Ch 2
Viewers 1k

😺 Chapter 2

ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ကြီးက မင်းကို ဖိတ်ခေါ်လာတယ်



【ဟုတ်ပြီလေ... လိမ္မော်ရောင် ကြောင်ကြီးကွ... အနည်းဆုံး 12 ကီလို ရှိလော‌က်တယ်မဟုတ်လား...】

 

【ကြောင်အမွေးတွေက အရမ်းရှည်တာပဲ... မျက်လုံးတွေက ခမ်းနားထည်ဝါတဲ့ ခြင်္သေ့လေးလို စိမ်းမြနေတုန်းပဲ... အရမ်းချစ်စရာကောင်းတယ်...  】


 ă€á€á€ťá€…်ဖိုအက္ဏင်းတယ် ဟုတ်လား... ဒါက ထိတ်လန့်စရာ(Horror)ဂိမ်းတစ်ခုဆိုတာ မမေ့လိုက်နဲ့... ဒီကြောင်က ကလေးစားတဲ့ မွန်းစတားမျိုးဖြစ်နိုင်တယ်လို့ ငါ ထင်တယ်...】


【 ဆိုးရွားလိုက်တာ...】


မှတ်ချက်ကဏ္ဍ ပေါက်ကွဲနေသည့်အချိန်တွင် ဟန်ကြွယ့်မင်၏ရင်ခွင်ထဲ၌ ပွေ့ခံထားရသည့် လီရှစ်၏ ကြောင်ကိုယ်လုံးလေးက ထိတ်လန့်တကြားဖြစ်သွားရသည်။

 

ဟန်ကြွယ့်မင်ဟ...

 

သူ ဘာလို့ဒီမှာရှိနေတာလဲ...


ဟန်ကြွယ့်မင်က လီရှစ်၏အိပ်မက်ဆိုးဖြစ်သည်ကို သိထားရမည်ဖြစ်သည်။


ဟန်ကြွယ့်မင်ကိုယ်တိုင်က သူ့ကို အနိုင်ကျင့်ခြင်းကြောင့် မဟုတ်ပေ။ စင်စစ် သူတို့က တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ် သိပ်မရှိကြသော်လည်း လီရှစ်၏မိဘများက ဤနာမည်ကို အမြဲဖော်ပြလေ့ရှိကြသည်။ ဟန်ကြွယ့်မင်ဟူသည့် နာမည်ကို ကြားလိုက်တိုင်း တစ်ချက်တည်းနှင့် လီရှစ်၏ နုနယ်သော နှလုံးသားလေးကို နာကျင်နေစေလိမ့်မည်။ 


"ကျောင်းမှာ နှစ်တိုင်း ပထမရနေတဲ့ ဟန်ကြွယ့်မင်ကို ကြည့်လိုက်ဦး... မင်းက‌ရော..."  


"ဟန်ကြွယ့်မင်ကို ကြည့်လိုက်... သူ ဘွဲ့မရခင်တည်းက တစ်လကို ဒေါ်လာတစ်သန်းရနေပြီ မင်းကရော...."  


" ဘွဲ့ရပြီးတာနဲ့ ကုမ္ပဏီတစ်ခုစထောင်ပြီး သူဌေးဖြစ်လာတဲ့ ဟန်ကြွယ့်မင်ကို ကြည့်လိုက်စမ်း... မင်းကရော ဘယ်လိုလဲ..."  


.........


ဟန်ကြွယ့်မင်လိုမျိုး လူတစ်ယောက်ရဲ့ အိမ်နီးနားချင်းဖြစ်ရတာက ရိုးရိုးရှင်းရှင်း နှိပ်စက်ညှဉ်းပန်းခံနေတာပဲလို့ ငါ ပြောရလိမ့်မယ်....


