Ch 20
Viewers 2k

(20)

 

ချီကျွင့် သူ့ရဲ့လက်နှစ်ဖက်ကို ဖြန့်လိုက်တယ်။

 

မဟုတ်ရင်ရော?

 

ဒီနေ့မှာ ချီကျွင့် သူ့ရဲ့မျက်နှာကို သတ္တုမျက်နှာဖုံး တပ်ဆင်ထားခြင်းမရှိဘဲ အပြင်သို့ထွက်လာခဲ့တယ်။

 

ဒီမနက်ခင်းမှာ ချီကျွင့် မှန်ထဲမှာ သူ့ကိုယ်သူ ကြည့်လိုက်တော့ သူ့ရဲ့အသွင်အပြင်က သူ့ရဲ့ နဂိုမူလမျက်နှာနှင့် တစ်ထပ်တည်းဖြစ်နေတာကို တွေ့လိုက်ရတယ်

 

။အသက်အရွယ် အနည်းငယ် ကွာခြားချက်ကြောင့် သူ့ရဲ့ ငယ်ရွယ်တဲ့မျက်နှာအဖြစ် ရှိနေရုံလောက်ပဲ။

 

သူရဲ့မျက်နှာက မင်းသားလေးနှင့် ဆင်တူနေသေးပေမဲ့လည်း တစ်ထပ်တည်း တူညီတာမျိုးမဟုတ်တော့ဘူး။ ဒါကြောင့်ပဲ သူ့ရဲ့မျက်နှာကို ထုတ်ဖော်လာခဲ့တာ။

 

စုန့်ပေါ်ဟောက်တစ်ယောက် သူ့ရဲ့သားရဲကတ်ကိုကြည့်ရင်း အလုပ်များနေခဲ့တယ်။ မူလတုန်းက ဒီသိပ်သည်းဆမြင့်တဲ့ သတ္တုစပ်ကပ်ရဲ့ မျက်နှာပြင်ပေါ်မှာ ဖျော့တော့တဲ့ခြစ်ရာတွေသာရှိနေခဲ့တယ်။ အခုတော့  သူ့သားရဲကတ်ရဲ့မျက်နှာပြင်ပေါ်မှ အကာအရံက လုံးဝကို ဖယ်ရှားလိုက်ရပြီ။

 

အဆင့်မြင့် တိုက်ပွဲဝင်ကတ်က ပြန်လည်ပြုပြင်နိုင်သေးတဲ့အတွက် ဒါက ပြသနာတော့ သိပ်မရှိဘူး။ 

 

အဓိကပြဿနာကတော့ သူ ဒီအကြောင်းပြချက်ကိုသုံးပြီး ချန်ရှုဆီကနေ လျော်ကြေးတွေတောင်းနေလို့ မရတော့ဘူး။

 

သရုပ်ပြခန်းမရဲ့ အပြင်ဘက်မှာရှိနေတဲ့ ချန်ရှုရဲ့ နှုတ်ခမ်းတွေက  အနည်းငယ်လှုပ်သွားခဲ့တယ်။

 

စုန့်ပေါ်ဟောက်တစ်ယောက် ချန်ရှုရဲ့ အပြုံးကို မြင်လိုက်ရချိန်မှာ သူ့ရဲ့အမူအရာတွေက ရှုပ်ထွေးသွားရတယ်။

 

အားရှု..  မင်း ဒါကို တမင်လုပ်ခဲ့တာလား

 

သူ တစ်ဖက်လူကို မမှတ်မိဘူးဆိုတာ သူ သေချာပေါက် သိနေခဲ့တယ်လေ။

 

ချန်ရှု ပခုံးတွန့်လိုက်တယ်။

 

မနေ့တုန်းက ငါ မင်းကို ကာကွယ်ခိုင်းလိုက်တဲ့လူက အရပ်(၁.၇-၁.၈) မီတာလောက်ရှိပြီး ပိန်ပိန်သွယ်သွယ်နှင့် အရပ်ရှည်တယ်.. အစိမ်းရောင် အပင်ကို သယ်ဆောင်ထားတယ်..  နဖူးကနေ ပါးအထိ သတ္တုမျက်နှာဖုံးနှင့် ကာထားတယ်လို့ပြောခဲ့တယ်..

