Ch 18
Viewers 2k

(18)

 

ထိုအချိန် အင်ပါယာမြို့တော်ရဲ့ လင်းမိသားစုနေအိမ်။

 

လင်းကျစ်မူတစ်ယောက် သားရဲကတ် ထပ်မံပျက်စီးသွားတာကို ကြည့်ပြီး ဒေါသတကြီးနှင့် စားပွဲကို ကန်ကျောက်လိုက်တယ်။

 

သူ ပိုက်ဆံအများကြီး အကုန်ခံပြီး သားရဲကတ်တွေ အများကြီးဝယ်ခဲ့တယ်။ ဒါတောင်မှ ဒီရိုးရှင်းလွန်းတဲ့ပုံစံတွေကို နားမလည်နိုင်သေးဘူး။

 

လင်းကျစ်မူက သူ့ရဲ့ အရည်အချင်းကို အလွန်အမင်းယုံကြည်မှုရှိတယ်။ သို့ပေမဲ့ တောရိုင်းကြယ်ပွင့်ဆီမှ  ဆယ်ကျော်သက်တစ်ယောက်တောင် ဖန်တီးနိုင်တဲ့ သားရဲလိုင်းတွေကို သူ ဘာကြောင့်များရှင်းရှင်းလင်းလင်း ခွဲခြမ်းစိတ်ဖြာမှုမလုပ်နိုင်တာလဲဆိုတာကို ရှင်းမပြနိုင်သေးဘူး။

 

နောက်ပြီး လိပ်ပြာဘုရင်မသားရဲကတ်လည်း ရှိသေးတယ်။

 

သူက အရာအားလုံးကို ဂရုတစိုက် ကူးချထားခဲ့ပေမဲ့ ဒီသားရဲကတ်မှ လိုင်းတွေပေါ်မှာရှိနေတဲ့ စွမ်းအင်ဖြန့်ကျက်မှုနည်းလမ်းကို သူ မသေမချာဖြစ်နေတုန်းပဲ။

 

ဂုဏ်အသရေတွေက သူ့ရဲ့ မျက်လုံးရှေ့မှာ မြင်နေရပေမဲ့ ဘယ်တော့မှ ထိတွေ့နိုင်ခြင်း မရှိနေခဲ့ဘူး။

 

အချိန်တွေကြာလာရင် ထိုဆယ်ကျော်သက်လေးက မူပိုင်ခွင့်မှတ်ပုံတင်ဖို့အတွက် တွေးမိသွားလိမ့်မယ်။ ဒါဆိုရင် သူ့ရှေ့ကိုရောက်နေပြီဖြစ်တဲ့ အကျိုးကျေးဇူးတွေအားလုံး ပျောက်ကွယ်သွားနိုင်တယ်။

 

လင်းကျစ်မူရဲ့ မျက်လုံးတွေက မနာလိုမှုနှင့် ဒေါသတွေကြောင့် နီရဲလာခဲ့ပြီး တဖြည်းဖြည်းနှင့် ရူးသွပ်တဲ့ စိတ်ကူးစိတ်သန်းတွေထွက်ပေါ်လာရတယ်။

 

မနက်ဖြန်ကျရင်တော့ သူ့ဆီမှာ နည်းလမ်းရှိလာရမယ်...

 

*

 

တစ်ချိန်တည်းမှာဘဲ စက်ရုပ်အိုကြီးက သူရဲ့ဒုတိယသခင် ရုတ်တရက် ဘာကြောင့်ပေါက်တူးတွေ လိုချင်လာရတာလဲဆိုတာကို နားမလည်ပေမဲ့  ပေါက်တူးတွေကို အိမ်မှာ လိုက်ရှာနေတုန်းပဲ။

 

ပေါက်တူးအလက် (၂၀) က အတော်လေးများပြီး အိမ်မှာ ရှာမတွေ့နိုင်ဘူး။ ဒါကြောင့် စက်ရုပ်အိုကြီးက Star Network ရဲ့ လျှင်မြန်စွာပို့ဆောင်မှု လုပ်ငန်းဆီကို ဆက်သွယ်ခဲ့တယ်။ နာရီဝက်လောက်တောင် မကြာခင်မှာဘဲ ပေါက်တူး တစ်ဒါဇင်ကျော်လောက်က အိမ်တံခါးဝဆီကို ရောက်ရှိလာခဲ့ပြီ။

