Ch 15
Viewers 2k

(15)

 

သေချာတာပေါ့ ။ ဘွန်ဆိုင်းပင်ကုက သူ့ရဲ့ အလေးချိန်တွေ အကုန်လုံးကို ခြင်္သေ့လေးရဲ့လက်ပေါ်မှာဘဲ မထားခဲ့ဘူး။

 

သူက မြေပြင်နှင့်ထိနေတဲ့ အမြစ်တွေဆီကို အလေးချိန် တိတ်တဆိတ် လွဲပြောင်းပေးထားခဲ့တယ်။

 

အိမ်အပြန်လမ်းမှာတော့ ချီကျွင့်က ကမ္ဘာဦးသစ်ပင်ကြီးကို သယ်ထားခဲ့ပြီး အခမဲ့အများသုံးယာဥ်ကို စီးခဲ့တယ်။

 

ခရီးသည်တွေရဲ့ အမူအယာကထူးဆန်းနေခဲ့ပေမဲ့လည်း ချီကျွင့်ကတော့ မျက်နှာအရောင်ပြောင်းလဲမသွားခဲ့ဘူး။

 

သူက သူ့ကိုယ်သူ ခရစ်စမတ်သစ်ပင်ကြီးတစ်ပင်ကို သယ်ဆောင်လာသလိုမျိုးသာ ဟန်ဆောင်နေခဲ့လေတယ်။ သူ့ရဲ့မျက်နှာက တည်ငြိမ်နေဆဲဖြစ်ကာ ပျော်စရာကောင်းတယ်လို့တောင် တွေးနေခဲ့သေးတယ်။

 

ချီကျွင့် ကားပေါ်က ဆင်းလိုက်ပြီးနောက် အနီးအနားမှာ လမ်းသွားလမ်းလာတွေမရှိတော့တဲ့အချိန်မှာတော့ ဘွန်ဆိုင်းပင်က ခြင်္သေ့လေးရဲ့ လက်ထဲမှ ခုန်ဆင်းလိုက်လေတယ်။

 

သူ့ရဲ့အမြစ်တွေက မြေဆီလွှာထဲသို့ နစ်ဝင်ခဲ့ကာ မြေကြီးတစ်လျှောက်ကို စတင်ရွေ့လျားလာခဲ့တယ်။

 

ချီကျွင့်က သူသွားရာလမ်းတစ်လျှောက်မှ မြေပြင်ပေါ်မှာ ကျန်ခဲ့တဲ့ အရိပ်အယောင်တွေတွေကိုကြည့်ပြီး သံသယဝင်လောက်စရာမကျန်ရစ်လောက်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

 

ဒါကြောင့် သူ့ရဲ့ လက်ကိုမြှောက်လိုက်ပြီး သစ်ပင်ကြီးရဲ့ ခါးကနေ ပွေ့ပိုက်ပြီး သယ်နေတဲ့ပုံစံအတိုင်းသာ ကိုင်ထားလိုက်တယ်။

 

ဖြူဖွေးသွယ်လျတဲ့ လက်မောင်းလေးက သူ့ရဲ့ခါးနားတဝိုက်မှာ ပွေ့ဖက်ထားတာကြောင့် ဘွန်ဆိုင်းကု သတိလက်လွတ်နဲ့ လှုပ်ရှားလိုက်မိတယ်။ သူက သူ့ရဲ့သစ်ကိုင်းတစ်ကိုင်းကို မြှောက်ကာ ချီကျွင့်ရဲ့ပခုံးကို ဆုတ်ကိုင်လိုက်လေတယ်။

 

ချီကျွင့် သူ့ရဲ့ပခုံးပေါ်ကို ရောက်ရှိလာတဲ့ သစ်ကိုင်းဘက်ကို လှည့်ကာ စိုက်ကြည့်လိုက်တယ်။ ထို့နောက် သူ ထိုသစ်ကိုင်းက ကုယန်ကျန်းရဲ့လက်နေရာ ဖြစ်နိုင်လောက်တယ်လို့ တွေးတောလိုက်မိပြန်တယ်။

 

ဒါကြောင့် ကမ္ဘာဦးသစ်ပင်ကြီးကို မော့ကြည့်ကာ စားသောက်ဆိုင်မှာတုန်းက သူ ပြောချင်နေခဲ့တဲ့ စကားကို ထုတ်ပြောလိုက်တယ်။

 

ပြောရရင် ခင်ဗျားက အခုလည်း အတော်လေးကောင်းနေပါပြီ..  ခင်ဗျားဆီမှာ လိုနေတာဆိုလို့ မျက်နှာလေးပဲကျန်တော့တယ်

 

မျက်နှာမဲ့ ဘွန်ဆိုင်းကု: “...”

