Ch 5
Viewers 1k

😺Chapter 5

အစားအသောက် တည်ခင်းခြင်း



【‌ ဪ... ငါ‌တော့ သေပြီ...နောင်တမရဘဲ သေသွားတဲ့အမျိုးအစားပဲ...】


 ă€â€Œá€”á€á€şá€†á€­á€Żá€¸á€˜á€Żá€›á€„á€şá€€á€źá€Žá€¸á€€ အွန်လိုင်းပေါ်မှာ ကျောက်တုံးတူနဲ့ ကြောင်လေးကို ကျီစားနေတာပဲ...】

 

【‌ကြောင်လေးကို ဘာလို့ ကျီစားနေတာလဲ... အမျိုးသမီး ပရိသတ်တွေက မနာလိုဝန်တိုပြီး မုန်းတီးမှုတွေကြောင့် မျက်ရည်ကျနေရပြီ...】

 

ဟန်ကြွယ့်မင်၏ အသံနှင့်အတူ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ ပရိသတ်များသာမကဘဲ အကျီစယ်ခံလိုက်ရသော လီရှစ်လည်း အလွန်တုန်လှုပ်သွားခဲ့သည်။ သူက လုံးဝ ငြိမ်သက်သွားပြီး လူကို ကန်ကျောက်ကာ ကုတ်ခြစ်နေသည်များကို ရပ်လိုက်သည်။


ဟန်ကြွယ့်မင်က ထထိုင်လျက် လီရှစ်ကို သူ့လက်နှစ်ဖက်နှင့် ပွေ့ဖက်လိုက်ပြီး နူးညံ့သောကြောင်မွေးများကို ပွတ်သပ်ပေးရန် သူ့လက်ကို မြှောက်လိုက်သည်။  ဦးခေါင်းကို အထိခံလိုက်ရသော လီရှစ်က ချက်ချင်းသတိဝင်လာသည်။


ဟန်ကြွယ့်မင်ကများ ငါ့ကို ထိရဲတယ်...


တစ်ချိန်လုံး သူ့ဒေါသအလျောက် ဟန်ကြွယ့်မင်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ချင်နေသည်။

ဟန်ကြွယ့်မင်ရဲ့ မျက်နှာချောချောကို ကုတ်ခြစ်နိုင်ပစ်နိုင်ရင် အကောင်းဆုံးပဲ...


ဒါ​ပေမယ့်​ ဒါပေမယ့် ငါ့ခေါင်း​က အရမ်းနေလို့ကောင်းတယ်​...


မေ့လိုက်တော့ မေ့လိုက်တော့ နောက်မှ သူ့ကို ရိုက်ကြရအောင်...


လီရှစ်က မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ဝမ်းသာအားရ နှာခေါင်းရှုံ့လိုက်သည်။

 

ကြောင်ကို ပွတ်သပ်ပေးနေလျက် ဟန်ကြွယ့်မင်က ကုရှင်းယွဲ့နှင့် အခြားသူများကို လှမ်းကြည့်လေသည်။

 "ပြောလေ... မင်းတို့ ဘာမေးချင်တာလဲ..."


ကျန်းချမ်းက တုန်တုန်လှုပ်လှုပ်နှင့် ပြန်ဖြေလာ၏ :

"ငါ ဖြေလိုက်တာ မှားသွားတယ်... စနစ်က ပြစ်ဒဏ်ပေးမယ်လို့ ပြောပေမယ့် ဘယ်ပြစ်ဒဏ်ကိုမှ မသတ်မှတ်ထားဘူး... မင်း ခန့်မှန်းလို့ရမလား..."


"စိုးရိမ်မနေပါနဲ့..."

ဟန်ကြွယ့်မင်က နှစ်သိမ့်ပေးလိုက်သည်။

"အပြစ်ပေးတယ်ဆိုတဲ့ အပြင်းထန်ဆုံး အကျိုးဆက်က သေဆုံးခြင်းပဲ..."


ကျန်းချမ်းက ခပ်တောင့်တောင့် ပြုံးပြလိုက်သည်။

"...ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်..."


