Ch 3
Viewers 1k

😺 Chapter 3

ပျော်ရွှင်စရာ မိသားစုတစ်ခု



လီရှစ် : "..."

 

လီရှစ်က ဟန်ကြွယ့်မင်ကို မထီမဲ့မြင်ပြုသော အကြည့်ဖြင့်ကြည့်ကာ ဆိုဖာပေါ်မှ ခုန်ဆင်းလိုက်ပြီး သဲလွန်စရှာရန် ကုရှင်းယွဲ့နှင့် အခြားသူများကို လိုက်ရှာခဲ့သည်။ သနားစဖွယ် အငြင်းခံရလိုက်သော ဟန်ကြွယ့်မင်က သူ၏နှာတံပေါ်မှ မျက်မှန်ကို တွန်းတင်ကာ မျက်လုံးမှိတ်ပြီး ဆက်၍ လူသေလိုလှဲလျောင်းနေခဲ့၏။

 

ဤအချိန်၌ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းက ပရိသတ်များပင် အံ့သြသွားကြလေသည်။


 ă€á€’ဍ...ဒါက တကယ့် နတ်ဆိုးဘုရင်ကြီး ကိုယ်တိုင်ရော ဟုတ်ရဲ့လား...】

 

[အဆုံးကျတော့လည်း အဲဒါက easy difficulty နဲ့ အကျဉ်းစခန်းဖြစ်နေတာကိုး... ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ကြီးက အကျဉ်းစခန်းကို ဘယ်လိုရှင်းရမလဲဆိုတာ ဟိုးအရင်တည်းက သိထားလောက်မှာပေါ့... စောင့်ကြည့်လိုက်ပါ... ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ကြီးက အောင်ပွဲအတွက် သော့ချက်ဖြစ်မှာ သေချာတယ်...  】


 ă€á€á€°á€¸... ငါ့ယောင်္ကျားက အရမ်းချောတာပဲ.... ဒီလို အိပ်နေတဲ့ မျက်နှာလှလှလေးနဲ့ စခရင်ကို ငါ တစ်နေကုန် ထိုင်လျက်နေနိုင်တယ်... ပြီးတော့ ကင်မရာ အဝေးကို မရွှေ့သွားဖို့ ဂိမ်းကုမ္ပဏီကို တောင်းဆိုပါတယ်....  】


[တူညီတဲ့ တောင်းဆိုချက် +1]


 ........


သို့သော်လည်း မှတ်ချက်များ ပြေးလွှားနေသော ဖန်သားပြင်ပေါ်တွင် မည်မျှပင်‌တောင်းဆိုနေပါစေ ကင်မရာက အညှာအတာမဲ့စွာ ရွေ့သွားကာ ကုရှင်းယွဲ့နှင့် သူမ၏အဖွဲ့ထံသို့ ပြောင်းရွှေ့သွားခဲ့သည်။ ထိုအချိန်တွင် သူတို့က ပထမထပ်နှင့် ဒုတိယထပ်ကြားရှိ လှေကားထစ်တွင် ရှိနေခဲ့သည်။ ဓာတ်ပုံဘောင် အများအပြားကို နံရံပေါ်၌ ချိတ်ဆွဲထားသည်။ ဓာတ်ပုံဘောင်ထဲရှိ ဓာတ်ပုံအများစုက မိသားစုဓာတ်ပုံများဖြစ်သည်။


ဤသည်က မိသားစု သုံးယောက်ပုံဖြစ်သည်။ ဓာတ်ပုံများတွင် ဖခင်က ရင့်ကျက်တည်ငြိမ်ပြီး၊ မိခင်က နူးညံ့သိမ်မွေ့ကာ ကြီးပြင်းလာခဲ့သည့် သမီးငယ်လေးကလည်း ရွှင်လန်းတက်ကြွနေသည်ကို တွေ့မြင်နိုင်သည်။ အမှန်တကယ်ကို ပျော်ရွှင်စရာကောင်းသော မိသားစုလေးဖြစ်၏။


