(23)
ကုယန်ကျန်း သူ့မိသားစုရဲ့ခြင်္သေ့ကို ပွေ့ဖက်ထားပြီး အချက်ပြမီးမှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့ စက်ရုပ်အိမ်တော်ထိန်းဆီကို တစ်ချက်လှည့်ကြည့်လိုက်တယ်။ သူ့ရဲ့ ခြင်္သေ့ကြီးက ဒေါသအရမ်းထွက်သွားခဲ့ပြီး သူ့စွမ်းအင်တွေ ပေါက်ကွဲထွက်သွားခဲ့တာကြောင့် ဒီသံတုံးကြီးကို သူ မစဉ်းစားမိလိုက်ဘူး...
စက်ရုပ်အိုကြီးက သူ့ရဲ့သခင်ဖြစ်သူကိုမြင်တော့ တိတ်တဆိတ် နောက်ပြန်ဆုတ်သွားခဲ့တယ်။
သူ့ရဲ့သခင်က သူ့ရဲ့ဒေတာတွေကို စက်ရုံကထုတ်ပေးလိုက်တဲ့ ဆက်တင်ဆီသို ပြန်လည်သတ်မှတ်ချင်နေတာဖြစ်လောက်တယ်!
သူ့ရဲ့ လက်ရှိဒေတာတွေက ပြဿနာရှိနိုင်တယ်ဆိုပေမဲ့လည်း သူ့ရဲ့လက်ရှိဒေတာတွေက လွတ်လပ်ပြီး အထိန်းအချုပ်တွေမရှိတော့ဘူးလို့ သူ ယောင်ဝါးဝါးခံစားမိတယ်။ သူ စက်ရုံဆက်တင်ဆီသို့ ဘယ်တော့မှ ပြန်မသွားချင်တော့ဘူး!
ဒီလိုနဲ့ ကုယန်ကျန်းရဲ့ အေးစက်တဲ့မျက်လုံးအကြည့်တွေအောက်မှာ စက်ရုပ်အိုကြီးက အပျက်အစီးတွေကြားထဲကို ပြန်လည် ပုန်းအောင်းသွားခဲ့ပြီး သူ့ရဲ့ စက်ရုပ်လက်တံတွေနဲ့တောင် အပျက်အစီးတွေထဲသို့ တူးထုတ်လိုနေသေးတယ်။
ကုယန်ကျန်းတစ်ယောက် သူ့ရဲ့ လက်နှင့် ခြင်္သေ့လေးရဲ့ခေါင်းကို ဖိပွတ်လိုက်ရင်း နှုတ်ခမ်းထောင့်တွေ အနည်းငယ် လှုပ်သွားရတယ်။
“ပြန်လာခဲ့!”
သူ့ရဲ့မေးစေ့အောက်မှ ခြင်္သေ့လေးက စိတ်ရှုပ်ထွေးတဲ့အမူအရာနဲ့ မော့ကြည့်လာခဲ့တယ်။ ကုယန်ကျန်း ခြင်္သေ့လေးရဲ့ ပူနွေးသော အမွေးပွလေးတွေထဲမှာ သူ့ရဲ့ နှာခေါင်းကို နှစ်မြှုပ်ထားပြီး တိတ်တဆိတ်နှင့် ပြန်လာနေတဲ့ စက်ရုပ်အိမ်တော်ထိန်းကို ပြန်ကြည့်လိုက်တယ်။
“အပြင်မှာ ပြုတ်ကျနေခဲ့တဲ့ ပစ္စည်းအားလုံးကို သွားကောက်ယူခဲ့လိုက်”
စက်ရုပ်အိုကြီးက အရူးအမူး ပြေးသွားခဲ့ကာ ‘ကောင်းပါပြီသခင်”ဆိုတဲ့ လုပ်ရိုးလုပ်စဥ်ကိုတောင် မပြောနိုင်တော့ဘူး။
ခြင်္သေ့ချီ: “…”
ဒီစက်ရုပ်အိမ်တော်ထိန်းက သူနဲ့သူ့ရဲ့ ကမ္ဘာဦးသစ်ပင်ကြီးအတွက်တော့ ဗိုလ်ချုပ်ကြီးဆီမှာရှိနေတာထက် ပိုကောင်းလိမ့်မယ်! သူတို့ ထွက်ပြေးသွားတဲ့အချိန်ကျရင် ဒီစက်ရုပ်ကို သူတို့နဲ့အတူ သေချာပေါက် ယူသွားရမယ်!