လီရှစ်က ဟန်ကြွယ့်မင်ကိုမြင်တိုင်း ရှောင်သွားတတ်သည်။ လွန်ခဲ့သည့် နှစ် 20 ကျော်က သူတို့နှစ်ဦးကြား စကားစမြည်ပြောသည့်အရေအတွက်ကို လက်ငါးချောင်းဖြင့်သာ ရေတွက်နိုင်လေသည်။


လီရှစ်က ယခုတစ်ကြိမ် ဂိမ်းစမ်းသပ်သူဖြစ်လာရခြင်း အကြောင်းရင်းမှာလည်း ဟန်ကြွယ့်မင်ကြောင့်ဖြစ်သည်။  ဟန်ကြွယ့်မင်က ဂိမ်းစမ်းသပ်သူအဖြစ် ငွေအမြောက်အများ ရနေသည်ကို သူ့မိဘများက မြင်သောကြောင့် လီရှစ်ကိုလည်း ဂိမ်းစမ်းသပ်သူအဖြစ်လုပ်ရန် တောင်းဆိုခဲ့သည်။

 

လီရှစ်က သေလုမတတ် ငိုခဲ့လေသည်။

ဟုတ်တယ်.... ငါလည်း ဂိမ်းတွေဆော့ပါတယ်... ​​ဒါပေမယ့် ငါက ရှောင်ရှောင်းလဲ့ ဆော့တာဟ... အော်ပြီးရင်း အော်နေရတဲ့ သုံးဖက်မြင်ဂိမ်း မဟုတ်ဘူး သိရဲ့လား...


{T/N : ရှောင်ရှောင်းလဲ့ : Candy crush လိုမျိုး တရုတ်ကနာမည်ကြီးဂိမ်းပါ}

 

သူ့လက်ထဲတွင်ရှိသော လိမ္မော်ရောင်ကြောင်လေးက မကြည်လင်နေသော မျက်လုံးများနှင့် ထိတ်လန့်နေသလို မလှုပ်မယှက် ဖြစ်နေသည်ကို သတိပြုမိလိုက်ရာ ဟန်ကြွယ့်မင်က မျက်ခုံးအနည်းငယ်ပင့်ကာ လိမ္မော်ရောင် ကြောင်အမွေးများကြား ရှိနေသည့်ကော်လံကို ဆွဲထုတ်လိုက်၏။

 "ဒါက ကစားသမားရဲ့ ID လက်ကောက်ပဲ... သူက ငါတို့ အသင်းဖော် နောက်တစ်ယောက်ဆိုတာ သိသာပါတယ်..."


စုပေါင်စန်းက အံ့အားသင့်သွားသည်။

 "ဒီခေတ်မှာ ကြောင်တွေလည်း ဂိမ်းစမ်းသပ်သူတွေ ဖြစ်လာနိုင်ပြီလား..."


"ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ဦး..."

ဟန်ကြွယ့်မင်က လီရှစ် စိတ်လွတ်နေခြင်းမှ သတိပြန်ဝင်အောင် ကြောင်လေး၏ခေါင်းကို ပွတ်လိုက်သည်။

 

တစ်ခဏချင်း၌ပင် လီရှစ်က သူ့ရင်ဘတ်ကို ကော့လိုက်ကာ ခေါင်းနှင့်အမြီးကို ပင့်လိုက်ပြီး ယုံကြည်မှုအပြည့်နှင့် ပြောလိုက်လေသည်။

"မြောင်~"


!!!


လီရှစ်၏ ကြောင်ကိုယ်လုံးလေးက ဤကြောင်အော်သံ ထွက်လိုက်သောအခါ ကြက်သေသေသွားသည်။

 

ဘာလို့ မြောင်နေရတာလဲ...


ငါ စနစ်နဲ့ ဆက်သွယ်တဲ့အချိန်ကျရင် ပြဿနာမရှိဘူးဆိုတာ အသိသာကြီးကို... ငါ လူတွေနဲ့ ဆက်သွယ်တဲ့အချိန်ကျမှ ဘာလို့ ပြဿနာတွေရှိနေရတာလဲ...


"မြောင်... ?"

 

"မြောင် မြောင့်... ?"


" မြောင် မြောင် မြောင့် ? "

လီရှစ်က စကားအနည်းငယ်ထပ်ပြောရန် ကြိုးစားသော်လည်း အားလုံးက ခြွင်းချက်မရှိ မြောင်နေကြသည်။


သူ့နားရွက်လေးများက လေယာဉ်ပျံတောင်ပံကဲ့သို့ ကျဆင်းသွားကာ လီရှစ်က စကားပြောခြင်းကို စိတ်ပျက်စွာ လက်လျှော့လိုက်ရသည်။

အမှန်တိုင်းပြောရရင် ငါ ကြောင်တစ်ကောင်လိုနေတာ အကောင်းဆုံးပဲ...


"အာ..."

