Ch 21
Viewers 2k

(21)


ဘွန်ဆိုင်းကုက လူတွေရဲ့ရှေ့မှာ သူ့ပြောလိုတဲ့စကားတွေကို မဖော်ပြနိုင်ခဲ့တာကြောင့် သူ့မှာ ဝင်ရောက်ငြင်းဆန်ဖို့ အခွင့်အရေးကို မရရှိခဲ့ဘူး။


ဒါကြောင့် ချီကျွင့်က ဆက်မေးလာခဲ့တယ်။


“ဂြိုဟ်သိမ်တွေက ဝေးလား.. ကျွန်တော့်မှာ သယ်စရာပစ္စည်းတွေ ရှိတယ်.. အဲဒါက ပြသနာရှိလောက်လား?”


စုန့်ပေါ်ဟောက်က ဒါကိုကြားပြီး ချက်ချင်း တည့်မတ်စွာထိုင်လိုက်တယ်။


“ငါ့မှာ ကြယ်သင်္ဘောတစ်ခုရှိတယ်.. နောက်ပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဒီကနေ ထွက်ခွာသွားဖို့ လုပ်ထားတယ်.. မင်းသာ လိုက်ခြင်တယ်ဆိုရင် ငါ မင်းကို လမ်းတလျှောက်လုံး ခေါ်သွားနိုင်တယ်.. မင်းက ဘယ်လိုပစ္စည်းမျိုးတွေ သယ်ချင်တာလဲ.. ဥပဒေကို မချိုးဖောက်သရွေ့ ငါ ကူညီပေးနိုင်တယ်”


ချန်ရှု: “...”


ဒီမကောင်းတဲ့ကောင်က မြို့တော်မှာ အချိန်အကြာကြီး ရိုးရိုးသားသား နေမှာ မဟုတ်ဘူးဆိုတာကို သူသိနေခဲ့တယ်။


ဘွန်ဆိုင်းကု: “...”


ဒီလူက ဒီလောက်ထိ ကြင်နာပြီး တာဝန်သိတတ်တယ်ဆိုရင် သူ ဘာလို့ ဂြိုဟ်သိမ်ခါးပတ်တွေမှာ ကြေးစားခေါင်းဆောင်တစ်ယောက် ဖြစ်နေတာလဲ။ သူ့ကို စစ်တပ်ထဲကို ခေါ်ယူလိုက်မယ်ဆိုရင် တစ်နှစ်အတွင်းမှာ ပထမတန်းအဆင့် ကြယ်တာရာစစ်သားဖြစ်အောင် လေ့ကျင့်သင်ကြားပေးနိုင်တယ် မဟုတ်ဘူးလား?


ချီကျွင့်: “ဥပဒေ ချိုးဖောက်တဲ့အရာမျိုး မဟုတ်ဘူး.. အစိမ်းရောင်အပင်ကိုသယ်ချင်တာ.. နည်းနည်းတော့ကြီးတယ်”


စုန့်ပေါ်ဟောက် ခေါင်းညိတ်လိုက်တယ်။


“အဲဒါ ဘာမှမဟုတ်ပောဘူး.. ငါနဲ့ လွှတ်ထားလိုက်”


ချီကျွင့် မျက်လုံးတွေ တောက်ပသွားရပြီး လက်ဖက်ရည်ပန်းကန်လုံးထဲမှာ တိတ်တဆိတ်ရှိနေတဲ့ ဘွန်ဇိုင်းပင်ကို လှမ်းထိလိုက်တယ်။


ကမ္ဘာပျက်ကတ်ဖြစ်ပေါ်လာခြင်းကြောင့် ယဉ်ကျေးမှုနှင့် နည်းပညာတွေ ဆယ်စုနှစ်များစွာ နောက်ပြန်ဆုတ်သွားခဲ့တဲ့ ကမ္ဘာမြေရဲ့လူသားတစ်ယောက်အနေနဲ့ ကြယ်တာရာနှင့် အာကာသပြင်ပကို သူ မတွေ့ခဲ့ဖူးဘူး။ 


ဒီတော့ဂြိုဟ်သိမ်တွေဘက်ကို သွားတာက ကောင်းမွန်တဲ့ရွေးချယ်မှုပဲ။


သူ့အနေနဲ့ ဂြိုလ်အသေးတစ်လုံးကိုတောင် ပိုင်ဆိုင်မှုအဖြစ်ဝယ်နိုင်မှာဖြစ်ကြီး သူ့ရဲ့ ကမ္ဘာဦးသစ်ပင်ကြီးကို လွတ်လွတ်လပ်လပ် ထားနိုင်တယ်။ နောက်ပိုင်းမှာ ကြယ်သင်္ဘောတစ်ခုကိုတောင် ဝယ်နိုင်တာ ဖြစ်နိုင်တယ်။


အဲဒီအချိန်ကျရင် ကမ္ဘာဦးသစ်ပင်ကြီးက ပြန်လည်ကောင်းမွန်ခြင်းမရှိသေးဘူးဆိုရင်တောင် သူ့ကို အာကာသအတွင်း သယ်ဆောင်သွားနိုင်လိမ့်မယ်။


စဉ်းစားကြည့်ရသလောက် အတော်လေးကောင်းမဲ့ပုံပဲ။


စုန့်ပေါ်ဟောက် ခေါင်းငုံ့ကာ ကွမ်တမ်ကွန်ပြူတာကို ဖွင့်လိုက်တယ်။


“ငါ့ရဲ့ ကြယ်သင်္ဘောက အင်ပါယာမြို့တော်ရဲ့ သတ္တမမြောက်ဂိတ်တွင် ဆိုက်ကပ်ထားတာ.. မင်း မင်းရဲ့စိမ်းလန်းတဲ့အပင်တွေကို အဲဒီနေရာကို သယ်သွားလိုက်လေ.. လျှို့ဝှက်ကုဒ်ကို ငါ မင်းရဲ့ ကွမ်တမ်ကွန်ပြူတာဆီကို ပို့ပေးလိုက်မယ်”


ချီကျွင့်: “......”