 

ချီကျွင့်က ဒီနေ့မှာ သတ္တုမျက်နှာဖုံးနဲ့ မကာထားဘူးဆိုပေမဲ့ တူညီမှုနှုန်းထားတွေက အရမ်းကို မြင့်နေတုန်းပဲ..   မင်းသူ့ကို မမှတ်မိနိုင်ရင် မျက်နှာကို မမှတ်မိနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်သင့်တယ်

 

ချီကျွင့် သရုပ်ပြခန်းမထဲမှ ထွက်လာပြီးနောက် သူ့ရဲ့ ဘွန်ဆိုင်းပင်ကို သွားကြည့်နေခဲ့တယ်။ 

 

ဗိုလ်ချုပ်ကြီးကတော့ လက်ဖက်ရည်သောက်ရင်းနှင့် သူ့ရဲ့ခရီးကို အရှိန်ထပ်မြှင့်လိုက်ပြန်တယ်။

 

စုန့်ပေါ်ဟောက် စားပွဲပေါ်မှ လက်ဖက်ရည်ပန်းကန်လုံးထဲကို အမြစ်တွေနှစ်ထားတဲ့ အစိမ်းရောင်အပင်လေးကို စိုက်ကြည့်ရင်း ပါးစပ်တွေ တွန့်သွားရတယ်။

 

မနေ့တုန်းက တစ်ဖက်လူရဲ့ပုံပန်းသဏ္ဍာန်က တကယ်ကို ထင်ရှားလွန်းတယ်။ မြို့တော်တစ်ခုလုံးမှာ အမြင့်နှစ်မီတာရှိတဲ့ အပင်တစ်ပင်ကို ထမ်းပြီးသွားနေတဲ့လူက သူတစ်ယောက်တည်းပဲရှိတာဖြစ်နိုင်တယ်။

 

ဒါကြောင့်ပဲ ချန်ရှုဆီကနေ မက်ဆေ့ချ် ရရှိပြီးတဲ့ ခဏအတွင်းမှာဘဲ တစ်ဖက်လူကို အမြန်ဆုံးရှာတွေ့ခဲ့တယ်။ သူ့အနေနဲ့ တစ်ဖက်လူမှ သူ့ကိုရှာမတွေ့ခင် နှစ်မိနစ်ခန့်လောက်သာ နောက်ကလိုက်နိုင်ခဲ့တယ်။

 

သို့ပေမဲ့လည်း ဒီနေ့… အပင်ကစိမ်းနေတယ်ဆိုတာကလွဲရင် ဘယ်နေရာကများ တူညီနေလို့လဲ?

 

သူ တစ်ဖက်လူကို မမှတ်မိနိုင်တာ ပုံမှန်ပဲ မဟုတ်ဘူးလား။

 

  ထပ်ပြောရရင် သူ့ရဲ့ အဆင့်မြင့်သားရဲကတ်ကို အခုလိုဖြစ်အောင်လုပ်နိုင်တဲ့လူက အရွယ်ရောက်ပြီးတဲ့လူတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ သူ ထင်ထားခဲ့တာ။ အသက် (18) နှစ်အရွယ် ကောင်လေးတစ်ယောက်လို့ ဘယ်သူက ထင်မှာလဲ။

 

ချန်ရှု သူ့ရဲ့ ပုခုံးကို အသာ ပုတ်လိုက်ပြီး ပြုံးပြလာတယ်။ 

 

“လူတစ်ယောက်တည်းကိုပဲ နှစ်ခါရှုံးတာက ပုံမှန်ပါပဲ.. စိတ်မပူနဲ့ .. မင်းရဲ့ သားရဲကတ်အတွက် လျော်ကြေးရှိမှာပါ

 

စုန့်ပေါ်ဟောက်:  “…”

 

အိုး.. အရမ်းကောင်းတာပဲ!

 

ချန်ရှုက နောက်ဆုံးတော့ သူ့ကို ဂရုစိုက်လာပြီး သူ့ကိုလည်း ပြုံးပြလာပြီ!

 

ချန်ရှု စုန့်ပေါ်ဟောက်ကို ကျော်ဖြတ်သွားပြီး ချီကျွင့်ဆီသို့ လျှောက်သွားခဲ့တယ်။

 

တောင်းပန်ပါတယ် .. ငါ မနေ့တုန်းက မင်းရဲ့ခွင့်ပြုချက်ကို မတောင်းခဲ့ဘဲ  မင်းကို ကာကွယ်ဖို့ လူတစ်ယောက်လွှတ်လိုက်မိတယ်

 

ချီကျွင့် သူ့ရဲ့လက်ကို ဝှေ့ရမ်းလိုက်တယ်။

 

ကိစ္စမရှိပဲဘူး.. ကျွန်တော် ခန့်မှန်းမိပါ

 

မနေ့က တိုက်ပွဲမှာ သတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက် မရှိဘူး။  ဒီနေ့တိုက်ပွဲကလည်း အမှန်တကယ် သတ်ဖြတ်ချင်တဲ့ရည်ရွယ်ချက်မျိုးကြောင့်မဟုတ်ဘဲတခြားသော ကိစ္စတစ်ခုအတွက်ကြောင်းဖြစ်ပုံပဲ။

 

ချီကျွင့် နွေဦးလေပြေလို ပြုံးနေပြန်ပြီဖြစ်တဲ့လူကို လှမ်းကြည့်လိုက်တယ်။

 

ကျွန်တော် ခင်ဗျားရဲ့သားရဲကတ်ကို ကြည့်လို့ရမလား?

