Ch 4
Viewers 1k

😺 Chapter 4

ဒါက ကြောင်လို့ခေါ်တဲ့ လူတစ်ယောက်....



【ဒါက ဘယ်လို နတ်ဘုရားဆန်တဲ့ အသင်းဖော်လေးလဲ...】

 

【အရမ်းထိမိပါတယ်...ကြောင်တစ်ကောင်က နှိမ့်ချမှုရဲ့ အား‌သာချက်ကိုသိတယ်တဲ့ ငါတို့လိုလူကြီးတွေကို အရှက်ရစေတယ်...】


 ă€ ကြီးမြတ်တဲ့ နတ်‌ဆိုးဘုရင်ကြီးက အိပ်ပျော်နေတုန်းပဲ... အပျင်းကင်ဆာ နောက်ဆုံးအဆင့်ကို ရောက်နေတဲ့ နတ်ဆိုးဘုရင်ကြီးရဲ့ ပရိသတ်ဖြစ်ရတာ ငါ မကျေနပ်တော့ဘူး... အခုကစပြီး ဒီကြောင်လေးရဲ့ ပရိသတ် ဖြစ်လာတော့မယ်...】


စုပေါင်စန်းက သူ့ခေါင်းကိုကုတ်လျက် လီရှစ်၏ လုပ်ရပ်ကြောင့် အနည်းငယ် ရင်ထဲထိသွားသည်။

"မင်း ငါတို့ကို ဒီအခွင့်အရေး ပေးလိုက်တာလား..."

 

လီရှစ်က စားပွဲပေါ်တွင် လှဲလျောင်းကာ ခေါင်းညိတ်ပြပြီး တစ်ဖက်ကို မျက်တောင်မခတ်ဘဲ စိမ်းမြနေသော မျက်လုံးများဖြင့် စိုက်ကြည့်‌၍ ကုရှင်းယွဲ့နှင့်အခြားသူများ အဖြေကို ဖြည့်မည်ကို စောင့်နေခဲ့သည်။


"...ငါ မရေးဘူး…" 

ကုရှင်းယွဲ့က အိမ်ထောင်စုစာရင်းစာအုပ်ကို အခြားလူဆီ တွန်းပို့လိုက်ပြီး ခေါင်းမာစွာပြောလာ၏။

"ငါ့လက်နဲ့ကိုယ်တိုင် ရှာမတွေ့ခဲ့တဲ့ သဲလွန်စတွေကို ဘယ်လိုသုံးရမှန်းမသိဘူး..." 


"မင်း မရေးဘူးဆိုမှတော့ ငါလည်း ယဉ်ကျေးမနေတော့ဘူးနော်..."

လက်ဦးယူသွားခံရမည်ကို စိုးရိမါသဖြင့် ကျန်းချမ်းက ID လက်ကောက်ကိုဖွင့်ပြီး အိမ်ထောင်စုစာရင်းစာအုပ်ပါ အချက်အလက်များအရ အဖြေကို ချရေးလိုက်သည်။  ဖခင် : မောက်တာ့ယုံ ၊ မိခင် : ကျောက်ကျဲ ၊ သမီး : မောက်ကျားကျား။

 

【ကစားသမား အဖြေကို အတည်ပြုပါမည်လား။】


ကျန်းချမ်း၏ မျက်နှာပေါ်တွင် ရွှင်မြူးသောပုံစံဖြင့် OK ခလုတ်ကို နှိပ်လိုက်သည်။

ပြတ်ပြတ်သားသား အတည်ပြုတယ်...


နောက်တစ်စက္ကန့်တွင် X ကြီးက ကျန်းချမ်း၏အဖြေကို ဖုံးအုပ်သွားသည်။


【အဖြေမှားပါတယ်... ကစားသမားအမှတ် 709 သည် ပြစ်ဒဏ်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး အချိန်က မသေချာပါ၊ ထို့အပြင် ပြစ်ဒဏ်၏ အကြောင်းအရာမှာလည်း မသေချာပါ။】


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

ကျန်းချမ်းက အံ့သြလွန်း၍ သူ့လက်များပင် စတင်တုန်ယင်လာသည်။

 "ဒီလူ ၃ ယောက်ပဲ အိမ်ထောင်စုစာရင်းစာအုပ်ထဲမှာ ရှိတာလေ... ငါ မမှားဘူး... စနစ်က မှားနေတာလား..."


