(13)
သားရဲပုံစံကို သတ္ထုစပ်ကတ်အလွတ်ဆီမှာရေးထွင်းတာက အလွန်အမင်း
ဂရုတစိုက်နှင့် စိတ်နှစ်ပြီး လုပ်ရတဲ့ လုပ်ငန်းစဥ်တစ်ခုပဲ။
ဘောပင်ထိပ်ဖြားက သတ္ထုစပ်ကပ်ပြားပေါ်မှာ
ချောမွတ်စွာသွားနေပြီး သတ္ထုစွမ်းရည်ကလည်း သတ္ထုစပ်ကတ်ပြားပေါ်မှာ ရေးထွင်းတဲ့
စုတ်ချက်ရဲ့ အရွယ်အစားနှင့် ထောင့်အပေါ်မှာ မူတည်ပြီး ပေါင်းစပ်သွားနိုင်တယ်။
မဟုတ်ဘဲ တုန်ခါသွားမယ်ဆိုရင် ထို တုန်ခါမှုတစ်ခုချင်းစီက
သားရဲကတ်ရဲ့ နောက်ဆုံးရလဒ်ကို သက်ရောက်သွားလိမ့်မယ်။
ချီကျွင့်သားရဲရေးထွင်းတဲ့ဘောပင်ကို ကိုင်လိုက်ပြီး
ကတ်ရဲ့မျက်နှာပြင်ပေါ်မှာ ရေတွေစီးဆင်းနေတဲ့အတိုင်း ချောမွေ့စွာရေးထွင်းနေခဲ့တယ်။
အလွန်ကောင်းမွန်တဲ့မျဥ်းကြောင်းလိုင်းတွေက
တဖြည်းဖြည်းပေါ်လာခဲ့ပြီး တစ်ဖြည်းဖြည်းနဲ့ရှုပ်ထွေးကာ လှပလာခဲ့တယ်။ ဒါက
ရပ်တန့်ခြင်းမရှိခဲ့ဘဲ ရေစဆွဲလိုက်တဲ့ ပန်းချီကားတစ်ချပ်လိုမျိုး လှပလွန်းတယ်။
ဒီနေရာမှာ သတ္တုစပ်ကပ်အလွတ်တွေ ဒါဇင်နဲ့ချီပြီး
ရှိနေခဲ့ပြီး ချီကျင့်က ကတ်တစ်ခုတိုင်း ပုံစံတစ်မျိုးထဲရေးထွင်းနေခဲ့တယ်။
ထပ်ခါတလဲလဲ လုပ်နေရတဲ့ အလုပ်က
ပျင်းစရာကောင်းလွန်းလှပေမဲ့လည်း ချီကျွင့်က စိတ်မရှည်တာမျိုးတွေ ဘယ်တော့မှ
ဖြစ်မလာခဲ့ဘူး။
ကမ္ဘာပျက်ကပ်အတွင်းမှာ သူ့ရဲ့ သတ္ထုစွမ်းရည်ကို
အဆင့်ကိုးအထိ မြှင့်တင်နိုင်ခဲ့တာက ဇွန်ဘီတွေကို သတ်ပြီး သူတို့ရဲ့အမြုတေတွေကို
စုပ်ယူခဲ့တာတစ်ခုတည်းကြောင့် မဟုတ်ဘူး။
အဓိကအကျဆုံးစောအရာက သူ နေ့စဥ်နေ့တိုင်း
အပြန်ပြန်အလှန်လှန်လေ့ကျင့်နေခဲ့လိာ့ပဲ။
သူ့ရဲ့ဘေးပတ်လည်တွင်
ကောင်းမွန်တဲ့ သတ္ထုဝိုင်ယာကြိုးတွေနှင့်ပြုလုပ်ထားတဲ့
သတ္ထုဘောလုံးတစ်လုံး ရှိနေလိမ့်မယ်။
ထို သတ္ထုဘောလုံးရဲ့အတွင်းပိုင်းမှာ လိမ်ထားတဲ့
လမ်းကြောင်းတွေက အရှုပ်ထွေးဆုံးသောဝင်္ကပါတွေထက်တောင် ရှုပ်ယှက်ခတ်နေသေးတယ်။
သူက ဒီသတ္ထုဘောလုံးရဲ့အခေါင်းပေါက်ထဲမှာရှိနေတဲ့
