Ch 25
Viewers 2k

(25) 


လင်းကျစ်မူတစ်ယောက် သူ ငှားရမ်းလိုက်တဲ့ မစ်ရှင်က ကျရှုံးခဲ့ကြောင်း ကြားလိုက်ရချိန်မှာ မျက်နှာတစ်ခုလုံး စိမ်းဖန့်သွားခဲ့တယ်။


သူ့ရဲ့ ပုံမှန် နူးညံ့ညင်သာတဲ့ မျက်နှာထားက တွန့်လိမ်သွားခဲ့ရပြီး လက်ထဲမှာရှိနေတဲ့ လိပ်ပြာဘုရင်မသားရဲကတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိတယ်။ 


ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။


“လေးစားရပါသော ဖောက်သည်.. ခင်ဗျားဘက်က ပေးထားတဲ့ အချက်အလက်တွေက ဆိုးဆိုးရွားရွားကို မှားယွင်းနေပါတယ်.. ပစ်မှတ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက မနိမ့်ပါဘူး.. ခင်ဗျားအနေနဲ့ ဒီမစ်ရှင်ကို ဒါကို ကျွန်တော်တို့ဆီမှာ ထပ်ပြီး ငှားရမ်းအပ်နှံချင်ဦးမယ်ဆိုရင်တော့ စျေးနှုန်းကို ကြယ်ဒင်္ဂါး သန်း (30) အထိ တိုးပေးရပါလိမ့်မယ်”


လင်းကျစ်မူ သူ့လက်မှ သားရဲရေးထွင်းတဲ့ဘောပင်ကို ချိုးလိုက်မိပြီး သူလက်ခံရရှိခဲ့တဲ့ စာကို စိုက်ကြည့်နေခဲ့တယ်။ 


“တောရိုင်းကြယ်ကနေ ရောက်လာတဲ့ကလေးတစ်ယောက်ကို ပြန်ပေးဆွဲဖို့အတွက် မင်းတို့က သန်း (30) တောင် တောင်းနေတယ်ပေါ့လေ.. မင်းတို့က တကယ့်ကို သတ္တိကောင်းလွန်းနေတာပဲ!”


“ခင်ဗျားအနေနဲ့ စျေးနှုန်းကို မတိုးပေးချင်ဘူးဆိုရင်တော့ လုပ်ငန်းကို ဆိုင်းငံ့ထားမှာဖြစ်ပြီး ကြိုတင်ပေးထားတဲ့စရံငွေကိုလည်း ပြန်အမ်းမှာ မဟုတ်ပါဘူး.. ဒါပေမယ့် ခင်ဗျားကို တစ်ခုပြောချင်တာက ပစ်မှတ်က ခင်ဗျားပြောသလိုမျိုး သေးနုတ်လွန်းတဲ့လူတစ်ယောက် မဟုတ်ပါဘူး”


“မင်းက သူ့ရဲ့နောက်ကြောင်းကိုသိလို့လား”


“အဲဒါကိုတော့ မသိပါဘူး.. ကျွန်တော်တို့တွေ ပစ်မှတ်ရဲ့ အထောက်အထားနှင့်ပတ်သက်တဲ့ ဘယ်လို အချက်အလက်ကိုမှ ရှာမတွေ့ခဲ့ဘူး.. ခင်မင်ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုကို အခြေခံပြီး ကျွန်တော် ခင်ဗျားကို ကြည့်ခိုင်းစရာ တစ်ခုတော့ ရှိတယ်”


ထို့နောက်မှာတော့ ဘင်ကျစ်မူ 3D ဗီဒီယိုတစ်ခုကို လက်ခံရရှိခဲ့တယ်။ ထိုဗီဒီယိုထဲမှ လူကတော့ လင်းကျစ်မူမှ တောရိုင်းကြယ်တစ်ခုကနေရောက်ရှိလာတာလို့ သတ်မှတ်ထားခဲ့တဲ့ ချီကျွင့်ပဲ။


