Chapter 276
ရှဲ့ဝမ်နှင့် အမျိုးသမီးနှစ်ယောက်က ဤနေရာတွင် ငြင်းခုန်နေကြပြီး သူတို့ကို လူအုပ်ကြီးက ဝန်းရံလာကြသည်ကို သတိမထားမိပေ။ ရထားလုံးထဲတွင် ဝမ်ရွှမ်က ထိတ်လန့်သွားသည်။
လူများက ဒီရေလှိုင်းလိုပင် ပိုပိုပြီးများလာသည်ကို တွေ့သောအခါ သူကမျက်မှောင်ကြုတ်လိုက်ပြီး တိတ်တခိုးထိုင်ချကာ သူ့အနားတဝိုက်မှရူးသွပ်နေသောမျက်လုံးများကို စိုက်ကြည့်လိုက်သည်။
“အမေကတော့ မပြောလိုက်ဘူး၊ ငါကဒီလိုပုံစံဘဲလေ ကျန့်ခန်းကလူတွေက ဒါကိုသဘောမကျကြဘူးလား”
သူ့နားတွင် လူများကပိုပိုပြီးဝန်းရံလာကာ အသီးအနှံနှင့် ပန်းများကလည်း မိုးရွာချသလိုပင်။ ဤအရာများထဲတွင် ပန်းထိုးပုဝါများ၊ ချွေးသုတ်ပဝါများအပြင် အခြားအရာများစုံပါကာ လူအုပ်ကြီးကလည်း ဘက်ပေါင်းစုံက ဝန်းရံလာကြသည်။ နောက်ဆုံးတွင် ဝမ်ရွှမ်၏မျက်နှာက ပို၍ဖြူဖျော့လာသည်။
မီးလိုဝင်းဝင်းတောက်နေသည့် ရူးသွပ်နေသောမျက်လုံးများကိုကြည့်ကာ ဝမ်ရွှမ်က အံကြိတ်ပြီး မုန်းတီးစွာပြောလာသည်။
“အမေက ရူးမိုက်တယ်ဆိုတာ ငါသိရဲ့သားနဲ့ အမြဲတမ်း သူမကိုယုံမိပြန်ပြီ၊ ငါကတကယ်ကို တုံးတာဘဲ”
ချွေးစက်များက သူ၏အဖြူရောင်နဖူးပေါ်မှ စီးကျလာကာ သူက ဘယ်ဘက်တွင် တင်းကြပ်စွာစောင့်ကြပ်ခံထားရ၏။ လူအုပ်ကိုတားဆီးရန်အခက်တွေ့နေသော အစောင့်များက မေးမြန်းလာကြသည်။
“ဘယ်လိုလုပ်ကြမလဲ”
အစောင့်က ဝမ်ရွှမ်ကို ပြန်လှည့်ကြည့်နေကြသည်။
သူ၏သခင်ငယ်လေးက ဉာဏ်ထက်သောသူတစ်ယောက်ဖြစ်သည်ကို သူသိပေသည်။ သခင်ငယ်လေးက အလွန်ကြီးပြင်းလာသည်မှာ ပထမဆုံးအကြိမ်တွေ့တုန်းကဆိုလျှင် သူတို့ကအလွန်စိတ်လှုပ်ရှားခဲ့ရကာ သူ့ကိုယ်သူမေးခွန်းပြန်ထုတ်ခဲ့ရသည်ကို ကြားခဲ့ရ၏။
အစောင့်များသည် ဤလူနှစ်ယောက်၏ချုပ်တည်းနေမှုကို အနည်းငယ်လှောင်ရယ်လိုက်မိကြသည်။ သူက အရှေ့ဘက်ကို အလေးအနက်ကြည့်ကာ နှစ်သိမ့်လာသည်။
“လန်ကျွင်းက စိတ်ချလို့ရပါပြီ၊ လူတိုင်းက စိတ်အနှောင့်အယှက်ဖြစ်နေကြတယ်၊ သူတို့ဗိုက်ဆာလာတဲ့အခါကျ လူစုခွဲသွားလိမ့်မယ်”
ဝမ်ရွှမ်၏မျက်နှာက မည်းမှောင်လာသည်။ သူက ရင်ထဲမှဒေါသကိုဖိနှိပ်ကာ မေးလိုက်၏။