အပ်ဖျားပမာဏလောက်ရှိတဲ့ သတ္ထုအမှုန်အမွှားလေးတွေကိုပါမကျန်အောင် ထိန်းချုပ်ခဲ့တယ်။
တကယ်လို့ သူသာ စိတ်ဝင်စားနေခဲ့ရင် တစ်မိနစ်အတွင်းမှာ
အထုံးပေါင်းသောင်းနှင့်ချီပြီးရှိတဲ့ သတ္ထုဘောလုံးကို တစ်မိနစ်အတွင်း
ပြန်ဖြေမှာဖြစ်ပြီး ထို သတ္တုကြိုးမျှင်တွေကို လှပတဲ့ ပန်းချီကားတစ်ချပ်အဖြစ်
ရက်လုပ်လိမ့်မယ်။
ချီကျွင့်အနေနဲ့ ဒီကမ္ဘာရဲ့ သတ္ထုစွမ်းရည်ကို
တစ်နည်းနည်းနဲ့ မရင်းနှီးသလို ဖြစ်နေခဲ့တယ်။ ဒါကြောင့် အခု သားရဲကဒ်ပေါ်မှာ
တိကျတဲ့သားရဲပုံစံတစ်ခု ရေးထွင်းချိန်မှာ သူ့ရဲ့ သတ္ထုစွမ်းရည်တွေက အနည်းငယ်
အဟန့်အတားတွေရှိနေခဲ့တယ်။
သို့ပေမယ့် ရေးထွင်းလာတဲ့သားရဲကတ်တွေ များပြားလာတာနဲ့
တိုးပွားလာသည်နှင့်အမျှ သူသည်လည်း လုပ်ငန်းစဥ်နှင့် ပိုလို့ ရင်းနှီးလာခဲ့တယ်။
သားရဲကဒ်များရေးထွင်းခြင်းက တဖြည်းဖြည်း ပိုမြန်လာကာ
မနက်ခင်းတစ်ဝက်မှာပဲ သားရဲကတ်တွေ ဒါဇင်လိုက် ပြီးသွားခဲ့တယ်။
သေချာတာပေါ့။ အဆင့်နိမ့်သားရဲကတ်တွေက များသောအားဖြင့်
အရပ်သားတွေအတွက်ဖြစ်ပြီး သားရဲပုံစံအများစုကလည်း လူအများသိခားတဲ့ ပုံစံတွေပဲ။
သူ့ရဲ့ လိုင်းတွေအတွက် အလွန်အမင်း ရှုပ်ထွေးတဲ့ လိုင်းပုံစံတွေ ရေးထွင်းဖို့
မလိုအပ်သေးဘူး။
ချီကျွင့်သည် သားရဲကတ်တွေကို စီလိုက်ပြီး သူတို့ထဲမှ
တစ်ခုကို အသက်သွင်းလိုက်တယ်။
သတ္ထုကဒ်က ချက်ချင်းပဲ လိပ်ပြာဘုရင်မအဖြစ် အသက်ဝင်လာပြီး
တောင်ပံကိုခတ်ရင်း ပျံသန်းလာခဲ့တယ်။
ဒီသတ္ထုလိပ်ပြာဘုရင်မက ကျက်သရေရှိလှပြီး
အေးစက်သန့်စင်တဲ့တောက်ပမှုကို တွေ့မြင်နိုင်တယ်။
သူမရဲ့ တောင်ပံတွေ တစ်ချက်ခတ်လိုက်တိုင်းမှာ တူညီတဲ့
အရွယ်အစားရှိတဲ့ နောက်ထပ် လိပ်ပြာဘုရင်မအား ဖန်တီးပေးလာခဲ့တယ်။
သိပ်မကြာခင်မှာပဲ ဧည့်ခန်းတစ်ခုလုံးက
လိပ်ပြာဘုရင်မများဖြင့် ပြည့်သွားတော့သည်။
အကျိုးသက်ရောက်မှုတွေက တိုးတက်လာတယ်...