 

စက်ရုပ်အိုကြီးက ပေါက်တူးအလက်နှစ်ဆယ်ကို သူ့ရဲ့ စက်ရုပ်လက်တွေနှင့် ကိုင်ထားပြီး ချီကျွင့်ကိုတင်ပြလာတယ်။

 

သခင်လေး.. ပေါက်တူး အဆင်သင့်ဖြစ်ပါပြီ

 

ချီကျွင့် ဘွန်ဆိုင်းရဲ့သစ်ကိုင်းကိုဆွဲပြီး မတ်တပ်ထရပ်လိုက်တယ်။

 

အပျင်းကြီးမနေနဲ့တော့.. ကျွန်တော်နှင့်လိုက်ခဲ့

 

ဘွန်ဆိုင်းကု: “…”

 

နှစ်မီတာမြင့်တဲ့ ကမ္ဘာဦးဘွန်ဆိုင်းပင်နှင့် စက်ရုပ်အိုကြီးတို့က ပေါက်တူးတွေနှင့်အတူ ချီကျွင့်ရဲ့အနောက်မှလိုက်ပါလာခဲ့ကြပြီး အိမ်နောက်ဘက်မှ ကမ္ဘာဦးသစ်ပင်ဆီကိုရောက်လာခဲ့ကြတယ်။

 

သူတို့အိမ်နောက်ဘက်သို့ ရောက်ရှိလာပြီးနောက် ကမ္ဘာသစ်ပင်ကြီးက  အိမ်နောက်ဘက်မှ သစ်ပင်ကြီးကို လင်းထိန်သွားစေရန် မီးတွေအကုန်ဖွင့်ခဲ့တယ်။

 

ချီကျွင့် ပတ်ဝန်းကျင်ကို ဂရုတစိုက်ရှာဖွေကြည့်လိုက်ပြီး စက်ရုပ်အိုကြီး ရှိရာဘက်သို့ သူ့ရဲ့လက်တွေကို မြှောက်လိုက်တယ်။

 

ထို့နောက်မှာတော့ စက်ရုပ်အိုကြီးက သူ့ရဲ့ စက်ရုပ်လက်တွေမှာရှိနေတဲ့ ပေါက်တူးတွေက မမြင်နိုင်တဲ့  အားတစ်ခုဆီကနေ အဆွဲယူခံနေရတာကို တွေ့ရှိသွားခဲ့တယ်။

 

စက်ရုပ်အိုကြီးက တာဝန်သိ စက်ရုပ်အိမ်တော်ထိန်းဖြစ်တာကြောင့် သူ့သခင်ကိုင်ခိုင်းထားတဲ့ ပေါက်တူးတွေကို အကြောင်းပြချက်မရှိ ပျံသွန်းသွားဖို့အတွက် ခွင့်ပြုပေးမှာမဟုတ်ဘူး။

 

ဒီလိုနဲ့ စက်ရုပ်အိုကြီးက ပေါက်တူးတွေကို သူ့ရဲ့စက်ရုပ်လက်ချောင်းတွေနှင့်အပြင်းအထန် ဆုတ်ကိုင်ထားခဲ့ပြီး  နှစ်စက္ကန့်အတွင်း ... သံပေါက်တူးတွေနှင့်အတူ သူ့ရဲ့တစ်ကိုယ်လုံးက ချီကျွင့်ဆီသို့ အထိန်းအကွပ်မဲ့စွာ ပျံသန်းသွားခဲ့တော့တယ်။

 

စက်ရုပ်အိုကြီးက ပေါက်တူး အလက်နှစ်ဆယ်လောက်နဲ့ ပြေးဝင်လာတာကိုမြင်တော့ ဘွန်ဆိုင်းပင်က ထူထဲတဲ့ သစ်ကိုင်းတစ်ကိုင်းကို ဆန့်ထုတ်လိုက်ပြီး သူ့ကို အလျှင်အမြန် ရပ်တန့်လိုက်တယ်။