 

ဒီတစ်ကြိမ်က သူ့ရဲ့ သတ္တုစွမ်းရည်ကိုသုံးပြီး သားရဲပုံစံကနေ တစ်ဆင့် သားရဲကတ်ကို လေ့လာခဲ့ဖူးတဲ့

ပထမဆုံးအကြိမ်ပဲ။ ဒါကြောင့်  သူနည်းနည်းတော့ စူးစမ်းချင်နေခဲ့တယ်။

 

စုန့်ပေါ်ဟောက်က ချန်ရှုရဲ့ ဘေးနားမှာထိုင်နေပြီး လက်တစ်ဖက်ကို ချန်ရှုရဲ့ပခုံးပေါ်မှာတင်ထားကာ ကျန်တဲ့လက်တစ်ဖက်နှင့် သားရဲကတ်ကိုလှမ်းပေးလာတယ်။

 

ချီကျွင့် သားရဲကတ်ကို စစ်ဆေးကြည့်လိုက်တယ်။ တိုက်ပွဲနှစ်ခုအတွင်းမှာ သူ ဒီသားရဲကတ်ကို  စူးစမ်းလေ့လာခဲ့ပြီး အကြမ်းဖြင်းအားဖြင့် နားလည်သဘောပေါက်ထားခဲ့ပြီ။ ဒီကတ်က အလွန်အမင်းအနုစိတ်တဲ့  တိုက်ခိုက်ရေးကတ်တစ်ခုပဲ။အမြင်အားဖြင့် ပါးလွှာသောကတ်လေးတစ်ခုသာ ဖြစ်နေပေမဲ့ ထိုကတ်ထဲမှာ သားရဲပုံစံငါးလွှာပါရှိတယ်။

 

အလွှာတစ်ခုချင်းစီမှာရှိတဲ့ သားရဲလိုင်းတွေက အလွန်ပါးလွှာပြီး  များစွာသော အဆင့်မြင့်လိုင်းတွေဆီမှာ အကာအရံအဖြစ်လိုင်းတွေကလည်း အများအပြားရှိနေသေးတယ်။

 

လက်ရှိ သူ့ရဲ့စွမ်းအင်နဲ့ဆိုရင် ဒီလိုတူညီတဲ့ သားရဲကတ်ကို ရေးထွင်းနိုင်ဖို့ မဖြစ်နိုင်သေးဘူး။

 

ချီကျွင့် ကတ်ကိုကိုင်ထားရင်း စစ်ကြည့်နေခဲ့တယ်။ ကံမကောင်းစွာနှင့် သူ ထိုသားရဲကတ်ရဲ့မျက်နှာပြင်ကို ဖျက်ဆီးခဲ့ပြီး ပထမအလွှာမှာရှိတဲ့ သားရဲလိုင်းနှစ်ခုကို ဖယ်ရှားခဲ့ပြီ။

 

ချီကျွင့် ဆန့်ကျင်ဘက်မှာရှိတဲ့ စုန့်ပေါ်ဟောက်ကို မော့ကြည့်လိုက်တယ်။

 

ဒီကတ်ကို ပြင်လို့ရလား

 

စုန့်ပေါ်ဟောက် ခေါင်းညိတ်လာတယ်။

 

အင်း  ပြန်ပြီးပြုပြင်လို့ရတယ်

 

ကုန်ကျစရိတ်ကြီးမားတယ်ဆိုပေမယ့် သူ့ဆီမှာ မစ်ရှင်မှရထားတဲ့ဆုကြေးတွေ အများကြီးရှိထားခဲ့ပြီး ပိုက်ဆံ မချို့တဲ့နေခဲ့ဘူး။

 

ချီကျွင့် ထပ်မေးလိုက်တယ်။

 

ကျွန်တော် ကြိုးစားကြည့်လို့ရမလား?