ဒီလိုသားရဲ့ကိုယ်ထည်လိုင်းက အကြိမ်များစွာ သေးငယ်တဲ့ သားရဲတွေအဖြစ် အရေအတွက်တွေ
အများကြီး တိုးပွားလာစေလိမ့်မယ်။
ဒီလိပ်ပြာသားရဲက လှပပြီး မျက်စိဖမ်းစားနိုင်လွန်းတယ်။
တကယ်လို့ မီးရောင်ကိုသာ အသုံးပြုခဲ့မယ်ဆိုရင်
စတိတ်စင်တစ်ခုလို မီးအဖက်တွေကို ဖန်တီးပေးနိုင်လိမ့်မယ်။
သို့သော်လည်း ချီကျွင့်ကတော့ မကျေနပ်သေးဘူး။
ကမ္ဘာပျက်ကပ်ထဲမှာ သတ်ဖြတ်လာတဲ့ လူတစ်ယောက်ကို အလှတရားကိုပဲ
အာရုံစိုက်လာဖို့ မျှော်လင့်နေလို့မရဘူးလေ။
ဒီလိပ်ပြာဘုရင်မဆီမှာ တိုက်ခိုက်နိုင်တဲ့စွမ်းရည်
လုံးဝရှိမနေခဲ့ဘူး။
သူ့အနေနဲ့ ပြိုင်ဖက်တစ်ယောက်နှင့် ယှဥ်ပြိုင်ရမယ်ဆိုရင်
လှပနေရုံလောက်နှင့် ပြိုင်ဘက်ကို အနိုင်မတိုက်နိုင်လောက်ဘူး။
သူ့ရဲ့ တိုက်ခိုက်နိုင်တဲ့ သက်ရောက်မှုက အရင်တစ်ကြိမ်မှာ
ပြုလုပ်တဲ့ဖြူကောင်လောက်တောင် မကောင်းနေခဲ့ဘူး။ ဖြူကောင်တွေဆီမှာ
ဆူးတွေကိုပစ်ခြင်းနှင့် ပေါက်ကွဲခြင်းကဲ့သို့သော စွမ်းရည်နှစ်မျိုးရှိတယ်။
လိပ်ပြာဘုရင်မ သားရဲကတ်ကတော့ ခန္ဓာကိုယ်အရေအတွက်
တိုးပွားပေးနိုင်တဲသအဆင့်မြင့် သားရဲပုံစံသာရှိနေခဲ့ပြီး သူ့ရဲ့ ရေးထွင်းရမှုကတော့
သတ္ထုကဒ်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့ပြီး အခြားလိုင်းတွေကိုလည်း
ထပ်မံရေးထွင်းခွင့်မပြုတော့ဘူး။
ချီကျွင့်က ဒီကတ်မှာ အခြားပုံစံတွေကို ထပ်ပြီး
ပေါင်းထည့်နိုင်ဖို့အတွက် ကတ်ပေါင်းများစွာ ဖြုန်းတီးခဲ့ပြီဖြစ်ပေမဲ့
ဆုံးရှုံးမှုကသာ ကြီးမားခဲ့တယ်။သူ ဒီသားရဲလိုင်းကို အရိုးရှင်းဆုံးဖြစ်အောင်
ပြန်လုပ်ဖို့ လိုအပ်တယ်။
ဒါမှမဟုတ် ပိုပြီး ခံနိုင်ရည်ရှိတဲ့ သတ္ထုကဒ်ကို
ပြောင်းသုံးရန်လိုအပ်တယ်။
ချီကျွင့် သူ့ရဲ့နှာခေါင်းထပ်အား ပွတ်သပ်လိုက်ပြီး