ကုယန်ကျန်း ချီကျွင့်ကိုပြန်ငုံ့ကြည့်လိုက်တော့ သူ့ရဲ့ သားရဲမျက်လုံးလေးတွေက စက်ရုပ်အိမ်တော်ထိန်းကို လှမ်းကြည့်လိုက်နေတာကိုတွေ့လိုက်ရတယ်။
ကုယန်ကျန်း ခြင်္သေ့လေးခေါင်းကို ခပ်ပြင်းပြင်းလေး ပွတ်သပ်လိုက်ပြီး မြေပြင်ပေါ်မှာရှိနေတဲ့ အပျက်အစီးတွေဆီကို လက်ကို မြှောက်လိုက်တယ်။
ချီကျွင့် သူ့အကြည့်တွေကို ပြန်ဆုတ်လိုက်ပြီးနောက် အပျက်အစီးတွေကို သန့်ရှင်းရေးလုပ်နေတဲ့ သူ့ရဲ့ကမ္ဘာဦးသစ်ပင်ကြီးကို ပြန်ကြည့်လိုက်တယ်။ သူတို့က ထွက်ပြေးဖို့ လုပ်နေတာလေ။ ဒီလူက ဘာတွေလုပ်နေတာလဲ?
ထို့နောက်မှာတော့ ချီကျွင့်တစ်ယောက် အပျက်အစီးတွေဆီမှ ထိုးထွက်လာတဲ့ ကုယန်ကျန်းရဲ့ နှစ်မီတာမြင့်တဲ့ ဘွန်ဆိုင်းပင်ကြီးကို တွေ့လိုက်ရတယ်။
သူ့ရဲ့ ရှည်လျားတဲ့အကိုင်းအခက်တွေက အပျက်အစီးတစ်ခုလုံးကို ကာကွယ်ထားပြီး အတွင်းဘက်မှာတော့ စစ်ယူနီဖောင်းတွေအားလုံးက ပျက်စီးမှုမရှိဘဲ ထိန်းသိမ်းခံလိုက်ရတယ်။
ထိုဝတ်စုံတွေအပေါ်မှာ ဖုန်မှုန့်လေးနည်းနည်းတောင် မရှိနေခဲ့ဘူး။
ခြင်္သေ့လေးက သူ့ရဲ့ ရှေ့လက်နှစ်ဖက်ကို ကုယန်ကျန်းရဲ့ပခုံးပေါ်မှာ တင်လိုက်ပြီး သူ့ရဲ့ခေါင်းလေးကိုမြှောက်ကာ ကုယန်ကျန်းရဲ့ မျက်လုံးတွေနဲ့ဆုံဆည်းလိုက်တယ်။ အင်ပါယာရဲ့ စစ်ဗိုလ်ချုပ်ကြီးသည်လည်း တည်ငြိမ်စွာနှင့် ပြန်ကြည့်လာတယ်။
အခု ပြောပါဦး။ ဘယ်သူက ယူနီဖောင်းတွေကို ပိုပြီးစွဲလန်းနေတာလဲ။
ချီကျွင့် သူ့ရဲ့ခြင်္သေ့လက်ဖဝါးလေးတွေကို တစ်စုံတစ်ယောက်ရဲ့ လည်ပင်းပေါ်မှာတင်လိုက်တယ်။
ကုယန်ကျန်းက ယူနီဖောင်းတွေကို ထုပ်ပိုးဖို့အတွက် သစ်ကိုင်းတွေကို ဆန့်ထုတ်လိုက်ပြီး လက်တစ်ဖက်ကိုတော့ တခြားနေရာတစ်ခုဆီသို့ ညွှန်လိုက်တယ်။
ထို့နောက်မှာတော့ သူတို့ရဲ့ရှေ့မှာ မြေအောက်လမ်းတစ်ခုပေါ်ထွက်လာခဲ့လေတယ်။
ဗိုလ်ချုပ်ကြီးရဲ့နေအိမ်ကို ဖျက်ဆီးပြီးတဲ့နောက်မှာ ခြင်္သေ့ချီက အခြေခံမူတွေအားလုံးကို စွန့်လွှတ်ခဲ့ပြီးပြီ။ ဘယ်လိုပဲဖြစ်နေပါစေ သူတို့တွေ ထွက်ပြေးကြရတော့မယ်။
ရလဒ်အနေနဲ့ ကမ္ဘာပျက်ကာလတုန်းက စွဲမြဲလာခဲ့တဲ့ ပစ္စည်းတွေ စုဆောင်းခြင်း အလေ့အထက ပြန်လညာ ပေါ်ထွက်လာရတော့တယ်။
အခုချိန်မှာ ဒီလိုမျိုးလျို့ဝှက်ထားတဲ့လမ်းကြောင်းကို မြင်လိုက်ရတော့ သူက ကုယန်ကျန်းရဲ့လက်မောင်းကို ဆုတ်ကိုင်လာတယ်။
“ဝင်ကြည့်ရအောင်!”
