Ch 10
Viewers 1k

😺Chapter 10 

သူတို့ မနေ့ညက အတူတူ အိပ်ခဲ့ကြတယ်...



သူတို့နှစ်ယောက်၏ အားသာချက်များက အလွန်ကွာခြားသော်လည်း ဟယ်ရီကမူ လီရှစ်နှင့် အရှုပ်အထွေးထဲသို့ ဝင်မလာပေ။ လီရှစ် သူ့ကို ထိခါနီးတွင် သူ့ခန္ဓာကိုယ်ကို လိမ်ကွေးလိုက်ပြီး အရိပ်အယောင်မရှိဘဲ ချက်ချင်းပျောက်သွားလေသည်။

 

လီရှစ်က ဟယ်ရီ အမှန်တကယ် ပျောက်ကွယ်သွားကြောင်း သေချာသည့်တိုင်အောင် သူ၏ ခုန်ပေါက်နေသော နှလုံးသားကို ကာကွယ်ရန် သူ့လက်ဖဝါးများကို ဆန့်ထုတ်လိုက်သည်။ 

"သေစမ်း... ငါ သေလောက်အောင် ကြောက်သွားတာ..."

 

ကြွက်ဖမ်းခြင်း လို့ခေါ်တဲ့ အစုတ်အပဲ့စွမ်းရည်ကို ဆွဲမိခဲ့တဲ့ ငါ့အပြစ်ပဲ...


ဒါကြီးက ဘယ်လိုလုပ် ကြွက်ဖြစ်မှာလဲ... ကြွက်ဖမ်းရင် သေမှာမဟုတ်ဘူး... ဒါပေမယ့် မင်း ဒါကြီးကို သွားဖမ်းရင် တကယ်သေသွားလိမ့်မယ်...


ကံကောင်းထောက်မစွာ သူက နေ့စဉ်မေးခွန်းများကို မှန်ကန်စွာဖြေဆိုခဲ့၍ သေဆုံးမှုအခြေအနေများနှင့် မကိုက်ညီပေ။ ဟယ်ရီက သူ့ကို မသတ်နိုင်သည့်အတွက် အနီးကပ် လွတ်မြောက်သွားခဲ့သည်။

 

ကျွီ—

 

သူ့နောက်မှ တံခါးက အတွင်းမှနေ၍ပွင့်လာပြီး ဟန်ကြွယ့်မင်က အခန်းထဲက ထွက်လာကာ သမ်းဝေလေသည်။

 "ကြောင်ပေါက်လေး... မင်း ညသန်းခေါင်ကြီး အိပ်မပျော်လို့ ကြွက်ဖမ်းနေတာလား..."

 

လီရှစ်က သူ့မျက်လုံးများကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

 "မင်းကသာ ကြွက်ဖမ်း‌နေတာ... ငါက သရဲတွေ ဖမ်းနေတာ ဟုတ်ပြီလား..."

 

"သရဲက ဘယ်မှာလဲ..."  

ဟန်ကြွယ့်မင်က ဘယ်ညာ ကြည့်လိုက်သော်လည်း သရဲတစ်ကောင်ကိုပင် မမြင်ရသေးသဖြင့် မျက်ခုံးပင့်ကာ  စနောက်လိုဟန်ပြောလာသည်။

"ငါတော့ ဒုက္ခပေးနေတဲ့ ကြောင်လေးတစ်ကောင်ပဲ တွေ့တယ်..."


"မင်းဘာသိလို့လဲ..."


လီရှစ်က ဒေါသတကြီး ပြန်ပြောသည် : 

"အဲသရဲက ငါ့အခန်းထဲက ထွက်လာတာ... ငါ လိုက်သွားကြည့်တော့ ဒီမိသားစုက မွေးထားတဲ့ Su Mu ခွေးဖြစ်နေတယ်... မနေ့က ကျန်းချမ်းကို သတ်ခဲ့တဲ့သူနဲ့ အတူတူပဲ ဖြစ်‌လောက်တယ်... သေရမယ့် အခြေအနေကို ငါတို့ မီးစမပွားလိုက်လို့ ဖြစ်လောက်တယ်... သူက ငါတို့ကို သတ်ဖို့ အစပြုလို့ မရတော့ဘဲ ထွက်ပြေးသွားတယ်..."