"မဟုတ်လောက်ဘူး..."

ယခင်က ဆိုဖာပေါ်၌ လှဲလျောင်းနေခဲ့သည့် ဟန်ကြွယ့်မင်က အကြောင်းတစ်ခုခုကြောင့် ထထိုင်လိုက်သည်။

 "ဂိမ်းက အခုမှ တီထွင်ထားပြီး စနစ်မှာ ချို့ယွင်းချက်တွေ ရှိနေပေမယ့် စံသတ်မှတ်ထားတဲ့ အဖြေတွေနဲ့ ဒီလို ပဟေဠိတွေအတွက်တော့ စနစ်က ဘယ်တော့မှ အမှားလုပ်မှာမဟုတ်ဘူး..."  


"ဟုတ်တယ်...  ဒီနေရာက တခြားသူတွေကို အပြစ်တင်နေမယ့်အစား မင်းရေးခဲ့တဲ့ အဖြေမှာ ဘယ်သူတွေ ကျန်နေလဲဆိုတာကို ဘာလို့မစဉ်းစားတာလဲ..."


ကုရှင်းယွဲ့က မဝံ့မရဲမေးလာ၏။

"ကြီးမြတ်တဲ့နတ်ဆိုးဘုရင်ကြီး၊ အဖြေကို ရှင် သိတာလား..."

 

ဟန်ကြွယ့်မင်က ပြုံးပြသည်။

 "မသိဘူး..."


စကားပြောပြီးသောအခါ ဟန်ကြွယ့်မင်က ကျောခင်းလှဲလျောင်းကာ လူသေတစ်‌ယောက်လှဲနေသည့်အတိုင်း ဆက်‌နေလိုက်သည်။

 

လူတိုင်း : "..."


တကယ်တော့ နတ်ဆိုးကြီးက ဂိမ်းကစားဖို့ လာခဲ့တာ လုံးဝမဟုတ်ဘူး... သူက NPC ဖြစ်ဖို့လာခဲ့တာ...


စုပေါင်စန်းက စိတ်ဆင်းရဲစွာဖြင့် ခေါင်းကုတ်လိုက်သည်။

 "ဒါပေမယ့် အိမ်ထောင်စုစာရင်းစာအုပ်မှာ လူသုံးယောက်ပဲ ရှိတာလေ... ဘယ်သူ့ကို ကျွန်တော်တို့ ကျန်ခဲ့တာလဲ..."


"ဖြစ်နိုင်ပါ့မလား..." 

ကုရှင်းယွဲ့၏ စိတ်ထဲတွင် ရုတ်တရက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

 "ငါတို့ လူတွေကိုပဲ ကျန်ခဲ့တာမဟုတ်လောက်ဘူးမလား..."


ဤအခြင်းအရာကိုကြားသည့်အခါ လူတိုင်းက နံရံပေါ်၌ချိတ်ဆွဲထားသည့် ဓာတ်ပုံများကို အစဉ်သဖြင့်မှတ်မိနေသွားလိမ့်မည်။ မိသားစုနှင့်ခွေးလေး၏ ဓာတ်ပုံ အများအပြားရှိခဲ့လေသည်။ Su Mu ခွေးကို မိသားစုဝင်အဖြစ် မှတ်ယူပါက စနစ်မှ ခွေး၏အမည်ကိုလည်း ရေးမှတ်ထားရန် လိုအပ်ပေသည်။ 

နာမည်မှားစရာလည်း မရှိပါဘူး...

 

မေးခွန်းတစ်ခုက ထပ်လာပြန်ပြီ... ခွေးနာမည်က ဘာများလဲ...


ဒီမိသားစုက ခွေးကို မိသားစုဝင်အဖြစ် မှတ်ယူထားပေမယ့် တကယ်တမ်းကျ ခွေးက ခွေးတစ်ကောင်ပဲဖြစ်ပြီးတော့ သူ့ကို မှတ်ပုံတင်ဖို့ ဒါမှမဟုတ် တစ်ခုခုလုပ်ဖို့ မဖြစ်နိုင်ဘူး...  ခွေးနာမည်ကို ဘယ်လိုရှာရမလဲဆိုတာက သိသာလွန်းတဲ့ ပြဿနာတစ်ခုပဲ...