လိပ်ပြာဘုရင်မကတ်ကို အဝေးမှာထားလိုက်တယ်။
ထို့နောက် သူက သားရဲကတ်တွေအကုန်လုံးကို ထုပ်ပိုးလိုက်ပြီး
ကြယ်ဒင်္ဂါးကတ်ကိုပါ ကောက်ယူလိုက်ကာ သူ့ရဲ့ပခုံးပေါ်မှာထိုင်နေတဲ့
သစ်ပင်နှစ်ပင်ကို လှည့်ကြည့်လိုက်တယ်။
“ခင်ဗျားတို့တွေ အိမ်မှာနေပြီး အစာချက်လုပ်ရင်း
အဖေနဲ့သားကြားက ခံစားချက်တွေကို တိုးပွားအောင်လုပ်ဖို့ နေခဲ့မှာလား ဒါမှမဟုတ်
ကျွန်တော်နဲ့ အပြင်ကို လိုက်ထွက်မှာလား”
ကမ္ဘာဦးသစ်ပင်ရဲ့ အမြစ်တွေက ချီကျွင့်ရဲ့ပခုံးကို
တိုက်ရိုက်ဆုပ်ကိုင်လာခဲ့ပြီး သူ့ရဲ့အဖြေကို ရှင်းရှင်းလင်းလင်း ဖော်ပြနေခဲ့တယ်။
ချီကျွင့် အပင်ပေါက်လေးကို ကြည့်လိုက်တော့
ကမ္ဘာဦးပျိုးပင်ငယ်လေးက ချက်ချင်းပဲ သူ့ရဲ့အရွက်လေးတွေနဲ့ အဖေသစ်ပင်ရဲ့
သစ်ကိုင်းတွေကို ဖက်တွယ်လာခဲ့တယ်။
ဒီလိုနဲ့ မိသားစု သုံးယောက်က ပျော်ရွှင်စွာနှင့်
အပြင်ကိုထွက်ဖိို့ ပြင်ဆင်ခဲ့ကြတယ်။
ဒါပေါ့။ ချီကျွင့်က သစ်ပင်နှစ်ပင်ကိုသယ်ဆောင်ပြီး
ထွက်သွားတာကိုသာ မြင်နိုင်လိမ့်မယ်။
စက်ရုပ်အိုကြီး “...”
သူတို့ တကယ် ထွက်ပြေးကြတော့မှာလား?
သူ ဒါကို တားသင့်လား ဒါမှမဟုတ် ... အတူတူ လိုက်သွားသင့်လား?
စက်ရုပ်အိမ်တော်ထိန်းအတွင်းမှာရှိတဲ့ ဒေတာတွေက
မတွက်ချက်နိုင်သေးခင်မှာ သူ့ရဲ့ခန္ဓာကိုယ်ကတော့ နောက်ကနေ
ရွှေ့လျားလိုက်ပါသွားခဲ့ပြီ။
ချီကျွင့် သူ့ရဲ့ဘေးနားမှ ပျံသန်းပြီးလိုက်ပါလာတဲ့
စက်ရုပ်အိမ်တော်ထိန်းကို ကြည့်လိုက်ကာ သူ့ရဲ့လုံးဝိုင်းနေတဲ့ ခေါင်းကို
လက်နဲ့လှမ်းပုတ်လိုက်တယ်။
ထို့နောက် အလေးအနက်ပြောလိုက်တယ်။
“ဗိုလ်ချုပ်ကြီး ပြန်လာတဲ့အချိန်ကျရင် ငါ မင်းကို
ဝယ်ပြီးခေါ်သွားပေးမယ်”
စက်ရုပ်အိုကြီး “...”
ဒါကို ဗိုလ်ချုပ်ကြီး သိလို့မရဘူး!