 

"အခု မင်း အခန်းထဲမှာ သရဲရှိနေ‌လောက်သေးလား..."

 

"..."

လီရှစ်က ဟန်ကြွယ့်မင်ကို မကျေမချမ်း ကြည့်လိုက်သည်။

"မင်း ဘယ်လိုထင်လို့တုန်း..."


ခန့်မှန်းနေစရာတောင် မလိုဘူး... ဟယ်ရီက သူ့လှောင်အိမ်ထဲကို သေချာပေါက် ပြန်သွားလိမ့်မယ်...

 

ဤအခြင်းအရာကို ပြောရလျှင် လီရှစ်ကလည်း ကံမကောင်း၍ အခန်းကောင်းကောင်းတွင် မနေနိုင်ဘဲ ခွေး‌လှောင်အိမ်ထဲတွင် အိပ်ရန်အတွက် ရွေးချယ်ခဲ့ရလေသည်။  

အခန်းပြောင်းရင် ပြဿနာမရှိလောက်တာ သေချာတယ်...

 

ဟန်ကြွယ့်မင်က ကြင်နာစွာ‌ မေးလာသည်။

"ဆိုတော့ မင်းငါ့ အခန်းထဲလာပြီး တစ်ညအိပ်ချင်လား..."


လီရှစ်က သူ့မျက်နှာတစ်ပြင်လုံးတွင် မလိုလားမှုများအား ရေးထွင်းထားသည်။

 "ငါ ဘာလို့ မင်းအခန်းထဲ လာအိပ်ရမှာလဲ... ကုရှင်းယွဲ့ ၊ စုပေါင်စန်းတို့နဲ့ ငါ သေချာပေါက် သွားအိပ်လို့ရတာကို..."

 

ဟန်ကြွယ့်မင်၏ မျက်လုံးများထဲတွင် အပြုံးဖျော့ဖျော့လေးက ရှိနေပြီး ညှို့ယူနိုင်သော ယောင်္ကျားဆန်ဆန်အသံဖြင့် သူတစ်ယောက်တည်း ကြားနိုင်ရုံမျှသာ ပြောလိုက်သည်။ ၎င်းက သူ၏ သိမ်‌မွေ့သော သဘောထားနှင့် မလိုက်ဖက်သည့် ရိုင်းပျသောစကားလုံးများဖြစ်နေသည်။

"ကုရှင်းယွဲ့က မိန်းမတစ်ယောက်လေ... မင်းကတော့ ဥနှစ်လုံးပဲရှိတဲ့ ကြောင်ထီးတစ်ကောင်... မင်းတို့နှစ်ယောက် အတူတူအိပ်ဖို့ သင့်တော်မယ်ထင်နေလား..."


 "... စုပေါင်စန်းကရော... သူကတော့ အမျိုးသမီးအဝတ်အစားတွေ ဝတ်ရတာ‌ကြိုက်တဲ့သူ မဖြစ်နိုင်လောက်ပါဘူး..."

 

ဟန်ကြွယ့်မင်က ညစ်ကျယ်ကျယ် ပြုံးပြလာသည်။

"ဒါပေမယ့် သူက ညဘက်ကျရင် ဟောက်တတ်တယ်... သူ ဟောက်နေတာကို မင်း ကြားရတာပဲလေ... သူနဲ့ တစ်ခန်းတည်း အိပ်နိုင်တာ သေချာလား..."


"..."


