Ch 17
Viewers 2k

(17)

 

မင်းသားငယ်လေးစုချီမိုတစ်ယောက် အိပ်ယာပေါ်မှာ လှဲချလိုက်တဲ့အချိန်မှာပဲ သူ့ရဲ့အိပ်ခန်း ပြတင်းပေါက်ဆီကို တစ်စုံတစ်ခု ထိမှန်လာခဲ့လေတယ်။

 

သူ ထိတ်လန့်တကြားဖြစ်သွားရင်းနှင့် ခုတင်ပေါ်မှာ ထထိုင်လိုက်မိတယ်။

 

ထို့နောက်မှာတော့ သူ့ရဲ့ပြတင်းပေါက်ကို ထိုးဖောက်ဝင်လာတဲ့ မည်းမှောင်ပြီး စေးကပ်ကပ် အရာတစ်ခုကို သူ မြင်တွေ့လိုက်ရလေတယ်။ သူ့အနေနဲ့ ထိုအရာကို လှမ်းကြည့်လိုက်ရုံသာ လုပ်နိုင်ခဲ့ပြီး နံစော်လွန်းတဲ့အနံ့ပြင်းပြင်းတွေက သူ့ရဲ့နှာခေါင်းထဲသို့ တရှိန်ထိုး တိုးဝင်လာခဲ့တော့တယ်။

 

စုချီမို ချက်ချင်းပဲ အသက်မရှူနိုင်တော့ဘဲ မူးလဲသွားရတယ်။

 

ခဏအကြာမှာဘဲ နန်းတော်တစ်ခုလုံး အချက်ပေးသံတွေ ထွက်ပေါ်လာခဲ့ရတော့တယ်။

 

နောက်ဆုံးအကြိမ် စမ်းသပ်ထုတ်ကုန် ပျောက်ဆုံးသွားပြီးသွားကတည်းက  အင်ပါယာနန်းတော်က လုံခြုံရေးအမြင့်မားဆုံးသော အခြေအနေကို နောက်တစ်ကြိမ်ချမှတ်ထားခဲ့တယ်။

 

သို့သော်လည်း နောက်ဆုံးအကြိမ်တုန်းက နန်းတော်အတွင်းမှ ဘယ်လိုအရာပျောက်ဆုံးသွားတာလဲဆိာတာကို  အစောင့်တွေကတော့ မသိခဲ့ကြဘူး။ ဒီတစ်ကြိမ်မှာတော့ မင်းသားလေးရဲ့ အခန်းထဲသို့ အနံ့အသက်ဆိုးရွားတဲ့ အမျိုးအမည်မသိ အရာဝတ္ထုအချို့ ပစ်ချခံရကြောင်းကို သူတို့ သိလိုက်ရတယ်။

 

ဒီအချိန်အတွင်းမှာ စုချီမိုရဲ့ မျက်နှာက ပြာနှမ်းနေခဲ့တယ်။

 

သူ့ရဲ့အရေပြားတွေက ရေနဲ့ထိတွေ့ရလွန်းလို့ ရှုံ့တွနေခဲ့ပြီ။ သူက ကြိမ်ဖန်များစွာ ရေချိုးခဲ့ပြီး ရေမွှေးနှစ်ပုလင်းနီးပါးလောက် ဖြန်းခဲ့ပေမယ့် အနံ့က သူ့ရဲ့ခန္ဓာကိုယ်မှာ စွဲမြဲနေသလို ခံစားနေခဲ့ရတယ်။

 

သူ အသက်ရှုတိုင်း ထိုအနံ့အသက်က သူ့ရဲ့နှာခေါင်းထဲကို ဝင်လာနေသေးသလို ခံစားနေရပြီး အော့အန်တော့မလိုဖြစ်နေခဲ့တယ်။

 

အခုအချိန်မှာတော့ အင်ပါယာအတွင်းမှ နတ်သားလေးအဖြစ်တင်စားခေါ်ဝေါ်နေကြတဲ့လူရဲ့မျက်နှာက ပြိုတော့မဲ့မိုးလို မည်းမှောင်နေခဲ့လေတယ်။

