Ch 16
Viewers 2k

(16)

 

သစ်ရွက်တွေကို ၀တ်ဆင်ထားတဲ့ အမျိုးသားငယ်တစ်ယောက်က ဗိုလ်ချုပ်ကြီးရဲ့အိမ်ဆီသို့ လမ်းတစ်လျှောက်တောက်လျှောက် ပြေးလွှားလာခဲ့ပြီးမှ တစ်စုံတစ်ခုကို သတိရသွားရတယ်။

 

ယန်ကျန်းကျန်း.. ခင်ဗျားရဲ့ သားရော

 

အချိန်အတော်ကြာအပြင်ကိုထွက်လာပြီးနောက် ဘွန်ဆိုင်းကုရဲ့ မျက်လုံးထဲမှာ သူ့ရဲ့ခြင်္သေ့လေးချီသာရှိနေခဲ့တယ်။

 

ထိုသားအကြောင်းကို ဘယ်လိုလုပ် မှတ်မိနေမှာလဲ။

 

ဒီအခိုက်မှာဘဲ ချီကျွင့်ရဲ့ မေးခွန်းကို သူကြားလိုက်ရတာဘဲ။

 

ကုယန်ကျန်း ချီကျွင့်နှင့်အတူ ဧည့်ခန်းထဲသို့ ဝင်လာရင်းနှင့် စားသောက်ဆိုင်ထဲမှာတုန်းက သူရဲ့သစ်သားစွမ်းအင်နှင့် ကမ္ဘာဦးပျိုးပင်လေးကို ကြီးထွားအောင်မလုပ်ခဲ့ကောင်းကို ပြန်တွေးလိုက်မိတယ်။ ခြင်္သေ့ကိုယ်ပွားလေးရဲ့ ဝိဥာဥ်က ထိုပျိုးပင်လေးထဲမှာ ရှိနေတာကြောင့် သူ ဂရုစိုက်ခဲ့သေးတယ်လေ။

 

သူ သူ့ရဲ့တစ်ကိုယ်လုံးကို ရှာဖွေကြည့်လိုက်တော့ သစ်ရွက်တွေရဲ့ထောင့်လေးဆီမှာ သူ့အကိုင်းအခက်တွေကို ရစ်ပတ်ဖို့ ရုန်းကန်နေရတဲ့ အပင်ပေါက်လေးကို တွေ့လိုက်ရတယ်။

 

လက်ရှိမှာ ထိုအပင်ပေါက်လေးက ရေဓာတ်ခန်းခြောက်နေတဲ့ ပဲပင်ပေါက်လေးလို ကျုံ့လှီနေခဲ့ပြီဖြစ်ကာ ကုယန်ကျန်း ထိုပျိုးပင်လေးကိုယူပြီး ချီကျွင့်ရဲ့လက်ဖဝါးထဲကို ထည််ပေးလိုက်တယ်။

 

အပင်ပေါက်လေးက သူ့ရဲ့ခြောက်သွေ့တဲ့ အမြစ်တွေကို အားနည်းစွာ ရွေ့လျားလိုက်ပြီး သူ့ရဲ့ သေးငယ်တဲ့ အရွက်ငယ်လေးတွေကို ဖွင့်ဟက သူ့ရဲ့ခြင်္သေ့အဖေဆီကနေ ပွေ့ဖက်မှုကို တောင်းခံလာခဲ့တယ်။

 

ချီကျွင့် အမူအယာကင်းမဲ့နေတဲ့ ဘွန်ဆိုင်းကုကို စိုက်ကြည့်လိုက်တယ်။

 

“...”

 

ဒါက သူ့ရဲ့ ကောင်းမွန်လွန်းတဲ့ သားလေးမဟုတ်ဘူးလား?