စက်ရုပ်အိုကြီးရဲ့ ရိုက်ကူးရေးအလင်းတွေက မိသားစုသုံးယောက်
ထွက်သွားတဲ့ မြင်ကွင်းတစ်လျောက် ရိုက်ကူးနေတုန်းပဲ။
သူ့ရဲ့ အပို procrssor၊ Hard
drive နှင့် အပိုသိမ်းဆည်းမှုတွေကိုလည်း တစ်ပါတည်း
အဝေးကိုယူသွားရမယ်။
ဒါကို သစ္စာဖောက်တယ်လို့ ခေါ်လို့မရဘူးနော်!
အဆုံးမှာ ဒုတိယသခင်ကလည်း သူ့ရဲ့သခင်ပဲလေ။
ဒုတိယသခင်က သူ့ကို ဝယ်သွားဦးမှာ ဆိုတာကိုတော့
ထည့်ပြောနေစရာတောင် မလိုဘူး!
လူသားပုံစံချီကျွင့်ရဲ့ ပခုံးပေါ်မှာ ခြေကုတ်ယူထားတဲ့
ဗိုလ်ချုပ်ကြီးယန်ကတော့ သူ့ရဲ့စက်ရုပ်အိမ်တော်ထိန်းက အနည်းငယ် ကွဲပြားနေတယ်လို့
ခံစားနေရလေရဲ့။
သို့သော်လည်း သူ့ရဲ့အာရုံစိုက်မှုတွေအားလုံးက
သူ့ရဲ့ကိုယ်ပိုင်ခြင်္သေ့လေးပေါ်မှာသာ စွဲမြဲနေတာဖြစ်ပြီး ကျန်တဲ့အရာတွေကို
စဥ်းစားဖို့ စိတ်မဝင်စားနေခဲ့ဘူး။
သားရဲကတ်အရောင်းဆိုင်မှာတော့ လင်းကျစ်မူတစ်ယောက်
နောက်ထပ်တစ်မနက်လုဲး စောင့်နေခဲ့ပြီးဖြစ်ကာ စိတ်မရှည်ဖြစ်နေခဲ့တယ်။
မနေ့တုန်းက သူ ပြန်သွားပြီးနောက်မှာ ရိုးရှင်းတဲ့
သားရဲပုံစံကတ်တွေကို ပြန်လည်ဖန်တီးရန် ကြိုးစားခဲ့သော်လည်း တိကျသော
စွမ်းရည်ဖြန့်ဝေမှုအချိုးအစားကိုမသိတာကြောင့် ကျရှုံးနေတုန်းပဲ
သူ သတ္ထုကတိတွေ ရာနှင့်ချီပြီး ဆုံးရှုံးခဲ့တယ်။
သတ္ထုကတ်တွေကို ဖြုန်းတီးတာက အဆင်ပြေသေးပေမဲ့လည်း
အချိန်ပိုကြာလေလေ ဆယ်ကျော်သက်လေးမှ သားရဲပုံစံအတွက် မူပိုင်ခွင့်တင်လိုက်မှာကို သူ
ပိုပြီးစိုးရိမ်လာလေလေ ဖြစ်နေခဲ့ရတယ်။
သူ့ရဲ့မျက်စိရှေ့မှာ ဒီလိုမျိုး ကြီးမားတဲ့
အခွင့်အရေးကြီးကို မြင်နေရတဲ့အချိန်မှာ သူ ဘယ်လိုလုပ်ပြီး အလွဲချော်ခံနိုင်မှာလဲ။
ဒါကြောင့် ချီကျွင့် သူ့ရဲ့ပခုံးများပေါ်မှာ
ဘွန်ဆိုင်းပင်တစ်ပင်ကိုတင်ရင်း ရောက်လာတာကို မြင်လိုက်ရတာနဲ့ လင်းကျစ်မူတစ်ယောက်
လူငယ်လေးဆီသို့ ကျေးဇူးတင်တဲ့အမူအယာနဲ့ လျှောက်သွားခဲ့တယ်။
ထို့နောက် နွေဦးမှာရွာသွန်းတဲ့မိုးလိုမျိုး နူးညံ့ညင်သာတဲ့