【‌ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ကြီးက ထပ်ပြီး မျက်နှာပြောင်ပြန်ပြီ...】


【‌သူက ကျေးဇူးတင်တယ်လို့ ပြောပေမယ့် သူ့စိတ်ထဲမှာ Grass-Mud မြင်းတစ်ကောင်အကြောင်း တွေးနေလောက်တယ်... တစ်စုံတစ်ယောက်သောသူက နတ်ဆိုးဘုရင်ကြီးလို ဒီလောက် သန်မာစေမယ့် နည်းလမ်းမရှိသလို တစ်ဖက်လူက သူ့ကို ရိုက်ဖို့လည်း သတ္တိမရှိဘူး...】


(T/N:Grass-Mud မြင်း = cào nǐ mā ဆဲတဲ့စကားလုံးနဲ့ အသံထွက်ဆင်တူတာပါ)


【‌ညီအစ်မတို့၊ ကြည့်လိုက်ဦး... နတ်ဆိုးကြီးက ကြောင်လေးကိုထိနေတုန်းပဲ ဝူးဝူးဝူး... ငါ CP လုပ်ချင်တယ်...】

 

【‌ထူးထူးခြားခြား ထူးထူးခြားခြား... လတ်လတ်ဆတ်ဆတ် ထွက်ထားသော လူ-ကြောင် CP... ဒီအစုရှယ်ယာတွေထဲ ရင်းနှီးမြှုပ်နှံရင် ငွေ မဆုံးရှုံးစေရပါဘူးနော်...  】


.......


မှတ်ချက်ကဏ္ဍထဲမှ ရယ်မောသံများနှင့် စနောက်ခြင်းများက တောက်လျှောက်ထွက်ပေါ်လာခဲ့ပြီး ညအချိန်ကလည်း လျင်မြန်စွာ ကျရောက်လာသည်။


ကစားသမား၏ အသိစိတ်က ဂိမ်းထဲသို့သာ ဝင်သွားသော်လည်း၊ ဂိမ်းဆက်တင်ပြဿနာကြောင့် ကစားသမားက ဂိမ်းထဲတွင် အချိန်ကုန်လာသည်နှင့်အမျှ ဆာလောင်မှုလည်း ခံစားရလိမ့်မည်။ ကံကောင်းထောက်မစွာ၊ မီးဖိုချောင်ထဲတွင် လတ်ဆတ်သော ပါဝင်ပစ္စည်းများ များစွာရှိနေသေးသည်။  ဟင်းချက်တတ်သူ ကုရှင်းယွဲ့က ပြုတ်ရုံမျှသာလုပ်ရသည့် ခေါက်ဆွဲခြောက်ကို တစ်အိုးပြုတ်ပေးပြီး အားလုံးကို ကြက်ဥကြော်ဖြင့် ချက်ကျွေးပေသည်။

 

ထမင်းစားပွဲတွင် ထိုင်ချလိုက်ပြီး လီရှစ်က သူ့ရှေ့မှ လွတ်နေသောနေရာကို ကြည့်လိုက်ပြီးနောက် သူ့အသင်းဖော်များရှေ့ရှိ ခေါက်ဆွဲပန်းကန်လုံးကြီးကို ကြည့်ကာ သံသယများကို ထုတ်ဖော်ရန် ခေါင်းကို စောင်းလိုက်သည်။


"ကြောင်လေးတွေက ဒီလိုငန်တဲ့ခေါက်ဆွဲကို မစားရဘူး..." 

ဟန်ကြွယ့်မင်က ဆာလောင်နေသော လီရှစ်ထံမှ မျက်နှာရိုက်ခြင်းကို မခံရမီတွင် ကြောင်လေး၏ခေါင်းကို နှစ်ကြိမ်မျှထိခဲ့ပြီး၊ သူ့နှုတ်ခမ်းပေါ်မှ အပြုံးက နက်ရှိုင်းလာခဲ့သည်။

"ငါတို့ မင်းကို တခြားအရာတွေ ပြင်ဆင်ပေးမယ်..."


ဘုတ်—!


ဟန်ကြွယ့်မင်က လတ်လတ်ဆတ်ဆတ် ဖွင့်ထားသည့် သံဘူးကို ထုတ်လိုက်သည်။

"ဟေ့ စားလိုက်... ဒါ မင်းအတွက် ငါ ရှာထားတဲ့ ခွေးစာဘူးပဲ..."

 

လီရှစ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဘူးပေါ်ရှိ ခွေးကြီး၏ဦးခေါင်းက သူ့အား အသံတိတ်လှောင်ပြောင်နေခဲ့သည်။


ငါ ငတ်သေသွားရင်တောင် စားပွဲပေါ်ကနေ ခုန်ချပြီး မင်း ခြေထောက်ကို ချိုးပစ်မယ်... ဟန်ကြွယ့်မင်ဆီက အမွေးရိတ်ခံရ‌ရင်တောင် ခွေးစာဘူးကို ငါ လုံးဝစားမှာ မဟုတ်ဘူး...