 

စုန့်ပေါ်ဟောက်က ထူးမခြားနားစွာ ပြန်ဖြေခဲ့တယ်။

 

လုပ်ကြည့်လိုက်လေ.. အရင်ကလို  ကတ်ကိုမဖျက်စီးမိသရွေ့ အဆင်ပြေပါတယ်

 

ချီကျွင့် ခဏလောက် စဉ်းစားလိုက်ပြီး သူ့ရဲ့ကျောပိုးအိတ်ထဲမှ ချန်ရှုပေးထားခဲ့တဲ့ အလယ်အလတ်သတ္တုစပ်ကတ် အခုနှစ်ဆယ်ပါတဲ့ သေတ္တာငယ်လေးကို ဆွဲထုတ်လိုက်တယ်။

 

ထို့နောက် ချန်ရှုရဲ့ မျက်စိအောက်မှာပဲ ထိုသတ္တုစပ်ကတ်အလွတ် နှစ်ဆယ်ကို ချီကျွင့် ပေါင်းစပ်လိုက်တယ်။

 

သူက ထိကတ်တွေကို အဆက်မပြတ် ဖိသိပ်ပြီး ကျုံ့သွားစေခဲ့ကာ နောက်တစ်ကြိမ် ထပ်မံခွဲထုတ်လိုက်ပြီး မလိုအပ်တော့ဘဲ ကွဲကွာသွားတဲ့ အစိတ်အပိုင်းတွေက စားပွဲပေါ်သို့ ပြန်လည် ကျဆင်းလာခဲ့တော့တယ်။

 

ချီကျွင့်ရဲ့ လက်ထဲမှာ ကျန်ရှိနေတဲ့အပိုင်းကတော့ သေးငယ်သည်ထက် သေးငယ်လာခဲ့ပြီး နောက်ဆုံးမှာတော့ လက်ချောင်းထိပ်အရွယ်လောက်သာ ကျန်ရှိနေခဲ့ကာ စုန့်ပေါ်ဟောက်ရဲ့သားရဲကတ်ကို ဖုံးအုပ်နိုင်ရုံသာ ကျန်ရှိနေတော့တယ်။

 

ထို့နောက်မှာတော့ လက်ချောင်းထိပ်အရွယ် သတ္တုပြားလေးက စီးဆင်းလာတဲ့ရေလိုမျိုး သားရဲကတ်ပေါ်သို့ လျှောဆင်းကျသွားခဲ့တယ်။

 

မကြာခင်မှာပဲ ချီကျွင့် ပြုလုပ်ခဲ့သော ခြစ်ရာတွေက ဖယ်ရှားခံလိုက်ရတဲ့အစွန်းအထင်းလိုမျိုး ပျောက်ကွယ်သွားခဲ့ပြီး သားရဲကတ်တစ်ခုလုံးကို ပြန်လည်ရရှိခဲ့တယ်။

 

တစ်ချိန်တည်းမှာ ချီကျွင့်ရဲ့ သတ္တုစွမ်းအင်က သားရဲလိုင်းရဲ့ ပထမအလွှာထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့တယ်။

 

သူ့အနေနဲ့ သားရဲပုံစံလိုင်းရဲ့ အစအဆုံးကို ရေးထွင်းလို့မရနိုင်ပေမဲ့လည်း ပျက်စီးသွားတဲ့ မျက်နှာပြင်တွေလောက်ကိုတော့ ပြန်လည်ပြုပြင်နိုင်သေးတယ်။ သူ့ရဲ့အပေါ်မှာ အကာအရံလိုင်းတွေအများကြီး တပ်ဆင်ထားတဲ့အတွက်ကြောင့်သာ အနည်းငယ်လောက် ခက်ခဲနေခဲ့တာ။ 

 

အကြိမ်ရေ မရေမတွက်နိုင်လောက်အောင် ရေးထွင်းမှု ကျရှုံးပြီးနောက်မှာတော့ သားရဲကတ်ရဲ့ မျက်နှာပြင်ပေါ်မှ သတ္တုလေးက တဖြည်းဖြည်းနဲ့ ပိုပိုပြီး သေးငယ်ခဲ့ပြီး အဆုံးမှာတော့  သာမန်မျက်စိဖြင့် မမြင်နိုင်လုနီးပါးဖြစ်ခဲ့ပြီး စားပွဲပေါ်မှာ သတ္တုမှုန့်တွေသာ ကျန်ရစ်ခဲ့တော့တယ်။

 

စုန့်ပေါ်ဟောက်က မူလတုန်းက ချန်ရှုကိုသာ  စိုက်ကြည့်နေခဲ့တာဖြစ်ပြီး သူ့ရဲ့ ဆန့်ကျင်ဘက်မှာရှိတဲ့ ကောင်လေးရဲ့ လှုပ်ရှားမှုတွေကို ဂရုမစိုက်ခဲ့ဘူး။

 

သို့ပေမယ့် မကြာခင်မှာပဲ ချီကျွင့်ရဲ့ပြုပြင်မှုတွေ သူ့ရဲ့ကတ်ပြားပေါ်မှ အနာအဆာကို မမြင်ရလောက်တဲ့အထိ ကာရံလိုက်တာကို တွေ့လိုက်ရတော့ သူ အတော်လေး အံ့သြတကြီးဖြစ်သွားခဲ့တယ်။

 

