(19)
နောက်နေ့မနက်စောစောမှာတော့ ချီကျွင့်က
ခြင်္သေ့လေးအခြေအနေအတိုင်းပဲ လန့်နိုးလာခဲ့တယ်။ သူက စောင်ထဲမှာ တွန့်လိမ်နေခဲ့ပြီး
ခုတင်တစ်ဖက်ကနေ ကုန်းထလာခဲ့တယ်။
ထို့နောက် သူ့ရဲ့မျက်လုံးလေးတွေကို လက်ဖဝါးနဲ့ ပွတ်သပ်ကာ
ခေါင်းကို မော့ကြည့်လိုက်တယ်။
ကမ္ဘာဦး သစ်ကိုင်းတစ်ကိုင်းက သူ့အပေါ်သို့ ရောက်ရှိလာပြီး
သူ့ကိုစောင်တစ်ထည်နှင့် ဖုံးအုပ်ပေးလာခဲ့တယ်။ ခြင်္သေ့လေးက
သမ်းဝေလိုက်ပြီးစောင်ထဲမှ သူ့ကိုယ်သူ တူးထုတ်ဖို့ ကြိုးစားလိုက်တယ်။
“ဒီနေ့ လုပ်စရာတွေ အများကြီးရှိတယ်.. စောစောထမှဖြစ်မယ်”
ဘွန်ဆိုင်းကုက ခြင်္သေ့ငယ်ကို စောင်နှင့် ထုပ်ပိုးလိုက်ပြီး
ထိုအထုပ်လေးအတိုက် ကောက်ချီကာ ရေချိုးခန်းထဲသို့ ခေါ်သွားခဲ့တယ်။
ချီကျွင့် မျက်လုံးဖွင့်ကြည့်လိုက်တော့
အိပ်ငိုက်နေတဲ့ခြင်္သေ့လေးတစ်ကောင်ကို မှန်ထဲမှာ တွေ့မြင်လိုက်ရတယ်။ ပထမတစ်ချက်
လှမ်းကြည့်လိုက်ရင် အမွှေးပွအရုပ်လေးလိုပဲ။
ချီကျွင့် သူ့ရဲ့သွားတွေကိုဖြဲပြရင်းနှင့် မှန်ထဲကို သူ့ရဲ့
ရက်စက်ကြမ်းကြုတ်တဲ့ အမူအရာလုပ်ပြလိုက်တယ်။
ထို့နောက်မှာတော့ မှန်ထဲက ခြင်္သေ့လေးက သူ့သွားဖြဲပြီး
ရယ်ပြလာခဲ့လေတယ်...
ဒါက လုံးဝကို ရက်စက်ကြမ်းကြုတ်မနေခဲ့ဘူး။
ခြင်္သေ့ချီ ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်လိုက်ပြီး
သူ့ခေါင်းကို တစ်ဖက်သို့ ပြန်လှည့်လိုက်တယ်။ ပြီးနောက် သူ့ရဲ့ လက်ဖဝါးကို
မြှောက်ကာ ဘွန်ဆိုင်းပင်ယူလာပေးတဲ့ သူ့ရဲ့ အဝတ်အစားကို ဆွဲယူလိုက်ပြီး
သူ့ရဲ့ခန္ဓာကိုယ်ကို နှစ်ပတ်လောက် ပတ်ကြည့်လိုက်တယ်။
လူအဝတ်အစားတွေနှင့် ခြင်္သေ့လေးရဲ့ ခန္ဓာကိုယ်က
ကိုက်ညီမှုမရှိနိုင်ဘူး။ ခြင်္သေ့ချီက သူ့ရဲ့ရှေ့လက်ဖဝါးလေးနဲ့ အဝတ်အစားကို ဖိပြီး
ထပ်မံပြင်လိုက်ပြန်တယ်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပဲ..