 

ချီကျွင့် ထမင်းစားခန်းထဲမှ ဘေစင်ဆီသို့ အလျှင်အမြန် လျှောက်သွားခဲ့ကာ ရေဇလုံတစ်ခုကို လှမ်းယူပြီး ထိုပဲပင်ပေါက်လေးကို စိမ်ပေးလိုက်တယ်။

 

ပဲပင်ပေါက်လေးရဲ့ ခြောက်သွေ့နေတဲ့ အမြစ်လေးတွေက ဆန့်တန့်ပြီး ရေထဲကို နှစ်လာခဲ့တယ်။ သူရဲ့အရွက်တွေကို လှုပ်ကြည့်တော့ သူ့အဖေ ခြင်္သေ့ရဲ့လက်ထဲမှာ ဆုပ်ကိုင်ခံထားတာကို တွေ့ရှိပြီးနောက် ရေထဲမှာ ပျော်ရွှင်စွာ လှုပ်ယမ်းနေခဲ့တော့တယ်။

 

မြင့်မားတဲ့ ကမ္ဘာဦးသစ်ပင်ကြီးကချီကျွင့်ရဲ့ နောက်မှာ ရပ်နေခဲ့ပြီး သူ့ရဲ့သစ်ရွက်တွေကို လှုပ်ယမ်းနေခဲ့တယ်။ သူ့ရဲ့အပင်ထိပ်ဖျားနေရာကတော့ အနည်းငယ်စောင်းနေခဲ့ပြီး သူ့ရဲ့ သစ်ကိုင်းတစ်ကိုင်းက ရေဇလုံထဲသို့ တည့်တည့်သွားခဲ့တယ်။

 

ရေဇလုံထဲမှာရှိနေတဲ့ ရေတွေက ချက်ချင်းပဲ ခြောက်ခမ်းသွားခဲ့တယ်။ ပျော်ရွှင်စွာနှင့် ရေကူးခတ်နေတဲ့ ပဲပင်ပေါက်လေးသည်လည်း ချက်ချင်းပဲ ဇလုံရဲ့အောက်ခြေကို ထိမိသွားခဲ့ရတယ်။

 

...ဘာဖြစ်သွားတာလဲ?

 

ကုယန်ကျန်းကို သစ်သားစွမ်းရည်နှင့် ပြန်လည် ကုသပေးခိုင်ဖို့ တွေးနေတဲ့ ချီကျွင့်:

 

“.....”

 

သားဖြစ်သူရဲ့အသက်ကယ်ရေကို လုယက်ခဲ့တဲ့ ဘွန်ဆိုင်းကုကတော့ သူ ဘယ်အချိန်လောက်တုန်းက ဆိုဖာအောက်မှ ထုတ်ယူလာခဲ့မှန်းမသိတဲ့ ပန်းအိုးထဲသို့ စိုစွတ်နေပြီဖြစ်တဲ့ ပဲပင်ပေါက်လေးကို သူ့ရဲ့ သစ်ကိုင်းတစ်ကိုင်းကို အသုံးပြုပြီး ပြောင်း ရွှေ့ပေးလိုက်တယ်။

 

ပြီးနောက် အရွက်သေးသေးလေးတွေကို ဖြောင့်စင်းပေးလိုက်ပြီး ပန်းအိုးလေးထဲသို့ ရေခွက်တစ်ဝက်လောက် လောင်းထည့်ပေးလိုက်တယ်။

 

ချီကျွင့်တစ်ယောက် ဘွန်ဆိုင်းကုက သူ့ရဲ့သစ်သားစွမ်းရည်ကို ပန်းအိုးတစ်ဝိုင်း ဖုံးအုပ်ထားတာကိုကြည့်ရင်း အဖေရင်းတစ်ယောက်ရဲ့ တင်းကျပ်မှုကို စိတ်ထဲကနေ ဝေဖန်နေခဲ့တယ်။

 

စိုစွတ်နေတဲ့ ပဲပင်ပေါက်လေးက ချက်ချင်းပဲ ပြန်လည်ရှင်သန်လာခဲ့ပြီး ပြန်လည်ကြီးထွားလာကာ သူ့ရဲ့ မူလအရွယ်အစားဆီသို့ ပြောင်းလဲသွားခဲ့တယ်။ အပင်ထိပ်မှ နောက်ထပ် ယပ်တောင်ပုံသဏ္ဍာန် အစိမ်းရောင် အရွက်လေးနှစ်ရွက်တောင် ပေါ်ထွက်လာသေးတယ်။

 

ပဲပင်ပေါက်လေးက သူ့ရဲ့အဖေသစ်ပင်ကြီးရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ရေချိုးပေးခံရပြီးနောက် ပျော်ရွှင်စွာ လှည့်ပတ်ရင်း ခုန်ဆင်းလာခဲ့တယ်။

 