စုန့်ပေါ်ဟောက်က စကားဝှက် ပြင်ဆင်နေတာကို ရပ်တန့်လိုက်ပြီး ချီကျွင့်ကို မော့ကြည့်လိုက်တယ်။ 


ချီကျွင့်ကလည်းသူ့ကို ဖြူစင်ရိုးသားစွာ ပြန်ကြည့်နေခဲ့တယ်။


စုန့်ပေါ်ဟောက်ရဲ့ အကြည့်က သူ့ရဲ့လက်ကောက်ဝတ်ဆီသို့ ရွေ့သွားခဲ့တယ်။ ထိုလက်က ဗလာဖြစ်နေခဲ့ပြီး အင်ပါယာမှ လူတွအားလုံးမှာရှိတဲ့ ကွမ်တမ်ကွန်ပြူတာကို မပတ်ထားခဲ့ဘူ။ ထို့နောက် သူ့ရဲ့မျက်လုံးတွေက တစ်ဖက်လူရဲ့လည်ပင်းဆီသို့ မော့ကြည့်လိုက်ပြီး ထိုလည်ပင်းမှာလဠ်း ကွမ်တမ်ကွန်ပျူတာနှင့် ဆင်တူတဲ့ ဆွဲသီးကို မတွေ့ခဲ့ရဘူး။ 


စုန့်ပေါ်ဟောက်တစ်ယောက် ချီကျွင့်က ချန်ရှုကို သူ့အတွက် ကြယ်ဒင်္ဂါးကတ်ကိုသာ ပြင်ဆင်ပေးဖို့ ဘာလို့ တောင်းဆိုခဲ့တာလဲဆိုတာကို ရုတ်တရက် နားလည်သွားရတယ်။


ဘာကို တားမြစ်ထားတဲ့ တရားမဝင် ကုန်ပစ္စည်းလဲ? ဘာကို အစိမ်းရောင်သစ်ပင်တွေလဲ? ချီကျွင့်ကိုယ်တိုင်ကကို တရားမဝင်တဲ့အရာပဲ!


စုန့်ပေါ်ဟောက် ချောင်းဆိုးလိုက်တယ်။ 


“တရားမဝင် နေထိုင်သူ?”


ချီကျွင့် ခေါင်းညိတ်လိုက်တယ်။ ဘွန်ဆိုင်းကုက လက်ဖက်ရည်ကို တိတ်တဆိတ်သောက်လိုက်ပြီး သူ့ရဲ့ အကိုင်းအခက်လေးက ခြင်္သေ့ရဲ့လက်ချောင်းတွေကို တိတဆိတ်ပုတ်လိုက်တယ်။ 


သူ့ရဲ့ခြင်္သေ့ကြီး မပြေးနိုင်ဘူးဆိုတော့ တရားမဝင်နေထိုင်သူဖြစ်နေတာ ကောင်းသားပဲ။


သေချာတာပေါ့။ သူပြန်ရောက်လာတာနဲ့ သူ့မိသားစုရဲ့ခြင်္သေ့က တရားမဝင်ဖြစ်နေတော့မှာမဟုတ်ဘူး။


ချန်ရှုသည်လည်း ဒီလူငယ်လေးက သူ့ရဲ့ ကွမ်တမ်ကွန်ပြူတာကို ယူလာဖို့ မေ့နေတာမဟုတ်ဘူးဆိုတာကို သဘောပေါက်သွားခဲ့တယ်။ သူ့ဆီမှာ လုံးဝရှိမနေခဲ့တာပဲ။ ဒါဆို ဒီကလေးက တောရိုင်းကြယ်ကနေ တရားမဝင် ရွှေ့ပြောင်းလာတဲ့သူလား။ သူ ကျောင်းမတက်ခဲ့ရတာကို မအံ့သြတော့ဘူး။


ဒါကိုသိလိုက်ရတော့ ချန်ရှုတစ်ယောက် ချီကျွင့်ကို ဂြိုဟ်သိမ်ခါးပတ်ဆီသို့ ခေါ်ဆောင်သွားမဲ့ စုန့်ပေါ်ဟောက်ရဲ့အကြံဥာဏ်ကို မဆန့်ကျင်တော့ဘူး။


တရားမဝင်နေထိိုင်သူဆိုရင် မြို့တော်မှာ အန္တရာယ်ရှိတယ်လေ။ သူ ဒီကို ပြန်မလာခင် တရားဝင်အထောက်အထားတစ်ခုရတဲ့အထိ ဂြိုဟ်သိမ်ခါးပတ်မှာ သွားနေတာက ပိုကောင်းပါတယ်။


စုန့်ပေါ်ဟောက် ပြုံးလိုက်ပြီး ချီကျွင့်ရဲ့ ပုခုံးကို ပုတ်လိုက်တယ်။


“ဒါက ငါတို့ရဲ့ ရေစက်ပဲထင်တယ်.. ငါမင်းကို တရားမဝင်နေထိုင်တဲ့ပြဿနာကို ကူညီဖြေရှင်းပေးမယ်.. ဒါပေမယ့် မင်းငါ့ရဲ့ ‘ကြီးမြတ်ခမ်းနား’ ကြေးစားအဖွဲ့ထဲမှာ ယာယီပါဝင်ရမယ်”


ခရစ်!