 

လူတစ်ယောက်နှင့် သစ်တစ်ပင်က  တိတ်ဆိတ်စွာ လမ်းလျှောက်နေခဲ့ကြတယ်။

 

တစ်နေရာအရောက်မှာတော့အနီးအနားမှာ ဘယ်သူမှ ရှိမနေပေမဲ့ ဘွန်ဆိုင်းပင်ရဲ့အရွက်တွေက သတိအနေအထားပုံစံနဲ့ မြင့်တက်သွားခဲ့တယ်။ တစ်ချိန်တည်းမှာ ချီကျွင့်သည်လည်း လမ်းလျှောက်နေရင်းကနေ ရပ်တန့်လိုက်ပြီး သစ်ပင်တစ်ပင်ဆီသို့ လှည့်ကြည့်လိုက်လေတယ်။

 

သူတို့ရဲ့ နောက်ဘက်မှာ ပုန်းနေတဲ့လူက ချက်ချင်းပဲ ထိတ်လန့်သွားခဲ့ပြီး  အနက်ရောင်သားရဲကတ်ကို ခပ်ဖွဖွပွတ်သတ်လိုက်တယ်။

 

သူ့ကို ရှာတွေ့သွားတာများလား?

 

ချီကျွင့် သူ့ရဲ့ခြေထောက်ကို မြှောက်လိုက်ပြီး ဘွန်ဆိုင်းပင်ရဲ့ အမြစ်ပေါ် သို့ ခပ်ဖွဖွတက်နင်းလိုက်တယ်။

 

“မလှုပ်နဲ့.. အဲဒါကျွန်တော့်ဟာ

 

သူ ဒီကမ္ဘာကို ရောက်လာကတည်းက မတိုက်ခိုက်ရသေးဘူး။ ဒါကြောင့် သူ လေ့ကျင့်ခန်းလေး လုပ်ချင်နေပြီး ဒီကမ္ဘာကလူတွေ ဘယ်လိုတိုက်ခိုက်လဲဆိုတာကို သိချင်နေခဲ့တယ်။

 

ဘွန်ဆိုင်းကုကတော့ ချက်ချင်းပဲ သူ့ရဲ့ ခေါင်းဘက်အပိုင်းကို လှုပ်ရမ်းလိုက်တယ်။

 

သူက ဘယ်လိုလုပ်ပြီး သူ့ရဲ့ခြင်္သေ့လေးကို တိုက်ခိုက်ဖို့အတွက် လွှတ်ထားပေးနေနိုင်ဦးမှာလဲ။

 

လွန်ခဲ့တဲ့ ကမ္ဘာပျက်ကပ်ကာလ ခုနှစ်နှစ်အတွင်းမှာ  သူ့ရဲ့ခြင်္သေ့လေး နေရာတကာကို ပြေးလွှားပြီးသတ်ဖြတ်နေတာကို ခွင့်ပြုပေးထားခဲ့တယ်။

 

ဒါကြောင့်ပဲ ဒီခြင်္သေ့လေးက ချုပ်တည်းမှုဆိုတာတွေ ကိုမသိတော့ဘဲ  နောက်ဆုံးမှာ သူ့ကိုယ်သူ ဖောက်ခွဲတဲ့လုပ်ရပ်မျိုးကို တုန့်ဆိုင်းမှုမရှိ ဂုဏ်ယူဝံ့ကြွားစွာ လုပ်ဆောင်ခဲ့တယ်။

 

ကုယန်ကျန်းထိုအကြောင်းကို ပြန်တွေးမိလိုက်တိုင်း သူရဲ့နှလုံးသားက အလွန်အမင်း နာကျင်လာရပြီး ကြောက်လန့်နေခဲ့မိတယ်။

 

သူ ဒီလူသားကို သူ့ရဲ့သစ်ရွက်တွေနဲ့ ပင်စည်တွေကိုသုံးပြီး တင်းကျပ်စွာပွေ့ဖက်ထားဖို့ မစောင့်ဆိုင်းနိုင်တော့ဘူး။ ဒါကြောင့် ခြင်္သေ့လေး မလှုပ်ရှားခင်မှာဘဲ ဘွန်ဆိုင်းကုက သူ့ရဲ့အရွက်တွေကို လှုပ်ရှားလိုက်ပြီး အမှောင်ထဲမှာ ပုန်းနေတဲ့ လူကို တိုက်ခိုက်လိုက်တယ်။

 

အစိမ်းရောင်အရွက်တွေက သူ့ဘက်ကို ပျံ့လွင့်လာတဲ့အချိန်မှာပဲ တစ်ဖက်မှလူက သူ့ရဲ့တိုက်ခိုက်ရေးသုံးကတ်ကို အသက်သွင်းလိုက်တယ်။

 