ကုရှင်းယွဲ့က လီရှစ်ကိုကြည့်လာသည်။

 "အိမ်ထောင်စုစာရင်းစာအုပ်ကို ဘယ်မှာတွေ့တာလဲ...အဲမှာ ခွေးမှတ်ပုံတင်လက်မှတ်ရော ရှိလား..."


လီရှစ်က ခေါင်းခါလိုက်သည်။


မာစတာအိပ်ခန်း၏အံဆွဲထဲတွင် အိမ်ထောင်စုစာရင်းစာအုပ်နှင့် လက်ထပ်စာချုပ်မှလွဲ၍ အခြားစာရွက်စာတမ်းအနည်းငယ်သာ ရှိ‌နေခဲ့သည်။ သူ ၎င်းတို့အား စေ့စေ့ကြည့်သောအခါ ၎င်းတို့က ကွာရှင်းစာချုပ်နှင့် အိမ်ရှင်ဇနီး၏ သေစာရင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး အခြားဘာမှမရှိပေ။


 á€’ဍပ္မယအ်....


လီရှစ်၏ စိမ်းမြသောကြောင်မျက်လုံးများ တောက်ပလာကာ သူက ထမင်းစားပွဲပေါ်မှ ခုန်ဆင်းသွားကာ လေအလျင်ဖြင့် အပေါ်ထပ်သို့ ပြေးသွားခဲ့သည်။  ကျန်လူများက လီရှစ် မည်သို့လုပ်မည်ကို မသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။


တစ်မိနစ်မျှကြာသည့်အခါ လီရှစ်က သူ့ပါးစပ်ထဲ၌ တစ်စုံတစ်ခုကို ချီကာ ပြန်ရောက်လာသည်။ လီရှစ်က ဤပစ္စည်းကို ထမင်းစား စားပွဲပေါ်တင်လိုက်သည့်အခါ အားလုံးက ခွေးလည်ပတ်ဆိုသည်အား သိသွားကြပေသည်။

 

အပြာရောင်လည်ပတ်၏ အလယ်၌ ခွေးနာမည် ငွေရောင်စာတန်းတစ်ခုရှိနေသည် — ဟယ်ရီ


 ă€á€’ဍက တိရစ္ဆာန်တွေရဲ့ အလိုလိုသိစိတ်လား...】


 ă€á€„ဍ ကြိုက်သွားပြီ... နတ်ဆိုးကြီးက တစ်လျှောက်လုံး အလေးမထားဘဲ နေရင်တောင် ဒီကြောင်လေး ရှိနေတော့ တိုက်ရိုက်ထုတ်လွှင့်တာက အရမ်းစိတ်ဝင်စားဖို့ကောင်းနေပါသေးတယ်...  】

 

【သူတို့ရဲ့ ကြောင်ကိုကြည့်လိုက်ပါဦး... လူတွေကို ခေါင်းမွေးပြောင်စေအောင် ချစ်ဖို့ကောင်းရုံမကဘူး... အသင်းဖော်တွေနဲ့ ဂိမ်းကစားနိုင်လောက်အောင် ထက်မြက်သေးတယ်... ငါ့ကြောင်ကို ကြည့်လိုက်ဦး... တစ်နေ့လုံး ကိုက်လိုက်၊ ကုတ်လိုက်နဲ့... ဒေါသထွက်လွန်းလို့ ငါ့ခြေထောက်နဲ့ ကြောင်စာပန်းကန်ကို ကန်ပစ်လိုက်တယ်... 】

 

【ဒီကြောင်မှာ  အစွမ်းထက်တဲ့ အကြားအမြင်အစွမ်းရှိလောက်တယ်လို့ မင်းတို့ထင်လား... မဟုတ်ရင် သူ ဘာလို့ အရာအားလုံးကို သိနိုင်မှာလဲ...】


.....


