(22)
အနှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီးက ဘယ်လိုလုပ်ပြီးပျောက်ကွယ်သွားနိုင်မှာလဲ?
ကုယန်ကျန်း ပြန်ပြောင်းသွားနိုင်ပြီလား?
ဒါမှမဟုတ် သူ အန္တရာယ်ရှိနှင့် ကြုံတွေ့ခဲ့ရလို့ ထွက်ပြေးသွားခဲ့တာလား?
ချီကျွင့်တစ်ယောက် သူ့လက်ထဲမှတွန်းလှည်းကို ပစ်ချလိုက်ပြီး ခေါင်းထဲမှာ မရေမတွက်နိုင်တဲ့ အတွေးတွေကိုတွေးတောနေခဲ့ကာ ဗိုလ်ချုပ်ကြီးရဲ့ အိမ်ဆီသို့ အလျင်အမြန် ပြေးသွားခဲ့တယ်။
သူ အတွေးတွေနဲ့ ရှုပ်ထွေးနေရပြီး မရှင်းလင်းနိုင်သေးခင်မှာဘဲ ဗိုလ်ချုပ်ကြီးရဲ့ အိမ်နောက်ဖေးမှာ ရပ်ထားတဲ့ ကားပျံတစ်စီးကို တွေ့လိုက်ရလေတယ်။
ဒါဆို ဗိုလ်ချုပ်ကြီးက သတ်မှတ်ရက်တွေထက် အချိန်ပိုစောပြီးရောက်လာခဲ့တာလား!
ဒီအတွေးက ချီကျွင့်ရဲ့ ခေါင်းထဲမှာ ပေါက်ကွဲသွားခဲ့ပြီး ဖြစ်နိုင်ချေတွေ အားလုံးကို စုစည်းနိုင်သွားခဲ့တယ်။
ဒီဗိုလ်ချုပ်ကြီးက သူ့ရဲ့ ကမ္ဘာဦးသစ်ပင်ကြီးကို ရွှေ့ပြောင်းရဲတယ်!!
သူ့ရဲ့ ဒေါသကြီးပြီးစိတ်မရှည်နိုင်တဲ့ခံစားချက်တွေက နောက်တစ်ကြိမ် ထိန်းမရနိုင်စွာ ပေါက်ကွဲထွက်လာခဲ့ပြန်ကာ ချီကျွင့်ရဲ့စိတ်တွေက သတိလွတ်ကင်းသွားခဲ့တော့တယ်။
သူ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘူးဘူး။ ထိုးသွင်းခံထားရတဲ့ သားရဲဗီဇရဲ့ ကျန်ရှိနေတဲ့ဘေးထွက်ဆိုးကျိုးတွေက သူ့ကိုခြင်္သေ့ကြီးအဖြစ် ပြောင်းလဲသွားစေခဲ့ပြီး ဗိုလ်ချုပ်ကြီးရဲ့အိမ်မှ တံတိုင်းကြီးကို တိုက်ရိုက်ပဲ ဖောက်ဝင်သွားခဲ့တော့တယ်။
အိမ်နောက်ဘက်မှာရှိနေတဲ့ တွင်းကြီးကို မြင်လိုက်ရပြီးနောက် ခြင်္သေ့ချီရဲ့ ခြေသည်းတွေကမြေကြီးကို အားပြင်းပြင်းနဲ့ ကုတ်တွယ်လိုက်မိကာ သူရဲ့စိုးရိမ်ပူပန်စိတ်တွေကိုလည်း ထိန်းချုပ်ရန် ပိုမိုခက်ခဲလာခဲ့တယ်။
သူ့ရဲ့သတ္တုစွမ်းအင်က ချက်ချင်းပဲထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့ပြီး ဗိုလ်ချုပ်ကြီးရဲ့အိမ်မှာရှိတဲ့ သတ္တုအားလုံးကို ဖယ်ရှားခဲ့တယ်။
ခြင်္သေ့ချီရဲ့ စွမ်းအားနှင့် နှစ်ကြိမ်တိုင်တိုင် ကျူးကျော်ဝင်ရောက်ခံလိုက်ရသော အိမ်ကြီးက နောက်ဆုံးမှာတော့ တောင့်မခံနိုင်တော့ဘဲ ပြိုကျသွားခဲ့တော့တယ်။