အပြုံးတစ်ခု ကို ဖော်လှစ်ပြရင်း ဆယ်ကျော်သက်လေးအား အနည်းငယ်ရင်းနှီးတဲ့
သဘောထားဖြင့် နှုတ်ဆက်လိုက်တယ်။
“ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ.. ငါတို့ ထပ်တွေ့ကြပြန်ပြီ”
ဘွန်ဆိုင်းပင်_ကုက ဖြေးညှင်းစွာ လှည့်ကြည့်လာတယ်။
‘...နောက်တစ်ကြိမ်ထပ်တွေ့တာလား’
အဆုံးမှာ တစ်ဖက်လူက သူ့ရဲ့သားရဲကတ်တွေကို ဝယ်မဲ့
ဖောက်သည်တစ်ယောက်ပဲလေ။ ဒီတော့ချီကျွင့်က အထဲကို ဆက်ဝင်မသွားခင်မှာ ယဥ်ကျေးတဲ့
အပြုံးတစ်ခုဖြင့် တုန့်ပြန်လိုက်တယ်။
လင်းကျစ်မူက သူ့ရဲ့ဘေးနားကနေ လျှောက်လာပြီး
ပုံမှန်ဆန်လွန်းတဲ့သဘောထားနဲ့ ပြောလာတယ်။
“ဒီတစ်ကြိမ် ငါ ဆိုင်ကို ကြယ်ငါးပွင့်ကတ် အခုနှစ်ဆယ်လောက်
ကြိုမှာထားတာ.. ဒီဆိုင်က အရင်တုန်းက ကြယ်ငါးပွင့်ကတ်တွေအများကြီး မရောင်းဖူးဘူး..
ငါ့အထင် တဒါတွေက မင်းရေးထွင်းထားတာပဲဖြစ်ရမယ်..
မင်းက ဒီလောက်ငယ်ရွယ်သေးတာကို အခုလိုမျိုး
အရည်အချင်းတွေရှိပြီ.. တကယ့်ကို အံ့သြစရာကောင်းတယ်”
ချီကျွင့်က ခေါင်းညိတ်လိုက်ပြီး ချီးကျူးမှုကို
လက်ခံလိုက်တယ်။
ထိုအချိန်မှာ ဆိုင်မန်နေဂျာကလည်း သူတို့နှစ်ယောက်ကို
မြင်တွေ့သွားခဲ့တယ်။
တစ်ယောက်က ရောင်းချသူဖြစ်ပြီး တစ်ယောက်က ဝယ်သူပဲတစ်ဖက်လူက
သက်လက်ပိုင်းအမျိုးသားဖြစ်ပြီး စီးပွားရေးအတူတူလုပ်ဖို့ဆိုတာဘယ်လိုမှ
မဖြစ်နိုင်ဘူး။ ဒါကြောင့် ဆိုင်မန်နေဂျာက လင်းကျီမူကို ယဥ်ကျေးစွာ ပြောလိုက်တယ်။
“မစ္စတာ ကျေးဇူးပြုပြီး VIP အခန်းထဲမှာ
သွားပြီး စောင့်ပေးပါ”
လင်းကျီမူရဲ့ နှုတ်ခမ်းထောင့်တွေက တွန့်သွားရတယ်။ သူ
တစ်မနက်ခင်းလုံး စောင့်နေခဲ့ရတာလေ။
ဆိုင်မန်နေဂျာက သူ့ကို VIP အခန်းဆီသို့
အကြိမ်များစွာ ဖိတ်ခေါ်ခဲ့ပေမဲ့လည်း သူ ငြင်းဆန်ခဲ့တယ်။ အခုချိန်မှာ သူ
မျှော်လင့်နေတဲ့လူကိုမြင်တွေ့လိုက်ရပြီလေ။ ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်မှာလဲ။