လီရှစ်က အပေးအယူလုပ်ပြီး ဟန်ကြွယ့်မင်၏အခန်းထဲကို လိုက်သွားသည့်အခါ အခိုင်အမာပြောလိုက်ဆဲဖြစ်၏။

"ကြိုပြောထားမယ်... ငါ မင်းနဲ့ တစ်ခန်းတည်းအိပ်ဖို့ ရွေးချယ်ခဲ့တာက... ငါ သေချာပေါက်သရဲကြောက်လို့  မဟုတ်ဘူးနော်..." 


"ငါ နားလည်ပါတယ်... အဲသရဲက မင်း အနားယူတာကို နှောင့်ယှက်လို့မလား..."

ဟန်ကြွယ့်မင်က ချက်ချင်းပင် နားလည်သဘောပေါက်စိတ်ဖြင့် တုံ့ပြန်ခဲ့သည်။


"အမှန်ပဲ..."


—


နောက်တစ်နေ့ နံနက်စောစောတွင် အိမ်ထဲသို့ဝင်‌လာသော နေရောင်ခြည်က တောက်ပနေပြီး နေရောင်နှင့် ထိတွေ့လိုက်ရသည့် လီရှစ်ကလည်း တစ်ကိုယ်လုံး နွေးထွေးသွားသည်။


သူ အိပ်ချင်မူးတူးဖြစ်နေချိန်တွင် လက်ဖဝါးပြင်လေးကို အနွေးဓာတ်ရှိရာပေါ်သို့ မသိစိတ်အရအလိုလို  တင်လိုက်မိကာ စတင်၍ဆုပ်နယ်မိပြီး ကောင်းကင်ဘုံရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။


ကြောင်လက်သည်းများကြောင့် နိုးလာသော ဟန်ကြွယ့်မင်က နိုးလာပြီး သူ့ရင်ခွင်ထဲတွင် အိပ်ပျော်နေသေးသော လိမ္မော်ရောင်ကြောင်လေးကို ကြည့်ကာ သူ့မျက်နှာပေါ်တွင် တုန်နေအောင် ချစ်ခင်မြတ်နိုးသည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

 "ထတော့လေ... ကြောင်ပျင်းလေး..."


ဟန်ကြွယ့်မင်ပဲ...


သူ့အိပ်မက်ဆိုး၏အရင်းမြစ်ဖြစ်သည့် ကြောက်မက်ဖွယ်ကောင်းသောအသံကို ကြားလိုက်ရသည့်အခါ လီရှစ်က စိမ်းမြသောကြောင်မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ပြီး ရုတ်ချည်းပင်နိုးလာသည်။


အပေါ်ပိုင်းဗလာဖြစ်နေသည့် ဟန်ကြွယ့်မင်၏ ရင်ခွင်ထဲတွင် သူ့ကိုယ်သူ လှဲလျောင်းနေသည်ကို တွေ့လိုက်ရသောအခါ ထိုသူ၏ တောက်ပနေသော ဗိုက်ကြွက်သားရှစ်ခုက လူတို့၏မျက်လုံးများကို ကွယ်လုမတတ်ဖြစ်သွားစေသည်။ အဆိုးဆုံးအပိုင်းမှာ သူ့လက်ဖဝါးများက တစ်ဖက်လူ၏ ရင်ဘတ်ကြွက်သားများပေါ်တွင် နေရာယူထားပြီး စည်းချက်ညီညီ အလွန်အမင်းဆုပ်နယ်နေခဲ့သည်။


"မြောင့်-"

ဒေါသထွက်သွားသော လီရှစ်က ချက်ချင်းပင် ပျံထွက်သွားကာ သူ့ခန္ဓာကိုယ်က ကော့တက်လာပြီး ခုတင်ပေါ်ရှိ လှဲလျောင်းနေဆဲဖြစ်သော ဟန်ကြွယ့်မင်ကို သတိနှင့်ကြည့်နေသည်။


သေစမ်း...