ထိုအခိုက်မှာ ဗိုလ်ချုပ်ကြီး ယူနီဖောင်းကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်က ပြိုကျနေပြီဖြစ်တဲ့ အိမ်ကြီးဆီမှ အမြန်ပြေးထွက်လာခဲ့ပြီး ဒေါသကြီးနေတဲ့ ခြင်္သေ့ကြီးကို ပွေ့ဖက်လိုက်လေတယ်။
ချီကျွင့်တစ်ယောက် သူရင်းနှီးနေတဲ့ လေထုနှင့် ဖုံးအုပ်ခြင်းကို ခံလိုက်ရချိန်မှာ သူ့သတ္တုစွမ်းရည်ကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန်ကြိုးစားလိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို သစ်သားဓာတ်မှင့် ကုသစွမ်းရည်တွေက ဖြန့်ကျက်ခံလိုက်ရလေတယ်။
ထို့နောက်မှာ ခြင်္သေ့ကြီးက တစ်ဖက်လူရဲ့စစ်ဦးထုပ်အောက်မှ ရင်းနှီးကျွမ်းဝင်လွန်းတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရတယ်။
ချောမောခန့်ညားပြီး အေးစက်တဲ့ မျက်လုံးတွေ၊ ဖြောင့်စင်းတဲ့ နှာတံ၊ ပါးလွှာသေသပ်တဲ့နှုတ်ခမ်းတွေနှင့် နွေးထွေးတဲ့သစ်သားစွမ်းရည်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ အေးစက်လွန်းတဲ့ ကိုယ်ရည်ကိုယ်သွေး။
ခြင်္သေ့ကြီးက သူ့ရဲ့လက်ဖဝါးတွေကို တစ်ဖက်လူရဲ့ ပုခုံးတစ်ဖက်စီမှာတင်လိုက်ပြီး လူရဲ့ခေါင်းတစ်ခုလုံးကို မြိုချနိုင်တဲ့ ပါးစပ်ကြီးကို ဖွင့်ဟကာ လည်ချောင်းထဲမှ ကြမ်းတမ်းတဲ့အသံကို ထုတ်လွှတ်လာတယ်။
“ယန်ကျန်းကျန်း?”
“ကိုယ်ပါ”
ကုယန်ကျန်း သူ့မိသားစုရဲ့ ခြင်္သေ့ကို နှစ်သိမ့်ပေးလိုတဲ့ အပြုအမူတွေနဲ့ ပွေ့ဖက်နေရင်းကနေအသာအယာပုတ်ပေးလိုက်တယ်။
ချီကျွင့်ရဲ့ ဒေါသတွေစိတ်တွေက သဲလွန်စအနည်းငယ်လောက်တောင် မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့တယ်။
ခြင်္သေ့ကြီးက အောက်သို့ငုံ့ကာ ကုယန်ကျန်းရဲ့ပခုံးပေါ်မှာ ခေါင်းကိုတင်လိုက်ပြီး ကုယန်ကျန်းရဲ့နောက်ကျောကိုတော့ သူ့ရဲ့လက်ဖဝါးထူထူတွေဖြင့် ကပ်ကာ ပွေ့ဖက်လိုက်တယ်။
အလေးချိန် (200) ကီလိုဂရမ်လေးတဲ့ ခြင်္သေ့ကြီးက ကုယန်ကျန်းရဲ့ ခန္ဓာကိုယ်ကို အပေါ်ကနေထပ်ပြီး ဖိထားခဲ့လေတယ်။
သူ့ရဲ့သေဆုံးပြီးမှ ပြန်လည်ရှင်ပြန်ထမြောက်လာခဲ့ရတာကြောင့်ဖြစ်နိုင်သလို သူ့မိသားစုရဲ့ ကမ္ဘာဦးသစ်ပင်ကြီးကို ဆုံးရှုံးခဲ့ရခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ လက်ရှိမှာ သူ့ရဲ့အတွေးတွေအားလုံးက အလွန်အကျူးတွေဖြစ်နေခဲ့တယ်။
နမ်းလိုက်! သူ့ကို အားပြင်းပြင်းနဲ့ ကိုက်လိုက်! ပြီးတော့ နမ်းလိုက်!