စင်စစ် ပြေးလွှားနေသော မှတ်ချက်များအတွင်း ပြောထားသလို အံ့သြစရာမျိုး မရှိပေ။  လီရှစ်က ခွေးလည်ပတ်ကို အမြန်ရှာနိုင်ရခြင်းအကြောင်းရင်းမှာ သူ မာစတာအိပ်ခန်းသို့ မသွားမီက သူ့ဘေးနားရှိ ခွေးအခန်းတစ်ခန်းကို တွေ့ခဲ့ပြီး ၎င်းအခန်းထဲတွင် ခွေးလည်ပတ်ရှိသင့်သည်ဟု ထင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ 

ခွေးနာမည်ပါတဲ့ အိမ်မွေးတိရစ္ဆာန်ထုတ်ကုန်တစ်ခုကို ငါ တွေ့ခဲ့တယ်လေ... ငါလည်း ရှာတွေ့လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး....

 

ဤတစ်ကြိမ်တွင် အဖြေများ၏တိကျမှုက အလွန်မြင့်မားနေပြီဖြစ်၍ လီရှစ်က အခြားသူများကို အခွင့်အရေးပေးကာ လက်လွှတ်ခံရန် မရည်ရွယ်ခဲ့ပေ။  သူက ID လက်ကောက်ကိုဖွင့်ကာ အဖြေများကိုဖြည့်ရန် သူ၏ပန်းရောင် ကြောင်လက်ဖဝါးဖြင့် သုံးဖက်မြင်ဖန်သားပြင်ကို နှိပ်လိုက်သည်။


ကုရှင်းယွဲ့နှင့် အခြားသူများကလည်း လီရှစ်၏လုပ်ရပ်ကို ရိုးရိုးသားသား စောင့်ကြည့်ခဲ့ကြသည်။  နောက်ဆုံးတွင် လီရှစ်က သဲလွန်စများကို ရှာဖွေတွေ့ရှိခဲ့သည်။ 

ဖြေရဖို့အတွက်နဲ့ လီရှစ်ကို ငါတို့ ဘယ်လိုလုပ် ပြိုင်ဖို့ မျက်နှာပြောင်နိုင်မှာလဲ... 


ဤမိသားစုလေးယောက်၏ အမည်များကို တစ်ယောက်ပြီးတစ်ယောက် ချရေးလိုက်သည်။ လီရှစ်က OK  ခလုတ်ကို နှိပ်လိုက်သည်နှင့် အဖြေပေါ်တွင် အနီရောင် အမှန်ခြစ်တစ်ခု ထပ်သွားသည်။

 

【အဖြေမှန် ၊  ကစားသမား အမှတ် 321 သည် 10 points အပိုဆုလာဘ်များ ရရှိမည်ဖြစ်ပြီး အမှတ်များကို ပုံတူရှင်းလင်းပြီးပါက ရေတွက်ပြီး ဖြန့်ဝေမည်ဖြစ်သည်။】

 

တူ.......


လီရှစ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ 

ဒီ 10 points နဲ့ နောက်ဆုံးတော့ ငါ အဆင့် 1 စမ်းသပ်သူဖြစ်လာဖို့ ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီ...


 "အဲဒါက....."


ကျန်းချမ်းက ဖြူဖျပ်ဖြူရော်မျက်နှာနှင့် မေးလာသည်။

"အဖြေမှားရင် ဘာပြစ်ဒဏ်ခံရမလဲဆိုတာ သိကြလားဟင်..."


အားလုံးက သိသိသာသာ တုန်လှုပ်ခြောက်ခြားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသော်လည်း ကျန်းချမ်းကို မည်သူမျှ တိကျသေချာသော အဖြေမပေးနိုင်ပေ။


စုပေါင်စန်းက ရုတ်တရက်ဆိုသလို စိတ်ကူးတစ်ခု ရလာခဲ့သည်။

 "နတ်ဆိုးကြီးကို ဘာလို့မမေးတာလဲ... သူက ဂိမ်းတော်တော်များများကို စမ်းသပ်ပြီးပြီ... ဒီဂိမ်းစနစ်ရဲ့ လမ်းကြောင်းကို သိလောက်မှာပဲမလား..."

 

ဒါပေမယ့်......


ဆိုဖာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ဟန်ကြွယ့်မင်ဆီသို့ လူတိုင်း၏ မျက်လုံးများက မသိစိတ်အရာ ကျရောက်သွားကြကာ မေးခွန်းထုတ်လာကြပြန်သည်။

သုန်မှုန်နေတဲ့ နတ်ဆိုးဘုရင်ကြီးကို ဘယ်သူက နှိုးမှာလဲ...

 

အချိန်အတော်ကြာ စဉ်းစားပြီးနောက် အားလုံးက ထမင်းစား စားပွဲပေါ်တွင်ရပ်နေသော လီရှစ်ကို အာရုံစိုက်လာကြသည်။ 

အရင်က ကြောင်ကို ပွေ့ထားတဲ့ နတ်ဆိုးကြီးကို ကြည့်ရသလောက် ကြောင်တွေကို မုန်းတဲ့ပုံလည်းမပေါ်သလို နည်းနည်းတောင် သဘောကျနေပုံရသလားလို့...


လီရှစ်က စိမ်းမြနေသော ကြောင်မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသည် : 

မင်းတို့အားလုံး ငါ့ကို ဘာလို့ကြည့်နေကြတာလဲ... ငါ ဒီကောင့်နားကို သေချာပေါက် သွားမှာမဟုတ်ဘူး ဟုတ်ပြီလား...


"ကျေးဇူးပြုပြီး......"

ကျန်းချမ်းက လီရှစ်ကို အသနားခံသော မျက်လုံးများဖြင့် မျက်ရည်များဝဲကာ ကြည့်နေသည်။ 


ပြောရရင် အဲဒီသက်လတ်ပိုင်း ဦးလေးကြီးရဲ့ တောင်းဆိုခံရတာ အရမ်းစိတ်ဖိစီးဖို့ ကောင်းလွန်းတယ်...


လီရှစ် : "..."

ဟုတ်ပြီလေ ဟန်ကြွယ့်မင်ကို နှိုးဖို့လေးပဲကို... ဒါက အသေးအဖွဲကိစ္စလေးပါကွာ...


ထမင်းစား စားပွဲပေါ်မှ ပြတ်ပြတ်သားသားခုန်ဆင်းကာ လီရှစ်က ဆိုဖာဘက်သို့ ခြေဖျားထောက်သွားလိုက်ပြီး ထိုအချိန်အတွင်း အသံတစ်သံမျှ မထွက်လာခဲ့ပေ။


နောက်ဆုံးတွင် လီရှစ်က ဟန်ကြွယ့်မင်နှင့် နီးကပ်လာပြီး အိပ်မောကျနေသော နတ်ဆိုးဘုရင်ကြီးကို လက်သည်းများဖြင့် ရိုက်ကာ နှိုး‌တော့မည့်အခါတွင် လက်ကြီးတစ်ဖက်က လီရှစ်၏ ခန္ဓာကိုယ်ကို ထိန်းထားနိုင်သဖြင့် လူကို ရိုက်နှက်ရန်ကြိုးပမ်းမှုကို ဆက်လက်မလုပ်ဆောင်နိုင်တော့ပေ။


"မြောင့်-"

လီရှစ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။


အနားကွပ်မဲ့ မျက်မှန်အောက်၌ ဝှက်ထားသော ဟန်ကြွယ့်မင်၏ မျက်လုံးများက ဖြည်းညင်းစွာပွင့်လာပြီး နက်‌ဆွေးဆွေး သူငယ်အိမ်က ကြည်လင်ပြတ်သားနေကာ ရှုပ်ထွေးမှုမရှိသဖြင့် သူ အိပ်မက်ထဲမှ နိုးထလာပုံနှင့်ပင်မတူ‌ချေ။


"ငါ့ကို ရိုက်ချင်နေတာလား... ဆိုးလိုက်တဲ့ ကြောင်လေး..."

ဟန်ကြွယ့်မင်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကြွတက်လာပြီး သူ၏ ဆွဲငင်နိုင်စွမ်းနှင့် ယောင်္ကျားဆန်ဆန် အသံက အနည်းငယ် လေးတွဲနေသဖြင့် လူအများ၏ နားကို ကိုယ်ဝန်ရသွားစေနိုင်သည်။



😺😺😺