ဤလူသုံးယောက်အပြင် ဓာတ်ပုံထဲ၌ Su Mu ခွေးကြီးတစ်ကောင်လည်း ရှိသေးသည်။ ကလေးမကမူ ဤခွေးလေးကို အလွန်သဘောကျလေသည်။ သူမက ၎င်း၏လည်ပင်းကို အမြဲပွေ့ဖက်ထားကာ သူမ၏မျက်နှာပေါ်တွင် ပျော်ရွှင်သောအပြုံးတစ်ခုဖြင့် ဓာတ်ပုံရိုက်လေ့ရှိသော်လည်း ခွေးက မိန်းကလေးများကို အလွန်နှစ်သက်ပုံမပေါ်ပေ။ ဓာတ်ပုံများထဲမှ ၎င်း၏အမူအရာနှင့် လှုပ်ရှားမှုများကို အကဲဖြတ်ကြည့်လျှင် ၎င်းက မိန်းကလေးများ၏ ချဉ်းကပ်မှုကို တွန်းလှန်နေခြင်းကိုပင် သိမြင်ရန် မခက်ခဲပေ။


(T/N : Su Mu ခွေး = ခြေထောက်တိုတို ၊ အမွေးဖွားဖွားကြီးတွေနဲ့ ခွေး)


ဒင်—


စနစ်က မက်ဆေ့ခ်ျအသစ် ပို့လာခဲ့သည်။

【ပထမမေးခွန်း : အကျဉ်းစခန်းထဲရှိ ဤမိသားစု၏အမည်များကား အဘယ်နည်း။ သင် မှန်ကန်စွာဖြေဆိုပါက၊  အပိုဆုငွေ 10 မှတ်ရရှိမည်ဖြစ်ပြီး မှားယွင်းစွာဖြေဆိုပါက အမည်မသိပြစ်ဒဏ်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ 】


စုပေါင်စန်းက အချက်အလက်ကိုဖတ်ပြီးနောက် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

 "သူတို့နာမည်တွေကို ဓာတ်ပုံမှာ မရေးထားဘူး... ကျွန်တော်တို့က  ဒီမိသားစုနာမည်ကို ဘယ်လိုလုပ်သိမှာလဲ..."

 

"မစ်ရှင်က အရမ်းရိုးရှင်းလိမ့်မယ်လို့ နင် ထင်နေလား... စနစ်က ဗီလာထဲမှာ သဲလွန်စတွေ ရှာခိုင်းတာဖြစ်လိမ့်မယ်... အကျဉ်းစခန်းက အရမ်းကြီးတယ်... ငါတို့ ဖြည်းဖြည်းချင်း ရှာမှပဲ တွေ့လိမ့်မယ်..." 

ကုရှင်းယွဲ့က ခဏလောက်စဉ်းစားနေသည်။

 "ဒီလိုလုပ်ရအောင်... ခွဲလုပ်လိုက်ကြမယ်... နင်တို့နှစ်ယောက် ပထမထပ်ကိုရှာ... ငါက ဒုတိယထပ်ကိုရှာလိုက်မယ်..."


"ကောင်းပါပြီ..." 

ကျန်းချမ်းနှင့် စုပေါင်စန်းက အတူတူ ခေါင်းညိတ်လိုက်သည်။


စကားစမြည်ပြောနေစဉ်တွင် သူတို့သုံးဦးက တာဝန်များခွဲဝေ၍ ပြီးဆုံးသွားခဲ့ပြီး လှေကားလက်ရန်းပေါ်တွင် ရပ်နေသော လီရှစ်ကို လုံးဝလျစ်လျူရှုခဲ့ကြသည်။


လီရှစ် : "..."


ကြောင်တွေကို အသင်းဖော်တွေလို့ တကယ်မသတ်မှတ်ဘူးလား...


ဟုတ်တာပေါ့... ငါကိုယ်တိုင်သိလိုက်ရပြီ...


လီရှစ်က ကြောင်လက်ဖဝါးလေးများကို လျက်လိုက်ပြီး ကုရှင်းယွဲ့ တက်သွားသည့် ဒုတိယထပ်ကို လိုက်သွားသည်။ သို့သော် သူ လှည့်ထွက်သွားချိန်တွင်ပင် ဓာတ်ပုံထဲက ကောင်မလေးက ရုတ်တရက် လှုပ်ရှားသွားပေသည်။


လီရှစ် ထွက်ခွာသွားသည့် ဦးတည်ရာကိုကြည့်ရန် သူမ ခေါင်းကိုလှည့်လိုက်သည်အား မြင်နေရသည်။ သူမ၏မျက်နှာပေါ်ရှိ အမူအရာက မပြောင်းလဲဘဲ ယခုလို အခိုက်အတန့်တွင် ကြောက်စရာကောင်းသောအငွေ့အသက်များပြည့်နှက်နေပုံရသည်။ အထူးသဖြင့် အောက်ခြေမရှိသော တွင်းနက်ကြီးကဲ့သို့ ပါးစပ်ပေါ်တွင် ကြီးမားသောအပြုံးဖြင့် ကောင်မလေးက ဝဝဖြိုးဖြိုး သားကောင်ကို ဝါးမျိုရမည့်အခွင့်အရေးကို စောင့်ဆိုင်းနေလေသည်။