 

မကြာသေးခင်တုန်းက တော်ဝင်နန်းတော်အတွင်းမှ နောက်ဆုံးသောကိုယ်ပွား ပျောက်ဆုံးနေကြောင်းကို သူ့အဖေပြောလာကတည်းက သူ အလွန်အမင်း ဒေါသထွက်နေခဲ့တယ်။

 

သူ့ရဲ့ခန္ဓာကိုယ်က မျိုးရိုးဗီဇဆေးဝါးတွေ အများအပြားကို အသုံးပြုထားတာကြောင့် သူ့ဆီမှ ထုတ်ယူထားတဲ့ ဆဲလ်တွေကနေ ဖန်တီးထားတဲ့ ကိုယ်ပွားအသစ်တွေက သူ့ရဲ့ပြသနာတွေကို လက်ခံစမ်းသပ်မဲ့ ထုတ်ကုန်တွေပဲ။  ဆဲလ်ကွဲပြားမှုတွေသာ မရှိခဲ့ရင် ထိုအရာတွေကို ပြုစုပျိုးထောင်ထားဖို့ မဖြစ်နိုင်ဘူး။

 

ပြောရမယ်ဆိုရင် သူ့ရဲ့နောက်ဆုံးကိုယ်ပွားခန္ဓာကိုယ် ပျောက်ဆုံးသွားတယ်ဆိုတာက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို တိုးတက်စေရန်အတွက် မျိုးရိုးဗီဇဆေးဝါးတွေကို အသုံးပြုတဲ့အချိန်မှာ  ဘေးကင်းလုံခြုံမလားဆိုတာကို မစမ်းသပ်နိုင်တော့တာကိုဆိုလိုတယ်။ တစ်နည်းအားဖြင့် သူ့အနေနဲ့ ထိုဆေးဝါးတွေကို သုံးစွဲချိန်မှာ လုံခြုံကြောင်  အာမခံချက် မရှိတော့ဘူး။

 

သူ့ရဲ့ ကိုယ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ သန်မာကြံ့ခိုင်မှုက  A အဆင့်မှာရပ်တန့်သွားတော့မှာဖြစ်ပြီး သူ့ရဲ့( SSS)အဆင့်ကိုရောက်နိုင်မဲ့ အိပ်မက်က မဖြစ်နိုင်တော့ဘူး။

 

စုချီမိုအနေနဲ့ ဘာကြောင့် လူအချို့မှာသာ  ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေနှင့် မွေးဖွားလာရတာလဲဆိုတာကို နားမလည်နိုင်ခဲ့ဘူး။

 

သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အလွန်ညံ့ဖျင်းတဲ့ F အဆင့်ဖြင့်ပြီး Aအဆင့်ကို ရောက်ရှိရန်အတွက် အလွန် ရုန်းကန်ခဲ့ရတယ်။

 

တကယ်လို့ သူသာ ထိုကိုယ်ပွားခန္ဓာကိုယ်ကို ပြန်လည်ရယူနိုင်ပြီး စမ်းသပ်မှုတွေကို တိုးမြှင့်ပြီး သားရဲမျိုးရိုးဗီဇတွေ အကြောင်းကို ခွဲခြမ်းစိတ်ဖြာမှုတွေပြုလုပ်ကာ ဘေးထွက်ဆိုးကျိုးတွေကို ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်...

 

ဒါမှမဟုတ် သူ့အနေနဲ့  ရုပ်ပိုင်းဆိုင်ရာအဆင့်နှင့်စိတ်ပိုင်းဆိုင်ရာသန်စွမ်းမှု နှစ်ခုလုံးမှာ SSS အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီးယန်ကို ဆုပ်ကိုင်နိုင်ခဲ့ရင်...

 

အရှင်မင်းသား..  အရှင့်ရဲ့အခန်းထဲကို ပြုတ်ကျသွားတဲ့ အမျိုးအမည်မသိပစ္စည်းကို စမ်းသပ်ပြီး ခွဲခြမ်းစိတ်ဖြာပြီးပါပြီ..  အဲဒါတွေက အသွင်အပြင်ပိုင်းမှာ ပျော့ပျောင်းနူးညံ့ပြီး ဖွဲ့စည်းပုံကလည်း ရိုးရှင်းပါတယ်..