ဘွန်ဆိုင်းကုရဲ့ အမြစ်တွေက လက်ဖက်ရည်ပန်းကန်လုံးကို ဖောက်ထွက်သွားခဲ့ပြီး ရေတွေက စားပွဲပေါ်ကို စိမ့်မထွက်လာခင်မှာ သူ့အမြစ်တွေက လက်ဖက်ရည်တွေအကုန်လုံးကို စုပ်ယူသွားခဲ့တယ်။


သူ ဒီစုန့်ပေါ်ဟောက်ကို ချက်ချင်းပဲ တပ်သားသစ်အဖြစ် စုဆောင်းတော့မယ်!


စုန့်ပေါ်ဟောက် ဆက်ပြောလိုက်တယ်။


“စိတ်ချနေလိုက်.. ကြီးမြတ်ခမ်းနားကြေးစားအဖွဲ့ရဲ့ နာမည်က မင်းရဲ့လုပ်ဆောင်ချက်တွေကို ကန့်သတ်မထားဘူး.. ဂြိုဟ်သိမ် ခါးပတ်ဆီမှာ အဆင်ပြေမှုတွေ အများကြီး ရှိနေလိမ့်မယ်.. 


ငါ မင်းကို စနစ်ထဲကို ထည့်သွင်းဖို့ နှစ်ရက်လောက်တော့ အချိန်ယူရဦးမယ်.. ကုဒ်ရလာရင် မင်းဆီကို ပေးပို့လိုက်မယ်”


ချီကျွင့် ခေါင်းညိတ်လိုက်တယ်။


“ကောင်းပြီ..ကျေးဇူးတင်ပါတယ်”


“ရပါတယ်”


ဒီလိုနဲ့ ကိစ္စတိုင်းကို ပျော်ရွှင်စွာ ဆုံးဖြတ်ခဲ့ကြတယ်။ ချီကျွင့်က လူနှစ်ယောက်ကို နှုတ်ဆက်လိုက်ပြီး သူ့မိသားစုရဲ့ ဘွန်ဆိုင်း၊ လက်ဖက်ခြောက်ဘူးအသစ်နဲ့ သတ္တုစပ်ကတ်အသစ်ကို ယူသွားခဲ့တယ်။ 


ချီကျွင့် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ စုန့်ပေါ်ဟောက်က စစ်တပ်ဆီက မက်ဆေ့ချ်တစ်ခု လက်ခံရရှိခဲ့တယ်။


သူဖွင့်ကြည့်လိုက်တော့ ရွှေရောင်ယပ်တောင်ဓားသွားအမှတ်တံဆိပ်ကို မမျှော်လင့်စွာ မြင်တွေ့လိုက်ရပြီး စုန့်ပေါ်ဟောက်တစ်ယောက် နေရာမှာတင် အေးခဲသွားခဲ့ရတယ်။ ခဏလောက်ကြာမှ ချန်ရှုရဲ့လက်ကိုစိတ်လှုပ်ရှားစွာနှင့် ဆုပ်ကိုင်လိုက်မိတယ်။


ချန်ရှု မျက်မှောင်ကြုတ်လိုက်တယ်။


“ဘာမှားလို့လဲ?”


စုန့်ပေါ်ဟောက်က သူ့ရဲ့မက်ဆေ့ချ်ကို ချန်ရှုနှင့်အတူ မျှဝေခဲ့တယ်။


ချန်ရှု ဝင်ကြည့်လိုက်တော့ အင်ပါယာရဲ့အကျော်ကြားဆုံးဖြစ်တဲ့တတိယစစ်တပ်ဆီမှ တပ်သားစုဆောင်းရေးအမိန့်တစ်ခုဖြစ်ကြောင်း တွေ့လိုက်ရတယ်။ 


ဒါက စုန့်ပေါ်ဟောက်နှင့်အတူ သူ့ရဲ့ ရဲဘော်အဖွဲ့သားတစ်ခုလုံးကို စုဆောင်းလိုခြင်းဖြစ်လေတယ်။


ဒီလူသစ်စုဆောင်းမှုမှာ အနည်းငယ်ထူးခြားပြီး အဆုံးနားမှာ အချိန်သတ်မှတ်ချက်ကို ရေတွက်မှုပါဝင်နေခဲ့တယ်။


- ခေါ်ယူခြင်းကို သဘောတူပါသလား။


- အချိန်ကန့်သတ်ချက် နှစ်မိနစ် ကျန်ရှိနေပါတယ်။



တကယ်လို့ ဒါက တခြားစစ်တပ်တစ်ခုဆီကသာဖြစ်နေခဲ့မယ်ဆိုရင် စုန့်ပေါ်ဟောက်က တိုက်ရိုက်ငြင်းဆန်ခဲ့လိမ့်မယ်။ သို့ပေမယ့် ဒါက ဗိုလ်ချုပ်ကြီးယန်ရဲ့ တတိယစစ်တပ်ဆီကနေ ရောက်လာတာလေ!