ဒီလူက အဝတ်တွေ ဝတ်ထားတဲ့အချိန်ကျရင် အရမ်းပိန်တဲ့ပုံပါပဲ...သူ့အဝတ်တွေကို ချွတ်လိုက်တဲ့အခါကျ ဘာလို့ အရမ်းတောင့်ဖြောင့်နေရတာလဲ... 


ဆယ်နှစ်ကြာအောင် (ဘတ်စကတ်‌ဘော) ကစားခဲ့ပြီးနောက်တွင်ပင် ဗိုက်ကြွက်သား ပါးပါးလေးသာ ရှိ‌သည့် လီရှစ်က မနာလိုမုန်းတီးပြီး မျက်ရည်ကျခဲ့လေသည်။


ဟန်ကြွယ့်မင်က မျက်လုံးများကို မှေးကျဉ်းထားပြီး ပြုံးပြလာသည်။

 "ကြည့်နေလည်း အသုံးမဝင်ဘူး... ငါ့မှာ မင်းအတွက်ဘာနို့မှမရှိဘူး..."


[သူပြောတဲ့ နို့က milkပါ တခြားနို့မဟုတ်ဘူးနော်🥹]


လီရှစ် : "..."

ငါ ဒီကောင်ကို သေတဲ့အထိ ကုတ်ခြစ်ပစ်ချင်နေပြီ... ဘယ်သူ့မှ လာမတားကြနဲ့...


စိတ်တိုလွယ်သော လိမ္မော်ရောင်ကြောင်လေး စိတ်အေးသွားစေရန် ဟန်ကြွယ့်မင်က အချိန်အနည်းငယ်ယူခဲ့ရသည်။ လူတစ်ယောက်နှင့် ကြောင်တစ်ကောင်က သိမ်းဆည်းပြီး အခန်းထဲက ထွက်လာကြသည့်အခါ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ မှတ်ချက်များပြေးလွှားနေသော ဖန်သားပြင်က ချက်ချင်း ပေါက်ကွဲသွား၏။


【အားးး ငါ မှားမြင်‌တာမဟုတ်ဘူးမလား... နတ်ဆိုးဘုရင်ကြီးနဲ့ ကြောင်သားလေးတို့ မနေ့ညက အတူအိပ်ခဲ့တာလား......】


【မနေ့ညက ဘာဖြစ်သွားကြတာလဲ...】


【 ကြည့်ရတာ ကြောင်သားလေးက လှုပ်လှုပ်ရှားရှား ဖြစ်တဲ့အသံကိုကြားပြီး သရဲနောက်ကိုလိုက်ဖို့ ပြေးသွားတဲ့ပုံပဲ... ဒါပေမယ့် သရဲက ပျောက်သွားပြီးတော့ နောက်နေ့ကို ခုန်ကူးသွားတော့တာပဲ...】


【နတ်ဆိုးကြီးရဲ့ အခန်းထဲက အခြေအနေကို ဘာလို့ တိုက်ရိုက်မထုတ်လွှင့်တာလဲ... မုန်းလိုက်တာ...】


ဟင်းချက်ကောင်းသူ ကုရှင်းယွဲ့က မနက်စာပြင်ဆင်ပြီးဖြစ်သည်။


အရသာရှိသော ခေါက်ဆွဲခြောက်နှင့် အလွန်အရသာရှိသော ခွေးစာဘူးများနှင့် ရင်ဆိုင်ရသောအခါ လီရှစ်က မဆိုင်းမတွပင် အစာဘူးများကို ရွေးချယ်ခဲ့သည်။ ဤအရာမှာ ယခင်က သူ စားခဲ့ဖူးသော နေ့လယ်စာစည်သွပ်ဘူးနှင့် အလွန်ဆင်တူသည်၊ ဘူးပေါ်တွင် ရိုက်နှိပ်ထားသော ခွေးခေါင်းကို လျစ်လျူရှုထားသရွေ့ ၎င်းကိုစားရန် စိတ်ဖိစီးမှုမရှိပေ။


