Ch 24
Viewers 2k

(24)

 

ဒီလို အထူးတလည်ကိစ္စတွေကို မလုပ်နိုင်တာက တကယ်ကိုဖြုန်းတီးနေသလိုပဲ။ ချီကျွင့် သူ့သစ်ပင်ကြီးရဲ့ လည်ပင်းကို အချိန်အတော်ကြာအောင် ကိုက်ခဲလိုက်ပြီး သူ့ရဲ့ကော်လံကို ကုတ်လိုက်တယ်။

 

ကုယန်ကျန်းက သူ့လက်ကို မြှောက်လိုက်ပြီး ခြင်္သေ့ရဲ့ခေါင်းကို ဖိပွတ်လိုက်တယ်။ ခြင်္သေ့လေးက ကုယန်ကျန်းရဲ့လည်ပင်းမှာ ခေါင်းကို ရုတ်တရက် နှစ်မြှပ်ထားလိုက်ပြန်တယ်။

 

ထိုအခိုက်မှာဘဲ အနည်းငယ် တုန်ခါမှုနှင့်အတူ မရှင်းလင်းတဲ့ အသံတွေ ထွက်ပေါ်လာခဲ့တယ်။

 

အပေါ်ဘက် မြေမျက်နှာပြင်ပေါ်မှာ  ကိစ္စတစ်ခုခုဖြစ်နေသလိုပဲ။ ခြင်္သေ့ချီက ကုယန်ကျန်းရဲ့လည်ပင်းမှာမှီထားတဲ့ ဦးခေါင်းကို ပြန်မြှောက်လိုက်ပြီး သူ့ရဲ့နားရွက်တွေကို ပါ ထောင်လိုက်မိတယ်။ ထို့နောက် သူ့ရဲ့ ကြည်လင်နေတဲ့ သားရဲမျက်လုံးတွေက ကုယန်ကျန်း စိုက်ကြည့်ရင်း ပြောလာခဲ့တယ်။

 

ကျွန်တော်တို့  အခုသွားသင့်ပြီထင်တယ်

 

သူက ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ နေအိမ်ကို ဖျက်ဆီးခဲ့တဲ့အတွက် ဒါကို တိုက်ခိုက်မှုတစ်ခုအဖြစ် သတ်မှတ်ခံလိုက်ရမယ်လို့ ခန့်မှန်းရတယ်။ သူတို့ကို ရှာဖွေတွေ့ရှိခြင်းမရှိသေးခင်မှာ ထွက်ခွာသွားသင့်နေပြီ။ မဟုတ်ရင် သူတို့တွေ အင်ပါယာတစ်ခုလုံးရဲ့ အလိုရှိစာရင်းထဲကို ပါသွားတာမျိုး ဖြစ်လာနိုင်တယ်။

 

ကုယန်ကျန်းက ခြင်္သေ့လေးရဲ့ နောက်ကျောကို ပွတ်သပ်လိုက်တယ်။

 

အလျင်လိုစရာ  မလိုပါဘူး

 

သူ့စွမ်းရည်နှစ်ခုက ခြင်္သေ့ငယ်လေးရဲ့ ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးကြည့်နေတုန်းပဲ။

 

ခြင်္သေ့ချီက သူ့ရဲ့နားရွက်ကိုထောင်မတ်ရင်းနဲ့ အပေါ်ဘက်မှ လှုပ်ရှားမှုတွေကို နားထောင်နေခဲ့တယ်။ သူက တွေးတောနေရင်းနဲ့ သူ့ရဲ့အမြီးကို ဖြည်းညှင်းစွာ လှုပ်ရှားနေခဲ့တယ်။

 

ဗိုလ်ချုပ်ကြီးရဲ့အိမ်မှာ ဘယ်လို စွမ်းအားမျိုးတွေ စုဝေးလာမလဲဆိုတာ သူမသိဘူး။  သူ့အနေနဲ့ ဖုတ်ကောင်တွေအများကြီးကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ဖူးပေမဲ့ အခုလိုမျိုး ခေတ်လွန် မျနည်းပညာသုံး လက်နက်တွေအကြောင်းကိုတော့ အနည်းငယ်သာ သိထားတယ်...