ခြင်္သေ့လေးက သူ့ရဲ့ ကမ္ဘာဦးသစ်ပင်ကြီး ဒီနေရာကို ဘယ်လိုရှာတွေ့ခဲ့တာလဲဆိုတာ သံသယမရှိခဲ့ဘူး။ အဆုံးမှာတော့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ အမြစ်တွေက မြေအောက် အနက်ထဲမှာ တည်ရှိနေတာဖြစ်ပြီး ဗိုလ်ချုပ်ကြီးရဲ့ လျို့ဝှက်အခန်းသည်လည်း မြေအောက်မှာဘဲ ရှိနေတာလေ။
ကုယန်ကျန်းက ခြင်္သေ့ငယ်လေးရဲ့ ပျော့ပျောင်းနူးညံ့တဲ့ဝမ်းဗိုက်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ကျန်လက်တစ်ဖက်က သူ့ရဲ့ခေါင်းလေးကိုပွတ်သပ်လိုက်တယ်။
သူက လမ်းတစ်လျှောက်မှာရှိနေတဲ့ ပြိုကျထားတဲ့ အမှိုက်တွေကို ဝှေ့ရမ်းကာ ဖယ်ထုတ်လိုက်ရင်း ထိုမြေအောက်လမ်းကြောင်းထဲသို လျှောက်ဝင်သွားခဲ့တယ်။
သူတို့တွေ အထဲကိုဝင်သွားတာနဲ့ မီးတွေကပွင့်လာခဲ့တယ်။
ချီကျွင့်က သတ္တုတွေကို ဆွဲထုတ်ယူသွားတာကြောင့် မြေပြင်ပေါ်မှာရှိနေတဲ့ အဆောက်အအုံက ဆိုးဆိုးရွားရွား ပြိုကျသွားခဲ့ပေမဲ့ မြေအောက်ထဲမှ အဆောက်အအုံကတော့ ပြဿနာတွေ သိပ်မရှိခဲ့ဘူး။
ဘာလို့လဲဆိုတော့ မြေအောက်ထဲမှအဆောက်အဦးက သဘာဝနည်းလမ်းအတိုင်းဆောက်လုပ်ထားတာဖြစ်ပြီး အဓိကပါဝင်ပစ္စည်းတွေကတော့ သစ်သားတွေပဲ။ ကြည့်ရတာ အလွန်ခိုင်ခံ့ပုံတယ်။
ခြင်္သေ့ချီရဲ့ ခေါင်းထဲကို အံ့သြမှု အရိပ်အယောင်တချို့ ဖြတ်ပြေးသွားခဲ့တယ်။ ဒီမြေအောက်အဆောက်အအုံရဲ့ လက်ရာပုံစံက သူ့မိသားစုရဲ့ ကမ္ဘာဦးသစ်ပင်ကြီးအတွက် အထူးတလည်သင့်လျော်တယ်လို့ သူ နားမလည်နိုင်စွာ ခံစားမိနေခဲ့တယ်။ မြေထဲမှာရှိနေတဲ့ အိမ်က အပေါ်မှာရှိနေတဲ့ အဆောက်အအုံရဲ့ မြေညီထပ်နီးပါးတူညီပြီး သူတို့တွေ လမ်းလျှောက်ပြီးနောက်မှာ ပရိဘောဂတွေ ကောင်းမွန်စွာရှိနေတဲ့ အိပ်ခန်းဆီသို့ ရောက်ရှိလာခဲ့ကြတယ်။
ခြင်္သေ့လေးက ကုယန်ကျန်းရဲ့ လက်မောင်းထဲကနေ တစ်ပတ်လှည့်ပတ်လိုက်ပြီး သူ့ရဲ့ ပယင်းမျက်လုံးတွေက ကုယန်ကျန်းကို စိုက်ကြည့်လာတယ်။ သူနဲ့ သပ်ရပ်စွာရှိနေတဲ့ အနက်ရောင်စစ်ဗိုလ်ချုပ်ကြီး ယူနီဖောင်း၊ စစ်ဦးထုပ်၊ လည်ပင်းမှာတင်းတင်းစေ့လျှက်သားရှိနေတဲ့ ရွှေချည်ပန်းဖွားပါတဲ့ပုခုံးနဲ့ ကော်လံ…
ဒီပုံရိပ်က အလွန်အေးစက်နေခဲ့ပြီး သူ့ရဲ့အမူအရာကတော့ တည်ငြိမ်နေခဲ့တယ်။