အဝတ်အစားတွေကိုဆုတ်ကိုင်ထားတဲ့ လူငယ်လေးတစ်ယောက်က ခြင်္သေ့လေးနေရာမှာ ပေါ်ထွက်လာခဲ့တော့တယ်။
ချီကျွင့် ကိုယ်လက်သန့်စင်ပြီးအဝတ်အစား ပြန်ဝတ်နေချိန်မှာ
ဧည့်ခန်းထဲမှာရှိတဲ့ ဘွန်ဆိုင်းကုက မနက်စာ ချက်ပြုတ်ပြင်ဆင်နေခဲ့တယ်။
ဖြူဖွေးနူးညံ့တဲ့ အသားဖက်ထုပ်တွေကို ပေါင်းထားပြီး
ဟင်းသီးဟင်းရွက် ဂျုံယာဂု ပန်းကန်လုံး နှင့် နောက်ထပ် ဟင်းပွဲအစုံအလင်ကို
ပြင်ဆင်ထားခဲ့တယ်။
ချီကျွင့် မနက်စာ အမြန်စားလိုက်ပြီး မနေ့တုန်းက
သူရေးထွင်းထားတဲ့ သားရဲကတ်တွေကို ထုတ်ယူလိုက်တယ်။
သူ ချန်ရှုဆီကို သွားဖို့ ပြင်ဆင်ခဲ့ပြီးနောက်
အိမ်အပြင်ကိုထွက်ဖို့ သူ့ရဲ့ ‘ခရစ်စမတ်သစ်ပင်’ ကို
သယ်ခါနီးမှာပဲ ဧည့်ခန်းစားပွဲပေါ်မှာရှိနေတဲ့ နောက်ထပ် ဘွန်ဆိုင်းအသေးလေး
တစ်ပင်ကို တွေ့လိုက်ရလေတယ်။
ခြင်္သေ့ချီ အံကြိတ်လိုက်မိတယ်။
ကောင်းပြီ၊ ကမ္ဘာဦး သစ်ပင်ကြီးက အကိုင်းတစ်ခုဖြတ်တောက်ပြီး
နောက်ထပ် အသက်သွင်းထားလိုက်ပြန်ပြီ။
ကုယန်ကျန်းဆီမှာ နောက်ထပ် ဒဏ်ရာတစ်ခု ရှိနေပြီဆိုတာကို သူ
တွေးကြည့်လို့ရနိုင်တယ်။ သူ ဒေါသတကြီးနဲ့ ခြေထောက်ကို မြှောက်ကာ ဘွန်ဆိုင်းပင်ရဲ့
ပင်စည်ကို ကန်ထုတ်လိုက်တယ်။ လှုပ်ရှားတဲ့ပုံစံက အလွန်ပြင်းထန်ပုံပေါ်ပေမယ့်
အင်အားကတော့ အလွန်ပေါ့ပါးနေခဲ့တယ်။
ဘွန်ဆိုင်းကုက သူ့ရဲ့အကိုင်းအခက်ကို ဆန့်ထုတ်ပြီး
ချီကျွင့်ရဲ့ဆံပင်တွေကို ပွတ်သပ်ပေးလာတယ်။
ချီကျွင့်က ထိုသစ်ကိုင်းကို ဆုတ်ကိုင်ပြီး အံကြိတ်လိုက်တယ်။
“ခင်ဗျား ပြန်ကောင်းလာရင် သေချာပေါက်
စာရင်းရှင်းဖို့ပြင်ထားလိုက်!”
သူက စားပွဲပေါ်မှ ကမ္ဘာဦးဘွန်ဆိုင်းပင်အသေးလေးကို ကောက်ယူကာ
သူ့ ပခုံးပေါ်ကို တင်လိုက်ပြန်တယ်။ အိမ်အပြင်ဘက်မှ နေရောင်အောက်မှာ အိပ်နေတဲ့
သစ်သားခြင်္သေ့အနားကို ဖြတ်သွားချိန်မှာ ချီကျွင့်က သူ့ကို ဆွဲထုတ်ပြီး
ထိုခြင်္သေ့ပျိုးပင်လေးကို အိတ်ထဲကို ထည့်လိုက်တယ်။
စက်ရုပ်အိုကြီးကတော့ တံခါးဝကနေထွက်သွားခဲ့တဲ့
ပျော်ရွှင်စရာမိသားစုသုံးယောက်ကို လိုက်ပို့ရင်းသူ့ရဲ့ မီးတွေက လင်းလက်နေခဲ့လေရဲ့။
ချီကျွင့်က ဒီနေ့မှာမှ စောစောထပြီးရောက်လာတာဖြစ်တဲ့အတွက်
သားရဲကတ်စတိုးက အခုမှဖွင့်လာတာဖြစ်ပြီး ချန်ရှုက ရောက်မလာသေးဘူး။
ချီကျွင့် နာရီဝက်လောက်ကြာအောင် စောင့်ခဲ့ရပြီးမှ ချန်ရှုက
နောက်ထပ်လူတစ်ယောက်နဲ့အတူ စတိုးဆိုင်ထဲသို့ ဝင်လာတာကို တွေ့လိုက်ရတယ်။
ချန်ရှုရဲ့မျက်နှာက အနည်းငယ်ဖြူဖျော့နေခဲ့ပေမဲ့
သူ့ဘေးနားမှလူကတော့ နွေဦးလေပြေလေးလို့ တောက်ပနေခဲ့တယ်.. တကယ့်ကို
မျက်စိစူးချင်စရာပဲ။
ချန်ရှု ချီကျွင့်ကို ပြုံးပြလိုက်တယ်။
“မင်းဒီနေ့ စောစောရောက်လာတာပဲ”
ချီကျွင့် ခေါင်းညိတ်ပြလိုက်ပြီး သူ့ရဲ့အကြည့်တွေက
ချန်ရှုရဲ့ ဘေးနားမှာရှိနေလူဆီကို ဖြတ်သန်းသွားခဲ့တယ်။
ဒီလူက မနေ့တုန်းက ကြောင် ဖင်ကိုမီးစွဲသလိုထွက်ပြေးသွားတဲ့
တစ်ယောက်မဟုတ်ဘူးလား?