 

လီရှစ်က ဒေါသတကြီးဖြင့် လက်သည်းများကို ဝှေ့ယမ်းကာ သံဘူးကို လွှင့်ပစ်ရန်ကြံရွယ်ထားသော်လည်း ဘူး၏အနံ့က သူ့နှာခေါင်းထဲသို့ တိုးဝင်လာသောအခါတွင် လီရှစ်က တံတွေးမမျိုချဘဲမနေနိုင်ပေ။


တော်တော်မွှေးနေတာပဲ...


လီရှစ်က ၎င်းကိုလျက်ရန်ကြိုးစားလိုက်ပြီး အမဲသား၏ လတ်ဆတ်သော ရနံ့က သူ၏အရသာခံဖုများပေါ်တွင် ပွင့်ထွက်သွားကာ အရသာရှိလွန်းသဖြင့် လီရှစ်က ၎င်းကို သူလျှာဖြင့်မျိုချလုနီးပါးပင် ဖြစ်သွားသည်။


ငါးမိနစ်လောက်ကြာသည့်အခါ ခွေးစာဘူးအလွတ်ကို ကြည့်ပြီး လီရှစ်က သူ့ရင်ထဲ၌ ဝမ်းနည်းမျက်ရည်များ ကျလာသည်။


တောင်းပန်ပါတယ်... ငါကိုယ်တိုင်ကိုက သစ္စာဖောက်ခဲ့မိတယ်...


ဒါပေမယ့်...မနက်ဖြန်ကျရင်လည်း ဒီလောက်အရသာရှိတဲ့ ဟင်းတစ်ခွက်ရှိဦးမယ်ဆိုရင် ငါ ဆက်ပြီးသစ္စာဖောက်နိုင်လိမ့်မယ်လို့ ခံစားရတယ်...


ထမင်းစားပြီးနောက် လူတိုင်းက အခန်းများ ခွဲလိုက်ကြသည်။

 

ဤဗီလာတွင် ခုတင်ပါသော အခန်းစုစုပေါင်း လေးခန်းရှိသည်။ ဟန်ကြွယ့်မင်က မာစတာအိပ်ခန်းကို သိမ်းပိုက်ခဲ့ပြီး ကျန်သုံးခန်းကို ကုရှင်းယွဲ့ ၊ စုပေါင်စန်းနှင့် ကျန်းချမ်း တို့အား ခွဲဝေပေးခဲ့သည်။  လီရှစ်တစ်ဦးတည်းကိုသာ အခန်းခွဲဝေမပေးကြပေ။


"ကြောင်ပေါက်လေး ငါနဲ့ အိပ်ချင်လား..."

ကြီးမြတ်သည့် နတ်ဆိုးဘုရင်ကြီးက အပြုံးတစ်ခုဖြင့် ဖိတ်ခေါ်လာသည်။


လီရှစ်က သူ့ဖင်ကို ဟန်ကြွယ့်မင်ဘက်သို့ ဂရုမစိုက်ဘဲ လှည့်လိုက်ပြီး သူ၏ အပြုအမူဖြင့် "မင်း အီးပေါက်ခံချင်လား" ဟု ပြောပြီးနောက် မောက်မာသောအမူအရာနှင့် ခွေးအခန်းထဲသို့ လျှောက်သွားသည်။


ခွေးတစ်ကောင် ယခင်က ဤအခန်းတွင်နေထိုင်ခဲ့သော်လည်း အလွန်သန့်ရှင်းနေသေးပြီး ခွေးလှောင်အိမ်ကလည်း အလွန်ပျော့ပျောင်းကာ ခုတင်ထက် မဆိုးလှချေ။ စားပြီး သောက်ပြီး ဗိုက်ပြည့်နေသော လီရှစ်က ခွေးအိမ်ထဲတွင်လှဲလိုက်ကာ ခဏအကြာတွင် အိပ်ပျော်သွားခဲ့သည်။

 

ညသန်းခေါင်ယံ၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် လီရှစ်က ရုတ်တရက်နိုးလာပြီး သူ့မျက်လုံးထောင့်မှ ဖြတ်သန်းလာသည့် အဖြူရောင်အရိပ်ကို တစ်ချက် လှမ်းမြင်လိုက်ရ၏။


ခုဏက ကြွက်ဖြူကြီးတစ်ကောင် ပြေးသွားသလိုပဲ....