 

တိုက်ခိုက်နိုင်စွမ်းမရှိတဲ့အပြင် အရှင့်ရဲ့ ခန္ဓာကိုယ်ကိုလည်း မထိခိုက်စေနိုင်ပါဘူး..

 

ဒါက ဇီဝဗုံးတစ်ခု မဟုတ်ပါဘူး..  မြေဆီလွှာအစိတ်အပိုင်းတချို့ကို ဖယ်ရှားပြီးနောက်မှာ ကျန်ရှိနေတဲ့အရာတွေက သက်ရှိတစ်မျိုးမျိုးရဲ့ အစာချေပြီးလို့ ထွက်လာတဲ့အရာနဲ့ ပိုတူပါတယ်..

 

ဒီကျန်ရှိနေတဲ့ အကြွင်းအကျန်တွေက အစာမကြေခြင်းကြောင့် ဖြစ်နိုင်ပါတယ်

 

အ​စောင့်​အ​ရှောက်​ခေါင်းဆောင်က အ​ခြေအ​နေကို အတတ်နိုင်ဆုံး ကွေ့ဝိုက်ပြီး ရှင်းပြ​ဖို့  ကြိုးစားနေခဲ့တယ်။

 

စုချီမိုရဲ့ ရှည်လျားတဲ့ မျက်တောင်တွေက အောက်ကိုငိုက်ကျနေပြီး သူ့ရဲ့မျက်လုံးတွေကို ဖုံးကွယ်ထားခဲ့တယ်။  ထို့နောက် အစောင့်ရဲ့ စကားကိုနားထောင်ရင်း အေးခဲသွားခဲ့တယ်

 

အကြွင်းအကျန်?

 

“ဟုတ်ပါတယ် အရှင်မင်းသား”

 

စုချီမိုတစ်ယောက် ထိုစကားလုံးရဲ့ ဆိုလိုရင်းကို မသိခင်မှာ ထူးဆန်းတဲ့အမူအယာကို ခဏလောက် ဖော်ပြလာခဲ့တယ်။  ထို့နောက်မှာတော့ သူ့ရဲ့မျက်နှာက အစိမ်းရောင်သန်းသွားရပြီး ဖြူဆွတ်သွားခဲ့ပြန်တယ်။အညစ်အကြေး? သူ့အခန်းထဲကို ပစ်ချလိုက်တဲ့ အရာက တကယ်တမ်းမှာ မစင်တွေဖြစ်နေတာလား?

 

ကမ္ဘာဦးသစ်ပင်ကြီးက ထိုပစ္စည်းတွေကို လွှင့်ပစ်လိုက်တဲ့အချိန်မှာ အနံ့ဆိုးတွေ မကျန်ရစ်စေဖို့အတွက်  သူ့ရဲ့သစ်သားစွမ်းရည်နဲ့ ရစ်ပတ်ထားခဲ့တယ်။

 

ဒါကြောင့် အင်ပါယာရဲ့အစောင့်တပ်ဖွဲ့ အသုံးပြုတဲ့ နည်းပညာ ပစ္စည်းအမျိုးမျိုးကို ကျော်လွှားသွားနိုင်ခဲ့တယ်လေ။

 

ဒီလိုနှင့် အစောင့်တွေက ထောင့်နှင့် ခွန်အားကို အခြေခံပြီး တွက်ချက်လိုက်ချိန်မှာ အမြင့်မှ ပြုတ်ကျလာတဲ့ စွန့်ပစ်ပစ္စည်းအဖြစ်သာ ဆုံးဖြတ်ခဲ့သကြတယ်။  အခုအချိန်က တော်ဝင်နန်းတော်ကို ဖြတ်သန်းသွားလာခွင့်မရှိတာကြောင့် တခြားနည်းလမ်းနဲ့ ရောက်ရှိမလာနိုင်လောက်ဘူး။