တစ်ချိန်တည်းမှာပဲ ကြီးမားတဲ့အနက်ရောင်ကြောင်စက်ရုပ်ကြီးက သားရဲကတ်ထဲကနေ ပြေးထွက်လာခဲ့ပြီး သစ်ရွက်ဓားတွေကို ကာကွရန်အတွက် သူ့ရဲ့လက်ဖဝါးတွေကို ဝေ့ယမ်းလိုက်လေတယ်။

 

ထက်ရှလွန်းတဲ့ သစ်ရွက်ဓားသွားတွေက အနက်ရောင်ကြောင်စက်ရုပ်ရဲ့ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း မြုပ်သွားကာ ဆက်တိုက်ပဲ ဆူညံသံတွေကိုထွက်ပေါ်လာစေခဲ့တယ်။

 

တချို့သော ဓါးတွေကတော့ ကြောင်စက်ရုပ်ကြီးရဲ့ တစ်ကိုယ်လုံးကို ဖြတ်သန်းထိုးဖောက်သွားကာ  မြေကြီးထဲကို နစ်မြုပ်သွားခဲ့ကြတယ်။

 

သားရဲစက်ရုပ်ရဲ့ နောက်ဘက်မှာရှိနေတဲ့လူကတော့ သူ့ရဲ့မေးရိုးက အောက်ကိုပြုတ်ကျသွားတော့မတတ်ခံစားနေရပြီ။

 

ဒီကြောင်စက်ရုပ်သားရဲထဲသို့ သွင်းလိုက်တဲ့ စိတ်စွမ်းအားကနေတဆင့် ကြောင်စက်ရုပ်ကြီးရဲ့ ထိခိုက်မှုကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်နေခဲ့တယ်။ဒါက သိပ်သည်းဆ အမြင့်ဆုံးသော သတ္တုစပ်ကတ်ပေါ်မှာ ရေးထွင်းထားတဲ့ စက်ရုပ်သားရဲဖြစ်ပြီး သံအမြောက်တွေကိုတောင် ခုခံနိုင်တယ်။

 

နောက်ပြီး ဒီသားရဲစက်ရုပ်က ဂြိုလ်အသေးတွေမှာရှိနေတတ်တဲ့ ကြယ်တာရာသူခိုးတွေကိုတောင် တိုက်ခိုက်နိုင်နေတဲ့ သားရဲစက်ရုပ်ပဲ။

 

အခုတော့ ဒီသားရဲစက်ရုပ်က ဒီလိုမျိုး ရိုးရှင်းတဲ့ တိုက်ခိုက်မှုမျိုးကိုတောင် ခံနိုင်ရည် မရှိနိုင်တော့ဘူးလား?

 

ချီကျွင့်က ဘွန်ဆိုင်းပင်ရဲ့လုပ်ဆောင်မှုကိုမြင်တော့ အရှေ့ကိုတက်ပြီး ဘွန်ဆိုင်းပင်ရဲ့ ပင်စည်ကို လှမ်းကန်ထုတ်လိုက်တယ်။

 

  ကျွန်တော့်ဆီက မခိုးနဲ့လို့

 

ထို့နောက် သူ့ရဲ့ပခုံးကို ဆုတ်ကိုင်ထားတဲ့ ကမ္ဘာဦး သစ်ကိုင်းကို ဆွဲဖယ်လိုက်ပြီး  သူ့ရဲ့သတ္တုစွမ်းအင်ကို လက်ထဲမှာ ဖော်ထုတ်လိုက်ကာ ကြောင်စက်ရုပ်ကြီးဆီသို့ ပြေးသွားလိုက်လေတယ်။

 

တိုက်ပွဲတွေက လူသားတွေရဲ့ စစ်မှန်တဲ့အသွင်သဏ္ဍာန်ကို ထုတ်ဖော်နိုင်တယ်!

 

နှစ်စက္ကန့်လောက်ကြာသွားချိန်မှာတော့ ကြောင်နှစ်ကောင်က သူတို့ရဲ့ လက်ဖဝါးတွေကို သာမန်မျက်စိဖြင့်င့် မမြင်နိုင်လောက်တဲ့ ကြိမ်နှုန်းအရှိန်တွေနှင့် ရွှေ့လျားလာခဲ့ကြတယ်။

 

ချီကျွင့်က ခြင်္သေ့ကြီးတစ်ကောင် ဖြစ်လာပြီး ကြောင်စက်ရုပ်နဲ့ တိုက်ခိုက်နေခဲ့တယ်။

 

ဘွန်ဆိုင်းကုက သူ့ရဲ့ခြေသည်းတွေကို ဝှေ့ယမ်းနေတဲ့ ခြင်္သေ့ကို စိုက်ကြည့်နေခဲ့တယ်။

 

ခြင်္သေ့ကြီးက ကြောင်ရဲ့လှုပ်ရှားမှုတွေကို ဆိုးဆိုးရွားရွားမနှောင့်ယှက်ခဲ့ဘူး။

 