ဟန်ကြွယ့်မင်က သူ့လက်ထဲမှ ကြောင်လေး၏ တုံ့ပြန်မှုကြောင့် အူမြူးသွားသည်။ အပြုံးက ယခင်ကကဲ့သို့ လုပ်ယူထားခြင်း မရှိသည့်အပြင် နှလုံးသားထဲမှ စစ်မှန်မှုများကြောင့် သူ၏ အပြစ်အနာဆာကင်းပြီးသား အသွင်အပြင်ကို ပို၍ပင် မျက်စိကျိန်းလောက်အောင် တောက်ပသွားစေသည်။


ကျိန်းသေပေါက်ပင် မှတ်ချက်ကဏ္ဍမှာ တစ်ဖန် ပေါက်ကွဲသွားပြန်၏။


【အားးးး အရမ်းချောတာပဲ...】


【နတ်ဆိုးဘုရင်ကြီးက ကြောင်လေးကို ပွေ့ထားပြီး နူးနူးညံ့ညံ့ ပြုံးပြလိုက်တယ်... ငါ သေတော့မှာပဲ...】


【 ယောင်္ကျားရေ ငါ့ကိုပဲ ဖက်ပါ... ငါက ဒီဝတုတ်နေတဲ့ လိမ္မော်ရောင်ကြီးထက် ပိုပေါ့တယ်...】

 

【...အဲဒီကြောင်ကို အမွေးရိတ်ပစ်ချင်တာ ငါတစ်ယောက်လား...  】


ပြေးလွှားနေသော ဖန်သားပြင်ထဲမှ လူတို့သာ သေခါနီးဆဲဆဲ ဖြစ်နေသည်သာမကဘဲ လီရှစ်ကလည်း သေခါနီးနေပြီဖြစ်၏။ သို့သော်လည်း သူက ချစ်စရာကောင်းမှုကြောင့်မဟုတ်ဘဲ ဒေါသကြောင့် သေဆုံးရတော့မည် ဖြစ်သည်။


အကြောင်းကတော့......


ဟန်ကြွယ့်မင်က ငါ့ဗိုက်ကိုထိဖို့ ငါ စိတ်လွတ်သွားတာကို အခွင့်ကောင်းယူလိုက်တယ်...

 

ကြောင်ဗိုက်ကို ပေါ့ပေါ့ဆဆ ထိတွေ့လို့ရမှာတဲ့လား...


လီရှစ်က ဟန်ကြွယ့်မင်၏ ချောမောသောမျက်နှာကို ကုတ်ခြစ်ရန် သူ၏ခြေဖဝါးကို လွှဲယမ်းခဲ့သော်လည်း ဟန်ကြွယ့်မင်၏ တုံ့ပြန်မှုနှုန်းမှာ ကြောင်တစ်ကောင်ထက် ပိုမြန်ကာ ရှောင်တိမ်းနိုင်သွားခဲ့သည်။


 "မြောင့်--!"

လီရှစ်က ဟန်ကြွယ့်မင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လျက် ဟန်ကြွယ့်မင်၏ လက်မောင်းထဲမှ အတင်းရုန်းထွက်ပြီး ခုန်ဆင်းသွားသည်။


ဤမြင်ကွင်းကို မြင်လိုက်ရသည့် ကုရှင်းယွဲ့တို့ သုံးယောက်ကလည်း တိုးတိုးလေးပြောလာသည်။

"ဒီကြောင်က စိတ်ဝင်စားဖို့ကောင်းပုံရတယ်... လူနဲ့တူတယ်... မဟုတ်မှလွဲရော IQ မနိမ့်ဘူးထင်တယ်..."

 

"IQ ဘယ်လောက်ပဲ မြင့်နေပါစေ... အသုံးမဝင်ပါဘူး... ဒီမျိုးစိတ်တွေရဲ့ ဘာသာစကားက ကွဲပြားပြီး ငါတို့ကိုလည်း ကူညီနိုင်မှာ မဟုတ်ဘူး... ငါတို့ကို ပြဿနာဖြစ်အောင် မလုပ်တာနဲ့တင် ကောင်းနေပြီ..."


"ရပါတယ်... ငါတို့မှာ နတ်ဆိုးဘုရင်ကြီး ရှိသေးတယ်လေ..."

 

......


