေးကို ခိုးယူဖို့ ကြိုးစားနေတာကို မြင်လိုက်ရတော့ သူက ချက်ချင်းပဲ ဒေါသထွက်လာရတယ်။ သစ်ရွက်တွေက ပန်းအိုးကို ကိုင်ထားဆဲဖြစ်ကာ အမြစ်တွေကိုတော့ ခြေထောက်အဖြစ် လိမ်လိုက်ပြီး စက်ရုပ်အိုကြီးကို ကန်ကျောက်လာတော့တယ်။

 

စက်ရုပ်အိုကြီး: ‘... ဒီပြင်းထန်တဲ့ရန်လိုမှုကြီးက ဘယ်နေရာက ရောက်လာရတာလဲ?

 

ချီကျွင့် သူ့ရဲ့မျက်ခုံးတွေကို ပင့်မလိုက်ကာ ဘေးပတ်လည်မှာရှိတဲ့ ကမ္ဘာဦးသစ်ကိုင်းတွေကို ကြည့်လိုက်တယ်။

 

ဒီကမ္ဘာဦးသစ်ပင်ကြီးက သူ့ရဲ့သားနှင့် တခြားတစ်ယောက် ရန်ဖြစ်နေရင်  ဘယ်လို တုန့်ပြန်လောက်လဲ။

 

ထိုအခိုက်မှာပဲ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ သစ်ကိုင်းတစ်ကိုင်း ဆန့်ထွက်လာပြီး ဓားတစ်ချောင်းကို ကောက်ကိုင်လိုက်တာကို ချီကျွင့် တွေ့လိုက်ရတယ်။

 

ချီကျွင့် : “…??!!”

 

စက်ရုပ်အိုကြီးရဲ့ စက်ရုပ်လက်မောင်းတွေကို ဖြတ်မလို့လား။

 

ဒီလိုမျိုးမစဥ်းစားမဆင်ခြင်ပြုမူမလို့လား?!

 

ကုယန်ကျန်းက အဖေဆိုးတစ်ယောက်ပဲ!ချီကျွင့်က စက်ရုပ်အိုကြီးကို အတော်လေးသ‌ဘောကျတာကြောင့် ကမ္ဘာဦးသစ်ပင်ကြီးမှ သူ့ကို တိုက်ခိုက်မှာကို ကြည့်မနေနိုင်ဘူး။

 

သူက အပင်ကြီးကို ရပ်ဆန့်ဖို့ပြောတော့မဲ့အချိန်မှာပဲ ကမ္ဘာဦးသစ်ပင်ကြီးကိုင်ထားတဲ့ ဓားက သစ်သားစွမ်းရည်ဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး သူ့ရဲ့ အသစ်ထွက်လာကာစဖြစ်တဲ့ ကမ္ဘာဦးသစ်ရွက်တွေရှိနေတဲ့သစ်ကိုင်းကို မြန်ဆန်တိကျစွာ ဖြတ်လိုက်တော့တယ်။

 

ချီကျွင့် မတ်တပ်ထရပ်လိုက်ပြီး အဖြတ်ခံလိုက်ရတဲ့ သစ်ကိုင်းဆီကို လှမ်းကိုင်လိုက်တယ်။

 

မကြာခင်မှာပဲ သူ့လက်ထဲမှာရှိနေတဲ့ သစ်ကိုင်းလေးက လှုပ်ရှားလာပြီး အလွန်မြန်ဆန်တဲ့ နှုန်းဖြင့် အပင်သစ်လေးလို ဖြစ်လာခဲ့တယ်။

 

မရေတွက်နိုင်တဲ့ ယပ်တောင်ပုံစံ အရွက်များနှင့် ကောင်းမွန်ကြံ့ခိုင်တဲ့အမြစ်တွေကလည်း ထွက်ပေါ်လာသခဲ့တယ်။

 

မျက်စိတစ်မှတ်အတွင်းမှာပဲ ထိုအပင်လေးက အပြင်ဘက်မှာရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ အသေးစားပုံစံငယ်လေး ဖြစ်လာတော့တယ်။

 

ကမ္ဘာဦးသစ်ပင်ကြီးရဲ့ ပြီးပြည့်စုံတဲ့ ပုံစံငယ်လေးက အရွက်သုံးရွက်သာ ရှိသော ပျိုးပင်ငယ်လေးနှင့်အတော်လေး အဆင်ပြေပြေပေါင်းသင်းနိုင်တယ်

အထူးသဖြင့် စက်ရုပ်အိုကြီးထက် အများကြီး ပိုလို့ အဆင်ပြေတယ်။

 

သို့သော်လည်း ချီကျွင့်ကတော့ မပျော်ရွှင်နေခဲ့ဘူး!