လင်းကျစ်မူ ချက်ချင်းပဲ လေးလံသွားရတယ်။ 


ထိုသူက သူ့ရဲ့မျက်နှာပေါ်မှ သတ္တုမျက်နှာဖုံးကို ဖယ်ရှားခဲ့တဲ့အချိန်မှာ အတော်လေး ချောမောကြောင်း တွေ့မြင်ရနိုင်တယ်။ သူက သိသာထင်ရှားစွာနဲ့ လူငယ်လေးတစ်ဦးဖြစ်နေတယ်ဆိုပေမဲ့ ဆန့်ကျင်ဘက်မှာရှိနေတဲ့ စက်ရုပ်သားရဲကို တည်ငြိမ်စွာကြည့်နေတုန်းမှာ နှုတ်ခမ်းထောင့်တွေက အနည်းငယ် ကွေးညွတ်နေခဲ့တယ်။


ထိုလူငယ်က သူ့ကိုတိုက်ခိုက်နေတဲ့ စက်ရုပ်သားရဲများကို ပေါ့ပါ့ပါးပါးနဲ့ လွတ်လပ်စွာ ကိုင်တွယ်ဖြေရှင်းနေခဲ့ပြီး ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ စက်ရုပ်သားရဲတွေကို ထိုးနှက်ချက်အနည်းငယ်လောက်နဲ့ ရှင်းလင်းခဲ့တယ်။


လင်းကျစ်မူရဲ့ လည်ချောင်းက လှုပ်ရှားသွားရတယ်။


“သန်း ၃၀!”


“ကောင်းပါပြီ ချစ်ခင်ရတဲ့ ဖောက်သည်.. ပျော်ရွှင်ဖွယ်ရာ ပူးပေါင်းဆောင်ရွက်မှုပါ!”


ထိုအချိန်မှာ ချီကျွင့်ကတော့ ကုယန်ကျန်းရဲ့ လက်ကောက်ဝတ်မှာ တွယ်ချိတ်ရင်း အဆောက်အအုံပုံစံ ဒါဇင်များစွာကို လေ့လာနေခဲ့တယ်။


စက်ရုပ်အိုကြီးက အနားကို ရောက်လာခဲ့တယ်။


“သခင်.. သခင်လိုချင်တဲ့ ကွမ်တမ်ကွန်ပြူတာရပါပြီ”


ကုယန်ကျန်းက ကွမ်တမ်ကွန်ပြူတာကို လှမ်းယူလိုက်ပြီး ခြင်္သေ့လေးရဲ့ လက်ဖဝါးကို သူ့ရဲ့ သစ်သားစွမ်းရည်နှင့် ဆုတ်ကိုင်ရင်း ကွမ်တမ်ကွန်ပြူတာကို သူ့လက်ပေါ်မှာ တင်လိုက်တယ်။ 


ကွမ်တမ်ကွန်ပြူတာက စတင်ပွင့်လာခဲ့ပြီး စကင်န်ဖတ်လာခဲ့ကာ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များကို လော့ချလိုက်တယ်။


ခြင်္သေ့လေးက သူ့ရဲ့လက်ကို တွန်းထုတ်ကြည့်လိုက်တယ်။ ကွမ်တမ်ကွန်ပြူတာက ပေါ့ပါးပြီး သူ့ရဲ့လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်မပေးတာကိုမြင်တော့ ဂရုမစိုက်တော့ဘူး။


ကွမ်တမ်ကွန်ပြူတာမှ စကင်န်ဖတ်ထားတဲ့ မျိုးရိုးဗီဇစစ်ဆေးမှုအပေါ်မှာ ကုယန်ကျန်းက သူ့ရဲ့အထောက်အထားဖြစ်တဲ့ တောရိုင်းကြယ်ပွင့်နဲ့ တူညီတဲ့နေရာမှ လာခဲ့တာဖြစ်ကြောင်း ချီကျွင့်အတွက် အလျင်အမြန် ဖန်တီးထားခဲ့တယ်။ 