 

နောက်ဆုံးတွေ့ရှိချက်ဖြစ်တဲ့ မစင်လို့ခေါ်သင့်တဲ့ ပစ္စည်းတွေအပေါ်မှာအခြေခံပြီး ထိုရလဒ်ကိုသာ သတ်မှတ်ခဲ့ကြတယ်။

 

တရားခံက ကြယ်ပြည်ကြီးငါးတွေကို စားလေ့ရှိတဲ့ ပျံသန်းနိုင်သော အလွန်ကြီးမားတဲ့သတ္တဝါကြီးတစ်ကောင် ဖြစ်ရမယ်။ တစ်နည်းအားဖြင့် သဘာဝဘေးအန္တရာယ်သာဖြစ်တယ်။ ငှက်က ဒီနေရာကနေဖြတ်သန်းသွားချိန်မှာ သူ့ရဲ့ အစာခြေအင်္ဂါဆီမှ အကြွင်းအကျန်တွေကို မရည်ရွယ်ဘဲ စွန့်ထုတ်မိသွားတာပဲ။

 

အင်ပါယာမိသားစုက သူတို့ရဲ့မွန်မြတ်ပြီး ကောင်းမွန်ကျော့ရှင့်တဲ့ အကျင့်စရိုက်တွေကြောင့် အင်ပါယာအတွင်းမှ လူတွေဆီမှာ အမြဲချီးကျူးခံထားရတာလေ။ ဒီတော့ ပျံသန်းနေတဲ့ ငှက်တစ်ကောင်ကို အမုန်းဖွဲ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

 

*

 

ထိုအချိန်မှာ ချီကျွင့်ကတော့  ဆိုဖာပေါ်မှာ အသိုက်ဖွဲ့ပြီး အလယ်အလတ်အဆင့် သတ္တုစပ်ကတ်တွေကို လေ့လာနေခဲ့တယ်။

 

ဒီသတ္တုစပ်ကတ်အမျိုးအစားက အရင်အဆင့်နိမ့်ကတ်ထက် သိသိသာသာပိုပြီး ကောင်းမွန်တယ်။

 

ကတ်တွေရဲ့ သိပ်သည်းဆက ပိုမြင့်ပြီး သတ္တုအစိတ်အပိုင်းတွေကလည်း ပိုပြီးရှုပ်ထွေးတယ်။ တချို့သောသတ္တု အစိတ်အပိုင်းတွေဆီမှာ ချီကျွင့်ကမ္ဘာပေါ်မှာ ရှိနေတုန်းက တစ်ခါမှ မထိတွေ့ဖူးတဲ့ ပြင်းထန်သော စွမ်းအားတစ်ခုပါရှိနေတတ်တယ်။

 

ချီကျွင့်ကတော့ အလွန်ဆန်းသစ်တယ်လို့ ခံစားနေရတယ်။

 

သူ့ရဲ့ လက်ရှိ စွမ်းအင်အဆင့်က ကမ္ဘာပျက်ကတ်အတွင်းမှ စွမ်းရည်တွေထက် အများကြီး ပိုမိုနိမ့်ကျနေခဲ့ပေမဲ့ မီတာရာဂဏန်းအတွင်းမှ သတ္တုတွထိန်းချုပ်နေနိုင်သေးတယ်။

 

ဒီ စွမ်းအင်တွေပဲဝင်တဲ့ ရှားပါးသတ္တုတွေက သူလက်ရှိနေထိုင်တဲ့ ဂြိုလ်ပေါ်မှာ မရှိဘူးဆိုတာ သိသာထင်ရှားပါတယ်။

 

ချီကျွင့် ဒီရိုးရှင်းပုံရတဲ့ သတ္တုစပ်ကတ်မှာပါဝင်တဲ့ သတ္တုတွေက မရေမတွက်နိုင်လောက်တဲ့ ဂြိုလ်တွေကနေ ထွက်လာတာဖြစ်လောက်တယ်လို့ ခန့်မှန်းမိတယ်။

 