ခြင်္သေ့ကိုယ်ပွားလေးက အခုချိန်မှာ သူ့ကိုယ်သူ ခြင်္သေ့ငယ်လေးမဟုတ်တော့ဘဲ သစ်ပင်ပျိုးပင်ငယ်လေးသာဖြစ်နေကြောင်းကို မေ့သွားပုံရတယ်။

 

ဒါကြောင့် သူက သူ့ရဲ့ကိုယ်ပေါ်မှ ရွှံ့ရေတွေ ချက်ချင်းပဲ ခါထုတ်လိုက်လေတယ်။ အပင်ပေါက်လေးဆီမှ စင်လာမဲ့ ရွံ့ရေတွေက သဘာဝအတိုင်း ခြိမ်းခြောက်မှုတစ်ခုမဟုတ်ခဲ့သလို ချီကျွင့်နှင့် ဘွန်ဆိုင်းကုက ထိုရွံ့ရေတွေဆီကနေ ဘေးဘက်ကို တိမ်းရှောင်မယ်ဆိုတဲ့ရည်ရွယ်ချက်မျိုး မရှိခဲ့ကြဘူး။

 

ထို့အတူ သူတို့နှစ်ယောက်လုံးက တားဆီးဖို့လည်း လုပ်မလာခဲ့ကြဘူး။

 

မကြာခင်မှာပဲ ကမ္ဘာဦးသစ်ပင်ပေါက်လေးက သူ့ရဲ့ အမြစ်တွေရွှေ့ပြီး ရွှံ့နွံဇလုံထဲသို့ ခုန်ဆင်းသွားခဲ့ပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ သူက ဘွန်ဇိုင်းကြီးဆီမှပို့လွှတ်ပေးနေတဲ့ သစ်သားစွမ်းအင်တွေအားလုံးကို စုပ်ယူလိုက်ပြီးတဲ့တိုင်အောင် ခုန်မတက်လာခဲ့တော့ဘူး။

 

သူ့ရဲ့ အရွက်ငါးရွက်နှင့် ပန်းအိုးထဲမှာ ငုတ်တုတ်ထိုင်နေခဲ့လေတယ်။ ထို့နောက်မှာတော့ ပန်းအိုးအစွန်းကို သူ့ရဲ့သစ်ရွက်လေးတွေနဲ့ လှမ်းကိုင်လိုက်ပြီးသူ့ရဲ့အလေးချိန်တွေအားလုံးကို ထိုသစ်ရွက်လက်ပေါ်မှာ တင်ထားခဲ့တယ်။

 

ချီကျွင့်: ...

 

မွေးစားသားလေး.. မင်းရဲ့ ဒီကိုယ်ဟန်အနေအထားက ဘာလဲ? ကိုယ့်ကိုယ်ကို လေ့ကျင့်ခန်းလုပ်ချင်နေတာလား?မကြာခင်မှာပဲ ပျိုးပင်လေးရဲ့ ပင်မအကိုင်းအခက်တွေက ဖောရောင်လာခဲ့တယ်။ ထို့နောက်အကိုင်းအခက်တွေရဲ့ အပေါ်ပိုင်းတစ်ဝက်လောက်က ပိုမိုကြီးထွားလာကာ မကြာမီအချိန်အတွင်း နားရွက်နှစ်ဖက်ပါတဲ့ ခေါင်းဝိုင်းဝိုင်းလေးတစ်ခုလိုမျိုးစုစည်းသွားခဲ့တယ်။

 

ချီကျွင့် ကြောင်အမ်းသွားရပြီး ဘွန်ဆိုင်းပင်ရဲ့ ထိပ်ပိုင်းဆီကိုလှည့်ကြည့်ပြီး ပြောလိုက်တယ်။

 

ယန်ကျန်းကျန်း! ခင်ဗျားရဲ့သားက အသွင်ပြောင်းချင်နေတယ်!