“တကယ်လို့ လူစုမကွဲသွားရင်ရော”
အစောင့်က အလေးအနက်ပြန်ဖြေလာသည်။
“အဲ့ဒါဆိုရင်တော့ သူတို့က အလှည့်ကျ ထမင်းသွားပြန်ယူနေကြလို့ဖြစ်မယ်”
စကားတစ်ခွန်းသောပြောလိုက်ရသော်လည်း အစောင့်သည် သူတစ်ကိုယ်လုံးအေးစက်လာသည်ဟု ခံစားလိုက်ရသည်။ သူကအလျင်အမြန်ပင် အပြင်သို့ထွက်ကာ ဝမ်ရွှမ်နှင့်အဝေးသို့ သွားလိုက်သည်။
ဝမ်ရွှမ်က ထိုအစောင့်ကို တစ်ချက်ကြည့်ကာ တစ်ဖက်ပြန်လှည့်လိုက်သည်။
ရုတ်တရက်ဆိုသလိုပင် သူက ခေါင်းလှည့်ကာ လူထု၏ဖျစ်ညှစ်ခြင်းကို ခံနေရသော ရှဲ့ဝမ်ကိုပြောလိုက်သည်။
“အချစ်ေလး”
ဆယ်ကျော်သက်၏အသံက မကျယ်ပေ။
သူ၏လေသံကလည်း နီးနီးမှပြောလာခြင်းမဟုတ်ပေ။
သို့သော် အော်ဟစ်နေကြသောမိန်းကလေးများသည် ခေါင်းများကိုလှည့်ကာ ဝမ်ရွှမ်အားကြည့်လာကြသည်။
ရှဲ့ဝမ်၏အိပ်မောကျနေမှုတွင် ဝမ်ရွှမ်က ဖီးနစ်လိုမျက်လုံးများကို ပြုံးလိုက်သည်။ သူ၏ညင်သာကာ ချစ်မြတ်နိုးသောအသံဖြင့်ခေါ်လိုက်သည်။
“အချစ်လေး ဒီမှာကလူတွေအများကြီးရှိနေတာ ဘယ်အချိန်ကျမှ မင်းကို အိမ်ပြန်ခေါ်သွားလို့ရမှာလဲ”
လူပျိုပေါက်စ၏ ကြည်လင်ကာ ညင်သာသောအသံက နောက်ဆုံးတွင် လူတိုင်း၏အာရုံစိုက်မှုများကို ရှဲ့ဝမ်ဆီရောက်သွားစေသည်။
ရာနှင့်ချီသော မျက်လုံးများက တစ်ချိန်တည်းတွင်စိုက်ကြည့်နေကြသည်မှာ ရှဲ့ဝမ်အား ရာနှင့်ချီသောမြှားများက ထိုးဖောက်နေသလိုပင်။
ရှဲ့ဝမ်က ပါးစပ်ဖွင့်လိုက်သည်။ ဝမ်ရွှမ်၏ ‘အချစ်ေလး’ဟူသောအော်သံသည် သူ့အားခေါ်လာခြင်းဖြစ်သည်ကို နားလည်ရန်အချိန်ယူလိုက်ရသည်။
သူနားလည်သွားသည်နှင့် နှစ်ခါလောက်လေချွန်လိုက်ကာ ဘာမှတ်ချက်မှမပြုရသေးခင်တွင် ခပ်ဖျော့ဖျော့ရှိုက်သံတစ်ခုထွက်ပေါ်လာသည်။
ငိုရှိုက်သံများက တဖြည်းဖြည်းများပြားလာသည်။ ထိုအသံများကြားတွင် မိန်းကလေးတစ်ယောက်က အော်ဟစ်လာသည်။
“ထန်လန်က အရမ်းငယ်ရွယ်နေတာ ကျောက်စိမ်းတုံးလေးလိုဘဲ ကျွန်မမြင်မိတယ် ၊ အချင်းချင်းတွေ့ဆုံနိုင်မှတော့ ကျွန်မရဲ့ ချစ်သည်းညှာလေးမဖြစ်နိုင်ဘူးလား၊ ဘာကများ ကျွန်မကို အရမ်းရှက်အောင်လုပ်နေတာလဲ”