သူ ပြီးစီးသွားတဲ့အချိန်မှာ ခြင်္သေ့လေးက ဘယ်လိုအိမ်အမျိုးအစားကိာ ရွေးရမလဲဆိုတဲ့အပေါ်မှာ စိုးရိမ်နေသေးတာကို တွေ့တော့ ခြင်္သေ့လေးရဲ့ ခေါင်းကိုပွတ်သပ်ပေးလိုက်တယ်။


“သွားအိပ်ကြမယ်.. မနက်ဖြန်မှ ဆက်ရွေးလိုက်တော့”


ခြင်္သေ့လေးက ခေါင်းထောင်ပြီး ညွှန်ပြလာတယ်။ 


“ဒီတစ်ခု”


ကုယန်ကျန်းက ကြည့်တောင် မကြည့်ခဲ့ဘဲ တိုက်ရိုက် ခေါင်းညိတ်လိုက်တယ်။ တစ်ဖက်မှ စက်ရုပ်အိုကြီးကလည်း အလျှင်အမြန်မှတ်သားပြီး ပြန်ထွက်သွားခဲ့လေတယ်။


ထိုအချိန်မှာဘဲ စက်ရုပ်အိုကြီးရဲ့ပင်ကိုယ်ပရိုဂရမ်တွေက ဗိုလ်ချုပ်ကြီးရဲ့ရုံးဌာနအဖြစ် သတ်မှတ်နိုင်တဲ့ ဗိုလ်ချုပ်ကြီးရဲ့အိမ်အနီးတစ်ဝိုက်ဝိုက်မှာ ထူးဆန်းတဲ့ လျှပ်စစ်သံလိုက်အတက်အကျနှုန်းထားကို ရှာဖွေတွေ့ရှိခဲ့တယ်။


စက်ရုပ်အိုကြီးရဲ့ မီးရောင်က ချက်ချင်းပဲ မှောင်မည်းသွားပြီး စက်လက်နတ်ကိရိယာတွေ တပ်ဆင်ထားတဲ့ စက်ရုပ်လက်(၁၀)ချောင်းကို ဆန့်ထုတ်လိုက်လေတယ်။


သူ့ရဲ့ ခန္ဓာကိုယ်က ဗိုလ်ချုပ်ကြီးရဲ့ရုံးခန်းသို့ ခိုးကြောင်ခိုးဝှက်ဝင်ရောက်ချင်နေတဲ့ သေးငယ်သော ဉာဏ်ရည်မြင့်စူးစမ်းရှာဖွေစက်ပစ္စည်းတွေဆီကို တိတ်တဆိတ် ပျံသန်းသွားခဲ့ခဲ့တယ်။စက်ရုပ်အိုကြီးက မြင့်မားတဲ့ဖွဲ့စည်းပုံနှင့်တည်ဆောက်ထားတဲ့ ဉာဏ်ရည်မြင့် စူးစမ်းရှာဖွေစက်သုံးခုရဲ့အနားသို့ မျက်စိတစ်မှိတ်အတွင်း တိတ်တဆိတ်ရောက်ရှုသွားခဲ့ပြီး ထိုစက်ပစ္စည်းတွေကို ဖျက်ဆီးလိုက်ကာ အကြွင်းအကျန်တွေကိုတောင် ချန်ထားခဲ့ခြင်းမရှိခဲ့ဘူး။


ခြင်္သေ့ငယ်လေးက ဒါကိုမြင်တော့ ပါးစပ်အနည်းငယ် ပွင့်ဟသွားခဲ့တယ်။


...စက်ရုပ်အိုကြီးက သူထင်ထားတာထက် လုပ်ဆောင်ချက်တွေ အများကြီး ပိုရှိပုံရတယ်။ ကုယန်ကျန်းက သူ့ရဲ့မေးစေ့ကိုကုတ်ခြစ်ပေးရင်း ပါးစပ်ကို ကူပိတ်ပေးလိုက်တယ်။


ခြင်္သေ့ချီကတော့ သူ့ရဲ့ လက်ဖဝါးလေးနဲ့ ကုယန်ကျန်းကို ပြန်လည်တွန်းထုတ်ကာ စက်ရုပ်အိုကြီးကိုစိုက်ကြည့်ရင်း တွေးတောနေခဲ့တယ်။