သေချာတာပေါ့။ သူ တစ်ဖက်လူကို ခြင်္သေ့အနေနဲ့တော့ ကိုက်ခဲလိုက်လို့မရဘူး။ မဟုတ်ရင် သူကိုက်လိုက်လို့ သေသွားနိုင်တယ်လေ။
ဒါကြောင့် ခြင်္သေ့ချီ သူရဲ့လူသားပုံစံကို ပြန်လည်ပြောင်းလဲဖို့ ကြိုးစားလိုက်တယ်။
တစ်ဖက်လူက သူ့ရဲ့ ချစ်သူအမျိုးသားဖြစ်ပြီး လွန်ခဲ့တဲ့ ခုနစ်နှစ်အတွင်းမှာ သူတို့မလုပ်နိုင်ခဲ့တဲ့ အရာဆိုတာ ဘာတစ်ခုမှ မရှိခဲ့ဘူး။ ဒီတော့ သူ့ရဲ့ရှေ့မှာ ရှက်ရွံ့နေစရာ ဘာမှ မရှိဘူး။ နောက်ပြီး နေ့လည်ခင်း တောက်ပနေတဲ့အချိန်မှာ စောင့်ထိန်းမှုမရှိတဲ့အရာမျိုးလည်း ဖြစ်လာနိုင်မှာမဟုတ်ဘူး။
သို့ပေမဲ့ နှစ်စက္ကန့်အတွင်းမှာပဲ ခြင်္သေ့ကြီးက ရုတ်တရက် ကျုံ့ဝင်သွားခဲ့တယ်..။
ကုယန်ကျန်းရဲ့လက်တွေက ရုတ်တရက်ဗလာဖြစ်သွားရပြီး နူးညံ့ပျော့ပြောင်းတဲ့အမွှေးတွေရှိတဲ့ ခြင်္သေ့ငယ်လေးတစ်ကောင်ကသာ သူ့ရဲ့လက်နှစ်ဖက်ပေါ်ကို ပြုတ်ကျလာခဲ့ကာ သပ်ရပ်စွာ ဝတ်ဆင်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးရဲ့ ယူနီဖောင်းကို လက်ဖဝါးတွေနဲ့ဖိထားခဲ့တော့တယ်။
ခြင်္သေ့လေးက ဗိုလ်ချုပ်ပြီးရဲ့ ရင်ခွင်ထဲမှာ ကြောင်အမ်းအမ်းနဲ့ လှဲလျောင်းနေခဲ့တယ်။
သူ လူအဖြစ် ပြန်မပြောင်းနိုင်ခဲ့ဘူးလား။
…ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒါက သူတို့ရဲ့ ပြန်လည်ဆုံဆည်းမှုဖြစ်ပြီး နမ်းလို့တောင် မရဘူးလား?!
တစ်ချိန်တည်းမှာပဲ ဗိုလ်ချုပ်ကြီးရဲ့နေအိမ်က မြေပေါ်သို့ လုံးလုံးလျားလျားလဲပြိုကျသွားခဲ့တယ်။ ဒီကြီးမားတဲ့ အိမ်ကြီးတစ်ခုလုံးကို ထောက်ပံ့ပေးဖို့အတွက် သတ္တုဖွဲ့စည်းပုံ နည်းနည်းလေးလောက်တောင် မကျန်ရှိတော့တာကြောင့် အဆုံးသတ်အဖြစ် ပြိုကျသွားခဲ့ရတာပဲ။
အိမ်နောက်ဘက်မှာရှိတဲ့ ကြီးမားလွန်းတဲ့ကျင်းကြီးနှင့်ပါ ပေါင်းစပ်လိုက်ချိန်မှာ ဗိုလ်ချုပ်ကြီးရဲ့ အိမ်တစ်ခုလုံးက အလွန်အမင်းရှုပ်ပွနေခဲ့ပြီး ကြောက်မက်ဖွယ်ရာအဆင့်လို့တောင်ပြောနိုင်တယ်။
မှိန်းမောနေသေးတဲ့ ခြင်္သေ့ချီရဲ့ ခေါင်းထဲသို့ အတွေးတစ်ခု ခုန်ဝင်လာခဲ့တယ်...
ပြီးသွားပြီ။ သူ့အနေနဲ့ အိမ်ကို ပြုပြင်ပေးဖို့ မဖြစ်နိုင်သလို ဒီအိမ်ကြီးကိုဝယ်လိုက်ဖို့လည်း မတတ်နိုင်ဘူး။
ထို့နောက်မှာတော့ စိုးရိမ်ပူပန်မှုတွေက ရုတ်တရက် မြင့်တက်လာခဲ့ပြီး ခြင်္သေ့လေးက သူ့ရဲ့ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ခဲ့ဘဲ သားရဲဗီဇရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ထွက်ပေါ်လာခဲ့ရတယ်။
ချီကျွင့် ဗိုလ်ချုပ်ကြီးရဲ့အဝတ်အစားကို ဆုပ်ကိုင်ထားရင်းနဲ့ပဲ မျက်လုံးတွေက နီရဲလာကာ ဟိန်းဟောက်သံတစ်ဝက်လောက်နဲ့ ငိုကြွေးလာတယ်။
“ယန်ကျန်းကျန်း .. ခင်ဗျားသိလား.. ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ရတာက အရမ်းကိုနာကျင်ခဲ့ရတယ်”
အဓိပ္ပါယ်မရှိလိုက်တာ!