ပထမတုန်းကတော့ စုန့်ပေါ်ဟန်တစ်ယောက် ထိုလူ ဒါမှမဟုတ်
ထိုကောင်လေးက မနေ့တုန်းက သူနဲ့ တိုက်ခိုက်ခဲ့တဲ့လူဆိုတာကို မမှတ်မိခဲ့ဘူး။
မနေ့က လူက သူ့ရဲ့ မျက်နှာကို သတ္တုမျက်နှာဖုံးနဲ့
ဖုံးအုပ်ထားတယ်လေ။
ထပ်ပြောရရင် ထိုစွမ်းအားအဆင့်က ဒီလိုလူငယ်လေးတစ်ယောက်နှင့်
မသက်ဆိုင်သင့်ဘူး။
သို့ပေမယ့် ထိုလူငယ်လေးရဲ့ အကြည့်က သူ့အပေါ်မှ
လွှမ်းခြုံသွားချိန်မှာတော့ သူ့ရဲ့နှလုံးသားက အနည်းငယ်လောက် သတိအနေအထားတွေ
ဝင်လာခဲ့တယ်။ဂြိုဟ်သိမ်တွေမှာ လှိုင်းလုံးတွေကို ဖန်တီးပေးနိုင်တဲ့
ကြေးစားခေါင်းဆောင်တစ်ဦးအနေနှင့်စုန်ပေါ်ဟောက်ရဲ့ ပင်ကိုယ်အသိစိတ်က အတော်လေး
ကောင်းမွန်လွန်းတယ်။
ဒါပေမယ့် သူက လူငယ်လေးရဲ့ပုံစံကိုကြည့်ရင်း ဒီအချိန်မှာ
ဖြစ်ပေါ်လာတဲ့ ထူးဆန်းတဲ့ ခံစားချက်ကို မနေ့တုန်းက တိုက်ပွဲရဲ့ နောက်ဆက်တွဲကြောင့်
ဖြစ်နိုင်ကြောင်းသာ ကောက်ချက်ချလိုက်မိတယ်။
ချန်ရှုပြုံးလိုက်ပြီး ချီကျွင့်ကို
စတိုးဆိုင်ရဲ့မန်နေဂျာအခန်းဆီသို့ ခေါ်သွားခဲ့ပြန်တယ်။ စုန်ပေါ်ဟောက်ကတော့
ချန်ရှုရဲ့ ဖျော့တော့တဲ့ မျက်နှာပေါ်မှ အပြုံးကို ကြည့်ပြီး သူ့ရဲ့နှလုံးသားက
ဆိုးရွားတဲ့အတွေးတွေ ပြည့်နှက်လာရတယ်။
ချန်ရှုက သူတို့နှစ်ယောက် တွေ့ဆုံပြီးတဲ့အချိန်ကတည်းက
သူ့ကို မပြုံးပြခဲ့ဘူး!