 

ဘွန်ဆိုင်းပင်က အရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး သူ့ရဲ့ အကိုင်းအခက်တစ်ခုကို ဆန့်ထုတ်လိုက်ပြီးချီကျွင့်ရဲ့ခါးကို ပွေ့ဖက်ကာ ချီကျွင့်နှင့် အတူ ပန်းအိုးအတွင်းမှ ပျိုးပင်လေးကို ကြည့်နေခဲ့တယ်။

 

ကမ္ဘာဦးပင်လေးရဲ့ လုံးဝန်းတဲ့ မျက်နှာလေးဆီမှ အစိမ်းရောင်ကြောင်လေး မျက်လုံးနှစ်လုံးက ပွင့်ဟလာခဲ့တယ်။

 

ချီကျွင့် ရယ်မောလိုက်တယ်။

 

အစိမ်းက အပြာထက် ပိုကောင်းနေတာပဲ.. ကြည့်လေ.. ခင်ဗျားရဲ့သားက ခင်ဗျားထက် ပိုကောင်းနေတယ်.. အနည်းဆုံးတော့ သူ့မှာ မျက်နှာလေးရှိတယ်

 

မျက်နှာမဲ့ ဘွန်ဆိုင်းကု ...

 

ထို့နောက်မှာတော့ ချီကျွင့်တစ်ယောက် ကမ္ဘာဦးပျိုးပင်လေးက အကိုင်းအခက်လေးခုအဖြစ် ခွဲထွက်သွားပြီး သူ့ရဲ့ ခြေထောက်ငယ်လေး လေ့ဘက်အဖြစ်ပြောင်းသွားတာကို တွေ့လိုက်ရတယ်။

 

တစ်ချိန်တည်းမှာပဲ သူ့ရဲ့အနောက်ဘက်မှာ ခြောက်ခုမြောက်အရွက်လေးနှင့်အတူ အကိုင်းအခက်ငယ်လေးတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူ့ရဲ့အမြီးလေးလို အကွေးလေးဖြစ်ပေါ်လာခဲ့တယ်။

 

ချီကျွင့် တိတ်ဆိတ်နေခဲ့တယ်။ ဒီဦးတည်ချက်က နည်းနည်းတော့ မှားယွင်းနေသလိုပဲ။

 

နောက်ဆုံးတော့ ခေါင်းပေါ်မှာယပ်တောင်ပုံသဏ္ဍာန် အရွက်ငယ်လေးတစ်ရွက်ထွက်နေတဲ့ သစ်ခေါက်ရောင် ခြင်္သေ့အသေးလေးတစ်ကောင်က ပန်းအိုးလေးထဲမှာပေါ်လာခဲ့လေတယ်။

 

သူက မတ်တပ်ထရပ်လာပြီး သေးကွေးတဲ့ လက်ဖဝါးလေးနှစ်ဖက်ကို ချီကျွင့်ဆီသို့ ဖွင့်ဟပေးလာကာ သူ့ရဲ့ ပါးစပ်ကိုလည်း အနည်းငယ် ဖွင့်လာခဲ့တယ်။

 

ဖက်..

 

ချီကျွင့်နှင့် ဘွန်ဆိုင်းကု: ...

 

ဒီအခြေအနေကို သူတို့ မမျှော်လင့်ထားခဲ့ကြဘူး။

 

မြေပြင်ပေါ်မှ ရွှံ့တွေကို သန့်ရှင်းပေးဖို့ ရောက်လာတဲ့ စက်ရုပ်အိုကြီးက ကတော့ ထိုမြင်ကွင်းကို မြင်လိုက်ရချိန်မှာ သူ့ရဲ့ မှိတ်တုတ်မှိတ်တုတ်တွေကို ပိတ်ဆို့လိုက်တော့တယ်။

 

...သူ့ရဲ့ ဆက်တင်တစ်ခုခုက လွဲနေတာဖြစ်ရမယ်။  reboot ပြန်လုပ်ဖို့ လိုအပ်နေပြီ။

 

ဘွန်ဆိုင်းကုက ပထမဆုံးသတိဝင်လာပြီး သူ့ရဲ့ သစ်ကိုင်းတစ်ခုကို ဆန့်ထုတ်ပြီး သစ်သားခြင်္သေ့လေးကို ရစ်ပတ်ကာ ထိုခြင်္သေ့လေးကို ချီကျွင့်ရဲ့ရှေ့သို့  ယူဆောင်ပေးလာခဲ့တယ်။

 

သစ်သားခြင်္သေ့လေးက သူ့ရဲ့ ခြေထောက်လေးဘက်ကိုထောက်ကာ ရပ်နေခဲ့ပြီး ထိပ်ဖျားမှာ သစ်ရွက်လေးတစ်ရွက်ရှိတဲ့ အမြီးလေးကိုလည်း တဖြတ်ဖြတ် လှုပ်ရှားနေခဲ့ပြီး ချီကျွင့်ကို သူ့ရဲ့စိမ်းစိုနေတဲ့ မျက်လုံးတွေနှင့် စိုက်ကြည့်နေခဲ့တယ်။

