Ch 26
Viewers 2k

(26) 


နောက်နေ့မနက်စောစောမှာတော့ ချီကျွင့်တစ်ယောက် မျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာ သူသတိလက်လွတ်နဲ့ လူသားအဖြစ် ပြောင်းလဲလိုက်မိပြီဖြစ်ကြောင်း တွေ့လိုက်ရတယ်။


သူ့ချစ်သူရဲ့ ကြံ့ခိုင်သန်မာတဲ့ ရင်ဘတ်ကို အနီးကတ်တွေ့လိုက်ရပြီးနောက်  သူ့ခေါင်းကို လက်နဲ့ လှမ်းထိလိုက်မိတယ်.... မနက်ခင်းဆိုတာက စိတ်လှုပ်ရှားမှုတွေ အဖြစ်ဆုံးသော အချိန်ပဲ။


သူ့ရဲ့ခေါင်းပေါ်မှာရှိတဲ့ ခြင်္သေ့နားရွက်လေးနှစ်ခုကို ထိကိုင်လိုက်မိတော့ အနည်းငယ် ထူးဆန်းနေသလို ခံစားရတယ်။


တစ်ချိန်တည်းမှာပဲ ချီကျွင့်တစ်ယောက် သူ့ရဲ့နောက်ကျောဘက်ဘက် ကုယန်ကျန်းရဲ့ လက်မဟုတ်ဘဲ ကမ္ဘာဦးသစ်ပင်ရဲ့အကိုင်းက ရစ်ပတ်ထားတာကို  တွေ့လိုက်ရတယ်။ ကုယန်ကျန်းရဲ့စွမ်းရည်နှစ်ခုဆီမှ စွမ်းအင်တွေကလည်း သူ့ရဲ့နောက်ကျောမှတဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာခဲ့ပြီး သူရဲ့စွမ်းအင်အူတိုင်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားခဲ့တယ်။


ချီကျွင့်: “…”


ဒီလိုနည်းနဲ့ဆိုရင် သူ့ကိုယ်သူ ဖောက်ကွဲတဲ့ကိစ္စဆိုမျိုး လုံးဝဖြစ်လာတော့မှာမဟုတ်ဘူး။  သူ့ရဲ့ သတ္တုစွမ်းအင်ကို သုံးဖို့အတွက်သာ အနည်းငယ်လောက်ပိုပြီး အချိန်ယူရလိမ့်မယ်။  


ဒါက တကယ့်ကို ကုယန်ကျန်းပဲ ကမ္ဘာပျက်ကတ်ကာလအတွင်းမှာတောင် သူ့ကို စိုးရိမ်ပူပန်မှု အနည်းငယ်လောက်တောင် မရှိစေဘဲ နေခိုင်းခဲ့တဲ့သူပဲ။


ဒီလိုနဲ့ မရိုးသားတဲ့ခြင်္သေ့တစ်ကောင်က တောက်ပတဲ့ မျက်လုံးတွေနဲ့  ခုန်ထလာပြီး တစ်ဖက်လူရဲ့ မြက်ခင်းစိမ်းရနံ့သင်းသင်းလေးရနေတဲ့ နှုတ်ခမ်းတွေကို ကိုက်ဝါးတော့တယ်။


ဗိုလ်ချုပ်ကြီးယန်ကတော့ ခြင်္သေ့လေးဆီမှ အကိုက်ခံရပြီး မျက်လုံးတွေ နီရဲလာရတယ်။  အဆုံးမှာတော့ မထိန်းနိုင်တော့ဘဲ သူ့မိသားစုရဲ့ခြင်္သေ့ကိုပွေ့ဖက်လိုက်ကာ အလွန်နူးညံ့သိမ်မွေ့စွာ နမ်းရှိုက်လိုက်ရင်း တစ်ဖက်လူရဲ့စွမ်းအင်အူတိုင်ကိုလည်း သူ့ရဲ့စွမ်းရည်နှစ်ခုနှင့် တင်းတင်းကြပ်ကြပ် ရစ်ပတ်ချည်နှောင်ထားခဲ့တယ်။


တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ခြေထောက်အောက်ဘက်မှ အမြစ်တွေက တိုးထွက်လာခဲ့ပြီး ကူကယ်ရာမဲ့စွာနဲ့ ရေချိုးခန်းထဲသို့ ဦးတည်သွားခဲ့ကာ အေးစက်တဲ့ ရေတွေထဲမှာ နစ်မြှပ်နေခဲ့ရတယ်။