ကောင်မလေး၏ဘေးတွင် ရပ်နေသည့် မိဘများ၏ မျက်လုံးများက တစ်ဝက်မှိတ်ကျနေပြီး ထိုမျက်လုံးများက ဝမ်းနည်းနေကာ ဓာတ်ပုံအပြင်ဘက်လောကကို အသနားခံစွာ ကြည့်နေကြ၏...

 

【ငါတော့ သွားပြီ... ဓာတ်ပုံထဲက လူတွေ ရွေ့၊ ရွေ့သွားတယ်...  】


【ဒါက Horror ဂိမ်းလို့ ပြောထားတယ်‌လေ... သရဲတစ္ဆေတွေ ပါရတာက သာမာန်လုပ်ဆောင်မှုပဲ မဟုတ်လား... 】


【သရဲမက ကြောင်လေးကို စားချင်နေပုံရတယ်... ကြောင်လေး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ် အား...]


ဒုတိယထပ်။


ကုရှင်းယွဲ့က ကွန်ပြူတာနှင့် ချိတ်ဆက်ရန် စာကြည့်ခန်းထဲသို့ ရုတ်တရက်ဝင်သွားခဲ့ပြီး လီရှစ်က တစ်ဖက်က အခန်းထဲသို့ ဝင်သွားခဲ့သည်။


၎င်းက မာစတာအိပ်ခန်းပင်။ အတွင်းပိုင်း ပရိဘောဂများက အသစ်စက်စက်သာ ဖြစ်နေသေးဆဲဖြစ်သည်။ စောင်များကို ခုတင်ခေါင်းရင်းပေါ်၌ သပ်သပ်ရပ်ရပ် ထပ်တင်ထားပြီး အိပ်ရာပေါ်တွင် ဖုန်မှုန့်များပင် မရှိပေ။ အခန်းပိုင်ရှင်က မနက်တိုင်း အိမ်မှမထွက်ခွာမီ သန့်ရှင်းရေးလုပ်ကာ ညဘက်‌ရောက်မှ ပြန်လာနေပုံရသည်။


ဤထိုးဖောက်ဝင်ရောက်လာသော အတွေးကို သူ့နောက်ကျောတွင်  ထားခဲ့ကာ လီရှစ်က အိမ်တွင်ဆိုလျှင် လူအများစု အရေးကြီးသောအရာများကို မည်သည့်နေရာ၌ ထားတတ်သလဲဟူသော အရေးကြီးသည့်မေးခွန်းကို စတင်စဉ်းစားလာခဲ့သည်။


ဤအခြင်းအရာကို သူ တွေးပြီးသည်နှင့် လီရှစ်၏မျက်လုံးများက နံရံတစ်ခုလုံးကို သိမ်းပိုက်ထားသည့် ဗီရိုတစ်ခုကို မသိစိတ်က အာရုံစိုက်သွားမိသည်။

 

ဗီရိုတံခါးက ချောချောမွေ့မွေ့ပင် ဆွဲပွင့်သွား၏။ လီရှစ်က ခြေဖျားထောက်လျက် ဗီရိုတံခါးကိုဖွင့်ရန် အားစိုက်ထုတ်လိုက်သည်။ ကြောင်ခြေသည်းလေးက အံဆွဲကွင်းကို ချိတ်လိုက်သဖြင့် အံဆွဲကိုဖွင့်ရသည်မှာ အလွန်လွယ်ကူသွားသည်။

 

သူ့ခေါင်းကို အံဆွဲထဲသို့ထည့်လိုက်ရာ နီညိုရောင်စာအုပ်အပါအဝင် အထဲ၌ စာရွက်စာတမ်းများနှင့် အခြားအရာများစွာရှိကြောင်း လီရှစ် တွေ့ရှိခဲ့သည်။ 

သမိုင်းစာအုပ်တွေအရ ဒါက ရှေးလူတွေရဲ့အိမ်ထောင်စု စာရင်းအချက်အလက်တွေကို မှတ်တမ်းတင်ထားတဲ့ အိမ်ထောင်စုစာရင်းစာအုပ်ပဲ မဟုတ်လား...


ဒီထဲမှာ မိသားစုနာမည်ရှိလိမ့်မယ်... ပြီးတော့ ဒါက [-]% အတိအကျ မှန်လိမ့်မယ်...