 

ချီကျွင့်တစ်ယောက် သူ ဘယ်နေရာကနေ စတင်ရမလဲဆိုတာ တွေးတောနေရင်းနှင့် သူ့ရဲ့ဆန့်ထုတ်ထားတဲ့လက်က အခုချိန်ထိ ဗလာဖြစ်နေသေးတာကြောင့် ခေါင်းကို ပြန်လှည့်ကြည့်လိုက်မိတယ်။

 

ထို့နောက်မှာတော့ စက်ရုပ်အိုကြီးက သစ်ကိုင်းတွေ၊ သံပေါက်တူးတွေနှင့် လုံးထွေးနေတာကိုမြင်လိုက်ရပြီး သူ့ရဲ့ပုံစံက စူပါမင်းနဲ့တောင် ဆင်တူနေခဲ့တယ်။

 

ချီကျွင့် သူ့ရဲ့လက်မောင်းကို ပြန်ချလိုက်ပြီး သူ့ရဲ့သတ္တုစွမ်းရည်ကိုလည်း တိတ်တဆိတ် ပြန်လည်ရုပ်သိမ်းခဲ့တယ်။ ဘွန်ဆိုင်းကုကလည်း သူ့ရဲ့စက်ရုပ်အိမ်တော်ထိန်းကို ပြန်လွှတ်ပေးလိုက်တယ်။

 

စက်ရုပ်အိုကြီးကတော့ ပေါက်တူးတွေနှင့်လုံးထွေးရင်း မြေပြင်ပေါ်ကို ပြုတ်ကျသွားတော့တယ်။

 

ငါကဘယ်သူလဲ? ငါဘယ်မှာလဲ? အခုလေးတင် ဘာဖြစ်တာလဲ?ဆိုတဲ့မေးခွန်းတွေက သူ့ရဲ့စနစ်ထဲမှာ လည်ပတ်နေလေရဲ့။

 

ချီကျွင့် လည်ချောင်းရှင်းပြီးပြောလိုက်တယ်။

 

စက်ရုပ်အိုကြီး ပေါက်တူးတွေ၊ ဂေါ်ပြားကို ချထားလိုက်လို့ရတယ်”

 

စက်ရုပ်အိုကြီးက သူ့ရဲ့ လုံးဝန်းတဲ့ခေါင်းကိုညိတ်ပြလာပြီး ပေါက်တူးတွေကို မြေကြီးပေါ်သို့ ပစ်ချလာတယ်။ချီကျွင့် သူ့ရဲ့သတ္တုစွမ်းရည်ကိုတိုးမြှင့်ပြီး သားရဲအဖြစ်အသွင်ပြောင်းရန်အတွက် အဝတ်အစားတွေကို ဖယ်ရှားလိုက်တယ်။ ထိုအခိုက်မှာ ဘွန်ဆိုင်းကုကလည်း ချက်ချင်းတုံ့ပြန်လာခဲ့ပြီး  သူ့ရဲ့ခန္ဓာကိုယ်ကို ဘယ်သူမှမမြင်နိုင်အောင် တားဆီးဖို့အတွက် သူ့ရဲ့အကိုင်းအခက်တွေကို အသုံးပြုခဲ့လေတယ်။

 

သို့ပေမဲ့  အခြေအနေက ချီကျွင်းတွေးတောထားတာနဲ့ အနည်းငယ် လောက် ကွာခြားသွားခဲ့တယ်။

 

သူ မျှော်လင့်ထားသလိုမျိုး ခြင်္သေ့ကြီး ဖြစ်လာခြင်းမရှိဘဲ အရေးကြီးတဲ့အစိတ်အပိုင်းတွေကို ဖုံးအုပ်ထားတဲ့အဝတ်အစားတွေကလည်း ကွဲထွက်သွားခြင်း မရှိခဲ့ဘူး။

 

သေးငယ်တဲ့ခြင်္သေ့လေးက ချီကျွင့်ရဲ့ အောက်ခံဘောင်းဘီကို ဖယ်ရှားဖို့အတွက် ရုန်းကန်နေခဲ့ရလေတယ်။

 