သူမအသံထွက်သွားသည်နှင့် မရေတွက်နိုင်သော မျက်လုံးများကဒေါသထွက်လာကာ ရှဲ့ဝမ်အားမုန်းတီးလာကြသည်။
ရှဲ့ဝမ်၏မျက်နှာက ဖြူဖြော့သွားကာ ကိုယ်ကနောက်သို့ တုန်ယင်ကာ ဆုတ်သွား၏။ ရုတ်တရက်ဆိုသလိုပင် ဘေးဘက်မှတားဆီးသံများထွက်ပေါ်လာသည်။
“သခင်လေးက ထွက်ပြေးသွားပြီ”
ထိုအရာအား ဘယ်သူမှမတုံ့ပြန်လာကြသော်လည်း ရှဲ့ဝမ်က နောက်ဆုံးတွင် သူ၏အမှားကိုနားလည်သွားသည်။ ထိုအချိန်တွင် သူ့အသံထွက်လာသည်။
“အစောင့်တွေ နတ်ဆိုးလိုသခင်လေးက ထွက်ပြေးသွားပြီ--”
သူမက လူအိုကြီး၏အသံကဲ့သို့ ဆွဲငင်ပြောလာကာ မိန်းကလေးများအား သတိဝင်သွားစေသည်။ သူတို့က ခေါင်းများကို ဖြီးသင်ကာ လှည့်ကြည့်လာကြသည်။ သူတို့က ရထားလုံးကို တစ်ချက်လှမ်းကြည့်နိုင်သွားသည်။
သေချာပေါက်ပင် သူကထွက်ပြေးနေပြီဖြစ်သည်။
လောကကြီးမှာ ဒီလိုအရာမျိုးရှိသေးတာလား။
မိန်းကလေးများက ဝမ်းနည်းကာ ဆန္ဒမရှိဖြစ်နေကြပြီး သူတို့ကအော်ဟစ်ပြီးရင်း အော်ဟစ်လာကြကာ သူတို့တုံ့ပြန်လာသောအချိန်တွင် ဝမ်ရွှမ်က ခြေလှမ်းတစ်ဒါဇင်အကွာလောက်ရောက်နေပြီဖြစ်သည်။
တောင်များထဲတွင်သာ လေ့ကျင့်နေခဲ့သော ဝမ်ရွှမ်၏ခန္ဓာကိုယ်သည် အလွန်ပေါ့ပါးသွက်လက်၏။ ဘယ်နေရာကိုဖြစ်ဖြစ် သူပြေးသွားတိုင်း သူ့မျက်လုံးများသည် နှစ်သက်ကြည်နူးဖွယ်အပြုံးများဖြင့် ပြည့်နှက်နေကာ တစ်ချို့သူများကို သတိတကြီးကြည့်လာမိေစသည်။
ဤအရာ၏အကျိုးဆက်မှာ သူပြေးသွားသည့် နေရာတိုင်းတွင် လူအုပ်ကြီးက ကြောင်အကာ ငြိမ်သက်နေလိမ့်မည်။ ဤသို့ဖြင့် နောက်ဆုံးတွင် ဝမ်ရွှမ်က လူအုပ်ထဲမှ ထိုးဖောက်လာကာ မြို့တော်တံခါးဆီသွားနိုင်သွားသည်။
မြို့တံခါးဆီ သူပြေးလာသည်နှင့် ဂိတ်စောင့်ဖြစ်သော အစောင့်ငယ်နှစ်ယောက်သည် ရှေ့သို့တိုးလာကြသည်။ သူတို့က ဝမ်ရွှမ်၏အဝေးမှနေ၍ ပြုံးကာ အလွန်ယဉ်ယဉ်ကျေးကျေးပြောလာကြသည်။
“ရှေးအချိန်တွေတည်းက အချစ်နာကျတာတွေက ပေးဆပ်ဖို့အခက်ခဲဆုံးဘဲ။ ကျေးဇူးပြုပြီးဆက်လျှောက်နေပါ၊ လူတိုင်းက သဘောကျတဲ့အထိ စောင့်နေပြီး ဖြစ်ချင်တာတွေကို ဖြစ်ခွင့်ပေးလိုက်ပါ”
