Chapter 271
ကလေးများ
အချိန်အတော်ကြာငြိမ်နေပြီးမှ ဝမ်ဟုန်သည် သူ၏ကျောပေါ်မှ ကောင်ငယ်လေးကို လက်တစ်ဖက်ဖြင့် လှမ်းဆွဲကာ တင်ပါးကို သုံးလေးချက် ခပ်ဆတ်ဆတ်ရိုက်လိုက်သည်။
ရိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ချန်ရုံ့လက်ထဲမှ ကလေးကလည်း ပထမတွင်တော့ ကြောင်နေပြီးကာမှ မျက်တောင်တစ်ချက်ခတ်ကာ အော်လိုက်သည်။ ထို့နောက် ချန်ရုံ၏လက်ထဲမှ ရုန်းကန်ကာထွက်ပြေးသွားလေတော့သည်။
အချက်အနည်းငယ်ရိုက်ပြီးသောအခါ ဝမ်ဟုန်၏လက်ထဲမှာ ကလေးသည် ရိုက်ခံရသည့်နေရာမှ အညိုအမည်းများစွဲလာကာ မျက်ရည်များဖြင့် အော်ဟစ်ငိုယိုနေတော့သည်။ ချန်ရုံ့လက်ထဲမှ ထွက်ပြေးသွားသော သူ့အစ်ကိုကို မနာလိုစွာလှမ်းကြည့်၍ ပါးစပ်ကလည်း အော်ဟစ်နေလေသည်။
ဝမ်ဟုန်က အေးစက်သောမျက်နှာဖြင့် ပြောလိုက်သည်
"မင်း အခုထိငိုနေတုန်းလား..."
ဝမ်ဟောင်၏မျက်နှာက ရှုံ့မဲ့သွား၍ မျက်နှာပေါ်မှ မျက်ရည်များကိုသုတ်ကာ ပြောလိုက်သည်။
"ကျွန်တော်က မတရားတာကိုခံနေရတာပဲ..."
ဝမ်ဟောင်က သူ မည်မျှပင် ရန်ဖြစ်စေကာမူ ယခုကဲ့သို့ လက်လွတ်စပယ်ရိုက်၍မရ ဟုပြောလိုက်ခြင်းဖြစ်သည်။
ဝမ်ဟုန်က လှောင်ပြောင်သည့်ပုံဖြင့်ရယ်လိုက်သည်။
"မင်းက အမြဲဒုက္ခရှာနေတဲ့ ကောင်ဆိုးလေးမဟုတ်ဘူးလား...အခုမှလာပြီး ပြန်ကိုက်မနေနဲ့..."
ဝမ်ဟောင်က ဝမ်ဟုန်၏မျက်လုံးများကိုလှမ်းကြည့်ပြီးမှ သနားစဖွယ်ပုံလေးဖြင့် ချန်ရုံ့အား လှမ်းကြည့်လိုက်သည်။
"ဒီလိုရိုက်ခံရတာမကောင်းပါဘူး...ကလေးတွေ ဒီလိုအရိုက်ခံနေရရင်လည်း မိခင်က ကာကွယ်ပေးသင့်တယ်မဟုတ်ပါလား..."
ကလေးငယ်လေး၏မျက်နှာမှ သနားစဖွယ်အမူအယာနှင့် ပြောလိုက်သည့်စကားများကိုနားထောင်၍ ချန်ရုံရယ်ချင်သွားသည်။ ထို့ကြောင့် ခေါင်းကိုအမြန်လှည့်ကာ သူ၏သားအား မကြည့်ပဲနေနေလိုက်ရသည်။
ဝမ်ဟုန်က သက်ပြင်းချကာ ပြောလိုက်သည်။
"ဒီကောင်လေးကတော့ ဘာလုပ်လုပ် ဆင်ခြေဆိုတာကြီးပဲ..."
ထိုစကားများကို ဝမ်ဟောင်ကြားသောအခါ ဆက်ငိုရမည်လား စိတ်ကောက်ရမည်လား မသိတော့သကဲ့သို့ မျက်ရည်ဝဲနေသော မျက်လုံးများက ပြူးကျယ်လာကြသည်။
ဝမ်ဟုန်က ဝမ်ဟောင့်အား လှမ်းကြည့်၍ အံကြိတ်ကာပြောလိုက်သည်။
"မင်းတို့ကလေးသုံးကောင်ကို မွေးထားမိတာ ငါတကယ်နောင်တရမိတယ်..."