ချီကျွင့် သူ့ရဲ့ လက်ဖဝါးလေးကို နောက်ထပ် ခံစားချက် ပြင်းထန်မှုလှိုင်းလုံးတစ်ခု ထပ်မံဖြစ်ပေါ်လာတော့မလိုခံစားလိုက်ရတယ်။

 

သူ့အပေါ်ထိုးသွင်းထားတဲ့ သားရဲမျိုးရိုးဗီဇဆေးဝါးရဲ့  ဘေးထွက်ဆိုးကျိုးတွေကို ရှာဖွေတွေ့ရှိပြီးကကတည်းက သူ သူ့ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်ရန် အလွန်သတိထားနေခဲ့တယ်။ ဒီလိုသာမဟုတ်ရင် သူ အထိန်းအချုပ်ကနေ နောက်တစ်ကြိမ် လွတ်ထွက်သွားနိုင်တယ်လေ။

 

ခြင်္သေ့လေးက သူ့ရဲ့စိတ်ခံစားချက်မတွေ တည်ငြိမ်သွားစေရန် အသက်ရှူနှုန်းကို ဂရုစိုက်ထိန်းချုပ်ရင်း အာရုံလွှဲနိုင်ဖို့အတွက် အလျှင်အမြန် ကြိုးစားခဲ့ရတယ်။

 

*

 

ချီကျွင့် ဘွန်ဆိုင်းကုရဲ့အကိုင်းအခက်တွေဆီကို ပေါက်တူးငါးခုကို ဆုတ်ကိုင်ခိုင်းလိုက်တယ်။

 

နောက်ထပ် ပေါက်တူး ငါးခုကို စက်ရုပ်အိုကြီးရဲ့ လက်တံတွေထဲကို ထည့်ပေးလိုက်ပြီး ကျန်ရှိနေတဲ့ ပေါက်တူးဆယ်ခုကိုတော့ သူ့ရဲ့ စွမ်းအင်တွေနှင့် ထိန်းချုပ်လိုက်တယ်။

 

ထို့နောက် ကမ္ဘာဦးသစ်ပင်ကြီးရဲ့ ပတ်ပတ်လည်ကိုလှည့်ပတ်ကာ တူးထုတ်ဖို့ နေရာတွေလိုက်မှတ်နေခဲ့တယ်။

 

ဘွန်ဆိုင်းကုက ပေါက်တူးငါးချောင်းကို ကိုင်ထားရင်း သူ့ရဲ့ နူးညံ့ပျော့ပျောင်းပုံရတဲ့ ခြင်္သေ့ငယ်လေးအနားသို့ ချဉ်းကပ်လာခဲ့ပြီး ခြင်္သေ့ခေါင်းပေါ်မှာရှိတဲ့ အမွေးနုလေးတွေရှိနေတဲ့ နားရွက်လေးတွေကို ပွတ်သပ်လိုက်တယ်

 

ဒီအချိန်မှာ စက်ရုပ်အိုကြီးကတော့ ပေါက်တူးငါးချောင်းကိုကိုင်ကာ  သူ့ရဲ့ပတ်ဝန်းကျင်မှာ လွင့်မျောနေတဲ့ တခြားသောပေါက်တူးဆယ်ချောင်းကို စိတ်ရှုပ်ထွေးနေတဲ့ပုံနှင့် ကြည့်နေခဲ့ရှာတယ်။

 

သူ ထပ်ပြီး rebootလုပ်သင့်လား? 

 

ဒါမှမဟုတ် ပြုပြင်ဖို့အတွက် စက်ရုံကို ပြန်သွားသင့်နေပြီလား?