ချီကျွင့်ဆီကို လှမ်းကြည့်လာတဲ့ စုန့်ပေါ်ဟောက်ရဲ့
အကြည့်တွေက သတ်ဖြတ်ချင်စိတ်တွေရောနှောပါဝင်နေခဲ့တယ်။
ကမ္ဘာပျက်ကတ်ရဲ့ ခုနစ်နှစ်ကျော်ကာလအတွင်းမှာ ချီကျွင့်ရဲ့
စိတ်ခွန်အားတွေက ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး တစ်ဖက်လူရဲ့ တိုက်ခိုက်လိုတဲ့
အကြည့်တွေကို ရှင်းရှင်းလင်းလင်း ခံစားမိတယ်။
ချီကျွင့် ရုတ်တရက် စိတ်လှုပ်ရှားသွားရတယ်။ မနေ့တုန်းက
ဒီလူရဲ့အကြည့်တွေက သတ်ဖြတ်လိုမှုတွေ မပါဝင်ခဲ့သလို သူ့ရဲ့ အစွမ်းတွေကိုလည်း
အကုန်ထုတ်ပြီး မကြိုးစားခဲ့ဘူး။ ဒါကြောင့် သူလည်း ကောင်းကောင်း
မတိုက်ခိုက်ခဲ့ရဘူး။ သိပ်မကြာခင်မှာ နောက်ထပ် တိုက်ပွဲတစ်ခု ဖြစ်လာနိုင်လောက်တယ်။
အခန်းထဲကိုရောက်တော့ ချန်ရှုက ချီကျွင့်ကို ဆိုဖာပေါ်သို့
ညွှန်ပြလိုက်တယ်။
“အရင်ထိုင်လိုက်ပါဦး”
ထို့နောက် သူက လက်ဖက်ရည်အရင် ပြင်ဆင်လိုက်တယ်။
ချီကျွင့်အတွက်ကတော့ လက်ဖက်ရည်နှင့်ရေက
ကွာခြားခြင်းမရှိဘူး။ နှစ်ခုလုံးက ရေငတ်ပြေစေဖို့အတွက်ပဲ။
သို့သော်လည်း သူ့ရဲ့ ကမ္ဘာဦးသစ်ပင်ကြီးကတော့ လက်ဖက်ရည်အလွန်
ကြိုက်နှစ်သက်တဲ့သူပဲ။ ကမ္ဘာပျက်ကာလအတွင်းမှာ လက်ဖက်ရည်က ရှားပါးတဲ့
အရင်းအမြစ်ဖြစ်လာခဲ့ပြီး ကုယန်ကျန်းက သူ့ရဲ့အရွက်တွေနှင့်သာ
လက်ဖက်ရည်ပြုလုပ်နိုင်ခဲ့တယ်။
ကုယန်ကျန်းရဲ့ အရည်အချင်းတွေကို ချီကျွင့် တစ်ခါမှ
သံသယမရှိဘူး။ သို့ပေမဲ့ ထိုလက်ဖက်ရည်ကတော့ မပါခဲ့လောက်ဘူး။ တစ်ခါတလေ သူ
ကုယန်ကျန်းနှင့်အတူ လိုက်ပါသောက်ကြည့်ခဲ့ပြီး အရသာက ခါးသက်လိုက်
ချဥ်သွားလိုက်ဖြစ်နေခဲ့တယ်။
ဒါပေမယ့် ချန်ရှုဖျော်စပ်လာတဲ့ လက်ဖက်ရည်ကတော့
ချီကျွင့်တောင် အလွန်မွှေးကြိုင်ကြောင်း အသိအမှတ်ပြုရတယ်။ ဒီလက်ဖက်ရည်က သေချာပေါက်
လက်ဖက်ရည်ကောင်း တစ်ခု ဖြစ်လိမ့်မယ်။
စုန့်ပေါ်ဟောက်ကတော့ ထိုလက်ဖက်ရည်ကို
မြင်လိုက်ရတဲ့အချိန်မှာ ချီကျွင့်ကို ကြည့်တဲ့အကြည့်တွေက ပိုလို့တောင်
မနှစ်မြို့နိုင်တော့ဘူး။
ဒီလက်ဖက်ရည်က သယံဇာတဂြိုလ်တစ်ခုဖြစ်တဲ့
သဘာဝလက်ဖက်ရည်ဥယျာဉ်ဆီမှ ထွက်ရှိတဲ့ လက်ဖက်ရည်ပဲ။ ဈေးကြီးလွန်းပြီး ချန်ရှုက
ဒီလက်ဖက်ရည်ကို တခြားလူတွေအတွက် အလွယ်တကူမပေးတတ်ဘူး။ စုန့်ပေါ်ဟောက်တောင်မှ
မသောက်ခဲ့ဖူးဘူး။
ချမ်ရှုက ကျိုချက်ထားတဲ့ လက်ဖက်ရည်ကို
အဖြူရောင်ကြွေလက်ဖက်ရည်ပန်းကန်လုံးထဲသို့ လောင်းချလိုက်ပြီး ချီကျွင့်ရဲ့ အရှေ့ကို
အနည်းငယ်တွန်းပေးလိုက်တယ်။
“ဒါက ဒီနှစ်အတွက် လက်ဖက်ရည်အသစ်လေ.. အရသာ ဘယ်လိုရှိလဲ
မြည်းကြည့်ပါဦး”
ချီကျွင့် အဝါဖျော့ဖျော့သန်းနေတဲ့ လက်ဖက်ရည်နဲ့
အစိမ်းရောင်လက်ဖက်ရွက်ပေါလောပေါ်နေတဲ့ လက်ဖက်ရည်ပန်းကန်လုံးကို ငုံ့ကြည့်ပြီး
ရုတ်တရက် မေးလိုက်တယ်။
“ချန်ကော.. ကျွန်တော့်ကို ဒီလက်ဖက်ရည်ပန်းကန်ကို
ပေးလို့ရမလား?”