ဝမ်ဟောင်က သူ၏ဖခင်အား အမြန်လှမ်းကြည့်၍ မျက်ရည်စများပေနေသောမျက်နှာထားဖြင့် မျက်လုံးများပြူးကာ မေးလိုက်သည်။
"ဖေဖေက ကျွန်တော်တို့ကိုမွေးရလို့လား..."
ထိုစကားဆုံးသွားသောအခါ အဝေးမှသစ်ပင်များကြားမှ မျက်နှာလေးတစ်ခုထွက်လာကာ အော်ပြောလိုက်သည်။
"ဖေဖေ့စကားကိုနားမထောင်နဲ့...ငါတို့ကို မေမေကပဲ သေချာနားလည်ပေးတာ..."
ဝမ်ဟုန်၏မျက်နှာမှ ဒေါသကိုကြည့်၍ ချန်ရုံက ဘေးမှလှမ်းပြောလိုက်သည်။
"ဖေဖေရော မေမေရောက သားတို့ကို နှစ်ယောက်တူတူမွေးထားတာပေါ့..."
ချန်ရုံက ကလေးများကို ပြဿနာထပ်မရှာစေချင်တော့ပေ။ ထို့ကြောင့် သစ်ပင်များနောက်မှ ခေါင်းလေးဘက်သို့လှည့်၍ လက်ကိုဝှေ့ယမ်းကာ ညင်ညင်သာသာပြောလိုက်သည်။
"ဝမ်လင်း သားကလည်း ဒီကိုလာပြီး အပြစ်ဒဏ်လာခံလိုက်လေ...ခဏလေးအရိုက်ခံလိုက်ပြီးရင် ဖေဖေကလည်း စိတ်ပြေသွားမှာ...ဒါဆို နောက်ကျရင်..."
ချန်ရုံ့စကားဆုံးအောင်မစောင့်ပဲ သစ်ပင်နောက်မှ ကောင်ငယ်လေးက ယုန်ကဲ့သို့ လျင်မြန်စွာ ပြေးထွက်လာတော့သည်။ သူသည် ဝမ်ဟုန့်နားသို့ပြေး၍ အဝတ်အစားများကို ချွတ်ချလိုက်သည်။
"ကျွန်တော် ဖေဖေ့ကို စိတ်တိုအောင်လုပ်မိလို့ အခု အပြစ်ဒဏ်ခံဖို့ရောက်လာပါပြီ..."
ဝမ်လင်း၏အပြုအမူကြောင့် ဝမ်ဟုန် ရယ်လိုက်မိသည်။
သူ့အဖေက အနည်းငယ်စိတ်ပြေသွားပုံပေါ်သောအခါ ဝမ်လင်းက အလွန်အံ့အားသင့်သွား၍ ဝမ်ဟုန်၏ ခြေထောက်ကိုဖက်ကာ အော်ငို၍ ပြောလိုက်သည်။
"ဖေဖေ ဖေဖေ ကျွန်တော်အရမ်းမှားသွားပါတယ်...ဖေဖေ့ကို ကျွန်တော်မရယ်ခဲ့သင့်ပါဘူး..."
ဝမ်ဟုန်က ဝမ်လင်း၏စကားကိုကြားသောအခါ အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူ၏ရှေ့မှကောင်ငယ်လေးအား ရိုက်မည်ကြံကာ လက်ရွယ်ပြီးမှ လက်ကိုပြန်ချလိုက်သည်။ ထို့နောက် သက်ပြင်းချကာ ထွက်ခွာသွားတော့သည်။
ထိုအခါမှပဲ ကလေးနှစ်ယောက်သည်လည်း သက်ပြင်းချနိုင်တော့ကာ ဝမ်ဟောင်က ချန်ရုံ့ဆီသို့ အရင်ပြေးသွားလိုက်သည်။ ထို့နောက် ချန်ရုံ၏ ဘယ်ဘက်ခြေထောက်ကို ဖက်၍ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
"မေမေ မေမေ...မေမေပြန်လာပြီနော်...ကျွန်တော် မေမေ့ကို လွမ်းလိုက်တာ..."
ဝမ်လင်း၏ ခန္ဓာကိုယ်က ပို၍ လေးလံသောကြောင့် ခပ်ဖြည်းဖြည်းချင်းသွား၍ ချန်ရုံ့ကိုမော့ကြည့်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကိုမြှောက်၍မျက်လုံးထဲ၌ မျက်ရည်စများဖြင့် ပြောလိုက်သည်။
"မေမေ သားသားနာတယ်...သားကို ချီပါ..."