သူ့ရဲ့တစ်ကိုယ်လုံးက မီးခိုးရောင်ပြာတွေဖြစ်တဲ့အထိ တစ်စစီ ပေါက်ကွဲထွက်သွားခဲ့တာလေ။ ဘယ်လိုလုပ် မနာဘဲ နေမှာလဲ?
သို့သော်လည်း ကုယန်ကျန်းက အပြစ်တင်တဲ့ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘူး။ ထိုအခြေအနေကို ပြန်တွေးကြည့်ခဲ့မယ်ဆိုရင်တောင် သူ အလွန်အမင်း နာကျင်လွန်းနေရဆဲဖြစ်ပြီး အသက်ရှူရပ်လုမတတ်ဖြစ်နေရတုန်းပဲ။
သူ ပါးစပ်ထဲမှာ သွေးတွေနဲ့ ပြည့်လာတဲ့အထိ အံကိုတင်းတင်းကြိတ်လိုက်ပြီး သူ့ရဲ့ လက်တွေကို မတုန်ရီတော့အောင် အတင်းအကြပ် ထိန်းချုပ်ကာ ခြင်္သေ့လေးရဲ့မျက်ရည်တွေကို ဖြည်းဖြည်းချင်း သုတ်ပေးလိုက်တယ်။
“ ယန်ကျန်းကျန်း.. ပိုက်ဆံရှာရတာက ဘာလို့ ဒီလောက်တောင် ခက်ခဲရတာလဲ.. ကျွန်တော် သန်း 20 လောက်ပဲ ရှာနိုင်ခဲ့တယ်.. ခုချိန်ထိ မလုံလောက်သေးဘူး”
ကုယန်ကျန်း ဒီမေးခွန်းကို ဖြေနိုင်ပေမယ့် မျက်ရည်တွေသုတ်ဖို့အတွက် မြင့်တက်လာတဲ့ ခြင်္သေ့လေးရဲ့ လက်ဖဝါးကို ဆွဲဖယ်လိုက်ကာ သူ့ရဲ့နားရွက်လေးတွေကို လက်နဲ့ပွတ်သပ်ရင်း အမွှေးလေးတွေကို စိတ်ရှည်လက်ရှည်နဲ့ ပွတ်သပ်ပေးလာတယ်။
“အင်း.. မင်း ရက်အနည်းငယ်အတွင်းမှာ သန်း (၂၀) ရအောင်ရှာနိုင်ခဲ့ပေမဲ့ မလုံလောက်ခဲ့ဘူး”
ပိုက်ဆံရှာဖွေနိုင်တဲ့အရှိန်နှုန်းက သူ့မိသားစုရဲ့ခြင်္သေ့လေးဖြစ်ဖို့ ထိုက်တန်တယ်။
“ယန်ကျန်းကျန်း..ဒီအိမ်ကြီးပြိုကျသွားပြီ.. ကျွန်တော်တို့ ပြန်လျော်ပေးဖို့ မတတ်နိုင်ဘူး”
“ကောင်းပြီ.. ကိုယ်တို့ ဒါကို လျော်ပေးနေဖို့မလိုဘူး”
သူတို့တွေ ဒီအိမ်ကို ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်လိုက်လို့ရတာပဲ။
“ယန်ကျန်းကျန်း ခင်ဗျား ဗိုလ်ချုပ်ကြီးရဲ့အဝတ်အစားတွေကို ဝတ်ထားတော့ အရမ်း ကြည့်ကောင်းတယ်.. ဒီလိုတားမြစ်ထားတဲ့အရာမျိုးက ခင်ဗျားရဲ့ကိုယ်ပေါ်ကနေ ဒီအဝတ်အစားတွေကို ချွတ်ပစ်ချင်စိတ်ပေါက်စေတယ်.. ဒီတော့ ကျွန်တော်တို့မပြေးခင် နောက်ထပ်နှစ်စုံလောက် ခိုးယူသွားရအောင်”
“ကောင်းပြီ ..မင်းပြောတဲ့အတိုင်း လုပ်ကြမယ်”
သူ နောက်ထပ်အရွယ်အစားတစ်မျိုးနဲ့ယူနီဖောင်းတွေကို မှာယူပြီး သူတို့နှစ်ယောက်လုံး စွမ်းအားကြီးတဲ့ပုံစံမျိုးနဲ့ ကစားနိုင်လိမ့်မယ်။
“ယန်ကျန်းကျန်း.. ကျွန်တော်အရင်တုန်းက အခုလိုမျိုးစိတ်မလွတ်သွားဖူးဘူး”