လီရှစ်က သူ့မျက်လုံးများကို လှန်ချင်စိတ်အား ချုပ်တည်းထားရပြီး အိုင်ဒီလက်ကောက်ခလုတ်ကို ဖွင့်လိုက်ကာ စနစ်မှပေးပို့သော အကျဉ်းစခန်း အချက်အလက်ကို စစ်ဆေးရန် စတင်ခဲ့သည်—


【 ခေါင်းစဉ် : "ပျော်ရွှင်စရာ မိသားစု"】


【ခက်ခဲမှုအဆင့် :  လွယ်ကူခြင်း】

 

【ဖွင့်လှစ်ချိန် : 4 ရက်】


【 အထူးရှင်းလင်းသုတ်သင်ခြင်း အတွက် ဆုလာဘ် : 60 points 】


【ပုံတူအား မိတ်ဆက်ခြင်း : ဤစွန့်ပစ်ထားသော ဗီလာကြီးတွင် မိသားစုတစ်စု နေထိုင်ခဲ့ဖူးသည်။ သူတို့က အသက်ရှင်နေချိန်တွင်ဖြစ်စေ... သေပြီးနောက်တွင်ဖြစ်စေ ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြသည်။】

 

【တာဝန် လိုအပ်ချက်များ : အဖွဲ့က အိပ်ရာမဝင်မီ ညတိုင်း မေးခွန်းတစ်ခုဖြေဆိုရန် လိုအပ်ပြီး အဖြေမှန်အတွက် အပိုအမှတ်များရယူရန်နှင့် မှားယွင်းသောအဖြေများအတွက် အမည်မသိအပြစ်ဒဏ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။ ၎င်းမေးခွန်း ပေါ်လာသည့်နေ့တွင် မည်သူမျှမဖြေပါက ကျပန်းကစားသမားတစ်ဦး သေဆုံးမည်ဖြစ်သည်။ 】

 

【သတိပေးချက် : အိပ်ရာမဝင်မီ တံခါးကို သော့ခတ်မထားပါနှင့်~】


အာ...


အဲလောက် အချက်အလက်လေးပဲလား...


လီရှစ်က သူ၏ကြောင်ခြေဖဝါးလေးကိုဆန့်ကာ သုံးဖက်မြင်ဖန်သားပြင်ကို ပွတ်ဆွဲလိုက်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များက ချစ်စရာကောင်းမှုဖြင့် လွှမ်းမိုးခံလိုက်ရသည်။ ပြေးလွှားနေသည့်စာသားများနှင့် ဖန်သားပြင်က အလွန်ချစ်စရာကောင်းပြီးရင်း ချစ်စရာကောင်းနေသည်။


မည်သို့ဖြစ်စေ ယခုအချိန်တွင် လီရှစ်က သူ့နောက်ရှိ ပြင်ပအကြောင်းရင်းများကို လုံးဝချန်ထားခဲ့ကာ ဂိမ်းထဲတွင် နှစ်မြှုပ်နေခဲ့သည်။ သူက အမည်မသိဗီလာကြီးကို မျက်နှာမူကာ ဦးစွာဝင်လာခဲ့သည်။


သူ့ရှေ့ရှိ လိမ္မော်ရောင်ကြောင်လေး၏ အထီးကျန်ဆန်သော ကျောပြင်ကို ကြည့်လိုက်ရာ ဟန်ကြွယ့်မင်က မျက်ခုံးပင့်လိုက်ပြီး နောက်သို့ အနီးကပ်လိုက်သွားခဲ့သည်။ ကျန်သူများနှင့် ကုရှင်းယွဲ့တို့က မစ်ရှင်အချက်အလက်ကို စစ်ဆေးပြီးနောက် ဗီလာထဲသို့ ၀င်သွားကြသည်။

 

ဗီလာအတွင်းပိုင်း အခြေအနေက အပြင်ဘက်မှ ကြည့်ရသလောက် မဆိုးလှချေ။ ပရိဘောဂနှင့်ကြမ်းပြင်က အတော်လေးသန့်ရှင်းနေသော်လည်း နွယ်ပင်များနှင့် ပြတင်းပေါက်အပြင်ဘက်ကမူ အလင်းရောင်ကို ပိတ်ဆို့ထားသည့်အတွက် အခန်းက အနည်းငယ် အုံ့မှိုင်းနေပုံရသည်။


"ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ကြီး ကျွန်မတို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ..."