သူ့ရဲ့ဘေးမှာထိုင်နေတဲ့ ချန်ရှုက သူ့လက်ကို ကပြာကယာ ဆုပ်ကိုင်လာခဲ့ပြီး မျက်မှောင်ကြုတ်ရင်း ခေါင်းကို ခါလိုက်တယ်။

 

သားရဲကတ်ကို ပြုပြင်ခြင်းဆိုတာက လုံးဝတိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်တယ်။ သေးငယ်တဲ့အသံလေးကတောင် ပြုပြင်နေတဲ့သူကို အမှားလုပ်မိသွားစေတယ်။

 

စုန့်ပေါ်ဟောက် ချက်ချင်းပဲ သူ့ရဲ့ ထိတ်လန့်မှုကို မျိုချလိုက်ပြီး  ဆန့်ကျင်ဘက်မှာရှိနေတဲ့ ကောင်လေးကို သတိထားပြီး စောင့်ကြည့်နေခဲ့ကာ သူ့ရဲ့ အသက်ရှုနှုန်းကိုတောင် ဂရုတစိုက် ထိန်းထားခဲ့တယ်။

 

သို့ပေမယ့် ချန်ရှုရဲ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားဖို့ကိုတော့ လုံးဝမမေ့လျော့ခဲ့ဘူး။

 

အဆုံးမှာတော့ ချီကျွင့်အသက်ပြင်းပြင်းရှူလိုက်ပြီး ပြုပြင်လို့ပြီးသွားပြီဖြစ်တဲ့ သားရဲကတ်ကို ပွတ်သတ်လိုက်တယ်။

 

သူက သားရဲကတ်ရဲ့မျက်နှာပြင်ပေါ်မှ သားရဲလိုင်းတွေထဲမှာ ပြုပြင်ရင်လိုအပ်လောက်သေးမဲ့ ပျောက်ဆုံးနေသေးတဲ့ အစိတ်အပိုင်းတစ်ခုခုကျန်ရစ်နေဦးမှာကို စိတ်ပူတာကြောင့် သားရဲပုံစံလိုင်းတွေနှင့် အကာအရံလုင်းတွေကို အကြိမ်ရာနဲ့ချီလောက်အောင် စစ်ဆေးကြည့်ခဲ့ပြီးမှ ခွဲခြမ်းစိတ်ဖြာခဲ့ကာ ပြန်လည် ထွင်းထုထားခဲ့တာ။

 

ချီကျွင့် စုန့်ပေါ်ဟောက်ဆီသို့ သူ့ရဲ့သားရဲကတ်ကို ပြန်ပေးလိုက်တယ်။

 

စုန့်ပေါ်ဟောက် တံတွေးမြိုချလိုက်မိပြီး  သူ့ရဲ့ဆန့်ကျင်ဘက်မှာရှိနေတဲ့ ဆယ်ကျော်သက်လေးကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်မိတယ်။ သူ့လက်ထဲကမှာ ရှိနေတဲ့ သားရဲကတ်က မူလပုံပန်းသဏ္ဌာန်အတိုင်း ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ပြီး ပျက်စီးမှုလက္ခဏာတွေကိုလည်း မရှိတော့ဘူး။ဂြိုဟ်သေးတွေမှာ အဆက်မပြတ်လှိုင်းလုံးတွေကို ဖြစ်စေခဲ့တဲ့ ကြေးစားခေါင်းဆောင်တစ်ဦးအနေဖြင့် သူအသုံးပြုခဲ့တဲ့ သားရဲကတ်မှာ ပျက်စီးမှုတွေကို ယခင်တုန်းကလည်း မကြာခဏကြုံတွေ့ရတတ်တယ်။ 

 

သူ့အနေနဲ့ သားရဲကတ် ပြုပြင်သူတွေဆီမှာ ပြန်လည်ပြုပြင်ရန် အပ်နှံခဲ့ပေမဲ့လည်း အခုလိုမျိုး အချိန်တိုအတွင်းမှာ သားရဲကတ်ကို ပြင်ဆင်မှု ပြီးမြောက်စေနိုင်တဲ့အပြင်  ပျက်စီးသွားတဲ့သားရဲလိုင်းတွေကိုပါ ပြန်လည်း ပိုင်းခြားစိတ်ဖြာပြီး ပြုပြင်နိုင်တဲ့သူမျိုးကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး။

 

စုန့်ပေါ်ဟောက် အပိုစကားလုံးတွေကို ထပ်မပြောတော့ဘူး။ သူက ချီကျွင့်လှမ်းပေးလာတဲ့ သားရဲကတ်ကို စားပွဲပေါ်သို့ လှမ်းတင်လိုက်ပြီး  ကြယ်ဒင်္ဂါးနှစ်သန်းကို ချီကျွင့်ဆီသို့ လွှဲပြောင်းပေးလိုက်တယ်။