သူ့ခန္ဓာကိုယ်ထဲက ကြွက်များကို ဖမ်းနိုင်သည့်စွမ်းရည်က တစ်ဖန်တုန်ခါလာခဲ့သည်။ လီရှစ်က ဤစိတ်အားထက်သန်မှုကို ဖိနှိပ်ရန် စိတ်ရှည်သည်းခံပြီး မျက်လုံးများကိုမှိတ်ကာ ဆက်အိပ်ရန်အတွက် ပြင်ဆင်လိုက်သည်။ သူ အိပ်ပျော်ခါနီး၌ တစ်စုံတစ်ယောက်က ဘေးခန်းထဲမှ အော်ဟစ်လိုက်ကြောင်း သိလိုက်ရသည်။

 

ထို့နောက် ချက်ချင်းပင် အဝတ်အစားဝတ်သံများနှင့် လမ်းလျှောက်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။  ၎င်းတို့က အလွန်သိမ်မွေ့သောအသံများဖြစ်သည်မှာ သိသာထင်ရှားလှသော်လည်း ဤအရုဏ်တက်ချိန်တွင် အလွန်ဆူညံသောအသံများကို ကြားရသဖြင့် သူ၏ရင်ဘတ်ထဲမှ ငိုက်မျည်းခြင်းက ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။


လီရှစ်က ကူကယ်ရာမဲ့စွာဖြင့် ထပြီး အခန်းထဲက ထွက်လာခဲ့သည်။


 "ဘာကိစ္စဖြစ်တာလဲ... ဘာကိစ္စရှိလို့လဲ... ဘယ်သူက အခုလိုအချိန်ကြီး အော်တာလဲ..."

စုပေါင်စန်းက တံခါးကို အလျင်စလို လှည့်ပတ်နေကာ နံဘေးရှိ ကုရှင်းယွဲ့က ကြက်သိုက်ခေါင်းကို ဘာသိဘာသာပင် ကိုင်ထားသည်။ ဟန်ကြွယ့်မင်က သူ့ခန္ဓာကိုယ်အများစုအား နံရံကို မှီထားပြီး ​​သူ့အမူအရာက ပျင်းရိနေသည်။ မျက်မှန်မတပ်ထားသဖြင့် သူ၏အနက်‌ရောင်မျက်လုံးများက အလွန်ထူးခြားနေလေသည်။


တောက်ပနေတာပဲ...


အခုလေးတင် လီရှစ်တောင် ထွက်လာပြီဆိုတော့ ပြောချင်တာက...


အားလုံးက တညီတညွတ်တည်း ပိတ်ထားသည့် တစ်ခုတည်းသော တံခါးဆီသို့ လှည့်ကြည့်လိုက်ကြသည်။

 

ကျန်းချမ်း တစ်ခုခုဖြစ်သွားပြီ...

 

ကျွီ...


တိတ်ဆိတ်မှုထဲ၌ ကျန်းချမ်း၏ အိပ်ခန်းတံခါးက ရုတ်တရက်ပွင့်လာပြီး လူတိုင်း၏မျက်လုံးများကို ဖမ်းစားလိုက်သည့်အရာက———


ကျန်းချမ်းက သွေးစွန်းနေတဲ့ အိပ်ရာခင်းပေါ်မှာ လှဲနေတယ်...


သူ့မျက်လုံးများက ပြူးကျယ်နေအောင် ပွင့်နေကာ သူ့မျက်နှာက ပုံပျက်ပန်းပျက်နှင့် ရက်စက်ကြမ်းကြုတ်ခံထားရပြီး သူ့ပတ်ဝန်းကျင်တွင် လတ်ဆတ်သော အတွင်းအင်္ဂါများ ပြန့်ကျဲနေသဖြင့် သူ့ကို ကယ်တင်ရန် မလိုအပ်တော့သည်မှာ ထင်ရှားသည်။


"အော့ အိုး—"

စုပေါင်စန်းက ကြက်အော်သံကဲ့သို့ အော်ဟစ်နေပြီး ယခင်က မှတ်ချက်များမရှိသော တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှာလည်း စုပေါင်စန်း၏အသံကြောင့် အသက်ဝင်လာသည်။

 

【 မှတ်ချက်တွေရဲ့ သက်တော်စောင့်...】


 ă€á€”á€á€şá€†á€­á€Żá€¸á€á€­á€Šá€Źá€Ľá€şâ€Œá€á€˝á€ą ဆုတ်ခွာသွားပြီ...】


 [ကြီးပွားချမ်းသာပါစေ ၊ ဒီမိုကရေစီ... ခန္ဓာကာကွယ်ဖို့ ၂၄-ပါး ဂါထာ...】


[မင်းတို့ ဘာတွေပြောနေတာလဲ... ငါ ဘာလို့ ဖန်စီပုံကိုပဲမြင်နေရတာလဲ... ဖန်စီပုံက ဘာတွေများ ကြောက်စရာကောင်းနေလို့လဲ...】