ချန်ရုံက ခေါင်းကို ခါယမ်းပြီးမှ ဝမ်လင်းအားပွေ့ချီလိုက်သည်။
ထို့နောက် ချန်ရုံသည် ကလေးတစ်ယောက်က ပေါင်၌ ခိုတွယ်ကာ တစ်ယောက်ကို လက်၌ချီ၍ အိမ်တော်ဆီသို့ ခက်ခဲစွာ ပြန်လျှောက်လာရလေသည်။
အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် ဝမ်ဟောင်က ပြောလိုက်သည်။
"မေမေ...သားကိုလည်းချီပါ..."
ချန်ရုံက သက်ပြင်းချ၍ ကျန်သည့်လက်တစ်ဖက်ဖြင့် ဝမ်ဟောင့်အား ပွေ့ချီလိုက်ရပြန်သည်။
ချီရင်းဖြင့် ချန်ရုံက ညည်းညူကာပြောလိုက်သည်။
"မင်းတို့နှစ်ယောက်က တကယ်ကိုကလေးဆိုးလေးတွေပဲ..."
ကလေးနှစ်ယောက်က ချန်ရုံ၏လက်ထဲ၌နေ၍ ချန်ရုံ့စကားများကို လျစ်လျူရှုနေကြကာ သူတို့ဘာသာပင် စကားများပြောနေကြသည်။
"ဟိုမိန်းမက ငါတို့ကိုမကြိုက်ဘူးလို့ အစ်ကိုကြီးကပြောတယ်..."
"ဒါဆို ဒီညသွားကြမလား..."
"ဘယ်လိုလုပ်ရမှာလဲ..."
ဝမ်လင်းက ကြာမြင့်စွာ တွေးနေပြီးမှ ခေါင်းခါကာ ပြောလိုက်သည်။
"အစ်ကိုကြီးကိုမေးလိုက်မယ်..."
ကလေးနှစ်ယောက်က သူ့တို့ဘာသာ သာ စကားများပြောနေကြ၍ ချန်ရုံ့အား ကိုယ်ပျောက်လူသားကဲ့သို့သာ သဘောထားနေကြသည်။ ချန်ရုံက ဒေါသလည်းထွက် ရယ်လည်းရယ်ချင်ဖြစ်နေသော်လည်း ကလေးနှစ်ယောက်၏စကားများကို ဝင်တားဖို့တော့ စိတ်ကူးမရှိချေ။
ချန်ရံတစ်ယောက် ဝမ်ဟုန်နှင့် အတူရှိလာသည်မှာ နှစ်ပေါင်းအတော်ကြာနေပြီဖြစ်၍ လွန်ခဲ့သော နှစ်နှစ်အတွင်း၌ ဝမ်ဟုန့်ကို အဆက်အသွယ်လုပ်ချင်သည့် မိန်းမပျိုများက တဖြည်းဖြည်းတိုးလာကြသည်။
ထိုအချိန်၌ ကလေးများ၏အသံက တိတ်သွားကြ၍ အနောက်မှ ညင်သာသော ခြေသံကိုကြားလိုက်ရသည်။
ချန်ရုံက လှည့်မကြည့်လိုက်သော်လည်း ကလေးနှစ်ယောက်ကတော့ တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။
"အစ်ကိုကြီး..."
ဝမ်လင်းက ငိုမဲ့မဲ့ဖြင့် တွန့်လိမ်ကာ ပြောလိုက်သည်။
"အစ်ကိုကြီး...ဖေဖေက ကျွန်တော့်ကိုရိုက်တာ...အရမ်းနာတာပဲ..."
ဝမ်လင်း၏စကားဆုံးသောအခါ ဝမ်ဟောင်က ချန်ရုံ့လက်ထဲမှ ခုန်ဆင်း၍ ဝမ်ရွှမ်အားမေးလိုက်သည်။
"အစ်ကိုကြီးရော ဖေဖေရိုက်တာ ခံရဖူးလား..."
ဝမ်လင်းက မငိုသော်လည်း မျက်ရည်များကတော့ ဝဲနေသည်။
"ရိုက်ခံရမှာပါ...အစ်ကိုကြီးက ကျွန်တော်တို့ထဲမှာ ခေါင်းအမာဆုံးပဲလို့ ဖေဖေကပြောဖူးတယ်..."
အနားသို့ရောက်လာသော လူငယ်လေး ဝမ်ရွှမ်က ဘာမှပြန်မပြောပဲ နှာတစ်ချက်ရှုံ့ကာ ချန်ရုံ့ဘေးသို့ လျှောက်သွားလေသည်။
ထို့နောက် ချန်ရုံ့ကိုမှီ၍ ဝမ်ရွှမ်သည် သူ၏ညီငယ်နှစ်ယောက်ကိုကြည့်၍ ချန်ရုံ့အားပြောလိုက်သည်။
"မေမေ...ဖေဖေက ကျွန်တော့်ကို နောက်ငါးရက်နေရင် တောင်အောက်ကို ဆင်းခိုင်းနေတယ်..."