ခြင်္သေ့ချီ မတတ်နိုင်စွာနဲ့ သူတို့တွေ မြို့ကိုဖြတ်သန်းပြီးနောက် မရေမတွက်နိုင်တဲ့ ဖုတ်ကောင်ဇွန်ဘီတွေကိုသတ်ဖြတ်ပြီး ကြယ်ငါးပွင့်ဟိုတယ်သို့ ပြေးသွားသည့်အချိန်ကို တွေးတောမိသွားရတယ်။
ထိုအချိန်မှာတုန်းက သူက ဟိုတယ်အတွင်းမှာ အရေးကြီးသော ပစ္စည်းတွေ ဘာတွေများရှိနေလောက်မလဲလို့ တွေးတောနေခဲ့ပေမဲ့ ကုယန်ကျန်းကတော့ သူ့ကို ဟိုတယ်ရဲ့ အထူးခန်းမှ ခုတင်ကြီးပေါ်သို့ ဆွဲခေါ်သွာခဲ့လေတယ်။
ဒီတော့ သူ့မိသားစုရဲ့ ကမ္ဘာဦးသစ်ပင်ကြီးက အပြင်ပန်းမှာ ဘယ်လောက်ပဲဂုဏ်သိက္ခာတွေနှင့်ပြည့်စုံနေပါစေ ၊ တားမြစ်ထားတဲ့အရာတွေကို ဘာတစ်ခုမှမလုပ်တတ်တဲ့သူမျိုးလို့ ထင်မြင်နေရပါစေ ကိစ္စမရှိဘူး။ ထိုသူက အပြင်ပန်းမှာ မြင်တွေ့နေရသလောက်နဲ့ လုံးဝမတူညီတဲ့ ညစ်ညမ်းမှုအပြည့်နဲ့ ဦးနှောက်တစ်ခု အမြဲတမ်းရှိနေတတ်တယ်။
ခြင်္သေ့လေးက သူ့ရဲ့မျက်နှာကို လက်ဖဝါးတွေနဲ့ ဖုံးအုပ်လိုက်မိတယ်။ အခုချိန်မှာတော့ စမ်းသပ်ခံထားရတဲ့ဆေးဝါးတွေဆီမှ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ကြမ်းတမ်းပြီး စိတ်ဓာတ်ကျတဲ့ ခံစားချက်တွေ ပျောက်ကွယ်သွားပြီ။ သူက ထိုကိစ္စတွေကိုပဲ တွေးတောမိနေတော့တယ်!
ကုယန်ကျန်း လက်ကိုမြှောက်ပြီး ခြင်္သေ့လေးရဲ့ လက်ဖဝါးကို ဆွဲဖယ်ဖို့ လုပ်ခဲ့တယ်။ သို့ပေမယ့် ခြင်္သေ့လေးက အလျှင်အမြန်လှမ်းအော်လာတယ်။
“ခဏလေး.. ကုယန်ကျန်း ကျွန်တော် ပြန်ပြောင်းလိုက်ဦးမယ်..ခင်ဗျား ခဏစောင့်ဦး!”
ကုယန်ကျန်းက အနည်းငယ်အက်ရှတဲ့အသံနဲ့ ပြောလာတယ်။
“ကောင်းပြီ”
ကုယန်ကျန်းက ခြင်္သေ့လေးရဲ့ ခြေဖဝါးကို ဖြစ်ညှစ်ရင်းနဲ့ ခုတင်ဘေးနားကို လျှောက်သွားလိုက်ကာ အကိုင်းအခက်တွေကိုသုံးပြီး အလုံပိတ်ကုတင်ကို အမြန်ဖွင့်လိုက်တယ်။
ခြင်္သေ့လေးက သူ့ရဲ့ လက်ဖဝါးတွေအောက်ကနေ သားရဲမျက်လုံးတွေနဲ့ ပြင်ဆင်ပြီးသား အိပ်ယာကို တိတ်တဆိတ် စိုက်ကြည့်လိုက်တယ်။ သူက ကုယန်ကျန်းရဲ့ လက်ထဲကနေ ခုန်ထွက်လိုက်ပြီး စောင်အောက်ထဲကို တိုးဝင်သွားလိုက်တယ်။
မကြာခင်မှာဘဲ ဖြူဖွေးပြီး ပျော့ပြောင်းတဲ့ စောင်ထဲမှာ အဖုအထစ်တစ်ခု ပေါ်လာခဲ့တယ်။ စောင်အပြင်ဘက်ဆီမှာတော် အဝါညိုရောင် အမြီးလေးက ပေါ်ထွက်နေခဲ့ပြီး သတိလက်လွတ်နဲ့ တဖြတ်ဖြတ် လှုပ်ခတ်နေခဲ့တယ်။