စုန့်ပေါ်ဟောက်: “...”
ဒီကောင်လေးက လက်ဖက်ရည်ပန်းကန်ကို ဘာလို့တောင်းနေတာလဲ?
ချန်ရှု ပြုံးလိုက်တယ်။
“မင်း ဒီလက်ဖက်ရည်ခွက်အစုံကို ကြိုက်လို့လား.. ဒါက
လက်ဖက်ရည်ခွက်အသစ်နှင့် တူပေမဲ့ အသုံးပြုပြီးသားတွေပဲ.. နောက်ပြီး
အကောင်းဆုံးလည်းမဟုတ်ဘူး.. တကယ်လို့မင်းကြိုက်ရင် ငါမင်းအတွက် ပိုကောင်းတဲ့
အစုံပို့ပေးမယ်လေ”
စုန့်ပေါ်ဟောက်က ဘေးတစ်ဖက်မှနှာမှုတ်လာခဲ့တယ်။
ချီကျွင့် ခေါင်းယမ်းလိုက်တယ်။
“မဟုတ်ဘူး ဒီလက်ဖက်ရည်ပန်းကန်ကိုပဲ ပြောတာ”
ချန်ရှုက သိပ်ပြီးနားမလည်ပေမဲ့လည်း ခေါင်းညိတ်လိုက်တုန်းပဲ။
“ကောင်းပြီ”
ထို့နောက်မှာတော့ ချန်ရှုတစ်ယောက် ချီကျွင့်က
သူ့ရဲ့ပုခုံးပေါ်မှ အစိမ်းရောင်ဘွန်ဆိုင်းပင်ကို ယူကာ အမြစ်တွေကို
လက်ဖက်ရည်ပန်းကန်လုံးထဲသို့ နှစ်လိုက်တာကို တွေ့လိုက်ရလေတယ်။
ချန်ရှု: “...”
အဲဒီအပင်က အဆင်တန်ဆာသက်သက် မဟုတ်ဘူးလား?
ဘွန်ဆိုင်းကုက အခန်းထဲမှ လူတွေကို စိတ်ပူနေခြင်းမရှိဘူး။
နောက်ပြီး သူ့ရဲ့အမြစ်တွေက ကမ္ဘာဦးသစ်ပင်ကြီးရဲ့
အမြစ်စနစ်နဲ့ ချိတ်ဆက်မှုမရှိတာကြောင့် စိမ်းဝါရောင်လက်ဖက်ရည်ကို
လျင်မြန်စွာစုပ်ယူလိုက်လေတယ်။
တစ်ချိန်တည်းမှာပဲ ကြယ်စုအင်ပါယာရဲ့
နဂါးငွေ့တန်းလမ်းကြောင်းထဲသို့ ဝင်ရောက်လာပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်
လက်ဖက်ရည်ကို မြည်းစမ်းလိာက်ရတယ်။
ဒီနှစ်တွေကြားထဲမှာ သူ့အနေနဲ့ ထိုလူသားတစ်ယောက်ကို
နေရာတိုင်းမှာ လိုက်လံ ရှာဖွေနေခဲ့ရပြီး စစ်မြေပြင်တွေကိုလည်း ပြေးလွှားနေခဲ့ရတယ်။
သူ့မှာ အမှန်တကယ်ကို လက်ဖက်ရည်သောက်ဖို့ အချိန်မရှိခဲ့ဘူး။
သူ့မိသားစုရဲ့ခြင်္သေ့က သူ့ရဲ့အကြိုက်ကို
အမြဲတမ်းအမှတ်ရနေခဲ့တယ်။ အခုချိန်မှာ လက်ဖက်ကုန်သည်တွေဆီက လက်ဖက်ခြောက်တွေ
ဝယ်သင့်နေပြီပဲ။
အဖြူရောင် ကြွေလက်ဖက်ရည် ပန်းကန်ထဲမှ လက်ဖက်ရည်တွေက
လျင်မြန်စွာစုပ်ယူခံလိုက်ရတာကိုမြင်တော့ ချီကျွင့် သတိလက်လွတ် ရယ်မောလိုက်မိတယ်။
ဒီလက်ဖက်ရည်က ကောင်းလောက်မယ်ဆိုတာကို သူသိထားတာကြောင့်
သူ့ရဲ့ သစ်ပင်ကြီးကလည်း သေချာပေါက် ကြိုက်လိမ့်မယ်။
ချီကျွင့်ခေါင်းမော့ပြီး ချမ်ရှုကိုလှမ်းကျည့်လိုက်တယ်။
တစ်ဖက်မှာရှိနေတဲ့ ချန်ရှုကလည်း သူ့ရဲ့လက်ကို မြှောက်လိုက်ပြီး လက်ဖက်ရည်အိုးကို
လွှဲပေးလာခဲ့တယ်။
ချန်ရှုနဲ့ ပြောစရာမလိုပဲ တိတ်တဆိတ်နားလည်မှုယူလိုက်တဲ့
လူကိုစိုက်ကြည့်နေတဲ့ စုန့်ပေါ်ဟောက်:”.....”