 

ချီကျွင့်တစ်ယောက် အတွေးလွန်နေစဥ်မှာပဲ ကုယန်ကျန်းက သူ့ရဲ့ စွမ်းရည်တချို့ကို ဖြည်းညှင်းစွာ ပြန်လည်ရုတ်သိမ်းလိုက်တယ်။ သို့ပေမယ့် ရုတ်တရက်ဆန်တဲ့ အခြေအနေတစ်ခုဖြစ်ပေါ်လာရင် အရေးပေါ်ထိန်းသိမ်းနိုင်ဖို့အတွက် ချီကျွင့်ရဲ့ စွမ်းအင်အူတိုင်အနီးတစ်ဝိုက်မှာတော့ သူ့ရဲ့ကုသရေးစွမ်းအင်မှအစိတ်အပိုင်းကြီးတစ်ခုကို ချန်ထားခဲ့သေးတယ်။

 

 

သူ ခြင်္သေ့လေးရဲ့ ခန္ဓာကိုယ်မှ ထောင့်တိုင်းကို စစ်ဆေးကြည့်ခဲ့တယ်။ ကံမကောင်းစွာနှင့် ဒါကသားရဲဘိုးဘွားဗီဇကြောင့်ဖြစ်ပေါ်လာခဲ့တယ် ဆိုတဲ့အချက်ကို သိရရုံကလွဲရင် တခြားသောမူမမှန်မှု တစ်ခုလေးကိုတောင်မှ မတွေ့နိုင်ခဲ့ဘူး။

 

သူ့အနေနဲ့ ခြင်္သေ့ကိုထိုးသွင်းထားတဲ့ မျိုးရိုးဗီဇဆေးတွေအားလုံးကို နန်းတော်ကနေ ရှာဖွေရယူပြီးတဲ့နောက်မှာပဲ အကြောင်းရင်းကို ဖော်ထုတ်နိုင်လိမ့်မှာဖြစ်ပြီး ကုသဖို့ လုပ်နိုင်လိမ့်မယ်။

 

ခြင်္သေ့လေးရဲ့ လက်တွေက ကုယန်ကျန်းရဲ့ လက်ကောက်ဝတ်ကို ရစ်ပတ်လာခဲ့တယ်။

 

ကုသပြီးပြီလား

 

ကုယန်ကျန်း သူ့ရှေ့မှာ ခြင်္သေ့အမွေးတွေကို ကြည့်ရင် ရုတ်တရက် အသက်ရှူမဝဖြစ်လာရကာ ခဏလောက် ငြိမ်သက်နေခဲ့တယ်။ နူးညံ့ပျော့ပျောင်းတဲ့ အမွေးတွေက အသက်ရှူငွေ့တွေနဲ့အတူ လှုပ်ရှာနေရပြီး ပယင်းမျက်လုံးလေးနှစ်လုံးက သူ့ကိုလှည့်ကြည့်လာတယ်။

 

ခြင်္သေ့လေးက သူ့ရဲ့ လက်ဖဝါးတွေကို မြှောက်ကာ မျက်နှာကို ပွတ်သပ်လိုက်တယ်။

 

“ယားတယ်.. ကျွန်တော့်ရဲ့အမွှေးတွေကို လေနဲ့လာမမှုတ်နဲ့”

 

ကုယန်ကျန်း သူ့ရဲ့ခေါင်းလေးကို ပွတ်ပေးလိုက်တယ်။

 

“ဒါကမျိုးရိုးဗီဇဆေးဝါးတွေရဲ့  နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်တယ်..ဒါကို ကုသဖို့အတွက် မင်းရဲ့ခန္ဓာကိုယ်ထဲကို ထိုးသွင်းထားတဲ့ မျိုးရိုးဗီဇဆေးဝါးတွေအားလုံးကို ကိုယ် ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုအပ်သေးတယ်”

 