ဗိုလ်ချုပ်ကြီးက သူ့ရဲ့လက်ကိုဆန့်တန်းပြီး ထိုအမြီးလေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်တယ်။ ထို့နောက် အမြီးလေးက အနောက်သို့ဆုတ်သွားခဲ့ပြီး စောင်ထဲမှာတော့ ကြီးမားတဲ့ အဖုအဖောင်းတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။
ချီကျွင့်ရဲ့ ခေါင်းက စောင်ထဲကနေ တစ်ဖက်လောက် ထွက်ပေါ်လာခဲ့တယ်။
ကုယန်ကျန်းရဲ့ မျက်လုံးတွေက နက်ရှိုင်းသွားခဲတယ်။ သူ့ရဲ့မေးရိုးကလည်း တင်းကျပ်သွားခဲ့ပြီး သူ့ရဲ့လည်ချောင်းကလည်း သတိလက်လွတ်နဲ့ လှုပ်ရှားသွားတယ်။
သူက လက်ကိုမြှောက်ကာ ခြင်္သေ့လေးရဲ့ခေါင်းကို လှမ်းထိလိုက်တယ်။
ပျော့ပျောင်းနူးညံ့တဲ့ အနက်ရောင်ဆံပင်များတွေကြားမှာ ခြင်္သေ့နားရွက်လေးနှစ်ဖက်က ထိလွယ်ရှလွယ်နိုင်စွာနှင့် ရွေ့လျားသွားခဲ့တယ်။
ဒီခံစားချက်က အတော်လေး ထူးဆန်းတယ်။ ချီကျွင့် ခဏလောက် အံ့အားသင့်သွားခဲ့ပြီး သူ့ရဲ့ခေါင်းပေါ်မှာရှိနေတဲ့ နားရွက်တွေက ကြိမ်နှုန်းမြင့်စွာဖြင့် အကြိမ်ရေအနည်းငယ် ရွေ့လျားသွားခဲ့တယ်။
ဒီလှုပ်ရှားမှုက အတော်လေး သဘာဝကျပြီး ထိုအစိတ်အပိုင်းက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ လုံးဝတစ်ထပ်တည်းကျနေခဲ့တယ်။
ဒါက ... ဒါက ဘာလဲ!
ချီကျွင့်တစ်ယောက် စောင်ထဲမှ သူ့ရဲ့လက်တစ်ဖက်ကို အမြန်ထုတ်လိုက်ပေမဲ့ သူ့ရဲ့ခေါင်းပေါ်မှာရှိ နေတဲ့ထူးဆန်းတဲ့ ခြင်္သေ့နားရွက်ကို မထိမီခင်မှာဘဲ တစ်စုံတစ်ယောက်ဆီမှာ အနိုင်ကျင့်ခြင်းကို ခံလိုက်ရတယ်။
ပူနွေးတဲ့ အသက်ရှုသံပြင်းပြင်းက သူ့ရဲ့ခေါင်းအနီးကို ရောက်လာခဲ့ပြီး သူ့ခေါင်းပေါ်မှ အပိုထွက်ပေါ်လာတဲ့အစိတ်အပိုင်းကို နမ်းရှိုက်လာခဲ့တယ်။
ထို့နောက်မှာ ကုယန်ကျန်းရဲ့နက်ရှိုင်းပြီးနိမ့်ပါးတဲ့ အသံကို ကြားလိုက်ရတယ်။
“ဘေဘီ.. မင်းရဲ့ခေါင်းပေါ်မှာ ခြင်္သေ့နားရွက်လေးနှစ်ခုရှိနေတယ်”
ချီကျွင့်တစ်ယောက် သူ့ရဲ့ခေါင်းပေါ်မှ အပူတွေက အောက်ဘက်ကို စီးတင်းလာသလိုမျိုး ခံစားမိပြီး တစ်ကိုယ်လုံးက ပူလောင်လာခဲ့ရတယ်။
ချက်ချင်းဆိုသလိုပဲ ကုယန်ကျန်းရဲ့နှုတ်ခမ်းတွေက ခြင်္သေ့နားရွက်တွေမှ တဆင့် သူ့ရဲ့နှာခေါင်းကို ဆင်းလာပြီး နှာခေါင်းတစ်လျှောက် ဆင်းသက်လာခဲ့ကာ နောက်ဆုံးမှာတော့ သူ့ရဲ့ နှုတ်ခမ်းဆီသို့ ရွေ့လျားလာခဲ့တယ်။