ဒီဗိုလ်မှူးချုပ်ယန်က မူလတုန်းက တောရိုင်းကြယ်ဆီမှ ရောက်ရှိလာတဲ့ စစ်သည်တော်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေက နှစ်ခုလုံး SSS အဆင့်မှာရှိနေခဲ့တယ််။ 


သူ့ရဲ့ အမျိုးမျိုးသော တိုက်ခိုက်ရေးစွမ်းရည်တို့ဖြင့် အင်ပါယာရဲ့ အသက်အငယ်ဆုံးသော ဗိုလ်ချုပ်ဖြစ်လာဖို့အတွက် အချိန်ငါးနှစ်သာ ကြာမြင့်ခဲ့တယ်။


သူက တတိယစစ်တပ်ရဲ့ အင်အားကို အင်ပါယာရှိ အင်အားအကြီးဆုံးသောစစ်တပ်အဖြစ် အဆင့်မြှင့်တင်ခဲ့တယ်။ သူရဲ့ စစ်ပွဲအတွက် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်နှုန်းတွေက အင်ပါယာမှာ အနိမ့်ဆုံးဖြစ်ပြီး နဂါးငွေ့တန်းတွေကို ထိခိုက်ပျက်စီးမှုမရှိဘဲ ဖြတ်ကျော်နိုင်သူဆိုတဲ့ မှတ်တမ်းထဲမှာ ဝင်ရောက်ထားတဲ့သူပဲ။


တတိယတပ်မတော်သို့ ခေါ်ယူခြင်းခံရခြင်းက ကြေး၀ားတပ်ဖွဲ့တဖွဲ့လုံးရဲ့ အိပ်မက်လည်း ဖြစ်နေခဲ့တယ်။


စုန့်ပေါ်ဟောက် အံကိုတင်းတင်းကြိတ်ကာ .. ငြင်းပယ်မှုကို ရွေးချယ်လိုက်တယ်။ လူတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးရတာက ဆိုးရွားတဲ့အရာပဲ။


တပ်သားသစ်စုဆောင်းမှုကိုသာ သဘောတူလိုက်မယ်ဆိုရင် စုန့်ပေါ်ဟောက်ရဲ့ ကြေးစားတပ်ဖွဲ့က သူတို့ရဲ့ ကြယ်သင်္ဘောကို ဒီအချိန်တိုကာလအတွင်း ဂြိုဟ်သိမ်ခါးပတ်ဆီသို့ အရောက်သွားနိုင်တော့မှာမဟုတ်ဘူး။


သူ့အနေနဲ့ ချီကျွင့်ကို ကတိတစ်ခုပေးထားပြီးမှတော့ နောက်ပြန်မဆုတ်နိုင်တော့ဘူး။


ချန်ရှု သူ့ရဲ့ပခုံးကို ပုတ်လိုက်တယ်။


“စိတ်မကောင်းစရာပဲ.. တကယ်လို့ ဒီတပ်သားသစ်စုဆောင်းရေးအမိန့်သာ နောက်နှစ်ရက်လောက်ကြာပြီးမှ ထွက်ပေါ်လာမယ်ဆိုရင် ချီကျွင့်လည်း တတိယစစ်တပ်ရဲ့ အဖွဲ့ဝင်ဖြစ်လာနိုင်တယ်”


စုန့်ပေါ်ဟောက် မျက်နှာကို ပွတ်သပ်လိုက်တယ်။ 


“အဆင်ပြေပါတယ်.. နောက်လည်း အခွင့်အရေးရှိလာဦးမှာပါ!”


ဗိုလ်ချုပ်ပြီးယန်က သူ့ရဲ့ကွန်ပြူတာပေါ်မှ တုံ့ပြန်ချက်ကို ကြည့်ပြီး မျက်ခုံးပင့်လိုက်တယ်။ 


သူ ဒီကြေးစပ်တပ်ဖွဲ့ခေါင်းဆောင်ကို ရုတ်တရက် သဘောကျသွားပြီ။ ဒါကြောင့် ဗိုလ်ချုပ်ကြီးယန်က သူ့ဆီသို့ နောက်ထပ် လူသစ်စုဆောင်းရေး အမိန့်စာ ထပ်ပို့ပေးလိုက်တယ်။


ဒီတစ်ခါမှာတော့ အချိန်ကန့်သတ်ချက်မပါရှိဆော့ဘူး။


စုဆောင်းရေးအမိန့်စာကို ထပ်မံလက်ခံရရှိခဲ့တဲ့ စုန့်ပေါ်ဟောက်: “...”


အံ့အားသင့်စရာဖြစ်ရပ်က မြန်ဆန်လွန်းတာကြောင့် သူ ဘယ်လိုမျိုး တုံ့ပြန်ရမလဲဆိုတာကိုတောင် မသိတော့ဘူး။ ချန်ရှုက သူ့ရဲ့ပုခုံးကို တွန်းတိုက်လာတယ်။


“ချီကျွင့်ရဲ့နောက်ကို လိုက်သွားပြီး ဗိုလ်ချုပ်ကြီးယန်ရဲ့ တတိယစစ်တပ်မှာ ပါဝင်ချင်လား ဆိုတာ မေးကြည့်လိုက်လေ”


ထိုအခိုက်မှာ ချီကျွင့်ကတော့ သူ ချန်ရှုရဲ့သားရဲကတ်စတိုးဆိုင်မှ ထွက်လာပြီးကတည်းက သူ့နောက်သို့ နောက်ယောင်ခံ အလိုက်ခံနေရကြောင်းကို တွေ့ရှိခဲ့တယ်။ ဘွန်ဆိုင်းကုက သူတို့ကို တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး ထို ကြေးစားတွေက သိပ်ပြီး သန်မာမှုမရှိတာကို ရှာတွေ့လိုက်တယ်။