... ဒါဆို စစ်မှန်တဲ့ တိုက်ခိုက်ရေးကတ်တွေမှာ ဒီလိုလက်နက်မျိုးတွေ ပေါင်းထည့်ပြီးတပ်ဆင်ထားတာလား။


သူတို့ဘက်ကို ပြန်လာနေပြီဖြစ်တဲ့ စက်ရုပ်အိုကြီးက နားမလည်နိုင်တဲ့ အတွေးအခေါ်မျိုးနဲ့ တုန်လှုပ်သွားရပြီး သူ့ရဲ့ စက်လက်ချောင်းတွေကို လျင်မြန်စွာ ပြန်လည်ရုတ်သိမ်းလိုက်မိတယ်။


သူ့ရဲ့ဒုတိယသခင်က သူ့ကို တစ်စစီ ဖြိုဖျက်ချင်နေသလိုမျိုး ကြည့်နေသလိုပဲနော်။


နာရီဝက်လောက်ကြာပြီးနောက် လင်းကျစ်မူက မက်ဆေ့ခ်ျတစ်စောင် ထပ်မံရရှိခဲ့တယ်။


“ချစ်လှစွာသော ဖောက်သည်.. ခင်ဗျားရဲ့ မစ်ရှင်က စျေးနှုန်းထပ်ပြောင်းရမှာကို စိုးရိမ်မိတယ်”


လင်းကျစ်မူက ခုတင်ပေါ်မှာ လဲလျောင်းနေခဲ့ပြီး မျက်နှာက လုံးဝ မည်းမှောင်နေခဲ့ပြီ။


“ဒီတစ်ခါက ဘာဖြစ်တာလဲ”


“ပစ်မှတ်က ဗိုလ်ချုပ်ကြီးယန်ရဲ့ နေအိမ်ဝန်းကျင်မှာ ပျောက်သွားခဲ့တယ်.. သူက ဗိုလ်ချုပ်ကြီးနှင့် အမျိုးအမည်မသိရတဲ့ ဆက်ဆံရေးရှိနေလိမ့်မယ်လို့ ယူဆရပါတယ်.. တကယ်လို့ ခင်ဗျားသာ ဒီမစ်ရှင်ကို ဆက်လက်ဆောင်ရွက်စေချင်တယ်ဆိုရင် စျေးနှုန်းက ကြယ်ဒင်္ဂါး သန်း (၅၀) အထိ ထပ်တိုးပေးမှ ဖြစ်လိမ့်မယ်.. ခင်ဗျား ဆက်လုပ်ချင်သေးလား”


လင်းကျစ်မူ စျေးနှုန်းပမာဏကို ကြည့်ပြီး အသက်ရှူရပ်လုမတတ်ဖြစ်သွားရတယ်။ သူ့ရဲ့ ပထမဆုံးသော ကော်မရှင်စျေးနှုန်းက ကြယ်ဒင်္ဂါးငါးသန်းပမာဏပဲ ရှိတာလေ။


ထိုအချိန်မှာတုန်းက ထိုကြေးစားအဖွဲ့အစည်းမှ အမည်မသိကလေးတစ်ယောက်ကို ပြန်ပေးဆွဲရုံလောက်အတွက် ဒီလောက်ထိဈေးကြီးတဲ့ပမာဏပေးဖို့ မလိုအပ်ကြောင်း ပြောခဲ့တယ်။


သို့ပေမယ့် ပြန်ပေးဆွဲမှုကို ချောမွေ့စေရန်အတွက် လင်းကျစ်မူက တမင်တကာ စျေးငါးသန်းအထိ မြှင့်ပေးခဲ့တာ။


အခုတော့ (၁၀)ဆတောင် တိုးလာခဲ့တာလား။ ဘာကို အမည်မသိကောင်လေးကို ပြန်ပေးဆွဲတာလဲ? 