ကုရှင်းယွဲ့က လှည့်ကြည့်လိုက်ပြီး ဟန်ကြွယ့်မင်၏ ထင်မြင်ချက်ကို မေးလိုက်သည်။ သူမ လှည့်ကြည့်လိုက်သည်နှင့် သူမ၏မေးရိုးများ ပြုတ်ကျသွားရလောက်သည်အထိ ထိတ်လန့်စရာကို‌တွေ့မည်ဟု မထင်ထားခဲ့ပေ။


ဟန်ကြွယ့်မင်က သားရေဆိုဖာပေါ်မှာ ပြားပြားဝပ်အောင် လှဲနေပြီး အေးအေးချမ်းချမ်း အမူအရာနဲ့ မျက်လုံး‌တွေမှိတ်ထားတာကို ငါ မြင်နေရတယ်... သူ့ရင်ဘတ်ကသာ နည်းနည်းလေး တက်လိုက်ကျလိုက် ဖြစ်မနေဘူးဆိုရင် လူတိုင်းက သူ တစ်ခုခုဖြစ်သွားပြီလို့ ထင်ကြလိမ့်မှာပဲ...

 

"မင်းအလုပ် မင်းလုပ်နေ... ငါ့ကို စိတ်မပူနဲ့..."

ဟန်ကြွယ့်မင်က သူ့လက်ကို ဝှေ့ယမ်းကာ မျက်တောင်ကိုပင် မပင့်ဘဲ နေနေသည်။


ကုရှင်းယွဲ့တို့ သုံးယောက် : "..."


ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ကြီးက ကောင်းကင်ဘုံကို ပုန်ကန်ပြီး  ကမ္ဘာမြေကိုဖျက်‌ဆီးမယ့် အရင်က ပုံစံကို ဘာလို့ပြောင်းပြီး ဂိမ်းထဲမှာ လာနေ‌နေရတာလဲ... ပြီးတော့လည်း အခုက အလုပ်လုပ်ချိန်ရောက်နေပြီလေ.. ဒီလိုမျိုး အပျင်းထူပြီးအိပ်နေတာက တကယ့်ကို အဆင်ပြေပါ့မလား....  

 

ငါတို့ အထွန့်တက်ချင်ရင်တောင် နတ်ဆိုးဘုရင်ကြီးရဲ့ ဂုဏ်သတင်းကြောင့် ဘယ်သူမှ မေးခွန်းမထုတ်ရဲကြဘူး...

ထိုကြောင့် သူတို့က သဲလွန်စရှာရန် ဧည့်ခန်းထဲမှ ထွက်သွားကြသည်။


သို့သော်လည်း လီရှစ်က ထိုလူများထဲတွင် မပါဝင်ခဲ့ပေ။


ကြောင်တစ်ကောင်ဖြစ်လာပြီးနောက် သူ၏ခန္ဓာကိုယ်က သေးငယ်သွားသော်လည်း သူ၏ပျော့ပျောင်းမှုမှာ အလွန်တိုးတက်လာခဲ့သည်။ လီရှစ်က သူ့နောက်ခြေထောက်များကို အနည်းငယ်အားစိုက်ထုတ်၍ ဆိုဖာနောက်ဘက်ပေါ်သို့ ခုန်တက်ကာ ဆိုဖာပေါ်၌ မလှုပ်မယှက်နေနေသော ဟန်ကြွယ့်မင်ကို ငုံ့ကြည့်လိုက်သည်။

 

ဟန်ကြွယ့်မင်က အရမ်း လုံ့လဝီရိယကြီးတယ်လို့ ငါ မိဘတွေ ပြောခဲ့တာမဟုတ်ဘူးလား... ဒါဆို အပျင်းကင်ဆာ နောက်ဆုံးအဆင့်ကို ရောက်နေတဲ့ ငါ့ရှေ့က ဒီလူက ဘာဖြစ်သွားတာလဲ...

 

သူ့ဦးခေါင်းထက်ရှိ မရဏဓာတ်ရောင်ခြည်အောက်တွင် ဟန်ကြွယ့်မင်က ရုတ်တရက် မျက်လုံးဖွင့်ကာ လက်ကိုမြှောက်လိုက်၍ သူ့ဘေးရှိ နေရာလွတ်ကို ပွတ်သပ်ပြပြီး လီရှစ်အား ဖိတ်ခေါ်လိုက်သည် :

 "ကြောင်ပေါက်လေး အတူတူအိပ်ချင်လို့လား..."



😺😺😺