 

ခြင်္သေ့လေးက သူ့ရဲ့လက်ဖဝါးကိုမြှောက်ကာ ခေါင်းပေါ်မှ သစ်ကိုင်းကို ဝှေ့ရမ်းလိုက်တယ်။

 

လာရှုပ်မနေနဲ့

 

ချီကျွင့် ကမ္ဘာဦးသစ်ပင်ကြီးရဲ့ အောက်ဘက်မှ မြေကြီးကို ဂရုတစိုက်လေ့လာခဲ့ပြီး သစ်ပင်ကြီးရဲ့ အမြစ်တွေကို ရှာဖွေခဲ့တယ်။ ခဏအကြာမှာတော့ ခြင်္သေ့ချီနှင့် သူ့ရဲ့ပေါက်တူး ဆယ်ချောင်းတို့က သစ်ပင်ကြီးဆီမှ ဆယ်မီတာအကွာအဝေးမှာ စတင်ပြီးအလုပ်လုပ်ကြတော့တယ်။

 

နေရာက သူ့ရဲ့သစ်ပင်ကြီးနှင့် အနည်းငယ်ဝေးကွာနေပြီဖြစ်ပေမဲ့ ခြင်္သေ့ချီကတော့ အလွန်အမင်းသတိထားနေတုန်းပဲ။

 

သူက အကြိမ်တိုင်းမှာ မြေဆီလွှာ အနည်းငယ်ကိုသာ တူးထုတ်ခဲ့တယ်။ သို့ပေမယ့် အမြန်နှုန်းကတော့ အလွန် မြင့်မားနေသေးတယ်။

 

မျက်စိတစ်မှိတ်အတွင်းမှာပဲ တွင်းငယ်ဆယ်ခုကို မြေပြင်ပေါ်မှာ တွေ့မြင်လာရတော့တယ်။

 

ခြင်္သေ့လေးက ဂေါ်ပြားတွေကို ဂရုတစိုက် ထိန်းချုပ်နေရင်းနှင့် စက်ရုပ်အိမ်တော်ထိန်းကို လှမ်းပြောလိုက်တယ်။

 

“မြေကြီးကို တူးတဲ့အချိန်သတိထားနော်.. အမြစ်တွေကို မထိခိုက်စေနဲ့

 

စက်ရုပ်အိုကြီးက ညွှန်ကြားချက်တွေကို နာခံပြီး ပေါက်တူးတွေကိုကိုင်ထားတဲ့ သူ့ရဲ့စက်ရုပ်လက်ချောင်းငါးခုကို တိတ်တဆိတ် ဖြန့်ကျက်လိုက်တယ်။ ထို့နောက် သူသည်လည်း မီတာအကွာကို တိတ်တဆိတ်ရွှေ့လိုက်ပြီး စတင် တူးဖော်ခဲ့တယ်။

 

ခြင်္သေ့ချီက သူ့ရဲ့အမွှေးတွေကိုပွတ်သပ်ကစားနေတဲ့ ဘွန်ဆိုင်းပင်ကို မော့ကြည့်လိုက်တယ်။

 

အခု  သူ့ရဲ့မျက်နှာကို ပွတ်သပ်ရင်းအလုပ်ရှုပ်နေတဲ့ ဒီလူ့ကို ဂရုစိုက်နေဖို့အတွက် သူ့ဆီမှာ အချိန်မရှိတာကြောင့် ထိုဘွန်ဆိုင်းရဲ့အမြစ်ပေါ်ကို တက်နင်းလိုက်တယ်။

 

“အချိန်ဖြုန်းမနေနဲ့ ..မြန်မြန်တူးလိုက်တော့..  ဗိုလ်ချုပ်ကြီးဆိုတဲ့ ရာထူးက အရမ်းကို မြင့်လွန်းတယ်.. သူ့လိုလူမျိုးက ဇနီးမယားရှာဖွေဖို့ ခက်ခဲတာမျိုး မဖြစ်နိုင်ဘူး..

 

အဲဒီလူ ရုပ်ဆိုးပြီး ရက်စက်လွန်းနေလို့ပဲ ဖြစ်ရမယ်! သူနဲ့သာ ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုရင် အဆင်ပြေပြေနဲ့ ပြီးသွားဖို့ မဖြစ်နိုင်တော့ဘူး!