 

အရင်တုန်းက သားရဲကတ်ပြုပြင်သူတွေက ကတ်ကိုပြုပြင်ဖို့ရန်အတွက်  အနည်းဆုံး အချိန်(10) ရက်လောက်လိုအပ်ခဲ့ပြီး တခြားသောအခြေအနေလိုအပ်ချက်တွေလည်း အများကြီး ပူးတွဲပါဝင်နေသေးတယ်။

 

ဒီလောက်ထိကောင်းမွန်တဲ့ ဆရာသခင်တစ်ယောက်က ဒီလိုပမာဏကိုတော့ ရရှိသင့်တယ်!

 

ချန်ရှုက စုန့်ပေါ်ဟောက်ထက်တောင် ပိုလို့ ထိတ်လန့်နေခဲ့တယ်။ အဆုံးမှာ စုန့်ပေါ်ဟောက်က ချီကျွင့် ဒီလိုမျိုးသားရဲလိုင်းရေးထွင်းတဲ့ပညာကို  စနစ်တကျ မလေ့လာခဲ့ရမှန်းကို မသိခဲ့ဘူးလေ။

 

ဒီလူငယ်လေးက စတိုးဆိုင်အတွင်းမှ သားရဲကတ်ခင်းကျင်းမှုတွေကို ကြည့်ရှုပြီး ဒီလိုမျိုးရိုးရှင်းတဲ့ သားရဲပုံစံလိုင်းနည်းစနစ်ကို ဖန်တီးခဲ့တာပဲ။

 

သူ့ရဲ့စိတ်ထဲမှ ထိတ်လန့်မှုကို ဖုံးကွယ်ရင်းနှင့် ချန်ရှုတစ်ယောက်  စုန့်ပေါ်ဟောက်ဘက်ကို လှည့်ကြည့်လိုက်တယ်။

 

“နှစ်သန်းက မလုံလောက်ဘူး..  အလယ်အလတ်သတ္တုစပ်ကတ်အလွတ် (၂၀) အတွက်လည်း အခကြေးငွေလိုအပ်သေးတယ်

 

စုန့်ပေါ်ဟောက် လက်ခုပ်တီးလိုက်ပြီး ချီကျွင့်ဆီကို နောက်ထပ် ပိုက်ဆံပမာဏတချို့ ထပ်မံလွှဲပေးလိုက်တယ်။

 

ကြယ်ဒင်္ဂါးသန်းပေါင်းများစွာပါဝင်တဲ့ ကြယ်ဒင်္ဂါးကတ်ကို ငုံ့ကြည့်နေတဲ့ ချီကျွင့်: .....

 

ဒီသားရဲကတ်က သူ့ကြောင့် ပျက်စီးသွားတာဖြစ်ပုံပဲနော်?

 

နောက်ပြီးသတ္တုစပ်ကတ်အလွတ် (၂၀)သည်လည်း ချန်ရှုဆီက သူ့ကိုပေးထားခဲ့တာလေ?

 

ချန်ရှု ရယ်မောလိုက်တယ်။

 

စိတ်မပူပါနဲ့ သူ့ဆီမှာ ပိုက်ဆံရှိတယ်

 

စုန့်ပေါ်ဟောက်က အားအင်ပြည့်ဝစွာနှင့် ခေါင်းညိတ်လာတယ်။

 

ဟုတ်တယ် .. ငါ့ဆီမှာ ပိုက်ဆံရှိတယ်

 

ဘေးနားမှာ တိတ်တဆိတ်လက်ဖက်ရည်သောက်နေခဲ့တဲ့ ဘွန်ဆိုင်းကု: 

 

ဘေဘီ.. ကိုယ့်ကိုယုံလိုက်.. ကိုယ့်ဆီမှာ သူတို့တွေထက် ပိုက်ဆံတွေအများကြီး ပိုရှိတယ်

 

ချီကျွင့် :  “……”

 

ချီကျွင့် ရုတ်​တရက်​ တက်ကြွလာခဲ့ရတယ်။

 

အခုချိန်မှာ သူအလိုအပ်ဆုံးအရာက   ပိုက်ဆံပဲလေ!