ဒီအချိန်မှာ ကုယန်ကျန်းက အိမ်ကို စောစောပြန်ဖို့အတွက် စီစဉ်ထားပြီးနေပြီ။ သူက စစ်တပ်ရဲ့အဓိကကြယ်သင်္ဘောဆီမှ ထွက်ခွာလာပြီး စစ်သင်္ဘောငယ်တစ်စင်းထဲကိုဝင်ကာ တစ်ယောက်တည်း ပျံသန်းလာခဲ့တယ်။ ဒါနဲ့ဆိုရင် သူ့အနေနဲ့ အဓိကကြယ်သင်္ဘောထက်အဆပေါင်းများစွာ ပိုမြန်တဲ့အရှိန်နဲ့ မြို့တော်ကို ပြန်လာနိုင်လိမ့်မယ်။


ချီကျွင့်ရဲ့နောက် မနီးမဝေးမှ လိုက်ပါလာတဲ့လူတွေက ချီကျွင့် စတိုးဆိုင်တစ်ဆိုင်သို့ ဝင်သွားပြီး လက်ဖက်ခြောက်မျိုးစုံကို ဝယ်နေတာကို တွေ့မြင်ခဲ့တယ်။ 


ထို့နောက်အရောင်းစက်နားသို့ ရောက်တော့ အတော်လေးကြီးမားတဲ့ တွင်းထွက်ရေဘူးကြီးအနည်းငယ်လောက်ကို ဝယ်ပြန်တယ်။ နောက်တစ်ခါ စားသောက်ဆိုင်ထဲသို့ ဝင်သွားပြီး ရာနှင့်ချီတဲ့ အစားအစာတွေကို မှာယူခဲ့ကာ ထိုအစားအသောက်မျိုးစုံကို ထုတ်ပိုးယူသွားမှာဖြစ်ကြောင်း ပြောနေတာကိုလည်း ကြားခဲ့တယ်....


မြို့တော်ထဲမှာ တိုက်ခိုက်တာကသိပ်ပြီး မကောင်းလှဘူး။ အထူးသဖြင့် တရားမဝင်နေထိုင်သူ တစ်ယောက်အနေဖြင့် ချီကျွင့်က ဖြစ်ပေါ်လာမဲ့ အကျိုးဆက်တွေကို နားလည်ခဲ့တယ်။


ရလဒ်အားဖြင့် ချီကျွင့်က ထိုလူတွေကို မမြင်ချင်ယောင် ဆောင်လိုက်ပြီး စားသောက်ဆိုင်မှ ပေးလာတဲ့ အစားအသောက်တွန်းလှည်းကို တွန်းလိုက်ကာ အခမဲ့သုံးယာဥ်ပေါ်သို့ တက်လာခဲ့တယ်။


သူ့ရဲ့နောက်မှ လိုက်လာတဲ့လူတွေကတော့ သူတို့ရဲ့ပစ်မှတ်က ပစ္စည်းတွေအများကြီးဝယ်လာတာကို မြင်တွေ့လိုက်ရပြီး၊ အထူးသဖြင့်အစားအသောက်ဘူးတွေအများကြီးပါဝင်တဲ့တွန်းလှည်းကိုပါ တွန်းထုတ်သွားခဲ့တာကိုမြင်တော့ စိတ်ရှုပ်ထွေးသွားကြတယ်။


သူတို့တွေက ပို့ဆောင်ရေးဝန်ထမ်းတစ်ယောက်ကို ပြန်ပေးဆွဲရမှာများလား? သူလုပ်နေတဲ့ ဝန်ဆောင်မှုတွေက ဥာဏ်ရည်မြင့် စက်ရုပ်တွေကို လုပ်ခိုင်းလို့ ရတယ်မဟုတ်ဘူးလား?


ဘယ်လိုပဲဖြစ်ဖြစ် ဒီကိုမြင်တွေ့ရမှုတွေကြောင့် ဒီလိုသာမန်လူငယ်တစ်ယောက်နဲ့ ဆက်ဆံဖို့အတွက် စိတ်ပူစရာမလိုကြောင်း ခံစားမိပြီး သူတို့ရဲ့ တိုက်ခိုက်ရေးကတ်တွေကိုတောင် မလိုအပ်တော့ဘူးလို့ ခံစားလာရတယ်။ ကြယ်ဒင်္ဂါးငါးသန်းတန်တဲ့ အလုပ်က အလွန်အမင်း ရိုးရှင်းလွန်းနေတာပဲ။


ချီကျွင့် အများသုံးယာဥ်ပေါ်မှ ဆင်းလိုက်ပြီး ဗိုလ်ချုပ်ကြီးယန်ရဲ့အိမ်သို့ တိတ်တဆိတ် လမ်းလျှောက်လာခဲ့ချိန်မှာ သေနတ်တွေနှင့် လျှပ်စစ်သံလိုက်ဖမ်းပိုက်တွေကို ကိုင်ဆောင်လာတဲ့လူတွေကတော့ သူ့ရဲ့နောက်ကနေ တိတ်တဆိတ်ချဉ်းကပ်လာခဲ့ကြတယ်။


ချီကျွင့်က သူ့ရဲ့ဘွန်ဇိုင်းပင်ကို အိတ်ထဲသို့ ထည့်လိုက်တယ်။


“ခင်ဗျားရဲ့ သားနဲ့အတူနေလိုက်ဦး!”