ခြင်္သေ့ချီက ခေါင်းညိတ်ပြပြီး သူ့ရဲ့  လက်ဖဝါးလေးကိုဆန့်ထုတ်ကာ ကုယန်ကျန်းရဲ့ မေးစေ့ကိုအသာထိရင်း နှစ်သိမ့်လိုက်တယ်။

 

ယန်ကျန်းကျန်း... သိပ်ပြီးစိတ်မပူပါနဲ့.. ကျွန်တော် သေမှာမဟုတ်ပါဘူး.. ကျွန်တော်က သေချာပေါက် ချမ်းသာပြီး ကြီးကျယ်မြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်လာဦးမှာ..  ဘယ်လိုရောဂါမျိုးပဲဖြစ်ဖြစ် ပျောက်ကင်းပြီး ကျန်းမာလာပါလိမ့်မယ်”

 

ကုယန်ကျန်း ရယ်မောလိုက်ပြီး ခေါင်းငုံ့က် ခြင်္သေ့လေးရဲ့ခေါင်းကို နမ်းလိုက်တယ်။

 

  ခြင်္သေ့လေးက သူ့ရဲ့ခေါင်းကို လက်ဖဝါးလေးတွေနဲ့ ဖုံးကွယ်လိုက်တယ်။  ဒီလူက သူ့ရဲ့နားရွက်ကို မနမ်းဘဲ မနေနိုင်ဘူးလား။ လိင်ကိစ္စကို တားမြစ်ထားတဲ့သူက ဘယ်သူလဲ?

 

သို့ပေမယ့် ကုယန်ကျန်းက ပါးစပ်နားမှ အမွှေးတွေကိုပါ နမ်းဖို့လည်း မကြောက်လေဘူး။

 

သူတို့ အချိန်ခဏလောက်ကြာအောင် အတူနေပြီးနောက် ကုယန်ကျန်းက ခြင်္သေ့လေးရဲ့ပျော့ပျောင်းနူးညံ့တဲ့ဗိုက်လေးကို လက်တစ်ဖက်တည်းနှင့်ကိုင်ကာ အိပ်ခန်းထဲမှ ပြန်လည်ထွက်ခွာလာခဲ့တယ်။

 

အပေါ်ဘက်မျက်နှာပြင်ပေါ်မှ လှုပ်ရှားမှုတွေကလည်း ဘာမှ မလုပ်တော့လုနီးပါး လျော့ပါးသွားခဲ့တယ်။အပြင်မထွက်ခင် အခိုက်အတန့်မှာ သူ့ရဲ့ စွမ်းအင်ဗဟိုချက်ကို ကုယန်ကျန်းနဲ့ ကုသရေးစွမ်းအင်နဲ့ ရစ်ပတ်ခံထားရတဲ့ ခြင်္သေ့ငယ်လေးက ထွက်ပေါက်ဝကို နိုးနိုးကြားကြားနဲ့ စိုက်ကြည့်နေခဲ့တယ်။ အပြင်ဘက်မှာ ဘယ်လိုလှုပ်ရှားမှုမှ ရှိမနေဘူးဆိုတော့ သူတို့ကို  ခြုံခိုတိုက်ခိုက်ဖို့ပုန်းအောင်းနေတာပဲ ဖြစ်ရမယ်။

 

ကမ္ဘပျက်ကတ်ဖြစ်ပွားခဲ့တဲ့နေ့မှစပြီး ချီကျွင့်က တခြားလူတွေရဲ့နောက်ကွယ်မှာ ပုန်းအောင်းနေတတ်တဲ့သူတစ်ယောက်မဟုတ်တော့ဘူး။

 

သူ့ဆီမှာ ကမ္ဘာဦးသစ်ပင်ကြီးလည်း ရှိနေခဲ့ပြီး နောက်ဆက်တွဲဆိုးကျိုးတွေအတွက် လုံးဝစိတ်ပူစရာမလိုခဲ့ဘူးလေ။ ဒီလိုနဲ့  သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အကြမ်းဖက်လိုတဲ့ဆန္ဒတွေက ပိုပြီးတိုးလာခဲ့တယ်။

 

 