“ကိုယ်သိတယ်”
သူ့ရဲ့ခြင်္သေ့ကလေးက အရင်တုန်းက အခုလိုမျိုးမငိုခဲ့ဖူးဘူး။
“ယန်ကျန်းကျန်း ကျွန်တော် အခုနေမကောင်းဖြစ်နေတယ်”
“ကိုယ် မင်းကို ကုပေးမယ်”
“ယန်ကျန်းကျန်း.. ကျွန်တော် ခင်ဗျားကိုကျွေးဖို့အတွက် ဟင်းပွဲတစ်ရာဝယ်လာတယ်.. ခင်ဗျား အဲဒါကို စားချင်တာလား ဒါမှမဟုတ် သစ်ပင်ကြီးအတွက် မြေသြဇာအဖြစ် ပြောင်းချင်တာလား”
“…စားမယ်”
အဲဒါတွေအကုန်လုံးကိုသာ ဓာတ်မြေသြဇာအဖြစ်ပြောင်းလိုက်ရင် သူတို့နှစ်ယောက်လုံး အနံ့အသက်ဆိုးတွေကြောင့် သေသွားနိုင်တယ်။
ခြင်္သေ့လေးရဲ့လက်ဖဝါးတွေက ကုယန်ကျန်းရဲ့ရင်ဘတ်ကို ဖိကပ်ထားရင်း သူ့ရဲ့ခေါင်းကိုမော့ကာ သူ့ကို ပွေ့ချီထားတဲ့ လူကို မော့ကြည့်လိုက်တယ်။
ထိုသူက သူ့အပေါ် အလွန်နူးညံ့သိမ်မွေ့ပြီး သူ့ရဲ့ဆန္ဒတွေကို အကုန်ဖြည့်ဆည်းပေးတဲ့ ကုယန်ကျန်းဖြစ်နေတုန်းပဲ။
ချီကျွင့်ရဲ့ စိတ်အခြေအနေက ပိုကောင်းလာခဲ့ပေမယ့် သူ့နှလုံးသားကို စိတ်မသက်မသာဖြစ်စေတဲ့ အရာတစ်ခုကျန်ရှိနေသေးတယ်
ခြင်္သေ့လေးက သူ့ရဲ့ခေါင်းကို ပြန်ငုံ့လိုက်ပြီး သူ့ရဲ့လက်ဖဝါးက စစ်ယူနီဖောင်းပေါ်မှာရှိတဲ့ ကြယ်သီးလေးကို သွားထိလိုက်တယ်။ ထို့နောက်တီးတိုးပြောလိုက်မိတယ်။
“ကုယန်ကျန်း.. ခင်ဗျားရဲ့သားက...”
“ကိုယ့်ရဲ့သားက ဘာဖြစ်လို့လဲ”
ကုယန်ကျန်း ခြင်္သေ့လေးရဲ့ လုံးဝန်းတဲ့ခေါင်းလေးကို ငုံ့ကြည့်ကာ နှုတ်ခမ်းတွေကို ကွေးညွတ်လိုက်မိတယ်။
ကုယန်ကျန်းရဲ့ စကားကြောင့် ခြင်္သေ့လေးရဲ့ လက်ဖဝါးတွေက ချွန်ထက်တဲ့ ခြေသည်းတွေ ထွက်ပေါ်လာပြီး ကုယန်ကျန်းရဲ့ သတ္တုကြယ်သီးဆီကို ထိုးဖောက်သွားခဲ့တယ်။
ကုယန်ကျန်းက သူ့ရဲ့ လက်ဖဝါးလေးကို ဆုပ်ကိုင်လိုက်ပြီး သူတို့ကို ညင်သာစွာ ဖြစ်ညစ်လိုက်တယ်။
“ကမ္ဘာပျက်ကတ်ရဲ့ တတိယနှစ်မှာ ကိုယ်တို့တွေ တရုတ်တိုင်းရင်းဆေးဆိုင်တစ်ခုက ဖြတ်သွားတော့ စားပွဲပေါ်မှာ ကမ္ဘာဦး သစ်သီးခြောက်ထုပ်တစ်ခုကို တွေ့လို့ ကောက်ယူလာခဲ့တာ.. ဒါပေမယ့် အချိန်နဲ့အာကာသ အက်ကွဲကြောင်းကို ဖြတ်ကျော်ပြီး ခုန်ဝင်လာပြီးတော့ တစ်ခုပဲ ကျန်ခဲ့တော့တယ်”
ခြင်္သေ့လေးက သူ့ရဲ့ လက်သည်းတွေကို ပြန်ရုတ်လိုက်ကာ ကုယန်ကျန်းကို စိုက်ကြည့်လိုက်မိတယ်။ ဒါဆို အဲဒီသားလေးက သူကောက်လာခဲ့တဲ့ အသီးလေးပေါ့..