ဒါက မျိုးရိုးမြင့်မိသားစုက ကလေးတစ်ယောက်ကို ပြန်ပေးဆွဲတဲ့ စျေးနှုန်းဖြစ်နေပြီ။


လင်းကျစ်မူ တည်ငြိမ်စေရန် ကြိုးစားလိုက်တယ်။


“မင်း ငါ့ကို ပို့လိုက်တဲ့ ဗီဒီယိုထဲမှာ သူက အခမဲ့ အများပြည်သူစီးယာဥ်ကို စီးပြီးတော့ တွန်းလှည်းတစ်ခုကို တွန်နေခဲ့တယ်.. သူက ဉာဏ်ရည်မြင့် စက်ရုပ်တွေ လုပ်ဆောင်နိုင်တဲ့ အလုပ်တွေကို လုပ်နေခဲ့တာမလား”


“အင်း ခင်ဗျားပြောတာမှန်ပါတယ်”


လင်းကျစ်မူ မနှစ်မြို့စွာ ပြောလိုက်တယ်။


“အဲဒီလူက ဗိုလ်ချုပ်ကြီးနဲ့ ဘယ်လို ပတ်သက်မှု ရှိနိုင်မှာလဲ.. အများဆုံး သူက ဗိုလ်ချုပ်ကြီဆီကို ပစ္စည်းတွေပို့ပေးနေရုံပဲ”


“သန်း ၅၀”


လင်းကျစ်မူ အသက်ပြင်းပြင်းရှူလိုက်တယ်။ 


“ကောင်းပြီ ..မနက်ဖြန်ည မတိုင်ခင် လူကို လိုချင်တယ်”


“သဘောတူတယ်”


ချီကျွင့် ညအိပ်ရာမဝင်ခင်မှာပဲ လူသားအဖြစ် ပြန်လည် ပြောင်းသွားခဲ့တယ်။


သူရေချိုးပြီးနောက် သူ့ရဲ့ နူးညံ့တဲ့ ဆံပင်တွေကို ရေချိုးခန်းသုံးတဘက်နဲ့ သုတ်ကာ အိပ်ခန်းထဲကို ပြန်ဝင်လာခဲ့တယ်။


သူ သမ်းဝေလိုက်ရင်း ခုတင်ပေါ်မှာ လှဲချကာ လူးလှိမ့်နေတုန်းမှာဘဲ သူ့ရဲ့နောက်ဘက်မှ အသံတစ်ခုကိုကြားလိုက်ရတယ်။


ခေါင်းအုံးကိုကိုင်ထားတဲ့ ချီကျွင့်တ၀်ယောက် ရုတ်တရက် ထထိုင်လိုက်ပြီး ကုယန်ကျန်းကို လှည့်ကြည့်လိုက်တယ်။


“ခင်ဗျား ဘာပြောလိုက်တာလဲ?”


ကုယန်ကျန်းရဲ့ မျက်လုံးအကြည့်တွေက တစ်စုံတစ်ယောက်ရဲ့ ရေချိုးပြီးကာစ အနည်းငယ်နီရဲနေတဲ့ခြေဖဝါးလေးတွေဆီကနေ မျက်နှာဆီသို့ ကူးပြောင်းသွားခဲ့တယ်။


ထို့နောက် နီရဲနေတဲ့နှုတ်ခမ်းတွေနှင့် အမှတ်မထင် ထွက်ပေါ်လာတဲ့ လျှာဆီကိုပါ ရောက်ရှိလာခဲ့တယ်။ 


ထိုနေရာက ဘယ်လောက်တောင် နူးညံ့ပြီး ချိုမြိန်နေမလဲဆိုတာကို သူ စိတ်ကူးကြည့်နိုင်တယ်။ တကယ်လို့ရောဂါကြောင့်သာမဟုတ်ခဲ့ရင် ဒီလူကို သူ့ရဲ့လက်မောင်းထဲကို ဆွဲသွင်းဖို့ အတွက် သူ့မှာရှိတဲ့ခွန်အားတွေအားလုံးကို သုံးမိလိမ့်မယ်။