သူ သတ္တုစပ်ကတ်ကို ပွတ်သပ်လိုက်ပြီး ဒီကမ္ဘာပေါ်မှာ သူ့ရဲ့သတ္တုစွမ်းရည်ကို အသုံးပြုဖို့အတွက် နည်းလမ်းတစ်ခုရှိနေတယ်လို့ ခံစားမိတယ်။ ဒီနည်းလမ်းက အတော်လေး သိမ်မွေ့လွန်းတယ်ဆိုပေမဲ့လည်းပေါ့။

 

ချီကျွင့် ဒီအလယ်အလတ်သတ္တုစပ်ကတ်ပေါ်မှာ တစ်စုံတစ်ခုကို ရေးထွင်းကြည့်ဖို့ အလျှင်စလိုမလုပ်ခဲ့ဘူး။

 

မနက်ဖြန်မှာ တော်ဝင်စာကြည့်တိုက်ကိုအရင်သွားပြီး အဆင့်မြင့်သားရဲပုံစံတွေကို အရင်ဆုံးလေ့လာကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။

 

ချီကျွင့် ထိုသတ္တုစပ်ကတ်တွေကို ဂရုတစိုက်နဲ့ ဘေးသို့ ချထားလိုက်ပြီး သူလုပ်ဖို့လိုအပ်ျဲ့ ကြယ်ငါးပွင့်သားရဲကတ်တချို့ကို အရင် ရေးထွင်းခဲ့တယ်။

 

လိုင်းတွေအားလုံးကို ရေးထွင်းပြီးနောက် ချီကျွင့် သန့်ရှင်းရေးလုပ်လိုက်ပြီး အချက်ပြမီးကိုမှိတ်တုတ်မှိတ်တုတ်ထုတ်လွှင့်နေတဲ့ စက်ရုပ်အိုကြီးကိုလှမ်းခေါ်လိုက်တယ်။

 

စက်ရုပ်အိုကြီးက အလျှင်အမြန် ရွေ့လာခဲ့တယ်။

 

သခင်လေး

 

ချီကျွင့် ဆိုဖာအစွန်းမှာ ရပ်နေတဲ့ ဘွန်ဆိုင်းကုကို မှီလိုက်ပြီး ဘွန်ဆိုင်းရဲ့ အကိုင်းအခက်တစ်ခုကို လှမ်းကိုင်ကာ စက်ရုပ်အိုကြီးကို လှမ်းပြောလိုက်တယ်။

 

စက်ရုပ်အိုကြီး.. မင်းမိသားစုရဲ့ ဗိုလ်ချုပ်ကို ဆက်သွယ်နိုင်လား

 

စက်ရုပ်အိုကြီးက သူ့ရဲ့ လုံးဝန်းတဲ့ခေါင်းကို အလျင်အမြန်ညိတ်ပြလိုက်တယ်။

 

ဒုတိယသခင်က နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီးကို ဆက်သွယ်ဖို့ သတိရသွားပြီ!

 

ချီကျွင့်က ကမ္ဘာဦးသစ်ပင်ရဲ့အကိုင်းအခက်တွေနှင့် ကစားရင်း ထပ်ပြောလိုက်တယ်။

 

ဒါဆိုဗိုလ်ချုပ်ကြီးဆီကို စာပို့ဖို့ ကူညီပေးနိုင်မလား

 

“သခင်လေး ကျေးဇူးပြုပြီး ပြောပါ”

 

စက်ရုပ်အိုကြီးက အလွန်စိတ်လှုပ်ရှားနေပြီး သူရဲ့မီးလုံးကလည်း စည်းချက်ကျကျ လင်းလက်သွားခဲ့တယ်။

 

မကြာခင်မှာပဲ ချီကျွင့်ရဲ့ဘေးမှာ မတ်တပ်ရပ်နေတဲ့ ဘွန်ဆိုင်းကြီးနှင့် သူ့ရဲ့အပြန်ခရီးကို စတင်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးက သူ့ရဲ့စက်ရုပ်အိမ်တော်ထိန်းဆီမှ ပေးပို့လာတဲ့ သတင်းစကားကို ကြားလိုက်ရလေတယ်။