“အချိန်နဲ့ အာကာသ ကွဲအက်တာ?”
ကုယန်ကျန်းက ခြင်္သေ့လေးရဲ့ လက်ဖဝါးနုနုလေးတွေကို ဖြစ်ညစ်နေတုန်းပဲ။
“မင်းရဲ့ဖောက်ခွဲမှုကနေ အချိန်နဲ့အာကာသကိုပါ ပေါက်ကွဲသွားစေခဲ့တယ်လေ.. နောက်ပြီး မင်းရဲ့ဝိဥာဥဲအသိစိတ်က ဒီနေရာကို ရောက်သွားခဲ့တာကို ကိုယ်သတိပြုမိလို့ လိုက်လာခဲ့တာ”
...ဒါကြောင့် သူ အာကာသအက်ကွဲကြောင်းထဲကို ခုန်ဆင်းလာခဲ့တာပေါ့လေ။ ဒါက အလွန်အမင်းအန္တရာယ်များလွန်းတယ်။
ကုယန်ကျန်း သစ်ပင်တစ်ပင်အဖြစ် ပိတ်မိတာ အံ့သြစရာမရှိတော့ဘူး။ ခြင်္သေ့လေး ကုယန်ကျန်းရဲ့ပုခုံးပေါ်ကို ခုန်တက်လိုက်ပြီး လက်ဖဝါးတွေက ကုယန်ကျန်းရဲ့ ပုခုံးပေါ်ကို ဆုတ်ကိုင်ထားကာ သူ့ရဲ့ခေါင်းလေးနဲ့ ကုယန်ကျန်းရဲ့ မေးစေ့အောက်ကိုတိုးဝှေ့လိုက်တယ်။
ကုယန်ကျန်း သူ့ရဲ့ခြင်္သေ့လေးကို ပွေ့ဖက်လိုက်ပြီး ခြင်္သေ့လေးရဲ့ခေါင်းကို သူ့ရဲ့မေးစေ့နဲ့ ပြန်လည် ပွတ်သပ်လိုက်တယ်။ သူ သူ့ရဲ့ခြင်္သေ့နှင့် ဝေးကွာနေခဲ့တာ အလွန်ကြာမြင့်နေခဲ့ပြီ။
အခု ဒီဆိုးသွန်းတဲ့ ခြင်္သေ့လေးက သူ့ကိုပွတ်သပ်ဖို့အတွက် အစပြုလာတာကိုကြည့်ရင်း လူသားခန္ဓာကိုယ်ကိုပါ ပွတ်သပ်ချင်လာခဲ့တယ်။
ထိုအချိန်မှာ စက်ရုပ်အိုကြီးက ပြိုကျသွားတဲ့ အိမ်ကြီးထဲမှ လွတ်မြောက်လာခဲ့ပြီဖြစ်ကာ ခြင်္သေ့လေးကို ပွေ့ချီထားတဲ့ ဗိုလ်ချုပ်ကြီးကို ကြည့်လိုက်တယ်။
တကယ်တမ်းမှာ ဗိုလ်ချုပ်ကြီးနဲ့ သခင်လေးတို့က အတော်လည်း လိုက်ဖက်ညီပေမဲ့ စက်ရုပ်အိုကြီးကတော့ ရှုပ်ထွေးနေသလိုမျိုး ခံစားနေမိတယ်။
အင်ပါယာက မိသားစုလေးယောက်အဖြစ် ခွင့်ပြုခဲ့တာများလား?