ဆိုင်မန်နေဂျာက ထပ်ပြောလာတယ်။
“မစ္စတာ.. ခင်ဗျားက အများပြခန်းထဲမှာ
ကြယ်ငါးပွင့်သားရဲကတ်တွေကို ရွေးချင်တာလား”
လင်းကျစ်မူက သဘာဝကျစွာဖြင့် ထိုသို့ မလုချင်ခဲ့ဘူး။ သူက
ချီကျွင့်ဘက်ကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနဲ့မေးလိုက်တယ်။
“ဒါဆို ဒီက သူငယ်ချင်းလေး ..ဒီတစ်ကြိမ် ကြယ်ငါးပွင့်
သားရဲကတ်နည်းနည်းလောက် ရောင်းဖို့ပါလာမလားဆိုတာ သိလို့ရမလား”
ချီကျွင့်က သူ့ရဲ့ပခုံးပေါ်မှ ဘွန်ဆိုင်းနှင့်
ကစားနေခဲ့တယ်။ ထိုအချိန်မှာပဲ လင်းကျစ်မူရဲ့ စကားလုံးတွေကို ကြားတော့
သူ့ရဲ့လက်ချောင်းတွေကို ကမ္ဘာဦးသစ်ပင်ရွက်တွေကို ထိခတ်ကစားရင်း
အညိုဖျော့ဖျော့မျက်လုံးတွေက အလင်းတစ်ချက် တောက်ပသွားခဲ့တယ်။
“ခန့်မှန်းကြည့်လေ”
လင်းကျစ်မူ “...”
ကိစ္စွတွေက အရောင်းအဝယ်လျှို့ဝှက်ချက်တစ်ခုဖြစ်လာတာကို
ကြာစလိုက်ရတာကြောင့် ဆိုင်မန်နေဂျာ ပြုံးလိုက်တယ်။
ဘွန်ဆိုင်းကု: ‘ဘေဘီ.. ကိုယ်
အရမ်းသက်တောင့်သက်သာ ရှိတယ် .. ဆက်ထိပေးဦး”
အဆုံးမှာတော့ လင်းကျီမူက VIP အခန်းဆီသို့
သွားခဲ့လေတယ်။
သူကို ဒီမှာပဲ ရွေးချယ်ဖို့ တောင်းဆိုလာကတည်းက သူလည်း
ကြယ်ငါးပွင့်သားရဲကတ် ဘယ်လောက်ရှိလဲဆိုတာကို သိရှိနိုင်မှာပဲ။ ဒီအချိန်ကျရင် သူ
အကုန်လုံး ရရှိနိုင်လောက်မှာပဲ။
လင်းကျစ်မူ ထွက်သွားပြီးနောက်မှာ ဆိုင်မန်နေဂျာက
ချီကျွင့်ကိုခေါ်ပြီး ဒုတိယထပ်မှာရှိတဲ့ ဆိုင်မန်နေဂျာရုံးခန်းဆီသို့
တိုက်ရိုက်သွားခဲ့တယ်။
ချီကျွင့်က ဘွန်ဆိုင်းပင်ကို
သူ့ရဲ့ပခုံးပေါ်မှာတင်ထားရင်းနှင့် သားရဲကတ်တွေအားလုံးကို ထုတ်ယူလိုက်ပြီး
စားပွဲပေါ်မှာတင်လိုက်တယ်။
“တောင်းပန်ပါတယ် ဆိုင်မန်နေဂျာ.. ကျွန်တော် မနေ့က
ပျက်ကွက်သွားခဲ့တယ်.. ကျွန်တော့်မှာ ကတ်တွေ ပို့ပေးဖို့ အချိန်မရှိခဲ့လို့ပါ”
ဆိုင်မန်နေဂျာ ပြန်ဖြေလာခဲ့တယ်။
“မာစတာ.. အရမ်းယဥ်ကျေးလွန်းနေပါပြီ”
“ ကျွန်တော့်နာမည်က ချီကျွင့်ပါ.. ကျေးဇူးပြုပြီး ကျွန်တော့်