သူ ဒီလူကို တကယ်ကြီး ရှင်းပစ်ချင်နေပြီ။
ချီကျွင့် လက်ဖက်ရည်အိုးကို လှမ်းယူလိုက်ပြီး သူ့မိသားစု
ဘွန်ဇိုင်းပင်အတွက် လက်ဖက်ရည်ကို ထပ်ထည့်ပေးလိုက်တယ်။
ဘွန်ဆိုင်းက ပါးစပ်အပြည့်သောက်လိုက်ရပြီဖြစ်လို့
ငြိမ်သက်သွားပြီဖြစ်ပြီး လက်ဖက်ရည်ကို ဖြည်းညင်းစွာသာ စုပ်ယူလိုက်တော့တယ်။
ချီကျွင့်က လက်ဖက်ရည်တွေ ဖြည်းညင်းစွာ
စုပ်ယူခံနေရတာကိုကြည့်ပြီး သူ့လက်ထဲမှလက်ဖက်ရည်အိုးကို ပြန်ချလိုက်ကာ
လာရင်းကိစ္စဘက်ကို ပြန်လှည့်လိုက်တယ်။
သူက သားရဲကတ်တွေကို ထုတ်ယူလိုက်ပြီး ချန်ရှုဆီကို
လှမ်းပေးလိုက်တယ်။
“ချန်ကော.. ကျွန်တော့်ကို နောက်ထပ်
အမည်မဲ့ကြယ်ဒင်္ဂါးကတ်ဆီကို ထည့်ပေးပါ.. အရင်ကတ်က ကျွန်တော်မပိုင်တော့ဘူး”
“ကောင်းပြီ”
ချန်ရှု အစိမ်းရောင်အပင်ဆီ အကြည့်ပြန်လွှဲကာ
ခေါင်းညိတ်လိုက်တယ်။
ထို့နောက် သားရဲကတ်တွေကို ရေတွက်လိုက်ပြီး ချီကျွင့်ကို
အမည်မဲ့ ကြယ်ဒင်္ဂါးကတ်တစ်ခု ထပ်ပေးခဲ့တယ်။
ချန်ရှု ကြယ်ဒင်္ဂါးကတ်ကို ချီကျွင်းရဲ့ ရှေ့မှာ
ချပေးလိုက်တယ်။ ထို့နောက်မှာတော့ လက်ဖက်ရည်သောက်နေတဲ့ ဘွန်ဆိုင်းပင်ကို
စိုက်ကြည့်နေခဲ့တဲ့ ချီကျွင့်က ထပ်ပြောလာခဲ့တယ်။
“ချန်ကော.. ကျွန်တော့်ရဲ့ကောက ခင်ဗျားရဲ့လက်ဖက်ရည်ကို
ကြိုက်တယ်.. ခင်ဗျား ကျွန်တော့်ကိုရောင်းပေးနိုင်မလား”
ချန်ရှု ရယ်မောလိုက်တယ်။
“မင်းကြိုက်ရင် ငါ ဒီအတိုင်း ပေးလို့ရပါတယ်.. မင်း
ဒါကိုဝယ်နေစရာမလိုဘူး”
စုန့်ပေါ်ဟောက် သူ့ကို ငုံ့ကြည့်လာခဲ့တယ်။
“ဘေဘီ.. မင်းအရမ်းများနေပြီနော်!”
ချန်ရှု မျက်မှောင်ကြုတ်လိုက်တယ်။
“စုန့်ပေါ်ဟောက်...”
စုန့်ပေါ်ဟောက် ချန်ရှုကို တစ်ချက်လှမ်းကြည့်ပြီး
ပြောလာတယ်။
“ဒီလောက်ကောင်းတဲ့ လက်ဖက်ရည်ကို မသောက်ဘဲ ပန်းပင်တွေကို
ရေလောင်းဖို့အတွက် သုံးနေတာ.. သူက ပန်းအိုးထဲက အပင်လောက်တောင်ကောင်းမဲ့ပုံမရဘူး..