 

ချီကျွင့် သူ့ရဲ့ လက်ကို ဆန့်ထုတ်လိုက်ပြီး သစ်သားခြင်္သေ့ရဲ့ဗိုက်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်တော့ ထို ခြင်္သေ့ငယ်လေးဆီမှ အသံတိုးတိုးလေးထွက်လာခဲ့တယ်။

 

သစ်သားခြင်္သေ့လေးက သူ့ရဲ့ အရှေ့ဘက်လက်ဖဝါးကိုဆန့်ထုတ်လိုက်ပြီး ချီကျွင့်ရဲ့လက်ချောင်းကို ဆုတ်ကိုင်လိုက်ချင်ပေမဲ့ သူ့ရဲ့သစ်ပင်အဖေကြီးက သူ့ရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်ထားလေတယ်။

 

သူက ချီကျွင့်ဆီကို လက်လှမ်းလို့ မမီနိုင်ဘဲ ချီကျွင့်ရဲ့လက်ရှိရာဘက်သို့သာ သူ့ရဲ့ လက်ဖဝါးတွေကို လိုက်ရမ်းနေခဲ့ရတယ်။

 

ချီကျွင့် သစ်သားခြင်္သေ့ငယ်လေးကို ကောက်ယူလိုက်ပြီး သူ့ရဲ့လက်တွေကို ကိုင်ဆွဲရန် ကြိုးစားနေတဲ့ လက်ဖဝါးလေးကို ဆုတ်ကိုင်ပေးလိုက်တယ်။

 

ခြင်္သေ့လေးအဖြစ်သို့ အသွင်ပြောင်းလိုက်တာက ကမ္ဘာဦးပျိုးပင်လေးအပေါ် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုရှိသွားမှာကို သူ တကယ်ကြီးစိတ်ပူနေမိတယ်။

 

တကယ်လို့ ဒီသစ်ပင်သားလေးသာ ကြီးလာခဲ့ရင် သစ်သားခြင်္သေ့လေးအဖြစ် ကြီးပြင်းလာတော့မှာလား?

 

ချီကျွင့် သစ်သားခြင်္သေ့လေးရဲ့ မာကျောတဲ့ မေးစေ့ကို ကုတ်ပေးလိုက်တယ်။

 

မင်း  လူ ပုံစံအဖြစ် ပြောင်းလဲသင့်တာ.. လူတစ်ယောက်အဖြစ်ပြောင်းရမှာ..  နားလည်ရဲ့လား

 

သစ်သားခြင်္သေ့လေးလေးက သူ့ရဲ့လက်ဖဝါးထဲမှာ လူးလှိမ့်နေရင်း ပါးစပ်ကိုဖွင့်ဟကာ သန်းဝေလာခဲ့တယ်။ ထို့နောက် နှစ်ကြိမ်လောက် မျက်တောင်ခတ်ရင်း အဆုံးမှာတော့ မျက်လုံးတွေကို ပိတ်လိုက်တော့တယ်။

 

ချီကျွင့်တစ်ယောက် ဒီခြင်္သေ့ငယ်လေးက သိရဲ့သားနှင့် ပြန်မပြောင်းတာလား ၊ သူပြောတာကို နားမလည်တာလားဆိုတာကိုတောင် မသိတော့ဘူး။

 

ဘွန်ဆိုင်းကုက သူ့ရဲ့အကိုင်းအခက်ကိုသုံးပြီး သစ်သားခြင်္သေ့ငယ်လေးကို ရစ်ပတ်ကာ ပန်းအိုးထဲသို့ပြန်ထည့်ပေးလိုက်ပြီး ခြင်္သေ့လေးရဲ့ နောက်ခြေနှစ်ဖက်ကို ရွှံ့မြေတွေနှင့် ပြန်မြှုပ်ပေးလိုက်တယ်။

 

ဒီထူးမခြားနားတဲ့ ဟန်ပန်အမူအယာက သိသာထင်ရှားလွန်းတယ်။

 