10 မိနစ်လောက်ကြာတော့ ခြင်္သေ့နားရွက်လေးနှစ်ဖက်နှင့် ချီကျွင့်တစ်ယောက် သူ့ရဲ့ စွမ်းအင်အူတိုင်ကို ကုသရေးစွမ်းအားတွေနဲ့ ဝန်းရံထားရင်းနဲ့ဘဲ ရေချိုးခန်းထဲသို့ ဝင်သွားရကာ  ရေအေးတွေနဲ့ ဆေးကြောလိုက်ရတော့တယ်။ 


မနက်ခင်းရဲ့ စိတ်လှုပ်ရှားတက်ကြွမှုတွေ  လျော့ပါးလာပြီးနောက် ခြင်္သေ့နားရွက်တွေကလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။


သူရဲ့ စွမ်းအင်အူတိုင်မှာ ရစ်ပတ်နေတဲ့ သစ်သားစွမ်းရည်နဲ့ ကုသရေးစွမ်းရည်တို့ကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်။


ချီကျွင့်တစ်ယောက် လန်းဆန်းတက်ကြွစွာနဲ့ ပြန်ထွက်လာခဲ့ပြီး စက်ရုပ်အိုကြီးရဲ့ဘေးနားမှ ဖြတ်သွားစဉ်မှာ သူ့ရဲ့ လုံးဝန်းတဲ့ ခေါင်းပုတ်ပေးလိုက်တယ်။ ဒီစက်ရုပ်အိုကြီးက တစ်ညလုံး အလုပ်ကြိုးစားနေခဲ့ပြီး အခုချိန်မှာ အိမ်အသစ်ရဲ့ ဖောင်ဒေးရှင်းကို  ချလို့ ပြီးသွားခဲ့ပြီ။


မနက်စာစားပြီးသွားတော့ ချီကျွင့် ဘွန်ဆိုင်းပင်ကို မှီရင်းနဲ့ သူ့ရဲ့သားရဲကတ်တွေကို စစ်ဆေးစုစည်းနေခဲ့တယ်။


ကုယန်ကျန်းကတော့ မြေပြင်ပေါ်မှ ပန်းအိုးကို ကောက်ယူလိုက်ပြီး အိပ်ပျော်နေသေးတဲ့ ပျိုးပင်လေးကို နှိုးလိုက်တယ်။


ချီကျွင့် သူတို့ဘက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သားအဖနှစ်ယောက်က သူတို့ကြားခံစားချက်တွေကို နက်ရှိုင်းအောင်လုပ်နေကြတာကိုတွေ့တော့ အကြည့်ပြန်လွှဲကာ  သားရဲကတ်တွေကိုပဲ ဆက်ပြီးအာရုံစိုက်လိုက်တယ်။


အခုအချိန်မှာ သူ့ဆီမှာ ကိုယ်ပိုင် အထောက်အထားတစ်ခုရှိနေပြီဖြစ်ပြီး အရင်တုန်းက မလုပ်နိုင်ခဲ့တဲ့ မူပိုင်ခွင့်ကို လျှောက်ထားနိုင်နေပြီ။


သူ့ရဲ့မိသားစုက အရမ်းချမ်းသာတယ်ဆိုပေမဲ့လည်း ဒါက သူ့ရဲ့ ကြီးမားတဲ့မူပိုင်ခွင့်ကြေးကို လက်လွတ်ခံလိမ့်မယ်လို့ မဆိုလိုဘူးလေ။


ချီကျွင့် Star Network မှာ မူပိုင်ခွင့်လျှောက်လွှာတင်ရန်အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ရှာဖွေခဲ့တယ်။ ထို့နောက် သားရဲပုံစံမူပိုင်ခွင့်လျှောက်ထားမှုရဲ့ လိုအပ်ချက်တွေအရ သားရဲလိုင်းပုံစံ၊ သားရဲခန္ဓာကိုယ်ပုံစံနှင့် ထပ်တိုးသားရဲ ခန္ဓာကိုယ်ပုံစံတို့ကို တစ်ခုချင်းစီ ရေးထွင်းနေခဲ့တယ်။


မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် သားရဲကတ်ရေးထွင်းသူအဖြစ်လျှောက်ထားခြင်းဆိုတာက တူညီမှုမရှိသေးဘူး။ 