 

“ချီကျွင့်.. သားရဲကတ်ပြုပြင်သူတစ်ယောက်ရဲ့ ၀င်ငွေက အတော်လေးကောင်းတယ်.. မင်း အဲဒီနယ်ပယ်ဘက်ကို ဝင်ဖို့ စဉ်းစားချင်လား”

 

မာစတာက ပိုက်ဆံပြတ်နေလို့လား

 

ချီကျွင့်က တော်ဝင်နန်းတော်အနားမှာ အိမ်တစ်လုံးဝယ်ချင်နေတာ

 

“အဲဒီဘက်က ဈေး နည်းနည်းလောက်မြင့်ပေမယ့် တိုက်ခန်းအသေးလေးတစ်ခုလောက်ဆိုရင် ဝယ်လို့ အဆင်ပြေလောက်တယ်”

 

ဖျင်း၃၀၀၀ အကျယ်ကိုလိုချင်နေတာ

 

“…”

 

မာစတာရဲ့ပန်းတိုင်က အလွန်အမင်းစျေးကြီးလွန်းတယ်။ သူတောင် အဲလောက်ထိ ဈေးကြီးတဲ့အိမ်ကို မတတ်နိုင်ဘူး။

 

ချီကျွင့်က နှာခေါင်းကို အသာပွတ်ပြီး ချောင်းဆိုးလိုက်တယ်။

 

ကျွန်တော် စိတ်ပြောင်းသွားပြီ

 

သူ့ဘေးမှာထိုင်နေတဲ့ လူနှစ်ယောက်က မော့ကြည့်လာကြတယ်။

 

ချီကျွင့် မေးလိုက်တယ်။

 

“မြို့တော်မှာ သစ်တောရိုင်းတောင်တွေ ရှိလား.. ကျွန်တော် အခု တောင်တစ်တောင် ဝယ်ချင်တယ်

 

ဒီအတိုင်းအတာကလည်း နည်းနည်းလောက်ကြီးနေသေးတယ်...

 

ချန်ရှုက ခဏလောက်ရပ်တန့်ပြီး ပြန်ပြောလာတယ်။

 

တကယ်လို့  မင်းအနေနဲ့ မြို့တော်မှာ တောင်တစ်လုံးလိုချင်ရင် မင်းဘာအတွက်သုံးချင်တာလဲဆိုတဲ့ အပေါ်မူတည်ပြီး အင်ပါယာကစည်းမျဉ်းစည်းကမ်းတွေ ရှင်းရှင်းလင်းလင်းထုတ်ထားတယ်

 

ချီကျွင့် စားပွဲပေါ်မှာရှိနေတဲ့ ဘွန်ဇိုင်းကို လှမ်းကြည့်လိုက်တယ်။

 

သစ်ပင်စိုက်ဖို့

 

ချန်ရှု: ...

 

သူ မှားသွားတာဖြစ်နိုင်ပါတယ်။ ချီကျွင့်က ဒီစားပွဲပေါ်မှာရှိနေတဲ့ အစိမ်းရောင်အပင်လေးကို ရည်ညွှန်းတာမဟုတ်လောက်ပါဘူး။ ဟုတ်တယ်မလား?

 

လက်ဖက်ရည်ပန်းကန်လုံးလေးနဲ့တောင် အံဝင်ခွင်ကျရှိနေနိုင်တဲ့ အစိမ်းရောင်အပင်လေးတစ်ပင်က ဘယ်လိုလုပ်ပြီး တောင်ကြီးတစ်ခုလုံးကို လိုအပ်နိုင်မှာလဲ။

 

တစ်ဖက်မှ စုန့်ပေါ်ဟောက်ကဝင်မေးလာတယ်။

 

မာစတာက အစိမ်းရောင် သစ်ပင်တွေစိုက်ဖို့အတွက် နေရာတစ်ခုလိုချင်တာလား

 

ချီကျွင့် ခေါင်းညိတ်လိုက်တယ်။

 

နေရာအကျယ်ကြီးဖြစ်ပြီး လူသိပ်မရှိတဲ့နေရာဖြစ်ဖို့လိုတယ်

 

သူ့ရဲ့ကမ္ဘာဦးသစ်ပင်ကြီး လှည့်ပတ်ပြေးလွှားနေတာကို တခြားလူတွေကိုမြင်ခွင့်မပေးနိုင်ဘူး။

 

ဗိုလ်ချုပ်ကြီးရဲ့အိမ်က အားသာချက်တွေအများကြီးရှိတယ်။ ထိုနေရာကိုမရနိုင်တာက ဝမ်းနည်းစရာပဲ။

 

“ဒါဆို ဂြိုဟ်သိမ်တွေဆီကို သွားလိုက်ပါလား.. ကြယ်ဒင်္ဂါးပြား သန်းချီပြီးရှိရင် ဂြိုလ်ငယ်တစ်ခုလောက် ဝယ်လို့ရတယ်.. မင်းအနေနဲ့ပုံမှန်ရာသီဥတုစနစ်ကို တပ်ဆင်ပြီးသွားရင် မင်းစိုက်ပျိုးချင်တဲ့ ဘယ်လိုအပင်ကိုမဆို စိုက်ပျိုးနိုင်လိမ့်မယ်..မြို့တော်မှာလိုမျိုး တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း မရှိဘူး.. ဒါ့အပြင် ဂြိုဟ်သိမ်တွေမှာဆိုရင် ပိုက်ဆံရှာဖို့အတွက်လည်း အတော်လည်း ကောင်းတယ်နော်..