 

ဘွန်ဆိုင်းကုချက်ချင်းပဲ မလှုပ်မရှားနိုင်ဖြစ်သွားရပြီး ခြင်္သေ့လေးကို ပွတ်သပ်နေတဲ့အကိုင်းသည်လည်း ရပ်တန့်သွားရတယ်။

 

သူက ပေါက်တူးငါးချောင်းကို တစ်ဖက်သို့ စုထားလိုက်ပြီး တခြားအကိုင်းအခက်တစ်ခုကို သုံးကာ ခြင်္သေ့လေးရဲ့ နူးညံ့ပျော့ပျောင်းတဲ့ဝမ်းဗိုက်ကို ရစ်ပတ်လိုက်တယ်။

 

ထို့နောက် ခြင်္သေ့ငယ်လေးကို မြေကြီးပေါ်ကနေ ကောက်ချီလိုက်ပြီး အပေါ်ကို ပင့်,မလိုက်တယ်။

 

ခြင်္သေ့လေးက သူ့ရဲ့ လက်ဖဝါးတွေကိာ ဝှေ့ရမ်းရင်း ဘွန်ဆိုင်းပင်ရဲ့ထိပ်ပိုင်းကို ဆွဲလှုပ်လိုက်တယ်။

 

“ကျွန်တော်ကို ပြန်ချပေး! ခင်ဗျားသာ ကိုယ့်ဘာသာကိုယ် တူးခုတ်ဖို့ မလုပ်ဘူးဆိုရင် ဦးထုပ်စိမ်းအဆောင်းခံရမှာကိုသာ စောင့်နေလိုက်တော့!ဘွန်ဆိုင်းကု: ... ကိုယ်က ကိုယ့်အတွက် ဦးထုပ်စိမ်း အဆောင်းခံရမှာလား

 

ခြင်္သေ့လေးက  အချိန်အတော်ကြာအောင် ရုန်းကန်နေခဲ့ပေမဲ့  အကိုင်းအခက်တွေက သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် သူ့ရဲ့ အမွှေးတွေတောင် ထောင်ထလာရတယ်။

 

အချိန်တိုအတွင်းမှာဘဲ ပင်ပန်းနွမ်းနယ်သွားရတဲ့ ခြင်္သေ့လေးက သူ့ရဲ့ ခြေလက်တွေကို မလှုပ်ရှားနိုင်တော့တာကြောင့် လှဲချပြီးသူ့ရဲ့ပါးစပ်ကိုဖွင့်ကာ သစ်ကိုင်းကိုကိုက်ခဲလိုက်တော့တယ်။

 

  ဘွန်ဆိုင်းပင်ရဲ့အကိုင်းအခက်တွေက ခြင်္သေ့လေးရဲ့ခေါင်းကို နှစ်သိမ့်လိုစွာ ပွတ်သပ်လာတယ်။

 

ထို့နောက်အကိုင်းအခက်တွေက  ခြင်္သေ့လေးရဲ့ ရှေ့ခြေထောက်ကို ဖမ်းကိုင်ကာ ခြင်္သေ့ကို မြင့်မြင့်မြှောက်တင်လိုက်တယ်။

 

ခြင်္သေ့လေး ကြောင်အမ်းသွားရတယ်။  သူအခု ဘာကို ကြုံတွေ့လိုက်ရတာလဲ? ဒါက ဒဏ္ဍာရီလာ အမြင့်ကို ပစ်တင်ပြီး ပွေ့ဖက်တဲ့ပုံစံလား။

 

သူ့မိသားစုရဲ့သစ်ပင်ကြီးက အိုမင်းလာပြီး သန့်ရှင်းစင်ကြယ်သွားတာများလား?

 

ချီကျွင့်တစ်ယောက် ကုယန်ကျန်းရဲ့ လှုပ်ရှားမှုကြောင့် အံ့သြသင့်နေစဥ်မှာပဲ  မြေပြင်က ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့တယ်။

 

ခြင်္သေ့လေးက ကမ္ဘာဦးဘွန်ဆိုင်းပင်ရဲ့ အကိုင်းအခက်ကို ဆွဲကိုင်နေရင်းနဲ့ ခေါင်းကို ပြန်မော့ကာ ခြံဝင်းအတွင်းမှ ကမ္ဘာဦးသစ်ပင်ကြီးကို စိုက်ကြည့်လိုက်မိတယ်။

 