သားရဲကတ်တွေရေးထွင်းသူအဖြစ် လျှောက်ထားခြင်းအတွက် အရေးကြီးဆုံးအချက်က တစ်ကြိမ်တည်းနဲ့  အဆုံးအထိ ပြုလုပ်ပြရမှာဖြစ်ပြီး မူပိုင်ခွင့်လျှောက်ထားမှုမှာတော့ စွမ်းအင်အချိုးကို သားရဲလိုင်းရဲ့ အစိတ်အပိုင်းတိုင်းသို့ ဘယ်လိုမျိုးပိုင်းခြားခွဲဝေမှာလဲဆိုတာကို ဖော်ပြပေး လိုအပ်တယ်။ ဒါကြောင့် သားရဲပုံစံ နှစ်ခုသာ ဖြစ်ပေမဲ့လည်း တစ်ခုချင်းစီမှာ သာမန်သတ္တုစပ်ကတ် အခုတစ်ရာလောက်ကို စုစည်းလိုက်ဖို့ လိုအပ်တယ်။


ချီကျွင့် သားရဲကတ်တွေအားလုံးကို သူ့ရဲ့ကျောပိုးအိတ်ထဲသို့ ပစ်ထည့်လိုက်ပြီး သားရဲရေးထွင်းသူတစ်ယောက်အဖြစ် တရားဝင်အထောက်အထားရယူရန် အပြင်ကိုထွက်မဲ့အချိန်ကို စောင့်နေလိုက်တယ်။

သူ ခေါင်းမော့ကြည့်လိုက်တော့ ကုယန်ကျန်းက ခြင်္သေ့ပျိုးပင်ငယ်လေးကို  ကိုင်ဆောင်ထားဆဲပဲဆိုတာကို မြလိုက်ရတာကြောင့် မတ်တပ်ထရပ်လိုက်ပြီး ထိုအနားကို လမ်းလျှောက်လာခဲ့တယ်။ 


ကုယန်ကျန်းက သူ့ရဲ့ ကွမ်တမ်ကွန်ပြူတာကို ဖွင့်ထားခဲ့ပြီး windowငယ်လေးတွေအများကြီးနဲ့   3D ဗီဒီယိုတွေနှင့် စာသားတွေကို ဖွင့်ထားခဲ့တယ်။


ခြင်္သေ့ပျိုးပင်ငယ်လေးက ထိုမြင်ကွင်းတွေကိုကြည့်ရင်း သူ့ရဲ့ သစ်သားခြေဖဝါးလေးကို ဆန့်ထုတ်ပြီး ‘OK’ သို့မဟုတ် “ဖယ်ရှားသည်”ကို  နှိပ်လိုက်တတ်တယ်။


ခြင်္သေ့လေး ပျိုးပင်လေးကအစပိုင်းမှာတော့ မြန်မြန်ဆန်ဆန်လှုပ်ရှားနေခဲ့ပြီး အရှိန်တဖြည်းဖြည်း နှေးကွေးခဲ့တယ်။


တခါတရံမှာတော့ သူ့ရဲ့ခေါင်းပေါ်မှာရှိတဲ့ ကမ္ဘာဦးအရွက်လေးတွေက  လှုပ်ခါနေရင်းနဲ့ သူ့ရဲ့ခေါင်းကို ခြေထောက်ပေါ်မှာတင်ရင်း လှဲလျောင်းကာ အချိန်အကြာကြီး စိုက်ကြည့်နေလိမ့်မယ်။


ကုယန်ကျန်းကတော့ ပန်းအိုးကိုကိုင်ထားရင်း စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့တယ်။ သူက ပျိုးပင်ကို အမြန်လုပ်ခိုင်းခြင်းမရှိသလို  တိုက်တွန်းခြင်းလည်း မရှိခဲ့ဘူး။


ချီကျွင့် ထိုမိဘ-ကလေး လှုပ်ရှားမှုရဲ့အကြောင်းရင်းကို မသိတာကြောင့် သူတို့ကို မတ်တပ်ရပ်ရင်း စောင့်ကြည့်နေခဲ့တယ်။


ထို့နောက်မှာတော့ 3D ဗီဒီယိုတွေထဲမှ အကြောင်းအရာတွေက သူ့ခေါင်းထဲမှာရှိတဲ့ ခြင်္သေ့ကိုယ်ပွားလေးရဲ့ မှတ်ဥာဏ်တွေကို ပြန်လည်နိုးထစေခဲ့တယ်။ ကိုယ်ပွားလေးရဲ့ မှတ်ဥာဏ်အများစုမှာ ဝိုးတဝါးဖြစ်ခဲ့ပြီး ပထမနှစ်အနည်းငယ်အတွင်းမှာတော့ သူ့ဆီမှာ ပြီးပြည့်စုံတဲ့ အသိဥာဏ်တောင် မရှိခဲ့ဘူး။ 