ကုယန်ကျန်းက တင်းမာနေတဲ့ ခြင်္သေ့ချီကို  စိတ်ခံ၀ားချက်တွေပြန်ကောင်းလာစေဖို့ သူ့ရဲ့ခြင်္သေ့အမွေးတွေကို ပွတ်သတ်ပေးလိုက်ပြီး အပြင်ကို ထွက်လာခဲ့တယ်။

 

ချုံခိုတိုက်ခိုက်ခြင်းလည်း မရှိခဲ့ဘူး။ သူ့ရှေ့မှာရှိနေတဲ့ မြင်ကွင်းကြောင့် ခြင်္သေ့ချီရဲ့ လက်ဖဝါးတွေကို ပျော့ပျောင်းစေပြီး သားရဲမျက်လုံးတွေကလည့် ပြူးဝိုင်းလာခဲ့တယ်။

 

 

နာရီဝက်ကျော်အကြာလောက်မှာပဲ နေရာမှာရှိနေတဲ့ အပျက်အစီးတွေအားလုံးကကို ရှင်းလင်းပြီးသွားပြီဖြစ်ကာ  ဖောင်ဒေးရှင်းအုတ်မြစ်ကိုလည်းရှင်းထုတ်လိုက်သလို ညီညာပြားချပ်တဲ့မျက်နှာပြင်ကိုလည်း ပြုလုပ်ပြီးသွားခဲ့ပြီ။

 

စက်ရုပ်အိုကြီးက အသံတိတ်ဖြတ်တောက်ရန် စက်ကို ထိန်းချုပ်နေရင်းနှင့် သူ ဆွဲထုတ်ထားတဲ့ သတ္တုတွေကို အိမ်နောက်ဘက်မှ သစ်ပင်ကြီးအနှုတ်ခံထားရတဲ့တွင်းကြီးအနားသို့ ပုံချနေခဲ့တယ်။

 

သတ္တုတွေကို ဆွဲထုတ်လိုက်တာကြောင့် ပြိုကျလာသော ဆောက်လုပ်ရေးပစ္စည်းတွေကိုတော့ စက်ကြီးတွေကိုသုံးကာ ဘေးတစ်ဖက်မှာ သပ်သပ်ရပ်ရပ်ချထားပြီး ပြန်လည်အသုံးပြုနိုင်ပုံရတယ်။

 

ချီကျွင့် နောက်ဆုံးမှာတော့ စက်ရုပ်အိုကြီးရဲ့ စက်ရုပ်အိမ်တော်ထိန်းတစ်ဦးရဲ့စွမ်းရည်ကို အမှန်တကယ်နားလည်လာခဲ့တယ်။

 

ဗိုလ်ချုပ်ကြီးမှာ ဒီစက်ရုပ်အိမ်တော်ထိန်းကလွဲပြီး တခြားသော အစေခံတွေ မရှိနေတာက အံ့သြစရာမဟုတ်တော့ဘူး။ ဒါက စွယ်စုံရ စက်ရုပ်မော်ဒယ်၊ စက်ရုပ်အိုကြီးပဲလေ။

 

ကုယန်ကျန်း ခြင်္သေ့လေးရဲ့ လက်ဖဝါးတွကို ဖြစ်ညှစ်ရင်း စက်ရုပ်အိုကြီး ပြန်ယူလာတဲ့  အစားအသောက်တွန်းလှည်းဆီသို့ လျှောက်သွားလိုက်တယ်။

 

သွားနေရင်းနဲ့ သူ့ရဲ့ ကွမ်တမ်ကွန်ပြူတာကိုဖွင့်ကာ အဆောက်အအုံဗိသုကာမော်ဒယ် ဒါဇင်ပေါင်းများစွာကို ဆွဲထုတ်ပြီး ခြင်္သေ့ချီရဲ့ရှေ့မှာ 3D ပုံစံနှင့် ပြသလိုက်တယ်။

 

ထို့နောက် တည်ငြိမ်အေးဆေးတဲ့ အသံနဲ့ မေးလာခဲ့တယ်။

 

မင်း ဘယ်လို အိမ်ပုံစံမျိုးနဲ့ နေချင်လဲ

 