ထို့နောက်မှာ ကမ္ဘာဦးသစ်ပင်ကြီးက သူ့ရဲ့အကိုင်းအခက်ကြီးတွေနှင့် ထိပ်ပိုင်းတွေကို လှုပ်ခါပြီး လေးလံတဲ့ အမြစ်တွေကို မြေကြီးထဲမှ ဆွဲနှုတ်လိုက်တာကို တွေ့လိုက်ရတော့တယ်။

 

သူရဲ့ သေးငယ်တဲ့အမြစ်တွေ ပြတ်ထွက်သွားမှာကနေ ကာကွယ်ရန်အတွက် ကြီးမားတဲ့အမြစ်တွေကနေ ပင်မအမြစ်နှစ်ခု အဖြစ်လာစေရန် ဖြည်းဖြည်းချင်း စုစည်းသွားခဲ့တယ်။

 

အမြစ်သေးတွေကိုပါ ပေါင်းစည်းပြီးနောက်မှာတော့  ကမ္ဘာဦးသစ်ပင်ကြီးက သူ့ရဲ့ကြီးမားတဲ့ သစ်ပင်ထိပ်ဖျားပိုင်းကို လှုပ်ရမ်းလိုက်ပြီး အမြစ်နှစ်ချောင်းကို လှုပ်ရှားရင်း အရှေ့သို့နှစ်လှမ်းတိုးကာ ချီကျွင့်ရှေ့မှာရပ်တန့်လာခဲ့တယ်။

 

မြေပြင်က တုန်ခါသွားတာကြောင့် ပေါက်တူးငါးချောင်းကို ကိုင်ရင်း အလုပ်ကြိုးစားနေခဲ့တဲ့စက်ရုပ်အိုကြီးမှာလည်း မြေပြင်ပေါ်သို့ လဲကျသွားတော့တယ်။

 

ဒီတော့.. သူ့ရဲ့ဒေတာတွေက တစ်ခုခုမှားယွင်းနေတာလား ဒါမှမဟုတ် ဒီကမ္ဘာကြီးကပဲ ပြဿနာတစ်ခုခုရှိနေတာလား။

 

ချီကျွင့်အတွက်ကတော့ ဒါက အလွန်အမင်းရင်းနှီးကျွမ်းဝင်ပြီး ၊  အလွန်အမင်းအင်အားကြီးမားတဲ့  မြင်ကွင်းပဲ။

 

ခြင်္သေ့လေးက လမ်းလျှောက်နေတဲ့ ကမ္ဘာဦးသစ်ပင်ကြီးကို မော့ကြည့်လိုက်ပြီး ရုတ်တရက် ပါးစပ်ကိုဖွင့်ကာ ဟိန်းဟောက်ရင်း ထိုသစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေပေါ်သို့ ခုန်တက်သွားခဲ့တယ်။

 

ချီကျွင့်ရဲ့ခြေသည်းတွေက မျသစ်ပင်ကြီးရဲ့ပင်စည်ကို ကုတ်တွယ်ထားပြီး သစ်ပင်ကြီးကို သူ့ရဲ့ခေါင်းနဲ့   အားတက်သရော ပွတ်သပ်လာခဲ့နယ်။

 

မနက်​ဖြန်​ အိမ်​ဝယ်​ပြီး ထွက်​သွားကြစို့!

 

သူ့မိသားစုရဲ့သစ်ပင်အိုကြီးက အခုလိုလှုပ်ရှားလာနိုင်ပြီး အသိစိတ်ရှိလာတာ ဘယ်လောာ်ကောင်းလိုက်သလဲ။ 

 

သူ အခု အမည်မသိဗိုလ်ချုပ်ကြီးနှင့် တွေ့ဆုံနေစရာမလိုတော့ဘူး။

 

ဝေးကွာတဲ့နေရာမှ ကုယန်ကျန်းက   ဒီစကားကိုကြားလိုက်ရချိန်မှာ သူ့ဘေးနားမှ လက်ထောက်ကို လှည့်လိုက်တယ်။

 

အာကာသခရီး မြေပုံပေး

 

လက်ထောက်က ကုယန်ကျန်းဆီသို့ 3D ခရီးမြေပုံတစ်ခု ချက်ချင်းပဲ ချက်ချင်းလွှဲပေးလာခဲ့တယ်။

 