ဉာဏ်ရည်မြင့် စက်အမျိုးမျိုးဖြင့် အမြဲတမ်းကန့်သတ်ခံထားရပြီး မျိုးဗီဇဆေးဝါးတွေကိုလည်း အဆက်မပြတ် ထိုးသွင်းခံခဲ့ရတယ်။


လက်တလောမှာတော့ ခြင်္သေ့ပျိုးပင်လေးက ကိုယ်ပွားလေးကို ထိုးသွင်းခဲ့တဲ့ ဆေးတချို့ကို ရွေးချယ်နေခဲ့တယ်။


ကုယန်ကျန်းက ချီကျွင့်ရဲ့ခါးကိုပွေ့ဖက်လိုက်ပြီး သူ့နားထဲကို တီးတိုးပြောလာတယ်။


“ဒါတွေအားလုံးက အင်ပါယာမှာ တရားဝင်သုံးစွဲဖို့မှတ်ပုံတင်ထားတဲ့ မျိုးရိုးဗီဇဆေးဝါးတွေပဲ.. ကိုယ်တို့ ဒါတွေကို အရင်စမ်းသပ်ကြည့်ရအောင် .. နောက်ကျန်တဲ့ဆေးတွေကို  တခြားနည်းလမ်းရှာကြမယ်”


အင်ပါယာက တရားဝင်ခွင့်ပြုထားတဲ့ မျိုးဗီဇဆေးဝါးပေါင် ရာနဲ့ချီရှိတယ်။ သို့ပေမဲ့လည်း မင်းသားလေးအတွက် သင့်လျော်တဲ့ ဆေးဝါးတွေထုတ်လုပ်နိုင်ရန်အတွက် တော်ဝင်နန်းတော်က လွန်ခဲ့တဲ့ ၁၈ နှစ်အတွင်းမှာ ကိုယ်ပွားတွေထဲသို့ ဆေးအမျိုးအစားပေါင် တစ်ထောင်ကျော် ထိုးသွင်းခဲ့တယ်။ 


အများစုက တရားမဝင်တဲ့ မျိုးရိုးဗီဇ ဆေးဝါးတွေပဲ။ တကယ်လို့ မင်းသားလေးရဲ့ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းတဲ့ နောက်ဆုံးဆေးဝါးတွေက  ကိုယ်ပွားထဲသို့ ထိုးသွင်းခံရတဲ့ဆေးတွေထက် ဆယ်ပုံတစ်ပုံထက် ပိုပြီးနည်းပါးနေတာသာမဟုတ်ဘူးဆိုရင် ကုယန်ကျန်းက ထိုမင်းသားကို တိုက်ရိုက်ပဲ လှည့်လိုက်လိမ့်မယ်။


ချီကျွင့် ခေါင်းညိတ်လိုက်တယ်။ သို့ပေမဲ့ စကားမပြောခဲ့ဘူး။ သူ့အနေနဲ့  တစ်ခုခုမှားနေသလိုမျိုး အမြဲခံစားမိတယ်။


ချီကျွင့် မျိုးရိုးဗီဇဆေးတွေကို သေသေချာချာ စစ်ဆေးကြည့်နေတဲ့ခြင်္သေ့ပျိုးပင်လေးကို လှမ်းကြည့်လိုက်တယ်။ 


ဒါဆို... သူတို့ရဲ့သားဖြစ်သူက ဘာလို့ ဒါတွေကို စစ်ဆေးနေခဲ့တာလဲ။


ချီကျွင့် သူ့ရဲ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး ကုယန်ကျန်းရဲ့ရင်ဘတ်ပေါ်မှ အင်္ကျီစကို ဆုပ်ကိုင်လိုက်တယ်။


“ယန်ကျန်းကျန်း ဒီသားက ဘယ်ကရောက်လာတာလဲ”