 

ကမ္ဘာပျက်ကပ်ထဲမှာတုန်းက ကုယန်ကျန်း ထိုသို့ပြုလုပ်ဖူးတာကို သူတွေ့ခဲ့ဖူးခဲ့တယ်။

 

ထိုအချိန်တုန်းက သူတို့ရဲ့စွမ်းရည်တွေက အ လွန်အမင်းသန်မာနေခဲ့ပြီး သူတို့နဲ့ ပူးပေါင်းထားတဲ့အဖွဲ့ထဲမှာ  သစ္စာဖောက်တစ်ယောက်ရှိနေခဲ့တယ်။

 

ထိုနေရာလွတ်စနစ်ရှိတဲ့ လူက သူတို့ကို ဇွန်ဘီအုပ်စုကြီးဆီသို့ ဦးဆောင်သွားခဲ့တယ်။ ထိုသူက သူတို့ တွေဇွန်ဘီတွေဆီကနေ တစ်စစီ ဆွဲဖြဲခံရပြီးတဲ့အချိန်မှာ သူတို့ရဲ့ စွမ်းရည်အမြုတေအား ခိုးယူဖို့ ကြံစည်ထားခဲ့တယ်။

 

ချီကျွင့်က ဒဏ်ရာတွေ အများကြီးရထားခဲ့ပေမဲ့လည်း ကုယန်ကျန်းရဲ့ကုသရေး စွမ်းရည်တွေနှင့် ဖုံးအုပ်ခံထားရတယ်။

 

သူ့အနေနဲ့ နာကျင်မှုတွေကို မခံစားရပေမဲ့လည်း သွေးတွေထွက်နေဆဲဖြစ်ပြီး ဇွန်ဘီတွေကို ပိုလို့ ဆွဲဆောင်မိနေခဲ့ကာ  တိုက်ခိုက်ရင်းနဲ့  ဒဏ်ရာတွေက ပိုလို့ တိုးလာခဲ့တယ်။

 

ဒါကြောင့် ကုယန်ကျန်းက ပိုလို့တောင် ဒေါသထွက်လာရတယ်။

 

သူက ကမ္ဘာဦးသစ်ရွက်ဓားတွေကို စုဆောင်းလိုက်ပြီး မရေမတွက်နိုင်လောက်တဲ့ သစ်ကိုင်းတွေကို သူ့ရဲ့သစ်ရွက်ဓားတွေနှင့် ဖြတ်တောက်လိုက်ကာ လူအရွယ်အစားလောက်ရှိတဲ့ ကမ္ဘာဦးသစ်ပင်တွေအများကြီး ကို ဖွဲ့စည်းလိုက်တယ်။

 

သူတို့တွေက လမ်းပေါ်မှာရှိတဲ့ ဇွန်ဘီတွေကို အရူးအမူးသတ်ဖြတ်ခဲ့တယ်။

 

သူတို့နှစ်ယောက် လွတ်မြောက်လာတဲ့နောက်မှာပဲ ကုယန်ကျန်း လဲကျသွားတော့တယ်။

 

ချီကျွင့် သစ်ပင်မဟုတ်တော့တဲ့ လူကို ပွေ့ဖက်ကာ စစ်ဆေးကြည့်လိုက်တော့ ကုယန်ကျန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ထပ်မံထွက်ပေါ်လာတဲ့ ဒဏ်ရာတွေကို တွေ့လိုက်ရတယ်။

 

သူရဲ့ကုသစွမ်းရည်တွေနှင့်တောင် ပြန်လည်ကောင်းမွန်လာရန်အတွက် အချိန်တွေ အတော်ကြာမြင့်ခဲ့တယ်။

 

ခွဲထုတ်ပြီး အသက်သွင်းလိုက်တာက ပျိုးပင်တစ်ပင်စိုက်ပျိုးလိုက်တာနဲ့ မတူညီဘူး။

 

ထိုအရာက သေလုမျောပါးဖြစ်လောက်တဲ့အထိ နာကျင်နေလိမ့်မယ်!