သူ့အနေနဲ့ ဘွန်ဆိုင်းကုက ဒဏ်ရာရသွားမှာကို မကြောက်ဘူး။ ဒီဘွန်ဆိုင်းကုက သူ့ရဲ့ပစ်မှတ်တွေကို ခိုးယူမှာကို ကြောက်နေတာ။


ထိုအချိန် ဗိုလ်ချုပ်ကြီးယန်တစ်ယောက် သူ့ရဲ့အသိစိတ်အများစုကို စစ်သင်္ဘောလေးကို မောင်းနှင်ရန်မှာ အသုံးပြုပြီး အာကာသအပိုင်းအခြားတွေကို အလွန်လျှင်မြန်စွာ ခုန်ကူးနေခဲ့တယ်။


သူ ဂရုမပြုလိုက်မိတဲ့အချိန်အတွင်းမှာပဲ သူ့ရဲ့ ခြင်္သေ့လေးက သူ့ကို အိတ်ထဲသို့ ထည့်လိုက်ပြီဖြစ်ပြီး သူ့သားရဲ့ စိမ်းမြတဲ့ မျက်လုံးတွေနဲ့ မျက်နှာချင်းဆိုင်လိုက်ရတယ်။


ဗိုလ်ချုပ်ကြီးယန်: “...”


သူ့အနေနဲ့ နောက်ထပ် အများဆုံးနာရီဝက်လောက် လိုအပ်လိမ့်မယ်။


ဘွန်ဆိုင်းကု ကျောပိုးအိတ်ထဲမှ အမြန်လှည့်ထွက်ကာ အခုလေးတင် အိပ်ယာမှနိုးလာပြီ ကျောပိုးအိတ်ထဲမှ ခေါင်းကိုထုတ်ပြီးကြည့်နေတဲ့ သားဖြစ်သူကို ခေါ်ထုတ်လိုက်တယ်။


သူ့ရဲ့ ခြင်္သေ့က သူတို့ရဲ့သားကို လွတ်လပ်တဲ့ပုံစံနဲ့ မွေးမြူလိုတာကြောင့် သူကဘေးနားကနေပြီး မှန်ကန်တဲ့သွန်သင်မှုတွေကို ပြသပေးသင့်တယ်။


ချီကျွင့်က လက်တလောမှာ မီးအလင်းရောင်တွေထွက်ပေါ်နေတဲ့ သတ္တုပိုက်ကွန်ကို ရှောင်နေခဲ့ပြီး သေနတ်ကိုင်ထားသူဆီသို့ ပျံသန်းသွားခိုင်းလိုက်တယ်။


သို့ပေမယ့် တစ်ဖက်လူက လေထဲမှာလှည့်ပတ်ရင်းနှင့် သူ့ရဲ့သားရဲကတ်ကိုအသက်သွင်းလိုက်ကာ ဧရာမစက်ရုပ်ရှိခိုးကောင်ရဲ့နောက်ကျောပေါ်မှာ စီးနင်းရင်း ချီကျွင့်ဆီသို့ ချွန်ထက်တဲ့ လက်ချောင်းနှင့် ပိုင်းဖြတ်လာခဲ့တယ်။


ချီကျွင့် လျှင်မြန်စွာ ခုန်ဆုတ်လိုက်ပြီး သူ့ရဲ့သတ္တုစွမ်းရည်ကို စက်ရုပ် ရှိခိုးကောင်ရဲ့အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်ကာ သားရဲလိုင်းပုံစံတွေကို စစ်ဆေးကြည့်လိုက်တယ်။ ထို့နောက် ထိုစက်ရုပ်သားရဲရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားရင်းနဲ့ သားရဲပုံစံလိုင်းတွေကို တုံ့ဆိုင်းမှုမရှိ ဖယ်ရှားလိုက်လေတယ်။


ခဏအကြာမှာပဲ စက်ရုပ်ရှိခိုးကောင်က ကျိုးပဲ့ပျက်စီးကာ သားရဲကတ်ကလည်း မြေပေါ်သို့ ပြုတ်ကျသွားခဲ့တယ်။


စက်ရုပ် ရှိခိုးကောင်ကို ထိန်းချုပ်ထားတဲ့လူသည်လည်း မြေပြင်ကို ပြုတ်ကျလာခဲ့ပြီး ပါးစပ်ထဲမှ သွေးတွေ အန်ထွက်လာခဲ့တယ်။ သူ့ရဲ့ စိတ်စွမ်းရည်တွေက ဆိုးဆိုးရွားရွားထိခိုက်သွားခဲ့ပြီ။


ချီကျွင့် မြေပြင်ပေါ်မှ ကျိုးသွားပုံရတဲ့ သားရဲကတ်ပြားကို စိတ်မကောင်းစွာ ကြည့်လိုက်တယ်။


ဒီကတ်က စုန့်ပေါ်ဟောက်ရဲ့ တိုက်ခိုက်ရေးကတ်နှင့် နှိုင်းယှဉ်လို့ မရပေမဲ့လည်း ဒါကလည်း ကြယ်ငါးပွင့် တိုက်ခိုက်ရေးကတ်တစ်ခု ဖြစ်နေတုန်းပဲ။ ကံကောင်းစွာနဲ့ သူ့အတွက် လေ့လာနိုင်စေဖို့ နောက်ထပ်လူငါးယောက်ရှိနေသေးတယ်။


အမှောင်ထဲမှာ ပုန်းနေတဲ့လူတွေကတော့ သူတို့ရဲ့ ပါးစပ်တွေ တွန့်သွားသလို ခံစားလိုက်ရတယ်။အပြင်ကိုမထွက်လာခင်မှာ ဘာလို့ သူရဲ့သားရဲကတ်ကို သေသေချာချာ မစစ်ဆေးခဲ့တာလဲ။ 