ရိုးရှင်းတဲ့ အဖြူရောင်အသီးလေးတစ်လုံးက အခုလိုမျိုး စိတ်ဝိဥာဥ်ပေါက်ဖွားနိုင်မှာမဟုတ်ဘူး။ တကယ်လို့ သူက စိတ်ဝိဥာဥ်ဖြစ်တည်လာနိုင်ပြီး ချီကျွင့်ဆီမှ အကျိုးသားရောက်မှုကြောင့် ခြင်္သေ့လေးအဖြစ်သို့ပြောင်းလဲကာ သစ်သားခြင်္သေ့အဖြစ် ဖြစ်လာခဲ့တယ်ထားလိုက်ဦး။  သာမာန်အဖြူရောင်အသီးလေးက ခြင်္သေ့ငယ်လေး နာကျင်စွာခံစားခဲ့ရတဲ့ ဒီခေတ်ကာလရဲ့မျိုးရိုးဗီဇဆေးတွေကို သိရှိနေဖို့ မဖြစ်နိုင်ဘူး။


သူ့ဆီမှာ ရိုးတိုးရိပ်တိတ်  မှန်းဆချက်အနည်းငယ်လောက် ရှိနေသော်လည်း ချီကျွင့်တစ်ယောက် သူ နားလည်မှုလွဲမှားတာမျိုးဖြစ်နေမှာကို ကြောက်နေခဲ့မိပြီး လေးလေးနက်နက် မတွေးဝံ့ခဲ့ဘူး။ ဒီကိုယ်ပွားလေးက သနားစရာကောင်းလွန်းတယ်။ ချီကျွင့် မဟုတ်တဲ့လူတစ်ယောက်ကို သူအဖြစ် မမှတ်ယူလိုက်ချင်ဘူး။


ဒါကြောင့် သူ ကုယန်ကျန်းကိုသာ အပြင်းအထန် စိုက်ကြည့်နေခဲ့တယ်။  

ဒီတစ်ခါတော့ သူ့ကို ဘယ်အရာကမှ လှည့်စားလို့ မရဘူး!


ကုယန်ကျန်းက တစ်ဖက်လူရဲ့ခေါင်းကို ပွတ်သပ်ပြီး ရှင်းပြပေးလာတယ်။


“လီမင်က ကိုယ့်ကို အဆင့်ရှစ် စိတ်စွမ်းအား ဇွန်ဘီရဲ့အမြုတေကို ပေးခဲ့တယ်လေ..  နှစ်ဝက်ကြာအောင် ရှာဖွေစူးစမ်းပြီး သုတေသနပြုပြီးတောာ့ ကိုယ် အဲဒီအမြုတေမှာပါတဲ့ စိတ်စွမ်းအားကို ငှားယူပြီး သုံးစွဲနိုင်နေပြီ..  သူက ဒီအတိုင်း ကမ္ဘာဦးပျိုးပင်လေးသက်သက် မဟုတ်ဘူး..


သူက မင်းရဲ့အသိစိတ်ထဲကနေ  ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့တဲ့ ကိုယ်ပွားလေးပဲ.. သူ့ရဲ့စိတ်ဝိဥာဥ်ကို ကိုယ် ခွဲယူပြီးဆွဲထုတ်ထားခဲ့တာ”


ချီကျွင့် လိမ္မာရေးခြားရှိလွန်းတဲ့ ခြင်္သေ့ပျိုးပင်လေးကို လှည့်ကြည့်လိုက်တယ်။ ဒါဆို ဒါက သူ အမြဲတမ်း အလိုလိုက်ပေးချင်နေခဲ့တဲ့ သားလေးပေါ့လေ...


ချီကျွင့် ခြင်္သေ့ပျိုးပင်လေးကို ချက်ချင်းပဲ ဆွဲယူပွေ့ဖက်လိုက်တယ်။ 


ဘာကို မျိုးဗီဇစစ်ဆေးဝါးတွေကို  စစ်ဆေးတာလဲ?!


သူ သူ့ရဲ့သားလေးကို အရင်ဆုံး ပွေ့ဖက်ပေးရမယ်!


ခြင်္သေ့ပျိုးပင်လေးသည်လည်း သူ့အဖေသစ်ပင်ကြီးရဲ့ တောင်းဆိုမှုတွေကို ချက်ချင်း ပစ်ချလိုက်ပြီး သူ့အဖေခြင်္သေ့ရဲ့ လက်ချောင်းကိုဆုတ်ကိုင်ဖို့ သူ့ရဲ့ လက်ဖဝါးလေးနှစ်ခုကို အသုံးပြုခဲ့တယ်။