သူက သူ့ရဲ့ သူ့ခြေဖဝါးတွေကို လွှဲရမ်းနေခဲ့ကာ သူ့ရဲ့ ခြင်္သေ့လေဆံမွှေးထူထူတို့က ချောမွတ်စွာ လှုပ်ရမ်းနေခဲ့ပြီး သူ့ရဲ့အမြီးကလည်း ပျော်ရွှင်စွာ ဝှေ့ယမ်းနေခဲ့တယ်။

 

ဒါတွေက ကမ္ဘာပျက်ကတ်မှာတုန်းက တိုက်ခိုက်ခဲ့တဲ့နည်းလမ်းတွေနဲ့ နှိုင်းယှဉ်ရင်င် လုံးဝကိုကွဲပြားခြားနားတဲ့ တိုက်ပွဲမျိုးဖြစ်နေခဲ့တယ်။

 

ကမ္ဘာပျက်ကတ်အတွင်းမှာတုန်းက ချီကျွင့်က သားရဲတစ်ကောင်အဖြစ် ပြောင်းလဲနိုင်ပေမဲ့လည်း အများစုကတော့ သူ့ရဲ့သတ္တုစွမ်းရည်ကို မြှင့်တင်ရန်အတွက်သာ ပြောင်းလဲခဲ့တာဖြစ်လေတယ်။

 

သူက သတ္တုအမျိုးမျိုးကို ထိန်းချုပ်ပြီး ဖုတ်ကောင်တွေရဲ့ခေါင်းတွေကို ထိုးဖောက်ရန် ဒါမှမဟုတ် ချေမွှဖျက်စီးရန်အတွက် သုံးခဲ့တယ်။

 

အခုလိုမျိုး သူ့ရဲ့လက်ဖဝါးကို ဝှေ့ယမ်းပြီးတိုက်ခိုက်တာက ဒါ ပထမဆုံးအကြိမ်ပဲ။

 

ချီကျွင့်က ဒီလိုတိုက်ခိုက်ရေးနည်းလမ်းကို အသုံးပြုရတာကို စိတ်ကျေနပ်နေခဲ့တယ်။

 

သူ့ရဲ့ လက်ဖဝါးတွေက ထိုသားရဲစက်ရုပ်ဆီသို့ ချဉ်းကပ်တဲ့အချိန်တိုင်းမှာ သူ့အနေနဲ့ သူ့ရဲ့သတ္တုစွမ်းရည်ကိုအသုံးပြုကာ ထိုသားရဲစက်စက်ရုပ်ဆီမှ သားရဲပုံစံကိုလည်း စူးစမ်းလေ့လာနိုင်တယ်။

 

သေချာတာပေါ့။ သူ့အနေနဲ့ ဒီစက်ရုပ်ကြောင်ကို ထိန်းချုပ်တဲ့လူက သူတို့ကို သတ်ဖို့အတွက် ရည်ရွယ်ချက်မရှိဘူးဆိုတာကို ရှာဖွေတွေ့ရှိခဲ့တယ်။

 

ဘွန်ဆိုင်းကုက ခြင်္သေ့ကြီးရဲ့ ခြေဖဝါးတွေကို အရမ်းသဘောကျပြီး ထိုခြင်္သေ့ခြေဖဝါးတွေကို ဆုတ်ကိုင်ချင်ခဲ့တယ်။  သို့သော်လည်း သူ့ရဲ့စိတ်ထဲတွင် ဒေါသတရားနှင့် အလျှော့မပေးချင်မှုတို့ကလည်း ရှိနေခဲ့တယ်။

 

အခုလိုမျိုး အနီးကပ်တိုက်ခိုက်ခြင်းဆိုတာမျိုးက သူ့ရဲ့ ဆိုးသွန်းတဲ့ခြင်္သေ့ကြီး အချိန်မရွေး ထိခိုက်ဒဏ်ရာရနိုင်တယ်ဆိုတဲ့ သဘောပဲ။

 

ဒီခြင်္သေ့လေးက သူသာ ရန်သူကြောင့် ဒဏ်ရာရသွားခဲ့ရင် ကုယန်ကျန်းရဲ့ ကုသရေးစွမ်းအင်က အချိန်မရွေး ကုသပေးနိုင်တယ်ဆိုပြီး ကုယန်ကျန်း ဘေးနားမှာ ရှိနေတာကို ရှင်းရှင်းလင်းလင်းမှီခိုလွန်းနေတာပဲ။

 

ဘွန်ဆိုင်းကုကတော့ ဒီခြင်္သေ့ကို ကောင်းကောင်းကြီး ကြိမ်းမောင်းချင်နေခဲ့ပြီ။

 