ကုယန်ကျန်း အာကာသခရီးမြေပုံကို စိုက်ကြည့်ကာ သူ့ပါးစပ်ကို ထိလိုက်တယ်။ အချိန်က လုံလောက်နိုင်လောက်ပါတယ်။

 

ခြင်္သေ့လေးကတော့ အခုချိန်မှာတော့ နှလုံးငြိမ်ဆေး စားလိုက်ရသလိုမျိုး တည်ငြိမ်သွားခဲ့ပြီ။

 

သူက ကမ္ဘာဦးသစ်ပင်ကြီးဆီမှ ခုန်ဆင်းပြီး ဘွန်ဆိုင်းကုရဲ့ အကိုင်းအခက်တွေဆီကို ပြောင်းရွှေ့လိုက်တယ်။

 

“သွားအိပ်ရအောင်”

 

သူတို့ အိပ်ရာမဝင်ခင်မှာ ခြင်္သေ့ငယ်လေးက သူ့ရဲ့ ကြယ်ဒင်္ဂါးပြားကတ်ကို ဆွဲထုတ်ပြီး စက်ရုပ်အိုကြီးကို လှမ်းပေးလိုက်တယ်။

 

သူက ဘွန်ဆိုင်းအကိုင်းအခက်တွေနဲ့လုပ်ထားတဲ့ ငှက်သိုက်လေးထဲမှာ နေရင်း စက်ရုပ်အိုကြီးကို လှမ်းပြောလိုက်လေတယ်။

 

ဗိုလ်ချုပ်ကြီးကို  ပြောလိုက်.. သူ့ရဲ့အိမ်မှာ ငှားရမ်းနေတာနှင့် အဝတ်အစားတွေငှားဝတ်တာတွေအတွက် ငါ့မှာရှိသမျှ ကြယ်ဒင်္ဂါးတွေ အကုန်ပေးမယ်လို့.. ငါ သူ့ရဲ့ အိမ်နောက်ဘက်မှာရှိတဲ့ သစ်ပင်ကြီးကိုပဲ လိုချင်တယ်လို့

 

စက်ရုပ်အိုကြီးက ကတ်ထဲမှာရှိတဲ့ သန်းပေါင်းများစွာသော ကြယ်ဒင်္ဂါးတွေကို ကြည့်ရင်း ပြောချင်နေခဲ့တယ်။

 

ကျွန်တော်ကရော? သခင်လေး ကျွန်တော့်ကို မဝယ်တော့ဘူးလား?

 

ခြင်္သေ့လေးက ဘွန်ဆိုင်းကုဆီကနေ အခန်းထဲသို့ အပို့ခံလိုက်ရတယ်။  အခန်းထဲသို့ရောက်ပြီးမှ သူ တစ်စုံတစ်ခုကို သတိရပြီး အသိုက်လေးထဲမှ စက်ရုပ်အိုကြီးကိုလှမ်းခေါ်လိုက်တော့ စက်ရုပ်အိုကြီးက အလျှင်အမြန် ပြေးလာခဲ့တယ်။

 

ခြင်္သေ့ရဲ့ လက်ဖဝါးက စက်ရုပ်အိုကြီးရဲ့ လုံးဝန်းတဲ့ ခေါင်းကို ပုတ်ပေးလိုက်တယ်။

 

ဗိုလ်ချုပ်ကြီးကို  ငါ မင်းကိုပါ ဝယ်လိုက်ပြီလို့ ပြောလိုက်ဦး

 

ရုတ်တရတ် အံ့အားသင့်စရာ ကိစ္စကြောင့် စက်ရုပ်အိုကြီးဆီမှ မီးရှူးမီးပန်းလို မီးအလင်းရောင်တွေ ထွက်ပေါ်လာခဲ့တယ်။

 

ထို့နောက် အပြေးအလွှားနှင့်  ဗိုလ်ချုပ်ကြီးဆီသို့ အလျှင်အမြန်စာပို့တော့တယ်။ဘွန်ဆိုင်းကု: ... ငါ ငါ့ရဲ့စက်ရုပ်အိမ်တော်ထိန်းကို အနိုင်ကျင့်ခဲ့မိလို့လား?