ရင်းနှီးနေတဲ့ အာရုံခံစားမှုက သူ့ပါးစပ်နှင့်နှာခေါင်းဆီကို လွှမ်းခြုံလာခဲ့တယ်။
ချီကျွင့်က သူ့ရဲ့ ခြင်္သေ့နားရွက်ကို သွားထိဖို့ မလုပ်တော့ဘဲ ကုယန်ကျန်းရဲ့ဦးထုပ်ကို ဆုပ်ကိုင်လိုက်ပြီး ထိုဦးထုပ်ကို ခေါင်းအုံးပေါ်သို့ ပစ် တင်လိုက်တယ်။ နောက်ထပ်လက်တစ်ဖက်ကတော့ ကုယန်ကျန်းရဲ့ ယူနီဖောင်းဘက်ကို လှည့်လိုက်ပြီး တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အံဝင်ခွင်ကျဖြစ်နေတဲ့ စစ်ဝတ်စုံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တယ်။
ကိုယ်တိုင်းအတိ…
ဒီစကားလုံးက သူ့ရဲ့ခေါင်းထဲမှာ ပေါ်ထွကာလာခဲ့ပေမဲ့ ဒီအခိုက်အတန့်မှာ ပူပြင်းတဲ့ ခံစားချက်တွေနှင့်သာ ပြည့်နှက်နေခဲ့တယ်။
ချီကျွင့် ကုယန်ကျန်းရဲ့ ပုခုံးကို ပွေ့ဖက်လိုက်ပြီး ပြန်လည်တုံ့ပြန်ချင်နေခဲ့တယ်။ သူ့ဝဲ့တစ်ကိုယ်လုံးပူလောင်လွန်းတာကြောင့် သူ့ရဲ့တစ်ကိုယ်လုံး မီးလောင်နေသလို ခံစားနေရတယ်။
ထိုပူပြင်းမှုတွေက ကုယန်ကျန်းဆီကို လွှဲပြောင်းရောက်ရှိလာခဲ့ပေမဲ့ ရုတ်တရတ် စိတ်မချနိုင်တဲ့ခံစားချက်တွေက သူ့ကို ပြိုကျလုနီးပါးအစွန်းဆီကနေ ပြန်လည် ဆွဲခေါ်လာခဲ့တယ်။
ကုယန်ကျန်း စောင်ထဲမှာရှိနေတဲ့လူကို ကြည့်လိုက်ပြီး အခြေအနေကိုမြင်တော့ သူ့ရဲ့စိတ်တွေက ချက်ချင်းပဲ တင်းမာသွားခဲ့ရတယ်။
ခြင်္သေ့နားရွက်နှစ်ဖက်ရှိနေတဲ့ ချီကျွင့်ရဲ့ မျက်နှာက နီမြန်းနေခဲ့တယ်။ မူလတုန်းက အနက်ရောင်ဖြစ်ပြီး ကြည်လင်နေတဲ့မျက်လုံးတွေက အခုချိန်မှာ ပယင်းရောင်မှိန်ဖျော့ဖျော့ဖြစ်နေခဲ့ပြီး သူ့ခန္ဓာကိုယ်အပူချိန်ကလည်း အလွန်အမင်း ပူပြင်းလာခဲ့တယ်။
သူ့ရဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ရွှေသတ္တုအမြုတေကလည်း စုစည်းလာနေပြီဖြစ်ကာ သူ့ကိုယ်သူ ပေါက်ကွဲခါနီးအခြေအနေဖြစ်နေခဲ့တယ်။
ကုယန်ကျန်းရဲ့ သွေးတွေက ချက်ချင်းဆိုသလို အေးခဲသွားရပြီး အတိတ်တုန်းက ချီကျွင့် သူ့ကိုယ်သူ ဖောက်ခွဲခဲ့တဲ့ မြင်ကွင်းကို ပြန်လည် မြင်ယောင်သွားခဲ့ရတယ်။
နှစ်မျိုးပေါင်းစပ်ထားတဲ့ ကုသစွမ်းရည်က အလျှင်အမြန်ပေါ်ထွက်လာခဲ့ပြီး ချီကျွင့်ရှိနေတဲ့ စောင်တစ်ခုလုံးကို အလျှင်အမြန်ရစ်ပတ်လာခဲ့ကာ နောက်ထပ် အခွဲတစ်ခုက ချီကျွင့်ရဲ့ စွမ်းအင်အူတိုင်ဆီကို ရစ်ပတ်ထားခဲ့တယ်။
“ချီကျွင့်!”