ဘွန်ဆိုင်းကုက သူ့ရဲ့သားကို စိုက်ပျိုးပြီးနောက် သူ့ရဲ့အကိုင်းအခက်တွေဆီမှ ရွှံ့တွေကို ဘေစင်မှာ ဆေးကြောလိုက်ပြီး ချက်ပြုတ်ဖို့အတွက် ပြင်ဆင်တော့တယ်။

 

ချီကျွင့် အလုပ်ရှုပ်နေတဲ့ သစ်ကိုင်းတွေကို လှမ်းကြည့်လိုက်ပြီး ပန်းအိုးထဲမှာ အိပ်ပျော်နေတဲ့ သစ်သားခြင်္သေ့လေးနှင့် သူ့ကိုယ်သူ reboot ပြန်လုပ်နေတဲ့ စက်ရုပ်အိုကြီးဆီကို တစ်လှည့်ဆီ လှည့်ကြည့်လိုက်ပြန်တယ်။သူ ဒီကလေးတစ်ယောက်တည်း ကျန်းကျန်းမာမာနှင့် ကြီးထွားလာပါ့မလားဆိုတာကို စိတ်ပူနေသင့်လား?

 

စက်ရုပ်အိုကြီးကတော့ သုံးကြိမ်မြောက် reboot ချပြီးနောက်မှာတော့ သူမြင်နေရတာက အမှန်တရားပဲဆိုတာကို အသိအမှတ်ပြုလိုက်ရပြီ။

 

ဒုတိယ သခင်ရောက်လာပြီးကတည်းက သူ့အတွင်းမှာ ထည့်ထားတဲ့အချက်အလက်တွေကို သူ့ဘာသာသူ ပြန်ပြင်နေရတာ တော်တော်လေးများနေပြီ။

 

ဥပမာအားဖြင့် ခြင်္သေ့နှင့်လူသားကြားမှာ အပြန်အလှန် ပြောင်းလဲမှုတွေ ပြုလုပ်နိုင်တယ်။

 

သစ်ပင်တစ်ပင်ကလည်း ပြေးလွှားသွားလာနိုင်သလို အစားအစာတွေ  ချက်ပြုတ်နိုင်တယ်။

 

နောက်ပြီး အခုဆိုရင် သစ်ပင်တစ်ပင်ကလည်း ခြင်္သေ့အဖြစ်သို့ ပြောင်းလဲသွားနိုင်တယ်။

 

အတိုချုပ်ပြောရရင် စက်ရုပ်အိုကြီးက ခြင်္သေ့၊ သစ်ပင်နှင့် လူသားတို့ရဲ့ ကြားမှာ ခေတ်မီနည်းပညာနှင့် ရှာဖွေထုတ်ဖော်နိုင်ခြင်းမရှိတဲ့ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်ချက်တစ်ခုရှိနေလိမ့်မယ်လို့ ယူံကြည်ထားလိုက်ပြီ။

 

ဒါကြောင့် စက်ရုပ်အိုကြီးက အိမ်မှာရှိနေတဲ့ အပင်တွေအားလုံးကို တိတ်တဆိတ် ကြည့်ရှုစောင့်ရှောက်လာတတ်ပြီး အခါအားလျော်စွာ အနားကိုတိုးကပ်ပြီး ရှာဖွေလာခဲ့တယ်။

 

ညစာစားပြီးနောက်မှာတော့ ချီကျွင့်က စက်ရုပ်အိုကြီးဆီသိုသွားပြီး 

ကြယ်ပြည်ကြီးငါးကြော်ကို မြေသြဇာဖြစ်အောင် ဘယ်လိုပြောင်းလဲရမလဲဆိုတဲ့မေးခွန်းကို အလေးအနက် သွားမေးခဲ့တယ်။

 

ခဏကြာတော့ စက်ရုပ်အိုကြီးရဲ့ လမ်းညွှန်မှုအောက်မှာ ချီကျွင့်က  ကြယ်ပြည်ကြီးငါးကြော်ပန်းကန်ကို အခြောက်ခံလိုက်ပြီး အမှုန့်အဖြစ်သို့ ပြောင်းလဲလိုက်တယ်။

 

ထို့နောက် ရေအနည်းငယ်နှင့် သစ်ပင်တွေကိုအားဖြည့်ပေးနိုင်တဲ့ဘက်တီးရီးယားတွေကို ထည့်ပေါင်းကာ လျင်မြန်စွာ အချဉ်ဖောက်လိုက်ပြန်တယ်။