စားသောက်ပြီးနောက် လီရှစ်က လေချဉ်တက်ကာ အစာစားပြီးနောက် လက်နှင့်မျက်နှာကို ဆေးကြောရန် မသိစိတ်အရလုပ်လိုက်မိသည်။ ဝဝဖြိုးဖြိုး လိမ္မော်ရောင်ကြောင်လေးက ထမင်းစား စားပွဲပေါ်တွင်ထိုင်ကာ သူ၏အမွေးများကို လျှာဖြင့်လျက်နေသည်မှာ ချစ်စရာကောင်းသောကြောင့် အမြဲတမ်း အေးစက်စွာနေတတ်သည့် ကုရှင်းယွဲ့ပင်လျှင် နှစ်ကြိမ်တိုင် တိတ်တဆိတ် ပွတ်သပ်ပေးခြင်းကို မပြုလုပ်ဘဲ မနေနိုင်ခဲ့ပေ။

 

ထိုအချိန်တွင် အော်ဟစ်သံက လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။

 " လာပြီးကြည့်ကြဦး..."


သိုလှောင်ခန်းရှိ စုပေါင်စန်းက ကြက်သံနှင့်တူသော ဆိုးရွားသည့်အော်သံကို ထုတ်လွှတ်လိုက်သည်။ လူတိုင်းက အလျင်အမြန် ပြေးသွားသောအခါ သူက ထောင့်ရှိ အပေါက်ကြီးတစ်ပေါက်ကို ညွှန်ပြလာသည်။

 â€œá€Ąá€•ဝက်ဥစဎးတခဝိုအကို ဖယ်ပြီးတဲ့အချိန်မှာ ကျွန်တော် ဒီလမ်းကိုတွေ့ခဲ့တာ... အောက်မှာ အပေါက်တစ်ခု ရှိလောက်တယ်... မြေအောက်ခန်းထဲမှာ သဲလွန်စတွေရှိနေမယ်လို့ မင်းတို့ ထင်လား…"


"သွားမယ်... အထဲသွားပြီး ကြည့်ကြရအောင်..."

အရဲရင့်ဆုံးသော မမလေးကုရှင်းယွဲ့က လှေကားမှ ဦးစွာဆင်းပြီး ကျန်သူများက နောက်မှဆင်းလိုက်သည်။


ဟန်ကြွယ့်မင်က မီးခလုတ်ကို ဖွင့်လိုက်၍ မြေအောက်ခန်းက မီးလင်းသွားသည်။


မမျှော်လင့်ဘဲ ဤနေရာက သာမန်မြေအောက်ခန်းကဲ့သို့ မရိုးရှင်းပေ။ စကျင်ကျောက်ကြမ်းခင်း ကြွေပြားများကို နေရာကျဉ်းကျဉ်းလေးတွင် ခင်းထားပြီး အဖြူရောင်နံရံလေးခုက အညစ်အကြေးများမရှိပေ။  ပုလင်းများနှင့် အိုးအများအပြားကို နံရံဘေးရှိ သတ္တုစင်များပေါ်တွင် ထားရှိထားပြီး ဆေးဘက်ဆိုင်ရာ အပြာနုရောင်လိုက်ကာနှင့် ကာဆီးထားသည့်နောက်တွင် ခွဲစိတ်ခုတင်တစ်လုံးရှိကာ သိုလှောင်ရန်အတွက် မြေအောက်ခန်းဟု ပြောရမည်ထက် ဓာတ်ခွဲခန်းလေးတစ်ခုနှင့် ပိုတူလေသည်။


လူတိုင်းက စင်ပေါ်ကို အနီးကပ်ကြည့်ရှုခဲ့ကြပြီး ပုလင်းများနှင့် အိုးများထဲတွင် ဖော်မလင်စိမ်ထားသော လူ့ကိုယ်တွင်းအင်္ဂါအမျိုးမျိုး၊ တိရစ္ဆာန်နမူနာများနှင့် သေဆုံးနေသော ကလေးငယ်များကဲ့သို့သော ကြောက်စရာကောင်းသည့်အရာများ ဆက်တိုက်ပါရှိသည်ကို တွေ့ရှိခဲ့သည်။


"သေစမ်း... ဒီလိုမျိုး မူမမှန်တဲ့ ဓာတ်ခွဲခန်းကို ဘယ်သူပိုင်တာလဲ..."