လီရှစ်က စာရင်းစာအုပ်ကို ပါးစပ်ထဲထည့်ကာ အောက်ထပ်သို့ ဆင်းသွားသည်။


ဤအချိန်၌ အားလုံးက ပထမထပ်တွင် စုရုံးနေကြပြီဖြစ်၏။


ဟန်ကြွယ့်မင်က ဆိုဖာပေါ်တွင် လှဲလျောင်းနေပြီး သတိမရှိစွာ အိပ်ပျော်နေဆဲဖြစ်ကာ ကုရှင်းယွဲ့နှင့် အခြားသူများက သူတို့ ဘာလုပ်နေသည်ကိုပင် မသိဘဲ လက်ပ်တော့တစ်လုံးဖြင့် စုဝိုင်းကာ ထမင်းစားခန်းဘေးတွင် စုရုံးနေကြသည်။


"အရင်တုန်းကတော့ ခွင့်ပြုချက်မရှိဘဲ အိမ်ထောင်စုစာရင်း ၀က်ဘ်ဆိုဒ်ကို ဝင်လို့မရဘူး... ဒါပေမယ့် ကိစ္စမရှိပါဘူး...ငါ့ဘာသာ ကွန်ပျူတာ ပရိုဂရမ်ရေးနည်း သင်ထားတယ်... နာရီဝက်လောက်ကြာရင် မိသားစုနာမည်ကို စစ်ဆေးဖို့ အိမ်ထောင်စုစာရင်းဝဘ်ဆိုဒ်ကို ဝင်နိုင်တော့မယ်..." 

ကုရှင်းယွဲ့က ကီးဘုတ်ကိုရိုက်နှိပ်ပြီး စကားပြောလာသည်။


"ဟုတ်ပြီကွ... ရှင်းယွဲ့ကျဲကို ကျွန်တော် ယုံတယ်..."  

စုပေါင်စန်းက ကြွေးကြော်သံများကို ဝမ်းသာအားရ အော်ဟစ်နေခဲ့သည်။


ဘုတ် —!


ရုတ်တရက် လီရှစ်က ထမင်းစားပွဲပေါ်သို့ ခုန်ဆင်းလာကာ ပါးစပ်ကို အနည်းငယ်ဖွင့်လိုက်သဖြင့် စာရင်းစာအုပ်ကလည်း စားပွဲပေါ် ပြုတ်ကျသွားသည်။


အခန်းတွင်းရှိ ကီးဘုတ်ရိုက်သံများ ရုတ်တရက် ရပ်တန့်သွားသည်။


ကုရှင်းယွဲ့၏လက်များက လေထုထဲတွင် အေးခဲသွားပြီး ခဏတာမျှ သူမ ဆက်၍ စာရိုက်သင့်၊ မသင့် မသိတော့ပေ။


【2333... စက္ကန့်ပိုင်းနဲ့တင် တကယ်ကြီး မျက်နှာ ဖြတ်ရိုက်ခံလိုက်ရတာလား..】


【အိမ်ထောင်စု စာရင်းစာအုပ်လိုမျိုး ရှေးကျတဲ့အရာကို ရှာတွေ့ခဲ့တယ်... ဒီကြောင်ရဲ့ သမိုင်းဝင်အောင်မြင်မှုတွေက တကယ်ကောင်းလိမ့်မယ်လို့ ငါ လောင်းကြေးထပ်ရဲတယ်...】


【အကျဥ်းစခန်းကိုရှင်းဖို့ နတ်ဆိုးဘုရင်ကြီးကို အားကိုးရမယ်လို့ ဘယ်သူပြောတာလဲ... အောင်ပွဲရဲ့သော့ချက်က ဒီကြောင်ပေါ်မှာပဲ လုံးလုံးမူတည်နေတယ်လို့ပဲ ငါထင်တယ်... 】


【ဝေါင်းးးးး... ငါ့ယောင်္ကျားကို ကြည့်ဖို့ဝင်လာခဲ့တာ အသိသာကြီးကို...  ငါက ဘာလို့ ဒီကြောင်လေးရဲ့ ပရိသတ်ဖြစ်လာရတာလဲ...】


စိတ်ခံစားမှုများပြားနေသည့် မှတ်ချက်ကဏ္ဍနှင့် မတူဘဲ ကုရှင်းယွဲ့နှင့် သူတို့ သုံးယောက်၏ မျက်နှာများက သူတို့ ဖြစ်စေချင်သည်ထက် အရုပ်ဆိုးနေခဲ့ကြသည်။ 

တကယ်တမ်းကျ ငါတို့ထဲက တော်တော်များများက ကြောင်ထက်တောင် ပိုဆိုးနေမယ်လို့ ဘယ်သူက ထင်မှာလဲ...