သို့သော်လည်း အခုချိန်မှာ သူရဲ့ခန္ဓာကိုယ်အတွင်းမှ ပြင်းပြတဲ့ လိုအင်ဆန္ဒတွေကို ဖြိုခွင်းပြီး လျစ်လျူရှုဖို့ရန်အတွက် သူ့ရဲ့သစ်သားစွမ်းရည်ကို ဆက်လက်အသုံးပြုကာ ကြိုးစားနေတုန်းပဲ။


ကုယန်ကျန်း ညို့မှိုင်းစွာနဲ့ အဝေးကို အကြည့်လွှဲဖို့ ရုန်းကန်လိုက်ရတယ်။


သူက ချီကျွင့်ရဲ့ ရေချိုးပြီးလို့ ရှုပ်ပွနေတဲ့ ဆံပင်တွေကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်တယ်။


“ကိုယ်တို့တွေ ခွဲပြီးအိပ်ဖို့ ပြောတာ. မင်းနေကောင်းမလာခင်မှာ သားရဲဗီဇတွေ ထွက်ပေါ်လာမှာကို တားဆီးဖို့အတွက်...”


သူ စကားပြောလို့မပြီးသေးခင်မှာပဲ ခုတင်ပေါ်မှာရှိတနေတဲ့ လူငယ်လေးက ခေါင်းကိုငုံ့သွားခဲ့ပြီး ပုံမှန်မဟုတ်စွာနဲ အပြုအမူကောင်းရှိတဲ့ကလေးတစ်ယောက်လို ပြုမူနေတာကိုတွေ့လိုက်ရတယ်။ချီကျွင့်ကတော့ ခေါင်းငုံ့ပြီး အပြင်းအထန် တွေးတောနေခဲ့တယ်။


ကမ္ဘာပျက်ကာလအတွင်းမှာ သူတို့တွေ ရိက္ခာနဲ့အထောက်အပံ့ပစ္စည်းစုဆောင်းရန်အတွက် အချိန်တိုင်းနီးပါး တိုက်ခိုက်နေခဲ့ကြပြီး သူနဲ့ ကုယန်ကျန်းတို့ နှစ်ယောက်တည်း အတူရှိတဲ့မှာ အလွန်အမင်း တဲ့တိုးဆန်ခဲ့တယ်။


သူတို့နှစ်ယောက်လုံးက ယောက်ျားသားတွေဖြစ်ပြီး သူတို့လိုချင်တာကိုမသိဘဲမနေဘူးလေ။


ဒီတော့ သူ့ကိုယ်သူ အာရုံပြောင်းဖို့အတွက် တခြားတစ်ခုခုကို တွေးတောရန် တွန်းအားပေးနေရတာက အတော်လေး သက်သောင့်သက်သာမရှိဖြစ်စေလိမ့်မယ်။ 


ဥပမာအားဖြင့် ကုယန်ကျန်းရဲ့ စွမ်းရည်နှစ်ခုက ပြီးခဲ့တဲ့အချိန်ငါးနှစ်အတွင်းမှာ တိုးတက်လာခဲ့ပြီး သူနိုးမထနိုင်လုနီးပါး အချိန်တွေက ..


ထို့နောက် ခုတင်ပေါ်မှလူက ခြင်္သေ့လေးတစ်ကောင်အဖြစ်သို့ လျင်မြန်စွာပြောင်းလဲသွားတော့တယ်။ သူက နားရွက်ကိုလှုပ်ရင်း ခေါင်းကို မော့လိုက်တယ်။


အဖြူရောင်ခေါင်းအုံးကြီးရဲ့တစ်ဖက်မှာရှိနေတဲ့ ခြင်္သေ့ချီက သူ့ရဲ့ လက်ဖဝါးကို ကုယန်ကျန်းဆီသို့ ဆန့်ထုတ်လိုက်ပြီး ပယင်းရောင်မျက်လုံးတွေနဲ့ တစ်ဖက်လူကို စိုက်ကြည့်နေခဲ့တယ်။


“ဖက်ပေး”