ခြင်္သေ့လေးက ကုယန်ကျန်းရဲ့ လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်တယ်။ သူ့ရဲ့လက်ဖဝါးနဲ့ ထိုအရာအကြိမ်ပေါင်းများစွာ ထိခဲ့ပြီးပေမယ့် သူ သံသယမ၀င်ခဲ့မိဘူး။

 

ချီကျွင့် အရင်တုန်းက ကုန်တိုက်သို့ သွားခဲ့ဖူးတယ်။ ဒီလို ပစ္စည်းမျိုးက  စျေးကွက်ထဲမှာ မရရှိနိုင်ဘူးဆိုပေမဲ့ ဒါက ကွမ်တမ်ကွန်ပျူတာဖြစ်တယ်ဆိုတာ သေချာတယ်။

 

ခဏလေး… သူ မတုံ့ပြန်နိုင်ဘူး!

 

ချီကျွင့်?

 

ကုယန်ကျန်း တောင့်ခဲနေတဲ့ခြင်္သေ့ရဲ့ ဝမ်းဗိုက်ကိုထိကာ နူးညံ့တဲ့အမွေးကို လေးတွေကို ပွတ်သတ်ပေးလိုက်တယ်။  ခြင်္သေ့လေးက သူ့ရဲ့ခေါင်းကို မြှောက်လာခဲ့ပြီး သားရဲမျက်လုံးတွေနှင့် သူ့ကိုစိုက်ကြည့်ရင်း ရုတ်တရက် ပြောလာတယ်။

 

အာ... မဟုတ်ဘူး.. ခဏလေး.. စကားမပြောနဲ့ဦး!

 

ကုယန်ကျန်း သူ့ခြင်္သေ့လေးရဲ့အော်သံကို နားထောင်ပြီး ရယ်မောလိုက်တယ်။ သူက ကမ္ဘာဦးသစ်ပင်ရဲ့ အကိုင်းအခက်တွေနှင့် ပြုလုပ်ထားတဲ့ ထိုင်ခုံပေါ်မှာ ဝင်ထိုင်လိုက်ပြီး ခြင်္သေ့ချီယူလာတဲ့ အစားအသောက်တွန်းလှည်းထဲမှ ရာနှင့်ချီတဲ့ ပန်းကန်တွေကို ဆွဲထုတ်လိုက်ကာ အကိုင်းအခက်တွေနဲ့လုပ်ထားတဲ့ စားပွဲပေါ်မှာတင်လိုက်တယ်။

 

ချီကျွင့် ဒါဇင်ပေါင်းများစွာသော 3D အိမ်ပုံစံတွေကို ငုံ့ကြည့်လိုက်တယ်။ ထို့နောက် စက်ရုပ်လက်တံပေါင်းများစွာနှင့်အလုပ်ရှုပ်နေတဲ့ စက်ရုပ်အိုကြီးကို လှမ်းကြည့်လိုက်တယ်။  ပြီးနောက်မှာ ဗိုလ်ချုပ်ကြီးရဲ့ ယူနီဖောင်းကို ဝတ်ဆင်ကာ အေးစက်ပြီးတော်ဝင်ဆန်တဲ့ လက္ခဏာရပ်တွေနှင့်လူကို ပြန်လည့်ကြည့်လိုက်ပြန်တယ်။

 

အမေတစ်ကောင်တည်းကထွက်လာတဲ့ ဥတွေလိုပဲ။ ကွက်တိကျလွန်းနေတယ်...

 

ကိုယ်တိုင်းအတိချုပ်လုပ်ထားတဲ့  စစ်ဗိုလ်ချုပ်ကြီးရဲ့ဝတ်စုံက ကုယန်ကျန်းရဲ့ကိုယ်ပေါ်မှာ  အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။

 

ခြင်္သေ့ငယ်လေးက သူ့ရဲ့မျက်နှာကို  လက်ဖဝါးတွေကြားထဲမှာ ဖုံးအုပ်လိုက်မိပြီး ခြင်္သေ့နားရွက်လေးတွေကလည်း အောက်ဘက်ကို ကုတ်ကျသွားခဲ့တယ်။