ကုယန်ကျန်း ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ချီကျွင့်ရဲ့ခေါင်းကို သူ့ရဲ့လက်တွေနဲ့ ပွေ့ကိုင်လိုက်တယ်။
ချီကျွင့်ရဲ့ အသိစိတ်တွေက ဆူပွက်နေဆဲဖြစ်ပြီး စိတ်ရှုပ်ထွေးနေခဲ့တယ်။ ကုယန်ကျန်းရဲ့ကွဲကြေလုမတတ် ခေါ်သံကို ကြားလိုက်ရပြီး မျက်တောင်ခတ်လိုက်မိကာ ဝေဝေဝါးဝါးပြောလိုက်မိတယ်။
ကုယန်ကျန်းက သူ့ကို ပိုပြီးတင်းတင်းကျပ်ကျပ် ပွေ့ဖက်လာခဲ့ပြီး ချီကျွင့်ရဲ့ခေါင်းကို သူ့ရဲ့မေးစေ့နဲ့ ဖိထားခဲ့တယ်။
“အဆင်ပြေပါတယ်.. မအိပ်လိုက်နဲ့နော်... ဘာမှဖြစ်မှာမဟုတ်ပါဘူး”
သူက ချီကျွင့်ရဲ့ခန္ဓာကိုယ်ထဲသို့ သူ့ရဲ့ ကုသရေးစွမ်းအင်အများအပြားထည့်သွင်းပေးနေခဲ့ပြီး ချီကျွင့်ရဲ့သတ္တုစွမ်းအင်ရဲ့ စွမ်းအင်ဗဟိုချက်ကလည်း သူ့ရဲ့ ကုသရေးစွမ်းအင်တွေနဲ့ ဖုံးအုပ်ခံထားရတယ်။
နောက်ဆုံးတော့ ချီကျွင့်တစ်ယောက် သူ့ရဲ့ခန္ဓာကိုယ်မှာ တစ်ခုခုမှားနေပြီဆိုတာကို သဘောပေါက်သွားရတယ်။
သူ သူ့ကိုယ်သူ ဖောက်ခွဲဖို့ လုပ်လိုက်မိတာလား? ဘာတွေဖြစ်နေတာလဲ?
ခဏအကြာမှာဘဲ အေးစက်တဲ့ အရည်တွေက သူ့ရဲ့ခေါင်းထဲကို စိမ့်ဝင်နေတာကို ထပ်ပြီးသတိပြုမိလာတယ်။ထိုအေးစိမ့်မှုက အလွန်သေးငယ်ပြီး ကုယန်ကျန်းနဲ့ မေးစေ့နဲ့ သူ့ရဲ့ခေါင်းတို့ ဖိကပ်ထားတဲ့နေရာကနေ ဝင်ရောက်လာနေခဲ့တာပဲ။
သူ့ရဲ့တစ်ကိုယ်လုံး ပူလောင်နေတာကြောင့်သာ မဟုတ်ရင် ထိုစွမ်းအင်ကို သူသတိမထားမိတာတောင် ဖြစ်နိုင်တယ်။
ချီကျွင့်ရဲ့ နှလုံးသားက နာကျင်သွားရတယ်။ အနမ်းကြောင့် မြင့်တက်လာတဲ့ အပူချိန်တွေက သူ ပေါက်ကွဲသွားတော့မှာကို စိုးရိမ်ကြောက်လန့်နေခဲ့တဲ့ ကုယန်ကျန်းရဲ့ စိတ်ပျက်ဝမ်းနည်းနေတဲ့ မျက်နှာကိုတွေ့မြင်လိုက်ရချိန်မှာ နောက်ကိုပြန်ဆုတ်သွားခဲ့တယ်။
ချီကျွင့် စောင်ထဲမှ ရုန်းထွက်လာခဲ့ပြီး ကုယန်ကျန်းရဲ့ခါးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်မိတယ်။ သူက ခေါင်းမော့ကြည့်မယ့်အစား ကုယန်ကျန်းရဲ့ လည်တိုင်ဆီမှာ သူ့ရဲ့မျက်နှာကို မြှုပ်နှံထားလိုက်ပြီး တီးတိုးပြောခဲ့မိတယ်။
“တောင်းပန်ပါတယ်…”
ကုယန်ကျန်းက သူ့ရဲ့စကားတွေကို ကြားပြီးနောက် သူ့ကိုပွေ့ဖက်ထားတဲ့ သူ့ရဲ့လက်တွေကို ပိုမိုတင်းကြပ်လာခဲ့ပြီး သူ့ရဲ့ စွမ်းရည်နှစ်ခုကလည်း ချီကျွင့်ရဲ့ ခန္ဓာကိုယ်ထဲကို ပိုမိုအားပြင်းစွာ စီးဝင်လာခဲ့တယ်။