ကံမကောင်းစွာနဲ့ သူ ထိုသို့လုပ်ချင်တယ်ဆိုရင်တောင်  စက္ကန့်ပိုင်းအတွင်းမှာ ကြောင်စက်ရုပ် အဖျက်ဆီးခံလိုက်ရမဲ့အချိန်ထိ ဒေါသတကြီးစောင့်ဆိုင်းနေရုံသာ တတ်နိုင်ခဲ့တယ်။

 

စက်ရုပ်ကြောင်ကို ထိန်းချုပ်တဲ့လူက လက်နက်မပါတဲ့ ချီကျွင့်ကို တိုက်ခိုက်ဖို့အတွက် ရည်ရွယ်ချက်မရှိခဲ့ဘူး။ သူက ချီကျွင့်နဲ့  ထိပ်တိုက်တိုးမိတဲ့အချိန်မှာ ချီကျွင့်ကို ရှောင်ဖို့တောင် ကြိုးစားခဲ့ပေမယ့် ချီကျွင့်က လျှင်မြန်လွန်းပြီး စက်ရုပ်ကြောင်ရဲ့လက်ဖဝါးကို တိုက်ရိုက်ရင်ဆိုင်ခဲ့တယ်။

 

တစ်ဖက်လူက သူ့စက်ရုပ်ကြောင်ရဲ့ခြေသည်းတွေအောက်မှာ ချီကျွင့် သေသွားတော့မယ်လို့ သေချာပေါက်ထင်ခဲ့တဲ့အတွက် ထိတ်လန့်သွားရတယ်။

 

သို့ပေမယ့် မကြာခင်မှာပဲ  zerg တွေရဲ့ အပြင်ဘက်ချပ်ဝတ်အကာအရံကိုတောင် ထိုးဖောက်နိုင်လောက်အောင် ထက်မြက်တဲ့ စက်ရုပ်ကြောင်ရဲ့ လက်သည်းတွေက ချီကျွင့်ကို ဒုက္ခမပေးကြောင်း တွေ့ရှိလိုက်ရလေတယ် ။

 

သိပ်သည်းဆမြင့်တဲ့ သတ္တုစပ်ကပ်ဖြင့်ပြုလုပ်ထားတဲ့ စက်ခြေသည်းတွေက တစ်ဖက်လူကိုထိမိချိန်မှာ သတ္တုရိုက်ခတ်သံတွေသာဖြစ်ပေါ်လာခဲ့တယ်။

 

ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့ရဲ့ စက်ရုပ်ကြောင်ဆီသို့ အမြန်ပြေးလာခဲ့တဲ့လူက မရှိတော့ဘဲ  ထိုနေရာမှာ လှပတဲ့အညိုရောင်နှင့် အဝါရောင်သားမွှေးတွေကို ပိုင်ဆိုင်ထားတဲ့ ခြင်္သေ့ကြီးတစ်ကောင်က ပေါ်ထွက်လာတော့တယ်။

 

ကြောင်သားရဲကတ်ပိုင်ရှင်က  စိတ်သက်သာရာ ရသွားခဲ့တယ်။

 

တစ်ဖက်လူက မူလကတည်းက တိုက်ခိုက်ရေးကတ်တစ်ခုရှိနေခဲ့ပေမဲ့ သူ့ရဲ့ စက်ရုပ်သားရဲက သမားရိုးကျစက်ရုပ်သားရဲတွေနဲ့ ကွဲပြားတဲ့ပုံပဲ။ဒီနေရာမှာ ခြင်္သေ့သားရဲစက်ရုပ်ကြီး ပေါ်ထွက်လာတယ်ဆိုမှတော့ ထိုလူက လွယ်လွယ်နဲ့ မသေနိုင်လောက်ဘူးဆိုတာကို သူသိလိုက်ပြီ။

 

သို့ပေမယ့် ခဏအကြာမှာတော့ စက်ရုပ်ကြောင်နောက်ကျောပေါ်မှ လူက အေးခဲသွားခဲ့တယ်။

 

ဘာလို့လဲဆိုတော့ သူ့စက်ရုပ်ကြောင်က ခြင်္သေ့ရဲ့ခြေသည်းတွေနှင့် ထိမိသွားတဲ့အချိန်တိုင်းမှာ သူ့စက်ရုပ်ကြောင်ရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ လိုင်းတွေက ဖျောက်ဖျက်ခံလိုက်ရတဲ့ အရိပ်အယောင်တွေကို တွေ့ရတာကြောင့်ပဲ။

 

သူသာ ဆက်လက်တိုက်ခိုက်နေဦးမယ်ဆိုရင် သူ့ရဲ့ စက်ရုပ်သားရဲက ဖျက်သိမ်းခံလိုက်ရမှာဖြစ်ပြီး သားရဲကတ်ထဲမှာ ပေါင်းစည်းထားတဲ့ သူရဲ့စိတ်စွမ်းအားတွေကလည်း ထိခိုက်သွားလိမ့်မယ်။

 