 

အချိန်သိပ်မကြာခင်မှာပဲ ချီကျွင့်က နောက်ဆုံးထုတ်ကုန်ဖြစ်တဲ့  အလုံပိတ်ထားတဲ့ပုံးကိုသယ်ကာ ကမ္ဘာဦးသစ်ပင်ကြီးရဲ့အောက်ကို ရောက်လာခဲ့တယ်။

 

ဝေးကွာလွန်းတဲ့ တခြားသော နဂါးငွေ့တန်းမှ ထွက်ခွာဖို့အသင့်ပြင်နေတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက် သူ့ရဲ့နှလုံးသားထဲမှ ငြင်းဆန်မှုကို ခံစားလိုက်ရတယ်။

 

သူ့ရဲ့တွဲဖက်ခန္ဓာကိုယ်က သစ်ပင်တစ်ပင်ဖြစ်နေတယ်ဆိုပေမဲ့ အမှန်တကယ် သစ်ပင်တစ်ပင်လို့  သတ်မှတ်နိုင်တာမဟုတ်ဘူး။

 

သူက အိမ်နောက်ဘက်မှာရှိတဲ့ မြေဆီလွှာကို ထိုးဖောက်ပြီး မြေဆီလွှာမှာရှိတဲ့ အစိုဓာတ်နှင့် သစ်သားစွမ်းရည်ကိုသာ စုပ်ယူတာဖြစ်ပြီး သဘာဝအရ သို့မဟုတ် လူလုပ်မြေသြဇာတွေကို လုံးဝမမှီခိုဘူး။

 

သို့ပေမဲ့လည်း ဒီဓာတ်မြေသြဇာသက သူ့ရဲ့ခြင်္သေ့လေးရဲ့ ကြိုးစားအားထုတ်မှုပဲ။

 

ဒီတော့ ဗိုလ်ချုပ်ကြီးယန်တစ်ယောက် သူ့တွဲဖက်ရဲ့ အနံ့ခံအာရုံကို ပိတ်ဆို့လိုက်ကာ ဘွန်ဆိုင်းပင်ကို ထိန်းချုပ်ပြီး ချီကျွင့်နှင့်အတူ တွဲဖက်အပင်ရဲ့အမြစ်နားမှာ ကျင်းတူးဖို့ ကူညီပေးခဲ့ကာ ထိုမြေသြဇာကို မြှပ်နှံလိုက်ရတယ်။

 

အခုလိုမျိုး ကိုယ့်ကိုယ်ကို နှိမ့်ချမဲ့လူမျိုး နောက်တစ်ယောက် မရှိနိုင်တော့ဘူး။

 

အရာအားလုံးလုပ်ပြီးသွားတော့ ချီကျွင့်က လက်ခုပ်တီးလိုက်ပြီး ကမ္ဘာဦးသစ်ပင်ကြီးကို မော့ကြည့်လိုက်တယ်။

 

ခင်ဗျားကြိုက်တယ်ဆိုရင်  ကျွန်တော် မနက်ဖြန်လည်း ထပ်ယူလာခဲ့မယ်

 

ဗိုလ်ချုပ်ကြီးယန်ရဲ့ ပါးစပ်ထောင့်တွေက လှုပ်ခတ်သွားခဲ့ရပြီး သူဘယ်လိုငြင်းရမလဲဆိုတာကို မစဉ်းစားနိုင်ခဲ့ဘူး။

 

ချီကျွင့် ခဏလောက်စောင့်လိုက်ပြီးနောက် သူ့ရဲ့ဘွန်းဆိုင်းကုရော၊ ကမ္ဘာဦးသစ်ပင်ကြီးကပါ တုံ့ပြန်မှုမပြတာကို တွေ့လိုက်ရတယ်။

 

ချီကျွင့် ထက်မြက်စွာတွေးလိုက်တယ်။

 

ကျွန်တော် ပိုက်ဆံကုန်မှာကို စိတ်ပူနေတာလား.. ဘာမှမဖြစ်ပါဘူး။ ကျွန်တော့်မှာ ပိုက်ဆံအများကြီးမရှိလို့ ဗိုလ်ချုပ်ကြီးရဲ့ အိမ်မဝယ်နိုင်ဘူးဆိုပေမယ့် စားစရာတွေဝယ်ဖို့အတွက်တော့ လုံလောက်ပါတယ်

 

ကမ္ဘာပျက်ကတ်မှာတုန်းက ရှင်သန်ဖို့အတွက် ခက်ခဲလွန်းပြီး အရာအားလုံးက ဖုတ်ကောင်တွေကြောင့် ဆိုးဆိုးရွားရွား ညစ်ညမ်းသွားခဲ့တာ.. အဲဒါကြောင့်  စားစရာတွေလည်း အများကြီးမရှိခဲ့ဘူး...