ဒီ ခြင်္သေ့ပျိုးပင်လေးက အချစ်တွေ ငတ်မွတ်နေခဲ့ရတယ်။ သူ့ရဲ့ အနာဂတ်မှာ ပိုပြီးကောင်းတော့မှာပါ။ သူ့ဆီမှာ အဖေနှစ်ယောက်တောင် ရှိနေပြီလေ။ 


ချီကျွင့် ခြင်္သေ့ပျိုးပင်လေးကို အားပြင်းပြင်းနဲ့ ပွတ်သပ်လိုက်တယ်။ 


ခဏလောက်နေတော့ သူက ကုယန်ကျန်းဘက်ကို လှည့်ပြီးပြောလိုက်တယ်။


“ခင်ဗျားရဲ့သားကို နေရောင်ခြည်အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ခွင့်ပေးလိုက်ပါ.. အဲဒါတွေကို ကျွန်တော် လုပ်လိုက်မယ်”


“သေချာလို့လား?”


“ကျွန်တော့်ဆီမှာ သူ့ရဲ့ မှတ်ဥာဏ်တွေရှိတယ်”


“ကောင်းပြီ” 


ကုယန်ကျန်း ပန်းအိုးကို မြေပြင်ပေါ်မှာ ပြန်ချပေးထားလိုက်တယ်။ ချီကျွင့်က ခြင်္သေ့ပေါက်လေးရဲ့ သစ်ရွက်လေးနဲ့အမြီးကို ထိကိုင်လိုက်ပြီး ကုယန်ကျန်းနှင့်အတူ ဘေးနားမှာ တင်ပျဉ်ခွေထိုင်လိုက်တယ်။


သူ ရာပေါင်းများစွာသော မျိုးရိုးဗီဇဆေးဝါးများကို ကြည့်ရှုခဲ့ပြီး နောက်ဆုံးမှာ အမျိုးအစားပေါင်း 100 ကိုသာ ဆုံးဖြတ်နိုင်ခဲ့တယ်။


ပြောရရင် လုံခြုံစိတ်ချရတဲ့ မျိုးရိုးဗီဇဆေးဝါးတွေရဲ့ ထိရောက်မှုက တားမြစ်ထားတဲ့ မျိုးဗီဇဆေးဝါးတွေထက် အကျိုးသက်ရောက်မှုနည်းပါးတယ်လေ။ ဒါကြောင့်  အင်ပါယာနန်းတော်က ထိုဆေးဝါးတွေကို သိပ်ပြီး အသုံးမပြုခဲ့ဘူး။


ကုယန်ကျန်းက ဗီဒီယိုတွေကို ပြန်လည်ပိတ်လိုက်ပြီး မျိုးရိုးဗီဇ ဆေးဝါးတွေကို စာရင်းတစ်ခုအဖြစ် ပြုလုပ်ကာ ထိုဆေးတွေကို မှာယူရန်အတွက် စက်ရုပ်အိုကြီးကိုခိုင်းလိုက်တယ်။  


ချီကျွင့် သူ့ရဲ့ ခြေထောက်နားမှ ခြင်္သေ့ပျိုးပင်လေးကို ငုံ့ကြည့်လိုက်တယ်။ နေရောင်အောက်မှာ သူတို့ရဲ့ သားဖြစ်သူက လက်ကားယားခြေကားယားဆန့်တန်းပြီး သူ့ရဲ့သေးငယ်တဲ့ဗိုက်လေးကို ဖော်ပြထားခဲ့တယ်။


ချီကျွင့် သူ့ရဲ့လက်နဲ့ ထိုဗိုက်သားလေးကို ထိုကိုင်ကြည့်လိုက်တော့ သစ်သားရဲ့မာကြောမှုကို ခံစားရပြီး သူ့ရဲ့ ကိုယ်ပိုင်အမွေးတွေလို နူးညံ့မှုမရှိနေခဲ့ဘူး။


ခြင်္သေ့ပျိုးပင်လေးက သူ့ရဲ့ဝမ်းဗိုက်ကို လက်ချောင်းအသေးလေးတွေနဲ့ပွေ့ဖက်လိုက်ပြီး ခြင်္သေ့အဖေဆီကို အပြစ်ကင်းစင်စွာနဲ့ ခေါင်းမော့ကြည့်လာတယ်။