 

ဒါကြောင့် လက်ရှိမှာ စိမ်းလန်းစိုပြေနေသတဲ့ လက်ဖဝါးဆိုဒ် ပျိုးပင်လေးကို ကြည့်ရင်း ဒီဒဏ်ရာက အရမ်းမကြီးလောက်ဘူးဆိုရင်တောင် ချီကျွင့်ကတော့ တစ်ဖက်လူကို ရိုက်ချင်နေတုန်းပဲ!

 

သို့သော်လည်း ကုယန်ကျန်းရဲ့ အတွေးကတော့ ရိုးရှင်းလွန်းတယ်။

 

သူက နောက်နှစ်ရက်ကြာတဲ့အထိ ပြန်မလာနိုင်လောက်သေးဘူး။ နောက်ပြီး ပြန်လာမယ်ဆိုရင်တောင် ရောက်ဖို့အတွက် ရက်အနည်းငယ်ကြာမြင့်လိမ့်မယ်။

 

ဒီအချိန်အတွင်းမှာ ခြင်္သေ့လေးကို ကာကွယ်ပေးဖို့ လိုအပ်တယ်။

 

အိမ်နောက်ဖေးမှာရှိတဲ့ နှစ်တစ်ရာသက်တန်စရှိ ကမ္ဘာဦးသစ်ပင်ကြီးနှင့်ယှဥ်ရင် ဒီလိုအပင်အသေးလေးက နေရာတိုင်းကိုသွားလာဖို့ ပိုလို့ အဆင်ပြေလိမ့်မယ်။

 

ချီကျွင့်ကတော့  အံကိုတင်းတင်းကြိတ်ထားခဲ့တယ်။

 

သူ့အနေနဲ့ သစ်ပင်ပုံစံမှာပဲ ရှိနေတဲ့ ဒီလူကို ဘယ်လို အပြစ်ပေးရမလဲဆိုတာကိုလည်း မသိဘူး။

 

အဆုံးမှာတော့ သူက တိတ်တဆိတ်သာ အော်လိုက်နိုင်ခဲ့ကာ လက်ဖဝါးအရွယ်ကမ္ဘာဦးသစ်ပင်လေးကို သူ့ရဲ့အပေါ်အင်္ကျီအိတ်ကပ်ထဲသို့ ထည့်ထားလိုက်လေတယ်။

 

ထို့နောက် ပန်းအိုးနှစ်အိုးရှာဖို့ကိုတောင် ဂရုမစိုက်တော့ဘဲ  ဧည့်ခန်းထဲသို့ သွားကာ ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်လိုက်ပြီး သတ္ထုစပ်ကတ်အလွတ်တွေကိုသာ ကြည့်နေတော့တယ်။

 

ကမ္ဘာဦးသစ်ပင်ကြီးက သူ့ရဲ့ သစ်ကိုင်းတွေအားလုံးကို ပြန်ဆုတ်သွားလိုက်ပြီး အသေးစား သစ်ပင်လေးဆီမှာပဲ အသိစိတ်တွေကိုချန်ထားလိုက်တယ်။

 

ထို့နောက် သစ်ပင်လေးရဲ့ သစ်ကိုင်းတချို့ကို ခွဲထုတ်လိုက်ပြီး ထိုသစ်ကိုင်းတွေကို လက်မောင်းနှစ်ချောင်းအဖြစ် လိမ်လိုက်ပြီး အမြစ်တွေကိုလည်း ခြေနှစ်ချောင်းအဖြစ် လိမ်လိုက်တယ်။

 

ထို့နှောက် ကမ္ဘာဦးသစ်ရွက်တွေကို လက်ချောင်းတွေအဖြစ်သုံးကာ  အိတ်ကပ်ထဲမှ တဆင့် ချီကျွင့်ရဲ့ ပခုံးပေါ်သို့ တက်လိုက်ပြီး သေသချာချာ လိုက်ကြည့်နေတော့တယ်။

 

ချီကျွင့် သူ့အားလှည့်ကြည့်ပြီး နှာမှုတ်လိုက်တယ်။

 

ထိုအချိန်မှာ စက်ရုပ်အိုကြီးကတော့ ကမ္ဘာဦးပျိုးပင်လေးက သူ့ရဲ့အကူအညီကို မလိုအပ်ကြောင်း  ရိပ်မိသွားပြီး သူ့ရဲ့စက်ရုပ်လက်မောင်းကို နောက်ပြန်ဆုတ်လိုက်တယ်။ရုတ်တရက် လက်လွှတ်လိုက်တဲ့  နောက်ဆက်တွဲကတော့ ပျိုးပင်ငယ်လေးကို မတ်တပ်မရပ်နိုင်ဖြစ်သွားစေခဲ့ပြီး လက်ထဲမှ ပန်းအိုးလေးဖြင့်  ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားစေတော့တယ်။