 

ဗိုလ်ချုပ်ကြီးယန်တစ်ယာက် ကြယ်သင်္ဘောပေါ်ကို တက်နေရင်းနှင့် ချီကျွင့်ရဲ့စကားကို ကြားတော့ အလွန်အမင်း စိတ်မကောင်းဖြစ်စွားခဲ့ရတယ်။

 

ကမ္ဘာပျက်ကာလအတွင်းမှာ သူ့ရဲ့သစ်သားစွမ်းရည်ကြောင့် အပင်အမျိုးမျိုးကို ကြီးထွားအောင် လုပ်ဆောင်နိုင်ခဲ့ပြီး အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တွေကို ရှားပါးခြင်းမရှိခဲ့ပေမဲ့ အသားကတော့ အလွန်ရှားပါးခဲ့ပြီး အရသာရှိတဲ့ အစားအစာတစ်ခုခုကို ရှာတွေ့ရန် အမှန်တကယ်ကို ခက်ခဲခဲ့တယ်။

 

ဒီအကြောင်းတွေကို တွေးလိုက်မိရင်း ဗိုလ်ချုပ်ကြီးယန်က သူ့ရဲ့ခြင်္သေ့လေးအတွက် ပိုပြီးအရသာရှိတဲ့ အစားအစာတွေကို ချက်ပေးဖို့ ထပ်မံတွေးတောခဲ့ပြန်တယ်။

 

ထိုအခိုက်မှာပဲ ချီကျွင့်ရဲ့ နောက်ထပ်စကားတွေက ထပ်မံထွက်ပေါ်လာတယ်။

 

ယန်ကျန်းကျန်း.. အခုက  ကောင်းကောင်းစားလို့ရနေပြီ..  မနက်ဖြန်ကျရင် ကျွန်တော် ခင်ဗျားစားဖို့အတွက် တခြားဟင်းပွဲ (100)ကို ထပ်ပို့ပေးမယ်

 

ဗိုလ်ချုပ်ကြီးယန်တစ်ယောက် ခြေချော်ပြီး ကြယ်သင်္ဘောပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားရတယ်။

 

ချီကျွင့်ကတော့ သစ်ပင်ကြီးကို လက်နဲ့အသာပုတ်ရင်း ဧည့်ခန်းထဲသို့ ပြန်ဝင်သွားခဲ့ပြီ။ချီကျွင့် ပျောက်ကွယ်သွားပြီးနောက် ဗိုလ်ချုပ်ကြီးယန်က သူ ရှိမနေတာကို အခွင့်ကောင်းယူပြီး သူ့ရဲ့သစ်ကိုင်းတွေနဲ့ မြေကြီးကို ပြန်လည်တူးဆွကာ မြှပ်ထားတဲ့မြေသြဇာတွေကို စုစည်းလိုက်ပြီး  နံရံအပြင်ဘက်သို့ လွှင့်ပစ်လိုက်တော့တယ်။

 

ကမ္ဘာဦးသစ်ပင်ကြီးက ထိုမြေသြဇာရဲ့အနံ့တွေပျံ့နှံ့လာဦးမှာကို စိုးရိမ်တာကြောင့် အားပြင်းပြင်းနဲ့ ပစ်ပေါက်ခဲ့တယ်

 

ဒီလိုနှင့် ဓာတ်မြေသြဇာတွေနှင့်  ပြည့်နေတဲ့ မြေခဲလုံးကြီးကအမြောက်ကျည်လိုမျိုး ပြေးထွက်သွားခဲ့ကာ တော်ဝင်နန်းတော်ရဲ့ အရှေ့မျှော်စင်ဆီသို့ ဦးတည်ပျံသန်းသွားခဲ့ပြီး တော်ဝင်နန်းတော်ရဲ့ ပြတင်းပေါက်ဆီကို ဝင်တိုက်မိသွားတော့တယ်။