ခုတင်ဘေးမှာ မတ်တပ်ရပ်နေတဲ့လူကတော့ သူ့ရဲ့အာရုံကိုဆွဲဆောင်နေတဲ့လူပျောက်ကွယ်သွားတာကို တွေ့လိုက်ရပြီး သတိလက်လွတ်နဲ့ လက်ကိုဆန့်ထုတ်လိုက်မိတယ်။


ထို့နောက် ခြင်္သေ့လေးကို ကောက်ကိုင်ချီလိုက်ပြီး သူ့ရဲ့ ပုခုံးတစ်ဖက်မှာတင်ကာ ပွေ့ဖက်လိုက်တယ်။


ချီကျွင့်က သူလိုချင်တာကို ရသွားပြီဖြစ်လို့ စိတ်ပျော်ရွှင်သွားခဲ့ကာ ကုယန်ကျန်းရဲ့လည်ပင်းကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက် စိတ်အားထက်သန်စွာနှင်င့် မျက်လုံးမှိတ်လိုက်လေတယ်။


သူ့မိသားစုရဲ့ခြင်္သေ့စကားကို နားထောင်တဲ့ ကုယန်ကျန်းတစ်ယောက် ဟောက်သံသဲ့သဲ့ကိုကြားလိုက်ရတယ်။


“......”


တစ်စုံတစ်ယောက်က အိပ်ချင်ယောင်ဆောင်နေတာ ထင်ရှားတယ်။ 


ကုယန်ကျန်းဆီမှာ ခြင်္သေ့လေးရဲ့လက်ဖဝါးကို ဖယ်ရှားရန်အတွက် မရေမတွက်နိုင်တဲ့ နည်းလမ်းတွေရှိတယ်။ သို့ပေမယ့်ခြင်္သေ့ငယ်လေးက သူ့ရဲ့လက်ဖဝါးလေးတွေနဲ့ ပွေ့ဖက်ထားကြောင်းကိုတွေးမိတော့ ကုယန်ကျန်းက တိတ်တဆိတ်သာာ ရယ်မောလိုက်ပြီး ခြင်္သေ့လေးရဲ့အမြီးကို အသာဆွဲညှစ်ရင်း ခြင်္သေ့လေးနှင့်အတူ ခုတင်ပေါ်မှာ လဲလျောင်းလိုက်တယ်။


ခြင်္သေ့လေးက စိတ်ကျေနပ်စွာ လှုပ်ရှားလိုက်ပြီး သူ့ရဲ့လက်ဖဝါးနဲ့ဆုတ်ကိုင်ထားတာကို ပြန်လွှတ်ပေးလိုက်ပြီး မျက်လုံးမှိတ်လိုက်တယ်။ 


ထို့နောက် သူ့ရဲ့စိတ်ထဲသို့ အတွေးတစ်ခု ဝင်လာခဲ့ပြီး စိတ်ရှုပ်ထွေးသွားရတယ်။


“ယန်ကျန်းကျန်း.. ခင်ဗျားရဲ့သားက အိတ်ထဲမှာ ရှိနေတုန်းပဲ...”


ကံကောင်းထောက်မစွာနှင့် ဒါလေးက ပျိုးပင်ဖြစ်နေပြီး မြေနှင့်ရေသာရှိနေရင်င် အသက်ရှင်နေနိုင်တယ်။ မဟုတ်ရင် သူ ဗိုက်ဆာနေလိမ့်မယ်။


ထိုအချိန် အပေါ်ဘက် မျက်နှာပြင်ပေါ်မှာတော့ ခြင်္သေ့ပျိုးပင်ငယ်လေးက သူ့ရဲ့ခြင်္သေ့ပါးပါးရဲ့ကျောပိုးအိတ်ထဲမှာ အထီးကျန်စွာရှိနေခဲ့တယ်။ သူ့ရဲ့ သစ်သားခြေဖဝါးလေးတွေက အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် လှုပ်ရှားနေခဲ့တယ်။ 


သို့ပေမဲ့ သူ့အနေနဲ့ ဒီစမတ်ကျောပိုးအိတ်ကို အပြင်ဘက်မှဖွင့်လို့မရဘူး!