 

မာစတာရဲ့ သားရဲကတ်ပြုပြင်တဲ့အပေါ်ကျွမ်းကျင်မှုနှင့်ဆိုရင် မိနစ်ပိုင်းအတွင်းမှာ သန်းပေါင်းများစွာ စုဆောင်းနိုင်လိမ့်မယ်.. နောက်ပြီး အဲဒီပိုက်ဆံတွေကိုသုံးပြီး အဲဒီဂြိုလ်ကို ဂြိုဟ်ကြီးတစ်ခုလိုမျိုး  ပြောင်းလဲလိုက်နိုင်လိမ့်မယ်

 

ချန်ရှုရဲ့အမူအရာက နက်မှောင်သွားရတယ်။ ဒီဂြိုဟ်သိမ်တွေမှာ ပျော်မြူးနေတဲ့လူက ချီကျွင့်လို ကလေးတစ်ယောက်ကိုပါ သူ့လိုမျိုး ပါဝင်သွားစေချင်နေတာလား?

 

စုန့်ပေါ်ဟောက်က ထပ်ပြောလာတယ်။

 

ဒါအပြင်.. အဲဒီမှာရှိနေတဲ့ အကောင်းဆုံးအရာက ဘာလဲဆိုတာ မင်းသိလား

 

ချီကျွင့် သိချင်စွာမေးလိုက်တယ်။

 

ဘာများလဲ?

 

စုန့်ပေါ်ဟောက် ပြုံးလိုက်တယ်။

 

“ဂြိုဟ်သိမ်တွေမှာ ကြယ်တာရာသူခိုးဓားပြတွေ အများကြီးရှိပြီး သူတို့တွေရဲ့ ဆုကြေးတွေက အတော်လေးမြင့်မားတယ်.. ဆိုလိုတာက မင်းအနေနဲ့ တစ်နေ့ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်နိုင်တယ်”

 

ချန်ရှုထပ်ပြီး သည်းမခံနိုင်တော့ဘဲ စုန့်ပေါ်ဟောက်ကိုင်ထားတဲ့ သူ့ရဲ့ လက်ကို ဖယ်ထုတ်လိုက်တယ်။

 

စုန့်ပေါ်ဟောက်.. တော်လောက်ပြီ!

 

စုန့်ပေါ်ဟောက်က သူ့ရဲ့နှာခေါင်းကို ထိလိုက်ပြီး စကားထပ်မပြောလာတော့ဘူး။

 

ချီကျွင့်.. သူ့စကားကို နားမထောင်နဲ့.. မင်းအနေနဲ့ မြို့တော်မှာလည်း ကောင်းကောင်းအဆင်ပြေတယ်..   ဂြိုဟ်သိမ်တွေဆီကို သွားနေစရာ မလိုဘူး..  ငါမင်းအတွက် သင့်တော်တဲ့စျေးနှုန်းရှိတဲ့ တောင်တစ်တောင် ရှာတွေ့နိုင်အောင် ကူညီပေးမယ်”

 

ချီကျွင့် လက်ဖက်ရည်သောက်နေတဲ့ ဘွန်ဇိုင်းကို ငုံ့ကြည့်လိုက်တယ်။ တကယ်တော့ စုန့်ပေါ်ဟောက်ရဲ့ အကြံဥာဏ်က အတော်လေးကောင်းတယ်လို့ သူထင်တယ်။ နောက်ပြီး ကြားရသလောက် အတော်လေး လွတ်လပ်တဲ့ပုံပဲ။ သူ့အနေနဲ့  သူ့ရဲ့ ကမ္ဘာဦးသစ်ပင်ကြီး ဘာတွေ တွေးနေလဲဆိုတာကို မသိရုံလောက်ပဲ...

 

တစ်ဖက်မှာတော့ ဘွန်ဆိုင်းကုရဲ့ အပေါ်ပိုင်းက စုန့်ပေါ်ဟောက်ဘက်ကို အနည်းငယ် စောင်းနေခဲ့ပြီ။

 

အရမ်းကောင်းတယ်!

 

ကြယ်သူခိုးတွေကို တိုက်ထုတ်ဖို့အတွက် သူ့ရဲ့ခြင်္သေ့လေးကို ဂြိုဟ်သိမ်ဘက်ဆီကို သွားဖို့အတွက်   သတ္တိရှိရှိနဲ့ ဖြားယောင်းနေတဲ့ ဒီလူကို   သူ သေချာပေါက် မှတ်ထားလိုက်မယ်!