သူ့ဆီမှာ လှုပ်ရှားနိုင်တဲ့အရာအချို့ရှိသေးပေမဲ့လည်း မြို့တော်ထဲမှာ သူ့စက်ရုပ်သားရဲရဲ့ မြေဆွဲအားသေနတ် ဒါမဟုတ် စွမ်းအင်မြင့်သံအမြောက်တွေကို ထုတ်လွှတ်နိုခွင့်မရှိဘူး။ ဒါ့အပြင် သူသည်လည်း ဒီလူကို မသတ်ချင်ဘူး။

 

ဒါကြောင့် ထိုလူက ချီကျွင့်ကို လေးလေးနက်နက်စိုက်ကြည့်ကာ စက်ရုပ်ကြောင်ရဲ့ စွမ်းအားကို အမြင့်ဆုံးသို့တင်လိုက်ပြီး  နောက်ပြန်လှည့်မကြည့်စတမ်း ထွက်ပြေးသွားခဲ့တော့တယ်။

 

ခြင်္သေ့ချီရဲ့ မျက်လုံးတွေက ထွက်ပြေးသွားပြီဖြစ်တဲ့ စက်ရုပ်ကြောင်ကိုစိုက်ကြည့်ရင်း သူ့ရဲ့မျက်လုံးတွေကတော့ ပူပြင်းနေခဲ့တာ စိတ်မကောင်းစရာကောင်းကြောင်း တွေးနေခဲ့တယ်။

 

နောက်ထပ် တစ်မိနစ်အတွင်းလောက်မှာ သူ့အနေနဲ့ ထိုစက်ရုပ်သားရဲရဲ့ မျက်နှာပြင်ကို ဖယ်ရှားပစ်နိုင်တော့မှာဖြစ်ပြီး အတွင်းပိုင်းမှာရှိတဲ့ ပိုပြီးရှုပ်ထွေးတဲ့ လိုင်းတွေကို တွေ့မြင်နိုင်တော့မှာ။

 

ဥပမာအားဖြင့် စက်ရုပ်သားရဲရဲ့တင်ပါးပေါ်မှာရှိတဲ့...  အရှိန်အဟုန်မြှင့်လိုင်းတွေက ... အတော်လေး စိတ်ဝင်စားစရာကောင်းတယ်။

 

ထွက်ပြေးသွားတဲ့လူကတော့ သူ့ရဲ့ သားရဲကတ်ပေါ်မှ အပေါ်ယံအလွှာတစ်ခု ပျောက်ကွယ်လုနီးပါးဖြစ်နေတာကိုကြည့်ကာ သူ့ရဲ့နှုတ်ခမ်းတွေကို လျှာနဲ့သပ်လိုက်ပြီး ကွမ်တမ်ကွန်ပြူတာကို ချိတ်ဆက်လိုက်တယ်။

 

*

 

သားရဲကတ်စတိုးမှာရှိနေတဲ့ ချန်ရှုတစ်ယောက် စုန်ပေါ်ဟောက်ထံမှ  ခေါ်ဆိုမှုကိုတွေ့တော့ အံ့သြသွားခဲ့ရတယ်။

 

အချိန်ခဏလောက်ကြာမှ  သူ တုံ့ပြန်လာခဲ့ပြီး စုန့်ပေါ်ဟောက်ရဲ့ခေါ်ဆိုမှုကို လက်ခံချိတ်ဆက်လိုက်လေတယ်။

 

သူ့ရဲ့ရှေ့မှာ ရင်းနှီးကျွမ်းဝင်တဲ့မျက်နှာ ပေါ်ထွက်လာတာနှင့် ချန်ရှု မသိစိတ်အရ မေးလိုက်မိတယ်။

 

ဘာကိစ္စရှိလို့လဲ?

 

စုန့်ပေါ်ဟောက် သူ့ရဲ့လက်ကို မြှောက်လိုက်ပြီး ချန်ရှုရဲ့ 3D ရုပ်ပုံလေးကို သွားထိလိုက်တယ်။

 

ဘာမှမဟုတ်ပါဘူး..  ကိုယ် အရင်တုန်းက မင်းကိုကတိပေးထားတဲ့ကိစ္စကို ပြောချင်လို့.. ကိုယ် ဒါကိုမလုပ်နိုင်ဘူး

 

ချန်ရှု ပြုံးလိုက်တယ်။

 

အဲဒါလား..  မင်းက နောက်ထပ်ဆုကြေးမစ်ရှင် လုပ်စရာရှိနေသေးလို့လား.. မင်း ပိုက်ဆံ ဘယ်လောက်လိုလို့လဲ .. ငါမင်းကို ပေးလို့ရတယ်

 

စုန့်ပေါ်ဟောက်ရဲ့ လည်ချောင်းက ခဏတာလောက် ပိတ်ဆို့သွားရပြီး တည်ငြိမ်စွာစကားပြောနိုင်ရန်အတွက် ကြိုးစားလိုက်ရတယ်။

 

“အထင်မလွဲနဲ့.. ကိုယ်က ကိုယ့်ထက် သန်မာတဲ့လူတစ်ယောက်ကို မကာကွယ်နိုင်ဘူးလေ

 

ချန်ရှု ကြောင်အမ်းသွားခဲ့တယ်။

 

…မင်း ဘာပြောလိုက်တာလဲ?