မာစတာလို့ ခေါ်စရာမလိုပါဘူး”
ဆိုင်မန်နေဂျာ ပြုံးလိုက်တယ်။
“အဲ့လိုဆိုမှတော့ မင်းလည်း ငါ့ကို ချန်ကောလို့
ခေါ်လို့ရတယ်.. ငါ့နာမည်က ချန်မျိုးရိုး ချန်ရှု”
ချန်ရှုက အရေအတွက်တွေကို ရေတွက်ကြည့်လိုက်ပြီး
သားရဲကဒ်များအတွက် ဆယ်ရာခိုင်နှုန်းပွဲစားခ ဖယ်လိုက်ကာ ကျန်ရှိတဲ့တန်ဖိုးကို
ချီကျွင့်ကိုင်ထားတဲ့ ကြယ်ဒင်္ဂါးကတ်ထဲသို့ လွှဲပြောင်းပေးလိုက်တယ်။
ချီကျွင့်တစ်ယောက် သူ့ရဲ့ကြယ်ဒင်္ဂါးကတ်ထဲမှ
ပမာဏကိုစစ်ကြည့်လိုက်ကာ သူ့ရဲ့လက်ရှိပိုင်ဆိုင်မှုနဲ့ဆိုရင် ဗိုလ်ချုပ်ကြီးကို
အိမ်ဝယ်ဖို့အကြောင်း စကားပြောနိုင်ပြီလားလို့ တွေးလိုက်မိတယ်။
ချန်ရှုက သူ့ရဲ့မျက်နှာထားကို ကြည့်ရင်း မေးလိုက်တယ်။
“တစ်ခုခု မှားလို့လား”
ချီကျွင့် ကြယ်ဒင်္ဂါးကဒ်အား ထိလိုက်တယ်။
“ကျွန်တော် အင်ပါယာမြို့တော်မှာ အိမ်တစ်လုံးဝယ်ချင်နေတာ..
ပိုက်ဆံလောက်မလောက်ကို မသိလို့”
ချန်ရှု မေးလိုက်ျယ်။
“မင်းမျက်စိကျနေတဲ့ နေရာတစ်နေရာရှိလို့လား”
ချီကျွင့် ခေါင်းညိတ်လိုက်တယ်။
ချန်ရှုက ထပ်ပြောလာပြန်တယ်။
“အင်ပါယာမြို့တော်ရဲ့ စျေးတွေကတော့ မြင့်ပေမဲ့
မင်းရဲ့ပိုက်ဆံပမာဏကလည်း သိပ်ပြီးနည်းနေတာ မဟုတ်ဘူးလေ.. မင်း အိမ်ခြံမြေပွဲစားကို
စျေးနှုန်းအကြောင်း မေးပြီးပြီလား”
ချီကျွင့် ထိုအကြောင်းတွေးလိုက်သည်။
“အင်ပါယာနန်းတော်အနောက်ဖက်က ဖျင်3000 ပမဏအကျယ်လိုချင်တာ..
တခြားနေရာကို မလိုချင်ဘူး”
(1 ဖျင် = 3.306 m2)
သူ ဒါကို ဗိုလ်ချုပ်ကြီးဆီကနေ ဝယ်ရမှာလေ။
ချန်ရှုကတော့ ထိုအဖြေကို ကြားပြီးနောက် တိတ်ဆိတ်သွားရတယ်။
သူ့အနေနဲ့ ချီကျွင့်ရဲ့ ပထမစကားတစ်ဝက်လောက်ကစပြီး
အသက်ရှုရပ်မတတ်ဖြစ်သွားရတာ။
သူ အချိန်အတန်ကြာအောင် ချောင်းဆိုးပြီးနောက် ဖြေးညှင်းစွာ
ပြောလိုက်တယ်။
“ငါ မင်းကို ခြောက်လှန့်ချင်တာတော့ မဟုတ်ဘူး.. ဒါပေမဲ့
မင်းရဲ့ လက်ရှိ ပိုက်ဆံပမာဏက မလုံလောက်သေးဘူး”
**