မင်း သူ့ကို အလေးအနက်ထားနေဖို့ လိုလို့လား”
ချီကျွင့် ထိုဆိုးသွမ်းချင်နေတဲ့လူကို စိုက်ကြည့်လိုက်ကာ
သူ့ရဲ့မျက်လုံးတွေက တောက်ပသွားခဲ့တယ် ။
“ခင်ဗျား တိုက်ခိုက်ချင်လား”
လက်ဖက်ရည်သောက်နေတဲ့ ဘွန်ဇိုင်း: “...”
အင်း... အဆင်ပြေပါတယ်။ တစ်ဖက်လူရဲ့ တိုက်ခိုက်ရေးစွမ်းအားက
ပျမ်းမျှအဆင့်လောက်ပဲ ရှိတယ်။ ဘယ်လိုဖြစ်ဖြစ် သူ့မိသားစုရဲ့ခြင်္သေ့မှာ
အခြားဝါသနာမရှိတာကြောင့် သင့်လျော်တဲ့တိုက်ပွဲမျိုးဖြစ်နေသရွေ့ တိုက်ခွင့်
ပေးထားလို့ရတယ်။
စုန့်ပေါ်ဟောက်က သူ့ရဲ့စကားကိုကြားပြီးနောက်
သူ့ရဲ့အင်္ကျီလက်စတွေကို ဆွဲတင်လိုက်ပြီး စတင်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။
“ခင်ဗျားရဲ့သားရဲကတ်ကို မသုံးဘူးလား.. အဲဒါဆိုရင်တော့
မေ့လိုက်တော့”
ချီကျွင့်က လက်ဗလာနှင့် တိုက်ခိုက်ဖို့ကို
စိတ်မဝင်စားနေဘူး။
စုန့်ပေါ်ဟောက်ရဲ့ ပါးစပ်ထောင့်တွေက လှုပ်ခတ်သွားရတယ်။
ဒီကောင်လေးက ဘာလဲဆိုတာကို သူမသိပေမဲ့ သူသိတာတစ်ခုကတော့ ဒီကောင်လေးကို
သင်ခန်းစာတစ်ခုတော့ ပေးမှရတော့မယ်ဆိုတာပဲ!
ဒါကြောင့် စုန့်ပေါ်ဟောက်က
ချီကျွင့်ဖျက်စီးလုနီးပါးလုပ်ထားတဲ့ သားရဲကတ်ကို ထုတ်ယူလိုက်တယ်။
ချမ်ရှု စုန့်ပေါ်ဟောက်ရဲ့လက်ကို အမြန်လှမ်းဆွဲလိုက်တယ်။
“စုန့်ပေါ်ဟောက်.. စိတ်လျော့စမ်းပါ!”
သူ့အနေနဲ့ ချီကျွင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို
မယုံကြည်နိုင်မှုတချို့ကို ခံစားရပေမဲ့ အမှန်တရားကတော့ အမှန်တရားပဲ။
“သားရဲကတ် သရုပ်ပြခန်းကို ဖွင့်ပေး.. စိတ်ချစမ်းပါ ကိုယ်က
သူနှင့် စာရင်းပဲရှင်းချင်တာ.. သူ့ကိုထိခိုက်အောင်မလုပ်ဘူး”
သားရဲကတ်သရုပ်ပြခန်းမှာ ကာကွယ်ရေးယန္တရားတွေပါရှိပြီး
တိုက်ပွဲတွေ ပြုလုပ်မယ်ဆိုရင်တောင် အပြင်ကို လွင့်ထွက်သွားတာမျိုးဖြစ်မှာမဟုတ်ဘူး။
ချန်ရှု ခေါင်းကိုက်သွားရပြီး ချီကျွင့်ကိုသာ
လှမ်းကြည့်လိုက်မိတယ်။
ချီကျွင့် အပြုံးလေးနဲ့ မျက်လုဲးမှိတ်ပြလိုက်တယ်။
“ချန်ကော.. စိတ်ချပါ.. ကျွန်တော် သူ့ကို ထိခိုက်နာကျင်အောင်
မလုပ်ဘူး”
စုန့်ပေါ်ဟောက်က နှစ်ကြိမ်လောက် ရယ်မောလိုက်တယ်။
ချန်ရှု နောက်ဆုံးတော့ သူ့ရဲ့လက်ကိုလွှတ်ပေးလိုက်ပြီး
စုန့်ပေါ်ဟောက်ကို သတိပေးလိုက်တယ်။