 

ဒီလူက လူသိများတဲ့ ကြေးစားခေါင်းဆောင်တစ်ယောက်လေ။ သူ အရူးအမူးဆော့ကစားခဲ့တဲ့ ဂြိုဟ်သိမ်တွေ ဘယ်လောက်များနေပြီလဲ ဆိုတာနှင့် သူကိုင်တွယ်ခဲ့တဲ့ ကြယ်တာရာသူခိုးအရေအတွက်က ဘယ်လောက်ရှိပြီလဲဆိုတာကိုတောင် မသိနိုင်တော့ဘူး။

 

ချီကျွင့်လိုကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး သူ့ထက် ပိုသန်မာနိုင်မှာလဲ။

 

ချန်ရှုရဲ့ ထိတ်လန့်အံ့သြသွားတဲ့ မျက်နှာကို ကြည့်ရင်း စုန့်ပေါ်ဟောက်က ကတ်ပြားတစ်ခုကို သူ့ရဲ့လက်ချောင်းတွေကြားမှာ ညှပ်ပြီး ထိုကတ်မှာရှိနေတဲ့ ခြစ်ရာတွေကို ပြသလိုက်တယ်။

 

ကြည့်လိုက်..  သူက ကိုယ့်ရဲ့သားရဲကတ်ကို ချိုးပစ်လုနီးပါးပဲ

 

ချန်ရှု စုန့်ပေါ်ဟောက်ရဲ့လက်ထဲမှ သားရဲကတ်ကို ဂရုတစိုက်ကြည့်လိုက်ပြီး ထိုကတ်ပေါ်မှာ သိသိသာသာ ပျက်စီးမှုတွေ ရှိနေတာကို  တွေ့လိုက်ရတယ်။

 

အချိန်အတော်ကြာအောင် သူ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တယ်။

 

စုန့်ပေါ်ဟောက်က သားရဲကတ်ကို လက်နဲ့ အသာခေါက်လိုက်တယ်။

 

ဒီတော့ .. မင်း ကိုယ့်ကို ဘယ်လို လျော်ကြေးပေးမှာလဲ

 

အဆင့်မြင့်တိုက်ခိုက်ရေးကတ်တစ်ခုက ကြယ်ဒင်္ဂါး (10) သန်းကျော်တန်ဖိုးရှိတယ်။ ပြန်လည် ပြင်ဆင်မယ်ဆိုရင်တောင် ဈေးသက်သာမှာမဟုတ်ဘူး။

 

ထပ်ပေါင်းပြောရရင် အဆင့်မြင့် တိုက်ခိုက်ရေးကတ်တွေက ရရှိရန်ခက်ခဲသေးတယ်။

 

စုန့်ပေါ်ဟောက်တစ်ယောက် သူ့ရဲ့အရှေ့မှ အချိန်ကြာကြီး တိတ်ဆိတ်နေတဲ့လူ နောက်ဆုံးမှာတော့ ပါးစပ်ဖွင့်ဟလာတာကို တွေ့လိုက်ရလေတယ်။

 

လာခဲ့.. ငါတို့တွေ့ပြီး ပြောကြတာပေါ့

 

တစ်ဖက်မှာတော့ တိုက်ပွဲကောင်းလေးတစ်ခု တိုက်ခိုက်ပြီးနောက် သက်တောင့်သက်သာရှိသွားရတဲ့ ခြင်္သေ့ချီက နောက်ဆုံးတော့ သူ့ရဲ့အဝတ်အစားတွေက ပျက်စီးသွားပြီဖြစ်ကြောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်ပြီး ဝတ်ဆင်ဖို့ရာ မဖြစ်နိုင်တော့ဘူး။

 

အဝတ်အစားတွေက သူ့ရဲ့အသွင်ပြောင်းမှုကြောင့် ကွဲထွက်သွားတာကို တွေ့တော့ သူ အဝတ်အစားတွေဝယ်ဖို့ကို မေ့လာခဲ့တာကိုပါ ပြန်လည် သတိရသွားရတယ်။

 

ခြင်္သေ့ချီ  အနည်းငယ်လောက်အပြစ်ရှိသလို ခံစားမိတယ်။ဗိုလ်ချုပ်ကြီးရဲ့အိမ်မှာ သူ ဝတ်ဖို့အတွက် အဝတ်အစားတွေဘယ်လောက်ကျန်သေးလဲဆိုတာ သူ မသိတော့ဘူး။