အခြားတစ်ယောက်ကလည်း ပြောလာ၏။
“ဘာလို့ လန်ကျွင်းက အရမ်းရိုင်းနေရတာပါလဲ၊ အလျင်စလိုရောက်လာပြီး အလျင်စလိုဘဲ ပြန်ထွက်သွားနေတယ်”
ဤအစောင့်နှစ်ယောက်၏ ယဉ်ကျေးစွာ ညှိနှိုင်းမှုတွင် ဝမ်ရွှမ်ကမရပ်တန့်သွားပေ။ သူကပြန်ပြောလိုက်သည်။
“ဘာကများ ရိုင်းစိုင်းတာလဲ၊ အချစ်ကြွေးဆိုတာ ဘာလဲ၊ ငါလန်ကျွင်းက ကျန့်ခန်းကဘယ်လိုမျိုးလဲဆိုတာကို တိတ်တဆိတ်ကြည့်ချင်မိပြီး သဘောကျရုံလေးဘဲလေ”
သူက ပါးစပ်မှပြောဆိုနေသော်လည်း သူ့ခြေလှမ်းများက မြန်ဆန်နေ၏။ သူကအစောင့်နှစ်ယောက်ရှေ့သို့ ပြေးသွားလိုက်သည်။ သူတို့က မလှုပ်လာသည်ကိုမြင်သောအခါ ဝမ်ရွှမ်က ဖြတ်သွားလိုက်သည်။
ဘန်းခနဲအသံနှင့်အတူ အစောင့်နှစ်ယောက်ကို ရိုက်မိကာ အဝေးသို့လွင့်စင်သွားစေသည်။
သူတို့ပြန်ထလာသည့်အချိန်တွင် ဝမ်ရွှမ်က ဂိတ်တံခါးတွင် မရှိတော့ပေ။
အနောက်ဘက်တွင် ငိုယိုနေသော မိန်းကလေးများကို ပြန်ကြည့်ကာ အစောင့်နှစ်ယောက်က သက်ပြင်းချပြီး ပုခုံးတွန်းလိုက်ကြသည်။
“အပြစ်ကိုမကျူးလွန်နဲ့၊ အပြစ်လည်းမဖြစ်နဲ့တဲ့ ဒါကဘယ်သူလဲတောင် ငါမသိတော့ဘူး၊ သူ့မိဘတွေကို သူကလှပတော့ အလွယ်တကူရှာတွေ့နိုင်ပြီး အသတ်ခံနိုင်ရတယ်ဆိုတာကို သိစေချင်လိုက်တာ၊ သူကလေ့ကျင့်ထားတဲ့သူဆိုတော့ သူလွတ်မြောက်တာကို မတားနိုင်ဘူး”
အစောင့်နှစ်ယောက်က မိန်းကလေးများကို စည်းရုံးနေချိန်တွင် ဝမ်ရွှမ်၏အစောင့်များက ရထားလုံးကိုမောင်းကာ မြို့ပြင်သို့ ဦးတည်လိုက်ကြသည်။
သူတို့၏နောက်တွင် ရှဲ့ဝမ်က ဒေါသဖြင့် အပြစ်တင်သံကို ဖိနှိပ်ထားရသည်။
“ဝမ်ရွှမ်ရဲ့ အချစ်ကလေးဆိုတာက ဘာအဓိပ္ပါယ်လဲ သူကငါ့ကိုဒီလိုခေါ်လိုက်တော့ အနာဂတ်မှာငါကအေးအေးချမ်းချမ်းနေရမှာလား”
သူမ၏ပြစ်တင်ဝေဖန်ချက်ကို ဘယ်သူမှဂရုမစိုက်ကြပေ။ အစောင့်များက မြင်းအပေါ်တွင်သာ အာရုံစိုက်နေပြီး သူတို့မိသားစုသခင်လေးအား ကာကွယ်နိုင်ရန်သာ အလျင်လိုနေကြသည်။
မြို့တံခါးမှထွက်လာနိုင်သည့်နှင့် ဝမ်ရွှမ်က စိတ်သက်သာရာရသွားသည်။