အခုတော့ သူတို့ရဲ့ပစ်မှတ်ကိုတောင် မဖမ်းရသေးခင်သားရဲကတ်က အရင်ဆုံး ပျက်စီးသွားပြီ။ 


တစ်ဖက်မှ လူငယ်လေးက ထိုကတ်ကို လက်ဗလာနဲ့ ဖျက်စီးခဲ့တာဖြစ်ကြောင်းကိုတော့ အစကနေအဆုံးထိ ဘယ်သူမှ မတွေးမိခဲ့ကြဘူး။


ဒါကြောင့် ဒုတိယမြောက်လူက သူ့ရဲ့ စက်ရုပ်ကင်းမြီးကောက်ကြီးကိုအသက်သွင်းပြီး ချီကျွင့်ဆီသို့ ပြေးဝင်လာခဲ့တယ်။


မရေမတွက်နိုင်တဲ့ သတ္တုဆူးချွန်တွေပါတဲ့လက်ချောင်းတွေက ချီကျွင့်ဆီသို့ အလျှင်အမြန် ပြေးဝင်လာခဲ့တယ်။ သူ့ရဲ့ အမြန်နှုန်းက အလွန်လျှင်မြန်နေခဲ့ကာ မတိုင်ခင်က စက်ရုပ်ရှိခိုးကောင်ထက် အများကြီး ပိုမိုကောင်းမွန်ပုံရတယ်။


လူတိုင်းက စက်ရုပ်ကင်းမြီးကောက်ကြီးမှ  ပစ်မှတ်ဆီသို့ သံမဏိအပ်တွေနဲ့ ပစ်လွှတ်မဲ့အချိန်ကို စောင့်ဆိုင်းနေခဲ့ကြပြီး တစ်ဖက်မှ လူငယ်လေး ဆန်ခါပေါက်တွေလိုဖြစ်သွားမှာကို မြင်ယောင်နေခဲ့ကြတယ်။


သို့ပေမယ့် အံ့သြစရာမြင်ကွင်းတစ်ခု ပေါ်လာခဲ့ပြီး ချွန်ထက်တဲ့သတ္တုစပ်အပ်တွေက ပစ်မှတ်ကိုမထိခင်မှာဘဲ ရုတ်တရက်ပျောက်ကွယ်သွားခဲ့လေတယ်။


ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒီတစ်ယောက်ကလည်း သူ့ရဲ့သားရဲကတ်ကိုလည်း ပြုပြင်ဖို့ လိုအပ်နေတာလား?


သူတို့တွေးနေတုန်းမှာပဲ ချီကျွင့်က ထိုသတ္တုစပ်ဆူးတွေကို ထိန်းချုပ်လိုက်ပြီး သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အခြားသာသတ္တုတွေနဲ့ ပေါင်းစပ်လိုက်ကာ ကြီးမားတဲ့ တူကြီးတစ်ချောင်းကို ဖန်တီးလိုက်ပြီး စက်ရုပ်ကင်းမြီးကောက်ဆီသို့ ဦးတည်လိုက်တယ်။


နှစ်စက္ကန့်အတွင်းမှာပဲ ထိုတူက ကင်းမြီကောက်ကြီးကို အကြိမ်ရေတစ်ဒါဇင်လောက် ထုရိုက်လာခဲ့တော့တယ်။


ဘွန်ဆိုင်းကု: “...”


ဒီမြင်ကွင်းက အတော်လေး ရင်းနှီးလွတ်းတယ်။ 


ကမ္ဘာပျက်ကတ်အစမှာတုန်းက ချီကျွင့်ရဲ့ သတ္တုစွမ်းရည်က အဆင့်နိမ့်နေဆဲဖြစ်တာကြောင့် ဖုတ်ကောင်တွေကို ဒီလိုမျိုး ထုရိုက်ပြီး ချေမှုန်းပစ်တတ်လေ့ရှိတယ်။ 


သူ့ရဲ့ဘေးနားမှာရှနေတဲ့ အစိမ်းရောင်မျက်လုံးတွေနဲ့ သစ်သားခြင်္သေ့လေးကတော့ တူကြီးရဲ့ ထုရိုက်တဲ့ စည်းချက်အတိုင်းသူ့ရဲ့လက်ဖဝါးလေးကို လှုပ်ရမ်းပြီး သင်ယူနေခဲ့လေတယ်။


သူ့ရဲ့ ခေါင်းပေါ်မှာရှိနေတဲ့ ကမ္ဘာဦးသစ်ရွက်လေးတွေကလည်း လိုက်ပါလှုပ်ရမ်းနေခဲ့ကြလေရဲ့။


ထိုအချိန်မှာ ပြင်းထန်တဲ့ခွန်အားနှင့် ကြိမ်နှုန်းများစွာထုရိုက်ခံရမှုကြောင့်  စက်ရုပ်ကင်းမြီးကောက်ပေါ်မှာရှိနေတဲ့လူက ခံနိုင်ရည်မရှိတော့ဘူး။ 


သူက သားရဲကတ်ထဲမှ သူ့ရဲ့ စိတ်စွမ်းအားကို ဖယ်ရှားလိုက်ရကာ ပျက်စီးသွားတဲ့ သားရဲကတ်က သူ့ရဲ့လက်ထဲကို ပြုတ်ကျလာခဲ့တယ်။


အမှောင်ထဲမှာ ပုန်းအောင်းနေကြတဲ့ကျန်လေးယောက်က ခဏတာလောက် တိတ်ဆိတ်သွားခဲ့ကြတယ်။ ထို့နောက် သူတို့ရဲ့သားရဲကတ်တွေကို  တပြိုင်နက်တည်း အသက်သွင်းလိုက်ပြီး အရှေ့သို့ ပြေးဝင်လာခဲ့ကြတယ်။