ဆိုဖာအနောက်ဘက်သို့ မျက်နှာမူနေသော ဟန်ကြွယ့်မင်က မျက်လုံးများကိုမှိတ်ထားသော်လည်း စိတ်ဝင်စားစရာတစ်ခုခုကို ရှာဖွေတွေ့ရှိထားသကဲ့သို့ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်လာသည်။

 

ကုရှင်းယွဲ့က ထမင်းစားပွဲ၌ထိုင်လျက် သူမ၏ ဘယ်ဘက်လက်သီးကို တင်းတင်းဆုပ်ကာ သူမ၏အရှက်ကိုဖုံးကွယ်ရန် နှုတ်ခမ်းပေါ်တင်လိုက်ပြီး ချောင်းဆိုးလိုက်သည်။

"အိမ်ထောင်စုစာရင်းစာအုပ်ကို နင် အရင်ရှာတွေ့တာဆိုတော့ ဒီမိသားစုနာမည်နဲ့ အဖြေကို မြန်မြန်ရေးလိုက်တော့..."


လီရှစ်က ထမင်းစားပွဲပေါ်တွင် မလှုပ်မယှက် ရပ်နေသည်။


ငါက အခုမှ ဂိမ်းစမ်းသပ်သူအဖြစ် စာရင်းသွင်းထားတာလေ... ဒါက စမ်းသပ်မှုထဲမှာ ငါ ပါဝင်ဖူးတဲ့ ပထမဆုံး သုံးဖက်မြင်ဂိမ်းပဲ... လောလောဆယ် ငါ့မှာ point တစ်ခုတောင် မရှိဘူး... ဒါပေမယ့် အဆင့် 100 ဂိမ်းစမ်းသပ်သူဖြစ်လာဖို့ 1 point လိုတယ်... ဒီလိုမေးခွန်းလေးတစ်ခုကို ဖြေပြီးသွားရင် 10 points ရနိုင်လောက်တယ်... အခွင့်အရေးမရဖို့လည်း အကြောင်းပြ‌ချက် ရှိတယ်—

 

ဒါပေမယ့်...


လီရှစ်က ဤလိမ်လည်လှည့်စားတတ်သည့် ဂိမ်းထဲရှိမေးခွန်းများက ဤမျှရိုးရှင်းသင့်သည်မဟုတ်ကြောင်းနှင့် ထောင်ချောက်တစ်မျိုးမျိုးကို ဒီဇိုင်းထုတ်ထားလောက်သည်ဟု ခံစားခဲ့ရသည်။ လီရှစ်က မိသားစု၏အမည်များကို ဤကဲ့သို့ရေးရုံဖြင့် သူ မေးခွန်းများကို မှန်ကန်စွာဖြေဆိုနိုင်ပါ့မလား မသေချာသလို၊ သူ မေးခွန်းမှားဖြေလျှင် ဆိုးရွားသောပြဿနာများနှင့် ရင်ဆိုင်ရနိုင်လား မသေချာပေ။  

ဘယ်လို ပြစ်ဒဏ်မျိုးဖြစ်မှာလဲ...


ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီးနောက် လီရှစ်က ဤအခွင့်အရေးကို အခြားသူများအား ပေးရန် ဆုံးဖြတ်ခဲ့သည်။


ကုရှင်းယွဲ့နှင့် အခြားသူများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ထမင်းစားစားပွဲပေါ်၌ ရပ်နေသည့် ကြောင်လေးက ဦးစွာ ခြေဖဝါး‌ကိုမြှောက်ကာ လှုပ်ယမ်းလိုက်ပြီးနောက် အိမ်ထောင်စုစာရင်းစာအုပ်ကို ကုရှင်းယွဲ့နှင့် အခြားသူများထံ တွန်းပို့ကာ သူ့မျက်လုံးများဖြင့် အချက်ပြလာသည် :

ငါက အားနည်းပြီး သနားစရာကောင်းတဲ့ ကြောင်လေးပါပဲ... မင်းတို့ လူသားတွေပဲ ဒီလောက် အန္တရာယ်များတဲ့ အလုပ်မျိုးကို လုပ်သင့်တာပေါ့...



😺😺😺