ခြေလှမ်းတရာလောက်ဆက်သွားပြီးနောက်တွင် သူကအနောက်တွင်ကျန်ခဲ့သော လူအုပ်ကြီးကို ပြန်လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်။
သူ့ဝတ်ရုံလက်ထဲမှ လက်ကိုင်ပုဝါကိုထုတ်ကာ ချွေးသုတ်လိုက်ပြီးနောက်တွင် ဝမ်ရွှမ်က အသံတိတ်အော်ဟစ်လိုက်သည်။
ကြောက်ဖို့ကောင်းတယ်၊ ကြောက်စရာဘဲ။
သေချာပေါက်ပင် ဤတစ်ကြိမ်၌ သူ၏ခြေလှမ်းများကို မရပ်တန့်နိုင်ပေ။ ကံကောင်းထောက်မစွာဖြင့် ကျန့်ခန်း၏အားနည်းချက်မှာ အလှတရားဖြစ်ကာ ဒီမှလူများက သူကဲ့သို့ ခွန်အားမရှိကြပေ။ ထို့ကြောင့် သူက ခြေလှမ်းခုနစ်ရာအကွာသို့ရောက်သွားသည့်အချိန်တွင် ဤလူများကနောက်တွင်ကျန်နေခဲ့ကြကာ ရထားလုံးတချို့ကသာ အမှီလိုက်လာနိုင်ကြသည်။
ဤရထားလုံးများထဲမှ နှစ်ခုသည် သူ့လူများဖြစ်သည်။
ဝမ်ရွှမ်က ရထားလုံးထဲမှ အခြားသူများကို မြင်သောအခါ ရထားလုံးထဲသို့ ခုန်ဝင်လိုက်သည်။ သူက ကြောက်လန့်နေပုံရကာ အလျင်အမြန်အမိန့်ပေးလာ၏။
“သွားတော့”
"ဟုတ်ကဲ့"
ရထားလုံးက အရှိန်တင်လာကာ မျက်စိတမှိတ်အတွင်းတွင် ဖုန်လုံးကြီးကိုသာ ချန်ထားခဲ့သည်။
နောက်ဆုံးတော့ ငါသူတို့ကို ဖယ်လိုက်နိုင်ပြီ။
ဝမ်ရွှမ်က ချွေးများရွှဲနေသော လက်ကိုင်ပုဝါကို ပစ်ထုတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သက်လတ်ပိုင်းအရွယ်အစောင့်တစ်ယောက်က ရှေ့သို့တိုးလာသည်။ သူကပြုံးကာ ဝမ်ရွှမ်ကိုကြည့်ပြီး ပြောလာသည်။
“ရွှမ်ရှောင်လန် ဒီတစ်ကြိမ်တော့ သခင်လေးရဲ့အဖေကို ရှင်းပြဖို့ ခက်ခဲတော့မှာဘဲ”
ဝမ်ဟုန်က သူ၏သားကို တောင်အောက်ဆင်းကာ လောကကြီးကိုမြင်စေချင်ရုံသာဖြစ်သည်။ သို့သော် သခင်လေးသည် ကျန့်ခန်းသို့ တိုက်ရိုက်ပြေးလာကာ ကြီးမားသောလှုပ်ရှားမှုကြီးဖြစ်သွားစေ၏။
အစောင့်ပြောသည်ကို ဝမ်ရွှမ်ကြားသောအခါ သူ့နဖူးပေါ်တွင် ချွေးစေးများထွက်လာပြီး ထိုင်ချလိုက်မိသည်။
သူက လက်ကိုင်ပုဝါအသစ်ကို ထုတ်ကာ ချွေးသုတ်လိုက်၏ ။ ထို့နောက် သူက အံကြိတ်ကာပြောလာသည်။
“အမေ့ကို အပြစ်တင်ရမှာဘဲ ငါကဒီလိုမျိုးမဟုတ်ဘူး၊ ကျန့်ချန်းကလူတွေက အခြေခံကျတယ်၊ မကြိုက်ဘူး.....”