 

ကုယန်ကျန်းက သူ့ကိုစနောက် ဟာသလုပ်ဖို့အတွက် ဗိုလ်ချုပ်ကြီးအဖြစ် ဟန်ဆောင်နေတာဖြစ်နိုင်ပေမဲ့လည်း တွေးကြည့်လိုက်ရင် ဒီဖြစ်နိုင်ချေက နည်းပါးလွန်းတယ်။

 

ဗိုလ်ချုပ်ကြီးရဲ့နေအိမ်ကို သူသိမ်းပိုက်ခဲ့ပြီး အကြိမ်ပေါင်းများစွာ ဖျက်စီးခဲ့မိပေမဲ့ စက်ရုပ်အိုကြီးက သူ့ကို တိုက်ခိုက်လာတာမျိုး ဒါမှမဟုတ် ရဲဆီကို ဖုန်းဆက်ခေါ်တာမျိုး မလုပ်ခဲ့ဘူး။

 

ဒီတစ်ကြိမ်မှာ အိမ်တစ်ဆောင်လုံး ပြိုကျသွားခဲ့ပေမဲ့လည်း လှုပ်ရှားမှုတွေမရှိခဲ့ဘူး။ စက်ရုပ်အိုကြီးက အရှုပ်အထွေးတွေကို သူ့ရဲ့ အသိစိတ်နှင့်င့် ရှင်းလင်းနေခဲ့ပြီးကုယန်ကျန်းရဲ့အမိန့်ကိုကြားတော့လည်း လိုက်နာခဲ့တယ်။  ဒါ့အပြင်… သူ သူ့ရဲ့ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးပြီး ဗိုလ်ချုပ်ကြီးဆီမှာ အလုပ်တစ်ခုရဖို့အတွက် လေးလေးနက်နက် တောင်းဆိုနေချိန်မှာ တစ်ဖက်လူက ထပ်ခါတလဲလဲ ငြင်းဆန်နေခဲ့ပြီး နောက်ဆုံးမှာ ဗိုလ်ချုပ်ကြီးရဲ့ဇနီးဖြစ်ပေးဖို့ကို တောင်းဆိုခဲ့တယ်။

 

ဒီလိုမျိုး သိသာထင်ရှားလွန်းတဲ့ အပေါက်ကြီးတွေရှိနေခဲ့ပေမဲ့ သူကတော့ အခုချိန် ကျမှသဘောပေါက်သွားခဲ့တယ်။ သူ့ရဲ့စွမ်းရည်က သူ့ဦးနှောက်ကို သံချေးတက်သွားအောင်လုပ်ခဲ့တာများလား။

 

ခြင်္သေ့ချီကခေါင်းကို လက်ဖဝါးတွေထဲမှာ မြှုပ်ထားရင်း နှာမှုတ်လိုက်တယ်။

 

ဗိုလ်ချုပ်ကြီးရဲ့ဇနီးတဲ့လား ငါ့ဖင်ပဲ!

 

သူကတော့ ငွေရှာဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ခြင်္သေ့နှင့် သစ်ပင်တို့ အသက်ရှင်နေထိုင်ရန်အတွက် ဂြိုလ်ငယ်လေးတစ်လုံးဝယ်ရန် ဂြိုဟ်သိမ်ခါးပတ်ဆီကို သွားဖို့အတွက်တောင် စီစဉ်နေခဲ့တာလေ!

 

ကုယန်ကျန်းရဲ့ နှုတ်ခမ်းတွေက တိတ်တဆိတ် ကွေးညွှတ်သွားခဲ့ပြီး ခြင်္သေ့လက်ဖဝါးလေးတွေကို ဆွဲဖယ်လိုက်တယ်။

 

  ကြက်သွန်နံရိုး မစားဘူးလား

 

မစားဘူး!

 

သူ စိတ်ဆိုးနေတယ်။

 

အရသာသုံးမျိုးကြက်သားရော? ကြက်သားဆားငံ? ကောက်ညှင်းကြက်သား?

 

မစားဘူး!