ကုယန်ကျန်းက  ဘေးနားမှာထိုင်ကာ သူတို့ကိုကြည့်နေခဲ့ပြီး ဘေးနားမှာရှိတဲ့ နှစ်မီတာလောက်မြင့်တဲ့ကမ္ဘာဦးသစ်ပင် ခန္ဓာကိုယ်ခွဲဆီမှ သစ်ကိုင်းတစ်ခုကို ဆန့်ထုတ်ကာ တွန်းလှည်းပေါ်ကနေ တွင်းထွက်ရေဘူးတစ်ဘူးကို လှမ်းယူလိုက်တယ်။ ပြီးနောက် အဖုံးကို ဖွင့်ပြီး ခြင်္သေ့ပျိုးပင်လေးရဲ့ခေါင်းကနေ ပုလင်းတစ်ဝက်လောက် လောင်းချလိုက်တယ်။


ချီကျွင့်တစ်ယောက် ခုန်ထမိတော့မတတ်ဘဲ။  သူပြောချင်နေခဲ့တယ်။


‘ကုယန်ကျန်း ခင်ဗျား တရား လွန်လွန်းတယ်နော်! ခင်ဗျားရဲ့အဖေက ခင်ဗျားကို ဒီလိုတွေလုပ်ဖို့ သင်ပေးထားတာလား!”


ထို့နောက်မှာတော့ ခြင်္သေ့ပျိုးပင်လေးက သူ့ရဲ့ စိမ်းလန်းတဲ့ မျက်လုံးတွေကို ပျော်ရွှင်စွာ ဖွင့်ဟလာခဲ့ပြီး  ရေတွေအားလုံးကို တစ်ခဏအတွင်းမှာ စုပ်ယူလိုက်တာကို တွေ့လိုက်ရတယ်။ သူ့ရဲ့ ခေါင်းပေါ်မှာရှိတဲ့ ကမ္ဘာဦီးသစ်ရွက်လေးတွေကလည်း ပျော်ရွှင်မှုအပြည့်နဲ့ လှုပ်ယမ်းနေသေးတယ်။


  နေပူထဲမှာ အချိန်အတော်ကြာအောင် နေပြီးတဲ့နောက်မှာ သူ ရေလိုအပ်နေပြီ။ ရေတစ်ပုလင်းလုံးကို သောက်လိုက်ရတာက အရမ်းကို လန်းဆန်းသွားစေတယ်!


ချီကျွင့်:”....”


ကောင်းပြီ။ လူသားတွေရဲ့အတွေးအခေါ်တွေက အပင်တွေအပေါ်မှာ အလုပ်မဖြစ်ဘူး။


ချီကျွင့် ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး စုပြုံထားတဲ့သတ္တုတွေဘက်သို့ လက်ပြလိုက်တယ်။ သူက သတ္တုတွေကို စုကာ အလွန်ကြီးမားတဲ့ ရေဖြန်းဘူးတစ်ခု ပြုလုပ်လိုက်ပြီး  မနေ့က သူဝယ်ယူခဲ့တဲ့ တွင်းထွက်သတ္တုရေပုလင်းကြီးကို ထိုအထဲသို့ လောင်းထည့်လိုက်တယ်။


ထို့နောက် ရေဖြည့်ပြီးတဲ့ဘူးကို အမြင့် နှစ်မီတာရှိတဲ့ သစ်ပင်ရဲ့ အပေါ်ကို ယူသွားခိုင်းကာ အပေါ်မှ မိုးရွာသွန်းမှုအတုပုံစံငယ်လေး လုပ်လိုက်တယ်။


ကုယန်ကျန်း : “……”


စက်ရုပ်အိုကြီးကတော့ ဒီအခြေအနေကို မြင်ပြီးနောက် သူ့ရဲ့လက်တံတွေကိုရစ်ပတ်မိသွားရတယ်။ မနေ့တုန်းက ကမ္ဘာဦးသစ်ပင်ရဲ့ တုံ့ပြန်မှုက နှေးကွေးလွန်းပေမယ့် သူ့ရဲ့ ခွန်အားကို လျှော့တွက်လို့မရဘူး။ 


သို့ပေမဲ့လည်း ထိုသစ်ပင်ကြီးက ဒုတိယသခင်လေး ဂရုတစိုက်ရေလောင်းနေတာကို ခွင့်ပြုထားတာကို တွေ့လိုက်ရတယ်။


ရေအမြောက်အမြားကုန်သွားပြီးတဲ့နောက်မှာတော့ ချီကျွင့် ကုယန်ကျန်းရဲ့ပုခုံးကို အသာထိလိုက်တယ်။


“ခင်ဗျားဘယ်လိုခံစားရလဲ?”