[အပေါ်ထပ်က အသက်မပြည့်သေးတဲ့သူ ဟုတ်တယ်မလား... တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ *** စခရင် ပေါ်လာရင် အဲဒါက အလိုအလျောက် ကုဒ်ဝှက်ထားမှာကို မင်း မသိဘူးလား...】


[ကြောက်စရာကောင်းလိုက်တဲ့ သရဲ... ဒီမြင်ကွင်းက ညစာစားသွားတယ်ဆိုတာ အသိသာကြီး... ငါ အသားမစားတာ တစ်နှစ်ခွဲရှိပြီ... ဒီအတိုင်း အာဟာရရည်သုံးအိတ်ကိုပဲ ငါသောက်ခဲ့တာ...]


【ဟမ်း... ပြောမနေပါနဲ့... တခြားရှုထောင့်ကနေကြည့်ရင် ကြောက်စရာတော့ မဟုတ်ပါဘူး... ဒါပေမယ့် ငါ့ကို အရမ်းဗိုက်ဆာစေလွန်းလို့ သွေးအနံ့အရသာ အာဟာရဖျော်ရည် ဆယ်ထုပ်ကို ပြတ်ပြတ်သားသား မှာယူလိုက်ရတဲ့အထိပဲ...】


【ဗိုက်ဆာတယ် +1 】


......


လီရှစ်နှင့် အခြားသူများက သူတို့လည်း နောက်လာမည့် ထမင်းတစ်နပ်၏တည်ခင်းရာအဖြစ် အမှတ်မထင်ဖြစ်လာကြမည်ကို မသိခဲ့ကြပေ။ ထိုအချိန်တွင် သူတို့က သေဆုံးသွားသော ကျန်းချမ်းပေါ်သို့ သူတို့၏ စွမ်းအင်များကို လုံးဝအာရုံစူးစိုက်ထားသည်။


အခန်းထဲသို့ လူတစ်စုဝင်လာကာ ကျန်းချမ်း၏ တစ်ကိုယ်လုံး၌ အစားခံထားရသည့် လက္ခဏာ မတွေ့ရသော်လည်း သူ့ဝမ်းဗိုက်အတွင်း ပိတ်ဆို့နေသော အတွင်းအင်္ဂါများကို အထူးတလည် တူးဖော်ထားသကဲ့သို့ ဝမ်းဗိုက်အတွင်း အပေါက်အပြဲကြီးတစ်ခု ဖြစ်ပေါ်နေသည်။ ထိုမှသာ ကျန်းချမ်း၏ ခန္ဓာကိုယ်ထဲတွင် ၎င်းက ခွေရစ်နေနိုင်ပြီး သူ၏အစာအိမ်ထဲတွင်လည်း ဝင်ကာနေချင်ပုံရ၏။


သူ့ရှေ့က မြင်ကွင်းမှာ တကယ်ကို ရွံရှာဖွယ်ကောင်းနေသည့်တိုင် လီရှစ်ကမူ သူ့နှလုံးသားထဲ၌ ကြောက်ရွံ့မှု သိပ်မရှိခဲ့ချေ။ နောက်ဆုံးတွင် ၎င်းက ဂိမ်းတစ်ခုမျှသာဖြစ်ပြီး ဂိမ်းထဲတွင်သေဆုံးခြင်းကလည်း စစ်မှန်သောသေခြင်းမဟုတ်ပေ။ ထိုသူက ဤဂိမ်းကို ဆက်လက်စမ်းသပ်ရန်အခွင့်အရေး ဆုံးရှုံးသွားခြင်းဖြစ်သည်။


ဒါပေမယ့်......


လီရှစ်က ကြောင်ခေါင်းကို ခါလိုက်သည်။ 

ငါ စောစောက မြင်လိုက်ရတဲ့ အဖြူရောင်သရဲပုံက အစစ် ဟုတ်လား မဟုတ်လား မသေချာဘူး... မဟုတ်ရင် ငါ ဘာလို့ တစ်ခုခု မဖြစ်သွားဘဲ အဲ့အစား ကျန်းချမ်းက ဖြစ်သွားရတာလဲ...



😺😺😺