 

သူ စိတ်ပျက်လက်ပျက်ဖြစ်နေတာနော်!

 

ဇီယာအရသာ သိုးသားကင်?

 

“…စားမယ်!”

 

သူ ဗိုက်ဆာနေပြီ။

 

ခြင်္သေ့လေးက သူရဲ့လက်ဖဝါးတွေကို ပြန်ချလိုက်ပြီး သူ့ရဲ့ ပါးစပ်အနီးသို့ရောက်လာတဲ့သိုးသားလေးတစ်တုံးကို ကိုက်ဝါးလိုက်တယ်။

 

အရသာရှိတဲ့ အသားတစ်လုပ်ကို မျိုချပြီးနောက် ချီကျွင့် ကုယန်ကျန်းရဲ့ လက်မောင်းမှတဆင့် သူ့ရဲ့ပုခုံးဆီသို့ ကုတ်တွယ်ပြီး တက်သွားလိုက်တယ်။

 

ဒီလိုဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်နှင့် ခေါင်းတွေက ကုယန်ကျန်းရဲ့ မျက်နှာနဲ့ နီးကပ်နေလိမ့်မယ်။

 

ကုယန်ကျန်းက နံရိုးတစ်ပိုင်းကို ညှပ်ထားတဲ့တူနဲ့ ချီကျွင့်အနားကို တိုးကပ်ပေးလိုက်တယ်။

 

ခြင်္သေ့လေးက ပါးစပ်ကိုဖွင့်ပြီး မေးလာခဲ့တယ်။

 

ယန်ကျန်းကျန်း ခင်ဗျား ဒီမှာရောက်နေတာ ဘယ်လောက်ကြာပြီလဲ

 

တစ်ရက်နှစ်ရက်အတွင်းမှာ စစ်ဗိုလ်ချုပ်ကြီးဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။

 

ကုယန်ကျန်းက သူ့ရဲ့ လက်ကိုမြှောက်လာပြီး အကောင်ငယ်လေးရဲ့နဖူးကို နှစ်ကြိမ်ပုတ်လိုက်တယ်။

 

“သိပ်မကြာသေးပါဘူး”

 

သူ့ရဲ့  ကျန်ရှိနေတဲ့တစ်သက်တာလုံး ဒီခြင်္သေ့နဲ့ အတူရှိနေရသရွေ့တော့ ထိုအချိန်တွေက မကြာပါဘူး။

 

ခြင်္သေ့လေးက သူ့ရဲ့ခန္ဓာကိုယ်ကို တစ်ဖက်သို့လှည့်ကာ သူ့ရဲ့လက်ဖဝါးနှစ်ဖက်နှင့် ကုယန်ကျန်းရဲ့လည်ပင်းကို ပွေ့ဖက်လိုက်တယ်။

 

သူရဲ့ခေါင်းလေးက ကုယန်ကျန်းရဲ့ ခေါင်းနောက်ဘက်သို့ ပွတ်သပ်နေရင်း ဗလုံးဗထွေးနဲ့ ပြောလာတယ်။

 

“ခင်ဗျားလည်းစားလေ”

 

အကွာအဝေးအနည်းငယ်ခြားတဲ့နေရာမှာရှိနေတဲ့ စက်ရုပ်အိုကြီးကတော့ ခြင်္သေ့လေးက  ဗိုလ်ချုပ်ကြီးရဲ့ လည်တိုင်ကို ပွေ့ဖက်ထားကာ ဗိုလ်ချုပ်ကြီးက ကမ္ဘာဦးသစ်ပင်ကြီး ရဲ့ သစ်ကိုင်းတွေပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။

 

ကြည့်ရတာ ဒီနေရာမှာ အာဏာအရှိဆုံးလူက သူ့ရဲ့သခင်ဗိုလ်ချုပ်ကြီးဖြစ်ပုံပဲ။

 

မနေ့တုန်းကတော့  မိသားစု သုံးယောက်အတူထွက်ခွာသွားမယ်ဆိုတဲ့ အစီအစဉ်က ပျက်စီးသွားရတာ ဖြစ်နိုင်တယ်။ဒါဆို သူသည်လည်း အဝယ်မခံရတော့ဘူးလို့  ယူဆနိုင်တယ်။

 

ဆိုလိုတာက သူ့ကို စက်ရုံဆက်တင်တွေဆီသို့ အချိန်မရွေး ပြန်လည်ပြောင်းလဲလိုက်တာမျိုး ဖြစ်လာနိုင်တယ်!