မိနစ်အနည်းငယ်အကြာမှာတော့ နောက်ထပ်လူလေးယောက်သည်လည်း မြေပြင်ပေါ်မှာ သတိလစ်ပြီး လဲလျောင်းနေခဲ့ကြပြီဖြစ်ကာ  ချီကျွင့်ကတော့ အတော်လေး ကောင်းမွန်ပုံရတဲ့ တိုက်ခိုက်ရေးကတ်လေးခုကို ကိုင်ထားရင်း စစ်ဆေးကြည့်နေခဲ့တယ်။


အသစ်ရောက်ရှိလာတဲ့ စုန့်ပေါ်ဟောက်တစ်ယောက် ထိုမြင်ကွင်းကိုမြင်လိုက်ရပြီး သူ့ရဲ့နှုတ်ခမ်းထောင့်တွေ လှုပ်ခတ်သွားရတယ်။ 


သူ့ရဲ့စက်ရုပ်ကြောင်ကြီးကို သတ္တုတူနဲ့မထုတဲ့အတွက်  သူ ချီကျွင့်ကို ကျေးဇူးတင်သင့်လား။ 


စုန့်ပေါ်ဟောက် ချီကျွင့်အနားကို လမ်းလျှောက်လာခဲ့ပြီး မြေပြင်ပေါ်မှာလဲနေတဲ့ လူတွေကို ငုံ့ကြည့်လိုက်တယ်။ 


“သူတို့က ဘယ်သူတွေလဲဆိုတာ ငါ မင်းအတွက် ရှာပေးရမလား”


ချီကျွင့် သူ့ရဲ့တွန်းလှည်းကို ပြန်တွန်းလိုက်တယ်။


“မလိုဘူး.. ခင်ဗျားသာ သူတို့ ဘယ်သူလဲဆိုတာ ရှာတွေ့နိုင်ရင် သူတို့ထွက်လာမှာမဟုတ်ဘူး”


“...ကောင်းပြီ” 


စုန့်ပေါ်ဟောက်က ခဏလောက် ရပ်တန့်လိုက်ပြီး ထပ်ပြောလိုက်တယ်။


“မင်း မင်းကို တစ်ခုခုမေးချင်လို့ လိုက်လာတာ.. မင်း ဗိုလ်ချုပ်ကြီးယန်ရဲ့တတိယစစ်တပ်ကို ဝင်ချင်လား”


စစ်သားတစ်ယောက်လား...


ကံမကောင်းစွာနှင့် သူက တစ်ကိုယ်တည်းသနားမဟုတ်ဘူး။  သူ့မှာကျွေးမွေးဖို့အတွက် ကမ္ဘာဦးသစ်ပင်ကြီးတစ်ပင်နှင့် စျေးပေါတဲ့ သားလေးတစ်ကောင်ရှိနေတယ်။ 


ဒါကြောင့် ချီကျွင့် ခေါင်းခါရမ်းလိုက်တယ်။


“ကျွန်တော် မသွားဘူး”


ချီကျွင့်ရဲ့ ငြင်းဆန်မှုကို ကြားတော့ စုန့်ပေါ်ဟောက် ပြုံးလိုက်တယ်။


“စိတ်မပူပါနဲ့ .. မင်း ဖြည်းဖြည်းချင်း စဉ်းစားလို့ရတယ်.. မင်းက တတိယစစ်တပ်အကြောင်းကို သေသေချာချာမသိလောက်သေးဘူး..  မင်း ဂြိုဟ်သိမ်ခါးပတ်အထိ စောင့်ပြီးမှ ဆုံးဖြတ်ချက်ချလို့ရတယ်”


ချီကျွင့် ခေါင်းညိတ်လိုက်တယ်။ စုန့်ပေါ်ဟောက်က သူ့ပခုံးကို အသာပုတ်ပြီး အမြန်ပဲပြန်ထွက်သွားခဲ့တယ်။ 


သူ့အနေနဲ့ မထွက်ခွာသေးခင်အချိန်ကို  သူ့မိသားစုရဲ့ချန်ရှုနဲ့ အတူရှိနေချင်တယ်လေ။


ချီကျွင့် သူ့ရဲ့တွန်းလှည်းကို တွန်းလိုက်ကာ ဗိုလ်ချုပ်ကြီးရဲ့ အိမ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့တယ်။


အဝေးမှ ဗိုလ်ချုပ်ကြီးရဲ့နေအိမ်ကို မြင်လိုက်ရပြီးနောက်မှာ သူ့ရဲ့နှုတ်ခမ်းတွေက ကွေးတက်လာခဲ့တယ်။သူ့ဆီမှာ ကိုယ်ပိုင်ဂြိုလ်ငယ်လေးတစ်ခုရှိလာပြီဆိုတာနဲ့ ပိုကြီးပြီး ပိုကောင်းတဲ့ အိမ်တစ်လုံးကို ဆောက်ရမယ်။ ပြီးရင် သူ့ရဲ့ အိမ်နောက်ဘက်မှာ ကမ္ဘာဦးသစ်ပင်ကြီးကို စိုက်ပျိုးရမယ်။


ကမ္ဘာဦးသစ်ပင်ကြီး...


ချီကျွင့်တစ်ယောက်  ဗိုလ်ချုပ်ကြီးရဲ့ အိမ်နောက်ဘက်မှ ဘာတစ်ခုမှရှိမနေတဲ့နေရာကို ကြည့်ကာ မျက်တောင်ခတ်လိုက်မိတယ်။


  သူ အမြင်မှားယွင်းနေတာလား?