ကုယန်ကျန်း သူ့ရဲ့လက်ကိုဆုတ်ကိုင်ရင်း ထရပ်လိုက်တယ်။


“အရမ်းကောင်းတယ်.. နောက်တစ်ခါ ကိုယ် သစ်ပင်အဖြစ်ပြောင်းတဲ့အချိန် မင်းထပ်ကြိုးစားလို့ရတယ်”


ချီကျွင့် အိမ်နောက်ဘက်မှတွင်းကြီးကြီးကို တစ်ချက်ကြည့်လိုက်တယ်။  ကမ္ဘာဦးသစ်ပင်ကြီးသာဆိုရင်… ရေလောင်းရမဲ့ပမာဏကလည်း သေးငယ်ပုံမရဘူး။ သူ ရေကာတာကြီးလောက်တောင် ယူလာခဲ့ရမလားပဲ။


  မေ့လိုက်ပါတော့။ နောက်မှ တွေးကြတာပေါ့။ချီကျွင့် ကုယန်ကျန်းရဲ့ လက်ကို ဆုပ်ကိုင်လိုက်တယ် ။


“မိုးက ကျွန်တော်တို့ကို နှောင့်နှေးစေလိမ့်မယ်.. သွားရအောင်.. ကျွန်တော်တို့သားအတွက် မုန့်ဖိုးနည်းနည်းလောက် သွားရှာကြစို့”


လူနှစ်ယောက်က အဝတ်အစားတွေကိုလဲပြီး ခြင်္သေ့ပျိုးပင်လေးကို ကောက်ယူကာ ထွက်လာခဲ့ကြတယ်။


အခုတစ်ကြိမ်မှာတော့ သူတို့တွေ အများသုံးယာဥ်ကို မစီးတော့ဘဲ ဗိုလ်ချုပ်ကြီးရဲ့သီးသန့် ရွှေရောင် ကမ္ဘာဦးသစ်ရွက်တံဆိပ်ပါတဲ့ ကားပျံကို စီးခဲ့ကြတယ်။


ချီကျွင့်ရဲ့ ဆန္ဒအတိုင်း သူတို့တွေ ချန်ရှုရဲ့သားရဲကတ်စတိုးဆိုင်သို့ တိုက်ရိုက်သွားခဲ့ကြတယ်။


ကားပျံက သားရဲကတ်စတိုးဆိုင်ရဲ့တံခါးဝမှာ ဆိုက်ကပ်တဲ့အချိန်မှာ  ချီကျွင့်ကို ပထမဆုံးတွေ့တဲ့သူက ချန်ရှုမဟုတ်ခဲ့ဘူး။ သူတို့က ပြန်ပေးဆွဲခြင်းလိုမျိုး ကြေးစားစီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်တဲ့ အဖွဲ့အစည်းဝင်တွေပဲ။


ကြေးစားစျေးနှုန်း  ကြယ်ဒင်္ဂါးပြားသန်း 50ကို  ရရှိနိုင်ဖို့အတွက် အစည်းမှလည်း သွေးတွေအများကြီးသွန်းလောင်းခဲ့တယ်။ ဒီလုပ်ငန်းတစ်ခုတည်းက တခြားသောအမှာစာ (၁၀) ခုနှင့် ညီမျှနေတယ်လေ။ 


ဒီတော့ သေချာပေါက် ကောင်းမွန်တဲ့ စီးပွားရေးပဲ!


ဒီလိုနဲ့ စတိုးဆိုင်ရဲ့ အနီးတစ်ဝိုက်မှာ အဖွဲ့ဝင် တစ်ဒါဇင်ကျော်နှင့် တခြားနေရာတွေမှာလည်း အဖွဲ့ဝင်အများအပြားကို နေရာချထားတယ်။ သူတို့တွေက တစ်ဖက်လူကို မဖမ်းစီးခင်မှာ ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ရမလဲဆိုတာကို တိုင်းတာဖို့ လုပ်ထားခဲ့ကြတာ။


သို့ပေမဲ့ ထိုအဖွဲ့ဝင်တစ်ဒါဇင်ကျော်လောက်က အံ့အားထိတ်လန့်သွားကြတယ်။


ပြောထားတဲ့အတိုင်း ပို့ဆောင်ရေးဝန်ထမ်းသာဖြစ်နေမယ်ဆိုရင်  အများသုံးယာဉ်ကို မစီးသင့်ဘူးလား။ 


ဒီ အင်ပါယာရဲ့ဗိုလ်ချုပ်ကြီးပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ကားက ဘာလဲ?!