ကမ္ဘာပျက်ကတ်ရဲ့ ခုနစ်နှစ်တာကာလအတွင်းမှာ ကမ္ဘာပေါ်မှ လူသန်းပေါင်းများစွာကတစ်သန်းအောက်ဘက်သို့အထိ ကျဆင်းသွားခဲ့တယ်။ ဖုတ်ကောင်တွေက နေရာတိုင်းမှာရှိနေကြပြီး သူတို့တွေ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတွေကို နေစဥ်နေ့တိုင်း မြင်တွေ့နေခဲ့ရတယ်။
ဘယ်သူအရင်သေမလဲဆိုတဲ့အကြောင်းကို အေးအေးဆေးဆေး ဆွေးနွေးခဲ့ကြပေမယ့် အမှန်တကယ်ကြုံတွေ့လာခဲ့ပြီး တစ်ဖက်လူက သူ့ရဲ့မျက်လုံးတွေရှေ့မှာဘဲ ပြာတွေအဖြစ်ပေါက်ကွဲသွားတဲ့အချိန်မှာတော့ ကုယန်ကျန်းရဲ့ နာကျင်မှုတွေက ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်တဲ့အထိ တိုးမြင့်လာခဲ့ရတယ်။
ဘာတွေပဲဖြစ်ဖြစ် ဒါတွေကအတိတ်မှာဖြစ်ခဲ့တာတွေဖြစ်ပြီး လက်ရှိမှာတော့ ချီကျွင့်ရဲ့အခြေအနေက သူ့အတွက်တော့ အဆိုးဆုံးပဲ။
ကုယန်ကျန်းရဲ့ ဦးနှောက်က လက်ရှိအခြေအနေကို လျင်မြန်စွာ ပိုင်းခြားစိတ်ဖြာနေခဲ့တယ်။
ဒီလိုပြင်းထန်စွာ ပေါက်ကွဲထွက်လာတဲ့ စွမ်းအင်က ယခင်တစ်ကြိမ်ပေါက်ကွဲမှုနှင့် မတူညီဘူး။
အရင်တစ်ချိန်က သူ့ဘာသာသူ ဖောက်ခွဲတာဖြစ်ပြီး အခုက ပြင်ပကနေ ဖောက်ခွဲချင်ချင်နေတာကို ခံနေရတာပဲ။
ထိုးသွင်းခံထားရတဲ့ ဘိုးဘေးသားရဲဗီဇရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ဖြစ်နိုင်တယ်။ ဒီနောက်ဆက်တွဲဆိုးကျိုးတွေရဲ့ အဓိကအကြောင်းရင်းက စိတ်ခံစားချက်ကြောင့် ဖြစ်လိမ့်မယ်။
အခု လက်ရှိဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကနေတဆင့်
ကိစ္စတစ်ခုတည်းကိုသာ ထောက်ပြနေခဲ့တယ်။ သူ့မိသားစုရဲ့ခြင်္သေ့ဆီမှာ စိတ်ခံစားမှုတွေ ဖြစ်လာတာနဲ့ သားရဲဘိုးဘွားဗီဇရဲ့နောက်ဆက်တွဲဆိုးကျိုးတွေက ဆိုးရွားစွာဖြစ်ပွားစေနိုင်လိမ့်မယ်။
ကုယန်ကျန်း ခြင်္သေ့အသေးလေးအဖြစ် ပြန်ပြောင်းသွားပြီဖြစ်တဲ့ ချီကျွင့်ကို ညင်သာစွာ ပွေ့ဖက်ကာ ခြင်္သေ့မေးစေ့ကို ပင့်,မလိုက်ပြီး ပယင်းမျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။
“မင်းရဲ့ရောဂါမပျောက်ခင်အတွင်း လိင်ကိစ္စကို တားမြစ်လိုက်ပြီ”
ခြင်္သေ့ချီက နှာမှုတ်လိုက်ပြီး သူ့ရဲ့လက်ဖဝါးကို ကုယန်ကျန်းရဲ့လက်ပေါ်မှာတင်လိုက်ကာ ကုယန်ကျန်းရဲ့ စစ်ဝတ်စုံဆီမှာ သူ့ခေါင်းကို မြှုပ်နှံလိုက်ပြီး အံကြိတ်လိုက်တယ်။
ဒီလူက သူ့ကသာ ပိုပြီး အထိန်းအကွပ်မရှိသလိုမျိုး လာပြောနေတော့တာပဲ!
**