 

…သူ့ရဲ့မီးတွေက ရုတ်တရက် မှိန်ကျသွားတော့တယ်။

 

 

 

ဟင်းပွဲပေါင်းတစ်ရာ။ လူတစ်ယောက်နှင့် ခြင်္သေ့ပေါက်လေးတစ်ကောင်တို့က ဒါတွေအားလုံးကို မစားနိုင်တာသေချာပေါက်ပဲ။

 

ကမ္ဘာပျက်ခေတ်ကာလမှ ရောက်ရှိလာသူတွေအနေနဲ့ ဒီလိုအစားအသောက်မျိုးကို အနည်းအကျဥ်းလောက်တောင် ဖြုန်းတီးမပစ်နိုင်ဘူး။ ဒီတော့ ခြင်္သေ့လေးက ဒါတွေအားလုံးကို မြေသြဇာ အဖြစ်ပြောင်းလဲလိုက်ဖို့ အကြံပြုလာတယွ။

 

ကုယန်ကျန်းရဲ့ ပါးစပ်ထောင့်တွေက လှုပ်ယမ်းသွားရပြီး အဝေးနေရာဆီမှ မှိန်ပြပြအလင်းတွေထုတ်လွှတ်နေတဲ့ စက်ရုပ်ဆီသို့ လက်ဝှေ့ရမ်းလိုက်တယ်။

 

စက်ရုပ်အိုကြီးက သူ့ရဲ့ စက်ရုပ်လက်တွေနှင့် လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာတွေကို ချက်ခြင်း ဖြုတ်ချလိုက်ပြီး ပြန်ပြေးသွားခဲ့တယ်။

 

သခင်.. ဘာများအမိန့်ပေးစရာရှိပါသလဲ

 

အရင်တုန်းကလိုမျိုး စက်သံနဲ့ တူနေတုန်းပဲဆိုပေမယ့် ဘာလို့ သူ့ရဲ့ ပိုင်ရှင်ကို မြှောက်ပင့်ချင်နေတဲ့ပုံပေါက်နေရတာလဲ။

 

ကုယန်ကျန်း စဉ်းစားလိုက်မိတယ်။

 

စက်ရုပ်အိုကြီးရဲ့ ဒေတာတွေကတော့ တုန်ယင်သွားရလေတယ်။

 

ခြင်္သေ့လေးက ထူးဆန်းတာကို တွေ့တော့ မေးလိုက်တယ်။

 

ဘာမှားနေလို့လဲ?

 

 

 

ကုယန်ကျန်းက သူ့ရဲ့ လက်ဖဝါးလေးတွေကိုဖြစ်ညှစ်ရင်း စက်ရုပ်အိုကြီးဆီကို ထပ်မကြည့်တော့ဘူး။ သူက ထိုအစားအသောက်တွေကိုသာ ရှင်းလင်းဖို့ ပြောလိုက်တယ်။

 

စက်ရုပ်အိုကြီးက ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ကာ အရာအားလုံးကို သိမ်းဆည်းနိုင်လောက်တဲ့ ဆိုဒ်လွန် သိုလှောင်ခန်းတစ်ခုကို ယူလာခဲ့တယ်။

 

ဒီခေတ်ရဲ့ အစားအသောက်ထိန်းသိမ်းမှုနည်းပညာက ပိုမိုအဆင့်မြင့်လာပြီး ဒီအထဲမှာ သိမ်းဆည်းထားမယ်ဆိုရင် ဆယ်စုနှစ်တစ်ခုလောက်အထိ အာဟာရတန်ဖိုးဆုံးရှုံးသွားခြင်းမရှိသလို အရသာလည်း ပျက်စီးသွားမှာ မဟုတ်ဘူး။