စုပေါင်စန်းက အားလုံးနှင့် အထဲကိုဝင်လာခြင်းအား နောင်တရ၍မဆုံးပေ။

ဒီလိုအခြေအနေမျိုးကို တကယ် ရင်မဆိုင်ရဲလောက်အောင် ငါ အရမ်းကြောက်တတ်တာ...


"ဒါက သမီးဖြစ်သူ မောက်ကျားကျားပိုင်တာ‌ ဖြစ်လောက်တယ်..."  

ကုရှင်းယွဲ့က ရှင်းပြလေသည်။

"သူ့ပိုက်ဆံအိတ်ထဲမှာ ကျောင်းသား ID ကတ်ရှိတယ်... မောက်ကျားကျားက ဆေးတက္ကသိုလ်တစ်ခုက ဒုတိယနှစ်ကျောင်းသူပဲ..."


ဤအခြင်းအရာကိုကြားသည့်အခါ လီရှစ်၏စိတ်တွင်း လှုံ့ဆော်မှုတစ်ခု ဖြတ်ပြေးသွားသည့်တိုင် အဓိကအချက်ကို သူ မထိ‌တွေ့ရသေးမီ ထိုလှုံ့ဆော်မှုကလည်း သဲလွန်စမရှိဘဲ မြန်မြန်ပျောက်ကွယ်သွားခဲ့သည်။

 

လီရှစ်က နှာခေါင်းရှုံ့ကာ ခွဲစိတ်ခုတင်ဟောင်းကို ကြည့်လိုက်ပြီး အကျဉ်းစခန်းထဲသို့ ဝင်လာသည့်အချိန်မှစ၍ သူ ကြုံတွေ့ခဲ့ရသမျှကို ပြန်လည်သတိရကာ သူ့စိတ်ကို ရှင်းရန်ကြိုးစားလိုက်သည်။


 "ဒါဆို မောက်ကျားကျားက အရမ်းမူမမှန်တာလား..." 

စုပေါင်စန်းက တံတွေးမြိုချလိုက်သည်။

"သူ့မိသားစုဝင်တွေ သေတာက သူနဲ့ သက်ဆိုင်‌နေတာ မဟုတ်လား... အဆုံးကျတော့ ကျန်နေတဲ့ မောက်ကျားကျားက ငြီးငွေ့စရာကောင်းလို့ သတ်သေသွားတာလား..."


ဒင်း— 


စုပေါင်စန်း ကောက်နုတ်ချက်ချခြင်း ပြီးသွားသည်နှင့် စနစ်က ရုတ်တရက် ပြန်လည်စတင်လာပြီး ယနေ့ အကြောင်းအရာခေါင်းစဉ်ပေါ်လာသည်။

 

【တတိယမေးခွန်း : အိမ်ရှင် မောက်တာ့ယုံ သေဆုံးရသည့်အကြောင်းရင်းကို အသေးစိတ်ချရေးပါ။ မှန်ကန်စွာဖြေဆိုပါက အမှတ် 30 အပိုဆုရရှိမည်ဖြစ်ပြီး မမှန်မကန်ဖြေဆိုပါက အမည်မသိပြစ်ဒဏ်များ ကြုံတွေ့ရမည်ဖြစ်သည်။】


လူတိုင်း : "...."


နတ်ဆိုးကြီး ကြိုပြောထားတဲ့အရာက တကယ်ဖြစ်လာပြီလို့ပဲ ပြောရတော့မယ်...



😺😺😺