ဝမ်ရွှမ်က ချန်ရုံ၏လည်ပင်းကိုဖက်၍ မျက်နှာကို ချန်ရုံ့လည်ပင်းနားသို့ အပ်ကာ ပျင်းရိပျင်းတွဲလေသံဖြင့်ပြောလိုက်သည်။
"ဆယ့်ကိုးယောက်မြောက်ညီမရဲ့ ရည်ရွယ်ချက်က တစ်မျိုးပဲ...အဲဒါကြောင့် သူတို့ကို ကျွန်တော်နဲ့တူတူ တောင်အောက်ကိုဆင်းခိုင်းမလို့..."
သားအကြီးဆုံးဖြစ်သူ ဝမ်ရွှမ်သည် မွေးကင်းစတည်းက ချန်ရုံ့နားသို့အလွန်ကပ်ကာ ချန်ရုံ့အား အလွန်ခင်တွယ်သူဖြစ်သည်။ ချန်ရုံ့နား၌နေနေရလျှင် ဝမ်ရွှမ်သည် ဗိုက်ဆာနေလျှင်တောင် မငိုပေ။
ဝမ်ဟုန်နှင့်ကတော့ ထိုသို့မဟုတ်ပေ။ ဝမ်ဟုန့်ပေါ်သို့ သေးဆယ်ခါ ပေါက်ချပြီးတည်းကဝမ်ဟုန်သည် ဧည့်သည်များရှေ့၌ ဝမ်ရွှမ့်အား မည်သည့်အခါမှ မချီတော့ချေ။
ဤအခိုက်အတန့်တွင်လည်း သူမ၏သားသည် သူ့အတွက်သူ မတွေးပဲ သူမအတွက် အကောင်းဆုံးဖြစ်မည့်အရာကိုသာတွေးနေသည်ဟု ချန်ရုံခံစားရမိသည်။ ထို့ကြောင့် ပြုံးကာ ညင်သာစွာပြောလိုက်သည်။
"သား ကောင်းမယ်ထင်တာကိုသာလုပ်ပါ..."
ဝမ်ရွှမ်က အေးဆေးသည့်ပုံစံနှင့်ပြန်ပြောလိုက်သည်။
"အမေ...အဖေက ကျွန်တော် တောင်အောက်ဆင်းမှာကို သဘောမတူဖြစ်နေတယ်..."
တောင်အောက်သို့ဆင်းမည်တဲ့လား...
ချန်ရုံက ရုတ်တရက် လန့်သွားကာ သူမ၏သားကို ကြည့်၍မေးလိုက်သည်။
"သားက ဘယ်လိုသိတာလဲ..."
ချန်ရုံကျင်လည်ခဲ့သော အတိတ်မှနေရာများကို ပြန်သွားရမည်ကို ချန်ရုံ ကြောက်နေမိသည်။ ချန်ရုံ စိုးရိမ်သွားသည်ကို သတိထားမိသော ဝမ်ရွှမ်က ချန်ရုံ၏ပခုံးကိုကိုင်၍ တည်ငြိမ်သောမျက်နှာဖြင့်ပြောလိုက်သည်။
"ပြီးခဲ့တဲ့လတွေမှာ အဖေ့က်ုလာတွေတဲ့ ပညာရှိတွေ အများကြီးရှိခဲ့တယ်...သူတို့တွေ စကားပြောနေကြတာတွေ ကျွန်တော်နားထောင်ကြည့်တဲ့အခါ အိမ်တော်ရဲ့ ဂုဏ်သတင်းက အရင်ကလောက် မကောင်းတော့ဘူးလို့ပြောသံကြားရတယ်..."
ထို့နောက် ဝမ်ရွှမ်က ချန်ရုံ့အားနှစ်သိမ့်လိုက်သည်။
"ဒါပေမယ့် အဖေ့ကို ကျွန်တော် မြို့တော်ကိုပြန်စေချင်ပေမယ့် ကလေးတွေကြောင့် နောက် တစ်နှစ် နှစ်နှစ်လောက်မှ အကောင်အထည်ဖော်ဖြစ်မှာပါ..."
ထိုအခါမှသာ ချန်ရုံလည်း သက်ပြင်းချကာ ပြုံးနိုင်တော့သည်။
"ကြားထဲမှာ အချိန်တွေရှိသေးတယ်ဆိုပေမယ့် အမေကတော့ သဘောမတူချင်ဘူး..."