 

“ဗိုလ်ချုပ်ကြီး.. ဥယျာဉ်မှူးတစ်ယောက်လောက်များ လိုချင်သေးလား.. ကျွန်တော်က ရုပ်လည်းချောတယ်.. အလုပ်လည်းကြိုးစားတယ်.. စကားအများကြီး မပြောတတ်ဘူး. ဉာဏ်လည်း အရမ်းကောင်းပါတယ်

 

ကုယန်ကျန်း အလွန်သန်မာတဲ့ကိုယ်ပိုင်ဟန်ပါရှိတဲ့ စကားလုံးတွေကို ကြည့်ကာ သူရဲ့ခြင်္သေ့ကြီးကို အသာပုတ်လိုက်တယ်။

 

ထို့နောက် စက်ရုပ်အိမ်တော်ထိန်းထံသို့ စာတစ်စောင်ပြန်ပို့ခဲ့တယ်။

 

“မလိုဘူး”

 

ချီကျွင့်က ဒီရိုးရှင်းပြီး အင်အာကြီးမားဟန်ရတဲ့ စာမှတဆင့် ဗိုလ်ချုပ်ကြီးရဲ့ စရိုက်ကို အကဲဖြတ်ရန် ကြိုးစားခဲ့တယ်။

 

ထို့နောက် စက်ရုပ်အိမ်တော်ထိန်းကို နောက်ထပ်မက်ဆေ့ချ်တစ်ခု ပို့ခိုင်းပြန်တယ်။မစ်စတာ ဗိုလ်ချုပ်ကြီး.. ခင်ဗျား ဒရိုက်ဘာတစ်ယောက်လောက် လိုအပ်လား.. ခင်ဗျား ဘယ်နေရာကိုပဲသွားချင်ချင် ဒါမှမဟုတ် အမြင့် ဘယ်လောက်ကိုပဲ ပျံသန်းချင်ချင် ကိစ္စမရှိဘူး

 

ကုယန်ကျန်း ပြုံးပြီး ပြန်ဖြေလိုက်ပြန်တယ်။

 

မလိုဘူး

 

ဒီခြင်္သေ့က ယာဥ်ပျံကိုတောင်မဖွင့်နိုင်သေးဘူး။  ဘာကို ဒရိုက်ဘာလုပ်မှာလဲ။ သူက သူ့ရဲ့စွမ်းရည်ကို အားကိုးနေတာလား?

 

ချီကျွင့်တစ်ယောက် စက်ရုပ်အိုကြီးဆီမှ တဆင့် ပြန်ရရှိတဲ့ ခြောက်ကပ်ကပ် တုံ့ပြန်မှုကိုကြည့်ရင်း သူ့ဘေးမှာ ရပ်နေသော ဘွန်ဆိုင်းပင်ကို လှည့်ကြည့်ပြီးပြောလိုက်တယ်။

 

“ဒီဗိုလ်ချုပ်က စကားအရမ်းနည်းလွန်းတယ်

 

ဘွန်ဆိုင်းကု: “…”

 

ချီကျွင့် ခေါင်းကို လှည့်ပြီး စက်ရုပ်အိုကြီးမှတဆင့် မက်ဆေ့ချ် ပို့လိုက်ပြန်တယ်။

 

ဗိုလ်ချုပ်ကြီး.. ခင်ဗျား သက်တော်စောင့်ရော လိုလား..  ကျွန်တော် သေနတ်လည်းပစ်နိုင်တယ်.. သေနတ်ပစ်တာကိုလည်း ပိတ်ဆို့ပေးနိုင်တယ်

 

ဒီစာကြောင်းကိုမြင်တော့ ကုယန်ကျန်းရဲ့နှုတ်ခမ်းတွေက လှုပ်ခတ်သွားရတယ်။ သူ သူ့မိသားစုရဲ့ခြင်္သေ့ကို အိမ်မှာ ထားမှဖြစ်မယ်။  သူ့ရဲ့သစ်ပင်သားလေးနှင့်ကစားခိုင်းပြီး၊ သားရဲကတ်တွေကို ရေးထွင်းရုံကလွဲပြီး ဘာမှ မလုပ်စေချင်ဘူး။

 

ဒါကို သူက သေနတ်ဆီကနေ ပိတ်ဆို့ကာပေးချင်နေတာလား?