 

စိတ်ဓာတ်ကျသွားတဲ့ကမ္ဘာဦးပျိုးပင်ငယ်လေးက စက်ရုပ်အိုကြီးဆီကိုပြေးသွားပြီး ထပ်ကန်လိုက်ပြန်ကာ ဧည့်ခန်းထဲသို့ ပန်းအိုးလေးကိုသယ်ရင်း ဝင်သွားခဲ့တော့တယ်။

 

သူက ဆိုဖာပေါ်သို့ ပန်းအိုးကို သယ်ကာ မတက်နိုင်ကြောင်းကို ရိပ်မိပုံရပြီး ပန်းအိုးကို ဆိုဖာအောက်မှာ ဖွက်ထား ဆုံးဖြတ်လိုက်ပြီးမှ အပေါ်တက်လာခဲ့တယ်။

 

သူ ဆိုဖာပေါ်သို့ ရောက်လာပြီးနောက် သူ့အဖေလိုမျိုး ချီကျွင့်ရဲ့ ပခုံးပေါ်သို့ တက်ချင်ခဲ့တယ်။

 

ဒါကြောင့် အပေါ်ကိုတက်ဖို့ အတွက် ချီကျွင့်အဝတ်စကို ဆုပ်ကိုင်ရန် ရုန်းကန်နေရချိန်မှာပဲ အပေါ်မှာ ထိုင်နေတဲ့ သစ်ပင်အဖေကြီးက သူ့ရဲ့ခေါင်းကို ငုံ့လိုက်ပြီး သစ်ပင်လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ အပင်ပေါက်လေးကို အလွယ်တကူ ဆွဲယူလိုက်တယ်။

 

ထို့နောက်မှာ သူက ပေါ့ပေါ့ပါးပါးပဲ ဆွဲခေါ်လိုက်ပြီး ကမ္ဘာဦးသစ်ပင်ငယ်လေးကို သူ့အပေါ်သို့ ပစ်တင်လိုက်လေတယ်။

 

ကမ္ဘာဦးသစ်ပင်ငယ်လေးက အရွယ်အစားပိုလို့တောင် သေးသွားခဲ့ကာ အပင်ပေါက်လေးအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာဦးသစ်ပင်ကြီးရဲ့ ထိပ်မှာ သွားထိုင်နေတော့တယ်။

 

စိမ်းလန်းပြီးလှပတဲ့ အသေးစား ကမ္ဘာဦးသစ်ပင်နှင့် အားနည်းတဲ့ အပင်ပေါက်လေးတို့က ချီကျွင့်ရဲ့ပခုံးပေါ်မှာ ခိုင်ခိုင်မာမာထိုင်နေခဲ့ကြပြီး ချီကျွင့် သတ္ထုကတ်နှင့် သားရဲရေးထွင်းဘောပင်တိုးကို ကစားနေတာကို ကြည့်နေခဲ့တယ်။

 

ချီကျွင့်ကတော့ တွေးတော့နေခဲ့လေတယ်။

 

‘ဒါက တကယ်ကြီး ခင်ဗျားရဲ့ သားမလား’

 

ကုယန်ကျန်းသည်လည်း တွေးတောနေခဲ့တယ်။

 

‘ခြင်္သေ့လေးက သူ့ရဲ့သားကို အလိုလိုက်ချင်တယ်လို့ ပြောခဲ့မှတော့ သူ့ရဲ့ဆန္ဒအတိုင်း အလိုလိုက်ကြတာပေါ့

 

ထမင်းစားခန်းမှာ ကျန်ရစ်ခဲ့တဲ့ စက်ရုပ်အိုကြီးသည်လည်း ထိုနေရာကိုဖြတ်သွားရင်း ဒီမြင်ကွင်းကို မြင်သွားခဲ့တယ်။

 

မိသားစုသုံးယောက်ပဲ!

 

လိုက်လျောညီထွေဖြစ်လွန်းပြီး ပျော်စရာကောင်းလွန်းတဲ့ မိသားစု သုံးယောက်အဖြစ် ရှိနေကြပြီ!

 

... ဗိုလ်ချုပ်ကြီး! ဗိုလ်ချုပ်ကြဦး အလျင်စလို ပြန်မလာတာ ပိုကောင်းတော့မှာ!