“စုန့်ပေါ်ဟောက်.. တကယ်လို့ မင်းရဲ့သားရဲကတ်မှာ
ပြဿနာရှိလာရင် လျော်ကြေးကိစ္စအတွက် ငါနဲ့မဆိုင်တော့ဘူး”
စုန့်ပေါ်ဟောက် ခေါင်းညိတ်လိုက်တယ်။
“ကောင်းပြီ”
ဒီလိုနဲ့ သူ့မိသားစုရဲ့ ဘွန်ဆိုင်းအတွက်
လက်ဖက်ရည်အနည်းငယ်ထပ်ဖြည့်ပေးလိုက်ပြီးနောက် ချီကျွင့် စတိုးမန်နေဂျာရဲ့အခန်းဘေးမှ
VIP သရုပ်ပြခန်းမဆီသို့
လိုက်သွားခဲ့တယ်။သရုပ်ပြခန်းမထဲကိုရောက်တာနဲ့ စုန့်ပေါ်ဟောက်ရဲ့ သားရဲကတ်မှ
စက်ရုပ်ကြောင်တစ်ကောင် ထွက်လာခဲ့ပြီး စုန့်ပေါ်ဟောက်က ထိုစက်ရုပ်ကြောင်ကို
စီးနင်းလိုက်တယ်။
ချီကျွင့်ဆီမှာ သားရဲကတ်မရှိတာကြောင့်
သူ့ရဲ့လက်တွေကိုမြှောက်ပြီး အရှေ့သို့ တိုက်ရိုက်ပြေးသွားခဲ့တယ်။
စုန့်ပေါ်ဟောက်တစ်ယောက် ဒီမြင်ကွင်းက
အနည်းငယ်လောက်ရင်းနှီးနေသလိုမျိုး ခံစားရတယ်။
သို့ပေမဲ့ သတ္တုရိုက်ခတ်သံတွေထွက်ပေါ်လာခဲ့ပြီဖြစ်ကာ
ထိုအကြောင်းကို စဉ်းစားဖို့ အချိန်မရှိခဲ့တော့ဘူး။
ဘွန်ဆိုင်းကုက တိတ်တဆိတ်နဲ့ သူ့ရဲ့လက်ဖက်ရည်ကို ငြိမ်သက်စွာ
သောက်နေခဲ့တယ်။ အခုချိန်မှာ ဘယ်သူမှရှိမနေတာကြောင့် ခွက်ထဲမှ
လက်ဖက်ရည်ကုန်သွားခဲ့ရင် လက်ဖက်ရည်အိုးကို ကိုင်ပြီး သူ့ကိုယ်သူ
ပြန်ဖြည့်လိမ့်မယ်။
ချန်ရှုကတော့ လက်ရှိမှာ သရုပ်ပြခန်းမကိုသာ တအံ့တသြ
စိုက်ကြည့်နေခဲ့တယ်။ ချီကျွင့်ရဲ့လက်တွေနှင့် စုန့်ပေါ်ဟောက်ရဲ့
စက်ရုပ်ကြောင်တို့က အချင်းချင်းတိုက်မိနေခဲ့ပြီး သရုပ်ပြခန်းထဲမှ
မရေမတွက်နိုင်လောက်တဲ့ ကြမ်းရှဆူညံသံတွေထွက်ပေါ်နေခဲ့တယ်။
စုန့်ပေါ်ဟောက်တစ်ယောက် သူ့စက်ရုပ်ကြောင်ထဲကို
တစ်စုံတစ်ယောက်ရဲ့စွမ်းအင်တွေက ကျူးကျော်ဝင်ရောက်လာတာကို သိရှိလိုက်ရချိန်မှာ
ထိုရင်းနှီးသောစွမ်းအားက ခေါင်းမှအမြီးဆီသို့ ရွေ့လျားသွားခဲ့ပြီ။
သူ သူ့ရဲ့စက်ရုပ်ကြောင်ကို စိတ်စွမ်းအင်ဖြင့်
ဖုံးအုပ်လိုက်ပေမဲ့ ပြင်းထန်စွာ တိုက်ခိုက်ခံလိုက်ရတယ်။ အကြိမ်ရေအနည်းငယ်လောက်
အတိုက်ခံလိုက်ပြီးတဲ့ နောက်မှာတော့ စုန့်ပေါ်ဟောက်.. သူမှားသွားတဲ့အကြောင်းကို
သိရှိလိုက်တော့တယ်။
သူ စက်ရုပ်ကြောင်ဆီမှ အဝေးကို အမြန်ခုန်ထွက်လိုက်ပြီး
သူ့ရဲ့ သားရဲကတ်ပြားကို ပြန်ခေါ်လိုက်တယ်။
ထို့နောက် ဆန့်ကျင်ဘက်မှာရှိနေတဲ့ ကောင်လေးကို ထိတ်လန့်စွာ
ကြည့်လိုက်မိတယ်။
“မနေ့တုန်းကတစ်ယောက်က မင်းလား?!”