 

အိပ်မက်မက်နေလိုက်!

 

ဗိုလ်ချုပ်ကြီးယန်က နောက်တစ်ကြိမ် ရိုးရှင်းစွာ ပြန်ဖြေခဲ့ပြန်တယ်။

 

မလိုဘူး!

 

ချီကျွင့်တစ်ယောက်စိတ်ပူစွာနှင့် ဘွန်ဆိုင်းကုရဲ့ သစ်ကိုင်းကို ဆုတ်ကိုင်လိုက်တယ်။

 

ဒီလိုသာဆိုရင် ဗိုလ်ချုပ်ကြီး ပြန်လာတဲ့အချိန်ကျရင် ကန်ထုတ်ခံရတော့မှာ မဟုတ်ဘူးလား?

 

ချီကျွင့် ဦးနှောက်ခြောက်စွာ တွေးတောလိုက်တယ်။

 

“ဗိုလ်ချုပ်ကြီး..  ခင်ဗျား အိမ်မွေးတိရစ္ဆာန် အကြီးဖြစ်ဖြစ် အသေးဖြစ်ဖြစ် လိုသေးလား.. နူးညံ့ပြီး အမွှေးပွလေးတွေရှိတယ်.. သေနတ်အတူပစ်နိုင်ပေမဲ့ ထိလို့တော့မရဘူး”

 

ကုယန်ကျန်း : “…”

 

ကောင်းပြီ။ ဒါက နောက်ဆုံးသော အောက်ခြေလိုင်းပဲ။ မင်းရဲ့သားရဲပုံစံကို ဘယ်သူမှန်းမသိတဲ့လူဆီကို မရောင်းသင့်ဘူးလေ!

 

ချီကျွင့် အကြာကြီး ​စောင့်​​နေခဲ့ရပြီး  ဗိုလ်ချုပ်ကြီး လှုပ်ရှားလာပြီလို့ တွေးမိချိန်မှာပဲ နောက်ထပ်တုံ့ပြန်မှုကို ရရှိလိုက်တယ်။

 

“မလိုဘူး”

 

ချီကျွင့်ကတော့ တကယ်ကို အကြံကုန်နေပြီ။

 

သူက သူ့ရဲ့လက်ဖဝါးတွေကို ကမ္ဘာဦးသစ်ပင်ရဲ့ အကိုင်းအခက်ဆီမှာဖိထားလိုက်တယ်။

 

ဗိုလ်ချုပ်ကြီး.. ဒါဆို ခင်ဗျားဘာလိုသေးလဲ

 

ဒီတစ်ကြိမ်မှာတော့ ကုယန်ကျန်း အလွန် လေးလေးနက်နက် စဉ်းစားခဲ့ပြီး အလွန်အမင်းခိုင်မာလေးနက်တဲ့ အဖြေတစ်ခုကို ပြန်ပေးခဲ့တယ်။

 

ချီကျွင့် စက်ရုပ်အိုကြီးဆီမှ ဖြတ်သန်းလာတဲ့ စာကို ကြည့်ပြီး မျက်တောင်ခတ်လိုက်မိတယ်။

 

ဗိုလ်ချုပ်ကြီးရဲ့ဇနီး?!

 

ချီကျွင့် အော်ဟစ်လိုက်ပြီးနောက် အလျှင်အမြန် မတ်တပ်ထရပ်လိုက်တယ်။

 

သူ့မိသားစုရဲ့သစ်ပင်ကြီးကို တူးထုတ်ဖို့ အချိန်တစ်လလောက်က လုံလောက်သင့်ပါတယ်။

 

စက်ရုပ်အိုကြီး.. ပေါက်တူး အလက်(၂၀)လောက်  ရှာခဲ့လိုက်တော့