ကျောပိုးအိတ်ရှေ့မှာ ရပ်နေတဲ့ စက်ရုပ်အိုကြီးကတော့ တစ်ကြိမ်ပြီးတစ်ကြိမ်လှုပ်ရှားနေတဲ့ ကျောပိုးအိတ်ကို ကြည့်ရင်း သူ့ရဲ့ဒေတာတွေက ရုန်းကန်နေခဲ့တယ်။


သခင်ဗိုလ်ချုပ်ကြီးက ဒီအပင်ပေါက်လေးကိုလွှတ်ပေးဖို့ အမိန့်မှမပေးခဲ့ဘူး။ ဒါဆို သူ ဒီအပင်ပေါက်လေးကို လွှတ်ပေးလိုက်သင့်လား။ 


မိသားစုသုံးယောက်ရဲ့ လှပတဲ့ စိတ်ကူးယဉ်မှုက ကွဲကြေသွားခဲ့ပေမဲ့ မိသားစုလေးယောက်ရဲ့ စည်းချက်တွေကတော့ ဆက်လက်ဖြစ်ပေါ်နေတုန်းပဲ။


နှစ်စက္ကန့်ကြာအောင် ရုန်းကန်ပြီးနောက် စက်ရုပ်အိုကြီးက သူ့ရဲ့ စက်ရုပ်လက်မောင်းကို ဆန့်ထုတ်လိုက်တယ်။ 


ကျောပိုးအိတ်ပွင့်လာတာကြောင့် အိတ်ထဲမှ ခေါင်းလေး ပြူထွက်လာတဲ့ ခြင်္သေ့ပျိုးပင်လေးကသူ့ဆီကို ချဉ်းကပ်လာနေတဲ့ စက်ရုပ်လက်တံ ကို သူ့ရဲ့ စိမ်းစိုတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်တယ်။


ဒါက သူ့ရဲ့သစ်ပင်အဖေလည်းမဟုတ်သလို ခြင်္သေ့အဖေလည်း မဟုတ်ဘူး...


ခြင်္သေ့ကိုယ်ပွားရဲ့ အသိစိတ်က ဘယ်လို ဉာဏ်ရည်မြင့်စက်ပစ္စည်းကိုမဆို ခုခံချင်နေခဲ့တယ်။


သူ အပြင်ကို မထွက်ချင်ဘူး!


ဒါကြောင့် စက်ရုပ်အိုကြီးရဲ့ တဖျပ်ဖျပ်လင်းနေတဲ့ မီးအလင်းရောင်အောက်မှာ ခြင်္သေ့ပျိုးပင်လေးက စမတ်ကျောပိုးအိတ်ထဲသို့ ပြန်ဆုတ်သွားခဲ့လေတယ်။ ထို့နောက် အိတ်ထဲမှာရှိနေတဲ့ ပန်းအိုးထဲမှ မြေကြီးပေါ်မှာပဲ ပြန်လည် အိပ်နေခဲ့တယ်။


ပထမဆုံးအကြိမ်အဖြစ် စက်ရုပ်အိုကြီးက အံ့သြမိသွားတဲ့ စိတ်ခံစားချက်ကို ခံစားခဲ့ရလေတယ်။


ထို့နောက်မှာတော့ နှစ်မီတာရှည်တဲ့ ကမ္ဘာဦးသစ်ပင်ရဲ့ အကိုင်းအခက်တစ်ခုက ဆန့်ထွက်လာခဲ့ပြီး ကျောပိုးအိတ်ထဲမှ ခြင်္သေ့ပျိုးပင်လေးကို ဆွဲထုတ်ကာ လရောင်အောက်မှာ ချထားလိုက်တာကို သူမြင်လိုက်ရတယ်။


စက်ရုပ်အိုကြီးရဲ့ လုံးဝန်းတဲ့ ခေါင်းမှ မီးရောင်များ လင်းလက်လာခဲ့တယ်။


မင်း...ဘာလို့ စောစောကတည်းက မလုပ်ခဲ့တာလဲ!


**