 

ခြင်္သေ့ချီ သူ့ရဲ့ခြင်္သေ့လည်ဆံမွှေးတွေကို လျှာနှင့်လျက်လိုက်ပြီး သူ့မိသားစုရဲ့ဘွန်ဇိုင်းပင်ကို လက်ဖဝါးထူထူဖြင့် ဖိကပ်လိုက်ကာ အပင်ရဲ့အမြစ်နားမှာ ငုတ်တုတ်ထိုင်လိုက်တယ်။

 

ယန်ကျန်းကျန်း.. ကျွန်တော့်အတွက် အဝတ်အစား တစ်ထည်လောက်လုပ်ပေးပါဦး.. သတ္တုတွေကို မဝတ်ချင်ဘူး.. သတ္ထုက မာကျောလွန်းလို့ သက်သောင့်သက်သာမရှိဘူး

 

ဘွန်ဇိုင်းကုက သူ့ရဲ့အကိုင်းအခက်တွေကို ဘေးသို့ရွှေ့လိုက်လေတယ်။

 

သူ့အနေနဲ့ တူညီတဲ့အမှားတွေကို ထပ်ခါတလဲလဲ မလုပ်နိုင်ဘူး။ ခြင်္သေ့လေးရဲ့ မရိုးသားတဲ့ အပြုအမူတွေကိုလည်း ခံနိုင်ရည်ရှိအောင် ကြိုးစားရတော့မယ်။

 

သူ သူ့ကို အပြစ်ပေးဖို့လိုအပ်တယ်!

 

ဒီနေ့ကစပြီး ဒီ ဆိုးသွန်းတဲ့ ခြင်္သေ့ကို သိသွားအောင် လုပ်ရမယ်။

 

  သူ့ရဲ့သားရဲပုံစံကို ပြောင်းပြီး တိုက်ခိုက်လို့မရဘူး၊ ဒီလိုအပြုအမူတွေကို ရှောင်ရှားရမယ်ဆိုတာကို သိရှိစေရမယ်!

 

ဒါကြောင့် ... ဘွန်ဆိုင်းကုက သူ့ရဲ့ ကမ္ဘာဦးသစ်ရွက်တွေကို လှုပ်ခါလိုက်ပြီး မကြာခင်မှာပဲ လေပွေတစ်ခုနဲ့အတူ သူ့ရဲ့ သစ်ရွက်တွေက ကြွေကျသွားခဲ့တယ်။

 

ထိုသစ်ရွက်တွေက ခြင်္သေ့ချီရဲ့ခန္ဓာကိုယ်ကို ဝန်းရံသွားခဲ့ကြပြီး သစ်ရွက်ဝတ်စုံအဖြစ် ချိတ်ဆက်သွားကာ  ခြင်္သေ့ရဲ့ အမြီးနဲ့ ခြေထောက်တွေကနေ စတင်ရစ်ပတ်ဝတ်ဆင်ပြီးသားဖြစ်လာခဲ့တယ်။

 

ကုယန်ကျန်းက ထိုအောက်ပိုင်းကိုဖုံးအုပ်ပြီးတဲ့နောက်မှာ  မလုံလောက်သေးဘူးလို့ ခံစားရပြီး ခြင်္သေ့ချီရဲ့အပေါ်ပိုင်းကို ပတ်ရန်အတွက် သစ်ရွက်တွေကို ထိန်းချုပ်လိုက်ပြန်တယ်။

 

ကမ္ဘာဦးအရွက်နဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတွေက နူးညံ့ပြီး သက်တောင့်သက်သာရှိကာ အရင်တုန်းကသူ့ဘာသာသူလုပ်ထားတဲ့ သတ္တုအဝတ်အစားထက် အများကြီး ပိုကောင်းသေးတယ်။

 

ခြင်္သေ့ချီက သူ့ရဲ့ကိုယ်ပေါ်မှာရှိနေတဲ့ ယပ်တောင်ပုံသဏ္ဍာန် ဓါးသွားလိုသစ်ရွက်လေးတွေကို  ငုံ့ကြည့်လိုက်တယ်... အစိမ်းရောင် အင်္ကျီနှင့် အစိမ်းရောင်ဘောင်းဘီ။

 

သူ့မိသားစုရဲ့ ကမ္ဘာဦးသစ်ပင်ကြီးက အခုလို သစ်ပင်အခြေအနေဖြစ်လာပြီးတဲ့နောက်မှာ သူ့ဦးနှောက်ကလည်း တောင့်တင်းနေပြီး အလှတရားအပေါ် ကြည့်ရှုနိုင်စွမ်းက လျော့နည်းလာပုံရတယ်။

 

ချီကျွင့် ဒါကို တကယ်ကြီး မဝတ်ချင်တော့ဘူး!